← Chapters

အခန်း (၃၃၆)

Vol. 24 Ch. 336

အခန်း (၃၃၆)

Vol. 24 Ch. 336

“အကုန်လုံးက ဘုရင်ရဲ့ အမှားပဲ၊ သူက ငါတို့မျိုးနွယ်စုကို ဖျက်ဆီးခဲ့တာ! ဘာလို့ စစ်တပ်ဖွဲ့ပြီး အပြင်ဘက်ထိ ကျူးကျော်နယ်ချဲ့ချင်ရတာလဲ? သူက လူသားတွေရဲ့ဒေါသကို အဆုံးစွန်ထိ သွားဆွလိုက်တာ"

“နှစ်ပေါင်းများစွာကြာပြီး နောက်ပိုင်း လူသားမျိုးနွယ်စု ကျင့်ကြံသူတွေ မရဏချောက်နက် ကို ကျူးကျော်သိမ်းပိုက်တာ ဒါ ပထမဆုံးအကြိမ်ပဲ မဟုတ်လား!”

“ဘာတွေကြောင်ရပ်နေကြတာလဲ? ပြေးတော့!”

နေရာအနှံ့အပြားမှ ဆူညံသံများ အုတ်အုတ်ကျက်ကျက် ထွက်ပေါ်လာပြီး မြို့ကြီးမြို့ငယ်များတွင် မရဏချောက်နက်သတ္တဝါများ လေးဘက်လေးလံသို့ ဦးတည်ရာမဲ့ ထွက်ပြေးနေသည်အား တွေ့မြင်နိုင်သည်။ ရုပ်ရည်နှင့် အသားအရောင်များက မျိုးနွယ်အလိုက် ကွဲပြားသည်ဆိုလျှင်တောင် အားလုံး၏မျက်နှာထက်မှ ကြောက်ရွံ့တုန်လှုပ်သော အမူအရာများကတော့ တစ်ပုံစံတည်းပင်။

သူတို့အားလုံး နောင်တအကြီးအကျယ်ရနေကြပြီး အုပ်ချုပ်သူများကို အရည်အချင်းမရှိဟု ဆဲဆိုကျိန်တွယ်နေကြသော်ငြား စစ်ပွဲမစတင်မီက သူတို့သည်လည်း အလွန်စိတ်လှုပ်ရှားစွာဖြင့် တိုက်ခိုက်ကျူးကျော်လိုစိတ် အပြည့်ရှိခဲ့ကြခြင်းကိုတော့ သတိမရကြသည့်ဟန်။

“လုပ်ရဲရင် ခံရဲရမှာပေါ့!”

“ရောင်းရင်းတို့၊ သတ်ကြ!!!”

ထူထပ်သော ကျင့်ကြံသူ အုပ်စုများသည် မှော်လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကြပြီး အဖွဲ့များစွာခွဲကာ အနီးအနားရှိ မြို့ပြနိုင်ငံများသို့ ချီတက်တိုက်ခိုက်ပြီး အမြစ်ဖြုတ်သုတ်သင်ခဲ့ကြသည်။

စစ်သင်္ဘောအုပ်စုများက အကျအန နေရာယူကာ ဖျက်ဆီးနိုင်သော အရှိန်အဝါများနှင့်အတူ တောက်ပသော အလင်းတန်းများစွာကို ပစ်လွှတ်ကြ၏။

ဒုန်း ဒုန်း ဒုန်း ဒုန်း ~!!!

ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများ လှပစွာပွင့်လန်းလာကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်စီးကြောင်းများက မုန်တိုင်းကျသော ပင်လယ်ပြင်ကဲ့သို့ လှိုင်းထန်နေပြီး မြင်ကွင်းမှာ ရင်တုန်ထိတ်လန့်ဖွယ်ပင်။

“သတ်!”

အမျိုးမျိုးသော ဂိုဏ်းဂဏများမှ ကျင့်ကြံသူများသည် သူတို့၏ ထူးခြားသော မှော်ပညာကျင့်စဥ်များကို အသုံးချကာ ခေါင်းမာစွာ ခုခံနေသော မရဏချောက်နက်မှ အင်အားကြီးကျင့်ကြံသူများအား ဆက်တိုက် တွန်းလှန်ခဲ့ကြသည်။

မြင်ကွင်းသည် တောက်ပထွန်းလင်းလျက်ရှိပြီး ထိတ်လန့်ဖွယ်ရာအပြည့်။

“မင်းတို့အားလုံး၊ ဒီအရှင်အတွက် သေလိုက်ကြ!”

ထိုစကားအဆုံးတွင် ဝိညာဥ်မျိုးနွယ်စု ပိုင်ဆိုင်သော မြို့တစ်မြို့ပေါ်သို့ နီရဲတောက်ပသော မီးတောက်များက မိုးသည်းသည်းရွာသကဲ့သို့ တဖွဲဖွဲဆင်းသက်ကျရောက်လာခဲ့၏။

ဝိညာဥ်မျိုးနွယ် စစ်သားများစွာ ခုခံရန် ကြိုးစားခဲ့ကြပြီး ဝိညာဥ်တပ်မှူးများနှင့် ဝိညာဥ်ဗိုလ်ချုပ် အများအပြားလည်း ခွန်အားရှိသမျှ ပြန်လှန်တိုက်ခိုက်ခဲ့ကြသော်လည်း စက္ကန့်အနည်းငယ်ပင် တောင့်ခံနိုင်စွမ်းမရှိစွာ အကုန်ပြာကျသွားခဲ့ရသည်။

“အား အား အား…”

မြို့တစ်မြို့လုံးတွင် ပူလောင်နာကျင်သော အော်ဟစ်သံများဖြင့် ပြည့်နှက်လျက်။

“ဟားဟားဟား၊ ဒီ အရှင်ရဲ့ စွမ်းအားကို ဒူးထောက်ခစားကြစမ်း၊ အောက်တန်းစား ပုရွက်ဆိတ်တွေ!” ဟုန်ချန်ယဲ့၏ ဆံပင်နက်များ တလွင့်လွင့်ရမ်းခါနေပြီး နဂိုလှပသော မျက်နှာမှာ လူသတ်ရခြင်း၏ ပျော်ရွှင်မှုဖြင့် သက်ဝင်တောက်ပလျက်သား။ ဆက်တိုက်ကျဆင်းနေသော မီးခဲမီးတောက်များက နောက်ခံအဖြစ် တည်ရှိနေသော ထိုမြင်ကွင်းမှာ နတ်ဆိုးဘုရင်ကြီးတစ်ပါး အပျော်လူသတ်ပွဲ ကျင်းပနေသည့်အလား။

မကြာမီပင်၊ အော်ဟစ်သံများ လျင်မြန်စွာ တိတ်ဆိတ်သွားပြီး တစ်မြို့လုံး မီးပင်လယ်ပြင်ကြီးထဲတွင် နစ်မြုပ်သွားခဲ့သည်။

အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့၏ ထိုးစစ်အား ပြင်းထန်လာသည်နှင့်အမျှ မြို့များ တစ်မြို့ပြီးတစ်မြို့ ကျဆုံးသွားပြီး လမ်းတစ်လျှောက် ခုခံမှုအားလုံးကို ဖောက်ထွက်ကာ မည်သူမျှ တားဆီး၍မရနိုင်ခဲ့ပေ။

အရိုးမျိုးနွယ်စု ပိုင်ဆိုင်သော မြို့တစ်မြို့တွင် မှောင်မိုက်သော ပတ်ဝန်းကျင်အငွေ့အသက်က လွှမ်းမိုးနေသည်။

သက်လတ်ပိုင်းအရွယ် မြို့စားသည် အရိုးလှံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ၏စစ်တပ်ကို ဦးဆောင်ကာ ဝန်းရံပိတ်ဆို့မှုကို ထိုးဖောက်ပြေးထွက်ရန် အသင့်ဖြစ်နေလေပြီ။

“အဖေ၊ ရပ်လိုက်! အပြင်မှာ လူသားမျိုးနွယ်စုတွေချည်းပဲ!!!”

သမီးဖြစ်သူက မျက်ရည်အပြည့်ဖြင့် လာရောက်တားဆီးသည်။

အရိုးမျိုးနွယ် မြို့စား ဒေါသထွက်သွားသည်။ ထို့နောက် လက်ထဲရှိ အရိုးလှံကို ကိုင်မြှောက်လိုက်ပြီး ကောင်းကင်သို့မော့ကြည့်ကာ ကြုံးဝါးလိုက်၏။

“မင်းအဖေက လက်နက်ချမယ့်အစား တိုက်ပွဲမှာ အသက်ပေးရတာကို ပိုကြိုက်တယ်။ ကြီးမြတ်တဲ့ အရိုးမျိုးနွယ်စုက အောက်တန်းစား လူသားမျိုးနွယ်စုကို ဘယ်တော့မှ လက်နက်ချအညံ့ခံမှာ မဟုတ်ဘူး! ဘယ်တော့မှ!”

ရွှီး!

ကောင်းကင်ကို ဖြိုခွင်းတော့မတတ် အားမာန်ပါသော ဓားချက်တစ်ချက်က မြို့တစ်ဝက်ကျော်ကို ထိုးဖောက်သွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းမှောင်မိုက်သည့် မြောင်းကြီးတစ်ခု ချန်ရစ်ထားခဲ့ကာ အပူငွေ့များစွာ တရှိန်ရှိန် လှိုက်တက်လာစေခဲ့သည်။

မြို့စားမင်း၏ ကြွေးကြော်အားပေးသံဖြင့် စိတ်ဓာတ်တက်ကြွနေသော ကာကွယ်ရေးတပ်မတော်ကြီးမှာ ဤဓားချက်တစ်ချက်တည်းဖြင့် ချက်ချင်း ပျောက်ကွယ်သွားပြီး အရိုးအကြွင်းအကျန် တစ်စွန်းတစ်စပင် မကျန်ရစ်ခဲ့ပေ။

သူ၏ရှေ့က ကြောက်မက်ဖွယ်ကောင်းသော ထိုးစစ်မြင်ကွင်းကို ကြည့်ရင်း မြို့စားမင်းသည် အရိုးလှံကို ကိုင်မြှောက်ထားသည့် အနေအထားအတိုင်း ရွှံ့ရုပ်တစ်ရုပ်လို တောင့်တင်းသွားခဲ့၏။

“အဖေ!” သမီးဖြစ်သူက ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ဖခင်၏ခြေထောက်ကို ဖက်တွယ်ကာ တုန်ရီနေသည်။ လူသားမျိုးနွယ်စုတွင် အင်အားကြီးမားသော ကျင့်ကြံသူများ အလွန်များပြားသည်ဟု ကြားဖူးသော်ငြား မျက်မြင်တွေ့ရသောအခါ အဆပေါင်းများစွာ ပို၍ကြောက်စရာကောင်းနေခဲ့ပေ၏။

“ခုနက အသက်ပေးတိုက်မယ်လို့ ပြောတာ ကြားလိုက်သလိုပဲ?”

ထူထဲသော မီးခိုးများထဲမှ ဝါးဦးထုပ်ဆောင်းပြီး သူရဲကောင်းတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်။ သူ၏လက်ထဲတွင် မှင်ကဲ့သို့မည်းနက်သော ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး စိုက်ကြည့်နေသော မျက်လုံးအစုံမှာ သား‌ကောင်ချောင်းနေသည့် ကျားမျက်လုံးကဲ့သို့ ပြင်းထန်စူးရဲလျက်။

လီဝူကျယ်သည် အရိုးမျိုးနွယ်စု မြို့စားကို စူးစိုက်ကြည့်နေပြီး သူ၏ဓားကို အဝေးမှ ချိန်ရွယ်ကာ ခေါင်းကို အနည်းငယ်စောင်းလျက် ရက်စက်သောအပြုံးဖြင့် မေးသည်။ “မင်းပြောလိုက်တာ မဟုတ်လား"

သက်လတ်ပိုင်းအရွယ်မြို့စားသည် နတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရပြီး အားမန်အပြည့်ရှိနေခဲ့သော သူ၏အရိုးများ ကြောက်လန့်တကြားပျော့ကျသွားကာ ကျောပြင်တွင် ချွေးစေးများ ပြန်လာသည်။ ကြောက်ရွံ့မှုက သူ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို အစားထိုးသွားချိန်၌ သူ အထစ်ထစ်အငေါ့ငေါ့ တုံ့ပြန်လိုက်မိ၏။ “မင်း၊ မင်း နားကြားမှားတာ။ ငါ အော်တာ မဟုတ်ဘူး”

“ဒါဆို ဘယ်သူအော်တာလဲ?” လီဝူကျယ်က မေးလိုက်သည်။

မြို့စားသည် ဘာမှထပ်စဥ်းစားမနေတော့ဘဲ သူ့ခြေထောက်ကို တွယ်ကပ်နေသော သမီးဖြစ်သူကို ကန်ထုတ်လိုက်ပြီး သူမကို အရိုးလှံဖြင့် ချိန်ရွယ်ကာ ဒေါသတကြီး အော်ပြောလိုက်၏။ “သူပြောတာ!!!”

သမီး: “???”

စာစဉ်ပြီး၏

All Chapters