← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ခြေထောက်ကို ဆေးကြောပေးပြီးနောက်မှာ သူမ ခန္ဓာကိုယ်အောက်ပိုင်းကို ထပ် မသုတ်ပေးတော့ပေ။

သန့်ရှင်းတဲ့ အဝတ်အစားနဲ့ ဘောင်းဘီကို စားပွဲပေါ်တင်ပေးခဲ့ပြီး ရန်ယန် အခန်းထဲ အဝတ်လဲနေချိန် သူမ ရေသွန်ဖို့အတွက် အင်တုံကိုယူသွားခဲ့သည်။

ဒါပေမယ့် အိပ်ယာခင်းတွေက သူကြောင့် ညစ်ပတ်သွားတာမို့ နောက်ကျ ထပ်လဲဖို့ လိုသည်။

ညစာအတွက် နှစ်ယောက်သား အခန်းကျဉ်းလေးမှာ အတူတူစားခဲ့ကြသည်။ ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က သူတို့အိမ်မှာပဲ စားသောက်ကြသည်။ ဝမ်ရှို့ယင်က ရစ်ငှက် ပန်းကန်ကြီးတစ်ချပ်ကို ကြော်ခဲ့ပြီး ပန်းကန်သေးသေးလေးတစ်လုံးကို ရန်မိသားစုရဲ့သင်္ကေတဖြစ်တဲ့ သူ့မိဘတွေဆီ သားသမီးတွေရဲ့ရိုသေမှုအနေနဲ့ ပေးလိုက်သည်။

ကျန်ရှိတဲ့ အသားကောင်း အများအပြားကို လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ စားဖို့ ပို့ပေးခဲ့သည်။ လူကြီးနှစ်ယောက်က ရစ်ငှက်ခေါင်း၊ လည်ချောင်းနဲ့ ခြေထောက်တွေကိုသာ စားကြသည်။

ဝမ်ရှို့ယင်က ငါးပေါင်းကိုလည်း လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ဆီ တိုက်ရိုက် ပေးပို့ခဲ့သည်။ လူကြီးနှစ်ယောက် နှစ်ယောက်လုံး မစားဘူး......

ဒီဟင်းပွဲကို လင်းရှောင်ယွဲ့က သူမစိတ်ထဲထိ ကျေနပ်စွာစားခဲ့သည်။

ဒီအရွယ်ကတည်းက သူမ စားဖူးသမျှ အစားအစာတွေထဲမှာ ဒါက သက်တောင့်သက်သာအရှိဆုံး အစားအစာဖြစ်ခဲ့သည်။

ပန်းကန်ဆေးဖို့ ဝမ်ရှို့ယင်ဆီ သွားပို့မလို့လုပ်တော့ ဝမ်ရှို့ယင်က ပန်းကန်တွေ ဆေးနေပြီး ရန်တယုံက ဝမ်ရှို့ယင်ရဲ့ဘေးမှာထိုင်နေပြီး ကြက် လှောင်အိမ် ရက်ပေးနေတာ တွေ့လိုက်ရသည်။

လင်မယားနှစ်ယောက် အတူတူအလုပ်လုပ်နေကြပြီး မြင်ကွင်းက နွေးထွေးပြီး လိုက်ဖက်ညီလှသည်။

ဝမ်ရှို့ယင်က ကြက်ပေါက်လေး ငါးကောင်ကို အစားကျွေးပြီးပြီ။

တချို့ တွက်ချက်မှုများပြီးနောက် ဒီကြက်ငါးကောင်ကို မွေးမြူရင် တစ်နေ့မှာ ကြက်ဥငါးလုံး စားနိုင်လိမ့်မည်။ ဒါလည်း အရမ်းတွက်ချေကိုက်တယ်။

ခွဲခွာပြီးနောက် တတိယမိသားစုရဲ့ နေ့ရက်တွေက အလွန်သာယာခဲ့သည်။

ဒါပေမယ့်လည်း ဝမ်ရှို့ယင်ရဲ့ နှလုံးသားထဲ ရန်ယန်ရဲ့ ရောဂါက ပြဿနာကြီးတစ်ခု ဖြစ်နေသေးသည်။

ထို့အပြင် ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ ညဘက် ကာမဆက်ဆံမှုက လူကြီးတွေရဲ့ အမြင်၌ ပြဿနာကြီးတစ်ခုလည်း ဖြစ်သည်။

ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို အကြိမ်ပေါင်းများစွာ ကြည့်ပြီး ပြောစရာရှိနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ နောက်တော့ သူမလည်း မေးခဲ့သည်။ "အမေ ကျွန်မကို တစ်ခုခုပြောချင်တာရှိသေးလို့လား"

ဝမ်ရှို့ယင်က ပါးစပ် ဟထားပေမယ့် "မရှိဘူး.... ဘာမှမရှိပါဘူး"လို့ပဲ ဖြေခဲ့သည်။ လင်းရှောင်ယွဲ့က သူမအဲ့တာကို ပြောဖို့ ခက်ခဲနေတာကို မြင်တာကြောင့် သူမ ပြောလာအောင် အတင်းအကြပ် မလုပ်ခဲ့ပေ။

ခက်ခဲတဲ့အရာကို တွန်းအားပေးပြီး ပြောထွက်လာအောင်လုပ်တာက မဖြစ်နိုင်တဲ့ကိစ္စမျိုးဆို သူမ ရှက်ရလိမ့်မည်။

ညဘက် အခန်းငယ်လေးထဲ ပြန်လာခဲ့သည်။

လင်းရှောင်ယွဲ့က ဆေးဖက်ဝင်ဝိုင်ကို ကောက်ယူပြီး ရန်ယန်ကို ဆေးလိမ်းပေးဖို့ အစပြုခဲ့သည်။

သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေသည်။ လင်းရှောင်ယွဲ့ တကယ့်ကို စိတ်မသက်မသာဖြစ်နေတယ်.....

ရန်ယန်က စိတ်အနှောင့်အယှက်မဖြစ်ခဲ့ပေ။ အဲဒီအစား သူက သူမ ဂရုစိုက်ပေးတာကို နှစ်သက်ခဲ့သည်။

"အဲ့ပန့်ခ်အဖွဲ့...... အဲဒါက လက်စားချေတာပဲခြစ်မယ်။ နောက်ဆုံးအကြိမ်က ချီးတွေကို သူ့အပေါ် လောင်းချခဲ့တာ ရှင်ဆိုတာကို ရန်တဟဲ သိသွားတာပဲဖြစ်မယ်။ ဒီတစ်​ခါ​တော့ သူ ရှင့်ကို အရမ်းရိုက်​ခဲ့တယ်" လင်းရှောင်ယွဲ့က သူ့နောက်ကျောက ဒဏ်ရာတွေကို ဆေးလိမ်းပေးပြီး စိတ်သောကရောက်နေခဲ့သည်။

အခုလည်း သူ့ကို လက်တုံ့ပြန်ဖို့ အားပေးမှာလား သူမ မသိဘူး။

"လက်စားချေတာ မဟုတ်ဘူး"

ရလဒ်အနေနဲ့ ရန်ယန်က "ရန်တဟဲက ပိုင်ရှောင်ချွမ်းကို ကြိုက်နေတာ။ အဲဒါက ယောက်ျားတစ်ယောက်ရဲ့ သဝန်တိုတာကြောင့်ပဲ"

"အဲ့လိုလား"

လင်းရှောင်ယွဲ့က သူမ လက်ဖဝါးပေါ်က ဆေးဖက်ဝင်ဝိုင်ကို လိမ်းပေးလိုက်ပြီး ရန်ယန်ရဲ့ ကျောပြင်ပေါ်က ဒဏ်ရာတွေကို ပြင်းထန်စွာ ပွတ်လိုက်သည်။ "ဒါဆို သူတို့ က​လေး​တစ်ယောက် ​အပေါ် အဲ့လိုလုပ်တာကို ရှင်သဘောကျနေတာပေါ့ ဟုတ်လား"

"နည်းနည်းပါ"

ရန်ယန်ရဲ့ ပေါ့ပါးတဲ့လေသံထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့အရိပ်အမြွက်ပြနေသည်။ " ပိုင်ရှောင်ချွမ်းက ရန်တဟဲကို ကြည့်မရသလို ရန်တဟဲက ကောင်ကလေးအပေါ် ပိုင်ရှောင်ချွမ်းရဲ့ ဂရုစိုက်မှုကို မနာလိုဖြစ်နေတာ။ အဲ့ဒီရူးမိုက်တဲ့အရာက ဒီတစ်ကြိမ်မှာ ငါ သူတို့ကို ပိုနာကျင်ရတဲ့ဆုအဖြစ်ပေးလိုက်မှာ"

ဟမ်....

ဟုတ်ပါတယ်၊ ဒါက မကောင်းဆိုးဝါး ဗီလိန်ရဲ့နိုင်ပွဲပဲ။

အမှိုက်လို လူတစ်ယောက်နဲ့ အင်အားကြီးတဲ့သူတစ်ယောက် အားလုံးက အမျိုးသမီး ဇာတ်ဆောင်တွေလိုပင်။

လင်းရှောင်ယွဲ့က သူမရဲ့ ရန်ယန်ကို အမျိုးသမီးဇာတ်လိုက်ကို နှစ်သက်ခွင့်မပြုနိုင်ပေ။ သူမ ကြိုတင်သတိပေးချက်တစ်ခုကို ပေးထားရမည်။ "ရှင်ကကော"

"ဟမ်" ရန်ယန်ကခေါင်းအနည်းငယ်စောင်းကာ မေးလိုက်သည်။

လင်းရှောင်ယွဲ့က မေးလိုက်သည်။ "ရှင်လည်း ပိုင်ရှောင်ချွမ်းကို ကြိုက်လား"

ရန်ယန်က နှာမှုတ်ပြီး လှည့်လာကာ တောက်ပတဲ့ အနက်ရောင်မျက်လုံးတွေက သူမဆီမှာသာ ရှိနေခဲ့သည်...

ဒီကလေးမလေး ဒီနေ့ အရမ်းသဝန်တိုနေတာပဲ

သူ သူမဆီ လက်လှမ်းလိုက်သည်။ ရန်ယန်ရဲ့ ကျယ်ပြန့်တဲ့ လက်ဖဝါးကို ညင်သာစွာ မြှောက်လိုက်ပြီး သူမဆီ ဖြည်းညှင်းစွာ ချဉ်းကပ်ခဲ့သည်။

လင်းရှောင်ယွဲ့က အလိုလို နောက်ဆုတ်မိသွားသည်။ သူ့လက်တွေကလည်း ရပ်တန့်သွားပေမယ့် ဆက်လှမ်းလာပြီး သူမရဲ့မျက်နှာလေးကို ကိုင်ထားဆဲပင်။

"ဘာလို့လဲ....."

ထို့နောက် သူမ ရှက်သွားသည်။

ရေနံဆီမီးခွက်က တဖျပ်ဖျပ်ခတ်နေပြီး အလွန်တောက်ပတဲ့ အလင်းရောင်မရှိပေမယ့် ထိုအလင်းရောင်က ချစ်စရာကောင်းတဲ့ သူမမျက်နှာပေါ်မှာ ပေါ်နေတဲ့ နီမြန်းမှုကို မတားဆီးနိုင်ပေ။

နီးနီးကပ်ကပ်ကိုင်းချလာပြီး ရန်ယန်က လင်းရှောင်ယွဲ့ ဆီ ရောက်ရှိလာကာ သူ့ရဲ့နှုတ်ခမ်းပါးက သူမ နဖူးပေါ် ညင်သာစွာ နမ်းလိုက်သည်။

နှုတ်ခမ်းနဲ့ ဖိလိုက်တာနဲ့ လင်းရှောင်ယွဲ့ အမူအရာကတောင့်တင်းသွားပြီး သူမ ခန္ဓာကိုယ်က မလှုပ်ရှားရဲတော့ပေ။

ခဏအကြာမှာ ရန်ယန်ရဲ့ နှုတ်ခမ်းက သူမနဖူးဆီမှ တွန့်ဆုတ်စွာ ထွက်ခွာသွားခဲ့သည်။ ခပ်ဝေးဝေးတွင် သူ အသံလျှော့ချလိုက်ပြီး နှုတ်ခမ်းကိုဖွင့်ဟကာ "ငါဘာမှပြောစရာမလိုဘူးလို့ ထင်တယ်... လင်းရှောင်ယွဲ့၊ ငါ့နှလုံးသားက မင်းနဲ့ပြည့်နေပြီ"

အမှန်တော့ သူအဲ့တာကို မပြောပြတော့လုနီးပါးပဲ။

ဘာလို့လဲဆိုတော့ အဲ့ဒီနှစ်ယောက်က သူမကို ပြောထားပြီးသား။

မျက်နှာချင်း တူသူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိရပေမယ့် လင်းရှောင်ယွဲ့က လူသုံးဦးရဲ့ ဝန်ခံမှုကို တစ်ယောက်ပြီး တစ်ယောက်ဆီမှ လက်ခံခဲ့ရသလို ခံစားခဲ့ရသည်။

အထူးသဖြင့် နောက်ဆုံးတစ်ယောက်၊ သူ့ရဲ့ ဝန်ခံချက်က အရမ်းပြင်းထန်လွန်းလို့ သူမရဲ့ နှလုံးခုန်သံတွေက ဝရုန်းသုန်းကားဖြစ်နေသည်။

သူဖယ်လိုက်တော့ ရန်ယန်ရဲ့ ပြုံးနေတဲ့ နှုတ်ခမ်းများက အပေါ်သို့ စောင်းသွားကာ "ငါမင်းကို အခုထိ မထိရသေးဘူး။ အဲဒီနှစ်ယောက် မင်းရဲ့ ခန္ဓာကိုယ်ကို မထိစေနဲ့။ အဲဒီနှစ်ယောက်က မင်းကို အဆုံးထိ တာဝန်ယူဖို့ အမှိုက်တွေ များလွန်းတယ်။ ခဏလေးပဲစောင့်။ ဒီခန္ဓာကိုယ်က ငါ့ဟာ လုံးလုံးဖြစ်သွားရင် မင်းကို ငါ့မိန်းမအစစ်ဖြစ်လာအောင် ငါလုပ်မယ်။ အဲဒီ့မတိုင်ခင်တော့ ငါနောက်ထပ်တစ်ခုလုပ်ရဦးမယ်......."

လင်းရှောင်ယွဲ့ အေးခဲသွားပြီး ကြောင်တက်တက်နဲ့ ပြန်ရောက်လာခဲ့သည်။ "ဟမ်"

ရန်ယန်က သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "သုံးယောက်ထဲက တစ်ယောက်ကို ရွေးလိုက်။ မင်း ဘယ်သူကို ရွေးမှာလဲ"

လင်းရှောင်ယွဲ့ လက်ညှိုးကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ သူ့ကို ညွှန်ပြလိုက်သည်။ စကားနဲ့ဖြေရမည့်အစား လက်လှုပ်ရှားမှုဖြင့် ဖော်ပြခဲ့သည်။

ရန်ယန် မျက်နှာပေါ်က အပြုံးက ပိုနက်ရှိုင်းလာခဲ့သည်။ "မင်း ရွေးချယ်လိုက်တာကို မှတ်ထား။ ငါ အချိန်အများကြီး ထွက်မလာခဲ့ရင်တောင် မင်း ငါ့ကို ရွေးချယ်ခဲ့တာကို မမေ့လိုက်နဲ့"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

စိတ်ထဲမှာ ကြည်နူးမှုလေးတစ်ခု ခံစားလိုက်ရတယ်......

ညဘက်တွင် ရေနံဆီမီးခွက်ကို မှိတ်လိုက်ပြီး တူညီတဲ့ စောင်တစ်ထည်ထဲ ခြုံထားခဲ့သည်။ ရုတ်တရက်ကြီး ရန်ယန်က လင်းရှောင်ယွဲ့ကို ပွေ့ဖက်လာခဲ့သည်။

နောက်တစ်ကြိမ် ထွက်လာဖို့ဆိုတာ မလွယ်ဘူး။ ရန်ယန်က မအိပ်ဘဲ ရန်တဟဲကို လက်စားချေဖို့ အချိန်မဖြုန်းချင်တော့ပေ။

သူ လင်းရှောင်ယွဲ့ကို တစ်ညလုံး ပွေ့ဖက်ထားခဲ့တယ်...

လင်းရှောင်ယွဲ့က သူ့ရင်ခွင်ထဲ ရှိနေပြီး အလွန်အေးချမ်းစွာ အိပ်ပျော်နေသည်။

......

နောက်နေ့မနက်စောစော အိပ်ရာကနိုးလာတဲ့အခါ လင်းရှောင်ယွဲ့ သက်တောင့်သက်သာဖြစ်စွာနဲ့ လှည့်ကြည့်လိုက်တော့ ရန်ယန်ရဲ့ ရင်ခွင်ထဲမှာ ချုပ်နှောင်ခံရထားဆဲဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ယန်ယန် အိပ်ပျော်သွားပြီလား။

ညရဲ့ဒုတိယတစ်ဝက်မှာ သူ မထိန်းထားနိုင်တော့ဘဲ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းတာကြောင့် အိပ်ပျော်သွားခဲ့သည်။

လင်းရှောင်ယွဲ့က သူရဲ့ အိပ်မောကျနေပြီး ချောမောတဲ့ မျက်နှာကို ကြည့်ကာ ကြည့်လို့ ကျေနပ်သွားပြီးနောက် သူမ လှည့်ပြီး အိပ်ရာမှ ထလိုက်သည်။

ရန်န်ယန် ညဉ့်နက်မှ အိပ်ပျော်သွားတာဖြစ်မည်။ သူက အခုထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်။

လင်းရှောင်ယွဲ့ သူ့ကို ထဖို့ မခေါ်ခဲ့ဘူး။ သူမ အရင်ဆုံး မျက်နှာသစ်ဆေးကြောဖို့ သွားခဲ့သည်။

ဆောင်းတွင်းဆိုတော့ ရာသီဥတုကလည်း ပိုအေးလာသည်။

ခြံဝင်းထဲ လမ်းလျှောက်တဲ့အခါ လေအေးတွေ တိုက်ခတ်လာပြီး လင်းရှောင်ယွဲ့ရဲ့ ခန္ဓာကိုယ်သေးသေးလေးက အေးခဲသွားခဲ့သည်။

သူမ အဝတ်အစားသစ်တွေ လိုတယ်။

ဒီနေရာမှာ အကြာကြီးရှိနေပြီးနောက် သူမရဲ့ကိုယ်ပိုင်အဝတ်အစားတွေက ပါးလွှာတဲ့ အဝတ်အစားတွေသာဖြစ်သည်။ သူမရေချိုးချင်တဲ့အခါ ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ အတွက် သူမရဲ့ကိုယ်ပိုင်အ၀တ်အစားအချို့ကို ရှာဖွေပေးခဲ့သည်။

လင်းရှောင်ယွဲ့အနေနဲ့ သူမကိုယ်သူမ ကြင်နာရမည်ဖြစ်ပြီး သူမကိုယ်သူမ ဆိုးဆိုးရွားရွား မဆက်ဆံနိုင်တာကို သိလိုက်သည်။

သူမ အိတ်ကပ်ထဲမှာ၊ တတိယ ကိုယ်ခွဲရန်ယန် သူမကိုပေးထားတဲ့ ယွမ်နှစ်ဆယ် ဒါမှမဟုတ် ထိုမျှလောက် ရှိသေးသည်။ ဒါကြောင့် ဒီနှစ်မကုန်ခင် အဝတ်အစားသစ်တွေ ၀တ်နိုင်မှာပါ။

သူမရဲ့စိတ်ကူးပြီး ဒီလိုပဲ ဆုံးဖြတ်လိုက်သည်။

မနေ့ညက ရန်တယုံက ကြက်ငါးကောင်အတွက် ကြီးမားတဲ့ ကြက်လှောင်အိမ်ကြီးကို ရက်ပေးခဲ့သည်။ လင်းရှောင်ယွဲ့ ကြေမွနေတဲ့ စပါးအစာအချို့ကို ယူပြီး လှောင်အိမ်ဘေး ထိုင်ချလိုက်ကာ ကြက်ငါးကောင်ပေါ် ကျဲချလိုက်သည်။

"မြန်မြန်ကြီးလာပြီး ဥတွေစောစောဥပေးကြ။ ဥမဥတဲ့ကောင်က ဗိုက်ထဲဝင်ရမယ်"

လင်းရှောင်ယွဲ့ ကြက်တွေကို စနေခဲ့သည်။ အိမ်မှုကိစ္စတွေ လုပ်စရာမရှိတာကြောင့် သူမ အရမ်းပျင်းနေခဲ့သည်။

သူမစနောက်ရင်းနဲ့ ပိုင်ရှောင်ချွမ်းက ရန်အိမ်တံခါးဝနား တက်ခဲ့သည်။ "ဒီမှာ တစ်ယောက်ယောက် ရှိလား"

လင်းရှောင်ယွဲ့ ခေါင်းလှည့်လိုက်တော့ သူမနဲ့ အကြည့်ချင်း ဆုံသွားခဲ့သည်။ အဲ့နောက် ပိုင်ရှောင်ချွမ်းက သူမဆီ တည့်တည့်လျှောက်လာခဲ့သည်။ "ဟေး ညီမလေး၊ ဒီမှာရှိနေတာပဲ"

လင်းရှောင်ယွဲ့ - "ဘာကိစ္စရှိလို့လဲ"

ပိုင်ရှောင်ချွမ်းက သူမရဲ့ စစ်အိတ်ထဲက စာအုပ်တချို့ကို ထုတ်လိုက်ပြီး အတွင်းထဲမှာ မှတ်စုစာအုပ်နဲ့ ဘောပင်ကို ဆွဲထုတ်လိုက်သည်။ " မနေ့က ရန်ယန်ကို စာအုပ် ပေးခဲ့တယ်။ ရလဒ်ကတော့ မနေ့ညက သူ အနိုင်ကျင့်ခံရပြီး စာအုပ်တွေ ပျောက်သွားတယ်။ ပြန်လည်သုံးသပ်တဲ့စာအုပ် အနည်းငယ် ရှာတွေ့ထားတော့ သူ့ကို ကျောင်းသုံးပစ္စည်းတွေနဲ့ ပို့ပေးတာ။ ညီမလေးက သူ့မိန်းမပဲ၊ ဒါကို ညီမဆီပဲ ပေးလိုက်မယ်"

'ငါက ကြင်နာတတ်တယ်၊ ငါက အရမ်းကြင်နာတယ်၊ လှတယ်၊ နေရာတိုင်းက လူတိုင်းက ငါ့ကိုချစ်ကြလိမ့်မယ်'ဆိုတဲ့ စိတ်ဝိညာဥ်ထုတ်လွှတ်နေပြီး မယ်ရီစူး ဇာတ်လိုက် အမျိုးသမီးက တကယ်ကို ထိုက်တန်သည်။

သူမထလာတဲ့အခါ လင်းရှောင်ယွဲ့က နှုတ်ခမ်းပင့်ပြီး ပိုင်ရှောင်ချွမ်းကို ပြုံးပြလိုက်သည်။ "ရှင်က ကျွန်မတို့ရဲ့ ရှောင်ယန်အပေါ် အရမ်းကောင်းတာပဲနော်၊ ရဲဘော်"

'နင်သူ့ကို တကယ်​ကောင်းစေချင်တယ်ဆိုရင် သူနဲ့​ဝေး​ဝေး​နေ။'

' နင်သူ့အနားရောက်လာတဲ့အခါ နင့်သူ့ဆီ အကြောင်းမဲ့ ဘေးဒုက္ခတစ်ခု ယူဆောင်လာလိမ့်မယ်။'

'ကြောင်သူတော် မယ်ရီမ!'

"ရှောင်ယန် နဲ့ ကျွန်မက တော်တော်ရင်းနှီးတယ်။ တောင်းပန်ပါတယ်၊ ကျွန်မဆီမှာ သူ့အတွက် တခြားရည်ရွယ်ချက်မရှိပါဘူး၊ နားလည်မှုမလွဲပါနဲ့"

ပိုင်ရှောင်ချွမ်းက လင်းရှောင်ယွဲ့ နားလည်မှုလွဲမှာကို ကြောက်သည်။ သူမကို အရင်းဆုံးရှင်းပြဖို့ အလုပ်ရှုပ်နေသည်။ "ကျွန်မ သူ့အကြောင်း တစ်ခုခုကို တိုက်တိုက်ဆိုင်ဆိုင်ဆိုင် တွေ့လိုက်ရတာ။ သူ့ရဲ့ထူးခြားတဲ့ အခြေအနေကို ကျွန်မ သိတယ်။ ရှင်က သူ့မိန်းမပဲ။ ရှင်လည်း သိထားမှာပါ။ သူက စာအုပ်ဖတ်ရတာ ဝါသနာပါပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း ဖြေချင်နေတာ။ ရှင် သူ့ကိုအားပေးထောက်ခံလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲ့တာက သူ့ကို ကူညီပေးနိုင်လိမ့်မယ်"

"ကျေးဇူးတင်ပါတယ်"

လင်းရှောင်ယွဲ့က ပိုင်ရှောင်ချွမ်း သူမဆီ ပေးနေတဲ့ အချက်အလက်ကို ကျေကျေနပ်နပ် ယူပြီး ပြုံးကာ လက်ခံလိုက်သည်။

'စဉ်းစားကြည့်လိုက်။ ဒါကအလကားရတဲ့ လက်ဆောင်ပဲ။ နင့်ကိုယ်နင် တားနေစရာ မလိုဘူး။'

ဘယ်လိုပဲဖြစ်ဖြစ် သူမ ဖောင်တိန်တစ်ချောင်း ရခဲ့သည်။

"ရန်ယန် နိုးပြီလား"

ပိုင်ရှောင်ချွမ်းက စိုးရိမ်တကြီးနဲ့ "မနေ့က သူ့ကျန်းမာရေးအခြေအနေ ဘယ်လိုနေလဲ၊ ဆရာဝန်နဲ့ သွားပြခဲ့လား"

လင်းရှောင်ယွဲ့က သူမရဲ့ ပါးစပ်ထောင့်ကို ဆွဲလိုက်ပြီး "သူ ကောင်းကောင်း အိပ်ပျော်နေတယ်။ ရဲဘော်က အရမ်း စိတ်ပူနေတာပဲ။ သူ့ကိုဂရုစိုက်ဖို့ အထဲဝင် ကုတင်ဘေးမှာ ထိုင်ချင်သေးလား"

"အာ မလိုပါဘူး မလိုပါဘူး"

ပိုင်ရှောင်ချွမ်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ညီမလေး။ အစ်မက အဲဒီပညာတတ်လူငယ်တွေနေတဲ့နေရာနဲ့ မနီးမဝေးမှာနေတာ။ ရန်ယန်ရဲ့ အခြေအနေက ထူးခြားတယ်၊ အစ်မက သူနဲ့ သူငယ်ချင်းမို့လို့ ညီမလေး အကူအညီလိုရင် အဲဒီကို လာရှာလို့ရတယ်"

ကြင်နာလွန်းတယ်~

လင်းရှောင်ယွဲ့က မီးထဲရောက်နေသလို အရမ်းတုန်လှုပ်သွားသည်။ "ဟုတ်ပြီ၊ဟုတ်ပြီ ကျေးဇူးတင်ပါတယ် ရဲဘော်။ ရဲဘော်က တကယ်ကို လှပတဲ့ နှလုံးသားရှိတဲ့ ရဲဘော်ကောင်းပဲ"

ပိုင်ရှောင်ချွမ်းလည်း ဘာမှထပ်မပြောတော့ပေ။ စကားစမြည်ပြောပြီးနောက် သူမ လှည့်ထွက်သွားခဲ့သည်။

ပိုင်ရှောင်ချွမ်း မသွားခင် ခဏလေးမှာပဲ ရန်လျန်ဟွာက သမ်းဝေပြီး သူမရဲ့အိမ်ထဲက ထွက်လာသည်။

ပိုင်ရှောင်ချွမ်းရဲ့ပုံရိပ်ကိုတွေ့လိုက်ရတော့ ရန်လျန်ဟွာ ထိတ်လန့်စွာ စိုက်ကြည့်နေခဲ့သည်။

ပိုင်ရှောင်ချွမ်း ထွက်သွားတာကိုမြင်ပြီးနောက် ရန်လျန်ဟွာက လင်းရှောင်ယွဲ့ နဲ့ စကားပြောဖို့ အမြန်ပြေးလာသည်။ "ဟေ့ ကပ်စီးနဲ၊ အဲ့ဒီအမျိုးသမီးက မနက်အစောကြီး ဘာလို့ လာတာလဲ"

လင်းရှောင်ယွဲ့ သုံးသပ်ချက် စာကို လက်ပြန်မြှောက်လိုက်ကာ "ငါတို့ ရှောင်ယန်ဆီ တစ်ခုခု လာပို့တာ၊ ငါတို့ ရှောင်ယန် ကို ဂရုစိုက်နေတာ။ ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ ရဲဘော်လေးပဲ"

"Bah၊ သူက သဘောကောင်းလိုက်တာ!"

ရန်လျန်ဟွာက "သူမမှာ သရဲအကြံအစည်တွေ အများကြီးရှိတယ်။ ကပ်စေးနဲကို သတိထားဖို့ ငါသတိပေးလိုက်မယ်။ အရူးကို လုယူဖို့ သူ့လက်ချောင်းတွေကို ရွှေ့လိုက်တဲ့အချိန်ကျရင် နင့်မှာ ယောက်ျားရှိတော့မှာမဟုတ်ဘူး!"

လင်းရှောင်ယွဲ့ အကြေးခွံ အထိုးခံရသလို မျက်မှောင်ကြုတ်လိုက်သည်။ "ထွက်သွား!"

လင်းရှောင်ယွဲ့က စကား ပြောပြီးတာနဲ့ အိမ်ထဲဝင်သွားခဲ့သည်။

ရန်လျန်ဟွာက လင်းရှောင်ယွဲ့ရဲ့ ကြိမ်းမောင်းခြင်းကို ခံခဲ့ရပေမယ့် ဒီနေ့ သူမ ကြိမ်းမောင်းခံရမှုနဲ့အတူ အဓိကသတင်းအချို့ ရရှိခဲ့ပုံရသည်။

အိမ်အမြန်ပြန်ပြီး ရန်လျန်ဟွာက ခြင်းတောင်းနဲ့ အပြင်ထွက်တော့မယ့် ရန်ချန်ယွီဆီ ပြေးသွားခဲ့သည်။ "အမေ၊ အမေ အမေ့ကို ထူးခြားတာ တစ်ခုပြောပြမယ်!"

ရန်ချန်ယွီက ရန်လျန်ဟွာရဲ့ စကားတွေကို တည်ငြိမ်စွာ နားထောင်ခဲ့ပြီး သူမ အမူအရာက သံသယတွေ ပိုများလာသည်။ " ပိုင်ရှောင်ချွမ်းလို့ခေါ်တဲ့ ပညာတတ်လူငယ်က အရူးကို စိတ်ဝင်စားနေတယ်လို့ ဆိုလိုတာလား"

ရန်လျန်ဟွာက ခေါင်းညိတ်ပြလိုက်သည်။ "အဲ့လိုပဲဖြစ်မယ်။ မဟုတ်ရင် သူမက မနက်အစောကြီး အရူးကို တစ်ခုခုပေးဖို့ ဘာလို့လာမှာလဲ"

ရန်ချန်ယွီ အဲ့တာကို မယုံနိုင်ဘူး။ "မဟုတ်ဘူး ထင်တယ်။ ပိုင်ရှောင်ချွမ်းက အခု ကွန်မြူနတီ စာရင်းကိုင် တစ်ယောက် မဟုတ်လား၊ သူမက တော်တော် အရည်အချင်း ရှိတယ်၊ သူမက အရူးကို ကြည့်ပါ့မလား"

ရန်လျန်ဟွာက "အရူးက ပျော့ပျောင်းမှုမရှိရုံတင်မကဘူး။ ရုပ်ရည်ကလည်း ကောင်းတယ်လေ။ သူမ ကြိုက်တဲ့ပုံစံက ဒီလိုလူမျိုး ဖြစ်နိုင်တယ်"

ရန်ချန်ယွီက မယုံဘူး -.........

ရန်လျန်ဟွာက "အမေ၊ လင်းရှောင်ယွဲ့ထက် ပိုကောင်းတဲ့ နောက်ထပ်ဇနီးတစ်ယောက် ဝယ်ရမယ်လို့ အမြဲတပ်း မပြောခဲ့ဘူးလား။ လင်းရှောင်ယွဲ့ နေရာမှာ ပိုင်ရှောင်ချွမ်း နဲ့ အစားထိုးလိုက်ရအောင်။ ဒီနည်းနဲ့ဆို အိမ်မှာ ပြဿနာနည်းနည်းပဲ ရှိတော့မှာ"

သူမမှာလည်း အချစ်ပြိုင်ဘက်တစ်ယောက်လျော့တာပေါ့။

All Chapters