← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ရန်ရွှေ့ချန်က သူမသဘောထားကို မြင်လိုက်ရသည်။ သူမ သဘောတူပြီးကတည်းက အဲ့ဒါကလည်း ပိုက်ဆံကိစ္စပဲလို့ သူထင်ခဲ့သည်။

ဒါဆို အဲ့တာကို ဆွေးနွေးမယ်.....

"၄၀ အဆင်ပြေလား" ရန်ရွှေ့ချန်က သူမနဲ့ ညှိနှိုင်းခဲ့သည်။

သူမ အရမ်းစိတ်ညစ်သွားတယ်...

လင်းရှောင်ယွဲ့က သူမနှလုံးသားထဲ အကြိမ်တစ်သန်းမက သူ့ကို မထီမဲ့မြင်ပြုခဲ့သည်။

ဒီလူက ရိုးရိုးရှင်းရှင်း အမှိုက်ကြီးပဲ။

လင်းရှောင်ယွဲ့ မျက်ဖြူလှန်လိုက်ပြီး အသံပြတ်ပြတ်နဲ့ပြောလိုက်သည်။ "၄၅၊ လစဉ်ပေးငွေ၊ အဲ့တာက အမြဲတစေမဟုတ်ဘူး"

သူနဲ့ ဘာ့ကြောင့် ဈေးဆစ်ချင်မှန်း သူမ မသိဘူး။ သူ့ရဲ့အရှက်ကင်းမဲ့မှုက ဘယ်မှာရှိလဲဆိုတာကို သူမ မြင်ချင်နေတာ ဖြစ်နိုင်သည်။

ဒီစကားထွက်လာတာနဲ့အမျှ ရန်ရွှေ့ချန်ရဲ့ အရှက်မဲ့မှုက လင်းရှောင်ယွဲ့ရဲ့ စိတ်ကူးထက် ကျော်လွန်သွားခဲ့သည်။

"ဘာလဲ။ အဲဒီအရူးက မင်းကို ကျွန်အဖြစ် ၁၉.၉ ယွမ်နဲ့ ဝယ်ခဲ့တာ မဟုတ်ဘူးလား"

ရန်ရွှေ့ချန်က မယုံနိုင်လောက်အောင် ပြုမူခဲ့သည်။ "ဘာလို့ လစဉ် ၄၅ ယွမ် ပေးရမှာလဲ။ မင်းရဲ့တစ်ကိုယ်လုံးက ဒီစျေးနဲ့တန်လို့လား"

အိုး...

အမှိုက်ကောင်

လင်းရှောင်ယွဲ့ သူ့ကိုအနှောင့်အယှက်ဖြစ်စေဖို့မရည်ရွယ်ဘဲ သူမရဲ့လက်ကို တည့်တည့်ဝှေ့ယမ်းလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ။ ဒါပေမယ့် ကျွန်မမှာ ပြောစရာ အခြေအနေလေးတွေ ရှိတယ်"

ရန်ရွှေ့ချန်က သူ ဈေးဆစ်လို့ ရပြီလို့ ထင်ပြီး နှုတ်ခမ်းပေါ်က အပြုံးနဲ့ မေးလိုက်သည်။ "ဘယ်လို အခြေအနေလဲ"

လင်းရှောင်ယွဲ့ ပေါ့ပေါ့​ပါးပါးနဲ့ အနည်းငယ်လောက် စာရင်းထုတ်လိုက်သည်။ "နေ့ခင်းတော့ မရဘူး ညဘက်မှ။ နေရာက မကောင်းဘူး။ ရှင်နေရာကောင်းကောင်း ရှာရမယ်။ ပြီးတော့ ပိုက်ဆံလည်း စောစောပေး!"

"ဟား~ မင်းမှာ လိုအပ်ချက်တွေ အများကြီးရှိပါလား"

ရန်ရွှေ့ချန် သူ့အခြေအနေတွေကို သူမ သဘောတူကြောင်း အပြည့်အဝယုံကြည်ခဲ့ပြီး ယောက်ျားတစ်ယောက်အနေနဲ့ သူ့ရဲ့ ရက်ရောမှုကိုလည်း ရောင်ပြန်ဟပ်ခဲ့သည်။ "ဒါပေါ့ ငါမင်းကို ကျေနပ်စေမှာပါ၊ ဒါဆို ဒီညစကြရအောင်။ ဘယ်အချိန်စမလဲ"

လင်းရှောင်ယွဲ့က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျွန်မယောကျ်ားက စောစောအိပ်တော့ ရှင်ကျွန်မ အိမ်နားမှာ စောင့်လို့ရတယ်။ ရှင့်ကို ရှာဖို့ ကျွန်မထွက်လာမယ်"

"ကောင်းပြီ"

ရန်ရွှေ့ချန်က သူမကို ဒီလောက်ချစ်စရာကောင်းနေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူလိုချင်နေတဲ့အရာကလည်း မြန်မြန်ဆန်ဆန်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

သူ့မျက်နှာက ပြုံးဖီးသွားခဲ့သည်။

လင်းရှောင်ယွဲ့က သူ တမ်းတမ်းစွဲဖြစ်နေတာကို မြင်လိုက်ရပြီး သူ့ရည်ရွယ်ချက်ကို ခေတ္တလျှော့ချထားသည်။ သူမက "ဒါဆို ရှင်အရင်ဆုံး လမ်းဖယ်ပေး ကျွန်မ အိမ်ပြန်ချင်ပြီ။ နောက်ပြီး လမ်းမှာကျွန်မကိုတွေ့ရင် စကားမပြောဘဲနဲ့ ကျွန်မနဲ့ဝေးဝေးနေ။ ဒီဆက်ဆံရေးကို ဖော်ထုတ်လို့ မရဘူး။ အဲဒါကို ရှင်သိပါတယ်"

ရန်ရွှေ့ချန်က လင်းရှောင်ယွဲ့ စကားကို နားထောင်ပြီး သူမအတွက်အိမ်ပြန်ဖို့အတွက် လမ်းလယ်ခေါင်မှ ချက်ချင်း ခုန်ဆင်းပေးခဲ့သည်။ "ကောင်းပြီ၊ သွားလေ ငါ ညမှ မင်းဆီ ပြန်လာမယ်!"

လင်းရှောင်ယွဲ့ အွန်း ဆိုတဲ့အသံပြုပြီး ခြင်းတောင်းကို ကိုင်ကာ ထွက်သွားခဲ့သည်။

ညကျရင်......

သူ့ကို သင်ခန်းစာကောင်းကောင်း ပေးရလိမ့်မယ်။

နောက်ဆုံးမှာ လင်းရှောင်ယွဲ့ တောင်ကြောလမ်းကိုဖြတ်ပြီး ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ခဲ့သည်။ သူမ လှည့်ကြည့်လိုက်တော့ ကွင်းပြင်မှာ ရပ်နေဆဲဖြစ်သည့် ရန်ရွှေ့ချန်က သူမကို ကြည့်နေသေးသည်။

လင်းရှောင်ယွဲ့က သူမလည်ပင်းကို ပွတ်လိုက်သည့် အမူအရာဖြင့် နှာခေါင်းပေါက်ကနေ ဟွန်းလုပ်ပြီး မကျေမနပ်ဖြစ်ကာ ညည်းညူးခဲ့သည်။

လင်းရှောင်ယွဲ့ ဝေးသွားတာကို ရန်ရွှေ့ချန် မြင်ပြီး လှည့်လိုက်သည်။ အဲဒီတုန်းက သူ အရမ်းပျော်တယ်။

လှည့်ကြည့်လိုက်တော့ လင်းရှောင်ယွဲ့ က ခြေလှမ်း ခပ်မြန့မြန်နဲ့ ထွက်သွားခဲ့သည်။ လင်းရှောင်ယွဲ့ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လေထဲတွင် မျက်စိမှိတ်ပြလိုက်သည်။ သူ့ကိုလည်း သူမ စိတ်ဝင်စားသလိုလုပ်ပြရမယ်။

ဒါကိုတွေးပြီး ရန်ရွှေ့ချန်က ​​ဒီညနေအစောပိုင်းမှာ သူမကို ပျော်ရွှင်စေဖို့ မျှော်လင့်နေသည်။

၄၅ ယွမ်အတွက်...

ရန်ရွှေ့ချန်က သူဈေးစစ်ရမယ်လို့ ခံစားမိပြီး အဲ့အချိန်ကျရင် ယွမ် ၃၀ ဖြတ်လိုက်ရအောင်။

လင်းရှောင်ယွဲ့က ရန်ရွှေ့ချန်ရဲ့ အရှက်မရှိတဲ့ နောက်ဆက်တွဲ အတွေးများကို မသိခဲ့ပေ။ သူမ ဝါးခြင်းတောင်းကို ထမ်းပြီး အိမ်အမြန်ပြန်ခဲ့သည်။

သူမ အိမ်ပြန်ရောက်တဲ့အခါ ရန်ယန်က အိပ်ပျော်နေသေးသည်။

အိပ်ချိန်က တော်တော်ကြာနေပြီ......

သူ မနက်စောစောကမှ အိပ်ပျော်သွားတာလား။

လင်းရှောင်ယွဲ့ မနေ့က အကြောင်းကို တွေးမိသည်။ သူမကို ရန်ယန်က အိပ်ဖို့ ဖက်ထားပေမယ့် အိပ်မက်ထဲမှာ ရန်ယန် သုံးယောက် အိပ်ရာပေါ် လဲလျောင်းနေတာကို သူမ မတွေ့ခဲ့ရပေ။

အဲ့တာက သူ အိပ်မပျော်တာကြောင့် ဖြစ်နိုင်သည် ......

ဒီရွှေလက်ချောင်းရဲ့ လုပ်ဆောင်ချက်ကို သူမ ဖြေးညင်းစွာ စူးစမ်းလေ့လာခဲ့ရသေးသည်။ ဖွံ့ဖြိုးတိုးတက်ဖို့နေရာတွေ အများကြီးကျန်နေသေးတယ်လို့ သူမ ခံစားရတယ်။

နေ့လည်စာစားချိန်မှာ လင်းရှောင်ယွဲ့က ရန်ယန်နဲ့အတူစားဖို့ ဘေးခန်းငယ်လေးဆီ အစားအစာတွေ ယူဆောင်သွားခဲ့သည်။

ရန်ယန်ရဲ့ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွားဒဏ်ရာရထားတာကြောင့် သူ့ကိုအိပ်ယာထဲမှာပဲနေခိုင်ပြီး နောက်ရက်အနည်းငယ်ကြာအောင် သူ့ကိုအိပ်ယာပေါ်က ဆင်းခွင့်မပြုခဲ့ပေ။

နိုးလာသူ ရန်ယန်မှာ ၆ နှစ်ရွယ် ကလေး ဖြစ်သည်။ လင်းရှောင်ယွဲ့က ယ သူနဲ့အတူ စားသောက်ပြီး သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ဆေးလိမ်းပေးဖို့ ဆေးဖက်ဝင်ဝိုင်ကိုယူခဲ့သည်။

၆ နှစ်ရွယ် ရန်ယန်က တတိယ ရန်ယန်လို သည်းမခံနိုင်တော့ လင်းရှောင်ယွဲ့ အနည်းငယ် ပြင်းပြင်းလေး ပွတ်ပေးလိုက်ချိန် အော်ဟစ်ခဲ့သည်။

"နာတယ် မိန်းမ နာတယ် နာတယ်......"

"သေအောင်နာတယ်........ ဆေးမကုချင်တော့ဘူး မိန်းမ"

"မိန်းမရေ........ ပွတ်ပေးတာရပ်လိုက်လို့ရမလား....."

"မရဘူး!"

လင်းရှောင်ယွဲ့က သူမ လက်ဖဝါးပေါ် ဆေးဖက်ဝင်ဝိုင်ကို ထပ်လောင်းချပြီး ရန်ယန် ခြေထောက်ပေါ်က ဒဏ်ရာတွေကို ရက်စက်စွာ လက်ဖြင့် ချိန်ရွယ်ထားသည်။

"အာ့.......... နာတယ် နာတယ် နာတယ် မိန်းမ!" ရန်ယန် ပါးစပ်က မနားတမ်း အသတ်ခံရတဲ့ ဝက်တစ်ကောင်လို အော်ဟစ်နေသည်။ လင်းရှောင်ယွဲ့က နာကျင်မှုကြောင့် ပုံပျက်ပန်းပျက်နေတဲ့ မျက်နှာကို သတိပြုမိပြီး မနေ့ညကအကြောင်း သတိရမိသွားသည်။ တတိယရန်ယန်က သူ့နှုတ်ခမ်းကို ပိတ်ထားကာ နိမိတ်ပြပြီး ချွေးထွက်ခဲ့ပေမယ့် ဘာမှ မပြောခဲ့ပေ။

တတိယရန်ယန်က သူရဲ့အမူအရာကို စီမံခန့်ခွဲဖို့နဲ့ သူ့ ပုံရိပ်နဲ့ ကိုယ်နေဟန်ထားကို ထိန်းသိမ်းဖို့ အလွန်ကြိုးစားခဲ့ပေမယ့် ရလဒ်အနေနဲ့ ဒီအရူးကလေးကြောင့် ပျက်စီးသွားခဲ့ပြီ။

လင်းရှောင်ယွဲ့က တွေးရင်း မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။

"ကောင်းပြီ ရှင့်ကို တစ်မိနစ်လောက် အနားယူခွင့်ပေးမယ်"

လင်းရှောင်ယွဲ့က သူမလက်တွေကို ရပ်တန့်လိုက်ပြီး လက်သေးသေးလေးတွေကို သူ့ဒူးပေါ်တင်ကာ လက်ဖမိုးပေါ် သူမ၏ မေးစေ့ကို တင်လိုက်သည်။

ရန်ယန် နာကျင်စွာ ရင်တထိတ်ထိတ်နဲ့ ငိုမဲ့မဲ့ဖြင့်မျက်ရည်ဝိုင်းနေတဲ့ သူ့မျက်လုံးတွေက ရေစိုနေတဲ့ အလင်းရောင်တွေနဲ့ တောက်ပနေသည်။

"ကလေးလေး ........." လင်းရှောင်ယွဲ့က သူ့ကို ခေါ်လိုက်သည်။

"ငါ့ကို ဒီလိုခေါ်လို့မရဘူး"

ရလဒ်အနေနဲ့ ရန်ယန်က သူမကို ငြင်းပယ်ခဲ့သည်။ "မင်းက ငါ့မိန်းမ၊ မင်းက ငါနဲ့ အသက်တူတူပဲ၊ ငါ့ကို ဒီလိုမျိုး ခေါ်လို့မရဘူး"

လင်းရှောင်ယွဲ့က နှုတ်ခမ်းစေ့ပြီး ပြုံးလိုက်သည်။ "ကောင်းပါပြီ ရှောင်ယန်ရယ်။ မနေ့က ရိုက်ခံရတာကို မှတ်မိသေးလား"

ရန်ယန် ပါးစပ်က လျှပ်ပြေးသွားခဲ့ပြီး သူ့မျက်နှာက ညှိုးငယ်နေတဲ့ အမူအရာနဲ့ "ငါ့ကို ဘယ်သူရိုက်မှန်း မသိဘူး..... ငါ မသိဘူး.....! နာတယ်... ငါ ဒီမှာ မနေချင်ဘူး ....... "

နာ​​နေလို့ လွတ်​​မြောက်​ချင်​တယ်။

အဲ့တော့ တတိယကိုယ်ခွဲ ထွက်လာတာပေါ့။

လင်းရှောင်ယွဲ့က သူစိတ်ဒဏ်ရာအပြင်းထန်ဆုံးဖြစ်ချိန် တတိယကိုယ်ခွဲကို အမြဲဖြစ်ပေါ်လာစေမှာကို လင်းရှောင်ယွဲ့က မသိခဲ့ပေ။

နေ့ခင်းဘက်ပဲဖြစ်ဖြစ်၊ ညအချိန်ပဲဖြစ်ဖြစ်၊ ဒီခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိမိနေသမျှ ဝေဒနာကို ခံနိုင်ရည်ရှိဖို့ ထွက်လာတဲ့သူက အမြဲတမ်း တတိယကိုယ်ခွဲပဲ။

တတိယကိုယ်ခွဲက နာကျင်ပြီးနောက် လက်တုံ့ပြန်ဖို့ ကြိုးစားတဲ့အခါ၊ အခြားကိုယ်ခွဲနှစ်ခုရဲ့ ဖိနှိပ်ခံရမည်ဖြစ်သည်။

တတိယကိုယ်ခွဲက.........အားကြီးတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ နှိမ့်ချတတ်တဲ့ ပင်ကိုယ်စရိုက် ရှိသည်။

လင်းရှောင်ယွဲ့က ရန်ယန်ကို ထပ်မေးလိုက်သည်။ "ရှင့်ကို အနိုင်ကျင့်တဲ့ အဲ့ဒီလူဆိုးတွေကို ရှင် ပြန်ပြီး အနိုင်ကျင့်နိုင်မယ်လို့ ရှင်တွေးဖူးလား"

ရန်ယန် ခေါင်းခါလိုက်သည်။ "မလုပ်နိုင်ဘူး"

လင်းရှောင်ယွဲ့ရဲ့ မည်းနက်နေတဲ့ မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေသည်။ "ဟုတ်ပါတယ် ရှင်မလုပ်နိုင်ဘူး။ ရှင်ဘာလို့ မလုပ်နိုင်ဘူးလို့ ထင်တာလဲ၊ အဲဒီလူတွေကို ရှင် အနိုင်မယူနိုင်ဘူးလို့ ထင်နေလို့လား"

"အင်း......"

ရန်ယန်က ထိုနေ့ အကြောင်းတွေးကာ နှုတ်ခမ်းစူခဲ့သည်။ "ငါ သူတို့ကို မရိုက်နိုင်ဘူး။ နောက်ပြီး ငါလည်း မရိုက်ဘူး၊ ငါ့မိသားစုကို ဒုက္ခမပေးနိုင်ဘူး။ အမေ့ကို ပြောရင် အမေက ငါ့ကို ဆူလိမ့်မယ်။ သူမ ဝမ်းနည်းလိမ့်မယ်၊ ငါတို့ ပိုက်ဆံ ဆုံးရှုံးရရင် ပိုတောင် ဝမ်းနည်းလိမ့်မယ်..."

လင်းရှောင်ယွဲ့က သူ လက်တုံ့ပြန်ဖို့ မရွေးချယ်ရတဲ့ အကြောင်းရင်းကို အခုသိလိုက်ပြီ။ အကြောင်းကတော့ သူ့မိသားစုကို ထည့်တွက်ထားလို့ပဲ။

လင်းရှောင်ယွဲ့ မဝံ့မရဲမေးလိုက်သည်။ "ဒါဆို ရှင့်မှာ သူတို့ကို ရိုက်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုရင် ရှင် သူတို့ကိုရိုက်ရင် ရှင့်အမေက ရှင့်ကို အပြစ်တာ မျိုး ဆူတာမျိုးလုပ်မှာမဟုတ်ဘူး။ ဒီလိုဆိုရင် ရှင် သူတို့ကို ပြန်အနိုင်ကျင့်ချင်လား"

လင်းရှောင်ယွဲ့က ရန်ယန်ဘယ်တော့မှ မတွေးခဲ့ဖူးတဲ့ ယူဆချက်ကို ပေးခဲ့သည်။

ဒါပေမယ့် သူမအဲ့တာကို ပေးလိုက်သလို သူ့မိန်းမရဲ့စကားကို အမြဲနားထောင်တတ်တဲ့ ရန်ယန်ကလည်း ဒါကို အလေးအနက်စဉ်းစားခဲ့သည်။ အချိန် အနည်းငယ် ကြာတော့ ရန်ယန်က ခေါင်းညိတ်ခဲ့သည်။ "ဒါဆို ငါ သူတို့ကို ပြန်အနိုင်ကျင့်ချင်လိမ့်မယ်။ မိန်းမ၊ ငါ သူ့ကို ပြန်အနိုင်ကျင့်နိုင်မယ်လို့ ထင်လား"

သူ့စိတ်ထဲက မသေချာမရေရာမှုကြောင့် ရန်ယန်က လင်းရှောင်ယွဲ့ကို နှစ်ကြိမ်တိုင်တိုင် မေးခဲ့သည်။

လင်းရှောင်ယွဲ့ မှာ အမြဲတမ်း အားပေးမှု မူဝါဒ ရှိသည်။ သူမ ဒူးကိုထိလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဒါပေါ့။ ရှင်က သန်မာတဲ့ ရှောင်ယန်ပဲ၊ ဖြိုချလို့မရသလို သန်မာတဲ့သူဖြစ်မယ်လို့ ကျွန်မ မျှော်လင့်တယ်။ မတ်တပ်ရပ်နေရမယ့်အစား ပြုတ်ကျပြီးရင် မတ်တပ်ပြန်ရပ်နိုင်တဲ့အထိ သန်မာတယ်။ မတ်တပ်ရပ်ပြီး သူတို့ကိုပြန်ချပစ်နိုင်တဲ့အထိ သန်မာတယ်။ အဲ့လူဆိုးတွေ မရပ်နိုင်အောင် ရှင်ရှေ့တိုးပြီး အစပျိုးနိုင်ရင် ပိုကောင်းလာလိမ့်မယ်!"

လင်းရှောင်ယွဲ့က ဘယ်တုန်းကမှ ချုပ်တည်းတာမျိုး မခံစားတတ်သူ ဖြစ်တာကြောင့် သူမက လက်ရှိ ရန်ယန်ကို သူ့ တတိယကိုယ်ခွဲနှင့် ပိုနီးစပ်ဖို့ တိုက်တွန်းခဲ့သည်။

သူ့အနားမှာ သူမ မရှိတဲ့အချိန်တွေရှိမှာလဲ..........

သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မယ်လို့ သူမမျှော်လင့်တယ်။

သူက ကလေးဆိုရင်တောင် ခံနိုင်ရည်ရှိပြီး ပြန်တိုက်ခိုက်တတ်တဲ့ ကလေးမျိုးဖြစ်ရမည်။

"မိန်းမ..."

ရန်ယန်က သူ့မိန်းမ သူ့ကို ဒီလို အားပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

စိတ်ခံစားမှုအပြည့်ရှိတဲ့ မျက်နှာနဲ့ လင်းရှောင်ယွဲ့ကို စိုက်ကြည့်ရင်း "ငါ့မိန်းမ ဘာကိုဆိုလိုတယ်ဆိုတာ ငါသိတယ်။ ငါသေချာပေါက် ကြိုးစားပြီး ငါ့မိန်းမကြိုက်တဲ့ ရှောင်ယန် ဖြစ်လာစေရမယ်။ အဲဒီလူဆိုးအုပ်စု ထပ်ပေါ်လာရင် ငါပြုန်လုပ်ပစ်မယ်။ ငါ့လက်သီးနဲ့ ထိုးသတ်ပစ်မယ်!"

ရန်ယန်က ပြတ်သားတဲ့ မျက်နှာထားနဲ့ လက်သီးကို မြှောက်လိုက်သည်။

လင်းရှောင်ယွဲ့ ပြုံးပြီး သူ့လက်သီးကို ဖိလိုက်သည်။ "သူတို့ကို သေအောင်ရိုက်ဖို့ ပြောနေတာ မဟုတ်ဘူး။ ရှင့်ကိုယ်ရှင် ကာကွယ်ဖို့ ပြောနေတာ၊ သူတို့ အနိုင်ကျင့်တာကို မခံနဲ့၊ သူတို့ ရှင့်ကို တစ်ခုခုလုပ်ပြီး အနိုင်ကျင့်မခံရဖို့ ပြောနေတာ။ သူတို့ကို မရိုက်နဲ့ ဦးနှောက်ကိုသုံးပြီး အနိုင်ယူဖို့ နည်းလမ်းရှာ ခက်ခက်ခဲခဲ ဘယ်တော့မှ မလုပ်နဲ့။ ခက်ခက်ခဲခဲလုပ်ရင် သူတို့ထက် ပိုဆိုးတဲ့ အနိုင်ကျင့်တာခံရလိမ့်မယ် ဆိုတာ နားလည်ထား"

"နားလည်ပါပြီ မိန်းမ!"

ရန်ယန် နာခံစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သူ့ပါးစပ်က လေလျော့သွားခဲ့သည်။ "ဒါပေမယ့် မိန်းမ ...... ငါ သူတို့ကို အနိုင်ကျင့်ရင် သူတို့ ငါ့အမေကိုရှာပြီး ငါတို့ပိုက်ဆံဆုံးရှုံးရရင် ဘယ်လိုလုပ်ရမလဲ။ ဒါဆို အမေ အရမ်းစိတ်မကောင်းဖြစ်လိမ့်မယ်..."

"ဒါဆို ရှင် သူတို့ကို အနိုင်ကျင့်ခဲ့တာကို သူတို့မသိစေနဲ့"

လင်းရှောင်ယွဲ့က "ရှင့်ရဲ့ ဦးနှောက်ကိုသုံး၊ ပြန်ပြီး အနိုင်ကျင့်ဖို့ ထက်မြက်တဲ့နည်းလမ်းတွေကို သုံး။ ရှောင်ယန်က ​​ထက်မြက်တဲ့ကလေးဆိုတာ ကျွန်မယုံကြည်တယ်။ ရှောင်ယန်က နည်းလမ်းကို တွေးနိုင်လိမ့်မယ် ဟုတ်တယ်မလား"

ကလေးကို ချော့တဲ့ ထုံးစံလို သဘောထားကြီးတဲ့ မူဝါဒ။

လင်းရှောင်ယွဲ့က ထိုအချိန်တွင် သူမ သူငယ်တန်းဆရာမတစ်ယောက်လို စကားပြောနေတယ်လို့ ခံစားမိသည်။

ဒါပေမယ့် ရန်ယန်ဆိုတဲ့ ကလေးအတွက်တော့ အလွန်ချော့မော့ခံနေရတာဖြစ်သည်။

ရန်ယန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ မိန်းမ။ ငါ နည်းလမ်းတစ်ခု စဉ်းစားမယ်။ ငါ နည်းလမ်းကို သေချာစဉ်းစားလို့ရတယ်!"

လင်းရှောင်ယွဲ့ သူ ဉာဏ်အလင်းရသွားတာကို မြင်လိုက်ကာ သူ့ဒူးကိုပုတ်လိုက်သည်။ "ကောင်းပြီ၊ ဒါဆို ဆေးဆက်လိမ်းရအောင်"

"အား...... အရမ်းနာတယ် မိန်းမ..." ရန်ယန်ရဲ့ နောက်ထပ် အော်သံ ထွက်လာခဲ့သည်။

"နာတယ်၊ ဒါပေမယ့် ဆေးလည်းလိမ်းမှရမယ်။ ယောက်ျားဆိုတာ နာကျင်မှုကို ခံနိုင်ရည်ရှိရမယ်"

လင်းရှောင်ယွဲ့ သူ့ကို စိုက်ကြည့်နေခဲ့သည်။ " ရှောင်ယန်က သန်မာတဲ့လူတစ်ယောက်ဆိုတာ ကျွန်မယုံတယ် ဟုတ်တယ်မလား "

ရန်ယန်က သူမရဲ့ သူငယ်တန်းဆရာမ လေသံကို အသားကျနေခဲ့သည်။ "ဟုတ်တယ်! ငါ မခံနိုင်ဘူး....... အား! ဒီလောက်နာတယ်လေ မိန်းမ!"

တစ်စက္ကန့်အတွင်း ပျက်သွားခဲ့သည်...

လင်းရှောင်ယွဲ့က ၆နှစ်အရွယ် ရန်ယန်ကို ဦးနှောက်သုံးဖို့ အကြံပေးပြီး လူဆိုးတွေကို လက်စားချေတဲ့နည်းကို ထက်မြက်တဲ့နည်းနဲ့ များများတွေးခိုင်းသည်။

အဲဒါနဲ့ သူမကိုယ်တိုင် အဲဒီရွံစရာကောင် ရန်ရွှေ့ချန်ကို ရင်ဆိုင်ခဲ့ရသည်။

ဒီကောင်ကို ဘယ်လို ဆက်ဆံရမလဲဆိုတာကိုလည်း သူမ တွေးနေရမယ်။

လင်းရှောင်ယွဲ့က ဒီအကြောင်းကို ဝမ်ရှို့ယင်ကို ပြောပြနိုင်ပြီး မိသားစုရဲ့ အကြီးအကဲတွေကို လွှတ်ပြီး ညဘက်မှာ ရန်ရွှေ့ချန်ကို ဖမ်းကာ ရန်ကောပင်း အိမ်ဆိ တိုက်ရိုက်ခေါ်သွားနိုင်သည်။

ဒါပေမယ့် ရန်ရွှေ့ချန် အတွက် အလွန်သက်သာနေပုံရသည်။

ထို့အပြင် ဝမ်ရှို့ယင် ဒီအကြောင်းကို သိရှိပြီးနောက်တွင် မိသားစုနှစ်စုကြား ဆက်ဆံရေးအတွက် ထိုကိစ္စကို ထည့်သွင်းစဉ်းစားမှာလားဆိုတာ လင်းရှောင်ယွဲ့ သေချာမသိတာကြောင့် သူမ ရန်ရွှေ့ချန်ကို သီးသန့်အနေနဲ့ ပညာအနည်းငယ်ပေးနိုင်သည်။

ဖြစ်နိုင်ပါတယ်.....

ဒီကိစ္စကို အကြီးတွေကို ပြောရမယ်ဆိုရင် မနာမကျင်တဲ့ သတိပေးချက်တွေနဲ့ ပြေလည်သွားလိမ့်မယ်လို့ သူမ ခံစားခဲ့ရသည်။

ထို့အပြင် ရန်ရွှေ့ချန်က ရာဇ၀တ်မှုတစ်ခုကို ထပ်မံကျူးလွန်ဖို့ အလားအလာရှိကောင်းရှိလိမ့်မည် ။

လင်းရှောင်ယွဲ့က တစ်နေ့မှာ တစ်ယောက်တည်း လမ်းလျှောက်ပြီး သူနဲ့ထပ်ပြီး တိုက်မိခဲ့ရင် သူ ဒီတစ်ခါလို ကောင်းနေမှာမဟုတ်ပေ။

ထို့ကြောင့် လင်းရှောင်ယွဲ့က သူ့ကို အပြစ်ပေးဖို့ သူမကိုယ်ပိုင်နည်းလမ်းတွေကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

နေ့ခင်းဘက်မှာ သူမနဲ့ ရန်ယန်တို့က အနားယူဖို့ အခန်းငယ်လေးထဲက ကုတင်ပေါ် လှဲနေခဲ့ပြီး ရန်ယန်ကို ပုံဆွဲဖို့ စာအုပ်နဲ့ဖောင်တိန် ပေးထားခဲ့သည်။

သူမ ငြိမ်ငြိမ်လေး လဲလျောင်းနေပြီး ရန်ရွှေ့ချန်ကို ဘယ်လို ပညာပေးရမလဲဆိုတာ တွေးနေမိသည်။

တစ်​​နေ့ခင်းလုံးစဉ်းစားပြီးမှ...

နောက်ဆုံးတော့ ညနေကိုရောက်လာခဲ့ပြီ။

၆ နှစ်အရွယ် ရန်ယန်နေရာကို စိတ်ဓာတ်ကျနေတဲ့ ရန်ယန်က အစားထိုးခဲ့သည်။

လင်းရှောင်ယွဲ့ က ရန်ရွှေ့ချန် အကြောင်းကို စိတ်ဓာတ်ကျနေသည့် ရန်ယန်ကို ပြောပြခဲ့ပြီး နောက်ပိုင်း ရန်ရွှေ့ချန်ပေါ် သွန်ချပစ်ရန် သူမဆီမှာ မစင်တစ်ပုံး အဆင်သင့်ရှိနေပြီ။

ရန်ယန်က လင်းရှောင်ယွဲ့ မှာ ထို အခြေအနေမျိုး ရှိနေမယ်လို့ မမျှော်လင့်ထားပေ။

ဒါကို သူမ သတိပြုမိတော့ အခန်းသေးသေးလေးရဲ့ အပြင်ဘက်မှာ မစင်ပုံးကို ချထားပြီး သူမရဲ့အစီအစဉ် တစ်ခုလုံးကို အသိပေးလိုက်သည်.....

ထိုအချိန်မှာ သူ့မျက်နှာပေါ်က အမူအရာမှာ အတော်လေး ဆိုးရွားလှသည်။

သူမက သန်မာပြီး လွတ်လပ်တယ်လို့ သူထင်သည်။

ဒီလိုကိစ္စတွေနဲ့ ကြုံလာရတဲ့အခါ သူမက အထီးကျန်နေပြီး အစီအစဥ်တွေနဲ့ ပြည့်နှက်နေသည်။ နေ့ခင်းတစ်ခင်းလုံး သူမ အရူးရန်ယန်ကို ဒီအကြောင်း မပြောခဲ့ဘူး..

သူထွက်လာမှပဲ သူနဲ့ စကားပြောခဲ့တယ်။

ရန်ယန်က သူ့ရဲဘောကြောင်မှုနဲ့ အသုံးမဝင်မှုတို့ကို ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားခဲ့သည်။

ဒီနေ့သူ စောစောအိပ်ရင် သူမတစ်ယောက်တည်း ရင်ဆိုင်နေရမှာ မဟုတ်ဘူးလား။

လင်းရှောင်ယွဲ့က ရန်ယန်က သူ့နှလုံးသားထဲ သူ့ဘာသာအပြစ်တင်ရှုံ့ချတာကို မသိခဲ့ပေ။ သူမရဲ့ one-stop plan က အရမ်းကောင်းတယ်။

နောက်ပိုင်း သူမ ရန်ရွှေ့ချန်ကို သေချာ ပြုပြင်ပေးလိမ့်မည်။

ညက ပိုမှောင်လာခဲ့သည်...

လင်းရှောင်ယွဲ့က ဘေးခန်းငယ်လေးမှာ ရန်ယန်နဲ့အတူ စောင့်နေသည်။ စိတ်လှုပ်ရှားစွာနဲ့ လက်ကို ပွတ်သပ်ရင်း ......

ရန်ယန်က ရှုပ်ထွေးတဲ့အကြည့်နဲ့ သူမကိုကြည့်နေပြီး သူ့ကိုယ်သူ ယောက်ျားမဟုတ်ဘူးလို့ ထင်ခဲ့သည်။

အချိန်တစ်ခုကို စောင့်ပြီးနောက်......

နောက်ဆုံး ရန်ရွှေ့ချန် ရောက်လာပုံရသည်။

လင်းရှောင်ယွဲ့က အခန်းကျဉ်းလေးထဲမှ အပြင်ဘက်က ဆူညံသံကို ကြားလိုက်ရသည်...

သူမ ရန်ရွှေ့ချန်နဲ့ ကုဒ်စာလုံးကို မဖော်ပြပေမယ့် ၎င်းက မဖွယ်မရာအသံဖြင့် သူဖြစ်ကြောင်း သူမ ကောက်ချက်ချနိုင်သည်။

"ဒီမှာ ခဏစောင့်နေ။ ကျွန်မ မစီမံနိုင်ရင် ရှင့်ကိုခေါ်လိုက်မယ်"

လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး "ရှင် ဒီပြတင်းပေါက်ကနေ ချောင်းကြည့်နေ။ ကျွန်မ သူ့ကို ဘယ်လို ပညာပေးမလဲဆိုတာ!"

ရန်ယန် - "......"

ရန်ရွှေ့ချန်ကို အနိုင်ယူဖို့တောင် သူမ တွေးခဲ့သေးတယ်...

All Chapters