← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

ရန်ယန်ဘက်ကလည်း သူ့ကို သင်ပေးဖို့ အခွင့်အရေးမပေးဘူး။

ရန်တယုံက သူ့ကို ယောက်ျားနဲ့ မိန်းမအကြောင်း သင်ပေးတာနဲ့ စတင်ချင်ခဲ့သည်။

ဒါတွေအားလုံးပြီးရင် သူက အစပြုမယ်ဆိုရင် တိုးတက်မှုနဲ့ အခြေအနေက ပိုရှင်းလာလိမ့်မည်။ ဒါပေမယ့် ရန်ယန်ဘက်တွင်တော့ ပြဿနာအနည်းငယ်ရှိနေသည်။

ညဘက်ဆို သူက နေ့ခင်းဘက်လို မဟုတ်ဘူး...

ဒါက ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး။

ရန်တယုံက ဒီပြဿနာကို သူ့ဗိုက်ထဲမှာ ထည့်ထားပြီး ညဘက်မှာ ဝမ်ရှို့ယင်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားသည်။

နေ့ခင်းဘက်မှာ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က သူမတို့ အိမ်လေးရဲ့ အပြင်ဘက်တွင် ကြက်ခြံလေးတစ်ခု ဆောက်ခဲ့ကြသည်။

အသစ်တည်ဆောက်ထားတဲ့ ခြံစည်းရိုးထဲ ကြက်ပေါက်လေး ငါးကောင်က တေးဆိုနေပြီး မြင်ကွင်းက အသက်ဝင်နေသည်။

ခြံစည်းရိုးက သိပ်မကျယ်ပေမယ့် အကောင်ပေါက်လေး ငါးကောင်အတွက် နေရာကောင်းကောင်းရသွားသည်။

ခြံစည်းရိုးခတ်တာတော့ မလုံလောက်ဘူး။ သူတို့က ကြက်တွေကို အထဲမှာသော့ခတ်ထားဖို့ လှောင်အိမ်တစ်ခုလည်း ဆောက်ရသည်။

ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်ကြီးမှာ အပြင်ထွက် လည်နေတဲ့ ကြက်တွေက အသက်မရှင်နိုင်ကြလို့ပဲ။

လင်းရှောင်ယွဲ့က ကြက်တွေကို ယာယီဖုံးအုပ်ဖို့ အိမ်ထဲက ဝါးခြင်းတောင်းကြီးကို ရှာတွေ့ခဲ့သည်။

သူမ လှောင်အိမ်ကြီးတစ်ခု တည်ဆောက်ဖို့ နည်းလမ်းရှာရသေးသည်။ မဟုတ်ရင် ကြက်မကြီးတွေ ကြီးလာတဲ့အခါ ဝါးခြင်းတောင်းနဲ့ ဖုံးအုပ်ထားနိုင်မည်မဟုတ်ပေ။

နေ့ခင်းဘက်မှာ လင်းရှောင်ယွဲ့နဲ့ ရန်ယန်သာ ရန် မိသားစုခြံဟောင်းထဲ အလုပ်များနေပြီး သူတို့ဘယ်သွားသည်ကို ဘယ်သူမှ မသိပေ။

လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က နေ့လယ်ခင်းတွင် ခြံစည်းရိုး ခတ်ကြသည်။

ခြံစည်းရိုးခတ်ပြီးတဲ့အခါ ဝမ်ရှို့ယင်လည်း ပြန်လာခဲ့သည်။

လင်းရှောင်ယွဲ့က အိမ်က ရစ်ဌက်နဲ့ ငါးတွေကို မကိုင်တွယ်နိုင်တာကြောင့် ၎င်းတို့ကို ကိုင်တွယ်ဖို့ ဝမ်ရှို့ယင်ဆီ ထားခဲ့သည်။ ဒါကြောင့် ဝမ်ရှို့ယင်က ဒီနေ့စောစော အလုပ်သိမ်းပြီး ပါဝင်ပစ္စည်းတွေ သိမ်းဆည်းဖို့ ပြန်လာခဲ့သည်။

လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ကိုကူညီပြီး ယောက္ခမနှင့် ချွေးမနှစ်ယောက်သား ရစ်ဌက်ကို သတ်ပြီး အမွေးများကို ရေနွေးဖြင့်ချွတ်ကာ၊ မြင်ကွင်းတစ်ခုလုံး သွေးစွန်းနေခဲ့သည်။ ဒါပေမယ့် အသားစားရမယ်ဆိုတဲ့ စိတ်ကူးနဲ့ လင်းရှောင်ယွဲ့ ထပ်ပြီး တောင့်ခံနေလိမ့်မည်။

ရန်ယန်က ယခုအချိန်တွင် အသက် (၆)နှစ်အရွယ် ကလေးတစ်ဦး၏ ပင်ကိုယ်စရိုက်ရှိနေဆဲဖြစ်သည်။ အမျိုးသမီးနှစ်ဦး ရစ်ဌက်သတ်နေတာကို သူ မြင်လိုက်ရသည်။

ရစ်ဌက်ရဲ့ အမွေးအတောင်များ ရက်ရက်စက်စက် ချွတ်ပစ်ခံလိုက်ရသဖြင့် လှည့်ထွက်ပြေးချင်တဲ့အထိ သူကြောက်ခဲ့သည်။

လင်းရှောင်ယွဲ့ နဲ့ ဝမ်ရှို့ယင်တို့က သူ ကြောက်နေတာကိုမြင်တော့ ယောက္ခမနှင့် ချွေးမနှစ်ယောက်သား သူ့ကို ရယ်မောလိုက်ကြသည်။

ဒါ​ပေမယ့်​ နားလည်​နိုင်​တယ်​...

အမှန်တော့ သူက ၆ နှစ်သားကလေးလေးပဲလေ

ကျန်တဲ့ ရန်ယန်နှစ်ယောက်ဆို ဒီလိုဖြစ်မှာမဟုတ်ဘူး။

ညနေစောင်းတော့ ရန်မိသားစုရဲ့ တခြားနှစ်အိမ်က ပြန်ရောက်လာကြသည်။ ခြံထဲမှာ အသားရဲ့မွှေးတဲ့ရနံ့ ကိုရှူရှိုက်ရင်း ကြက်သွေးအိုးကို တတိယအိမ်ရှေ့ ချထားတာကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ချန်ချိုင်ယွင်ရဲ့ ပထမဆုံးတုံ့ပြန်မှုက ..... တတိယအိမ်က အိမ်က ဥဥထားတဲ့ ကြက်မကြီးကို သတ်ပစ်ခဲ့တာ။

ချန်ချိုင်ယွင်က မိသားစုထဲ ကျန်ခဲ့သည့် ကြက်မကြီးတစ်ကောင်ကို စစ်ဆေးဖို့ ကြက်ခြိီ အမြန်ပြေးခဲ့သည်။

အိမ်မှာကျန်ခဲ့တဲ့ ကြက်မကြီး အခုထိ အသက်ရှင်နေသေးတယ်။

ချန်ချိုင်ယွင်က သူမ နှလုံးသားထဲတွင် ထူးဆန်းသလို ခံစားရပြီး တတိယအိမ်တံခါးဆီ ပြန်သွားကာ ခေါင်းထိုးကြည့်လိုက်သည်။

"အိုး တတိယယောက်မ ဘာဟင်းချက်နေတာလဲ"

ချန်ချိုင်ယွင်က ယဉ်ကျေးသိမ်မွေ့ခြင်းမရှိတာကြောင့် တံခါးပေါက်က လှမ်းဝင်သွားကာ မီးဖိုငယ်လေးဆီ ခြေလှမ်းနည်းနည်းနဲ့ လှမ်းသွားပြီစ မီးဖိုကိုကြည့်ခဲ့သည်...

မီးဖိုခုံပေါ်တွင် ​ကြက်သားတုံးထားသော အိုးတစ်လုံးရှိသည်။ အစိမ်းကြီးရှိနေသေးပေမယ့် ချန်ချိုင်ယွင်က အငမ်းမရစားဖို့ လောဘကြီးနေဆဲပင်။

"နင်တို့မိသားစု ဒီကြက်ကို ဘယ်ကရလာတာလဲ" ချန်ချိုင်ယွင် မေးလိုက်သည်။

"တောင်ပေါ် တောကြက်(ရစ်ဌက်)လေ။ သူ့အဖေ တောင်ပေါ်မှာ ကောက်ရတာ ကံကောင်းတယ်နော် "

ဝမ်ရှို့ယင်က ဤအသုံးအနှုန်းကို သဘာဝအတိုင်း အသုံးပြုခဲ့ပြီး အကြောင်းရင်းအစစ်အမှန်ကို အခြားသူများအား မပြောနိုင်ပေ။

"ဒါဆို နင်အရမ်း ကံကောင်းတာပဲ!"

ချန်ချိုင်ယွင်က အာမေဋိတ်သံ ထုတ်လိုက်ပြီး နှုတ်ခမ်းကိုပိတ်ကာ ပြုံးလိုက်သည်။ "ဒါက ကောင်းတဲ့အရာပဲ။ မိသားစု တစ်စုတည်းပဲ စားတာက အဆင်မပြေဘူး။ အာ့ ညနေကျရင် ထမင်းနဲ့ ခေါက်ဆွဲ ယူလာခဲ့မယ်လေ။ ငါတို့မိသားစုနှစ်ခု အတူတူစားလို့ရနိုင်မယ်မလား"

ချန်ချိုင်ယွင် အသားစားဖို့ ပွတ်သီးပွတ်သပ်လုပ်နေတာကို အရူးတွေတောင် သိလိမ့်မည်။

ချန်ချိုင်ယွင်က လူတွေကို နာကျင်စေနိုင်တဲ့ ဓားလို ပါးစပ်ကြမ်းတဲ့ အမျိုးသမီး ဖြစ်ပေမယ့် နူးညံ့တဲ့ပါးစပ်နဲ့လည်း ဘာမဆို ပြောနိုင်သည်။

ဒီလို အရှက်မဲ့တဲ့ စကားမျိုးပေါ့။

တစ်ဖက်တွင် ဝမ်ရှို့ယင်က ချန်ချိုင်ယွင်ကို ယဉ်ကျေးစွာငြင်းဆိုခဲ့သည် ရှင်းပြလိုက်သည်။ "ဒုတိယယောက်မ ကြက်က တစ်ကောင်ပဲရှိတာ၊ ကျွန်မတို့ မိသားစုလေးယောက်စားဖို့ မလောက်ဘူး။ ဒါမှမဟုတ် ကျွန်မတို့ ဒါကို အတူတူမစားကြတော့ပါဘူး။ ယောက်မ မသိလို့ မနေ့ညက ကျွန်မတို့လေးယောက် ပေါက်စီစားခဲ့ကြတယ်။ ဒီနေ့တော့ သူ့အဖေက ကြက်ကောက်ရတာ ကံကောင်းသွားလို့ နှစ်ရက်စာ စားရတော့မယ်"

"ဟေး အဲဒါဘာလုပ်တာလဲ"

ချန်ချိုင်ယွင် သူ့လက်ကို ဝှေ့ယမ်းပြီး "ဒီနေ့ ငါတို့အတူတူစားကြမယ်လေ။ မနက်ဖြန် နင်တို့မိသားစု စားစရာမရှိရင် ငါတို့မိသားစုနင်တို့အတွက် စားစရာတစ်ချို့ပို့ပေးမယ်။ ငါတို့မိသားစုတွေ ခွဲနေလိုက်ပြီးရင် ငါတို့ရဲ့ ခင်မင်မှု ပျက်ပြားသွားတယ်လို့ မပြောနိုင်ဘူး၊ ငါတို့ အပြန်ပြန်အလှန်လှန် ကူညီရမယ်"

ဝမ်ရှို့ယင်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည် "ဒုတိယယောက်မ၊ ကျွန်မတို့မိသားစုတွေကြားက ကျွန်မတို့ ဘယ်လို ခင်မင်ရင်းနှီးမှုမျိုး ရနိုင်တာလဲ။ မမေ့လိုက်နဲ့ဦး။ မိသားစုနဲ့ ခွဲလိုက်ရလို့ ကျွန်မ ယောက်မကို စိတ်ဆိုးနေတယ်ဆိုတာကို "

"နင် ငါ့ကို စိတ်ဆိုးနေသေးတာလား"

ချန်ချိုင်ယွင်က သူမ မျက်နှာပေါ် အပြုံးလေးနဲ့ပြောခဲ့သည်။ "ဒီလိုခွဲနေတဲ့မိသားစုက ဘယ်လောက်ကောင်းလိုက်လဲ။ နင်မြင်တယ်မလား။ ကြက်ယူလာပြီး မိသားစုတွေ စားလို့ရတယ်။ ငါတို့မိသားစုကို မခွဲခဲ့ရင် ငါတို့တွေအားလုံး ကြက်သားစားရလိမ့်မယ်။ ဒါဆိုရင်ကြက်သားက ငါတို့ မိသားစုကြီးရဲ့ ဝမ်းထဲကို ရောက်သွားလိမ့်မယ်! မိသားစုခွဲနေရတာ မဆိုးပါဘူးဟယ်!"

လင်းရှောင်ယွဲ့က ချန်ချိုင်ယွင်လို မျက်နှာပြောင်တိုက်တဲ့လူကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဒီနေ့ယ သူမ အရာအားလုံးကို တကယ် မြင်ခဲ့ရပြီ။

ထိုကဲ့သို့ မျက်နှာပြောင်တိုက်တဲ့လူနဲ့ ဆက်ဆံဖို့ လင်းရှောင်ယွဲ့ သည်လည်း အတိုင်းအတာတစ်ခုအထိဆောင်ရွက်ရမည်။ "ဒုတိယအဒေါ်၊ အမေက စကားတစ်ချို့ပြောဖို့ ရှက်နေတာ။ ဒါပေမယ့် အပြင်လူတစ်ယောက်အနေနဲ့ ကျွန်မကတော့ အမှန်အတိုင်းပြောဖို့ သင့်တော်ပါတယ်။ မိသားစုခွဲနေလိုက်ပြီးကတည်းက ကျွန်မတို့တတိယအိမ်က အသက်ကြီးတဲ့သူတွေကို ထောက်ပံ့ဖို့ပဲ တာဝန်ရှိပြီးတော့ အခြားအိမ်နှစ်အိမ်နဲ့ ထပ်ပြီးဆက်ဆံစရာမလိုတော့ဘူးလေ။ ဒါကြောင့်မို့ ဒုတိယဦးလေးမိသားစုဆီက ပိုက်ဆံမတောင်းဘူး။ ဒုတိယဦးလေးရဲ့အမေကလည်း ကျွန်မတို့မိသားစုရဲ့အသားကို စားဖို့မစဉ်းစားဘူး။ ခုတော့ ကောင်းကောင်းပြောလို့ အဆင်ပြေသွားပြီ။ ဒုတိယအဒေါ် စကားနည်းနည်းထပ်ပြောလာရင် လူတွေကို မောင်းထုတ်ဖို့ ကျွန်မ တံမြက်စည်းကိုင်ရလိမ့်မယ်"

" နင်! နင်ဘယ်လိုပြောလိုက်တာလဲ။ ငါက အနည်းဆုံးတော့ အသက်ကြီးတဲ့သူပဲ။ နင်ဘာလို့ ဒီလိုမျိုးပြောနေတာလဲ"

ချန်ချိုင်ယွင်က ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်လာပြီး လင်းရှောင်ယွဲ့ ကို တည့်တည့်စိုက်ကြည့်နေသည်။

ဆူပူကြိမ်းမောင်းပြီးနောက် ချန်ချိုင်ယွင်က ဝမ်ရှို့ယင် ကို ပြောခဲ့သည်။ "တတိယယောက်မ၊ ငါစကားပြောမယ် နင့် ချွေးမက သိပ်အဆင်မပြေဘူး။ နင့်မိသားစုက သူ့လိုအရှုပ်ထုပ်နဲ့ နောက်ဆုံးတော့ ခွဲနေလိုက်ရတာ။ ပြီးတော့ နင့် ချွေးမမှာအဲ့တာ နဲ့ ပတ်သက်တာတွေရှိတယ်။ ငါ့ အကြံဥာဏ်တွေကို နင် နားထောင်သင့်တယ်"

လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

တစ်ယောက်နဲ့တစ်ယောက် မျက်လုံးတွေကို ကြည့်ရင်း စကားလုံးတွေကို အတည်ပြုလိုက်ကြသည်။

ယောက္ခမက သူမကိုအဲ့လို လုပ်ဖို့ပြောနေတယ်။

သူမ လှည့်လိုက်တော့ လင်းရှောင်ယွဲ့ က ထောင့်ဘက်က တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး အပေါ်ကိုမြှောက်ကာ ချန်ချိုင်ယွင်ဆီ တည့်တည့် ပြေးလာသည်။

"အိုက်ရား-"

ချန်ချိုင်ယွင်က ထိတ်လန့်တကြားအော်ရင်း တတိယအခန်းရဲ့အိမ်ထဲက ထွက်ပြေးသွားခဲ့သည်။

လင်းရှောင်ယွဲ့က တံခါးထိ ပြေးလိုက်ကာ တံမြက်စည်းကို ပစ်ချလိုက်ပြီး လက်ပိုက်ကာ အံ့သြတကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။

ချန်ချိုင်ယွင်က ခြံဝင်းထဲမှာ ကျိန်ဆဲနေခဲ့သည်။ "ခွေးမလေး၊ နင့်မှာ လေးစားမှုနဲ့သွန်သင်ဆုံးမပေးတဲ့သူ မရှိဘူး။ ငါနင့်ကိုပြောမယ် နင်တစ်ယောက်တည်းကို ငါ မဖမ်းမိစေနဲ့။ ငါ နင့်ကို သင်ခန်းစာ ပေးပြမယ်"

ချန်ချိုင်ယွင်ရဲ့ အသံက စူးရှပြီး ကျယ်လောင်လွန်းသဖြင့် ခြံဝင်းထဲက ရန်မိသားစု လူအိုကြီးတွေတောင် ကြားနိုင်သည်။

လင်းရှောင်ယွဲ့က အကြောက်အလန့်မရှိတာကြောင့် သူမက တံမြက်စည်းကိုင်ကာ တံခါးဝတွင်ရပ်ပြီး ချန်ချိုင်ယွင်ကို အနိုင်ကျင့်ကာ လှည့်ကြည့်ခဲ့သည်။

သူတို့အတွက် သူမက သူမနောက်ခံက ဘယ်လိုပဲဖြစ်ပစေ သူမက ၁၉.၉ ယွမ်ဖြင့် ဝယ်ယူခဲ့တဲ့ချွေးမဖြစ်ပြီး သွန်သင်ဆုံးမပေးမယ့်သူမရှိတာနဲ့ မကွာခြားပေ။အဓိကအချက်က ကြမ်းတမ်းပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘူး။

လူတွေက ရက်စက်တာမခံကြရရင် သူမကို အလွယ်တကူ အနိုင်ကျင့်ကြလိမ့်မယ်။

ဒါအမှန်တရားပဲ။

"ရှောင်ယွဲ့ "

သူမနောက်မှ ဝမ်ရှို့ယင်ရဲ့ အသံထွက်လာသည်။ "သမီး ရှောင်ယန်ကို သွားရှာလိုက်ဦး "

"ဟုတ်ကဲ့" လင်းရှောင်ယွဲ့ ပြန်ဖြေခဲ့သည်။

ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို စော်ကားခံရတဲ့ ကျိန်စာများစွာကို နားမထောင်စေချင်တာကြောင့် သူမကို လွှတ်လိုက်သည်။

ဒုတိယအိမ်မိသားစု၊ ချန်ချိုင်ယွင်ရဲ့ပါးစပ်ကို ဝမ်ရှို့ယင်က နှစ်ပေါင်းများစွာ သင်ယူခဲ့သည်။

သူမကိုယ်တိုင်က ဒီလိုစော်ကားခံရတာကို သည်းခံနိုင်ပေမယ့် သူမ ကလေးကို စော်ကားတာကိုတော့ သူမ သည်းမခံချင်ဘူး။

လင်းရှောင်ယွဲ့က ဒါကို သည်းခံနေမယ့် ကလေးမဟုတ်ဘူး။ သူမ နောက်ပိုင်း တကယ် ရန်ဖြစ်ရင် ကိစ္စတွေကပိုဒုက္ခဖြစ်စေလိမ့်မည်။

လင်းရှောင်ယွဲ့ သူမ တံမြက်စည်းကို ချလိုက်ပြီး ရန်ယန်ကိုရှာဖို့ ထွက်သွားခဲ့သည်။

စောနက ကြက်သတ်တဲ့ မြင်ကွင်းက သွေးတွေနဲ့ဆိုတော့ ခြောက်နှစ်အရွယ် ကလေးရန်ယန် ကြောက်လန့်ပြီး အိမ်ကပြေးထွက်သွားခဲ့သည်။

အဲဒီနောက် လင်းရှောင်ယွဲ့က သူ ပြန်လာတာမတွေ့ခဲ့ဘူး။

အိမ်အနီးတွင် လင်းရှောင်ယွဲ့ က ရန်ယန်ကို အိမ်ပြန်ခေါ်သွားဖို့ သူ့နာမည်ကို ခေါ်ခဲ့သည်။ ဒါပေမယ့် သူ့ဆီက တုံ့ပြန်မှု မရခဲ့ချေ။

အိမ်တစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းရှောင်ယွဲ့က တောင်ကြော တလျှောက် ဖြည်းဖြည်းချင်း ရှာဖွေခဲ့သည်။

" ရှောင်ယန်၊ ရှောင်ယန် ရှင်ဘယ်မှာလဲ"

ရွှံ့တွေထူတဲ့လယ်ကွင်းထဲ လင်းရှောင်ယွဲ့က လမ်းတစ်လျှောက်လုံး အော်ခေါ်နေခဲ့သည်။

နောက်တော့ ရန်ယန်ကိုတွေ့သွားတဲ့အခါ

လင်းရှောင်ယွဲ့က ချက်ချင်းပင် ကြောက်လန့်သွားပြီး သူမ နှလုံးခုန်နှုန်းက မြင့်တက်လာခဲ့သည်။

ရန်ယန်က ရွှံ့နံဘေးတွင် လဲလျောင်းနေတာကို သူမမြင်လိုက်ရသည်။ သူ့တစ်ကိုယ်လုံး ရွှံ့တွေနဲ့ ဖုံးလွှမ်းကာ သတိလစ်နေခဲ့သည်။

"ရှောင်ယန်!"

လင်းရှောင်ယွဲ့က အမြန်ဆွဲထူပြီး ဒူးထောက်ကာ ရန်ယန် မျက်နှာကို ချက်ခြင်း ပုတ်လိုက်သည်။ "ရှောင်ယန်၊ ရှင် ဘာဖြစ်တာလဲ။ ရှောင်ယန် ထတော့......"

လင်းရှောင်ယွဲ့က သူ့နှာခေါင်းကို စစ်ဆေးပြီး အသက်ရှုနေသေးကြောင်း အတည်ပြုပြီးမှ သူမနှလုံးခုန်နှုန်းကကျဆင်းသွားသည်။ သူမ နည်းနည်းတော့ စိတ်သက်သာသွားသည်။

သူမ ရန်ယန် နဖူးကိုထိကာ ကိုယ့်ဘာသာကိုယ် တွေးလိုက်သည်။ သူ စိတ်မကောင်းဖြစ်ပြီး အိပ်ပျော်သွားတာလား။

"ရှောင်ယန်၊ ရှောင်ယန်၊ ထတော့ "

လင်းရှောင်ယွဲ့က သူ့နဖူးကို ထပ်ဆိတ်လိုက်သည်။

ခဏအကြာ ရန်ယန်က သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ကာ နိုးလာခဲ့သည်.....

"ရှောင်ယန် ရှောင်ယန် ရှင်နိုးလာပြီလား..."

လင်းရှောင်ယွဲ့ စိတ်ပူသွားသည်။ ရန်ယန် မျက်နှာပေါ်က ရွှံ့တွေကို သုတ်ဖို့ သူမလက်လေးတွေကို အသုံးပြုပြီး အလုပ်များနေသည်။ သူမ ဒေါသတကြီးနဲ့ပြောလိုက်သည်။ "ရှင် ကျွန်မကို သေသွားအောင်ခြောက်နေတာလား။ ရှင် ဒီမှာရုတ်တရက်ကြီး မူးလဲသွားတာ၊ ဒါကအန္တရာယ်များလွန်းတယ် သိရဲ့လား..."

"လင်းရှောင်ယွဲ့ ...."

ရန်ယန်က သူမကို အသံတိုးတိုးနဲ့ ခေါ်ခဲ့ပေမယ့် သူမမျက်နှာက စိုးရိမ်နေသေးသည်။

"ဟိုမှာ။ ဟိုမှာ လူတွေရှိတယ်!"

မလှမ်းမကမ်း၌ ကြည်လင်ပြတ်သားတဲ့ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူမခေါင်းလှည့်ကြည့်လိုက်တော့ လင်းရှောင်ယွဲ့က သပ်ရပ်စွာ ၀တ်စားဆင်ယင်ထားတဲ့ အမျိုးသမီးတစ်ဦးက ယောက်ျားတစ်ဦးကို လမ်းပြနေပြီး အမြန်လာနေတာကို တွေ့လိုက်ရသည်။

သူမတို့နှစ်ဦးက ရှင်းလင်းတဲ့ပစ်မှတ်ဖြစ်တဲ့ ရန်ယန် နာမည်ကိုခေါ်ပြီး တောက်လျှောက် ပြေးလာကြသည်။

"ရန်ယန်၊ ရန်ယန် နိုးလာပြီလား"

အမျိုးသမီးက ရန်ယန်ရဲ့ဘေးကို အမြန်ပြေးသွားပြီးနောက် သူမ ကမန်းကတန်း ထိုင်ချလိုက်ပြီး "ဘယ်လိုနေသေးလဲ။ အဆင်ပြေရဲ့လား"

ဒီအမျိုးသမီးက ရန်ယန်ကို အတော်လေး စိတ်ပူနေတာ တွေ့လိုက်ရသည်။

လင်းရှောင်ယွဲ့ သူမကို သေမင်းအကြည့်နဲ့ စိုက်ကြည့်နေသည်...

"ရှောင်ယွဲ့......."

ရန်ယန် " အဟွတ် ” သူ့ရဲ့ဓားလိုမျက်ခုံးကို ငြိမ့်ညောင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့အသံကြောင့် လင်းရှောင်ယွဲ့ အမျိုးသမီးကို ကြည့်နေရာမှ ချက်ချင်းပင် ရုတ်တရတ် ငုံ့ကြည့်လိုက်သည်။ " ရှောင်ယန်၊ ရှင်အဆင်ပြေရဲ့လား ထနိုင်လား"

"နင်က သူ့မိန်းမပဲ ဟုတ်တယ်မလား"

အမျိုးသမီးက လင်းရှောင်ယွဲ့ ကိုစကားပြောခဲ့သည်။ "တောင်းပန်ပါတယ် ဒီအတွက် ကျွန်မကိုအပြစ်တင်လိုက်ပါ။ ကျွန်မ ရန်ယန် ရုံးခန်း ခေါ်သွားပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြန်လည်သုံးသပ်ချက်အချို့ကို ပေးခဲ့တယ်။ သူအိမ်ပြန်သွားတဲ့လမ်းမှာ ရန်တဟဲရဲ့ လူရမ်းကား အုပ်စုနဲ့ တိုးမိသွားတာ။ ရှောင်ယန်ကို အိတ်နဲ့စွပ်ပြီး ရိုက်နှက်ဖို့ လယ်ကွင်းထဲ ဆွဲခေါ်သွားတယ်။နောက်တော့ အုပ်စုကို မောင်းထုတ်ဖို့ ကျွန်မ သူ့ဆီရောက်လာခဲ့တယ်။ ဒါပေမယ့် သူလည်း မူးလဲသွားခဲ့တယ်။ ဒါကြောင့် ကျွန်မအကူအညီသွားရှာနေတာပါ "

အမျိုးသမီးရဲ့ အသေးစိတ်ရှင်းပြတာကို နားထောင်ရင်း လင်းရှောင်ယွဲ့က အမျိုးသမီးရဲ့ အမည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

စာအုပ်ထဲ၌ သူမက ရန်ယန်ရဲ့ လျှို့ဝှက်ချက်ကို သိသည်။ ရန်ယန်ရဲ့ ဆွေမျိုးတွေနဲ့ မူလပိုင်ရှင် လင်းရှောင်ယွဲ့ အပြင် မူလ အမျိုးသမီး ဇာတ်လိုက် ပိုင်ရှောင်ချွမ်း လည်း သိသည်။

မူရင်းစာအုပ်တွင် ပိုင်ရှောင်ချွမ်းက ဗီလိန် ရန်ယန်ရဲ့ အဖြူရောင်လရောင်လေး ဖြစ်သည်။

အစောပိုင်းအဆင့်တွင် ကိုယ်ခွဲသုံးယောက်က ပိုင်ရှောင်ချွမ်းကိုသာ သဘောကျနှစ်ခြိုက်တာကြောင့် သူ သူမကို တိတ်တဆိတ် စောင့်ရှောက်ခဲ့သည်။

နောက်ပိုင်းတွင် ရန်ယန် ဗီလိန်အဖြစ် လုံးဝပြောင်းလဲသွားပြီးနောက် ပိုင်ရှောင်ချွမ်းကို အပြင်းအထန် မလိုက်ခင် မူလဇနီးရဲ့ကိစ္စကို ဖြေရှင်းခဲ့သည်။

ဤအခိုက်အတန့်တွင် သူမရှေ့က မူလဇာတ်လိုက်မင်းသမီးကို ကြည့်လိုက်ပြီး လင်းရှောင်ယွဲ့ှလုံးသားက တော်တော်လေးချဥ်နေပြီ။

သူမ အနည်းငယ် သဝန်တိုနေတယ်လို့ ခံစားမိသည်။

မူလဇာတ်လိုက်မင်းသမီးကိုကြည့်ရုံနဲ့ သူမဘာကြောင့် စိတ်မသက်မသာဖြစ်ရတာလဲ။

"ရှောင်ယွဲ့......."

ထိုအချိန်တွင် ရန်ယန် တုန်လှုပ်သွားပြီး လင်းရှောင်ယွဲ့ လက်လေးကို ဆုပ်ကိုင်ဖို့ သူ့ရဲ့ရွှံ့ပေနေတဲ့လက်ကို ဆန့်လိုက်သည်။

အခုအချိန်မှာ နိုးလာတဲ့ ရန်ယန်က တတိယ ကိုယ်ခွဲဆိုတာကို လင်းရှောင်ယွဲ့ မသိသေးပေ။

All Chapters