← Chapters

ထူးဆန်းသော ဖိတ်ခေါ်မှု

Vol. 28 Ch. 408

ထူးဆန်းသော ဖိတ်ခေါ်မှု

Vol. 28 Ch. 408

ကယ်ဆယ်ရေးလုပ်ငန်းသည် လျင်မြန်စွာ ဆက်လက်ဆောင်ရွက်ခဲ့သည်၊ ဆယ်မိနစ်အတွင်း လေယာဉ်ပေါ်ရှိခရီးသည်အားလုံးကို ကယ်တင်နိုင်ခဲ့ပြီးနောက် လေယာဉ်မှူးနှင့် ထိုခရီးသည်အနည်းငယ်၏အလောင်းများကိုလည်း သယ်ဆောင်ချခဲ့သည်။

မည်သူ့ကိုမျှ ထွက်ခွာခွင့်မပြုဘဲ အနီးအနားတွင် အားလုံးကို နေရာချထားခဲ့သည်။ အကြောင်းမှာ စုံစမ်းစစ်ဆေးရန် ကိစ္စတစ်ခု ကျန်ရှိနေသေးသောကြောင့်ဖြစ်သည်။

ယန်ကျန့်သည် အဆုံးတွင် အခြားနိုင်ငံတကာတစ္ဆေဆရာတစ်ဦး လေယာဉ်ပေါ်သို့ တက်ရောက်သွားသည်ကို မြင်လိုက်ရသည်။

သူသည် ထိုလူကို မမှတ်မိသလို သူနှင့်ပတ်သက်၍ မည်သည့်အမှတ်ဉာဏ်မှမရှိပေ၊ သို့သော် ထိုပုဂ္ဂိုလ်သည် တစ္ဆေဆရာတစ်ဦးဖြစ်သည်မှာ သံသယမရှိပေ။

ယန်ကျန့်သည် ဤကိစ္စကို စိတ်မဝင်စားသလို ၎င်းအကြောင်းကိုလည်း မစုံစမ်းခဲ့ပေ။ သူသည် J မြို့တွင် တစ္ဆေဆရာမည်မျှရှိသည်ကို စိတ်မဝင်စားပေ။ သူသည် သူ၏ကိုယ်ပိုင်ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန်သာ လာခဲ့ခြင်းဖြစ်ပြီး သူ၏ရည်မှန်းချက်အောင်မြင်သည်နှင့် သူသည် တားချန်းမြို့သို့ ပြန်ကာ သူ၏ဘဝကို ဆက်လက်နေထိုင်မည်ဖြစ်သည်။ ကံအနည်းငယ်ကောင်းလျှင် သူသည် ခဏတာ ကောင်းမွန်စွာ နေထိုင်နိုင်ပေမည်။

အနားယူတဲအတွင်း...

ကော့ဖန်ဘေးတွင် ထိုင်နေသော နိုင်ငံတကာတစ္ဆေဆရာ ကျုံးရှန်သည် ယန်ကျန့်ကို အတော်လေးစိတ်ဝင်စားနေသည်-

"ဒါက သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်ပြီး လည်ညှစ်တစ္ဆေလို့ ကုတ်နံပါတ်ပေးထားကာ အဆင့် C အဖြစ် သတ်မှတ်ထားပေမယ့် ဒါက အသေးအဖွဲဖြစ်ရပ်လေးတစ်ခုလို့ ထင်ရနိုင်ပေမယ့် ငါသိတာက ဒါက သေချာပေါက် အဲ့လောက်မရိုးရှင်းဘူးဆိုတာပဲ။"

"မဟုတ်ရင် မင်းဒါကို တစ်နာရီနီးပါး အချိန်ပေးမှာမဟုတ်ဘူး။"

"တခြားသူတွေက လွယ်တယ်လို့ထင်ကြတယ်၊ ဒါက သူတို့က တစ္ဆေဆရာတွေမဟုတ်လို့ပဲ။ သူတို့က မင်းက အဆင့် S သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းခဲ့ပြီးပြီဆိုတော့ ဒီလိုအသေးစားအဆင့် C ဖြစ်ရပ်က မင်းအတွက် လွယ်သင့်တယ်လို့ ယုံကြည်ကြတယ်။ အဖွဲ့ခေါင်းဆောင်ရှန်တောင်မှ မင်းဒီတစ်ခါအောင်မြင်မယ်လို့ သာမန်ကာလျှံကာ သဘောထားမှာပဲ။ ဌာနချုပ်ကလည်း မင်းမရှုံးနိမ့်ဘူးလို့ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် သူတို့က မင်းကို တစ္ဆေနယ်မြေသုံးပြီး ခရီးသည်အားလုံးကို ခေါ်ထုတ်မယ့်အစား လည်ညှစ်တစ္ဆေဖြစ်ရပ်ကို နေရာမှာတင် ဖြေရှင်းခိုင်းခဲ့တာ။"

"သူတို့က မင်းကို အတင်းအကျပ် စွန့်စားခိုင်းနေတာ။"

ကျုံးရှန်က ဤသို့ပြောပြီးနောက် ပြုံးလိုက်သည်-

"ဒါကြောင့် ငါဒီလိုအတွေးအခေါ်မျိုးကို စက်ဆုပ်ရွံရှာတာ... ငါတို့က အဲ့ဒီအရာတွေကို ကိုင်တွယ်တဲ့အခါတိုင်း ဒါက အသက်ဘေးကိစ္စတစ်ခုဆိုတာကို မင်းသဘောပေါက်ရမယ်။ အပြင်ထွက်လာနိုင်တဲ့သူတွေက ဒီမှာ လေညင်းခံပြီး လက်ဖက်ရည်သောက်ရင်း ထိုင်နိုင်ကြတယ်၊ မထွက်နိုင်တဲ့သူတွေအတွက်တော့ သူတို့ရဲ့သင်္ချိုင်းပေါ်မှာ မြက်တွေတောင် ပေါက်နေလောက်ပြီ။"

"မင်း ဘာကိုပြောချင်တာလဲ။" ယန်ကျန့်က မျက်မှောင်အနည်းငယ်ကြုတ်ရင်း မေးလိုက်သည်။

ကျုံးရှန်က စားပွဲကို ညင်သာစွာခေါက်လိုက်သည်- "ငါတို့က ကိရိယာတွေအဖြစ် အသုံးချခံရပြီး မီးငြှိမ်းသတ်ဖို့ လျှောက်သွားနေရပြီး ဘာကျေးဇူးတင်မှုမှ မရရှိတဲ့အခြေအနေကို ပြောင်းလဲဖို့ အချိန်ကျပြီလို့ ငါထင်တယ်။ ငါတို့က လူသားရော တစ္ဆေရောဖြစ်ပြီး တစ်နည်းအားဖြင့်ဆိုရင် ငါတို့က ကယ်တင်ရှင်တွေတောင်ဖြစ်တယ်... ဒါကြောင့် တကယ့်အခြေအနေက သူတို့က ငါတို့ကို အကူအညီတောင်းရမှာဖြစ်ပြီး ငါတို့က သူတို့ရဲ့အမိန့်ပေးခြင်းကို ခံနေရမှာမဟုတ်ဘူး။"

"ငါတို့မှာ လူတစ်ဦးချင်းစီရဲ့အသက်အသေကို ဆုံးဖြတ်ခွင့်ရှိတယ်၊ ဒါကြောင့် ငါတို့မှာ လုံလောက်အောင်မြင့်မားတဲ့အဆင့်အတန်းနဲ့ အာဏာလည်း ရှိသင့်တယ်။"

"အသက်ရှင်နေတဲ့သူတွေမှာ ဒီအရာတွေအကြောင်း ပြောဆိုခွင့်ရှိတယ်။ မင်းရဲ့ ပြန်လည်နိုးထလာတဲ့ ကြောက်မက်ဖွယ်ဝိညာဉ်တွေရဲ့ပြဿနာကို ဖြေရှင်းပြီးမှ ကယ်တင်ရှင်ဖြစ်ဖို့အကြောင်း စဉ်းစားပါ။" ယန်ကျန့်က တည်ငြိမ်စွာပြောသည်။

သူသည် ကျုံးရှန်၏အရိုးထဲမှ ရူးသွပ်မှုကို ခံစားမိနိုင်သည်၊ သူသည် ဤလူ့အဖွဲ့အစည်းနှင့် လက်ရှိစနစ်အပေါ်သို့ တက်လှမ်းလိုသကဲ့သို့ပင်။

"မင်း အဖွဲ့ခေါင်းဆောင်အစီအစဉ်အကြောင်း သိလား။" ကျုံးရှန်က ရုတ်တရက်မေးလိုက်သည်။

ယန်ကျန့်က "ဝမ်ရှောင်မင်က ငါ့ကို ပြောပြဖူးတယ်၊ သူက နိုင်ငံရဲ့အရင်းအမြစ်တွေကိုသုံးပြီး ထိပ်တန်းတစ္ဆေဆရာတစ်စုကို မွေးထုတ်ဖို့အကြောင်း ပြောခဲ့တယ်။"

"ဒါက တစ်စိတ်တစ်ပိုင်းပဲ။" ကျုံးရှန်က ပြုံးသည်- "တကယ့်ရည်ရွယ်ချက်ကတော့ အဖွဲ့ခေါင်းဆောင်အစီအစဉ်ကနေတစ်ဆင့် တိုးပွားလာတဲ့ အရပ်ဘက်တစ္ဆေဆရာအရေအတွက်ကို ထိန်းချုပ်ဖို့ပဲ။ နိုင်ငံတစ်ဝှမ်းမှာ တည်ထောင်ခဲ့တဲ့ သေးငယ်တဲ့တစ္ဆေဆရာကလပ်တွေကနေ သဘာဝလွန်ဖိုရမ်လို ပြည်တွင်းထိပ်တန်းတစ္ဆေဆရာအဖွဲ့အစည်းတွေအထိ၊ ဒီလူတွေအားလုံးက ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေပဲ။"

"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။" ယန်ကျန့်က "မင်းလိုချင်တာဘာမဆို တိုက်ရိုက်ပြောပါ။ ငါက ဝေ့ပြီးပြောတာကို မကြိုက်ဘူး။"

ကျုံးရှန်က "ငါ လုပ်ဖော်ကိုင်ဖက်တချို့ကို သိတယ်။ ငါတို့သာ ပူးပေါင်းလိုက်ရင် ငါတို့မှာ လုံလောက်တဲ့သြဇာအာဏာရှိလိမ့်မယ်။ အဖွဲ့ခေါင်းဆောင်ရာထူးတစ်ခုကို သေချာပေါက်ရယူနိုင်မှာ ပြဿနာမဟုတ်ဘူး။ အောင်မြင်ခဲ့ရင် အရင်းအမြစ်ဦးစားပေးမှု၊ သတင်းအချက်အလက်မျှဝေမှု၊ ဒါမှမဟုတ် အပြန်အလှန်အထောက်အပံ့ပေးမှုတွေကနေတစ်ဆင့် လူတိုင်းအတွက် အကျိုးရှိလိမ့်မယ်။ ယေဘုယျအားဖြင့် ဒါက ငါတို့ရဲ့အနာဂတ်ရှင်သန်မှုအတွက် အလွန်အထောက်အကူပြုလိမ့်မယ်။"

"မင်းက ငါ့ကို မင်းအတွက် အလုပ်လုပ်ခိုင်းနေတာလား။" ယန်ကျန့်က ရုတ်တရက်ရယ်လိုက်သည်- "မင်း ငါ့ဈေးကို ပေးနိုင်လို့လား။"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းအထင်လွဲနေပြီ။ 'တစ္ဆေမျက်လုံး' ယန်ကျန့်အတွက် ဈေးနှုန်းကို ငါတကယ်ပဲ မတတ်နိုင်ပါဘူး၊ မင်းက အဖွဲ့ခေါင်းဆောင်ရာထူးအတွက် ရေပန်းစားတဲ့ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တာကို ထားလိုက်ဦး။ ဝမ်ရှောင်မင်က မင်းကို အမည်စာရင်းတင်သွင်းထားပြီး မင်းရဲ့လုပ်ဆောင်ချက်မှတ်တမ်းက တကယ်ပဲ အထင်ကြီးစရာကောင်းတယ်။ တားချန်းမြို့ဖြစ်ရပ်ရဲ့ ထူးခြားတဲ့ကိစ္စတစ်ခုတည်းနဲ့တင် လူအများအပြားကို မင်းအတွက် မဲပေးဖို့ ဆွဲဆောင်နိုင်တယ်။"

ကျုံးရှန်က စိတ်ရင်းမှန်ဖြင့် ရှင်းလင်းပြောကြားရင်း လက်ကို ပယ်ချသည့်ဟန်ဖြင့် ဝှေ့ယမ်းလိုက်သည်-

"ဒါပေမဲ့ အရာအားလုံးမှာ ခြွင်းချက်တွေရှိတယ်။ တချို့အရာတွေကို ကြိုးစားလုပ်ဆောင်ရုံနဲ့ မအောင်မြင်နိုင်ဘူး။ ငါဘာကိုဆိုလိုလဲဆိုတာ မင်းနားလည်လား။"

"ဒီကျည်ဆန်လိုပဲ" သူက ရွှေရောင်ကျည်ဆန်တစ်တောင့်ကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်- "အရေးမပါဘူး။ ကျည်ဆန်တစ်တောင့်တည်းက ခြိမ်းခြောက်မှုအများကြီး ဖြစ်စေနိုင်တယ်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး။"

ယန်ကျန့်က ၎င်းကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်-

"မင်းက ငါ့ကို အရေးမပါတဲ့ကျည်ဆန်တစ်တောင့်လို့ ထင်နေတာလား။"

"မဟုတ်ဘူး၊ မင်းက အရေးကြီးတယ်၊ မင်းက ဒီကျည်မထည့်ရသေးတဲ့သေနတ်လိုပဲ အပိုပစ္စည်းအနည်းငယ်ပဲ လိုနေတာ။" ကျုံးရှန်က လက်ကိုင်သေနတ်တစ်လက်ကို ထုတ်ယူပြီး သူ့ဘေးတွင်ချကာ ထို့နောက် ကျည်ဆန်ကို ဗလာဖြစ်နေသောသေနတ်ထဲသို့ ထည့်လိုက်သည်။

"ကျည်ဆန်ကို သွင်းပြီးတာနဲ့ သူညွှန်ပြတဲ့ဘယ်သူမဆို နာခံစွာနားထောင်ရတော့မှာပဲ။ ဘယ်သူမှ အဲ့ဒီခြိမ်းခြောက်မှုကို လျစ်လျူမရှုရဲဘူး။"

ကျုံးရှန်က လက်ကိုင်သေနတ်ကို မြှောက်ကိုင်ကာ အဝေးရှိရှန်လျန်ကို ညွှန်ပြရင်း သူ၏နှုတ်ခမ်းပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခုဖြင့် "ဘာဖြစ်လို့လဲဆိုတော့ သူတို့နားမထောင်ရင် သူတို့သေရမှာမို့လို့ပဲ။ ငါတို့သာ စည်းလုံးရင် ငါတို့လိုချင်တာဘာမဆို လုပ်နိုင်တယ်။ ဒါပေမယ့် ငါတို့သာ ကွဲပြားနေရင် ကျည်ဆန်တစ်တောင့်၊ ဗလာသေနတ်တစ်လက်၊ သူတို့က ဘာမှမလုပ်နိုင်တဲ့ အသုံးမဝင်တဲ့အစိတ်အပိုင်းတွေပဲ။"

"အဖွဲ့ခေါင်းဆောင်အစီအစဉ်ကို အကောင်အထည်ဖော်ပြီးတာနဲ့ ငါတို့က တခြားသူတွေရဲ့ခြယ်လှယ်ခြင်းကိုပဲ ခံရမှာ၊ ဒါကြောင့် ငါတို့အဖွဲ့ဝင်တစ်ယောက် အဖွဲ့ခေါင်းဆောင်ဖြစ်လာဖို့ သေချာလုပ်ရမယ်။"

"မင်း လူဘယ်နှစ်ယောက် ဖိတ်ထားပြီးပြီလဲ။" ယန်ကျန့်က မေးလိုက်သည်။

"လူအရေအတွက်က အရေးမကြီးဘူး၊ သြဇာအာဏာ လုံလောက်ရဲ့လားဆိုတာကပဲ အရေးကြီးတယ်။ လက်ရှိမှာ ငါတို့ငါးယောက်ရှိတယ်၊ မင်းပါဝင်ရင် ခြောက်ယောက်ဖြစ်သွားမယ်။" ကျုံးရှန်က ပြန်ဖြေသည်။

"ဒါဆို မင်းက အဖွဲ့ခေါင်းဆောင်အစီအစဉ်မှာ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ဖို့ ယုံကြည်မှုမရှိဘူးပေါ့။" ယန်ကျန့်က မှတ်ချက်ပေးသည်။

"အခွင့်အလမ်းတွေက တကယ်ပဲ နည်းပါးတယ်၊ ဘာလို့လဲဆိုတော့ ရရှိနိုင်တဲ့ရာထူးတွေက အရမ်းနည်းပါးပြီး တချို့ပုဂ္ဂိုလ်တွေက ကြိုတင်သတ်မှတ်ပြီးသားဖြစ်နေလို့ပဲ။ တကယ်တမ်းပြိုင်ဆိုင်မယ့်သူအရေအတွက်က သုံးယောက်ထက်မပိုဘူး။" ကျုံးရှန်က ရှင်းပြသည်။

ရာထူးသုံးခု?

ယန်ကျန့်၏အမူအရာသည် မှောင်သွားသည်၊ အမှန်တကယ်ပင် ၎င်းသည် အလွန်နည်းပါးသည်။

"ယန်ကျန့်၊ ကျုံးရှန်က မင်းကို ဖိတ်ခေါ်တာက မင်းက တကယ်ပဲ ဝိတ် ရှိလို့ပဲ၊ ဒါပေမယ့် အဲ့ဒီဝိတ်က မလုံလောက်သေးဘူး။ မင်း ကျုံးရှန်ရဲ့အကြံဉာဏ်ကို စဉ်းစားသင့်တယ်။ သူ မင်းကို မဖိတ်ခေါ်ဘူးလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ သူက ဖိတ်ခေါ်ခဲ့တုန်းပဲ။"

ကော့ဖန်က ဘေးမှ လေးနက်စွာပြောလိုက်သည်။

"ငါငြင်းတယ်။" ယန်ကျန့်က ခဏတာစဉ်းစားပြီးနောက် ကြေညာလိုက်သည်။

ကျုံးရှန်သည် မှင်တက်သွားပြီးနောက် သူပြုံးလိုက်သည်- "ငြင်းဖို့ အလျင်စလိုမလုပ်ပါနဲ့။ အချိန်အနည်းငယ်ကြာပြီးမှ ဆုံးဖြတ်တာက နောက်မကျသေးပါဘူး။ ငါတို့မှာ အချိန်ရှိပါသေးတယ်။"

သူသည် ယန်ကျန့်၏ငြင်းဆိုမှုသည် တစ္ဆေဆရာများ၏ပင်ကိုသတိထားမှုကြောင့်ဖြစ်သည်ဟု ယုံကြည်သည်။ J မြို့တွင် အချိန်အနည်းငယ်ကုန်ဆုံးပြီး အခြေအနေကို နားလည်ပြီးမှသာ သူသည် ရေတွက်ထားသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်မည်ဖြစ်သည်။

ယန်ကျန့်သည် တိတ်ဆိတ်နေပြီး နှုတ်ဆိတ်ခြင်းကို ရွေးချယ်လိုက်သည်။

သတင်းအချက်အလက်အလွန်နည်းပါးသောကြောင့် သူသည် လက်ရှိအခြေအနေများကို ဆုံးဖြတ်ခြင်းမပြုမီ အခြေအနေများကို အပြည့်အဝနားလည်ရန် လိုအပ်သည်။

ဤအချိန်တွင် ဘာမှမလုပ်ခြင်းသည် အမှားများကို ရှောင်ရှားခြင်းကို ဆိုလိုသောကြောင့် မှန်ကန်သောလုပ်ဆောင်ချက်ဖြစ်သည်။

မိနစ်နှစ်ဆယ်ခန့်အကြာတွင် ဝန်ထမ်းတစ်ဦးက ရုတ်တရက် အလျင်အမြန်ပြေးလာသည်- "ကျွန်တော်တို့ ဖြစ်ရပ်ရဲ့ရင်းမြစ်ကို ရှာတွေ့ပါပြီ၊ ဒါပေမယ့် အခြေအနေက နည်းနည်းထူးဆန်းနေတယ်။ ခင်ဗျားတို့ လာကြည့်ပေးဖို့ မျှော်လင့်ပါတယ်။"

"ဟင်?" ယန်ကျန့်က ရုတ်တရက်မော့ကြည့်လိုက်သည်။

ဌာနချုပ်တွင် အရည်အချင်းရှိသူများ မရှားပါးသည်မှာ သေချာသည်။ ပြဿနာကို ဖြေရှင်းပြီး ဖြစ်သော်လည်း သူတို့သည် သဘာဝလွန်လှုပ်ရှားမှု၏ရင်းမြစ်ကို နေရာချထားနိုင်သေးသည်။

( E Tran မှာ Ghost Controller, Ghost Master, Necromancer ဆိုပြီး အမျိုးမျိုးပြောင်းသုံးနေတယ် ဒါပေမယ့် နောက်အပိုင်းတွေမှာ Ghost Master လို့ပဲ သုံးတာ များလာလို့ တစ္ဆေထိန်းချုပ်သူကနေ တစ္ဆေ ဆရာလို့ ပြောင်းသုံးပါမယ် )

All Chapters