အခန်း (၃၁)
Vol. 3 Ch. 31
"ဥသြ......."
ရန်ရွှေ့ချန် ကိုယ်တိုင်တီထွင်ဆွဲထားတဲ့ အချက်ပြသံက ဆက်ထွက်ပေါ်လာပြီး လင်းရှောင်ယွဲ့ကို အပြင်ထွက်ပြီး လာတွေ့ဖို့ တိုက်တွန်းခဲ့သည်။
လင်းရှောင်ယွဲ့က သူ့ကို တစ်ညလုံး စောင့်နေခဲ့ပြီး နောက်ဆုံးတော့ သူပေါ်လာခဲ့ပြီ။
သူ့ခေါ်သံကြားတော့ လင်းရှောင်ယွဲ့ ထပြီး ပြတင်းပေါက်ဆီသွားခဲ့သည်......
အခန်းငယ်လေးမှာ အပြင်ဘက် ဦးတည်နေတဲ့ ပြတင်းပေါက်တစ်ခုရှိသည်။ တတိယကိုယ်ခွဲက အချိန်အများစုမှာ အဲ့ပြတင်းပေါက်ကပဲ ထွက်သည်။
* (TN: တတိယကိုယ်ခွဲ = ရန်ယန်၏ တတိယကိုယ်ခွဲကို ရည်ညွှန်းသည်)
လင်းရှောင်ယွဲ့က စားပွဲပေါ်တက်ပြီး ပြတင်းပေါက်ကနေခေါင်းထွက်ကြည့်လိုက်တော့ မကြာခင်မှာပဲ သူမရဲ့အိမ်အနီးမှာ ကျုံ့ပြီးနေနေတဲ့ ရန်ရွှေ့ချန်ကို တွေ့လိုက်ရသည်။
လင်းရှောင်ယွဲ့လည်း အသံထွက်ပြီး ရန်ရွှေ့ချန် အာရုံကို စွဲဆောင်ခဲ့သည်။
ရန်ရွှေ့ချန် မော့ကြည့်လိုက်တဲ့အခါ လင်းရှောင်ယွဲ့ ခေါင်းက ပြတင်းပေါက်မှာ ထွက်နေတာကို တွေ့လိုက်ရသည်။ နောက်မီးလင်းနေတဲ့ အပြုံးနဲ့ ပြတင်းပေါက်ဆီ အမြန်သွားခဲ့သည်။ "ဟေး၊ ဘာဖြစ်နေတာလဲ"
လင်းရှောင်ယွဲ့ က တိုးတိုးနေဆိုတဲ့ အမူအယာလုပ်ကာ တင်းမာမှုဖြစ်စေတဲ့ လေသံနဲ့ တမင်တကာပြောခဲ့သည်။ "ရှင့်ရဲ့အသံကိုတိုး ရှောင်ယန် အိပ်ပျော်သွားပြီ။ ကျွန်မ ဒီကနေ ထွက်လာချင်တယ်။ ရှင် အောက်မှာ ထိုင်ချပြီး ကျွန်မကို ထိန်းပေး "
ရန်ရွှေ့ချန်က နာခံမှုရှိရှိနဲ့ နံရံနား အလျင်အမြန်လျှောက်သွားကာ မတ်တပ်ထရပ်ပြီး လက်ဆန့်ပေးခဲ့ကာ သူမကိုထိန်းပေးဖို့ အသင့်ဖြစ်နေပြီ။
လင်းရှောင်ယွဲ့က ခေါင်းကိုပြန်ဆုတ်ပြီး ပြတင်းပေါက်ဘက်က ခုန်ဆင်းဖို့ ပြတင်းပေါက်ပေါ် တင်ပါးနဲ့ ထိုင်လိုက်ကာ ခြေတစ်ဖက်လှမ်းကာ "လာဖမ်းပေး" လို့ သူ့ကို ပြန်ခေါ်ခဲ့သည်။
ရန်ရွှေ့ချန်က အလျင်အမြန် လက်ဆန့်ကာ လင်းရှောင်ယွဲ့ ခြေထောက်ကို ကိုင်လိုက်တော့ လင်းရှောင်ယွဲ့က သူ့ကိုကန်ပစ်လိုက်သည်။ "ကျွန်မကို မကိုင်နဲ့။ ပြုတ်ကျသွားလိမ့်မယ်"
ရန်ရွှေ့ချန်က သူမ ခြေထောက်ကို နောက်တစ်ကြိမ် ထပ်မကိုင်ရဲတော့ဘဲ သူမကို "ငါ ဘာလုပ်ရမှာလဲ"လို့ မေးလိုက်သည်။
လင်းရှောင်ယွဲ့ က "ရှင် နံရံနားမှာ မတ်တပ်ရပ်နေ အောက်ဆင်းဖို့ ရှင့်ပခုံးပေါ်တက်လိုက်မယ်"
ရန်ရွှေ့ချန်က သူ့လက်ကိုပြန်ရုတ်ပြီး လင်းရှောင်ယွဲ့ သူ့ ပခုံးပေါ် လှမ်းတက်ဖို့ နံရံဘေးမှာ နာခံစွာရပ်နေခဲ့သည်။
ဖြစ်စဉ်က နည်းနည်းတော့ ရှုပ်နေနိုင်ပေမယ့် သူ ဂရုမစိုက်ဘူး။ နောက်ဆုံးတော့ ဒါပထမဆုံးအကြိမ်ပဲ။ နောက်ဆုံးတော့ သူက သူ့ဦးနှောက်ကို အမြဲသုံးနိုင်တယ်...
သူမနဲ့ ကိစ္စတွေကို ပြီးနိုင်သရွေ့ ဒီလိုဖြစ်စဉ်မျိုးက အရေးမကြီးချေ။
လင်းရှောင်ယွဲ့ ရဲ့ ခန္ဓာကိုယ် တစ်ဝက်လောက်က ပြတင်းပေါက်မှာ တွဲလောင်းကျနေပေမယ့် သူမ ဆင်းဖို့ မစီစဉ်ဘဲ ခြေထောက်တွေကို လှုပ်ယမ်းကာ ရန်ရွှေ့ချန် ရဲ့ မျက်နှာကို အကြိမ်ပေါင်းများစွာ ကန်ခဲ့သည်...
ရန်ရွှေ့ချန်က သူမခြေဖဝါးက ရွှံ့တွေ သူ့မျက်နှာပေါ်ပေသွားတာ ခံစားလိုက်ရသည်။ လင်းရှောင်ယွဲ့က သူ့ပါးစပ်ထဲ ကန်လိုက်တဲ့အခါ သူ့ ရွှံ့တွေကိုထွေးထုတ်လိုက်သည်။ "မင်းဘာဖြစ်နေတာလဲ။ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာလား"
"အမလေး!"
လင်းရှောင်ယွဲ့က ရုတ်တရက် ထအော်လိုက်သည်။ "ရှောင်ယန် ၊ ရှင် ဘာလို့ နိုးလာတာလဲ"
သူမရဲ့စကားကိုကြားတော့ ရန်ရွှေ့ချန်က စကားပြောရင်း ဖမ်းမိသွားသလို ခံစားလိုက်ရသည်။ မော့ကြည့်ကာ အိမ်ရဲ့ အခြေအနေကို အလေးအနက် ကြည့်နေသည်။
ဒါပေမယ့် အိမ်အတွင်း၌ ရန်ယန်က ရှုပ်ထွေးသလို မျက်နှာထားနဲ့ သရုပ်ဆောင်နေတဲ့ လင်းရှောင်ယွဲ့ ကို ကြည့်လိုက်သည်။
"ရှောင်ယန် ရှင် ဆက်အိပ်လိုက်ဦးနော်......ကျွန်မ ကျွန်မ ပြန်လာမယ်..."
လင်းရှောင်ယွဲ့ အပေါ်ကို တက်ဖို့ လက်ဟန်ခြေဟန်လုပ်ပြခဲ့ပေမယ့် ပွင့်နေတဲ့ ပြတင်းပေါက်ကို မကိုင်ဘဲ ခုန်ဆင်းခဲ့သည်။
လုံးဝပြင်ဆင်ထားမှုမရှိတာကြောင့် ရန်ရွှေ့ချန်က သူမ တိုက်ရိုက်ဖိတာ ခံလိုက်ရသည်။ သူက မြေကြီးပေါ် လဲကျသွားပြီး အော်ဖို့လုပ်လိုက်သည်။
သူ မတုံ့ပြန်ခင်မှာ လင်းရှောင်ယွဲ့က မြက်ခင်းထဲမှာ ဝှက်ထားတဲ့ မစင်ရေတွေကို အမြန်ယူပြီး သူ့အပေါ်ကို ပက်လိုက်သည်။
"အိုး အမလေး ...."
ရန်ရွှေ့ချန်ရဲ့ခန္ဓာကိုယ်မှာ မစင်ရေတွေပြည့်နေခဲ့သည်။
မစင်နံ့က ချက်ချင်းဆိုသလို သူ့နှာခေါင်းဖျားမှာ စွဲကပ်သွားပြီး ရန်ရွှေ့ချန်က သူ့မျက်နှာကို သုတ်ပြီး မျက်လုံးကို ဖွင့်လိုက်သည်...
"ဝေါ့!"
ထူးဆန်းတဲ့ အရသာရှိတဲ့ အရည်ကို ထွေးထုတ်ရာ ရန်ရွှေ့ချန် အသံမထွက်ရဲပေ။ အသံထွက်ရင် ရန်မိသားစုက လူတွေ သူ့အသံ ကြားသွားမှာ ကြောက်သည်။
ရန် မိသားစုက အပြင်ထွက်လာရင် လင်းရှောင်ယွဲ့နဲ့ သူ့ဆက်ဆံရေးက ထင်ရှားသွားလိမ့်မည်။
လင်းရှောင်ယွဲ့က သူ့အား နာကျင်စေတယ်ဆိုတာ သိပေမယ့် စကားမပြောဝံ့ပေ။ သူမ ဟန်ဆောင်ကာ အသံသေးသေးလေးဖြင့် ပြောနေသေးသည်။ " တောင်းပန်ပါတယ် ကျွန်မ အရင်ဆုံးထလိုက်တဲ့အချိန် ရေပုံးကို လက်နဲ့ ကိုင်လိုက်တာ။ တင်းတင်း မကိုင်ထားမိတော့ ရေတွေရှင့်အပေါ် ဖိတ်ကုန်တာ..... ကျွန်မ ပြန်သွားရတော့မှာဆိုတော့ ရှင့်နဲ့ စကားထပ်မပြောနိုင်တော့ဘူး"
လင်းရှောင်ယွဲ့က ရန်ရွှေ့ချန်နဲ့ စကားအနည်းငယ်ပြောပြီး ဘောင်းဘီရှည်ကို မပြီး ရန်ရွှေ့ချန်ရဲ့ အနီးတစ်ဝိုက်က ပြေးသွားကာ မစင်ရေအနည်းငယ်လေးတောင် သူမခန္ဓာကိုယ်ပေါ် မပေစေချင်ပေ။
ရန်ရွှေ့ချန် အခုအချိန်မှာ သူ့မျက်လုံးတွေပေါ် ရေတွေစင်နေတာကြောင့် စိတ်တိုနေသေးသည်။ အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်ပြီး စိုစွတ်နေတဲ့လက်ဖြင့် မျက်လုံးများကို သုတ်လိုက်သည်။
သူ့လက်ကို နှာတံပေါ်တင်ပြီး အနံ့ကို ရှူလိုက်သည်...
ကောင်းကင်ဘုံ တက်သွားပြီ...
"F*CK......."
ရန်ရွှေ့ချန် အနံ့ခံနိုင်တာကြောင့် ကျိန်ဆဲဖို့ မကူညီနိုင်ခဲ့ပေ။ "ဒီပစ္စည်းက ရေမဟုတ်ဘူး အား" သူ အော်လိုက်သည်။ ဒါက မစင်ရေတွေ။ မိသားစုက မြေသြဇာအဖြစ် သုံးကြတာ။
လင်းရှောင်ယွဲ့က ရန်အိမ်တံခါးကို အမြန်ပြေးပြီး အမြန်ပြန်သွားကာ ရန်ရွှေ့ချန်ကို ပြောလိုက်သည်။ "မဖြစ်ဘူး၊ တံခါး သော့ခတ်ထားတယ်။ ကျွန်မ ဝင်လို့မရတော့ဘူး"
"ဟင်"
ရန်ရွှေ့ချန် ယခုအချိန်မှာ သူ့ကိုယ်နံ့ကို စွဲစွဲမြဲမြဲ ခံစားနေရပြီး သူ့ခေါင်းကို ပေါက်ကွဲထွက်လာစေသည်။
လင်းရှောင်ယွဲ့ ဘက်က ဒုက္ခရောက်နေသေးတာကို ကြားတော့ သူ့မှာ ကံဆိုးတယ်လို့သာ ပြောနိုင်သည်။ "ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"
"ရှင် နံရံ ကျော်ပြီး ကျွန်မ အထဲဝင်လို့ရအောင် ကူညီပေး"
လင်းရှောင်ယွဲ့က ရန်အိမ်ဘက် သွားပြီး လက်ညှိုးထိုးပြလိုက်သည်။ "ဟိုမှာသွားပြီး ဆောင့်ကြောင့်ထိုင်လိုက်၊ ကျွန်မ တက်နိုင်အောင် ရှင့်ကို နင်းတက်လိုက်မယ်"
"ဘယ်လိုငရဲလဲကွာ..."
ရန်ရွှေ့ချန်က စိတ်ဆိုးနေပြီဖြစ်ကာ ကျိန်ဆဲမိတာကို မတားနိုင်တော့ပေ။
ကံမကောင်းစွာပဲ ယခု သူက အလင်းရောင်ကို မမြင်နိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့သည်။ လေသံ လျှော့ပြောခြင်းက အကောင်းဆုံးဖြစ်ရာ အနံ့အသက်ဆိုးကို ရှူရှိုက်ရတဲ့ တိုက်တွန်းမှုကို ခုခံခဲ့ရသည်။
"မြန်မြန်လုပ်......"
လင်းရှောင်ယွဲ့ သူ့ကို တိုက်တွန်းခဲ့သည်။ "ရှောင်ယန် နိုးနေပြီ၊ အခုမှိန်းပြီး အိပ်ရာပေါ်မှာ လှဲနေတယ်။ သူ မကြာခင် တုံ့ပြန်လာတော့မှာ။ ပြီးတော့ မနက်ဖြန် သူအမေ့ကို ပြောလိုက်ရင် ကျွန်မတို့နှစ်ယောက်လုံး ပွဲသိမ်းပြီ"
ရန်ရွှေ့ချန်က သူကံမကောင်းကြောင်း ဝန်ခံခဲ့သည်။ သူ့အစီအစဥ်က မအောင်မြင်ဘူး၊ မစင်တစ်ပုံး သူ့ကိုယ်ပေါ်ပြုတ်ကျတာလဲ ခံရသေးတယ်။ သူမ ပြန်သွားနိုင်ဖို့ နည်းလမ်းလည်းရှာပေးနေရသေးတယ်။
ဒီညက အောင်မြင်တဲ့ညဖြစ်ဖို့ မမျှော်လင့်ထားတော့ဘူး...
သူ့ခန္ဓာကိုယ်ပေါ်က မစင်ရေတွေကို အနံ့ခံရုံပဲ။ ဒီလိုမျိုး သူ မလုပ်ချင်ဘူး။
မေ့လိုက်တော့.....
ဆိုးဝါးတဲ့ညလို့ပဲ ယူဆလိုက်တော့မယ်။
ရန်ရွှေ့ချန်က မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်သည်။ လင်းရှောင်ယွဲ့ နှာခေါင်းကို ဖိပြီး နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်သည်။ "နံဟောင်နေတာပဲ......."
"ဒါ မင်းအပြစ်ပဲ၊ မင်း ဘယ်လိုပြောရဲရတာလဲ" ရန်ရွှေ့ချန် အလွန်တိုးလျတဲ့ အသံနဲ့ သူမကို အပြစ်တင်လိုက်သည်။
လင်းရှောင်ယွဲ့က ခပ်ဆိုးဆိုး ပြုံးပြလိုက်ပြီး "ကောင်းပါပြီ၊ ကျွန်မရဲ့ ပေါ့လျော့မှုပါ၊ အဲဒါကို မပြောနဲ့တော့။ ဆက်လုပ်ရအောင်..."
ရန်ရွှေ့ချန်က လင်းရှောင်ယွဲ့နဲ့အတူ ရန်အိမ်ရှေ့တံခါးဆီ သူမအားကူညီကာ နံရံကိုကျော်ဝင်ခွင့်ပြုရန် ကြံရွယ်လိုက်သည်။
ရန်ရွှေ့ချန် နံရံနားမှာ ထိုင်ချပြီး လင်းရှောင်ယွဲ့ ကို အထောက်အကူပေးခဲ့သည်။
လင်းရှောင်ယွဲ့ ရှေ့တိုးပြီး သူ့ပခုံးပေါ် တက်ကာ သူမခြေဖဝါးကလွဲပြီး တခြားမည်သည့် အစိတ်အပိုင်းကိုမျှ သူ့ခန္ဓာကိုယ်ပေါ်က မစင်တွေကို မထိမိစေဖို့ သတိထားခဲ့ရသည်။
သူမရဲ့ ခြေဖဝါးက မစင်ရေနဲ့ ထိမိရင်တောင် လင်းရှောင်ယွဲ့ ညစ်ပတ်တယ်လို့ ခံစားမိနေတုန်းပဲ...
ရန်ရွှေ့ချန်က ဖြည်းဖြည်းချင်းထလိုက်ပြီး လင်းရှောင်ယွဲ့ ကို နံရံပေါ် တက်စေခဲ့သည်။ လင်းရှောင်ယွဲ့ နံရံပေါ် တက်ပြီး နံရံက အဝါရောင် ရွှံ့တွေကို ဖယ်လိုက်သည်.....
ချက်ချင်း အဝါရောင်ရွှံ့က ရန်ရွှေ့ချန် မျက်နှာပေါ် စင်သွားခဲ့သည်။
ရန်ရွှေ့ချန်က ထပ်ထွေးထုတ်လိုက်ပြီး အဝါရောင် ရွှံ့တွေကြောင့် မျက်လုံးတွေ မှိတ်သွားကာ ခဏကြာအောင် မဖွင့်နိုင်တော့ပေ။
သူမအဲဒီမှာရှိစဉ် လင်းရှောင်ယွဲ့က နံရံမှာချိတ်ထားတဲ့ ပုံးတစ်ပုံးကို ကောက်ကိုင်လိုက်ပြီး ဝေါခနဲ လောင်းချလိုက်သည်။
ခဏကြာတော့ အသံတစ်ခုထွက်လာသည်...
ကျိုးသွားတဲ့ အုတ်တွေက ရန်ရွှေ့ချန်ခေါင်းပေါ် တိုက်ရိုက်ကျသွားခဲ့သည်။ ရန်ရွှေ့ချန်က လုံးဝမတုံ့ပြန်မိဘဲ ဒီအခြေအနေကို မမျှော်လင့်ထားခဲ့ဘူး...
သူ့ခေါင်းကို ကာကွယ်ဖို့ အပြင်းအထန်ကြိုးစားခဲ့ပြီး သူ့ကိုယ်သူ ပွေ့ဖက်ဖို့တောင် ဝပ်နေခဲ့သည်။ နောက်ဆုံးတော့ သူ့ကိုယ်သူ အနည်းငယ် ကာကွယ်နိုင်ခဲ့သည်။
ဒါပေမယ့် သူတကယ်ကျိန်ဆဲချင်ခဲ့တာ။
"ခွေးသားလေး..... ဒါဘယ်လိုငရဲလဲ......"
မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်ပေမယ့် သူ့အသံကို သူ့ဘာသာသူသာ ကြားခဲ့ရသည်။ နံရံပေါ်က လင်းရှောင်ယွဲ့က သူ့စကားကို မကြားနိုင်ခဲ့ဘူး။
လင်းရှောင်ယွဲ့က ရန်မိသားစု ခြံထဲ ခုန်ဆင်းလိုက်ရာ အစီအစဉ်တစ်ခုလုံး အောင်မြင်သွားခဲ့သည်။
သူမ လက်ဖဝါးကို ပွတ်သပ်ပြီး အောင်ပွဲခံသလို ပြုံးလိုက်သည်။
ဤအချိန်တွင် ရန်ယန်သည် တံတိုင်းဘေးတွင် အကြာကြီးစောင့်နေခဲ့ရပြီး သူမ ခုန်ဆင်းလာတာကို မြင်လိုက်ရတဲ့အခါ သူ သူမကို ဖမ်းဖို့ လက်ဆန့်လိုက်သည်။
"ဥသြ.. ..."
အပြင်ဘက်က အနည်းငယ် ပြန်လည်ကောင်းလာတဲ့ ရန်ရွှေ့ချန်က လျှို့ဝှက်အချက်ပြမှုကို တွန့်ဆုတ်စွာအော်လိုက်သည်။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ရပေမယ့် နောက်တကြိမ် လှုပ်ရှားနေသေးသည်။
လင်းရှောင်ယွဲ့ မြေပြင်ပေါ်င ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး နံရံကို နှစ်ကြိမ်ပစ်ကာ သူ့ကို တုံ့ပြန်ဖို့ စဉ်းစားခဲ့သည်။
သူမရဲ့ တုံ့ပြန်မှုကို ကြားတော့ နံရံတစ်ဖက်က ရန်ရွှေ့ချန်က အသံတိုးတိုးနဲ့ ပြောခဲ့သည်။ "မနက်ဖြန် ညကျရင် ပြန်လာခဲ့မယ်!"
လင်းရှောင်ယွဲ့ သူ့ ဇွဲရှိတဲ့စိတ်ဓာတ်ကို ရိုးရှင်းစွာ သဘောကျခဲ့သည်။
သူမ ရန်ရွှေ့ချန်ကို အကြောင်းမပြန်ဘဲ အိမ်ထဲတည့်တည့်ဝင်ဖို့ ရည်ရွယ်ခဲ့သည်။
ဒါပေမယ့် ထိုအချိန်တွင် ရန်ယန်က သူ့ကိုယ်သူ မကူညီနိုင်ခဲ့ပေ။ ခြံဝင်းထဲက ဝါးလုံးကို ကောက်ကိုင်လိုက်ပြီး ရန်အိမ်တံခါးကို ဖွင့်လိုက်သည်......
"ရှောင်ယန် "
သူ့အခန်းထဲပြန်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လင်းရှောင်ယွဲ့က လန့်သွားပြီး ရန်ယန်နောက်ကို အမြန်လိုက်သွားခဲ့သည်။ ရန်ယန်က ဝါးလုံးနဲ့ အိမ်ထဲက အမြန်ထွက်သွားပြီးနောက် သူ့မျက်လုံးတွေက နီရဲနေကာ ဒေါသတွေ ပြည့်နှက်နေပြီဖြစ်သည်။
ယောက်ျားတစ်ယောက်အနေနဲ့ ရန်ယန်က သူရဲဘောကြောင်ပြီး ဒုက္ခမပေးချင်ဘူးဆိုရင်တောင် သူ့ကို တခြားသူတွေကို စိတ်ကိုလာဆွပြီး သူ့မိန်းမအပေါ် တစ်စုံတစ်ယောက်က ဒီလိုမျိုး ကြံနေတာမျိုး ခွင့်ပြုထားတာမျိူး မလုပ်နိုင်ဘူး။
ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်နိုင်သလို လင်းရှောင်ယွဲ့ ကို စောင့်ထိန်းရဲတဲ့ သတ္တိကြောင့်လည်း ဖြစ်နိုင်သည်။
အခုအချိန်မှာ ရန်ယန်ရဲ့ စိတ်ဓာတ်ကျနေတဲ့ ကိုယ်ခွဲတောင် သူ့စိတ်ထဲက ဒေါသကို ဖုံးကွယ်ထား၍ မရပေ။
ဖြစ်စဉ်တစ်ခုလုံးကို သူ သည်းခံပြီး နောက်ဆုံးမှာတော့ ရန်ရွှေ့ချန်ရဲ့ 'မနက်ဖြန်ည' ဆိုတာက သူ လွှမ်းခြုံထားတဲ့ ကာကွယ်ရေးလမ်းကြောင်းကို ဖြစ်ပေါ်လာစေသည်။
ရန်ယန် သည်းမခံနိုင်တော့ဘူး၊ သည်းမခံချင်ဘူး။
ဒေါသတွေပြည့်နေတဲ့ မျက်နှာနဲ့ ဝါးလုံးကိုမြင့်မြင့်မြှောက်ထားပြီး အိမ်ထဲကနေ အမြန်ထွက်သွားကာ ရန်ရွှေ့ချန်ကို ရိုက်ဖို့လုပ်လိုက်သည်။
ရန်ရွှေ့ချန် တစ်စက္ကန့်အတွင်း တုံ့ပြန်ခဲ့ပြီး လျင်မြန်စွာ ကျုံ့လိုက်တော့ ရန်ရွှေ့ချန်ရဲ့ နောက်ကျောပေါ်သာ ဝါးလုံးကကျသွားခဲ့သည်။
အားက ပြင်းလွန်းသဖြင့် ရန်ရွှေ့ချန် နာကျင်စွာအော်မိသွားပြီး အသံတိတ်ဖို့ သည်းမခံနိုင်တော့ပေ။
"တိရိစ္ဆာန်! မင်းကို ငါသတ်မယ် မင်းတိရိစ္ဆာန်ကောင်!"