ကျမ်းချွမ်သို့ပြန်သွားခြင်း
Vol. 14 Ch. 183
နံနက်ခင်းစောစော ရွှေချိုတောင်၌
ဒေသတစ်ခုလုံးကို မြူနှင်းများ ဖုံးလွှမ်းနေပြီး မနက်ခင်းနေရောင်ခြည်က တိမ်တိုက်များကြားမှ ထိုးဖောက်ဝင်ရောက်ကာ ရွှေချိုတောင်၏ ထောင့်တိုင်းသို့ နွေးထွေးသော နေရောင်ခြည်များ လင်းထိန်နေသည်။
တစ်နေ့တစ်ညလုံး အနားယူပြီးနောက် လင်းထျန်းမင်နှင့် သူ၏အဖော်များက တောင်ဝတွင် ရောက်ရှိလာကြပြီး လင်းရှင်းရုန်က သူတို့ကို လိုက်ပို့ရန် ရောက်ရှိလာခဲ့သည်။
လင်းထျန်းမင်နှင့် သူ၏အဖော်ခြောက်ဦးတို့သည် ဦးညွှတ်နှုတ်ဆက်ပြီးနောက် လင်းရှင်းရုန်ကို နှုတ်ဆက်ကာ မြောက်ဘက်ရှိ ကျန်းချွမ်ဈေးသို့ ဦးတည်ပျံသန်းပြန်သည်။
ရွှေချိုတောင်သည် လော့ယွင်ဈေး၏ မြောက်ဘက်တွင် မိုင်ပေါင်းနှစ်ထောင်ကျော် ကွာဝေးပြီး ကျန်းချွမ်ဈေးနှင့် လော့ယွင်တောင်တန်းတွင် အနီးဆုံးနေရာဖြစ်သည်။
မိသားစုမှ ရွှေချိုတောင်ကို သိမ်းပိုက်လိုက်ခြင်းဖြင့် လင်းမိသားစု၏ ပိုမိုကြီးမားသော ရည်မှန်းချက်များဆီသို့ ချဲ့ထွင်ရာတွင် ခြေလှမ်းသစ်တစ်ခုအဖြစ် အသုံးဝင်နိုင်သောကြောင့် ၎င်း၏အရေးပါမှုမှာ အထူးအလေးထားစရာဖြစ်သည်။
ခရမ်းရောင်ရွှေရောင်လင်းယုန်၏ ကျောပေါ်တွင် ထိုင်နေသော လင်းရှီလုသည် သားရေဖြင့်ပြုလုပ်ထားသော မြေပုံကို ထုတ်ယူကာ လင်းထျန်းမင်နှင့်အတူ ဂရုတစိုက် လေ့လာနေခဲ့သည်။
သူသည် မြေပုံပေါ်ရှိ အစက်နှစ်စက်ကို စိုးရိမ်သော မျက်နှာဖြင့် လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ထျန်းမင် ငါတို့ မြောက်ဘက်ကို မိုင်ပေါင်းများစွာ ထပ်ပျံပြီးတာနဲ့ ဟန်ယန်တောင်တန်းရဲ့ ပတ်ပတ်လည်ကို ရောက်တော့မယ်။ အဲဒီကစပြီး လူတိုင်း သတိရှိကြရမယ်”
“မင်းနဲ့ငါ အလှည့်ကျ ကင်းစောင့်ကြမယ်။ ပေါ့ဆလို့ မဖြစ်ဘူး”
လင်းရှီလု၏ ညွှန်ကြားချက်များကို ကြားသောအခါ လင်းထျန်းမင်က ခေါင်းညိတ်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီးနောက် ပြောလိုက်သည်။
“ဆယ့်ငါးဘိုးဘိုး ဘိုးဘိုးရဲ့ အနှစ်ရှစ်ဆယ်ကြာ ကျင့်ကြံမှုအတွေ့အကြုံအရ လောကကြီးကို အများကြီး မြင်ဖူးမှာပါ။ ကျွန်တော်တို့ ကျန်းချွမ်ဈေးမှာ အခြေချတော့မှာဆိုတော့ ဈေးပတ်
ဝန်းကျင်က အခြေအနေလေးတွေကို ကျွန်တော်တို့ကို ရှင်းပြပေးနိုင်မလားဗျာ”
လင်းထျန်းမင်က ထိုကိစ္စကို ထုတ်ပြောလာတာတွေ့သောအခါ လင်းရှီလုက ငြင်းမှာမဟုတ်ပါပေ။
အထူးသဖြင့် သူသည် ပတ်ဝန်းကျင်မှ အင်အားစုများ၏ အခြေအနေကို မျိုးဆက်သစ်များ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နိုင်ရန်အတွက် ကြိုတင်ဆန်းစစ်ရန် စီစဉ်ထားပြီးသား ဖြစ်သည်။
သူ ဆုံးဖြတ်ချက်ချပြီးနောက် လူတိုင်းကို စုစည်းလိုက်ကာ လေးနက်သောမျက်နှာဖြင့် စတင်ပြောလိုက်သည်။
“ဝေနိုင်ငံက ကျယ်ပြောလှတယ်။ ရွှေအနှစ်အင်အားစုတွေအကြောင်းကိုတော့ ငါပြောနေစရာမလိုဘဲ မင်းတို့ ကြားဖူးကြမှာပါ”
“ဝေနိုင်ငံရဲ့ ကျင့်ကြံသူလောကမှာ အနည်းဆုံး အခြေတည်မိသားစု တစ်ရာလောက်ရှိတယ်။ နှစ်တိုင်းလိုလို မိသားစုအချို့ ပျောက်ကွယ်သွားသလို အသစ်တွေလည်း ပေါ်ထွန်းလာတယ်။ မိသားစုအများကြီးထဲက အများစုကတော့ တစ်ဦးနဲ့တစ်ဦး လမ်းဆုံမှာမဟုတ်ဘူး”
“ငါက လော့ယွင်ဈေးအနီးက အခြေတည်မိသားစုတွေအကြောင်း မိတ်ဆက်ပေးမယ်။ သူတို့က လော့ယွင်တောင်တန်းနဲ့ နီးတယ်။ ဒါတွေကို မှတ်ထားကြ။ ဒါမှ သူတို့နဲ့ ပဋိပက္ခဖြစ်လာရင် မင်းတို့ ပြင်ဆင်ထားနိုင်မှာ”
လင်းထျန်းမင်နှင့် အခြားသူများက ခေါင်းညိတ်ကြသည်။ သူတို့အများစုက လော့ယွင်
တောင်တန်းထဲမှာပဲ လှုပ်ရှားခဲ့ကြတာဆိုတော့ အပြင်လောကအကြောင်း သိပ်မသိကြပေ။ လင်းရှီလု စတင်ပြောကြားသည်နှင့် သူတို့အားလုံး စိတ်ဝင်တစား နားထောင်ကြတော့သည်။
ခဏတာ စဉ်းစားပြီးနောက် လင်းရှီလုက စတင်ရှင်းပြတော့သည်။
“လော့ယွင်တောင်တန်းရဲ့ မြောက်ဘက် မိုင်ပေါင်းနှစ်ထောင်ကျော် ကျယ်ပြောတဲ့ ဧရိယာက ဟန်ယန်တောင်တန်းနဲ့ လော့ယန်တောင်တန်းအောက်မှာ ရှိတယ်”
“ဒီတောင်တန်းနှစ်ခုက လော့ယွင်တောင်တန်းနဲ့အတူ ညှပ်ထားသလို ဖြစ်နေတယ်။ ကျန်းချွမ်ဈေးနဲ့ ပိုနီးတဲ့အတွက် ဒီတောင်တန်းနှစ်ခုရဲ့ အလုံးစုံခွန်အားက လော့ယွင်တောင်တန်းထက် သိသိသာသာကို ပိုအားကောင်းတယ်”
လင်းရှီလု၏ စကားကြောင့် ကျန်သူများ ချက်ချင်း စိတ်ဝင်စားသွားကြပြီး သူတို့မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
သူတို့၏ တုံ့ပြန်မှုများကို မြင်သောအခါ လင်းရှီလုက ဆက်ပြောလိုက်သည်။
“ဟန်ယန်တောင်တန်းမှာ ကြီးမားတဲ့ အခြေတည်မိသားစုခုနစ်စုရှိတယ်။ အဲဒီအထဲမှာ ချန်မျိုးနွယ်စုနဲ့ ဝေမိသားစုက အင်အားကြီးတယ်။ အခြေတည်ကျင့်ကြံသူ ငါးဦးရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ကြွားလုံးထုတ်ထားတယ်။ ကျန်ငါးမိသားစုက အခြေတည်ကျင့်ကြံသူ အရေအတွက် ကွဲပြားပေမယ့် တစ်ဖက်ခြမ်းမှာတော့ ဟန်ယန်တောင်တန်းတစ်ခုလုံးရဲ့ ခွန်အားက လော့ယွင်တောင်တန်းထက် နှစ်ဆကျော် ပိုများတယ်”
ဒါကိုကြားတော့ လင်းထျန်းဖုန်းက လျှာကို မထိန်းနိုင်ဘဲ ထုတ်လိုက်မိသလို ကျန်သူများကတော့ မျက်နှာပျက်နေကြသည်။
လင်းရှီလုက ရယ်မောပြီး ဆက်လက်ပြောကြားခဲ့သည်။
“မင်းတို့ ဒါပဲလို့ ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ အနီးအနားက လော့ယန်တောင်တန်းက ပိုတောင် အင်အားကြီးသေးတယ်”
လင်းထျန်းဖုန်းက ချက်ချင်း တုန်လှုပ်သွားပြီး ထပ်မံ စပ်စုမေးမြန်းလိုက်သည်။
“လော့ယန်တောင်တန်းက အခြေအနေက ဟန်ယန်တောင်တန်းနဲ့ အတော်လေး ကွာခြားတယ်။ အဲဒီမှာက မိသားစုကြီး သုံးခုပဲ ရှိပြီး ရာနဲ့ချီတဲ့ နှစ်တွေကြာအောင် တြိဂံပုံစံ အင်အားမျှခြေကို ထိန်းထားနိုင်ခဲ့တယ်။ မိသားစုတိုင်းမှာ နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိတဲ့ အမွေအနှစ်တွေ ရှိနေတာကြောင့် သူတို့က အမြစ်တွယ်နေပြီး အင်အားကြီးမားတယ်”
“မိသားစုတစ်စုက လင်းမျိုးနွယ်စု နာမည်ခံတယ်။ ကျန်နှစ်စုကတော့ မုန်မိသားစုနဲ့ ချီယူမိသားစုတွေပဲ။ မိသားစုတိုင်းမှာ အခြေတည်ကျင့်ကြံသူ ခုနစ်ဦးထက် မနည်း ပိုင်ဆိုင်တယ်လို့ အများသိ ကြွားလုံးထုတ်ထားကြတယ်။ ဒီမိသားစု သုံးခုထဲမှာဆိုရင် နောက်ပိုင်းအဆင့် အခြေတည်ကျင့်ကြံသူတွေနဲ့ အဲဒီ့အထက်က ကျင့်ကြံသူတွေ အများအပြား ရှိနေသေးတယ်”
“အား… ဒီလောက်ကြီးကကျ အံ့မခန်း အင်အားပါလား”
ကျန်ရှိသူများသည် အသက်ရှူမှားသွားကြပြီး လင်းထျန်းဖုန်း၏ မျက်နှာက ဖြူဖတ်ဖြူရော်
ဖြစ်သွားကာ လင်းထျန်းဟုန်၏ မျက်နှာက ပို၍ပင် မှောင်မိုက်သွားခဲ့သည်။ ပုံမှန်ဆို တည်ငြိမ်သော လင်းထျန်းမင်ပင် အံ့အားသင့်ခဲ့ရသည်။
လင်းရှီလု၏ ဖော်ပြချက်အရ လင်းမိသားစုကို ဤအခြားမိသားစုများနှင့် နှိုင်းယှဉ်ကြည့်သောအခါ လင်းထျန်းမင်သည် အခြေတည်ကျင့်ကြံသူအရေအတွက် အတူတူခန့် ရှိနေသော်လည်း လင်းမိသားစုသည် အလုံးစုံခွန်အား၌ မည်မျှ အနောက်ကျန်ရှိနေခဲ့သည်ကို နားလည်သွားခဲ့သည်။
ငယ်ရွယ်သော ဆွေမျိုးသားချင်းများ၏ ထိတ်လန့်နေသော မျက်နှာများကို မြင်သောအခါ လင်းရှီလုက တည်ငြိမ်နေဆဲပင်။ ပြီးမှ ပြောလိုက်သည်။
"မင်းတို့ သိပ်ပြီး စိတ်ပူစရာ မလိုဘူး။ ဟန်ယန်တောင်တန်းက အခြေတည်မိသားစုတွေက အတွင်းပဋိပက္ခတွေနဲ့ နပန်းလုံးနေရလို့ ပြင်ပအင်အားစုတွေနဲ့ ရှုပ်ထွေးဖို့ စွမ်းရည် မရှိကြဘူး"
"တစ်ဖက်မှာကျတော့ လော့ယန်တောင်တန်းက အခြေအနေက အတော်လေး ရိုးရှင်းတယ်။ မိသားစုကြီး သုံးခုရဲ့ အင်အားက အချိုးညီနေတယ်။ သူတို့က တစ်ဦးကိုတစ်ဦး သတိထားပြီး သံသယဝင်နေကြတယ်။ ဘယ်သူမှ ကိုယ့်ပဋိပက္ခကနေ တခြားသူ အမြတ်ထုတ်သွားမှာကို ကြောက်လို့ ရဲရဲတင်းတင်း မလုပ်ရဲကြဘူး။ ဒါကြောင့် နှစ်ပေါင်း နှစ်ရာကျော် ငြိမ်းချမ်းခဲ့တာပဲ"
လင်းရှီလု၏ အသေးစိတ် မိတ်ဆက်ပေးမှုကြောင့် လင်းထျန်းမင်နှင့် အခြားသူများက စိတ်အေးလက်အေး ဖြစ်လာကြသော်လည်း မေးခွန်းများစွာ ကျန်ရှိနေသေးသည်။
"ဆယ့်ငါးဘိုးဘိုး ရွှေအနှစ်အင်အားစုတွေက ဒေသအသီးသီးက မိသားစုတွေကြားက အတွင်းပဋိပက္ခတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလား" ဟု လင်းထျန်းဖုန်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
လင်းရှီလုက တည်ငြိမ်စွာနှင့် စိတ်ရှည်လက်ရှည် ပြန်လည်ဖြေလိုက်သည်။
“ချင်းကျိုးနယ်မြေတစ်ခုလုံးမှာ ဗဟိုလျှို့ဝှက်ပြည်နယ်လို နှစ်ပေါင်း ထောင်သောင်းချီ တိုးတက်လာခဲ့တဲ့ တခြား အဓိကပြည်နယ်တွေနဲ့ မတူဘဲ နှစ်ပေါင်း တစ်သောင်းသက်တမ်းရှိတဲ့ အင်အားစုများစွာ ခိုင်မြဲစွာ ရပ်တည်နေကြတဲ့ နေရာမျိုးမဟုတ်ဘူး။ ချင်းကျိုးက နှစ်ပေါင်း ထောင်သောင်းချီပဲ တိုးတက်ခဲ့တာဆိုတော့ နှိုင်းယှဉ်လို့ မရဘူး”
“နတ်ဆိုးမျိုးနွယ်စုနယ်မြေနဲ့ နီးစပ်ပြီး တိုက်ပွဲနယ်မြေလေးခုထဲက တစ်ခုဖြစ်တယ်။ နေ့တိုင်း အင်အားစုများစွာ ပျက်စီးနေကြတာဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ အမိန့်အာဏာတွေက ကောင်းကောင်း ထူထောင်ထားတာမျိုး မရှိဘူး။ အချိန်ကြာလာတာနဲ့အမျှ ဒီနေရာက အခြေအနေက ထူးခြားလာခဲ့တယ်။ ချင်းကျိုးက ကျယ်ပြောပေမဲ့ လူဦးရေ နည်းပြီး စည်းမျဉ်းစည်းကမ်းတွေက ရှုပ်ထွေးနေတယ်။ အင်အားစုအားလုံးနီးပါးက နယ်မြေတစ်ခုကို သိမ်းပိုက်ပြီး သူတို့ဘာသာ စစ်ပွဲဆင်နွှဲကြတယ်”