← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

ရန်ယန်က အံကြိတ်ပြီး သူ့ခွန်အားအပြည့်နဲ့ ဝါးလုံးနဲ့တစ်ချက်ပြီးတစ်ချက်ရိုက်ခဲ့သည်။

သူက အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ ကိုယ်ခွဲဖြစ်သည်...... ပုံမှန်အနေနဲ့ ထိုသို့ပြုရန် မဖြစ်နိုင်ပေ။

ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ သူအဲ့တာကို လုပ်ခဲ့သည်။

ရန်ရွှေ့ချန်က ပြင်းထန်တဲ့ ထိုးနှက်ချက်များစွာကိုရခဲ့ပြီး နာကျင်စွာအော်ခဲ့သည်။

ဒါပေမယ့် ရန်ယန် ဒေါသထွက်တာကို ကြည့်လိုက်ပြီးနောက် သူ ပြန်တိုက်ခိုက်ဖို့ မဝံ့ရဲတော့ပေ။

သူအမှန်တကယ် အဖမ်းခံလိုက်ရကြောင်း သိသွားပြီး ရန်ယန် သူ့ကို မှတ်မိခြင်း ရှိ၊ မရှိကို သူ မသိပေ။ ဘယ်လိုပဲဖြစ်ဖြစ် ရန်ယန်ကို မျက်နှာကိုမပြနိုင်ပေ။ ဒါတင်မကဘူး ဒီကိစ္စကို လက်ထဲက လွတ်အောင် မလုပ်နိုင်တော့ဘူး။

သူ့စိတ်ထဲ စိုးရိမ်မှုတွေအများကြီး ရှိနေတာကြောင့် ရန်ရွှေ့ချန်က ရိုက်နှက်ခံရပြီး ပြန်လည်တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးပေ။

ရန်ရွှေ့ချန်က ​​သူ့မျက်နှာနဲ့ ခေါင်းကို ကာထားရင်း ရိုက်နှက်ခံခဲ့ရပြီး ရန်ယန်က သူ့ကို မမြင်နိုင်ဘူးလို့ မျှော်လင့်နေသည်...

အရေအတွက်ပင် မသိသော ရိုက်နှက်ချက်တစ်ခုရရှိပြီးနောက် ရန်ရွှေ့ချန်က အရူးအမူး ထွက်ပြေးသွားခဲ့သည်။

ရန်ယန် သူ့နောက်က တလမ်းလုံး လိုက်ခဲ့ပြီး မီတာ ၂၀၀ ကျော်လောက် လိုက်နေခဲ့ပြီးနောက် ရှေ့မှာ မြစ်ငယ်တခုကို တွေ့လိုက်ရတော့ ရန်ရွှေ့ချန်က သူ့ခေါင်းကို ငုံ့ထားလိုက်သည်။

ရန်ယန်က ဝါးလုံးနဲ့ မြစ်ကမ်းဘေး ရပ်နေကာ ဒေါသထွက်နေတဲ့အနီရောင် မျက်လုံးအစုံက မြစ်ကို တည့်တည့် စိုက်ကြည့်လျက် ရန်ရွှေ့ချန် အရူးအမူး လျှောက်သွားနေသည့် ပုံကိုဖမ်းခဲ့သည်။

"မင်းထပ်လာရဲလို့ကတော့ ငါ မင်းကို ထပ်ရိုက်ပစ်မယ်!" ရန်ယန်က မြစ်ရေ မျက်နှာပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့သည်။

ဘယ်တုန်းကမှ စကားအများကြီး မပြောခဲ့ဖူးတဲ့သူက ဒီဒေါသထွက်နေတဲ့ အခိုက်အတန့်တွင် စကားများစွာပြောပြီး ဒေါသကို လွှတ်လိုက်သည်။

ရန်ယန်က အမောတကောနဲ့ လက်သီး ဆုပ်ထားခဲ့သည်။ သူ့လက်ဆစ်များက ဖြူဖွေးနေကာ စိတ်အခြေအနေဆိုးရွားနေခဲ့သည်။

လင်းရှောင်ယွဲ့က သူ့နောက် အမြန် လိုက်လာခဲ့ပြီး သူမ တလမ်းလုံး ပြေးလွှားနေခဲ့တာကြောင့် မောပန်းနွမ်းနယ်နေခဲ့သည်။

"ရှောင်ယန် ရှင်......ရှင် ဘာဖြစ်နေတာလဲ"

လင်းရှောင်ယွဲ့က သူ ရုတ်တရက် ရူးသွပ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူမ သတိလက်လွတ်ဖြစ်သွားခဲ့သည်။

ဒါပေမယ့်လည်း အခုအချိန်က သူ ရန်ရွှေ့ချန်ကို နာနာလေး ရိုက်နှက်နေတာကို မြင်ရတော့ လင်းရှောင်ယွဲ့ စိတ်ထဲ အတော်လေး ပျော်ရွှင်နေသေးသည်။

ခဏလောက်ကြာတော့ လင်းရှောင်ယွဲ့က ပထမရန်ယန် ထွက်လာတာများလားလို့ တွေးနေမိသည်။

ဘာလို့လဲ ဆိုတော့ ဒုတိယက..... သူဒီလိုကိစ္စမျိုးမှာ သိပ်မတော်ဘူး။

သူ လှည့်လာတော့ ရန်ယန်ရဲ့ မျက်နှာက ဖြူဖျော့ပြီး မျက်လုံးတွေ နီရဲနေပေမယ့် မျက်ဝန်းနက်နက်တွေက လင်းရှောင်ယွဲ့ကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့သည်။

သူ့ရဲ့အာရုံစူးစိုက်ထားတဲ့မျက်လုံးတွေနဲ့ လင်းရှောင်ယွဲ့ ရှေ့ကိုလှမ်းပြီး သူ့ပုခုံးကို ညင်သာစွာပွတ်သပ်ပေးရင်း "ရှင် စိတ်ဆိုးနေတာလား။ အဲ့တာ အဆင်ပြေပါတယ်။ အဲဒီလူ ရှင့်ကို စိတ်ဆိုးအောင်လုပ်တာက မတန်ဘူး။ စိတ်လျှော့....."

သူ့တစ်ကိုယ်လုံး အနည်းငယ် တုန်နေတာကို သူမမြင်လိုက်ရတော့ ဒေါသထွက်နေတာ ဖြစ်နိုင်တယ်လို့ သူမထင်ခဲ့သည်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူမ ထိုမျှလောက်ပင် ဒေါသမထွက်ခဲ့ဘဲ ရလဒ်အနေဖြင့် လင်းရှောင်ယွဲ့က ၎င်းနဲ့မထိုက်တန်ဘူးလို့ ခံစားလာရတာကြောင့် ဒေါသထွက်သွားခဲ့သည်။

ရန်ယန် နောက်ထပ် လေးလံသော အသက်ရှုသံကိုထုတ်ပြီး သူ့စိတ်ခံစားချက်တွေကို တဖြည်းဖြည်း တည်ငြိမ်စေခဲ့သည်......

ရှေ့တိုးလာရင်း ရုတ်တရက် လင်းရှောင်ယွဲ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

လင်းရှောင်ယွဲ့က သူ့ ရင်ခွင်ထဲ သူမ မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ထားခဲ့ပြီး ထိုကဲ့သို့ လှုပ်ရှားလာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

ဒုတိယကိုယ်ခွဲက ရှက်တတ်ပြီး ဘာသိဘာသာနေတတ်ကာ သူမနဲ့ ခပ်ဝေးဝေးမှာ ကောင်းမွန်တဲ့အကွာအဝေးကိုထိန်းထားတယ်လို့ သူမအမြဲတမ်း ခံစားခဲ့ရသည်။

အခုဟာက မမျှော်လင့်ထားဘူး..... သူ ရုတ်တရက် သူမကို ပြင်းပြင်းထန်ထန် ပွေ့ဖက်လိမ့်မယ်လို့။

ရန်ယန် သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။ သူ့မျက်နှာတစ်ဝက်ကို သူမပခုံးပေါ်တွင် ဝှက်ထားသည်။ သူမရဲ့ မွှေးရနံ့ကို ပြင်းပြင်းရှုရှိုက်လိုက်မိသည်။

သူက စကားမပြောဘဲ ပွေ့ဖက်ထားခဲ့သည်။

လင်းရှောင်ယွဲ့ မသိခဲ့ဘူး။ သူ့နှလုံးသားထဲမှာ စကားလုံးတစ်လုံးကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ...... တောင်းပန်ပါတယ်!

သူကယောကျ်ားကောင်း မဟုတ်ဘူး။ သူမကို မကာကွယ်နိုင်ခဲ့ဘူး။

နှစ်ယောက်သား အိမ်ကို အေးအေးဆေးဆေး ပြန်လာခဲ့ကြသည်။ လင်းရှောင်ယွဲ့က မြေဩဇာထည့်တဲ့ပုံးကို အိမ်ထဲ ယူပြီး လက်ဆေးဖို့ သွားခဲ့သည်။

ဒီအဖြစ်အပျက်ကြီးက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။

ရန်ယန်က သူမနဲ့အတူ အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး စောင်တစ်ထည်ထဲ ခြုံထားပေမယ့် သူမကိုကျောပေးကာ သူ့ခန္ဓာကိုယ်ကို ဘောလုံးလေးလို ကွေးနေခဲ့သည်။ လင်းရှောင်ယွဲ့က သူဘယ်လို စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံကို ဖြတ်သန်းခဲ့တာလဲဆိုပြီး

စဥ်းစားတွေးတောနေခဲ့သည်။

သူတို့ အပြင်မှာရှိတုန်းက သူမကို သူဖက်ထားတယ်...

ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ အိမ်ပြန်ရောက်တဲ့အခါ ကုတင်ပေါ် ကျောခိုင်းထားပြီး သူ့ကိုယ်သူ ချုပ်ထားသလိုမျိုး သူမကိုကျောပေးကာ အိပ်နေခဲ့သည်။

လင်းရှောင်ယွဲ့က သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ခံစားချက်မျိုး ခံစားလာရသလို သူမ နှလုံးသားထဲ တစ်ချိန်လုံး အဆင်မပြေဖြစ်နေသည်။

ငါ ဘာလုပ်ခဲ့မိလို့လဲ။ သူငါ့ကို စိတ်ဆိုးနေတာလား။

ဒီကိစ္စမှာ ငါက သားကောင်မဟုတ်ဘူးလား။

လင်းရှောင်ယွဲ့ လှည့်ပြီးအိပ်လိုက်ရာ သူမ အနက်ရောင် မျက်လုံးများက သူ့နောက်ကျောကို စိုက်ကြည့်နေခဲ့သည်။ သူမက လက်လှမ်းပြီး သူ့ကျောကိုလက်ညှိုးနဲ့တို့လိုက်သည်။ "စိတ်ဆိုးနေတာလား"

ရန်ယန်က စကားမပြောခဲ့ပေ။

သူသေချင်ယောင်ဆောင်နေတယ်...

လင်းရှောင်ယွဲ့ ထပ်မေးခဲ့သည်။ "ရှင် ကျွန်မကို စိတ်ဆိုးနေတာလား"

ရန်ယန်က ဘာမှပြန်မပြောသေးပေ။

မျက်လုံးကိုမှိတ်ပြီး အိပ်ပျော်နေဟန်ဆောင်ခဲ့သည်။

လင်းရှောင်ယွဲ့က လက်ချောင်းလေးတွေက သူ့နောက်ကျောကို ထပ်ထိုးလိုက်ကာ သူမ ပိုဒေါသထွက်လာသည်။ "ရှင် စိတ်ဆိုးနေတယ်ဆိုရင်လည်းပြော။ ရှင်လူတစ်ယောက်ကို ရိုက်လိုက်သလို စကားပြောလိုက်လေ။ စိတ်ဆိုးတယ်ဆိုရင် ထုတ်ပစ်လိုက် ရှင့်ဗိုက်ထဲမှာ အားလုံးကို မချုပ်ထားနဲ့။ ချုပ်ထားရတာ အဆင်မပြေဘူး ...... ရှင်နဲ့ကျွန်မ ပုံမှန်အတိုင်း လမ်းတွေ ဖြတ်နေရဦးမှာပဲ"

ရန်ယန်က နှုတ်ခမ်းပါးပါးလေးကို အနည်းငယ် ဖိလိုက်ပြီး ပါးစပ်ကို ဖွင့်ဟကာ တစ်ခုခုကို ပြောချင်နေခဲ့သည်။

ဒါပေမယ့် နောက်ဆုံး ဘာမှ ထွက်မလာဘဲ နှုတ်ဆိတ်နေခဲ့သည်။

လင်းရှောင်ယွဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။ "ထားလိုက်တော့ ရှင်မပြောချင်ရင်လည်း မပြောနဲ့"

ရန်ယန်လည်း သူ့စိတ်ထဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

သူ့ရဲ့အသုံးမကျမှုအတွက် သူ့ကိုယ်သူ တိတ်တဆိတ် အပြစ်တင်နေမိသည်။

သူ သူမကို ... နှစ်သိမ့်ပေးသင့်တယ်။

လင်းရှောင်ယွဲ့က ရုတ်တရက် သူမလက်ကို သူ့ဘက်ဆန့်ထုတ်လိုက်ပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်...

ရန်ယန်လည်း သူမလိုလိုက်လုပ်ခဲ့သည်။ ကိုင်ချင်ရင် ကိုင်ထားလိုက်။

လင်းရှောင်ယွဲ့ တခြားဘာကိုမှ မဆိုလိုပေမယ့် သူ့လက်ကို ကိုင်ပြီး အိပ်ရမည်ဟု သူမ တွေးနေသည်....

ဒါကြောင့် နောက်ပိုင်း သူ့ကို စာကြည့်ခန်းမှာ တွေ့ခွင့်ရခဲ့သည်။

သူမ စူးစမ်းလေ့လာချင်သည်။ စာကြည့်ခန်းက သူ့အတွက် သီးခြားထူးခြားချက်တစ်ခု ရှိလား။

နောက်တော့ နှစ်ယောက်လုံး အိပ်ပျော်သွားကြသည်။

သူမ ဆန္ဒအတိုင်း လင်းရှောင်ယွဲ့က သူမရဲ့ စာကြည့်ခန်းထဲက ကုတင်ပေါ် လဲလျောင်းနေတဲ့ ရန်ယန် သုံးယောက်နဲ့ တွေ့ဆုံခဲ့သည်။

အိပ်ပျော်နေတဲ့ အလှလေးတွေလို သူတို့ သုံးယောက်က အိပ်မက်ထဲမှာ အမြဲလိုလို အိပ်မောကျနေပြီး လိမ္မာရေးခြားရှိကြသည်။

လင်းရှောင်ယွဲ့က ကုတင်အစွန်းတွင် ထိုင်ပြီး သုံးယောက်လုံး ထပ်တူကျနေတဲ့ ရန်ယန်တို့ကို ကြည့်လိုက်သည်။

သူတို့ကို နှိုးဖို့ တစ်ယောက်ပြီး တစ်ယောက် ထပ်ကြိုးစားကြည့်ခဲ့သည်..

ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်က တုံ့ပြန်မှု မရှိဘူး။

လင်းရှောင်ယွဲ့ သူမစိတ်ထဲ တွေးမိသည်။ မှားယွင်းတဲ့နည်းလမ်းနဲ့ သူ့ကို နှိုးလိုက်မိတာမျိုးကော ဖြစ်နိုင်လား။

အိပ်ပျော်နေတဲ့အလှလေး နိုးထလာတဲ့ပုံအတိုင်း နမ်းပြီးတော့ နှိုးရမှာလား။

လင်းရှောင်ယွဲ့က အိပ်ပျော်နေတဲ့ အလှလေး သုံးယောက်ကို ကြည့်ကာ မဆိုင်းမတွ ခေါင်းငုံ့ကာ သူတို့ထဲက တစ်ယောက်ရဲ့ ပြုံးနေတဲ့နှုတ်ခမ်းပေါ် နမ်းလိုက်သည်။

သူမ ထလိုက်ပြီး နီမြန်းနေတဲ့ မျက်နှာသေးသေးလေးနဲ့ ချောမောလှပသတဲ့ ကောင်လေးသုံးယောက်ကို ကြည့်လိုက်သည်။

သူမ အကြာကြီးစောင့်လိုက်ရသည်...

အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှု မရှိခဲ့ပေ။

လင်းရှောင်ယွဲ့ အခြားလှပတဲ့ ယောက်ျားနှစ်ယောက်ကို နမ်းလိုက်ပြီး သူမမျက်နှာမှာ ပန်းသီးမှည့်လို နီရဲနေပြီ...

သူမ အကြာကြီး စောင့်နေရသည်...

ဒါပေမယ့် တုံ့ပြန်မှု မရှိခဲ့ပေ။

အနမ်းက သူတို့ကို သော့ဖွင့်ဖို့ သော့မဟုတ်ဘူးလို့ထင်ရသည်။

စာကြည့်ခန်းထဲ လင်းရှောင်ယွဲ့က အချိန်အတော်ကြာအောင် ကြိုးစားခဲ့ပေမယ့် ဘာမှ မတွေ့ရသေးပေ။

နောက်ဆုံးတော့ သူမ စွန့်လွှတ်လိုက်သည်။

လင်းရှောင်ယွဲ့ မူးဝေလာပြီး တခြားကမ္ဘာမှာ နိုးထလာတော့မယ့် ခံစားချက်မျိုးခံစားလိုက်ရကာ ပေါ့ပေါ့ပါးပါးနဲ့ ရန်ယန် လက်ကို ဆုပ်ကိုင်လိုက်သည်။

ပြီးတော့ ညတာက အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်

......

နောက်တစ်နေ့တွင် လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ တတိယကိုယ်ခွဲကို ရရှိခဲ့သည့်အတွက် အံ့အားသင့်သွားခဲ့သည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပထမကိုယ်ခွဲက နေ့အချိန်ကို သိမ်းပိုက်ထားတာကြောင့်၊ ဒုတိယကိုယ်ခွဲက ညဘက် ဒါမှမဟုတ် နှစ်ဦးသဘောတူတဲ့အခါ တတိယကိုယ်ခွဲက အခြေခံအားဖြင့် ထွက်ပေါ်လာနေခဲ့သည်။

ဒါကြောင့် တတိယကိုယ်ခွဲ ထွက်လာတာက သူမအတွက် အံ့သြစရာဖြစ်ခဲ့သည်။

လင်းရှောင်ယွဲ့ နောက်ဆုံး ဤအံ့သြမှုကို ထပ်မံရရှိခဲ့သည်။

မူလက ဒုတိယ ရန်ယန်က မနေ့ညက လင်းရှောင်ယွဲ့ကိုကျောပေး အိပ်နေခဲ့သည်။

ဒီမနက် တတိယ ရန်ယန် နိုးလာချိန်မှာတော့ လင်းရှောင်ယွဲ့ကို တိုက်ရိုက် ပွေ့ဖက်ထားသည်။

ထို့ကြောင့် လင်းရှောင်ယွဲ့က ရန်ယန် ရင်ခွင်ထဲ နိုးလာခဲ့သည်။

ထို့အပြင် သူမ လှောင်ပြုံး ပြုံးနေတဲ့ ရန်ယန်ကို ချက်ချင်းမှတ်မိခဲ့သည်။

လင်းရှောင်ယွဲ့ ဒီနေ့မှာ အလွန်စိတ်အခြေအနေကောင်းနေသည်။

တတိယကိုယ်ခွဲ လာတာကြောင့် ဖြစ်နိုင်သလို တတိယကိုယ်ခွဲက သူမကို ကောင်းမွန်တဲ့ မနက်ခင်း အနမ်းပေးတာကြောင့်လည်း ဖြစ်နိုင်သည်။

အဲ့တာကသူမရဲ့ နဖူးကို နမ်းလိုက်​တာ​တောင်​ အဲ့လောက်ဖြစ်နေခဲ့တာ ....

မျက်နှာသစ်ဖို့ အစောကြီးထတဲ့အခါ ခြံဝင်းထဲ မတ်တပ်ရပ်ရင်း သူမအတွေးထဲ မျောနေခဲ့သည်။

မနေ့ညက သူမ ရန်ယန် သုံးယောက်နဲ့ စာကြည့်ခန်းထဲမှာ ရှိနေခဲ့ပြီး အားလုံးကို သူမကိုယ်တိုင် မှတ်မိခဲ့သည်။

တစ်ချို့ကြိုးစားမှုတွေက လုံးဝမကူညီနိုင်ခဲ့ဘူး။

အဲဒီအစား နောက်ဆုံးတော့ တတိယကိုယ်ခွဲကို ထုတ်လာခဲ့သည်။

လင်းရှောင်ယွဲ့က ဒီသုံးယောက်ကို ကျပန်းခေါ်ထုတ်ခဲ့ပြီး မမှတ်ထားခဲ့ပေ။

နောက်ဆုံးအကြိမ် ထုတ်ခံခဲ့ရသူက တတိယကိုယ်ခွဲဖြစ်ပြီး အခုတစ်ကြိမ်လည်း သူပဲဖြစ်သည်။

ဒါကြောင့် သူမ စိတ်ကူးယဉ်ရဲတယ် ......

စာကြည့်ခန်းထဲမှာ ထပ်တူကျတဲ့ ရန်ယန် သုံးယောက် ပေါ်လာခဲ့ရင် သူမ ရွေးချယ်ရမှာလား။

သူမစိတ်ထဲမှာ ဘယ်တစ်ယောက်ကို ရွေးချင်လဲ။ နောက်တစ်နေ့ မှာ ဘယ်တစ်ယောက်ကို ထုတ်နိုင်မလဲ။

ဇာတ်ညွှန်းတည်ဆောက်ပြီးနောက် လင်းရှောင်ယွဲ့က ဒီနေ့ညမှာ ၎င်းကို ထပ်စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

မနက်ဖန်မှာ သူမ ထုတ်လာခဲ့တဲ့သူက တတိယ ရန်ယန်ပဲ ဖြစ်နေသေးပါက သူမ အထင်က မှန်ကန်တယ်လို့ အဓိပ္ပါယ်ရသည်။

ဒါ.....ကောင်းလိမ့်မယ်

လင်းရှောင်ယွဲ့ ထိုအကြောင်းကို တွေးလိုက်မိတဲ့အခါ အနည်းငယ် ဝမ်းသာသွားပေမယ့် သူမ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်လိုက်မိသည်။

"မနေ့ညက ဘာဖြစ်ခဲ့တာလဲ"

ရန်မိသားစု တံခါးပွင့်လာပြီး ရန်ချန်ယွီနဲ့ ရန်ဟုန်ရင် တို့က အုတ်တစ်ထပ်ကို မယူပြီး မပွင့်တပွင့်နဲ့စကားပြောကာ အထဲ ဝင်လာကြသည်။

"အိမ်တံခါးအပြင်ဘက်မှာ မစင်တွေ၊ အုတ်တွေနဲ့ ညစ်ပတ်နေတာပဲ"

ရန်ချန်ယွီက လင်းရှောင်ယွဲ့ကို မြင်လိုက်ရသည်။ သူတို့ လင်းရှောင်ယွဲ့ ရှေ့မှာ ရပ်လိုက်ကြပြီး "နင်နဲ့ ရန်ယန် မနေ့ညက တစ်ခုခုဖြစ်နေကြတာလား။ မနေ့က ရန်ယန်ရဲ့အော်သံကို ငါကြားလိုက်တယ်။ ညလယ်မှာ ရန်ယန်နဲ့ နင် ဘာလုပ်နေတာလဲ"

လင်းရှောင်ယွဲ့ ခေါင်းခါလိုက်သည်။ "အဒေါ် နားကြားမှားနေတာပါ"

ရန်ချန်ယွီက လင်းရှောင်ယွဲ့ ကို အနီးကပ် စိုက်ကြည့်ရင်း "ဒီ ကောင်မလေးက ဗိုက်မကောင်းဘူးပဲ။ နင်မကောင်းတာတစ်ခုခုထပ်လုပ်ဖို့ ရန်ယန်ကို ခေါ်သွားတာ ဖြစ်မယ်။ ငါ နင့်ကို ပြောမယ်၊ ငါတို့ မိသားစု နင့်ကို ဝယ်နိုင်တယ်၊ နင့်ကို အချိန်မရွေး တစ်ယောက်တည်း ထားခဲ့လို့လည်းရတယ်။ နင်ရပ်လိုက်တာ ပိုကောင်းမယ်!"

လင်းရှောင်ယွဲ့ - "အိုး~"

သူမပြောတာကို ဘယ်သူ နားထောင်မှာလဲ။

တတိယ ရန်ယန်က အခန်းကျဉ်းလေးမှ ထွက်လာပြီး ရန်ချန်ယွီရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ အုတ်ခဲ ကို မြင်တော့ သူ့ ဓားလိုမျက်ခုံးများက နက်နဲစွာကြုတ်သွားခဲ့သည်။

အဲ့တာက မပြီးသေးဘူး...

ဒီလူယုတ်မာ၊ သူ့ကို သူကိုယ်တိုင် သင်ခန်းစာပေးမှရမယ်။

All Chapters