အခန်း (၂၉)
Vol. 3 Ch. 29
ရန် မိသားစုက အခြားအမျိုးသမီး နှစ်ဦးက သူမကို မကြိုက်တာ လင်းရှောင်ယွဲ့ သိပေမယ့် ထိုအမျိုးသမီးနှစ်ဦးက သူမကို အစားထိုးဖို့ သီးသန့်စီစဉ်ထားတာကို သူမတကယ်မသိခဲ့ပေ။
တကယ်တော့ သူမက ၁၉.၉ ယွမ်နဲ့ ဝယ်ထားတဲ့ ဈေးပေါတဲ့ အမျိုးသမီးတစ်ဦးသာဖြစ်ပြီး လောလောလတ်လတ် မိသားစုနဲ့ လက်ထပ်ထားတဲ့ ဇနီးလည်း မဟုတ်ချေ။
အိမ်နှစ်အိမ်က အမျိုးသမီးတွေရဲ့ အမြင်တွင် ဒီစျေးပေါတဲ့ပစ္စည်းကို ပြောင်းလဲဖို့ လိုအပ်သည်။
ပိုင်ရှောင်ချွမ်းနဲ့ ရန်ယန်တို့မှာ ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း ရန်လျန်ဟွာက တွေ့ရှိခဲ့သည်။ သူမ ပိုင်ရှောင်ချွမ်းကို ဖြည်းဖြည်းချင်း မျက်စိကျသွားခဲ့သည်။
သူမ ပိုင်ရှောင်ချွမ်းနဲ့ စတင်ဖို့ ရည်မှန်းထားပြီး ပိုင်ရှောင်ချွမ်းကို ရှေ့ထွက်ပြီး ရန်ယန်အတွက် လင်းရှောင်ယွဲ့ ကို တိုက်ခိုက်စေခဲ့သည်။
ဟုတ်ပါတယ် ဒါက ပိုင်ရှောင်ချွမ်းလည်း မသိတဲ့ အခြေအနေတစ်ခုပဲ။
ကျေးလက်ကိုသွားတဲ့ ပညာတတ်လူငယ်တစ်ဦးအနေနဲ့ ပိုင်ရှောင်ချွမ်းက ရှန့်ရန်ရွာရဲ့ အဖွဲ့ဝင်ကောင်းတစ်ဦးလည်းဖြစ်သည်။
သူမမှာ အရည်အချင်းမရှိရင် ပြည်သူ့စာရင်းကိုင်ရာထူးမှာ ရှိနေမှာ မဟုတ်ဘူး။
သူမကလွဲပြီး တခြားကျေးရွာက လူငယ်တွေက ကုန်ထုတ်တပ်ဖွဲ့ထဲမှာ အလုပ်သမားအင်အားစုအဖြစ် လုပ်ကိုင်နေကြဆဲဆိုတာ သိသင့်သည်။
ဤအသက်အရွယ်တွင် စာရေးအလုပ်တစ်ခုရဖို့က အလွန်ခက်ခဲသည်။
ရှေ့ကိုရောက်နိုင်တဲ့ အရည်အချင်းရှိရမယ်။
လကုန်နီးလာတာနဲ့အမျှ ပိုင်ရှောင်ချွမ်းက ကွန်မြူနတီမှာ အခြေချနေထိုင်ဖို့ လုပ်ဆောင်နေသည်။
သူမ အလုပ်များနေချိန် တစ်ယောက်ယောက်က သူမကို ပြောလာခဲ့သည်။ "ရဲဘော် ရှောင်ချွမ်း၊ အပြင်မှာ အမျိုးသမီးရဲဘော်တစ်ယောက် ရှာနေတယ်"
"အဲ့ဒါဘယ်သူလဲ" ပိုင်ရှောင်ချွမ်း မေးလိုက်သည်။
"ဟိုအရူးရဲ့မိသားစုထဲက ကောင်မလေးဖြစ်ပုံရတယ်။ သူ့နာမည်ကို ငါမသိဘူး" လို့ သူမ လုပ်ဖော်ကိုင်ဖက်က ပြောခဲ့သည်။
အရူးလို့ ခေါ်တာက.... ရန်ယန်။
အထက် ရန်ကျေးရွာလို သေးငယ်တဲ့ နေရာလေးမှာ အရူး ရန်ယန်က ထူးခြားတဲ့ တည်ရှိမှုတစ်ခုဖြစ်သည်။
ရန်မိသားစုရဲ့ တတိယသားက အရူးကို မွေးဖွားခဲ့ကြောင်း ရွာသားအားလုံး သိကြတယ်လို့ ဆိုနိုင်သည်။
ထို့အပြင် ရန်မိသားစုက ရွာအတွက် ထူးထူးခြားခြား ပံ့ပိုးကူညီမှု မရှိပေ။ ထို့ကြောင့် ရန်မိသားစုကို ပြောတဲ့အခါ ရွာသားတွေက အခြေခံအားဖြင့် 'အရူးမိသားစု' လို့ခေါ်ကြသည်။
ဆိုလိုတာက..... ရန်ယန်ရဲ့ မိသားစုက ဒီလောက်ပဲ။
ပိုင်ရှောင်ချွမ်းက ရန်ယန်ရဲ့ ကိုယ်ခွဲတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရပြီး ရန်ယန်က ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းတဲ့ လူနာတစ်ဦးဖြစ်တာကို သိတာကြောင့် ရန်ယန်အတွက် သူမ အတော်လေး စိတ်ပူနေသေးသည်။
မြို့မှ ကျေးလက်အထိ သူမရဲ့ အသိပညာက ရွာသားတွေထက် အနည်းငယ် ပိုနက်ရှိုင်းတာကြောင့် သူမ ရန်ယန်ကို မငြင်းဆန်ခဲ့ဘဲ သူ့ကို အတော်လေး ဂရုစိုက်ခဲ့သည်။
ရန်ယန် မိသားစုက သူမကိုတွေ့ဖို့လာတာ်လို့ ကြားတဲ့အခါ ပိုင်ရှောင်ချွမ်းက လင်းရှောင်ယွဲ့လို့သာထင်ခဲ့သည်။
သူမလက်ထဲက အလုပ်တွေကို ချပြီး ရုံးခန်းထဲက အမြန်ထွက်သွားလိုက်သည်။
ထို့နောက် သူမ ရန်လျန်ဟွာကိုသာ ရုံးအပြင်ဘက်တွင် မြင်ခဲ့ရသည်။
ပိုင်ရှောင်ချွမ်းလည်း ဒီမိန်းကလေး ရန်လျန်ဟွာကို သဘောမကျပေ။
လုရှမင် ကျေးလက်တောရွာဆီ နှစ်လကျော် သွားတဲ့အခါ ရန်လျန်ဟွာအပါအဝင် ရွာရှိမိန်းကလေးတွေက သူ့ကို အပြင်းအထန် လိုက်ပိုးပန်းခဲ့ကြသည်။
ပိုင်ရှောင်ချွမ်းက လုရှမင် အတွက် ခံစားချက်မရှိဘူးလို့ ပြောခဲ့ပေမယ့် လုရှမင်က သူမကို လိုက်ပိုးပန်းနေတာကြောင့် ပိုင်ရှောင်ချွမ်းက သူမဆီ ရန်လျန်ဟွာ ရောက်လာတဲ့အခါ မအံ့သြမိချေ။
သူမကို ဖျောင်းဖျဖို့ တစ်ခုခုပြောရုံကလွဲလို့ ဘာမှ မပိုပါဘူး။
ပိုင်ရှောင်ချွမ်း မှန်းဆလိုက်သည်။
"ရဲဘော် ပိုင်ရှောင်ချွမ်း၊ ငါတို့ ခဏလောက် စကားပြောလို့ရမလား" ရန်လျန်ဟွာက အစပြုပြီး ပြောဆိုခဲ့သည်။
"ဒီမှာ စကားပြောရအောင်"
ပိုင်ရှောင်ချွမ်းက ပတ်ဝန်းကျင်ကို လှမ်းကြည့်ကာ 'နင့်ရဲ့ လုပ်ရပ်ကို ငါကြည့်နေတယ်' ဆိုတဲ့ အမူအရာနဲ့ ရန်လျန်ဟွာကိုကြည့်ခဲ့သည်။ "ခွင့်ပြုပါဦး သီးသန့်စကားစမြည်ပြောဖို့ ငါ့ဆီမလာခင် နင့်ရဲ့မိသားစုနာမည်ကို နင်အရင်မိတ်မဆက်ပေးသင့်ဘူးလား"
ရန်လျန်ဟွာ သူ့မိသားစုနာမည်ကို ချက်ချင်းပဲ နာခံစွာမိတ်ဆက်လိုက်သည်။ "ငါ့နာမည်က ရန်လျန်ဟွာ။ ငါကအရူးရန်ယန်နဲ့ ဆွေးမျိုးတော်တယ်။ နင် မနေ့က ရန်ယန်ကို ငါ့အိမ် ပို့ပေးတော့ ငါတို့နှစ်ယောက်ဆုံခဲ့တယ်လေ "
ပိုင်ရှောင်ချွမ်း ခေါင်းညိတ်လိုက်သည်။
"နင် ဒီမနက် အစောကြီး အဲ့အရူးကို တစ်ခုခု ပို့ပေးဖို့ ငါ့အိမ်ကို အထူးအနေနဲ့ထွက်လာတယ်လို့ ငါကြားတယ်။ ဒါကြောင့် နင်နဲ့ အဲ့အရူးက ဆက်ဆံရေးကောင်းသင့်တယ်မလား" ရန်လျန်ဟွာ မှ အစပြု၍ မေးမြန်းခဲ့သည်။
ပိုင်ရှောင်ချွမ်းက ပြုံးလိုက်ပြီး "မဆိုးပါဘူး၊ အဲ့တော့ ဘာဖြစ်လို့လဲ"
ရန်လျန်ဟွာ ဘယ်ညာကို တစ်ချက်ကြည့်လိုက်ပြီး အသံကို တမင်လျှော့ပြီး ပိုင်ရှောင်ချွမ်းကို ပြောခဲ့သည်။ "နင် အရူးကို တကယ် ကောင်းကောင်း ဆက်ဆံနေတာ ငါမြင်လို့ ငါ နင့်ကို တစ်ခုခုပြောဖို့ လာခဲ့တာ"
ပိုင်ရှောင်ချွမ်း ခေါင်းညိတ်လိုက်သည်။ "အင်း"
"အရူးရဲ့ လက်ရှိမယားက သူ့မိန်းမ မဟုတ်ဘူး၊ သူ့အမေက ၁၉.၉ ယွမ်နဲ့ အစေခံ ဝယ်ထားတာ။ အဲ့မိန်းမကအရူးနဲ့ ဘာမှမသက်ဆိုင်ဘူး။ သူမက အရူးနောက်လိုက်ပြီး အရူးကိုစောင့်ကြည့်နေရတာ " ရန်လျန်ဟွာက တတွတ်တွတ်နဲ့ပြောခဲ့သည်။
ပိုင်ရှောင်ချွမ်းရဲ့ ခေါင်း အနည်းငယ် စောင်းသွားသည်။ သူမ ရန်လျန်ဟွာကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။
ရန်လျန်ဟွာက ထပ်ပြီး ဆက်ပြောပြနေခဲ့သည်။ "နင်အရူးကို တကယ် စိတ်ပူနေတာကို ငါမြင်တယ်။ ဒါကြောင့်မို့ အဲ့မိန်းမက အရူးအတွက် လုံးဝ မကောင်းဘူးဆိုတာ ငါ တိတ်တဆိတ်လာပြောပြတာ။ အဲဒီမိန်းမက အရူးကို အသုံးချပြီး အရူးကို အနိုင်ကျင့်နေတာ။ ငါ သူနဲ့အတူတူ တစ်မိုးအောက်မှာ နေခဲ့ပြီး အရူးကို သူအလုပ်လုပ်ခေါ်ခိုင်းတာ ငါ တစ်နေကုန် တွေ့နေရတယ်။ အရူးကို အခု သူ လုံးဝ အနိုင်ကျင့်နေတာ”
"အဲ့တော့ ဘာဖြစ်လဲ" ပိုင်ရှောင်ချွမ်း မေးလိုက်သည်။
ပိုင်ရှောင်ချွမ်း အမူအရာက သူမ မျှော်လင့်ချက်တွေနဲ့ မကိုက်ညီကြောင်း ရန်လျန်ဟွာ မြင်သည်။ အခု သူမအသံက နည်းနည်းစိုးရိမ်နေသည်။ "အဲ့တော့ အင်း ငါကသူနဲ့ တစ်မိုးအောက်တည်း အတူတူနေတော့ အဲဒီ့မိန်းမအကြောင်း ငါပြောလို့မရဘူး။ နင် အဲဒီအရူးကို အရမ်းစိတ်ပူနေတာ တွေ့တော့ နင်နဲ့ ငါစကားပြောဖို့ လာခဲ့တာ။ နင် အဲ့အရူးကို ကူညီဖို့ ငါ့အိမ်ကို မကြာခဏလာကြည့်တာ ပိုကောင်းမယ်"
"ဒါ နင့်မိသားစုရဲ့ကိစ္စမဟုတ်ဘူးလား။ ငါ့ကိုဘာလို့ကူညီခိုင်းစေချင်တာလဲ" ပိုင်ရှောင်ချွမ်းက အရမ်းရယ်စရာကောင်းတာ တွေ့သွားခဲ့သည်။
ရန်လျန်ဟွာက သူမတောင် မသိတဲ့ အကြောင်းအရာတွေကို ပြောလိုက်သည်။ တစ်ဖက်က ဘာပြောချင်တာလဲ။
သူမကို ရန်ယန်နဲ့ ပေါင်းသင်းစေချင်နေတာမျိုး ဖြစ်နိုင်လား။
ပိုင်ရှောင်ချွမ်းက သူမနဲ့ ရန်ယန်မှာ ကံတရားရှိရင်တောင် ရန်ယန်ရဲ့အခြေအနေကို နားလည်ဖို့မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို တွေးကြည့်ခဲ့သည်။ အဲ့တာက ရန်ယန်ကို ကြည့်ဖို့ မဖြစ်နိုင်ဘူး။
ရန်ယန်နဲ့ သူမကြားမှာ ကွာဟချက်ရှိပြီး ဖြတ်မကူးနိုင်တဲ့ မြောင်းတစ်ခုရှိသည်။
' ရန်လျန်ဟွာက ငါ့ကို လုရှမင်ဆီက ခွဲထုတ်ချင်တာကြောင့် ဒီအတွေးကို တွေးနေခဲ့တာလား။'
'ဟာသပဲ'
"ဟေး ငါရှင်းအောင်ပြောရမယ်၊ ဒါ ငါ့မိသားစုရဲ့ကိစ္စမဟုတ်ဘူး၊ ဒါ အရူးရဲ့ကိစ္စပဲ။ ငါအရူးအကြောင်း စိတ်မဝင်စားဘူး။ ငါ အရူးရဲ့အကြောင်းကို ဂရုမစိုက်ဘူး"
ရန်လျန်ဟွာက သူ့ကိုယ်ပိုင်နေရာကို ပထမဆုံးဖယ်လိုက်ပြီး ပိုင်ရှောင်ချွမ်းကို ပါးနပ်စွာဖျောင်းဖျလိုက်သည်။ "နင်အရူးနဲ့ ဆက်ဆံရေးကောင်းတာကို ငါမြင်လိုက်လို့ အဲ့ဒါကြောင့် သူ့အခြေအနေအကြောင်း နင့်ကိုလာပြောပြတာ။ အရူးရဲ့ဘေးနားက အမျိုးသမီးက စိတ်ထားမကောင်းဘူး။ နင်အရူးကို တကယ်ဂရုစိုက်ရင် သူ့ကို ဒီထက်ပိုတွေ့ဖို့ လာပြောနေတာ၊ ငါ အခုသွားတော့မယ် "
"သွားတာ ကောင်းပါတယ်" ပိုင်ရှောင်ချွမ်းက ရိုးရိုးရှင်းရှင်း ဧည့်သည်ကို လွှတ်လိုက်သည်။
ရန်လျန်ဟွာက ပိုင်ရှောင်ချွမ်းဆီမှ ထိုတုံ့ပြန်မှုကို မမျှော်လင့်ထားဘဲ ထွက်သွားတဲ့အခါ သူမ မျက်နှာမှာ ရှုပ်ထွေးတဲ့ အမူအရာများ ရှိနေသည်။
"သူက အရူးကို ကြိုက်တာလား၊ မကြိုက်ဘူးလား" ရန်လျန်ဟွာက တီးတိုးရေရွတ်လိုက်သည်။
ပိုင်ရှောင်ချွမ်းက အရူးကို ကြိတ်ကြိုက်နေတယ်လို့ ရန်လျန်ဟွာ ထင်ထားတာ။
မကြာခင်က သူမ ရွာဝင်ပေါက်မှာ ရှိနေတာကြောင့် ရန်တဟဲက ရန်ယန်နဲ့ ပိုင်ရှောင်ချွမ်းတို့အကြောင်း ထိုပန့်ခ်အဖွဲ့နဲ့ စကားပြောနေတာ ကြားလိုက်ရသည်။
ရန်တဟဲက ပိုင်ရှောင်ချွမ်းရဲ့ ရန်ယန်အပေါ် ဂရုစိုက်မှုကို အမြဲမနာလိုဖြစ်ပြီး ပိုင်ရှောင်ချွမ်းက ရန်ယန်ကိုကြိုက်နေတယ်လို့ အဲ့လူက ထင်သွားခဲ့သည်။
ထို့ကြောင့် ရန်လျန်ဟွာ မနေ့ညက ပိုင်ရှောင်ချွမ်းကိုတွေ့ခဲ့ပြီး မနက်အစောတုန်းကလည်း ရန်ယန်ကြောင့် သူမ အိမ်ကိုရောက်လာတာ မြင်လိုက်တော့ ပိုင်ရှောင်ချွမ်း ရန်ယန်ကို ကြိုက်နေတယ်လို့ သူမလည်း ထင်ခဲ့သည်။
ရန်လျန်ဟွာက လင်းရှောင်ယွဲ့ကို ညှစ်ဖို့ ပိုင်ရှောင်ချွမ်းကို ဆွချင်တာနဲ့ သူမဆီကို တမင်တကာ သွားခဲ့တာဖြစ်သည်။
ရလဒ်အနေနဲ့ ပိုင်ရှောင်ချွမ်းရဲ့ တုံ့ပြန်မှုက ရန်လျန်ဟွာ ကို ပဟေဠိဖြစ်စေခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ရန်လျန်ဟွာက သူမဘာတွေလုပ်ခဲ့လဲဆိုတာ မသိတော့ပေ။
တစ်ဖက်တွင် လင်းရှောင်ယွဲ့က နံနက်စောစောမှာ ဟင်းသီးဟင်းရွက်ဝယ်ဖို့ ခြင်းတောင်းတစ်ခုနဲ့ မြို့ဆီသွားခဲ့သည်။
ရန်ယန်က ညဉ့်နက်မှ အိပ်ပျော်သွားခဲ့သည်။ လင်းရှောင်ယွဲ့ အပြင်မထွက်ခင်ထိ သူ ကောင်းကောင်းအိပ်ပျော်နေတုန်းပဲ။ သူ့ကို မခေါ်ခဲ့ပေမယ့် မှတ်စုတစ်ရွက်တစ်ရွက် ထားခဲ့လိုက်သည်။
ရွာကနေ မြို့ကိုသွားတဲ့လမ်းက တော်တော်ဝေးသည်။ လမ်းလျှောက်ဖို့ တစ်နာရီကျော်ကြာသည်။
လင်းရှောင်ယွဲ့က မနေ့က ပိုမဝယ်ထားမိတဲ့အတွက် နောင်တရမိသည်။ တစ်ရက်မှာ ရက်အနည်းငယ် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဝယ်ထားရင် ရက်အနည်းငယ်ခြေလျင်လျှောက်ဖို့ သက်သာနိုင်သည်။
အဲဒါဆို ပိုအဆင်ပြေလိမ့်မယ် ...
သူမ အိတ်ကပ်ထဲမှာ သီးသန့်ငွေ ယွမ် ၂၀ နဲ့ ဟင်းသီးဟင်းရွက်အတွက် သုံးယွမ်သာ ကျန်တော့သည်။ အဲ့ဒါက ဝမ်ရှို့ယင် သူမကို ပေးခဲ့တာဖြစ်သည်။
လင်းရှောင်ယွဲ့က ဒီနေ့ ဟင်းသီးဟင်းရွက်တချို့နဲ့ အသားအနည်းငယ်သာ ဝယ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဝမ်ရှို့ယင် သူမကို ပေးခဲ့တဲ့ငွေက သိပ်အများကြီး မဟုတ်တဲ့အတွက် လင်းရှောင်ယွဲ့က သူမကို တတိယ ကိုယ်ခွဲ ရန်ယန် ပေးထားတဲ့ ကိုယ်ပိုင်ငွေကို ထုတ်သုံးခဲ့သည်။
သူမရဲ့ကိုယ်ပိုင်ငွေကို နေ့စဉ်နဲ့အမျှ သုံးစွဲနေရတာကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ စည်းစိမ်ဥစ္စာတောင်ကြီး ကုန်ခမ်းသွားအောင် ထိုင်စားရလိမ့်ည်။
(TN : ထိုင်စားရုံနဲ့ ချမ်းသာတဲ့တောင်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်၊ ဆိုလိုတာက ဝင်ငွေတစ်ခုမှ မဝင်ဘဲ တစ်စုံတစ်ယောက်ရဲ့ ပိုက်ဆံကိုထိုင်ဖြုန်းတာ )
လင်းရှောင်ယွဲ့ ပိုက်ဆံ သုံးနေချိန် သူမ စိတ်က လျင်မြန်စွာ ပျံ့လွင့်သွားသည်။ ငွေရှာဖို့ နည်းလမ်းရှာရမလား။
သူမ အတွက် ပိုက်ဆံရှာဖို့ တတိယ ရန်ယန်ကိုပဲ အားကိုးရတာလည်း မလွယ်ဘူး....... သူထွက်လာဖို့က မလွယ်ဘူး။
အပြန်လမ်းမှာ လင်းရှောင်ယွဲ့ စိတ်ထဲ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျမ်းဂန်အမျိုးမျိုးနဲ့ ပြည့်နှက်နေသည်။ နောက်ဆုံးတော့ သူမမှာ ဘုရားရှင်ရဲ့အမြင် ဒါမှမဟုတ် စာဖတ်သူတစ်ယောက်ရဲ့အမြင်ရှိသည်။ ဒီနေရာမှာ လူတွေနဲ့ ပေါင်းဖို့က မခက်ခဲသင့်ဘူး။
အေးအေးဆေးဆေး နေတတ်ပြီး သက်တောင့်သက်သာ နေချင်တာ...
လူတွေက မပျင်းကြသေးဘဲ ငွေရှာဖို့ သူတို့ရဲ့ ဦးနှောက်ကို အသုံးပြုဖို့ လိုအပ်သေးသည်။ နောက်ဆုံးတွင် သက်တောင့်သက်သာနေထိုင်ခြင်းရဲ့ အနှစ်သာရမှာလည်း ပစ္စည်းအခြေခံရှိသည်။
သူမ ဒီအကြောင်းကို ဆက်တွေးရင်း လင်းရှောင်ယွဲ့က ရှန့်ရန် ရွာကို ပြန်သွားခဲ့သည်။
လင်းရှောင်ယွဲ့က သူမ နဖူးက ချွေးတွေကို သုတ်လိုက်ပြီး အရှိန်မြှင့်ပြီး အိမ်ကိုအမြန်ဆုံး ပြန်သွားဖို့ ကြိုးစားခဲ့သည်။
ရန်ယန် နိုးလာပြီး သူမကို ရှာနေမှာကို သူမ စိုးရိမ်နေမိသည်။
ဒုတိယနဲ့ တတိယအတွက် သူမ မစိုးရိမ်ပေမယ့် ၆ နှစ်အရွယ် ပထမ ကလေး အတွက် စိုးရိမ်နေဆဲဖြစ်သည်။
သူ ဒဏ်ရာတွေရထားတာ။ သူ လှည့်ပတ်ပြေးရင် ဘာဖြစ်မလဲ။
တောင်ကြောလမ်း တလျှောက်လျှောက်သွားရင်း လင်းရှောင်ယွဲ့က သူမခေါင်းကို အလျင်စလို ငုံ့ပစ်လိုက်သည်။ သူမ၏ ခြေလှမ်းတွေက အလွန်မြန်သည်။
"ဟေး......"
ရုတ်တရက် လူတစ်ယောက်က သူမကို တားခဲ့သည်။
လင်းရှောင်ယွဲ့ကို ရုတ်တရက် တစ်စုံတစ်ယောက်က တားလိုက်ချိန်တွင် သူမ ခေါင်းငုံ့ပြီး အမြန် လမ်းလျှောက်နေခဲ့သည်။ သူမ အံ့အားသင့်တဲ့ အကြည့်ဖြင့် အလိုလိုကျုံ့သွားသည်။
"ဟေး မမျှော်လင့်ဘဲ......... ငါ မင်းနဲ့ပက်ပင်းတိုးတာပဲ "
သူမ မျက်လုံးရှေ့တွင် ထိုလူက လင်းရှောင်ယွဲ့ ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေက ဆာလောင်မွတ်သိပ်မှုနဲ့ ပြည့်နှက်နေသည်။
လင်းရှောင်ယွဲ့ ထိုလူရဲ့ မျက်နှာကို မမှတ်မိမီ စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေခဲ့သည် ..... ထိုလူက ရန်ရွှေ့ချန် ဖြစ်သည်။
တတိယအိမ် ခွဲပြီးတဲ့နေ့မှာ ရန်တယုံက သူ့အစ်ကို ရန်ကောပင်းအိမ်ကို ထမင်းနှစ်နပ်စားဖို့ မိသားစုကို ခေါ်သွားခဲ့သည်။
ထိုအစားအစာနှစ်နပ်ကို စားခဲ့တဲ့ လင်းရှောင်ယွဲ့ အတွက် ရန်ကောပင်းရဲ့သား ရန်ရွှေ့ချန်က သူမအား တစ်ချိန်လုံးစိုက်ကြည့်နေတာကြောင့် အလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။ သူ့မျက်လုံးတွေက ပေါ့ပါးပြီး တပ်မက်မှုအပြည့်ရှိနေသည်။
လင်းရှောင်ယွဲ့ ရန်ရွှေ့ချန်နဲ့ ပက်ပင်းသွားတိုးမိတာက ကံမကောင်းဘူးလို့ပဲ ပြောနိုင်သလို သူကတောင် သူမကို မှတ်မိနေသေးသည်။
"ခွင့်ပြုပါဦး။ ကျွန်မယောက်ျား အိမ်မှာစောင့်နေလို့။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ"
တောင်ကြောလမ်းက အလွန်ကျဉ်းမြောင်းပြီး အခြေခံအားဖြင့် လူတစ်ဦးသာ ဖြတ်သန်းနိုင်သည်။
ညတုန်းက မိုးရွာထားပြီး လယ်ကွင်းတစ်ခုလုံး ရွှံ့တွေစိုနေတော့ လင်းရှောင်ယွဲ့ လယ်ကွင်းထဲ မဆင်းချင်ဘူး။
ရန်ရွှေ့ချန်က အသားနံရံလို သူမကို ပိတ်ဆို့ထားခဲ့သည်။
တကယ်တော့ လင်းရှောင်ယွဲ့ သူ့လမ်းကို လာနေတာကိုမြင်တော့ တောင်ကုန်းလမ်းပေါ်ကို တမင်တကာသွားပြီး မျက်နှာချင်းဆိုင်တွေ့ခဲ့တာ။
ရည်ရွယ်ချက်ရှိတဲ့ ရန်ရွှေ့ချန်က သဘာဝအတိုင်း သူမကို လွှတ်ထားဖို့ အကြောင်းမရှိပေ။
သူက လင်းရှောင်ယွဲ့ စကားကို လျစ်လျူရှုပြီး သူမနှင့် နီးကပ်လာကာ "မင်းနာမည်က လင်းရှောင်ယွဲ့ ဟုတ်တယ်မလား"
ဒီလမ်းက တကယ်ကျဉ်းတယ်။ လင်းရှောင်ယွဲ့က သူ သူမအနား ချဉ်းကပ်လာတာ မြင်တဲ့အခါ သူမ သဘာဝအတိုင်း နောက်ပြန်ဆုတ်သွားနိုင်သည်။
လင်းရှောင်ယွဲ့က မပျော်မရွှင်တဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်ကာ "ကျွန်မ ရှင့်ကို သတိပေးမယ်။ ကျွန်မတို့မိသားစု နှစ်စုက အနည်းနဲ့အများတော့ ခင်မင်ရင်းနှီးနေကြတုန်းပဲ။ ရှင် ကျွန်မကို ဒီလိုမျိုး ဆက်ဆံရင် ကျွန်မရဲ့ယောက္ခမ၊ ယောက္ခထီးနဲ့ ကျွန်မ ယောက်ျားက ရှင့်ကို လွှတ်ပေးမှာမဟုတ်ဘူး"
"ဟာဟား၊ စိတ်မလှုပ်ရှားပါနဲ့။ မင်းရဲ့အခြေအနေကို ငါစုံစမ်းပြီးပြီ"
"မင်းမြင်လား မင်းက အရမ်းလှတဲ့ မိန်းကလေးပဲ။ အရူးနဲ့ လက်ထပ်ရတာ မင်းကို အသက်ရှူကျပ်စေတယ်မလား။ ညဘက်မှာ ပျော်နိုင်လား။ အရူးက အဲဒီအရာကိုတောင် နားမလည်လောက်ဘူး ဟုတ်တယ် မလား" ရန်ရွှေ့ချန်က လင်းရှောင်ယွဲ့ ဆီ ခြေတစ်လှမ်းချင်း ချဉ်းကပ်လာကာ မေးလိုက်သည်။
လင်းရှောင်ယွဲ့ မျက်ခုံးတစ်စုံက ပိုမိုတင်းကျပ်စွာ မျက်မှောင်ကြုတ်သွားသည်။ သူမ လှည့်ပတ်ကြည့်လိုက်သည်။ အနီးနားမှာ လူအနည်းငယ်သာ ရှိသည်။ အဲဒါ တကယ်ကောင်းတဲ့ အခြေအနေမဟုတ်ဘူး.....
ရန်ရွှေ့ချန် သူမဆီ တစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်နေတုန်း "မင်းကို ၁၉.၉ ယွမ်နဲ့ ဝယ်ထားတယ်လို့ကြားတယ်။ ငါ ယွမ် ၂၀ ပေးမယ်။ ငါ့အတွက် အလုပ်လုပ်ခိုင်းမှာ မဟုတ်ဘူး၊ ငါ့ကို ထမင်းဟင်းချက်ကျွေးခိုင်းပြီး သန့်ရှင်းရေးလုပ်ခိုင်းမှာ မဟုတ်ဘူး။ တစ်ရက်လောက်ပျော်ရအောင်လေ ဟုတ်ပြီလား။ ဘာပဲဖြစ်ဖြစ် အဲ့အရူးက မင်းနဲ့မတွေ့နိုင်ဘူးလေ။ အဲဒီအရူးက မင်းကို သူ့ကျွန်အဖြစ်ပဲ အိမ်ခေါ်ထားတာ။ ငါက သူ့ထက် ပိုက်ဆံပိုပေးမယ်။ မင်းကို ငါ့မိန်းမအစစ်အဖြစ် ဝယ်ပေးမယ် "
ထိုစကားများကို နားထောင်ပြီးနောက် လင်းရှောင်ယွဲ့ ရင်ဖို တုန်လှုပ်သွားပြီး သူမရဲ့ အမြင် သုံးခု ကွဲလုမတတ်ပင်။
ထားလိုက်တော့........
ရှေးခေတ် ဝေးလံခေါင်သီတဲ့ ရွာတွေမှာ ဤလူမဆန်တဲ့ လူတွေကို ပုံမှန်ရှုထောင့်သုံးမျိုးရှိဖို့ တောင်းဆိုလို့မရပေ။
လင်းရှောင်ယွဲ့ ခြေထောက်တွေက နောက်ဆုတ်မသွားတော့ပေ။ သူမနဲ့ရန်ရွှေ့ချန်ကြား ဝါးခြင်းတောင်းသုံးပြီး ကာလိုက်သည်။
အနီးနားတွင် အမှန်တကယ် လူမရှိဘူးလို့ တွေးကာ သူမက ဒုက္ခရောက်မှာကို ကြောက်တဲ့ မိန်းကလေးပင်။
ထို့ကြောင့် လင်းရှောင်ယွဲ့ အနည်းငယ် ကြိတ်ခံဖို့ အသင့်ဖြစ်နေပြီ။
"ဒေါ်လာနှစ်ဆယ်က နည်းလွန်းတယ်"
လင်းရှောင်ယွဲ့ - "ရှင့်မှာ ၅၀ ရှိလား"
"ဟက်~"
ရန်ရွှေ့ချန် ရယ်လိုက်သည်။ ဒီရယ်မောခြင်းက မုန်းတီးမှုအချို့ကို ဖြစ်စေသည်။
သူပြောတာကို သူမ နားမထောင်ခင် အနည်းဆုံး အကြိမ်အနည်းငယ် ကြိတ်ရမယ်လို့ သူထင်ခဲ့သည်။ သူမက အနည်းငယ်ဖြူစင်ပြီး သူမအရိုးထဲကတောင် ကိုယ်ကျိုးစွန့်ပြီး လူစွမ်းကောင်းပုံဖမ်းနေတဲ့သူလို့ သူထင်ခဲ့သည်။
သူမ ဒီလောက်မြန်မြန်သဘောတူလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။ ပြီးတော့ သူမက စျေးနှုန်းကို မြှင့်ပြီး နှစ်ဆကျော် တိုးလိုက်သေးတယ်။
ရန်ရွှေ့ချန်က လင်းရှောင်ယွဲ့ရဲ့ လှပတဲ့ မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး သူမမှာ သူ့အပေါ် စွဲဆောင်နိုင်တဲ့ စွမ်းအားရှိနေဆဲဖြစ်ကြောင်း သူပြောနိုင်သည်။
"ဒါဆို တစ်ခါလောက် စမ်းကြည့်ရအောင်..."
ရန်ရွှေ့ချန်က သူမဆီ ချဥ်းကပ်လာပြီး သူမကို ဖက်ဖို့ ကြိုးစားခဲ့သည်။
လင်းရှောင်ယွဲ့ သူ့အပေါ် ဝါးခြင်းတောင်းကို ဆက်အသုံးပြုခဲ့ကာ ထိတ်လန့်ကြောက်ရွံ့မှုကို ဖုံးကွယ်ပြီး နှုတ်ခမ်းကို ဖွင့်ဟလိုက်သည်။ "မစမ်းရဘူး။ အလုပ်ဖြစ်၊ မဖြစ်ဆိုတဲ့ စကားတစ်ခွန်းပဲရှိတယ်။ ရှင်အဲ့တာကို အလကား စမ်းကြည့်ရဲရင် ကျွန်မ ရှင့်ကိုသိက္ခာကျအောင်လို့ အရာအားလုံး စွန့်စားရဲတယ်။ ကျွန်မ ယောက္ခမတွေက ရှင့်အိမ်ကိုသွားပြီး ပြဿနာဖြစ်အောင်လုပ်လိမ့်မယ်"