← Chapters

အခန်း ၃၀-၃၁

Vol. 2 Ch. 30-31

အခန်း ၃၀-၃၁

Vol. 2 Ch. 30-31

အခန်း ၃၀

ပူလင်ဖေးကို သင့်ရဲ့စေ့စပ်ထားတဲ့ချစ်သူမှန်းအတည်ပြုပြီးနောက် ယွမ်ဝူစိက သင့်ကို ကြည့်လိုက်တယ်။

အဲဒီအကြည့်ထဲမှာ အဓိပ္ပာယ် အများကြီး ပါဝင်နေခဲ့တယ်။

ဒါက သင့်ကို မသိစိတ်က မသက်မသာ ဖြစ်စေခဲ့တယ်။

အိပ်မက်ထဲမှာတောင်

ယဲ့ယွီတော်တော်လေး ရှက်ရမ်းရမ်းပြီး ခေါင်းငုံ့မိတယ်။

ကျွန်တော့်ဝမ်းကွဲအစ်ကိုက အဲဒီတုန်းက အန္တရာယ်ရှိတယ်လို့ ပြောခဲ့တုန်းက… ဒီလို ရှုပ်ထွေးလိမ့်မယ်လို့ ဘယ်တော့မှ မပြောခဲ့ဘူး။

ပြီးတော့ ပိုအရေးကြီးတာက။

အခု ဘယ်လို အကျပ်အတည်းကို ဖြေရှင်းရမလဲ။

ကံကြမ္မာရဲ့သမီးတော် ဇာတ်ဆောင်မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားတဲ့ ပူလင်ဖေးမှာ သူ့အဆင့်ထက် မြင့်တဲ့ ရန်သူတွေကို အနိုင်ယူနိုင်တဲ့ စွမ်းရည်ရှိတယ်။

ဒါ့အပြင် သူမက အခုချိန်မှာ အစွမ်းအထက်ဆုံးပဲ- ကပ်ကျော်အဆင့် အလယ်အဆင့်။

ယွမ်ဝူစိကတော့ ကပ်ကျော်အဆင့် အစောပိုင်းအဆင့်မှာ ရှိနေတယ်။

ယွမ်ဝူစိကလည်း ကျင့်ကြံခြင်းလောကမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ဦးနဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေမယ့် ပူလင်ဖေးနဲ့ နှိုင်းယှဉ်ရင် နည်းနည်း နိမ့်နေသေးတယ်။

သူတို့နှစ်ဦး တိုက်ခိုက်ရင် အံ့ဩစရာမရှိဘူးဆိုရင် ယွမ်ဝူစိက ရှုံးမှာ သေချာတယ်။ သေတောင် သေနိုင်ပြီး သူ့တာအိုတောင် ပျက်စီးသွားနိုင်တယ်။

ဒါက ယဲ့ယွီ မြင်ချင်တဲ့ မြင်ကွင်းမျိုး လုံးဝ မဟုတ်ဘူး။ ယုံကြည်ရတဲ့ မိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတာက မယုံနိုင်လောက်အောင် စိတ်ထိခိုက်စရာပဲ။

ပြီးတော့ ပိုအရေးကြီးတာက ယွမ်ဝူစိက ရိုးရိုးရှင်းရှင်း မိတ်ဆွေတစ်ဦးတင် မဟုတ်ဘူး။

အိပ်မက်ထဲက သူ့ကိုယ်သူအတွက် သူမက ကျင့်ကြံမှုကို မြှင့်တင်ပေးတဲ့ အကူအညီတစ်ခုလိုပဲ။

နှစ်ပေါင်းများစွာကတည်းက ယွမ်ဝူစိကြောင့်သာ သူ ပေါင်းစည်းခြင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့တာ။

မဟုတ်ရင် နတ်ပြောင်းအဆင့်က အိပ်မက်ထဲက သူ့ကိုယ်သူရဲ့ ကျင့်ကြံမှုရဲ့ အမြင့်ဆုံးအဆင့်ပဲ ဖြစ်လိမ့်မယ်။

ဒါကြောင့် ယွမ်ဝူစိ ဘာပဲ ဖြစ်သွားပါစေ၊ အိပ်မက်ထဲက သူ့ကိုယ်သူကကျင့်ကြံရေး တက်လှမ်းဖို့ အခွင့်အရေး လုံးဝ မရှိတော့ဘူး။

ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် သူတို့နှစ်ဦးလုံးကို သေချာ ကျေနပ်အောင် လုပ်ပေးရမယ်။

မဟုတ်ရင် တကယ့်ကို ဘေးဆိုးတစ်ခု ဖြစ်လိမ့်မယ်။

သင့်စိတ်က လျင်မြန်စွာ လည်ပတ်နေသည်။

သူတို့ကို တားဆီးဖို့ ပြောဖို့ ပြင်နေတုန်းမှာပဲ ယွမ်ဝူစိနဲ့ ပူလင်ဖေးတို့ရဲ့ ငြင်းဆိုမှုကို ခံလိုက်ရတယ်။

သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း ကြေညာတာက ဒီအခြေအနေမှာ ဒါက သင့်ကိစ္စ မဟုတ်တော့ဘူးတဲ့။

သင့်ကို လုံးဝ ပိုင်ဆိုင်နိုင်ဖို့ သူတို့က တစ်ဦးကိုတစ်ဦး ချေမှုန်းပစ်မယ်လို့ ကျိန်ဆိုကြတယ်။

သူတို့နှစ်ဦးကြားက တင်းမာတဲ့ ရပ်တည်မှုကို မြင်တော့ သင်က စွန့်စားရတဲ့ လှုပ်ရှားမှုကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သင်က ကိုယ်ကျိုးစွန့် အစီအစဉ်ကို လုပ်ဆောင်ဖို့ စီစဉ်တယ်။

ဒါက ဝမ်းနည်းစရာ ကံကြမ္မာကို တားဆီးဖို့ သင် တွေးနိုင်တဲ့ အရိုးရှင်းဆုံးနဲ့ အတိုက်ရိုက်ဆုံး နည်းလမ်းပဲ။

ပူလင်ဖေးနဲ့ ယွမ်ဝူစိတို့ တိုက်ခိုက်ဖို့ ပြင်နေတုန်းမှာ သင်က သူတို့နှစ်ဦးကြားကို ဝင်ပြီး သူတို့ရဲ့ တိုက်ခိုက်မှုတွေကိုခံလိုက်တယ်။

သင် ဒဏ်ရာရနိုင်ပေမယ့် လုံးဝ မသေနိုင်ဘူး။

ဘာကြောင့်လဲဆိုတော့ သင့်မှာ ပူလင်ဖေး ပေးထားတဲ့ "လိချွန် ကျောက်စိမ်း" လို့ ခေါ်တဲ့ ကျောက်စိမ်းဆွဲပြားတစ်ခု ရှိလို့ပဲ။

ဒါက အထွတ်အထိပ် ကပ်ကျော်အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားအပြည့်ကို ခံနိုင်ရည်ရှိတဲ့ အဆင့်မြင့် ဝိညာဉ်ရတနာပဲ။

ဒီပစ္စည်းက အကောင်းဆုံး အသက်ကယ် ပစ္စည်းပဲ။ ပူလင်ဖေးတောင် သူ့အတွက် မထားချင်ဘဲ သင့်ကို တိုက်ရိုက် ပေးခဲ့တာ။

အခု ဒီပစ္စည်းက နောက်ဆုံးတော့ သူ့တန်ဖိုးကို ပြသနေပြီ။

ပူလင်ဖေးနဲ့ ယွမ်ဝူစိ နှစ်ဦးလုံး ကပ်ကျော်အဆင့် နောက်ဆုံးအဆင့်မှာ မရှိသေးဘူး။ သူတို့က အထွတ်အထိပ်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်။

သီအိုရီအရ ပြောရရင် သင် သေမှာ မဟုတ်ဘူး။

သင် ဒဏ်ရာရတဲ့အခါ ပူလင်ဖေးနဲ့ ယွမ်ဝူစိတို့က သင့်ဒဏ်ရာတွေကို ချက်ချင်း စစ်ဆေးမှာ သေချာတယ်။ အဲဒီအခါမှာ သူတို့ကို ခဏတာ ခွဲခွာပြီး သင့်ဒဏ်ရာတွေကို ကုသဖို့ ခေါ်သွားဖို့ ဆွဲဆောင်နိုင်တယ်။

နောင်မှာ သင့်ရဲ့ စကားပြောစွမ်းရည်နဲ့ ဒီနတ်သမီးနှစ်ပါးကို သေချာ လိမ်ညာနိုင်လိမ့်မယ်။

ဒါမှမဟုတ် ပိုပြီး ရဲရဲဝံ့ဝံ့ ပြောရရင် သူတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တာမျိုးတောင် မဖြစ်နိုင်တာ မဟုတ်ဘူး။

အရာအားလုံးကို စီစဉ်ပြီးနောက် သင် မတွန့်ဆုတ်တော့ဘူး။

ပူလင်ဖေးနဲ့ ယွမ်ဝူစိတို့ တိုက်ခိုက်ဖို့ လုပ်ဆောင်တာနဲ့ တစ်ပြိုင်နက် သင်က အရှေ့ကို ဦးဆောင်ပျံသန်းပြီး သူတို့နှစ်ဦးကြားမှာ ရပ်လိုက်တယ်။

“ရပ်ကြ၊ မင်းတို့နှစ်ယောက်၊ မဟုတ်…”

သင့်စကားမဆုံးခင်မှာပဲ သင် ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားတယ်။

နောက်တစ်စက္ကန့်မှာ…

ယဲ့ယွီရဲ့ စိတ်ထဲက မြင်ကွင်းက ချက်ချင်း ကြေမွသွားတယ်။

သူ အိပ်မက်ကနေ နိုးလာတယ်။

ယွမ်ဝူစိနဲ့ ပူလင်ဖေးတို့ရဲ့ တစ်ယောက်ကိုတစ်ယောက် သတ်ပစ်ဖို့ ဆုံးဖြတ်ချက်ကို ငါ လျှော့တွက်မိတာလား။

နှစ်ဦးလုံး တစ်ချိန်တည်း တိုက်ခိုက်ခြင်းကနေ ထွက်လာတဲ့ စွမ်းအားက အထွတ်အထိပ် ကပ်ကျော်အဆင့်ရဲ့ ခွန်အားကို ကျော်လွန်သွားခဲ့တယ်။

အာ၊ အဲဒီနှစ်ယောက် တကယ်ကို မညှာမတာပဲ။

ရိုးရိုးသားသားပြောရရင် တော်တော် မသက်မသာ ဖြစ်ခဲ့ရတယ်။

ဤအိပ်မက်အတွေ့အကြုံ ပြီးဆုံးပြီ။

အသက် ၆၇၇ နှစ်တွင် ကွယ်လွန်သည်။

အိပ်မက်အဆင့်သတ်မှတ်ချက်: အထူးကောင်းမွန်+

အိပ်မက်ဘဝ စွမ်းရည်နှစ်ခုကို ကျပန်း ရရှိခဲ့သည်။

၁. အသက် ၃၂ နှစ်တွင် ရွှေအူတိုင်တည်အဆင့် အစောပိုင်း ကျင့်ကြံမှု။

၂. ထိပ်တန်း နှစ်ကိုယ်တူကျင့်ကြံနည်းစနစ်။( ပိုင်ပြီလေ mc ကိုယ်စားဝမ်းသာမိခြင်း )

အိပ်မက်အဆင့်သတ်မှတ်ချက် အထူးကောင်းမွန်+ ရရှိခြင်းအတွက် ဆုလာဘ်အဖြစ် ပစ္စည်းတစ်ခုကို ကျပန်း အကောင်အထည်ဖော်ပေးမည်။

အကောင်အထည်ဖော်ဆုလာဘ်: လိချွန် ကျောက်စိမ်း။

နောက်တစ်စက္ကန့်တွင် ယဲ့ယွီ၏ လက်ထဲ၌ လေးလံသော အရာဝတ္ထုတစ်ခု ရုတ်တရက် ပေါ်လာသည်။

ကြည့်လိုက်တော့ ဒါဟာ အဆင့်မြင့် ဝိညာဉ်ပစ္စည်း လိချွန် ကျောက်စိမ်း ဖြစ်သည်။

ဒါက ပူလင်ဖေးက သူ့ရဲ့ အသက် ၆၀၀ ပြည့် မွေးနေ့အတွက် ပေးခဲ့တဲ့ လက်ဆောင် ဖြစ်သည်။

၎င်းတွင် "လင်ဖေး" စာလုံးကိုပင် ထွင်းထုထားပြီး အလွန်အမှတ်အသားပြုနိုင်သည်။

ဒီပစ္စည်းကို ကြည့်ပြီး ယဲ့ယွီ အလွန်ပျော်ရွှင်ခဲ့တယ်။

အိပ်မက်ရဲ့အဆုံးမှာ လိချွန် ကျောက်စိမ်းက အသုံးမဝင်ခဲ့ပေမယ့် ဒါဟာ အဆင့်မြင့် ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ကျင့်ကြံခြင်းလောကမှာ ရတနာတွေကို အဆင့်သတ်မှတ်ထားတယ်။

အနိမ့်ဆုံးကနေ အမြင့်ဆုံးအထိ ပစ္စည်းများ၊ ဝိညာဉ်ပစ္စည်းများ၊ နတ်ပစ္စည်းများ ရှိတယ်။

၎င်းတို့ထဲမှ အမျိုးအစားတစ်ခုစီကို အပေါ်၊ အလယ်၊ အောက် အဆင့်များအဖြစ် ထပ်မံခွဲခြားထားတယ်။

အဆင့်မြင့် ဝိညာဉ်ပစ္စည်းဆိုတာ နတ်ပစ္စည်းတစ်ခုနဲ့ တစ်လှမ်းသာ ဝေးတော့တာကို ကိုယ်စားပြုတယ်။

ဒီလိချွန် ကျောက်စိမ်းက အထွတ်အထိပ် ကပ်ကျော်အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားအပြည့်ကို ကာကွယ်ပေးနိုင်တယ်။ ဒါ့အပြင် ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြန်လည်ပြုပြင်နိုင်တယ်။

လုံးဝ ဖျက်ဆီးမခံရသရွေ့ မူလအခြေအနေကို ပြန်လည်ပြုပြင်နိုင်တယ်။

ဒါက အဆုံးမဲ့လည်ပတ်မှု၊ မဖျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ်ကာကွယ်ရေး ပစ္စည်းတစ်ခုလို့ မှတ်ယူနိုင်တယ်။

ယဲ့ယွီ အပြင်ဘက်တပည့် ဘဝတုန်းက တစ်ခါ မေးမြန်းဖူးတယ်။

ယနေ့ခေတ် ကျင့်ကြံခြင်းလောကမှာ ကပ်ကျော်အဆင့်က အမြင့်ဆုံး ဖြစ်နေပြီ။ကောင်းကင်ဘုံ တက်လှမ်းခြင်းအဆင့်ကတော့ ဒဏ္ဍာရီ ဖြစ်သွားပြီ။

ကပ်ကျော်အဆင့်ကို ကျော်လွန်ပြီး ဘယ်သူမှ တက်လှမ်းတာ မရှိတာ ကြာပြီ။

ဒီအခြေအနေမှာ ယဲ့ယွီက လိချွန် ကျောက်စိမ်းကို ပိုင်ဆိုင်ထားတော့ ပူလင်ဖေးနဲ့ ယွမ်ဝူစိလို လူတွေနဲ့ မတွေ့ဆုံသရွေ့ ဘာပြဿနာမှ မရှိသင့်ဘူး။

ဒါက သူ့ရဲ့ လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ပေးခဲ့တယ်။

သို့သော် ယဲ့ယွီ သူ့လက်ထဲက လိချွန် ကျောက်စိမ်းကို အကြာကြီး ကြည့်ရှုဖို့ အခွင့်အရေး မရခင်မှာ ရုတ်တရက် သူ့ဆီကို အနီးအနားကနေ စွမ်းအင်လှိုင်းကြီးတစ်ခု စုစည်းလာခဲ့တယ်။

မကြာခင်မှာ ယဲ့ယွီရဲ့ ခန္ဓာကိုယ်ထဲမှာ ရွှေအူတိုင် တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။

ဒါဟာ အတွင်းထဲမှာ မျောလွင့်နေပြီး အလွန် အံ့ဩဖွယ်ကောင်းတယ်။

တစ်ချိန်တည်းမှာ…

ဝူကျီတောင်ထိပ်။

မျက်လုံးမှိတ် နားနေတဲ့ ဟုန်လွမ်း ရုတ်တရက် မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်လိုက်တယ်။

သူမက ယဲ့ယွီ နေတဲ့နေရာကို ကြည့်လိုက်တယ်။

ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်တယ်၊ “ဒီတပည့်သစ်မှာ လျှို့ဝှက်ချက်အချို့ ရှိနေပုံပဲ။ အခြေခံအဆင့်ကနေ ရွှေအူတိုင်အဆင့်ကို တိုက်ရိုက်တက်လှမ်းတာ၊ စိတ်ဝင်စားစရာပဲ။”

ခဏစဉ်းစားပြီးနောက် ဟုန်လွမ်းက ယဲ့ယွီကို ရှာဖွေဖို့ သူ့အစီအစဉ်ကို နောက်ဆုံးတော့ စွန့်လွှတ်လိုက်တယ်။

ဒီနေ့ရဲ့ ဆက်ဆံရေးကနေ ဟုန်လွမ်းက ယဲ့ယွီမှာ ဂိုဏ်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ သိလိုက်တယ်။

သူမအတွက် ဒါက လုံလောက်ပြီ၊ ဒါ့အပြင် ဘယ်ပါရမီရှင်မှာ လျှို့ဝှက်ချက် အနည်းငယ် မရှိဘဲ ရှိမလဲ။

သူမက အရာတွေကို သဘာဝအတိုင်း ဖြစ်ပျက်ခွင့်ပေးပြီး နောက်မှ ပိုနီးနီးကပ်ကပ် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်ပိုင်းမှာ ဟုန်လွမ်းက သူ့လက်ထဲက သိုလှောင်ကွင်းကို ထပ်ပြီး ထိလိုက်တယ်။

ကြာရှည်စွာ ဆင်းရဲခဲ့ပြီး ရုတ်တရက် ချမ်းသာလာသူတစ်ဦးအတွက် သူ့နှလုံးသားက တည်ငြိမ်မှု မရှိနိုင်ဘူး။

ပထမဆုံးအကြိမ်အဖြစ် သူ့မှာ ဒီလောက်များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေ ရှိခဲ့တယ်။ ဒီပျော်ရွှင်မှုကြီးက တကယ်ကို မယုံနိုင်စရာပဲ။

ဒါပေမယ့် တစ်ခုတည်းသော အားနည်းချက်ကတော့ နေ့ဘက်မှာ သူ ယဲ့ယွီ ဆော့ကစားနေတာကိုပဲ မြင်ခဲ့ရတယ်။ ဟုန်လွမ်းက ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး။

အခု သူ့လက်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိနေပြီဆိုတော့ သူ စွမ်းအားရှိတယ်လို့ ခံစားရတယ်။

ဒီနေ့ သူ့ကံကို ကြည့်ရအောင်။

ဒီအကြောင်းကို တွေးလိုက်တာနဲ့ ဟုန်လွမ်းရဲ့ မျက်နှာပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ခု ပေါ်လာတယ်။

သူမ ချက်ချင်း ဝူကျီတောင်ထိပ်ကနေ အလျင်အမြန် ပျံထွက်သွားတယ်။

အခြားတစ်ဖက်မှာ။

ဝါးမဏ္ဍပ်ထဲမှာ ရွှေအူတိုင်အဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့တဲ့ ယဲ့ယွီက သက်ပြင်းတချက်ကို ဖြည်းဖြည်းချင်း ထုတ်လိုက်တယ်။

နှစ်ရက်၊ အကြီးစား တိုးတက်မှု နှစ်ခု။

ဟယ်၊ ဒါ မယုံနိုင်စရာပဲ။

ငါ ပြောသင့်လား မပြောသင့်လား…

အိပ်မက်ဘဝကနေ ရတဲ့ ဒုတိယဆုကတောင် ငါ့စိတ်ကို နည်းနည်း ရှုပ်ထွေးစေတယ်။

ထိပ်တန်းနှစ်ကိုယ်တူကျင့်ကြံနည်းစနစ်လား။

အခု သူ့မှာ ဒါကို ပိုင်ဆိုင်ထားတော့ ဘာအကျိုးရှိမှာလဲ။

တာအိုအဖော်တောင် မရှိဘဲ သူက တစ်မျိုးတည်း တွေဝေနေတဲ့ ခံစားချက်မျိုး ခံစားရတယ်။သု့ဘဝက ဓားဆွဲပြီး တစ်ယောက်တည်း ပတ်ပတ်လည်ကို ကြည့်နေတာချစရာရန်သူမရှိတဲ့အဖြစ်မျိူး ။

နဂါးသတ်ဓား လက်ထဲမှာ ရှိနေပြီ၊ နဂါးက ဘယ်မှာလဲ။ (အားကြီးနဲ့ရှာနေပါပြီနော်)

*****

အခန်း ၃၁

“မလုပ်နဲ့!”

ပူလင်ဖေးအိပ်နေရာကနေ ရုတ်တရက် ဝုန်းကနဲ ထထိုင်လိုက်တယ်။

သူမရဲ့ မျက်လုံးတွေ နည်းနည်း နီရဲနေတယ်။

သူမ ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။

သူမက သူ့အခန်းထဲမှာပဲ ရှိနေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်။

ဒါက ပူလင်ဖေးကို အရမ်း သိချင်စိတ် ဖြစ်စေတယ်။

အခုလေးတင် ဖြစ်ပျက်ခဲ့တာတွေ အားလုံးက အိပ်မက်သက်သက်လား။

ဒါပေမယ့် အိပ်မက်က ဒီလောက် ဘယ်လိုလုပ်အစစ်အမှန်ဖြစ်နိုင်မှာလဲ။

အဲဒီအတွေ့အကြုံ တစ်ခုလုံးက တကယ် ဖြစ်ခဲ့သလိုပဲ။

သို့သော် အိပ်မက်ထဲကနဲ့ မတူတာက ပူလင်ဖေးက ဘယ်သူနဲ့မှ စေ့စပ်ထားခြင်း မရှိခဲ့ဘူး။ ငယ်ငယ်တုန်းကလည်း ယဲ့ယွီနဲ့ မတွေ့ခဲ့ဖူးဘူး။

အခုတော့ သူမက ပူမိသားစုရဲ့ နက်ရှိုင်းတဲ့ သွေးကြွေးကို လက်စားချေပြီးပြီ။

သူမက ရှုပ်ထွေးတဲ့ အခြေအနေမှာ ရှိနေတယ်။

ဒါပေမယ့် ဒီညရဲ့ အိပ်မက်က ပူလင်ဖေးကို မတူညီတဲ့ အတွေးတွေ ဖြစ်ပေါ်စေခဲ့တယ်။

အိပ်မက်ထဲက ယဲ့ယွီက တကယ်ပဲ ရှိခဲ့တာလား။

သူ ရှိခဲ့ရင် ဘယ်မှာလဲ။

ဒါက နတ်ဘုရားရဲ့ လမ်းညွှန်မှုတစ်မျိုး ဖြစ်နိုင်မလား။

ပူလင်ဖေး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်တယ်။

ယဲ့ယွီ တကယ်ရှိခဲ့ရင် အိပ်မက်ထဲကလို စိတ်ကူးယဉ်ဆန်သူ မဟုတ်ပါစေနဲ့လို့ သူမ မျှော်လင့်ခဲ့တယ်။

ဒါပေမယ့် ယဲ့ယွီ အပြင်မှာ ချစ်ရတဲ့သူ ရှိခဲ့ရင်တော့ ပူလင်ဖေး ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး။

အိပ်မက်ထဲမှာ ခံစားခဲ့ရတဲ့ ရင်နာစရာ နာကျင်မှု။ သူမက အဲဒါကို ထပ်ပြီး မခံစားချင်ဘူး။

သူမ ရွေးချယ်ခွင့်ရှိရင်… ယွမ်ဝူစိ ရှိနေတာကို ပူလင်ဖေးက လက်ခံချင်လိမ့်မယ်၊ ယဲ့ယွီ သေတာကို မမြင်ချင်ဘူး။

တစ်ချိန်တည်းမှာပင်။

ကွမ်းယန် ဂိုဏ်းတွင်။

ယွမ်ဝူစိလည်း ရုတ်တရက် နိုးလာခဲ့သည်။

ရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်ရင်း သူမသည် ကြာမြင့်စွာ ကြာမြင့်စွာ တွေဝေနေခဲ့သည်။

နောက်ဆုံးတော့ သူမ သေချာပြောနိုင်ခဲ့သည်။

သူမ အခုလေးတင် မြင်ခဲ့ရတာတွေ အားလုံးက အိပ်မက်သက်သက်ဖြစ်ဖို့ မဖြစ်နိုင်ဘူး။

ယဲ့ယွီနဲ့ ကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေ ညတာတွေက မနေ့ကလိုပဲ ခံစားရတယ်။

ပြီးတော့ ရှက်သွေးဖြာစရာကောင်းတဲ့ ရင်းနှီးမှုတွေ။

ဒါတွေ အားလုံးက ဘယ်လိုလုပ် လိမ်ညာမှု ဖြစ်နိုင်မှာလဲ။

ဒါပေမယ့် အမှန်ဆိုရင် ဒီနှစ်တွေအတွင်း ယဲ့ယွီရဲ့အစနလေးတောင်ဘာလို့ မမြင်ဘူးတာလဲ။

တကယ်တော့ ယွမ်ဝူစိကကောင်းကင်သုခဂိုဏ်းကို သွားခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် သူမက ခြောက်လလောက်ပဲ နေပြီး ထွက်သွားခဲ့တယ်။

အကြောင်းရင်းက ရိုးရှင်းပါတယ်၊ သူမက အဲဒီအတွင်းပိုင်း အတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ဘူး။

ဒါကြောင့် သူဟာ ဒီနေ့အထိ အပျိုစင်ဖြစ်နေတုန်းပဲ။

အခုတော့ ကြိုးစားပမ်းစား ကျင့်ကြံခြင်းအားဖြင့် ယွမ်ဝူစိက လီခဲကို အောင်မြင်စွာ သတ်ပစ်ပြီး ကွမ်းယန် ဂိုဏ်း ကို ချောမွေ့စွာ ပြန်လည်ရယူနိုင်ခဲ့တယ်။

ဒါပေမယ့် ယဲ့ယွီရဲ့ အရိပ်အယောင်တောင် မရှိသေးဘူး။

ဘာတွေ ဖြစ်နေတာလဲ။

အရေးအကြီးဆုံးက အိပ်မက်ထဲမှာ ယဲ့ယွီ သေဆုံးပြီး ပျောက်ကွယ်သွားတာကို မြင်လိုက်ရတဲ့ အချိန်။

အဲဒီ ရင်နာစရာ နာကျင်မှုက ယွမ်ဝူစိကို ငြိမ်သက်အောင် မလုပ်နိုင်သေးဘူး။

ယဲ့ယွီ၊ သင် ဘယ်မှာလဲ။

ပြီးတော့ ဒီလောကမှာ ပူလင်ဖေးဆိုတာ တကယ်ရှိလား။

ခဏအကြာမှာ ယွမ်ဝူစိက သူ့ဝတ်ရုံကို ဝတ်ပြီး ကွမ်းယန် ဂိုဏ်း ရဲ့ အကြီးအကဲတွေ အားလုံးကို ခေါ်ယူပြီး အမိန့်ပေးလိုက်တယ်။

“နှစ်ရက်အတွင်း ပူလင်ဖေးနဲ့ ယဲ့ယွီရဲ့ ခြေရာခံကို ရှာပါ။”

သူတို့ ဒီအမိန့်ကို ကြားတော့ အကြီးအကဲတွေ အားလုံး အံ့အားသင့်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြတယ်။

ညသန်းခေါင်မှာ စုဝေးပြီး လူရှာဖို့ပဲလား။

ပူလင်ဖေးနဲ့ ယဲ့ယွီဆိုတာ ဘယ်သူတွေလဲ။ အဲဒီလောက် အရေးကြီးလား။

အကြီးအကဲတွေ တွေးတောနေတုန်း ယွမ်ဝူစိက အေးစက်စွာ ပြောလိုက်တယ်၊ “မင်းတို့ အားလုံး ဘာရပ်လုပ်နေကြတာလဲ။ အခုပဲ သွားရှာ!”

“နှစ်ရက်အတွင်း ရှာမတွေ့ရင် မင်းတို့ အားလုံးကို ရှင်းထန်တောင်ကြားကို ပို့ပြီး ကောင်းကင်မိုးကြိုးဒဏ်ကို နှစ်တစ်ရာ ခံစေမယ်။”

ဒီစကားကို ကြားတော့ အကြီးအကဲတွေ မဆိုင်းမတွ တုံ့ပြန်ခဲ့ကြတယ်။

သူတို့ ချက်ချင်း လှည့်ထွက်သွားတယ်။

နောက်တစ်နေ့။

ယဲ့ယွီ နိုးလာပြီးနောက် ရုတ်တရက် သူ့အခန်းထဲက ဗီရိုကို ဘေးဖယ်ထားတာကို သတိထားမိလိုက်တယ်။

ပြတင်းပေါက်က လုံးဝ ပွင့်နေတယ်။

မြင်လိုက်ရတဲ့မြင်ကွင်းက....................

ဒုတိယ အစ်မကြီး ရှီမူလင်းရဲ့ခေါင်း ပြတင်းပေါက်ကနေ ဝင်ပြီးလေတွေအားရပါးရရှူနေတယ်။

သူမရဲ့ မျက်လုံးတွေ နည်းနည်းမှိတ်ထားပြီး အရက်မူးနေသလိုပဲ။

ဒီမြင်ကွင်းက ယဲ့ယွီကို အရမ်းကြောက်လန့်စေပြီး မျက်နှာဖြူဖျော့သွားတယ်။

အလိုလို နောက်ဆုတ်လိုက်တယ်။

“အစ်မကြီး၊ ဘာလုပ်နေတာလဲ။”

ရှီမူလင်း မျက်လုံးဖွင့်လိုက်တယ်။

ယဲ့ယွီ နိုးနေတာကို မြင်တော့ သူ့မျက်လုံးတွေထဲမှာ စိတ်ပျက်အားငယ်မှုတစ်စွန်းတစ်စ ပေါ်လာတယ်။

သူမက တည်ငြိမ်စွာ ပြောလိုက်တယ်၊ “ဘာမှ မဟုတ်ဘူး။ မင်းအခန်းထဲက ဝိညာဉ်စွမ်းအင်က စံနှုန်းပြည့်မပြည့် စစ်နေတာ။ ဘာပဲဖြစ်ဖြစ် ဒါက ဝါးအဆောက်အအုံအသစ်ဆိုတော့ နည်းနည်း ပိုသတိထားရမယ်။ ဒါနဲ့ နောက်တစ်ခါ ဗီရိုနဲ့ ပြတင်းပေါက်ကို မပိတ်ထားနဲ့၊ အဆင်မပြေဘူး!”(ယဲ့ယွီထက်မျက်နှာပြောင်တဲ့သူပေါ်လာပြီခိခိ)

ဒါကို ကြားတော့ ယဲ့ယွီရဲ့ မျက်နှာအမူအရာက တော်တော်လေး ပိုကာဖေ့စ်ဖြစ်သွားတယ်။

အစ်မကြီး၊ ကိုယ့်ကိုယ်ကို နားထောင်ကြည့်ပါဦး။ ဒါ လူသားဆန်တဲ့ စကားလား။ အနံ့ခံရုံနဲ့ အခန်းရဲ့ ဝိညာဉ်စွမ်းအင်က စံနှုန်းပြည့်မပြည့် တကယ် သိနိုင်လား။

ပြီးတော့ အဆင်မပြေဘူးဆိုတာ ပြောတာက သင့်အတွက် အဆင်မပြေတာလား။ ဒါက ကျွန်တော့်တဲပဲလေ။မင်းက ဘယ်လို အဆင်ပြေမှုမျိုး လိုအပ်လို့လဲ။

ယဲ့ယွီ အကြာကြီး စဉ်းစားပြီး တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်။

သူ စကားပြောဖို့ ပြင်နေတုန်း ရုတ်တရက် လေပြင်းတိုက်ခတ်လာတယ်။

အသစ်စက်စက် ဝါးအဆောက်အအုံ နံရံမှာ လူပုံသဏ္ဌာန် ကြီးမားတဲ့ အပေါက်တစ်ခု ပေါ်လာတယ်။

ဆရာ ဟုန်လွမ်းက သူ့ရှေ့မှာ ပေါ်လာနှင့်ပြီ။

ယဲ့ယွီ လဲကျတော့မလို ခံစားရတယ်။

ဒီဝူကျီတောင်ထိပ်ဆိုတာ ဘယ်လိုနေရာမျိုးလဲ။

ဒါ ဒုတိယနေ့ပဲ ရှိသေးတယ်။

ပထမဆုံး အစ်မကြီးက ဘယ်အကြောင်းပြချက်မှန်းမသိ ပြတင်းပေါက်ကနေ ခေါင်းထိုးဝင်လာတယ်။

အခု ဆရာက အသစ်စက်စက် ဝါးအဆောက်အအုံကို တိုက်ရိုက်ဖျက်စီးပစ်တယ်။

သူတို့ တကယ် ဘာြဖစ်ချင်နေကြတာလဲ။

ဘာလို့ လူတိုင်းက မူမမှန်တာလိုပဲ ဖြစ်နေရတာလဲ။

“ငါ့ရဲ့တပည့်အကောင်းစားလေးရေ၊ ငါ စိတ်အရမ်းဆိုးနေတယ်။”

ဟုန်လွမ်းက သူ့ရဲ့ နူးညံ့ဖြူစင်တဲ့ လက်ကို ယဲ့ယွီရှေ့မှာ မြှောက်လိုက်တယ်။

ဒီဆရာရဲ့ လက်တွေက တော်တော်လှတယ်လို့ ပြောရမှာပဲ။ ကျောက်စိမ်းလက်ချောင်းတွေလို့ ခေါ်တာ လုံးဝ မလွန်ဘူး။

ဒါပေမယ့် သူ့လက်ကို ကြည့်တာက ဘာကို ဆိုလိုတာလဲ။

သတ္တိရှိရင် ပိုစိတ်ဝင်စားစရာကောင်းတာ တစ်ခုခု ပြပါလား။(ဟဟ)

ယဲ့ယွီ ဒီလိုတွေးမိပေမယ့် အသံထွက်ပြောဖို့ သတ္တိမရှိခဲ့ဘူး။ သူက အတင်းအကြပ် ပြုံးပြီး တိုးတိုးလေး ပြောလိုက်တယ်၊ “ဆရာ၊ ဆရာရဲ့ လက်တွေက အရမ်းလှပါတယ်။”

“ငါ မင်းကို ငါ့လက်ကိုပဲ ကြည့်ဖို့ မေးခဲ့တာလား။ ကြည့်စမ်း၊ တစ်ခုခု ပျောက်နေတယ်။ သိုလှောင်ကွင်း!”

ဟုန်လွမ်းက အလွန်မကျေမနပ် ဖြစ်ပြီး သူ့လက်ကို လှုပ်ယမ်းလိုက်တယ်။

မနေ့ညက သူမ အိပ်မရခဲ့ဘူး။ ဒါကြောင့်လောင်းကစား သူရဲကောင်းတွေကို စိန်ခေါ်ဖို့ တစ်ယောက်တည်း ထွက်သွားပြီး ကံစမ်းခဲ့တယ်။

ဒါပေမယ့် သူ့ရဲ့ ကံဆိုးမှုက ထပ်ပြီး ကျရောက်ခဲ့တယ်။

လောင်းကစားရင် အမြဲရှုံးတဲ့ သူ့ရဲ့ ကံကြမ္မာက လုံးဝ မပြောင်းလဲသေးဘူး။ မနေ့က ရခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေတောင်လက်ထဲ မနွေးခင်မှာပဲ အကုန်ရှုံးသွားခဲ့တယ်။

ဒါက ဟုန်လွမ်းကို အလွန် စိတ်ဆိုးစေခဲ့တယ်။

ဒါကြောင့် သူက ယဲ့ယွီကို ရှာဖို့ လာခဲ့တယ်။

နောက်ထပ် ဘာမှ မပြောဘဲ သူက ယဲ့ယွီကို ဆွဲထုတ်လိုက်တယ်။

“ငါ့ရဲ့တပည့်အကောင်းစားလေး၊ ဒီနေ့ မနေ့ကလိုပဲ ဆက်လုပ်ကြမယ်။ ငါ ရှုံးခဲ့တာတွေ အားလုံး မင်း ပြန်ရနိုင်မယ်လို့ ယုံကြည်တယ်!”

“ရပ်၊ ရပ်၊ ရပ်!”

ယဲ့ယွီက သူ့လက်တွေကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလိုက်တယ်။

သူ့ခွန်အား အကုန်လုံးကို သုံးပြီး ဟုန်လွမ်းရဲ့ ဖမ်းဆုပ်ထားမှုကနေ လွတ်မြောက်ခဲ့တယ်။

“ဆရာ၊ ကျွန်တော့်စကားကို နားထောင်ပါ။ ကြီးမားတဲ့ အောင်ပွဲတွေရဲ့ နောက်မှာ ကြီးမားတဲ့ ရှုံးနိမ့်မှုတွေ လာတယ်။”

“ကျွန်တော် မနေ့က ကံကောင်းမှုတွေ အကုန်သုံးလိုက်ပြီ။ ဒီနေ့တော့ တစ်ရက် နားဖို့ လိုတယ်။ မဟုတ်ရင် ကျွန်တော်လည်း ကြောက်မက်ဖွယ်ကောင်းတဲ့ ရှုံးနိမ့်မှုကို ကြုံရနိုင်တယ်။”

ယဲ့ယွီ ကောင်းကောင်း သိတယ်။

သူ့မှာ အိပ်မက်စနစ် ရှိပေမယ့် ပုံမှန် ကျင့်ကြံစရာ မလိုဘူး။ ဒါပေမယ့် ဒါက သူ နေ့တိုင်း ဟုန်လွမ်းနဲ့ အပြင်မှာ ပြေးလွှားနေရမယ်လို့ မဆိုလိုဘူး မဟုတ်လား။

ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ် အရေးကြီးနိုင်မှာလဲ။

အထူးသဖြင့် ရလဒ်က ကြိုတင်ဆုံးဖြတ်ပြီးသား ဖြစ်နေတဲ့အခါ။

ယဲ့ယွီ ဒီအတွက် အချိန်မဖြုန်းချင်ဘူး။ ဒီအချိန်အတွင်း ကျင့်ကြံနည်းစနစ်တွေ လေ့လာတာက ပိုမကောင်းဘူးလား။

ဟုန်လွမ်းရဲ့ မျက်နှာအမူအရာ ချက်ချင်း မှောင်မိုက်သွားတယ်။

“တပည့်၊ အဲဒါတွေကို ငါတို့ မယုံဘူး။ ဆရာနဲ့ လိုက်ခဲ့။ မဟုတ်ရင် မနေ့ညက ဒေါသကို ငါ တကယ် မျိုမချနိုင်ဘူး!”

ယဲ့ယွီ အသက်ပြင်းပြင်း ရှူလိုက်တယ်။

ပြီးတော့ သူက မှားယွင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ စတင်ခဲ့တယ်။ အမျိုးမျိုးသော ချဲ့ကားထားတဲ့ ပုံပြင်တွေနဲ့ ပေါင်းစပ်ပြီး။

သူက နောက်ဆုံးတော့ ဟုန်လွမ်းကို ယုံကြည်အောင် လုပ်နိုင်ခဲ့တယ်။

ဒီနေ့ ယဲ့ယွီက တိုက်ခိုက်ရေးလောကကို ထပ်ပြီး လှည့်လည်ဖို့ တကယ် မသင့်တော်ဘူးတဲ့။

သို့သော် ယဲ့ယွီက ဟုန်လွမ်းကို လုံးဝ စိတ်ပျက်အားငယ်စေခဲ့တာ မဟုတ်ဘူး။

သူက ဝိညာဉ်ကျောက်တုံး ငါးရာကို အရမ်း ရက်ရောစွာပေးခဲ့တယ်။

“ဆရာ၊ ဆရာ လဲကျတဲ့နေရာကနေ ပြန်ထသင့်တယ်။ ကျွန်တော် မသွားနိုင်ပေမယ့် အဲဒါက ဆရာကို မသွားနိုင်အောင် မတားဆီးဘူး။ ကံကောင်းပါစေ! ကြီးမားတဲ့ ရှုံးနိမ့်မှုနောက်မှာ ကြီးမားတဲ့ အောင်ပွဲ လာတယ်။”

“ဆရာရဲ့ ကံက ကောင်းလာပြီလို့ ကျွန်တော် ယုံကြည်တယ်။”

“ဆရာ၊ ဆက်သာလုပ်ပစ်!”

ယဲ့ယွီရဲ့ အားပေးမှုကြောင့်…

ဟုန်လွမ်းက ပျော်ရွှင်စွာ ထွက်ခွာသွားတယ်။

သူမရဲ့ ပုံစံက စစ်မြေပြင်ကို သွားတော့မယ့် အမျိုးသမီး သူရဲကောင်းတစ်ဦးလိုပဲ။

All Chapters