← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

ရွှံ့နွံတွေပေနေတဲ့ ရှည်လျားတဲ့ ရန်ယန်ရဲ့ လက်ချောင်းတွေက သူမ လက်ကို ထိလာပြီး သူမ အောက်ငုံ့ကြည့်လိုက်တဲ့အခါ သူ့လက်ကြီးတွေနဲ့ သူမ လက်သေးသေးလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

"ရှောင်ယန် ဘာလို့လဲ၊ ရှင့်ခန္ဓာကိုယ်က အရမ်းနာနေလို့လား။ ရှင် ထနိုင်လား" လင်းရှောင်ယွဲ့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မျက်နှာမှာ ရွှံ့ပေနေတဲ့ ရန်ယန်က လင်းရှောင်ယွဲ့ရဲ့ စိတ်ပူနေတဲ့ မျက်လုံးတွေ မြင်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွားခဲ့သည်။ "ကူပေးပါဦး ....."

"အွန်း"

လင်းရှောင်ယွဲ့ ထပြီး သူ့ကို ကမန်းကတန်း ကူညီပေးလိုက်သည်။

ပိုင်ရှောင်ချွမ်း ကလည်း ကူညီခိုင်းဖို့ခေါ်လာခဲ့တဲ့ လုရှမင်ကို​ပြောလိုက်သည်။ "ရှမင် သူ့ကိုလာကူညီပေးလိုက်ဦး"

လုရှမင် မြန်မြန်လှမ်းလာခဲ့သည်။ သူ ရန်ယန်ကို ကူမပေးကာ သူ့နောက်ကျောပေါ် တိုက်ရိုက်တင်လိုက်သည်။

"ကျွန်​​တော်​ သူ့ကိုအိမ်​လိုက်​ပို့ပေးမယ်"

လုရှမင်က အမျိုးသမီးနှစ်ယောက်ကို ကြည့်ပြီး အကြံဉာဏ်အတွက် တောင်းဆိုနေပုံရသည်။ " ဒါမှမဟုတ် သူ့ကို ခြေဗလာဆရာဝန်နဲ့တွေ့ဖို့ ခေါ်သွားလိုက်ရမလာ။ ခင်များ ဘယ်လိုထင်လဲ "

*(TN: "ခြေဗလာဆရာဝန်" - ၎င်းတို့သည် အခြေခံအားဖြင့် ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးဆင်းထားတဲ့ (PRC) လယ်သမားများဖြစ်သည်)

လုရှမင်က လင်းရှောင်ယွဲ့ကသာ ရန်ယန်ရဲ့ဇနီးဖြစ်တာကြောင့် လင်းရှောင်ယွဲ့ ကို တိုက်ရိုက်မေးမြန်းခဲ့သည်။

လင်းရှောင်ယွဲ့ရဲ့ စိုးရိမ်နေတဲ့မျက်လုံးတွေက ရန်ယန်ဆီမှာရှိနေသည်။ သူမ လက်သေးသေးလေးနဲ့ ရန်ယန်ရဲ့ ရွှံ့ပေနေတဲ့ မျက်နှာကို ပွတ်ပေးလိုက်သည်။ "အိမ်ကိုအရင်သွားမယ်၊ ကျွန်မ သူ့တစ်ကိုယ်လုံးကို သန့်စင်အောင် အရင်သုတ်ပေးလိုက်ဦးမယ် "

"ကောင်းပြီ" လုရှမင် ခေါင်းညိတ်လိုက်သည်။

စာအုပ်ရဲ့ မူလ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးက မကြာခင်မှာပဲ ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ကို အိမ်ပြန်ပို့ပေးခဲ့ကြသည်။

လင်းရှောင်ယွဲ့က သူတို့နှစ်ယောက်ကို ရန်ယန်နဲ့ အတူနေတဲ့ ဘေးခန်းငယ်လေးဆီ ခေါ်သွားလိုက်သည်။

ရန်ယန်ကို ကုတင်ပေါ်ချပေးခဲ့သည်။

လင်းရှောင်ယွဲ့ မျက်နှာကို သုတ်ပေးဖို့ ရေစိုအဝတ်တစ်ထည်ကို အမြန်ယူလာပြီး စိတ်ပူစွာ မေးလိုက်သည်။ "ဘယ်လိုနေသေးလဲ။ အခု ဆရာဝန်သွားပြဖို့ လိုသေးလား"

ရန်ယန်ရဲ့ နှုတ်ခမ်းက ဘာမှမထူးခြားတဲ့ အပြုံးကို ဆွဲထုတ်ခဲ့သည်။ သူက ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။ "အဆင်ပြေပါတယ် ... မနာပါဘူး...."

ရိုးရိုးသားသားပြောရရင် တတိယကိုယ်ခွဲဖြစ်တဲ့ ရန်ယန် က ​​ဒီခန္ဓာကိုယ်မှာ ဒီလိုပုံစံဒီအခြေအနေနဲ့ ပေါ်လာတာကို ကျင့်သားရခဲ့တာ ကြာပြီပင်။

ဒီခန္ဓာကိုယ် အရိုက်ခံရတဲ့အခါတိုင်း နာကျင်တဲ့အခါတိုင်းမှာပေါ့ ......

စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် စိတ်အခြေအနေကြောင့်ပဲဖြစ်ဖြစ် အဲဒီကိုယ်ခွဲနှစ်ခုက ယိုယွင်းလာလိမ့်မည်။ အဲ့အချိန်မှာ သူဆိုတဲ့စိတ်ပိုင်းဆိုင်ရာရော စိတ်အခြေအနေကော ကောင်းမွန်တဲ့သူက အဲ့အရာ အားလုံးကို ခံနိုင်ရည်ရှိရလိမ့်မည်။

ဟာသပဲ...

ဤအပျက်အစီးအားလုံးကို သူယူချင်လို့ မဟုတ်ဘဲ ဒီအခြေအနေတွေအောက်မှာ သူ မွေးဖွားလာရတာကြောင့်ဖြစ်သည်။

စိတ်ဓာတ်မကျနေရင် သူ ဘယ်လို ထွက်လာနိုင်မလဲ။

"မနာတာ ကောင်းပါတယ်၊ ကျွန်မ ရှင့်တစ်ကိုယ်လုံးကို သုတ်ပေးပြီး အဝတ်အစားလဲပေးမယ်၊ သန့်ရှင်းရေးလုပ်ပြီးရင် ရှင့်အတွက် ဆေးရှာပေးမယ် "

လင်းရှောင်ယွဲ့ က သူ့မျက်နှာ၊ လည်ပင်းနဲ့ လက်တွေကို သပ်သပ်ရပ်ရပ် သုတ်ပေးရင်း “အရမ်းနာနေရင် နေရခက်နေရင် ကျွန်မကို ချက်ချင်း ပြောရမယ်နော်။ ကျွန်မ အဖေ့ကို ရှင့်ကို ဆရာဝန်ဆီ ခေါ်သွားခိုင်းလိုက်မယ်"

ရန်ယန်ရဲ့ မျက်လုံးတွေက ညင်သာစွာမျက်တောင်ခတ်ကာ သူ့နှုတ်ခမ်းထောင့်က ပိုမြင့်သထက်မြင့်လာသည်။ "တကယ် မနာပါဘူး......."

သူ့ဒဏ်ရာတွေကို တစ်ယောက်တည်း ကျိတ်မှိတ်ခံခဲ့ဖူးတဲ့သူက........ ဒီအချိန်မှာ သူ့ကို ဒီလိုဂရုစိုက်ပေးမယ့်သူ ရှိလိမ့်မယ်လို့ သူတကယ် မမျှော်လင့်ထားဘူး။

အရမ်းကောင်းတယ်။

လင်းရှောင်ယွဲ့က သူ့ကိုသုတ်ပေးပြီး ရုတ်တရက် သူမ အကြည့်တွေရွှေ့သွားကာ သူမမျက်လုံးတွေက သူ့မျက်နှာကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်။

သူမ မေးလိုက်သည်။ "ရှင်က... ဒုတိယလား တတိယလား"

ဘာပဲဖြစ်ဖြစ် သူက ကလေးတစ်ယောက်လိုပြုမူနေတာမဟုတ်ဘူး။

လင်းရှောင်ယွဲ့ အဲ့တာကို ခံစားလိုက်ရသည်။

ရန်ယန်ရဲ့ ဓားလိုမျက်ခုံးတွေက ညင်သာစွာ ကြုတ်သွားခဲ့သည်။ "မင်း ငါ့ကို မမှတ်မိဘူးလား"

လင်းရှောင်ယွဲ့ရဲ့ အတွေးတွေ စက္ကန့်အနည်းငယ်မျှ စီးဆင်းသွားပြီး နောက်ဆုံးမှာတော့ သူမ တုံ့ပြန်လိုက်သည်။ " တတိယ ကိုယ်ခွဲ။ ရှင်ပဲ "

သူမ သူ့ကို မှတ်မိသွားတော့ သူ 'အွန်း' လို့ပြောပြီး ရယ်မောခဲ့သည်။ "ငါအမှိုက်လိုဖြစ်နေတာကို မင်းကိုမြင်ခိုင်းရတာက သိပ်မကောင်းဘူး......"

"မဟုတ်ပါဘူး"

လင်းရှောင်ယွဲ့ ခေါင်းခါလိုက်သည်။ သူမ ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ရှင်ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ကျွန်မ ရှင့်ကို တွေ့ရတာ ပျော်တယ်။ ရှင်ထွက်လာနေသရွေ့ ကျွန်မ ပျော်တယ်"

သူထွက်လာရင် သူမ တကယ်အားကိုးနိုင်တဲ့ ခင်ပွန်းရှိလာမယ်လေ။

ကျန်တဲ့ ရန်ယန် နှစ်ယောက် မပေးနိုင်တဲ့ လုံခြုံမှုကို သူက ပေးနိုင်သည်။

ရန်ယန်က သူမအဖြေကို သဘောကျကာ အပြုံးက သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

ခြံဝင်းထဲမှာ ရန်လျန်ဟွာက လုရှမင် ရုတ်တရက် ရန်အိမ်မှာ ပေါ်လာတာကို မြင်တွေ့လိုက်ရသည်။ သူမ တစ်မိနစ်အတွင်း ဖန်ဂဲလ်(fangirl) ဖြစ်သွားသည်။

"အစ်ကို ရှမင်!"

ရန်လျန်ဟွာက လုရှမင်ဆီ အလျင်အမြန်ပြေးသွားပြီး "အစ်ကို ရှမင် ဘယ်လိုဖြစ်လို့ ကျွန်မအိမ်ကို လာတာလဲ။ကျွန်မကို လာရှာတာလား။ အစ်ကို ကျွန်မကို ဘာလို့ ဘာမှမ​ပြောတာလဲ"

လုရှမင်နဲ့ ပိုင်ရှောင်ချွမ်းတို့က ရန်လျန်ဟွာ ရုတ်တရက် ခေါ်လိုက်တဲ့အချိန် ပြန်ကြတော့မှာဖြစ်သည်။

မူလအမျိုးသမီးဇာတ်လိုက်အဖြစ် ပိုင်ရှောင်ချွမ်းက ဟာသဉာဏ်ရှိတဲ့ မျောက်တစ်ကောင်လို ရန်လျန်ဟွာကို ကြည့်ကာ လုရှမင်ကို ရန်လျန်ဟွာလိုက်ပိုးပန်းနေတဲ့အပေါ် အထင်သေးခဲ့သည်။

လုရှမင်မှာ ရန်လျန်ဟွာ အပေါ် ကောင်းတဲ့ ခံစားချက်အနည်းငယ်ရှိသည်။ သူ့အမူအရာက အပေါ်ယံ ယဉ်ကျေးတဲ့ အမူအရာကို ထိန်းထားခဲ့သည်။ "ရန်ယန်ကို အိမ်ပြန်လိုက်ပို့ပေးတာ။ သူ ဒဏ်ရာနည်းနည်းရသွားလို့"

"ဟေး ရပါတယ်!"

ရန်လျန်ဟွာက သူမလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ "သူ့ အသားကထူပါတယ်။ ဒဏ်ရာသေးသေးလေးက အရေးမကြီးဘူး။ အစ်ကို ရှမင်၊ အစ်ကို ကျွန်မအိမ် လာလည်တာရှားတယ်။ ညစာအတူတူစားရအောင်လေ။ အိုးထဲမှာ ညစာတွက်ချက်ပြီးသား။ ပူနေသေးတယ်။ ကြက်ဥတွေလည်းရှိတယ်"

"မစားတော့ပါဘူး ကျေးဇူးပဲ"

လုရှမင် ဝတ်ကျေတန်းကျေပြောလိုက်ပြီး ပိုင်ရှောင်ချွမ်းကို စကားပြောလိုက်သည်။ "သွားကြရအောင်"

"ဟေး အစ်ကို ရှမင်!"

ရန်လျန်ဟွာက လုရှမင်ကို သွားခွင့်ပြုဖို့ ဆန္ဒမရှိချေ။ သူမအိမ်ကို သူ လာဖို့က ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်သည်။ သူမ လုရှမင်ဆီ အလျင်အမြန်ပြေးသွားပြီး သူမ လက်နှစ်ဖက်ကို ကျယ်ကျယ်ဖွင့်ကာ တားခဲ့သည်။

" ပုံမှန်ဆို ထုတ်လုပ်ရေး အဖွဲ့ထဲကပဲဟာကို ဒီမှာထမင်းစားသွားပါ။ အစ်ကိုလည်း ကျွန်မတို့မိသားစုကို ဂရုစိုက်တာပဲ။ ကျွန်မတို့မိသားစု ရှင့်ကို ကျေးဇူးတင်လို့ကျွေးတာလို့ မှတ်လိုက်ပါ!" ရန်လျန်ဟွာက သူ့ဆီ အရူးအမူး အကြည့်များ ပို့လွှတ်နေခဲ့သည်။ ဒါကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

လုရှမင် အဲ့တာကို သတိမမူမိဘဲ "တော်ပါပြီ။ ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ"

ပိုင်ရှောင်ချွမ်း စောင့်နေရတာကိုငြီးငွေ့လာပုံရသည်။ "ကျွန်မအရင် သွားနှင့်မယ် "ဆိုတဲ့ စာကြောင်းကိုတမင်တကာ ပြောလိုက်သည်။

တံခါးဝက ထွက်လိုက်တာနဲ့ လုရှမင်လည်း ရန်လျန်ဟွာကို ဖြတ်ပြီး သူမနောက်က လိုက်သွားခဲ့သည်။ "ရဲဘော် ရှောင်ချွမ်း၊ အတူတူသွားကြမယ်လေ "

"တခြားရဲဘော်အမျိုးသမီးက ရှင့်ကို ညစာစားဖို့ ဖိတ်နေတာမဟုတ်ဘူးလား။ ရှင်က ထူးခြားတဲ့ လူငယ်တစ်ယောက်ပဲ။ ရွာသူရွာသားတွေရဲ့ အိမ်မှာ စားသောက်တာက လူတွေ အတင်းအဖျင်းပြောကြမှာ မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ အေးအေးဆေးဆေးနေပြီး စားနေလိုက်ပါ!" ပိုင်ရှောင်ချွမ်း သူ့ကို တမင်တကာ ​ရှောင်ခဲ့သည်။

လုရှမင်က တရားမျှတမှုအပြည့်ရှိတဲ့ ပါးစပ်နဲ့ ရှင်းပြလိုက်သည်။ "ကျွန်တော်က ရွာကိုကူညီတာ၊ အဲ့တာကို ကျွန်တော့်ကို ရွာသူရွာသားတွေ ထမင်းကျွေးအောင်လုပ်နေတာမဟုတ်ဘူး။ ကျွန်တော် ဒီနေ့ ဒီအိမ်မှာ စားလိုက်ရင် မနက်ဖြန် ကျွန်တော့်ကို တခြားတစ်ယောက်က လာခေါ်လိမ့်မယ်။ ကျွန်တော် မသွားရင် ကျွန်တော့်မှာ ပြောစရာရှိမှာမို့ မသွားတာက အကောင်းဆုံးပဲ"

"ရဲဘော် ရှမင်က မျက်နှာမှာ ပန်းပွင့်ရှိတယ်လို့ ထင်နေတာလား။ ရွာသားတွေက ရှင့်ကို တယောက်ပြီး တယောက် ညစာစားဖို့ ဖိတ်နေတာလား။ ရှင်အရမ်းတွေးလွန်းနေပြီ!"လို့ ပိုင်ရှောင်ချွမ်း ပြောလိုက်သည်။

လုရှမင် ရယ်လိုက်သည်။ "ကျွန်တော် အတွေးလွန်နေတာဖြစ်နိုင်ပါတယ် "

နှစ်ယောက်သား ရယ်မောကာ စကားပြောရင်း ထွက်လာကြပြီး ရန်အိမ်ကြီးရဲ့ တံခါးဝမှာ ရန်လျန်ဟွာက သူတို့ နှစ်ယောက်ရဲ့နောက်ကျောကို ကြည့်နေခဲ့သည်။ သူမ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်တယ်။

လုရှမင်က ရွာရဲ့ ထူးချွန်တဲ့ လူငယ်တစ်ဦးဖြစ်သည်။ သူက စွမ်းဆောင်နိုင်တယ်!

ရွာထဲက မိန်းကလေး ဘယ်နှစ်ယောက်တောင်မှ အသားတုံးလို သူ့ကို ယူဖို့မျှော်လင့်ချက်နဲ့ စိုက်ကြည့်နေတာလဲ။

ရန်လျန်ဟွာက သူမကိုယ်သူမ ကြည့်ကောင်းပြီး လုရှမင်နဲ့ လိုက်ဖက်တယ်လို့ ထင်ခဲ့သည်။

ဘယ်သူကထင်မှာလဲ လုရှမင် ​နောက်​ကို ​တော်​​တော်​ကြာ​အောင်​​ နောက်​က​နေ​လိုက်ခဲ့တာတောင် သူက သူမကိုကြည့်​​တောင်​မ​ကြည့်ခဲ့ဘူး။ ဒီတော့ ပြဿနာက ပိုင်ရှောင်ချွမ်းပဲဆိုတာ ရန်လျန်ဟွာ သိနေသည်။

အိမ်မှာ လင်းရှောင်ယွဲ့က ရေဇလုံကိုရိုက်ပြီး သန့်ရှင်းတဲ့အဝတ်အစားတွေကိုယူကာ အခန်းငယ်လေးရဲ့တံခါးကိုပိတ်ပြီး ရန်ယန်ကို တစ်ကိုယ်လုံးကို ပွတ်ပေးဖို့ ရည်ရွယ်ခဲ့သည်။

ရန်ယန်ကို ယခုတစ်ကြိမ်တွင် လူဆိုးဂိုဏ်းများက ပိုမိုပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ သူ တုတ်နဲ့ရိုက်ခံခဲ့ရမှာကို သူမ ကြောက်သည်။

ရွှံ့တွေပေကျံနေပြီးစိုနေတဲ့ အဝတ်များကို ချွတ်ပြီးတာနဲ့ လင်းရှောင်ယွဲ့က ပွန်းပဲ့ရုံသာမက သူ့ခန္ဓာကိုယ်နေရာတိုင်းတွင်လည်း ဒဏ်ရာများရှိကြောင်း စစ်ဆေးခဲ့သည်။

ဒီမျက်စိကျိန်းလောက်စရာ ဒဏ်ရာက သူမကို အမျိုးသားလိင်ဆိုတာ တိုက်ရိုက်လျစ်လျူရှုစေခဲ့ပြီး လင်းရှောင်ယွဲ့ ဝမ်းနည်းစွာ သက်ပြင်းချခဲ့သည်။

"ဟူး..... ရှင်က မနာဘူးလို့ပြောနေသေးတယ်......ဒါက ငရဲလိုနာကျင်နေမှာပဲ"

လင်းရှောင်ယွဲ့ သူ့ခန္ဓာကိုယ်ကို အဝတ်စနဲ့ ညင်သာစွာ သုတ်ပေးလိုက်သည်။ သုတ်နေရင်းနဲ့ သူမပါးစပ်ကလည်း တတွတ်တွတ်ပြောနေသည်။ "ကလေးက အရိုက်ခံရတယ်၊ အဲဒီလူတွေရဲ့ လုပ်ရပ်က ဘယ်လောက်တောင် ပြင်းထန်တယ်ဆိုတာ ငါတွေးကြည့်ရင်တောင် သိတယ်! ဒါကိုမနာပါဘူးလို့ ပြောနေတုန်းပဲ......ရှင် အတွင်းဒဏ်ရာတွေရသွားမှာ စိုးရိမ်တယ်။ ညသန်းခေါင်မှာ ရှင်သွေးအန်ရင် ဘယ်လိုလုပ်မလဲ"

ကုတင်ပေါ်ထိုင်ရင်း ရန်ယန်တစ်ယောက် တခစ်ခစ်ရယ်ရင်း ပြုံးနေတဲ့ နှုတ်ခမ်းတွေက အလွန်ချစ်စရာကောင်းစွာ ကွေးညွှတ်သွားသည်။

"ရှင်က ရယ်​​နေနိုင်သေးတာလား......"

လင်းရှောင်ယွဲ့ သူ့ရယ်မောသံကိုကြားတော့ ဆက်ပြောခဲ့သည်။ "ကောင်းပြီလေ၊ အဲ့အမျိုးသမီးကို ရှင် ဘာလို့ ပြေးရှာရတာလဲ။ ကျွန်မ ရှင့်ကို စာအုပ်တွေ မပေးဘူးလား။ ကျွန်မက စာအုပ်တွေ အများကြီးရနိုင်တဲ့သူတစ်ယောက်ဆိုတာ ရှင်သိထားသင့်တယ်။ ရှင့်ရဲ့ ဇနီးကောင်းကိုတော့ လျစ်လျူရှုပြီး စာအုပ်တစ်အုပ်ရဖို့ တခြားမိန်းမကို ရှာဖို့ပြေးသွားခဲ့တယ်....... ရှင်အရိုက်ခံရတာ တန်တယ်!"

လင်းရှောင်ယွဲ့က ဒီအချိန်မှာ သဝန်တိုစိတ်နဲ့ထပ်ပြောခဲ့သည်။

မူလ ဇာတ်လိုက်အမျိုးသမီး ပိုင်ရှောင်ချွမ်းနဲ့ ရန်ယန်တို့ အဆက်အသွယ်ရှိတာကို သူမ မကြိုက်ဘူး။

မူရင်းစာအုပ်ကို ဘုရားရှင်ရဲ့အမြင်အာရုံနဲ့ ဖတ်ဖူးသူ တစ်စုံတစ်ယောက်အတွက် မူရင်းစာအုပ်ထဲက ရန်ယန် ရဲ့ နာမကျန်းမှု၊ ထိတ်လန့်မှု၊ မူလ ဇာတ်လိုက် မင်းသမီးကို တစ်သက်လုံးချစ်တာက... သူမကို သဝန်တိုစေသည်။

သူမက ရန်ယန်က သူမကို ဒီလိုချစ်လိမ့်မယ်လို့ မျှော်လင့်နေတာ။

မူလ ဇာတ်လိုက် မင်းသမီးနဲ့ ရှင်ဘာလုပ်ချင်တာလဲ။

"မင်း စာအုပ်တွေ အများကြီး ရနိုင်တယ်လို့ ပြောတယ်နော်။ ရှားရှားပါးပါး ပစ္စည်းတွေ လည်း ယူနိုင်တယ်ပေါ့ "

ရန်ယန် ခေါင်းကိုစောင်းကာ မျက်ခုံးပင့်ပြီး သူမကို မေးလိုက်သည်။ "မင်းမှာဘာ လျှို့ဝှက်ချက်ရှိလဲ။ မင်းရဲ့ယောကျ်ားကို ပြောပြလို့ မရဘူးလား"

လင်းရှောင်ယွဲ့ နှုတ်ခမ်းစူပြီး ငြင်းလိုက်သည်။ "ဘာလို့ ပြောရမှာလဲ။ နောက်ပြီး ရှင် တခြားမိန်းမတွေကို လိုက်ရှာနေသေးတယ်။ ရှင်လည်း ကျွန်မကိုရှင့်ရဲ့ ဇနီးအဖြစ် မယူချင်ဘူးလို့ ကျွန်မ ထင်တယ်"

ရန်ယန် သူမစကားတွေထဲက သဝန်တိုနေတာကို ကြားလိုက်ရသည်...

လင်းရှောင်ယွဲ့ သူ့လက်ကို သုတ်ပေးနေတဲ့အချိန် ရန်ယန်ရဲ့ နက်မှောင်ပြီး မီးတောက်နေတဲ့ မျက်လုံးတွေက သူမ မျက်နှာသေးသေးလေးပေါ်မှာသာ ရှိနေခဲ့သည်။

သူ့မျက်လုံးတွေက တဲ့တိုးဆန်လွန်းနေတာလည်း ဖြစ်နိုင်သည်။ လင်းရှောင်ယွဲ့က သူတို့ကို လျစ်လျူမရှုနိုင်တာကြောင့် သူ့ကို တားဖို့လုပ်လိုက်သည်။ "ကျွန်မကို စိုက်ကြည့်မနေနဲ့။ ကျွန်မ မျက်နှာမှာ အပေါက်ဖြစ်လာတော့မယ် "

ရန်ယန် မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

ဒါဏ်ရာရပြီးနောက် အခုလို ပျော်ရွှင်တဲ့ ခံစားချက်မျိုးကို ပထမဆုံးအကြိမ် ခံစားခဲ့ရတာပဲ။

တကယ်တော့ ဇနီးသည်က သူ့ဆီကနေ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတယ်ဆိုတာ သူသဘောပေါက်ပြီး သူမရဲ့တကယ်အစစ်အမှန် ပင်ကိုယ်စရိုက်က သူနဲ့ မထိုက်တန်တဲ့သူတစ်ယောက်ဆိုတာ သူနားလည်ခဲ့သည်။

ဒါပေမယ့် သူအဲ့တာကိုကြိုက်တယ်။ သူမကို စောင့်ရှောက်ချင်တယ်။

"လင်းရှောင်ယွဲ့ " ရန်ယန် ရုတ်​တရက်​ သူမကို ​ခေါ်လိုက်သည်​။

"ဟွန်"

လင်းရှောင်ယွဲ့ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို သုတ်ပေးပြီး အဝတ်စကို စားပွဲပေါ်ပစ်ချလိုက်သည်။ "ရှင့်ခန္ဓာကိုယ်ကို လှည့်လိုက်၊ ရှင့်ခြေထောက်ကို အင်တုံထဲထည့်ထား၊ ကျွန်မ ရှင့် ခြေထောက်တွေ ဆေးပေးမယ်"

ရန်ယန်က သူမ ပြောတဲ့အတိုင်း နာခံခဲ့ပြီး ရွှံ့တွေပေကျံနေတဲ့ သူ့ခြေထောက်တွေကို အင်တုံထဲ ထည့်လိုက်သည်။

လင်းရှောင်ယွဲ့ရဲ့ နှင်းလိုဖြူဖွေးတဲ့ လက်သေးသေးလေးတစ်စုံက သူ့ခြေထောက်ကို အုပ်ကိုင်ထားပြီး အဲဒီလက်သေးသေးလေးတွေက သူ့ခြေထောက်တွေကို ဆေးပေးနေသည်။

သူ့ရှုထောင့်ကနေ သူမရဲ့ခေါင်းနဲ့ ခန္ဓာကိုယ်သေးသေးလေးကို မြင်နိုင်သည်။

အမျိုးသမီးလေးရဲ့ သေးသွယ်တဲ့ ပုံရိပ်က ရန်ယန်ရဲ့ အနက်ရောင်မျက်လုံးတွေထဲ ထင်ဟပ်နေပြီး သူ့လက်ကို မြှောက်ကာ လက်ရှည်ရှည်များနဲ့ သူမရဲ့ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ပေးနေခဲ့သည်......

ရန်ယန်က ခေါင်းငုံ့ခဲ့ပြီး နှုတ်ခမ်းထောင့်က ကော့တက်လာခဲ့သည်။ "ကောင်မလေး......."

ကံမကောင်းစွာပဲ သူ မကြာခဏ အပြင်ထွက်လာလို့မရဘူး။

မဟုတ်ရင် သူမကို သူ့ရဲ့ တကယ့်မိန်းမအစစ်ဖြစ်အောင် လုပ်မိမှာသေချာတယ်။

တကယ်လို့ ဒီခန္ဓာကိုယ်​ကသူ့ရဲ့ဟာဆိုရင်ပေါ့ ...

သူမကို ပျော်ရွှင်အောင်ထားမယ်၊ ကောင်းမွန်တဲ့ ဘဝကိုပေးမယ်၊ ကလေး မွေးဖွားပြီး ဝဖြိုးတဲ့ သားလေးကို ပြုစုပျိုးထောင်ပေးနိုင်ကြောင်း သူ့မှာ အာမခံချက်အပြည့်ရှိသည်။

ဒါပေမယ့် သူ မကြာခဏ မထွက်လာနိုင်ဘူး။ ထိုအရူးနှစ်ကောင်က အမြဲ ပြဿနာရှာပြီး သူ့ကို နောက်ဆက်တွဲတွေပဲ ဂရုစိုက်စေချင်တာ။ ရန်ယန်က စိတ်ကူးမယဉ်ရဲချေ။ တကယ်လို့ သူမမှာ သူ့ကလေးသာ ကိုယ်ဝန်ရှိနေရင် သူတို့ကလေးအပြင် သူမ "သူ့ကို"လည်း စောင့်ရှောက်ပေးရလိမ့်မည်။

သူမအတွက် ဒုက္ခနည်းအောင် လုပ်တာက ပိုကောင်းမယ်။

"ဒေါက် ဒေါက် " တံခါးခေါက်သံတစ်ခုထွက်လာခဲ့သည်။

ဒီလိုနဲ့ ဝမ်ရှို့ယင်ရဲ့အသံကိုကြားလိုက်ရသည်။ " ရှောင်ယွဲ့၊ ရှောင်ယန် အဆင်ပြေရဲ့လား။ သူ့ဒဏ်ရာက ပြင်းလား။ ဆရာဝန်ဆီသွားပြသင့်လား"

အခန်းငယ်ရဲ့ တံခါးကို လင်းရှောင်ယွဲ့က အထဲကနေ ဂျက်ထိုးထားသောကြောင့် ဝမ်ရှို့ယင် ဝင်လို့မရခဲ့ပေ။

မဟုတ်ရင် ဝမ်ရှို့ယင် တကယ်ဝင်လာပြီး ကြည့်ချင်နေလိမ့်မည်။

လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ဘက် ခေါင်းလှည့်ကာ "သူ အဆင်ပြေတယ်။ ကျွန်မ သူ့ကိုနောက်မှ ဆေးလိမ်းပေးလိုက်မယ်။ အမေ ဆေးဖက်ဝင်ဝိုင်နဲ့ ညစာ ပို့ပေးလို့ရမလား။ သူ့ကို အိပ်ရာထဲက မထွက်ခိုင်းစေချင်လို့။ ကျွန်မတို့ ဒီထဲမှာပဲ စားလိုက်မယ် "

"ကောင်းတာပေါ့၊ အခုချက်ချင်း သွားပြင်လိုက်မယ်။ ပြီးတော့ သမီးလည်း ရှောင်ယန်နဲ့ ဒီမှာတူတူစားလို့ရတယ် "

ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ စကားကို နားထောင်ခဲ့ပြီး ပြန်ဖြေပြီးနောက် လှည့်ထွက်သွားခဲ့သည်။

All Chapters