← Chapters

အခန်း ၆၀-၆၁

Vol. 2 Ch. 60-61

အခန်း ၆၀-၆၁

Vol. 2 Ch. 60-61

အခန်း ၆၀

【ကျောက်ယင်းချွန်ရဲ့ မျက်လုံးတွေထဲမှာ နာကျည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာတယ်။】 【ဒါက သင့်ကို လုံးဝ ထူးဆန်းစေခဲ့တယ်။】 【ဘာတွေ ဖြစ်နေတာလဲ။】 【သင်က နတ်ဘုရား ပြန်ဝင်စားတာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလေ၊ ဒါဆို ဘာလို့ သူမက မယုံတာလဲ။】 【တပည့်ချင်းတွေကြားမှာ ယုံကြည်မှု မရှိဘူးလား။】 【သင်က ပြောဖို့ ပြင်လိုက်တယ်။】 【ဒါပေမယ့် ဒီလို လှပတဲ့ ညီမလေးကို ကြည့်ပြီး သင် နောက်ဆုံးမှာ ထိန်းချုပ်ထားခဲ့တယ်။】 【သူမက သင်က ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးလို့ ဘာလို့ ဒီလောက် ယုံကြည်နေရတာလဲလို့ စပ်စုစွာပဲ မေးနိုင်ခဲ့တယ်။】 【ကျောက်ယင်းချွန်က တကယ်တော့ သူမက ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဒီသံသယကို ရှိနေခဲ့တာလို့ ပြောပြခဲ့တယ်။】 【အဲဒီတုန်းက ကျွမ်ချန်ပီက ကျောက်ယင်းချွန်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သူမရဲ့ အရည်အချင်းကို အံ့သြခဲ့တယ်၊ သူမက ထူးခြားတယ်လို့ ထင်ခဲ့တယ်။】 【သူ ချက်ချင်းပဲ သူမကို သူ့တပည့်အဖြစ် ခေါ်ယူချင်ခဲ့တယ်။】 【ဒါပေမယ့် ကျောက်ယင်းချွန်က ငြင်းဆိုခဲ့တယ်။】 【ဘာလို့လဲဆိုတော့ သူမအတွက် ဆရာရှိတာ မရှိတာ လုံးဝ အရေးမကြီးဘူး။】 【ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးအနေနဲ့ မှတ်ဉာဏ်တွေ ပြန်နိုးလာတယ်။ သူမမှာ အနည်းဆုံး လိုအပ်တာက နည်းစနစ်တွေနဲ့ အတွေ့အကြုံတွေပဲ။】 【ထိပ်တန်းအတွေ့အကြုံတွေနဲ့ဆိုရင် အစကနေ ပြန်စတာက တကယ်တော့ အမြန်လမ်းကြောင်းပဲ။】 【ဒါကြောင့် ကျောက်ယင်းချွန်က ဆရာရှာဖို့ စိတ်ကူးမရှိခဲ့ဘူး။】 【ဒါပေမယ့် ကျွမ်ချန်ပီက ခေါင်းမာတဲ့လူတစ်ယောက်။】 【ကျောက်ယင်းချွန်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ သူ ချက်ချင်း ကြွားဝါတော့တယ်။】 【သူ့မှာ ဘာမှမသိတဲ့ အသုံးမကျတဲ့ တပည့်တစ်ယောက် ရှိတယ်လို့ ပြောတယ်။ ဒီတပည့်က သူ့ဂိုဏ်းထဲ ဝင်လာကတည်းက နေ့တိုင်း အိပ်ပျော်နေရင်းတောင် ကျင့်ကြံခြင်းမှာ တရှိန်ထိုး တိုးတက်နိုင်တယ်တဲ့။】 【ဒီစကားကို ကြားတော့ သင့်ခံစားချက်တွေက ရှုပ်ထွေးလာခဲ့တယ်။】 【မှန်းစရာမလိုပါဘူး၊ ကျွမ်ချန်ပီ ရည်ညွှန်းတဲ့ အသုံးမကျတဲ့ တပည့်က သင်ပဲ။】

【အင်း၊ ဘယ်လောက်ချီကျူးဖို့ကောင်းတဲ့ ဆရာလဲ။ လူအများရှေ့မှာတော့ သင့်ရဲ့ အလားအလာကို ချီးမွမ်းပြီး နောက်ကွယ်မှာတော့ သင့်ကို အသုံးမကျတဲ့ တပည့်လို့ ခေါ်တယ်။】 【သို့သော် ဒါကြောင့်ပဲ သင်ရဲ့ အောင်မြင်မှုတွေက ကျောက်ယင်းချွန်ရဲ့ စိတ်ဝင်စားမှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့တာ။】 【ဒါကြောင့် သူမက ကျွမ်ချန်ပီကို ဆရာတင်ပြီး တောင်နောက်ဘက်က သင့်ဆီ လာတွေ့ခဲ့တယ်။】 【လေ့လာကြည့်တော့ ကျောက်ယင်းချွန်က သင့်ရဲ့ အရည်အချင်းက ထူးချွန်တယ်လို့ ထင်ပေမယ့် တိတိကျကျ ပြောရရင်တော့ မထူးချွန်ဘူး။】 【ကျင့်ကြံဖို့ အိပ်တာက တကယ်တော့ စနစ်ကပေးတဲ့ လှည့်ကွက်သက်သက်ပဲ။】 【ဒါပေမယ့် သင့်ကို လျှို့ဝှက်စွာ လေ့လာစောင့်ကြည့်ပြီး တစ်နှစ်ခွဲနီးပါးကြာတော့ သူမက သင် တကယ်ပဲ နေ့တိုင်း အိပ်မောကျနေတာကို တွေ့ရှိခဲ့တယ်။】 【သင်က လုံးဝ ကျင့်ကြံတာမရှိပေမယ့် သင့်ရဲ့ ကျင့်ကြံခြင်းက ဆက်တိုက် တိုးတက်နေတယ်။】 【ဒီအခြေအနေက အရမ်း သံသယဖြစ်ဖွယ် ကောင်းတယ်။】 【ဒါကြောင့် ကျင့်ကြံရင်းနဲ့ ကျောက်ယင်းချွန်က သင့်ရဲ့ အထောက်အထားကို ဘယ်လို စမ်းသပ်ရမလဲဆိုတာ စဉ်းစားစတင်ခဲ့တယ်။】 【ဆယ်စုနှစ်များစွာကြာပြီးနောက် သူမရဲ့ မှတ်ဉာဏ်တွေပေါ် မူတည်ပြီး ကျောက်ယင်းချွန်က နာကျင်နှလုံးသားဓားသိုင်းနည်းစနစ်ကို ရေးသားခဲ့တယ်။】 【ဒီနည်းစနစ်က သူမ ယခင်ဘဝက မတော်တဆ ရရှိခဲ့တဲ့ ကောင်းကင်အဆင့် နည်းစနစ်တစ်ခုပဲ။】 【ဒါက နားလည်ဖို့ အလွန်ခက်ခဲတယ်။】 【 ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူရဲ့ အမြင်မရှိရင် နားလည်ဖို့ မဖြစ်နိုင်ဘူး။】 【ကျောက်ယင်းချွန်က သင်က ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါး ဟုတ်မဟုတ် စမ်းသပ်ဖို့ သင့်ကို နာကျင်နှလုံးသားဓားသိုင်းနည်းစနစ်ကို တမင်တကာ ပေးခဲ့တာ။】 【ဒါပေမယ့် သူမ စိတ်ပျက်စရာကောင်းတာက နည်းစနစ်ကို လက်ခံရရှိပြီးနောက် သင်က တစ်ချက်ပဲ ကြည့်ပြီးတော့ လျစ်လျူရှုထားခဲ့တာ။】 【သင်က အိပ်ဖို့ အလုပ်ရှုပ်နေတာကြောင့် ကျင့်ကြံခြင်းကို လုံးဝ လစ်လျူရှုထားခဲ့တယ်။】 【အဲ့ဒီတုန်းက ကျောက်ယင်းချွန်က သင်လည်း နားမလည်နိုင်ဘူးလို့ ထင်ခဲ့တယ်။ ဒါကြောင့် သူမက သူမရဲ့ မှန်းဆချက်ကို လက်လွှတ်လိုက်တယ်။】 【သင်က တကယ်တော့ ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါး မဟုတ်ဘူးပဲ။】 【ဒါပေမယ့် ဒီနေ့…】 【ကျောက်ယင်းချွန်က မူလကမျောလွင့်နဂါးဂိုဏ်းကို ကိုယ်တိုင် လက်စားချေဖို့ စီစဉ်ခဲ့တာ။】 【ဒါပေမယ့် သူမက ဂိုဏ်းတစ်ခုလုံးမှာ တစ်ယောက်မှ အသက်ရှင်ကျန်ရစ်သူ မရှိတာကို တွေ့လိုက်ရတယ်။】 【ဒီတပည့်တွေရဲ့ ဒဏ်ရာတွေနဲ့ ဂိုဏ်းရဲ့ ကြီးမားတဲ့ ဖွဲ့စည်းပုံ ပျက်စီးမှုတွေကို ကြည့်ခြင်းအားဖြင့် သင်က နာကျင်နှလုံးသားဓားသိုင်းကို သုံးနေတာလို့ ကောက်ချက်ချနိုင်တယ်။】 【ဒါ့အပြင် အနည်းဆုံး မြင့်မြတ်အောင်မြင်သူ အဆင့်မှာ။】

【အဲ့ဒီအချိန်ကစပြီး ကျောက်ယင်းချွန်က သင်ဟာ တကယ်ပဲ ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါး ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်။】 【ဒီအကြောင်းပြချက်ကို ကြားတော့ သင် စကားမပြောနိုင်ဖြစ်သွားခဲ့တယ်။】 【တကယ်ပါ၊ အဲဒီ နာကျင်နှလုံးသားဓားသိုင်းနည်းစနစ်ကို သင် တကယ် မသိခဲ့ပါဘူး။】 【ဒါပေမယ့် ဘယ်လိုဖြစ်လဲ မသိဘူး၊ သင် အိပ်နေတုန်းမှာ အလိုအလျောက် သင်ယူနိုင်ခဲ့တယ်။】 【ပြီးတော့ အချိန်တိုအတွင်းမှာ အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့တယ်။】 【အားနည်းချက်တွေ အများကြီး ရှိတယ်လို့ ထင်ရပေမယ့် ဒါက အမှန်တရားပဲ။】 【သင်က လက်တစ်ဖက်နဲ့ မျက်နှာကို ဖုံးလိုက်တယ်။】 【သင့်စိတ်ထဲမှာ အမှန်အတိုင်း ပြောရင် ကျောက်ယင်းချွန်က ယုံမှာမဟုတ်ဘူးဆိုတာ သင် သိတယ်။】 【ပြီးတော့ သူမက ဆက်ပြီး မေးခွန်းတွေ မေးနေဦးမယ်။】 【ဒါကြောင့် နောက်ထပ် မေးခွန်းတွေ မေးတာကို ရှောင်ရှားဖို့ သင်က ခေါင်းညိတ်ပြီး သင်က ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါး ဖြစ်တယ်လို့ ဝန်ခံလိုက်တယ်။】 【သင် ဝန်ခံလိုက်တာကို မြင်တော့ ကျောက်ယင်းချွန်က ဖျော့တော့စွာ ပြုံးလိုက်တယ်။】 【မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူမ မှန်မှန်ကန်ကန် ခန့်မှန်းခဲ့တယ်။ သင်က ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးပဲ။ မဟုတ်ရင် ဘယ်လိုလုပ် ကျင့်ကြံခြင်းမှာ အခက်အခဲ မရှိဘဲ ကျော်လွှားနိုင်မှာလဲ။】 【သင်က အရမ်း စပ်စုခဲ့တယ်။】 【သင်က ကျောက်ယင်းချွန်ကို ပြန်ဝင်စားတဲ့ နတ်ဘုရားတွေလည်း ကျင့်ကြံခြင်း အခက်အခဲတွေနဲ့ ကြုံရသလားလို့ မေးခဲ့တယ်။】 【သူမက ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါး ဖြစ်ရင်တောင် အခက်အခဲတွေ ရှိတယ်လို့ ရှင်းပြခဲ့တယ်။】 【သူမရဲ့ အထွတ်အထိပ်ဝိဉာဉ်သန္ဓေတည်အဆင့် မှာ သူမက အခက်အခဲတစ်ခုနဲ့ ကြုံခဲ့တယ်။ ဒါက ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီးမှ ကျော်လွှားနိုင်ခဲ့တာ။】 【နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သင်ရဲ့ ကနဦး ကျင့်ကြံခြင်းအမြန်နှုန်းက ကျောက်ယင်းချွန်လောက် မမြန်ဆန်ပေမယ့် သင်က ဘယ်တုန်းကမှ အခက်အခဲနဲ့ မကြုံခဲ့ဘူး။】 【ဒါကြောင့် ခြုံပြီးပြောရရင် သင်က ဘယ်သူ့ထက်မှ မနိမ့်ကျဘူး။】 【ဒီကနေ ကောင်းကင်ဘုံမှာ သင်က နာမည်ကျော်ကြားတဲ့ နတ်ဘုရားတစ်ပါး ဖြစ်တယ်လို့ ကောက်ချက်ချနိုင်တယ်။】 【ဒီလို ချီးကျူးမှုတွေကို ကြားတော့ သင် ချက်ချင်းပဲ အဆင်မပြေဖြစ်သွားခဲ့တယ်။】 【လက်တစ်ဖက်နဲ့ မျက်နှာကို ဖုံးထားရာကနေ လက်နှစ်ဖက်လုံးနဲ့ ဖုံးလိုက်တယ်။】 【အခက်အခဲမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။】 【သင်က မူလက ကျင့်ကြံတာ မရှိခဲ့ဘူး၊ ဒါဆို အခက်အခဲတွေက ဘယ်ကလာမှာလဲ။】

【ရာစုနှစ်နီးပါး ကိုယ့်ကိုယ်ကို လေ့လာစောင့်ကြည့်ပြီးနောက် သင်လည်း တကယ်ကို အံ့သြစရာကောင်းတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့တယ်။】 【သင် ကျင့်ကြံခြင်း မလုပ်သရွေ့ သင့်ရဲ့ ကျင့်ကြံခြင်းက ဆက်လက်တိုးတက်နေတယ်။】 【နည်းစနစ်တစ်ခု ရရှိပြီး မလေ့ကျင့်ရင်တောင် နည်းစနစ်က သူ့ဘာသာသူ အလိုအလျောက် ပြီးပြည့်စုံနေတယ်။】 【ဒီဖြစ်စဉ်ကို လုံးဝ ရှင်းပြလို့မရဘူး။】 【ရှစ်နှစ်ကြာ အပြင်မှာ ခရီးသွားရင်း သင်က ဒီကမ္ဘာကို လေ့လာရုံသာမက အဖြေတစ်ခုကိုပါ ရှာဖွေနေခဲ့တယ်။】 【ဘာလို့ သင်က ဒီလောက် ထူးခြားနေရတာလဲ။】 【နည်းစနစ်တစ်ခု ရရှိပြီး မလေ့ကျင့်ဘဲနဲ့တောင် သူ့ဘာသာသူ အလိုအလျောက် ပြီးပြည့်စုံနေတာ။】 【ဒီဖြစ်စဉ်က လုံးဝ နားမလည်နိုင်စရာပဲ။】 【နောက်ဆုံးတော့ သင်က အဲဒါကို စဉ်းစားရင်း ပင်ပန်းလာတယ်။】 【ဒါကြောင့် ကျင့်ကြံခြင်း တိုးတက်နေတာက သင့်အတွက် အဆင်ပြေပါတယ်။】 【ဒါပေမယ့် ဒါက သင့်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်ပဲ။ ကျောက်ယင်းချွန်ကို ပြောပြဖို့ စိတ်ကူးမရှိဘူး၊ ဘာလို့လဲဆိုတော့ သူမက ဘယ်လိုပဲဖြစ်ဖြစ် ယုံမှာမဟုတ်ဘူး။】 【ရှင်းပြဖို့လည်း မပူပါဘူး။】 【သူမရဲ့ ဆန္ဒအတိုင်းပဲ လိုက်လျောလိုက်တာ ပိုကောင်းပါတယ်။】 【ဒါကြောင့် သင်က ကျောက်ယင်းချွန်ကို ရိုးရိုးသားသား ပြောလိုက်တယ်။】 【ညီမလေး၊ ငါက တကယ်ပဲ ကောင်းကင်ဘုံက ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးပါ။ ဒါပေမယ့် ငါ့ရဲ့ မှတ်ဉာဏ်တွေက အပြည့်အဝ ပြန်မရသေးဘူး။ ငါ မရှင်းလင်းတာတွေ ရှိနေတုန်းပဲ။ ကောင်းကင်ဘုံမှာ ငါ့နာမည်က လီဒုံပဲဆိုတာပဲ မှတ်မိတယ်။】 【ဒီကျေနပ်စရာကောင်းတဲ့ အဖြေကို ကြားတော့ ကျောက်ယင်းချွန်က ပထမဆုံးအကြိမ် ပြုံးလိုက်တယ်။ အေးစက်တဲ့ အပြုံးမဟုတ်ဘူး။】 【သူမရဲ့ အပြုံးက မယုံနိုင်လောက်အောင် လှပတာကြောင့် သင်က ခဏတာ အာရုံပျံ့လွင့်သွားခဲ့တယ်။】 အိပ်မက်ထဲက ကျောက်ယင်းချွန်ကို ကြည့်ရင်း ယဲ့ယွီရဲ့ မျက်နှာက ရှုပ်ထွေးနေခဲ့တယ်။ ငြင်းမရပါဘူး၊ ကျောက်ယင်းချွန်က တကယ်ပဲ အရမ်းလှပါတယ်။ ဒါပေမယ့် အဲဒီအပြုံးက အမှန်တရားကို နောက်ဆုံးတော့ ရှာဖွေတွေ့ရှိလိုက်ပြီဆိုတဲ့ ပုံစံမျိုး ပိုတူတယ်။ ဒီလိုမျိုး ခန့်မှန်းပြီး ခွဲခြမ်းစိတ်ဖြာတတ်တဲ့ သဘောထားမျိုးနဲ့ ဗဟိုကုန်းမြေတိုက်ကြီးရဲ့ စုံထောက်ဒီး(ချိုင်းနားရာဇဝင်ထဲကစုံထောက်ကျော်) ဖြစ်လာဖို့ ပြင်ဆင်နေတာလား။ သက်ပြင်းချမိတယ်။ သူမနဲ့ ဆက်ဆံရခက်တယ်။ 【ကျောက်ယင်းချွန် တောင်ထိပ်ကနေ ကျေနပ်စွာ ထွက်သွားပြီးနောက် သင် သက်ပြင်းချမိတယ်။】 【သင်က နောက်ဆုံးမှာ ထူးဆန်းစွာနဲ့ ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးဖြစ်ဟန်ဆောင်လိုက်ရတယ်။】 【ကျောက်ယင်းချွန်က နောက်ဆုံးမှာ အမှန်တရားကို သိသွားတဲ့အခါ အရမ်းကြီး စိတ်ပျက်မနေဖို့ မျှော်လင့်ရင်း။】 【သင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး တောင်အောက်ကို ဆင်းဖို့ ပြင်ဆင်လိုက်တယ်။】 【ဒါပေမယ့် အဲ့ဒီအချိန်မှာ သင်က သင့်ဆရာ ကျွမ်ချန်ပီက ကျောက်တုံးကြီးတစ်လုံးရဲ့ နောက်ကနေ ထွက်ပေါ်လာတာကို ရုတ်တရက် သတိပြုမိလိုက်တယ်။】 【သူ့မျက်နှာမှာ သိတတ်တဲ့ အပြုံးတစ်ခု ရှိနေတယ်၊ ယောကျာ်းလေးတွေ ကောင်းကောင်းနားလည်တဲ့ အပြုံးမျိုး။】

*****

အခန်း ၆၁

【တကယ်တော့ ချစ်ကျွမ်းဝင်တာ မဆိုးပါဘူး။】 【တာအို အဖော်ရှိတာက ကျင့်ကြံခြင်းလမ်းကို အထီးကျန်မှု နည်းစေပါတယ်။】 【အစ်ကိုကြီးနဲ့ ညီမလေး ပေါင်းစပ်တာက အပြည့်စုံဆုံးပဲ။ ခင်ဗျားတို့နှစ်ယောက်ကို ငါ မျှော်လင့်ချက်ကြီးကြီး ထားပါတယ်။】 【နောက်တစ်ခါ ချိန်းတွေ့ဖို့ တောင်ထိပ်ကို မလာပါနဲ့တော့။ အတော်လေး အေးတယ်။ နွေးတဲ့ အခန်းထဲကို တိုက်ရိုက်သွားလိုက်ပါ။】(အလိုက်သိလွန်းတဲ့ဆရာကောင်း) 【ကျွမ်ချန်ပီရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စကားတွေကို နားထောင်ရင်း သင် ရုတ်တရက် ခေါင်းတစ်ခုလုံး မည်းမှောင်သွားခဲ့တယ်။】 【သင်က သင်နဲ့ ကျောက်ယင်းချွန်က အပြစ်ကင်းတယ်၊ တခြားကိစ္စတွေကိုပဲ ဆွေးနွေးနေတာလို့ အမြန် ရှင်းပြလိုက်တယ်။】 【ကျွမ်ချန်ပီက ဘာမှ မပြောဘဲ သင့်ကို စနောက်တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။】 【ဒီအပြုအမူက သင့်ကို စိတ်ထဲက ဒေါသကို ပြေပျောက်စေဖို့ အသက်ပြင်းပြင်း ရှူစေခဲ့တယ်။】 【ပြီးတော့ သင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်တယ်၊ခင်ဗျား က ကျုပ်ဆရာဖြစ်နေတာကို တကယ်ပဲ စိတ်မကျေနပ်ဘူး။】 【ကျွမ်ချန်ပီ ချက်ချင်းပဲ ရှုပ်ထွေးသွားခဲ့တယ်။】 【သူက သင့်ကို နားမလည်စွာနဲ့ ဘာကို ဆိုလိုတာလဲလို့ မေးလိုက်တယ်။】 【သင်က ပြန်ဖြေတယ်၊ ခင်ဗျားက ငါ့ဆရာမဟုတ်ဘူးဆိုရင် အခုဆိုရင် အပြင်းအထန် အရိုက်ခံနေရပြီ။】 【ဒီစကားတွေကို ထားခဲ့ပြီး သင် လှည့်ထွက်သွားခဲ့တယ်။ ကျွမ်ချန်ပီ တစ်ယောက်တည်း တောင်ထိပ်မှာ အေးစက်တဲ့လေထဲမှာ ကျန်ရစ်ခဲ့တယ်။】 【မူလက ဒီနေ့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ပြီးသွားပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်မယ်လို့ ထင်ခဲ့တယ်။】 【ဒါပေမယ့် သင် မမျှော်လင့်ထားခဲ့တာက…】 【ကျောက်ယင်းချွန်က သင့်ကို မကြာခဏ စကားပြောဖို့ လာရှာပြီး မျက်နှာမှာ အပြုံးနဲ့ မကြာခဏ ရှိနေတယ်။】 【သူမက သင့်ကို သာမန်လောကက သူမနဲ့ စိတ်ဓာတ်ချင်းတူတဲ့သူအဖြစ် စတင်မြင်နေပြီဖြစ်နိုင်တယ်။】 【ဘာပဲဖြစ်ဖြစ် ပြန်ဝင်စားတဲ့ နတ်ဘုရားတွေဆိုတော့ သင်တို့နှစ်ယောက်ကြားမှာ ဘုံအကြောင်းအရာတွေ အများကြီး ရှိသင့်တယ်။】 【သို့သော် ကျောက်ယင်းချွန်က သင်က လုံးဝ ဟန်ဆောင်နေတာကို မသိခဲ့ဘူး။】 【ဒီဘုံအကြောင်းအရာတွေ ဘယ်ကလာမှာလဲ။】 【ကျောက်ယင်းချွန်က ကောင်းကင်ဘုံက ကိစ္စတွေကို ပြောပြတဲ့အခါ သင်က ဘာပြောရမှန်း မသိဘဲ စကားလုံးတွေ ရှာမတွေ့ဖြစ်ခဲ့တယ်။】 【နောက်ဆုံးမှာတော့ မှတ်ဉာဏ်တွေ အပြည့်အဝ ပြန်မရသေးဘူးဆိုတဲ့ ဆင်ခြေကိုပဲ သုံးပြီး ပယ်ချခဲ့တယ်။】 【ဒါပေမယ့် ကျောက်ယင်းချွန်က ဒီကြောင့် သင့်ဆီကနေ ထွက်ခွာသွားတာ မရှိခဲ့ဘူး။】 【အဲ့ဒီအစား သူမက သူမရဲ့ မှတ်ဉာဏ်တွေထဲက ထိပ်တန်းနည်းစနစ်တွေ အများကြီးကို သင့်ကို ကျင့်ကြံဖို့ ရေးသားပေးခဲ့တယ်။】 【ဒါက မမျှော်လင့်ဘဲ ရရှိတဲ့ ပျော်ရွှင်မှုတစ်ခုလို့ ပြောလို့ရတယ်။】 【သို့သော် ခရမ်းကောင်းကင်သလင်းကျောက်ဂိုဏ်း က သိပ်မကြီးဘူး။ သင်တို့နှစ်ဦး အတူရှိနေတဲ့ မြင်ကွင်းတွေကို ကျွမ်ချန်ပီက ချက်ချင်း တွေ့လိုက်ရတတ်တယ်။】 【ပြီးတော့ သင့်ရဲ့ ဆရာက အလွန်စနောက်တဲ့ အပြုံးကို ပြသခဲ့တယ်။】

【ဒီကိစ္စနဲ့ ပတ်သက်ပြီး သင် စကားမပြောနိုင်ဖြစ်ခဲ့ရတယ်။】 【ဘာအကြောင်းကြောင့်မှန်းမသိ ကျွမ်ချန်ပီက သင်တို့နှစ်ဦး တာအို အဖော်ဖြစ်တာကို အရမ်းလိုလားပုံရတယ်။】 【ဒါပေမယ့် သင်က စိတ်ထဲမှာ သိတယ်။】 【ကျောက်ယင်းချွန်က သင်နဲ့ အမြဲတမ်း အတူနေတာက ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးဆိုတဲ့ အထောက်အထားကြောင့် လုံးဝပဲ။】 【ဒါမှမဟုတ်ရင် ဘာလို့ ကျောက်ယင်းချွန်က ဒီလောက် စိတ်အားထက်သန်နေရမှာလဲ။】 【ဒီအကြောင်းကို စဉ်းစားရင်း သင် ရုတ်တရက် သတိထားမိတာက ဒီကာလအတွင်း ကျောက်ယင်းချွန်က ပိုပြီး ပျော်ရွှင်နေပုံရတယ်၊ သူမမျက်နှာမှာ အပြုံးတွေ မကြာခဏ ရှိနေပြီး ဂိုဏ်းထဲက လူတိုင်းကို မရင်းနှီးသလို ခံစားရစေတယ်။】 【သူမရဲ့ အရင်က အေးစက်မှုက ဟန်ဆောင်မှုသက်သက်ပဲလား။】 【သင်က အထီးကျန်မှုကြောင့် ဖြစ်နိုင်ခြေပိုများတယ်လို့ ယုံကြည်ခဲ့တယ်။】 【ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးအနေနဲ့ သာမန်လောကကို ပြန်ရောက်လာတော့ အရာရာက မရင်းနှီးဘူး။】 【ထူးခြားတဲ့ မှတ်ဉာဏ်တွေက သူမကို တခြားသူတွေနဲ့ မတူဘူးဆိုတာ နားလည်စေခဲ့တယ်။】 【အခုတော့ နောက်ဆုံးမှာ အတွေ့အကြုံတူတဲ့ အဖော်တစ်ယောက်ကို ရှာတွေ့ခဲ့တာမို့ သဘာဝအတိုင်း သူမရဲ့ စိတ်ခံစားမှု ကောင်းမွန်လာမှာပေါ့။】 【ဒါကြောင့် သင်က ကျောက်ယင်းချွန်ကို အမှန်တရားကို ယာယီအားဖြင့် မဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။】 【အချိန်တွေ ကုန်ဆုံးသွားခဲ့တယ်။】 【သင်နဲ့ ကျောက်ယင်းချွန် နေ့တိုင်း အတူနေတာကို မြင်တော့ ကျွမ်ချန်ပီက ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။】 【ခရမ်းကောင်းကင်သလင်းကျောက်ဂိုဏ်း က တပည့်ချင်း တာအို အဖော်ဖြစ်တာကို အားပေးတယ်။】 【ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်တွေကို ဂိုဏ်းအတွင်းမှာပဲ ထိန်းထားတာ အကောင်းဆုံးပဲ။】 【ဒီစကားကို ကြားပြီးနောက် သင် ချက်ချင်းပဲ ဒါက မှားနိုင်တယ်ဆိုတာ သဘောပေါက်သွားခဲ့တယ်။】 【သင်က ကျွမ်ချန်ပီကို သင်နဲ့ ကျောက်ယင်းချွန်က လုံးဝ ညီအကိုမောင်နှမသက်သက်ပဲ၊ တခြားဘာမှ မရှိဘူးလို့ အလျင်အမြန် ပြောခဲ့တယ်။】 【နောက်ပိုင်းမှာ သင်က ခရမ်းကောင်းကင်သလင်းကျောက်ဂိုဏ်း ကနေ အမြန်ထွက်ခွာပြီး ခရီးဆက်သွားခဲ့တယ်။】 【အသက် ၂၈၀ နှစ်မှာ သင်က ပေါင်းစပ်ခြင်းအဆင့် ကို အောင်မြင်စွာ ရောက်ရှိခဲ့တယ်။】 【ဒီလို အချိန်အကြာကြီး ဖြတ်သန်းမှုတွေကနေ ကျင့်ကြံခြင်းကမ္ဘာကို အသစ်နားလည်မှု ရရှိခဲ့တယ်။】 【အသက် ၂၈၀ နှစ်မှာ ပေါင်းစပ်ခြင်းအဆင့် ကို ရောက်ရှိတာက တကယ်ကို အံ့မခန်းပဲ။】 【သာမန်ကျင့်ကြံသူတွေက ဒီအသက်အရွယ်မှာ ရွှေအူတိုင်အဆင့်နဲ့ ဝိဉာဉ်သန္ဓေတည်အဆင့် တွေမှာပဲ ရုန်းကန်နေကြတုန်းပဲ။】 【ဒါပေမယ့် သင်ကတော့ နေ့တိုင်း တောင်တွေ မြစ်တွေ လှည့်လည်ရင်း ကျင့်ကြံတာမရှိဘဲ ပေါင်းစပ်ခြင်းအဆင့် ကို ရောက်နေခဲ့ပြီ။】 【ဒါသာ ပျံ့နှံ့သွားရင် ကျင့်ကြံခြင်းကမ္ဘာက ပါရမီရှင်တွေ အားလုံးကို ဒေါသထွက်စေမှာ သေချာတယ်။】 【ဒီအချိန်အတွင်း ကျောက်ယင်းချွန်က သင်နဲ့ ဆက်သွယ်ရေးကျောက်တုံးကနေတစ်ဆင့် အမြဲတမ်း ဆက်သွယ်နေခဲ့တယ်။】 【နတ်ခန္ဓာပြောင်းလဲခြင်းအဆင့်ကို ရောက်ကတည်းက သူမရဲ့ ကျင့်ကြံခြင်းအရှိန်က နှေးကွေးသွားခဲ့တယ်။】 【သင် ပေါင်းစပ်ခြင်းအဆင့် ကို ဝင်တဲ့အချိန်မှာ ကျောက်ယင်းချွန်က နတ်ခန္ဓာပြောင်းလဲခြင်းအဆင့်ရဲ့ နောက်ဆုံးအဆင့်မှာပဲ ရှိသေးတယ်။】 【ဒါက သူမကို သင်က ပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးဖြစ်တယ်ဆိုတာ ပိုပြီး ယုံကြည်စေခဲ့တယ်။】

【နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီ ဖြစ်၍ သင် ရှင်းပြဖို့ စိတ်မဝင်စားတော့ပါ။】 【သင် ပြုံးပြပြီး ဒီအတိုင်းပဲ ထားလိုက်တော့သည်။】 【နောက်နှစ်တွင် ကျောက်ယင်းချွန်က ဆက်သွယ်ရေးကျောက်တုံးပေါ်တွင် မက်ဆေ့ချ်တစ်ခု ထားခဲ့သည်။ ဆရာက မကြာသေးမီက လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အချိန်ရလျှင် ပြန်လာ၍ လျှို့ဝှက်နယ်မြေကို အတူတကွ ရှာဖွေရန် သင့်ကို ဖိတ်ခေါ်ကြောင်း ပြောခဲ့သည်။】 【မက်ဆေ့ချ် ရရှိပြီးနောက် သင်သည် ခရမ်းကောင်းကင်သလင်းကျောက်ဂိုဏ်း သို့ ချက်ချင်း အလျင်အမြန် ပြန်လာခဲ့သည်။】 【ရာစုနှစ်တစ်လျှောက် သင် ခရီးသွားစဉ်တွင် လျှို့ဝှက်နယ်မြေအချို့နှင့် ကြုံတွေ့ခဲ့ရပြီး ရတနာအချို့ကို ရရှိခဲ့သည်။】 【ထို့ကြောင့် သင်သည် လျှို့ဝှက်နယ်မြေများကို သိပ်စိတ်မဝင်စားခဲ့ပေ။】 【သို့သော် သင်သည် သင်၏ ညီမငယ်ကို လွမ်းဆွတ်ခဲ့သည်။】 【ဖြစ်ကောင်းဖြစ်နိုင် သည်မှာ ကျွမ်ချန်ပီ ပြောခဲ့သလိုပင် သင်သည် တာအို အဖော်ရှာဖွေရမည့် အသက်အရွယ်သို့ ရောက်ရှိလာခဲ့ပြီ။】 【ဒီနှစ်များတစ်လျှောက် သင်သည် အမျိုးသမီးများစွာနှင့် တွေ့ဆုံခဲ့ရသော်လည်း ကျောက်ယင်းချွန်နှင့် ယှဉ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း သင် သိလိုက်ရသည်။】 【ဤအချိန်မှစ၍ သင်သည် ကျောက်ယင်းချွန်ကို တကယ်ပင် ချစ်မိနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။】 【သို့သော် သင်သည် ဤခံစားချက်များကို ဖော်ပြရန် ရည်ရွယ်မထားခဲ့ပါ။】 【အကြောင်းရင်းက ရိုးရှင်းသည်- ကြောက်ရွံ့ခြင်း!】 【တစ်ခါတစ်ရံ အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးသည် အလွန်နူးညံ့သည်။】 【သင် အလျင်စလို ဖွင့်ပြောပြီး မအောင်မြင်ပါက သူငယ်ချင်းအဖြစ်ပင် ဆက်နေနိုင်တော့မည် မဟုတ်ပေ။】 【နောင်တွေ့ဆုံမှုများလည်း အလွန်အဆင်မပြေ ဖြစ်လိမ့်မည်။】 【ထို့ကြောင့် သင်သည် ဤမျှတမှုကို မပြောင်းလဲရန် စီစဉ်ခဲ့သည်။】 【အစ်ကိုကြီးနှင့် ညီမလေးအဖြစ် နေရခြင်းကလည်း အတော်လေး ကောင်းသည်။】 【ခရမ်းကောင်းကင်သလင်းကျောက်ဂိုဏ်း သို့ ပြန်ရောက်ပြီးနောက် သင်သည် ကျွမ်ချန်ပီကို တွေ့ခဲ့သည်။】 【သင့်ဆရာသည် ရှားရှားပါးပါး လေးနက်သော အမူအရာကို ပြသခဲ့သည်။】 【သူက သင့်ကို တောင်ထိပ်သို့ ခေါ်သွားပြီး သင့်အား တစ်ယောက်တည်း စကားပြောခဲ့သည်။】 【သူက ဗဟိုကုန်းမြေတိုက်ကြီး ၏ အကြီးဆုံး မြင့်မြတ်လောကငါးခု ငါးခုထဲမှ တစ်ခုဖြစ်သော ဂျီရှားကျောင်းတော် တွင် ကြီးမြတ်သော ပညာရှင်တစ်ဦးရှိကြောင်း ပြောပြခဲ့သည်။】 【လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း အတော်ဆုံး ပါရမီရှင်တစ်ဦးအဖြစ် ချီးမြှင့်ခံရပြီး တာအို ကို ရရှိနိုင်သော အလားအလာရှိသူတစ်ဦး ဖြစ်သည်။】 【ဤကြီးမြတ်သော ပညာရှင်သည် ကျောက်ယင်းချွန်ကို သဘောကျပြီး မကြာမီ လက်ထပ်ခွင့် တောင်းရန် ရောက်လာတော့မည်။】 【ဤအရာကို ကြားပြီးနောက် သင် အံ့သြခြင်းမရှိခဲ့ပေ။】 【ကျောက်ယင်းချွန်သည် ပန်းတစ်ပွင့်လို လှပသည်၊ ပျားအချို့ ဆွဲဆောင်ခံရခြင်းသည် ပုံမှန်ပင်ဖြစ်သည်။】 【သို့သော် သူမသည် တခြားမည်သူနှင့်မှ လက်ထပ်မည်မဟုတ်ပေ။】 【ကျွမ်ချန်ပီက သင် ဘာကြောင့် ဒီလောက် သေချာနေသည်ကို နားမလည်ခဲ့ပေ။】 【သူက ထပ်မေးခဲ့သည်၊ သူမ သဘောတူပါက သင် နောင်တရမည်လား။】

【သင် တိတ်ဆိတ်သွားသည်။】 【ကျောက်ယင်းချွန်သည် ပြန်ဝင်စားသော နတ်ဘုရားမတစ်ပါးဖြစ်ပြီး အခြားသူတစ်ဦးနှင့် လက်ထပ်မည်မဟုတ်ကြောင်း သင်၏စိတ်ထဲတွင် သိသော်လည်း၊】 【သင်သည် အနည်းငယ် ကြောက်နေသေးသည်။】 【ကျွမ်ချန်ပီ ရုတ်တရက် အသံကျယ်ကျယ်ဖြင့် သင်သည် ကျောက်ယင်းချွန်ကို ကြိုက်သည် မကြိုက်သည်ကို မေးသည်။】 【ငါ့ကိုဖြေ!】 【သင်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ စကားနှစ်ခွန်းကို ပြောလိုက်သည်- ကြိုက်သည်။】 【ဤစကားကို ကြားသောအခါ ကျွမ်ချန်ပီ ချက်ချင်း ရယ်မောလိုက်သည်။】 【သူက တောင်အောက်ကို အော်ပြောလိုက်သည်။】 【ကြားလား။ ဒီကောင်လေးက မင်းကို ကြိုက်တယ်တဲ့။】 【နောက်တစ်စက္ကန့်တွင် အလင်းတန်းတစ်ခု ကောင်းကင်သို့ တက်သွားသည်။】 【သင့်ဘေးသို့ ရောက်လာသူမှာ မျက်နှာအနည်းငယ် နီမြန်းနေသော ကျောက်ယင်းချွန် ဖြစ်သည်။】 【ဤမြင်ကွင်းကို မြင်သောအခါ သင်သည် လုံးဝ ကြောင်သွားပြီး ဘာတွေဖြစ်နေသည်ကို မေးလိုက်သည်။】 【ကျောက်ယင်းချွန်က သူမသည် သင် မထွက်ခွာမီကတည်းက သင့်ကို စတင်ကြိုက်ခဲ့ကြောင်း ပြောပြခဲ့သည်။】 【မဟုတ်ရင် ဘာကြောင့် သူမက ဆက်သွယ်ရေးကျောက်တုံးကနေ နေ့တိုင်း သင့်ကို ဆက်သွယ်နေမှာလဲ။】 【သို့သော် ဤကိစ္စများကို များသောအားဖြင့် အမျိုးသားများက စတင်ရမည်ဖြစ်သော်လည်း သင်က သစ်တုံးလို တိတ်ဆိတ်နေခဲ့သည်။】 【ဒါက ကျောက်ယင်းချွန်ကို အတော်လေး စိုးရိမ်စေခဲ့သည်။】 【နောက်ပိုင်းတွင် ကျွမ်ချန်ပီသည် ကျောက်ယင်းချွန်၏ ခံစားချက်များကို သိမြင်ပြီး သင်၏ စစ်မှန်သော ခံစားချက်များကို စမ်းသပ်ရန် ဤနည်းလမ်းကို တမင်တကာ ကြံစည်ခဲ့သည်။】 【ဒါကြောင့် အခု သင်သည် ဤမြင်ကွင်းကို ရရှိလိုက်ပြီ။】 【ဤအရာအားလုံးကို ကြားပြီးနောက် သင်သည် ကျွမ်ချန်ပီကို လက်ညှိုးထိုးပြပြီး ရယ်ရမလား ငိုရမလား မသိတော့ပေ။】 【ကျွမ်ချန်ပီက ခေါင်းမာစွာ ပြောလိုက်သည်၊ ငါမင်းကို ဒီလောက်လှတဲ့ တာအို အဖော်ကို ရှာပေးခဲ့တာ၊ မင်း ဘာများ ထပ်လိုချင်သေးလဲ။】 【အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့၊ ဒီညပဲ လက်ထပ်လိုက်၊ မကြာခင် ဝဖြိုးတဲ့ ကလေးတစ်ယောက် ရအောင် ကြိုးစား!】 【ဤစကားကို ကြားသောအခါ သင်နှင့် ကျောက်ယင်းချွန် နှစ်ဦးစလုံး မျက်နှာနီမြန်းသွားကြသည်။】 အဲ့ဒီညက ယဲ့ယွီ အတော်လေး စိတ်လှုပ်ရှားနေခဲ့တယ်။ ဒါက ပြန်ဝင်စားတဲ့ နတ်ဘုရားမတစ်ပါးကို စားသုံးရတာ ဘယ်လိုလဲဆိုတာကို ခံစားရတာပဲ။ ဟင်္သာက ကျီးကန်းကို လိုက်သလိုပဲ၊ တကယ်ကို မိုက်တယ်။ သူမရဲ့ဖြူဖွေးဝင်းလက်နေတဲ့ကိုယ်ကာယက သင့်လက်ထဲမှာ တကယ့်ကို နူးညံ့အိစက်နေခဲ့တယ်၊ နတ်ဘုရားမတွေရဲ့ ခန္ဓာကိုယ်ကသာမန်လူတွေထက်တောင့်တင်းမှုရောနူးညံ့အိထွေးမှုမှာပါထိပ်တန်းပဲ။ သင့်ရဲ့ကိုယ်အစိတ်ပိုင်းကိုသူမထဲကနေမထွက်နိုင်တော့တဲ့ထိ သူမရဲ့ကိုယ်လေးကိုသင့်အောက်ကနေမထခိုင်းတော့တဲ့ထိသင်ရူးမူးခဲ့ရတယ်။ 【လက်ထပ်ပြီး သုံးရက်မြောက်နေ့။】 【ကျောက်ယင်းချွန်က ကျွမ်ချန်ပီ ပြောခဲ့တဲ့ လျှို့ဝှက်နယ်မြေကို ရှာဖွေဖို့ သင့်ကို ဖိတ်ခေါ်ခဲ့တယ်။】 【ဒါက သင့်ရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွခဲ့တယ်။】 【လျှို့ဝှက်နယ်မြေ တကယ်ရှိတာလား။ အစတုန်းက သင့်ကို ဒီကို ပြန်ခေါ်ဖို့ ဆင်ခြေသက်သက် မဟုတ်ဘူးလား။】 【ကျောက်ယင်းချွန်က လျှို့ဝှက်နယ်မြေ တကယ်ရှိတယ်လို့ သင့်ကို အာမခံခဲ့တယ်။ သူမက အရင်ဆုံး တွေ့ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ ဒါကို သင့်ရဲ့ ခံစားချက်တွေကို စမ်းသပ်ဖို့ သုံးဖို့ ဆုံးဖြတ်ခဲ့တာ။】 【ဒီစကားကို ကြားပြီးနောက် သင် စကားမပြောနိုင်ဖြစ်သွားခဲ့တယ်။】 【သင်က ကျောက်ယင်းချွန်နဲ့ လျှို့ဝှက်နယ်မြေကို သွားဖို့ သဘောတူခဲ့တယ်။】 【ဒါပေမယ့် သင် မသိခဲ့ဘူး။】 【ဒီလျှို့ဝှက်နယ်မြေခရီးစဉ်ဟာ သင့်ရဲ့ အိပ်မက်ဆိုးရဲ့ အစဖြစ်လိမ့်မယ်လို့။】

All Chapters