← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

ထိုနေ့နံနက်တွင် ရန်ကော စစ်တပ်မိသားစုရဲ့သား ရန်ရွှေ့ချန်တစ်ယောက် မစင်တွင်းထဲ ပြုတ်ကျခဲ့ကြောင်း ရွာမှသတင်းထွက်လာခဲ့သည်။

ရန်ရွှေ့ချန် ထိုညက ရန်ယန်ကို ရှောင်ခဲ့ပေမယ့် မြစ်ထဲခုန်ဆင်းခဲ့ရသည်။

ဒါပေမယ့် မြစ်ရေက သူ့ခန္ဓာကိုယ်ပေါ်က မစင်နံ့ကို မဆေးကြောနိုင်ဘူး......

​နောက်​တစ်​​နေ့ သူ့အ​မေက သူ့အဝတ်​​တွေ ​လျှော်​တော့ မစင်​နံ့က သူတို့အာရုံကို ဖမ်းစားလိုက်​မိပြီး ရွာထဲက အလုပ်​များ​​နေတဲ့ အမျိုးသမီး​တော်​​တော်​​တော်​များများရဲ့ ပါးစပ်​က​နေ အဲ့သတင်းက တဖြည်းဖြည်း ပျံ့သွားခဲ့သည်​...

ထိုသတင်းက ပါးစပ်တစ်ပေါက်မှ တစ်ပေါက်စီ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ရှန့်ရန် ရွာငယ်လေးမှာ ရွာသားတွေက မနေ့ညက မစင်တွင်းထဲ ရန်ရွှေ့ချန် ပြုတ်ကျခဲ့တဲ့အကြောင်း ကြားခဲ့သည်

ရန်ရွှေ့ချန် ဖြစ်ပျက်ခဲ့တဲ့ဟာက အရှက်ကွဲတာလို့ ပြောလို့ရသည်။

ရန်ရွှေ့ချန် ရွာထဲ လျှောက်သွားသည့်နေ့တွင် မြင်တဲ့သူတိုင်းက သူ့ကို ကြိမ်ဖန်များစွာ လှောင်ပြောင်ရယ်မောကြသည်။ သို့မဟုတ် ချီးတွင်းထဲ ကျတဲ့အခါ သတိထားဖို့ အကြံပေးကြသည်။

ရန်ရွှေ့ချန်တစ်ယောက် ဒေါသထွက်ပြီး စိတ်ဆိုးသွားပေမယ့် ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေ များလွန်းတာကြောင့် သူရှင်းပြလို့ မရဘဲ ဆုံးရှုံးမှုကိုသာ ခံစားနေရသည်။

ဒါကိုလုပ်ဖို့ သူ ဒီည လင်းရှောင်ယွဲ့ ထပ်သွားချင်သည်။ ဒါပေမယ့် မနေ့က ရန်ယန် သူ့ကို ထပ်တွေ့ခဲ့တယ်။ ဆိုလိုတာက ဒီကိစ္စကို တတိယလူက ထုတ်ဖော်ခဲ့ပြီး သူက လင်းရှောင်ယွဲ့ ရဲ့ခင်ပွန်းလည်း ဖြစ်သည်။

အပြစ်ရှိတဲ့အသိစိတ်ကြောင့် ရန်ရွှေ့ချန်တစ်​ယောက် တိတ်ဆိတ်စွာခံစားခဲ့ရရုံသာမက ရန် မိသားစုဝင်ဟောင်းအချို့ကိုလည်း ရှောင်ရှားခဲ့ရသည်။

အချိန်တိုအတွင်းမှာ ရန်ယန် မိသားစုက ဘယ်သူနဲ့မှ မဆက်ဆံရဲတော့ပေ။

တစ်ဖက်တွင် ရန်အိမ်၌ လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့က ရန်ရွှေ့ချန် ၏ဆိုးရွားသောဖြစ်ရပ်ကြောင့် ထိခိုက်မှုလုံးဝမရှိခဲ့ပေ။

တတိယ ရန်ယန်က ထွက်လာခဲတာကြောင့် လင်းရှောင်ယွဲ့နဲ့ စကားစမြည်ပြောပြီး တစ်ရက်တာ မြတ်နိုးချစ်ခင်ခဲ့ကြသည်။

အင်း.......

တကယ်တော့ လူနှစ်ယောက် စကားပြောကြတယ်၊ ကြက်တွေ အစာကျွေးတယ်၊ အတူတူ ထမင်းဟင်းချက်တယ်၊ တောင်ကြောတလျှောက် လမ်းလျှောက်ကြတယ်။

လင်းရှောင်ယွဲ့က အရူး ရန်ယန်နဲ့အတူ ဒီလို နေ့စဉ်ဝေယျာဝစ္စတွေ လုပ်ဆောင်လေ့ရှိသည်။

ဒီနေ့မှာတော့ ၎င်းက ကိုယ်ခွဲပြောင်းလဲခြင်းတစ်ခုသာဖြစ်ပေမယ့် လင်းရှောင်ယွဲ့အတွက် လုံးဝကွဲပြားသွားသလို ခံစားရသည်။

တတိယ ရန်ယန်က သူမကို အလွန်စိတ်ချမ်းသာစေတဲ့ ခံစားချက် ပေးစွမ်းသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ထိုနေ့ထမင်းသုံးနပ်အတွက် နှစ်ဦးစလုံးက အိမ်သေးသေးလေးထဲ စားကြပြီး လူကြီးနှစ်ယောက်နဲ့ အတူ မစားခဲ့ကြပေ။

အကြောင်းပြချက်မှာ တတိယရန်ယန်က ဝမ်ရှို့ယင်နဲ့ မဆက်သွယ်ချင်တာကြောင့်ဖြစ်သည်။

ဝမ်ရှို့ယင်က တတိယကိုယ်ခွဲ ထွက်လာတာကို မသိခဲ့ပေ။ ရန်ယန်ရဲ့ ဒဏ်ရာတွေကို ဂရုစိုက်နေရဆဲဖြစ်တာကြောင့် ဒီနေ့ သူတို့နှစ်ယောက် အခန်းကျဉ်းလေးထဲ စားသောက်နေကြတာပဲလို့ သူမ ထင်ခဲ့သည်။

ညစာစားပြီးနောက် လင်းရှောင်ယွဲ့က ထမင်းပန်းကန်တွေနဲ့ တူတွေကို ဝမ်ရှို့ယင်အခန်းထဲ ယူသွားခဲ့သည်။

ထိုအချိန်တွင် ဝမ်ရှို့ယင်က ပန်းကန်တွေကို စဆေးနေပြီဖြစ်ပြီး လင်းရှောင်ယွဲ့ကလည်း သူမအင်္ကျီလက်တွေကို မတင်ကာ ကူလုပ်ပေးခဲ့သည်။

ယောက္ခမနဲ့ချွေးမကြားက အငွေ့အသက်က နည်းနည်းတော့ သိမ်မွေ့သည်။

လင်းရှောင်ယွဲ့က လေထုက အနည်းငယ် ထူးဆန်းတယ်လို့ အမြဲလိုလို ခံစားမိသည်။

ခဏကြာ ပန်းကန်တွေကို ငြိမ်သက်စွာဆေးကြောပြီးနောက် နောက်ဆုံးမှာတော့ ဝမ်ရှို့ယင် သူမရဲ့လျှာကို ဆက်မထိန်းထားနိုင်ဖြစ်ကာ သူမကိုမေးလိုက်သည်။ " ရှောင်ယွဲ့၊ ဒီနေ့ မစင်တွင်းထဲကို ရန်ရွှေ့ချန် ပြုတ်ကျခဲ့တာကို ကြားမိလား"

နေ့ခင်းဘက်က လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ တောင်ကြော အပြင်ဘက်လမ်းတဝိုက် လမ်းလျှောက်ခဲ့ကြတာ သေချာသည်။

ဒါပေမယ့်လည်း လင်းရှောင်ယွဲ့ က ဒီအဖြစ်အပျက်အတွက် အကြောင်းရင်းအမှန်ကို သိထားသည်။ ထို့ကြောင့် ရွာသားတွေရဲ့ ပါးစပ်ထဲ ချဲ့ကားပြောဆိုသံကို သူမကြားလိုက်တဲ့အခါ သူမအတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသေးသည်။

လင်းရှောင်ယွဲ့ ခေါင်းညိတ်ပြီး ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။ "ကျွန်မ ကြားခဲ့တယ် အမေ"

"ရွာက ရန်ရွှေ့ချန် မစင်တွင်းထဲ ပြုတ်ကျတဲ့အကြောင်းပဲပြောနေကြတာ။ ဒါပေမယ့် ဒီမနက် မစင်ပုံးက ငါတို့အိမ်အပြင်ဘက်မှာရှိနေတယ်... ပြီးတော့ မိသားစုထဲက တစ်ယောက်ယောက်က မနေ့ညက အပြင်မှာ ရှောင်ရန် အော်လိုက်တယ်လို့ပြောတယ် ........ သမီးမှာ ရှင်းပြစရာရှိလား"

လင်းရှောင်ယွဲ့ဆီ ဒီမေးခွန်းကို ပစ်မချခင် ဝမ်ရှို့ယင်က သူမရဲ့ နှလုံးသားထဲ အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရသည်

ဝမ်ရှို့ယင် ကိုယ်တိုင်က တစ်ခုခုကို မှန်းဆပြီးပြီ.......

အကြောင်းမှာ ထိုနေ့တွင် မိသားစုနှစ်စု ညစာစားကြတဲ့အခါ ရန်ရွှေ့ချန်မှာ လင်းရှောင်ယွဲ့အပေါ် အတွေးအမြင်များရှိကြောင်း ပိုင်းခြားသိမြင်တဲ့မျက်လုံးဖြင့် သူမ မြင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပင်။

ဝမ်ရှို့ယင်က ဒီချွေးမကို အမြဲယုံကြည်နေပေမယ့် ဒီတိုက်ဆိုင်မှုများစွာက တပြိုင်နက်တည်း ဖြစ်လာကာ သူမ မကူညီနိုင်ဘဲ သံသယများ ရှိနေသေးသည်။

သူမ သံသယဖြစ်ရုံသာမကဘဲ မိသားစုရဲ့ ဒုတိယအိမ်က အမျိုးသမီး အများအပြားလည်း ဒီနေ့ ခြံဝင်းထဲ စကားပြောနေကြသည်......

မိသားစုထဲက အမျိုးသမီးတွေက ရန်ရွှေ့ချန် မစင်တွင်းထဲ ပြုတ်ကျသွားတာဟာ သူတို့အိမ်ရှေ့က မစင်ရည်တွေနဲ့ဆက်နွယ်နေတဲ့ ဖြစ်နိုင်ခြေအကြောင်း ဒီနေ့ အိမ်ဝင်းထဲမှာ ပြောနေကြသည်။

လင်းရှောင်ယွဲ့ရဲ့ ယောက္ခမ ဝမ်ရှို့ယင်က သဘာဝအတိုင်း အမှန်တရားကို သိချင်လာသည်။

အနားမှာ ဘယ်သူမှမရှိတဲ့အချိန် ဝမ်ရှို့ယင် မေးလိုက်သည်။

လေးလေးနက်နက် တွေးတောဟန်ဆောင်ပြီးနောက် လင်းရှောင်ယွဲ့ ဝမ်ရှို့ယင်ကို လေးလံနေတဲ့ မျက်နှာဖြင့်ကြည့်ကာ အသက်ရှူသံအရှည်ကြီးကိုထုတ်ခဲ့သည်။ "အမေ၊ ကျွန်မအမေ့ကို ဒီကိစ္စကိုပြောဖို့ ဝန်လေးနေခဲ့တာ"

ထို့နောက် ဝမ်ရှို့ယင်က သူမ သံသယတွေ မှန်နိုင်တာ သိလိုက်သည်။

သူမရဲ့ မျက်နှာက ချက်ချင်း သိသိသာသာ ပြောင်းလဲသွားသည်။ သူမ အရင်ဆုံးခေါင်းထွက်ပြီး အပြင်ကိုကြည့်လိုက်သည်။

စိတ်မသက်မသာဖြစ်လာတာကြောင့် သူမ ခေါင်းပြန်မဝင်မီ တံခါးကို အလျင်အမြန်ပြန်ပိတ်ကာ လင်းရှောင်ယွဲ့ကို ပြောလိုက်သည် "ပြော။ လေသံကိုလျှော့ပြီးပြော......"

နောက်တော့ လင်းရှောင်ယွဲ့က ရန်ရွှေ့ချန် သူမကို ဘယ်လိုမျိုး ကိုယ်ထိလက်ရောက်စော်ကားတယ်၊ လမ်းပိတ်တယ်၊ သူမကို ဝယ်ဖို့ ပိုက်ဆံသုံးချင်တယ်ပြီးတော့ မနေ့ညက သူမဆီ ရောက်လာတယ် ဆိုတာကိုပြောပြခဲ့သည်။ ရန်ရွှေ့ချန်ကို သူမနဲ့ ရန်ယန်တို့ တွက်ချက်ပြီး သူ့ကို မောင်းထုတ်ခဲ့ကြသည်......

ဝမ်ရှို့ယင်က ဒီအရာအားလုံးကို နားထောင်ခဲ့သည်။ သူမ မျက်နှာအမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားသည်။

နောက်ဆုံးတော့ သူမ သက်ပြင်းအရှည်ကြီး ထွက်လာခဲ့သည်..

အတွေးပေါင်းများစွာနဲ့ ဆင်ခြင်သုံးသပ်ပြီးနောက် ဝမ်ရှို့ယင် လင်းရှောင်ယွဲ့ ကိုဆွဲလိုက်ပြီး တိုးတိုးလေးသင်ကြားပေးလိုက်သည်။ " ရှောင်ယွဲ့၊ ဒီကိစ္စမှာ သမီးမှန်တယ်လို့ အမေ မပြောနိုင်ဘူး။ အဲဒါက ဒီအထိရောက်နေပြီ နောင်အနာဂတ်မှာ တခြားသူတွေရှေ့မှာမပြောမိစေနဲ့။ သမီးရဲ့ဂုဏ်သတင်းက ချိန်ခွင်လျှာပေါ်မှာရှိနေတာ။ အိမ်ထောင်ရှင်မိန်းမက တခြားယောက်ျားတွေနဲ့ ညဘက်တွေ့တယ်ဆိုလို့ရှိရင် ဒီဖြစ်ရပ်က အကြောင်းပြချက်ရှိတယ်ဆိုရင်တောင် မြစ်ဝါမြစ်ထဲ ခုန်ဆင်းပြီးတောင်မှ ဆေးကြောလို့ပြောင်မှာမဟုတ်ဘူး"

"အမေ ကျွန်မ သိပါတယ်။ အစကတည်းက ယောက္ခမကို မပြောဘူးလို့ လုပ်ထားတာဆိုတော့ ဒီကိစ္စကို ကျွန်မလည်း ဖြန့်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုလိုတာ။ အနာဂတ်မှာ ကျွန်မသေချာပေါက် ပါးစပ်ပိတ်ထားမယ်"

လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်က အဓိကပြဿနာများကို အသေးအမွှားကိစ္စများအဖြစ် လျှော့ချနိုင်သည့် အခြေအနေမှာ ရှိနေမယ်လို့ ခံစားမိတာကြောင့် သူမ မနေ့က အဲ့ကောင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြစ်ပေးလိုက်တာက မှန်ကန်သည်။

အနည်းဆုံးတော့ ဒီကောင် သူမကို အချိန်အတော်ကြာ မနှောင့်ယှက်တော့ဘူး။

"ဒါကောင်းတယ်"

ဝမ်ရှို့ယင် ခေါင်းညိတ်လိုက်သည်။ "အထူးသဖြင့် တခြားအိမ်နှစ်အိမ်က လူတွေ မသိသွားစေနဲ့။ အဲဒီအိမ်နှစ်အိမ်က အမျိုးသမီးတွေမှာ ပိုအစွမ်းထက်တဲ့ ပါးစပ်တွေ ရှိပြီး သူတို့ သမီးနေရာကိုအစားထိုးဖို့ နေ့တိုင်း အော်နေကြလိမ့်မယ်။ ပြီးတော့ သူတို့က အိမ်ခေါင်မိုးတစ်ခုတည်းအောက်မှာ နေနေကြတာ။ အိမ်အပြင်မှာ သူတို့တနေကုန် သမီးအကြောင်းကို ဆိုးဆိုးရွားရွားပြောနေရင် အဲ့တာကကောင်းတဲ့ လွှမ်းမိုးမှု မဟုတ်ဘူး"

လင်းရှောင်ယွဲ့ တုံ့ပြန်လိုက်သည်။ "အမေ စိတ်မပူပါနဲ့။ အဲ့အိမ်နှစ်အိမ်ကလူတွေ မသိသွားစေရပါဘူး။ သူတို့နဲ့ ကျွန်မရဲ့ဆက်ဆံရေးက ဘယ်လောက်ဆိုးနေလဲ ဆိုတာအမေပဲ ကြည့်လေ "

သတိပေးချက် ပြီးခါနီးမှာ ဝမ်ရှို့ယင်ရဲ့ နှလုံးက ထက်ဝက်ပြေလျော့သွားခဲ့သည်။

ဒါပေမယ့်လည်း သူမမှာ စိုးရိမ်စရာတစ်ခုရှိနေဆဲဖြစ်ပြီး လင်းရှောင်ယွဲ့နဲ့ စကားပြောဖို့ ဒီအချိန်ကို အခွင့်ကောင်းယူခဲ့သည်။

"တကယ်တော့လေ ရှောင်ယွဲ့၊ ဒီကိစ္စကြောင့် ရန်ရွှေ့ချန်က သမီးကို ဒီလောက်ဆိုးရွားတဲ့အချက်တွေနဲ့ ပြောင်ပြောင်တင်းတင်းကြံရွယ်ဖို့လုပ်တာက အကြောင်းပြချက်တစ်ခုရှိပုံရတယ်"

ဝမ်ရှို့ယင် လင်းရှောင်ယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမမျက်လုံးတွေက ပဟေဠိဖြစ်နေခဲ့သည်။

လင်းရှောင်ယွဲ့ ဝမ်ရှို့ယင် ဘာကိုဆိုလိုနေတာလဲဆိုတာကို နားမလည်နိုင်ဖြစ်နေသည်။

ဒီအတွက် သူမကို အပြစ်တင်လို့ရသေးလား။

ဒါက အနာဂတ်ကမ္ဘာနဲ့ မတူဘူး။ ရာဇ၀တ်မှုတစ်ခုဖြစ်ပွားတဲ့အခါ မိန်းကလေးက လှပလွန်းပြီး ဘောင်းဘီကတိုလွန်းသည့်အတွက် လူအများက အပြစ်တင်ကြမှာလား။

ဘာမှားလို့လဲ။ ရုပ်ရည်ချောမောတာက ရာဇ၀တ်မှုတစ်ခုလား။ အမြင် သုံးခုကကော ဘယ်လိုလဲ။

ယခုအချိန်တွင်ဝမ်ရှို့ယင်က "ရန်ရွှေ့ချန် သမီးအကြောင်းတွေ အများကြီး ဆက်တွေးနေတာက ဘာဖြစ်လို့လဲဆိုတော့ သမီးနဲ့ ရှောင်ယန် က ဇနီးမောင်နှံအစစ် မဟုတ်သေးဘူးလို့ သူထင်နေတာကြောင့်ပဲ။ အကယ်၍ သမီးနဲ့ရှောင်ယန် အကြင်လင်မယားအစစ်ဖြစ်သွားကြပြီး အမေတို့မိသားစုမှာ မြေးတစ်ယောက်ကို ထပ်ထည့်ပေးလိုက်ရင် သမီးကိုဘယ်သူကမှ စဥ်းစားကြတော့မှာမဟုတ်ဘူး"

လင်းရှောင်ယွဲ့ - ...........

အချိန်အတော်ကြာသွားခဲ့သည်

ရန်ယန်နဲ့ ကလေးယူဖို့ သူမကို တိုက်တွန်းနေတာ။

ဝမ်ရှို့ယင်က ခေါင်းစဉ်ကို ဖွင့်ပြောပြီးပြီမလို့ သူမ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရမည်။ "ရှောင်ယွဲ့ ၊ သမီးက ငါ့ချွေးမဖြစ်နေတာကို အမေ အရမ်းကျေနပ်တယ်။ ရိုးရိုးသားသားပြောရရင် အဲဒီအချိန်တုန်းက ရှောင်ယန်ကို ဇနီးမယားတစ်ယောက် ပေးချင်ခဲ့ပေမယ့် အမေတို့ မိသားစုရဲ့ ပိုက်ဆံက နည်းလွန်းတာကြောင့်နဲ့ ရှောင်ယန် ရဲ့ အခြေအနေက ထူးခြားတာကြောင့် အမေတို့ မိသားစုကို လက်ထပ်ဖို့ မိန်းကလေး တစ်ယောက်မှ ဆန္ဒမရှိခဲ့ဘူး။ ဒါကြောင့် သူ့အဖေနဲ့ အမေက ဈေးသက်သက်သာသာနဲ့ ဝယ်ဖို့ ပိုက်ဆံသုံးဖို့ စိတ်ကူးခဲ့ကြတာ"

လင်းရှောင်ယွဲ့က သူမရဲ့ သနားစရာကောင်းတဲ့ လူကုန်ကူးသည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအကြောင်း ကြားသိရပြီး သူမနှလုံးက အနည်းငယ် နစ်မွန်းသွားသည်။

ဝမ်ရှို့ယင်က ဆက်ပြောခဲ့သည်။ "သမီးကလည်း သနားစရာကောင်းတယ်ဆိုတာ အမေ သိပါတယ်။ အမေတို့မိသားစုက တကယ်တော့ အရောင်းဈေးကွက်မှာ ပိုက်ဆံနည်းနည်းပဲပေးပြီး ထောက်ပံ့ရပေမယ့် လူတစ်ယောက်ကို ဝယ်လို့တော့ မရဘူး။ ကိုယ်စားလှယ်က အမေ တို့ကို အချိန်အကြာကြီး ဆွဲခေါ်သွားပြီး စျေးသက်သက်သာသာနဲ့ တစ်ယောက် ဝယ်လို့ရပြီး အမေတို့မိသားစုမှာ မသန့်ရှင်းတဲ့ဒြပ်စင်တွေရှိတယ်ဆိုတာ ငါတို့ကိုပြောပြဖို့ပဲရှိတယ်။ မသန့်ရှင်းတဲ့ ဒြပ်စင်အခြေအနေတွေရှိနေတာကြောင့်မို့ သမီးရဲ့ စျေးကလည်း အရမ်းသက်သာတယ်။ သမီးကို ဘယ်သူမှ မလိုချင်ဘူးလို့ အမေ ကြားတယ်။ ဟေး....... လိုရင်းတိုရှင်းပြောရရင် ဒီလိုအခြေအနေမျိုးမှာ အမေတို့မိသားစု သမီးကို ရွေးပြီးတော့ အမေတို့အိမ်ထဲ သွင်းလိုက်တာပေါ့"

စကားများစွာပြောပြီးနောက် ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို မိသားစုရဲ့ဇနီးအဖြစ် အခြေချနေထိုင်ပြီး သားဖြစ်သူကို သားသမီးတွေမွေးပေးဖို့ ဆွဲဆောင်ရင်း 'စိတ်လှုပ်ရှားစွာ စကားပြောကာ၊ အကြောင်းပြချက်ဖြင့်သာ လုပ်ဆောင်ချင်ခဲ့သည်...

သူမ လင်းရှောင်ယွဲ့ကိုသိစေချင်သည်။ "ဒါဆို သိပြီလား ဒါကကောင်းတဲ့အရာမဟုတ်ပေမယ့် အနည်းဆုံးတော့ သမီးက အမေတို့ရဲ့မိသားစုပဲ။ သမီးကို အမေတို့မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်တွေးပါတယ်။ အမေ့သားရဲ့အခြေအနေကလည်း ရှင်းပါတယ်၊ သမီးရဲ့အခြေအနေက.......သမီးလည်း အဲ့တာကို သိပါတယ်"

ဝမ်ရှို့ယင်က အသက်ပြင်းပြင်းရှူရင်း "ဒီအတိုင်းထားလိုက်ရအောင်...... သူ့အဖေနဲ့အမေက အလုပ်တွေလုပ်နိုင်တုန်းပဲ၊ အမေတို့ သားနဲ့သူ့မိသားစုကို ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမယ့် အမေတို့နှစ်ယောက်သေပြီးရင် သမီးတို့နှစ်ယောက်ပဲ ကိုယ့်ကိုယ်ကို ထောက်ပံ့ဖို့ သမီးတို့ရဲ့သားစဉ်မြေးဆက်ကို အားကိုးလို့ရတယ်။ ရှောင်ယန်ကို စောစောစီးစီး သားလေးမွေးပေးတာကလည်း သမီးအတွက် အကျိုးရှိပါတယ်"

လင်းရှောင်ယွဲ့ အခု ဒါကို လုံးဝကြားလိုက်ရသည်။

ဝမ်ရှို့ယင်က ရန်ယန်နဲ့ ကလေးယူရအောင် ဆွဲဆောင်ဖို့ သူမကို အများကြီးပြောခဲ့သည်...

ရန်ရွှေ့ချန်မှ ....

ရန်ယန်ရဲ့ အခြေအနေတွေကို.....

လင်းရှောင်ယွဲ့ ရဲ့ နောက်ခံကို.....

ထို့နောက် ရန်ယန်နဲ့ လင်းရှောင်ယွဲ့ ရဲ့ အနာဂတ်အကြောင်း။

လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့ရဲ့ လက်ရှိအခြေအနေနှင့် တစ်သက်တာအစီအစဉ်က ရှင်းရှင်းလင်းလင်းရှိတယ်လို့ ဆိုနိုင်သည်။

ထို့အပြင် လင်းရှောင်ယွဲ့ရဲ့ နောက်ခံသမိုင်းကြောင်းကို သူမက လင်းရှောင်ယွဲ့ သိစေဖို့ တမင်တကာဖော်ပြခဲ့သည်။

အခြေအနေက သူမအတွက် အကောင်းဆုံးအခြေအနေဖြစ်ပြီး သူမ အခြားအရာတွေကို အလွန်အမင်းစဉ်းစားနေဖို့ မလိုအပ်ပေ။

လင်းရှောင်ယွဲ့က ရှေးခေတ်က ပြဌာန်းထားတဲ့ စာအုပ်များစွာကို ဖတ်ခဲ့ပြီး သူမ ဒီနှစ်တွေအတွင်း မသန့်ရှင်းသောဒြပ်စင်တွေရဲ့ တည်ရှိမှုနဲ့ တိုက်ခိုက်မှုများကို ကောင်းစွာနားလည်သည်။

လူ့ဘောင်အဟောင်းရှိ အရင်းရှင်နဲ့ အိမ်ပိုင်ရှင်မိသားစုတွေအားလုံး ဒီခေတ်ရောက်ရှိလာတဲ့အခါတွင် မသန့်ရှင်းသောဒြပ်စင်များအဖြစ် တံဆိပ်ခတ်ခံခဲ့ရသည်။

ပြုပြင်ပြောင်းလဲမှုနဲ့ ပွင့်လင်းမြင်သာမှုတို့ စတင်တော့မှာကို မြင်လိုက်ရသဖြင့် မကောင်းတဲ့ဒြပ်စင်များအပေါ် တိုက်ခိုက်ခြင်းက ဤမျှပြင်းထန်နေဦးမယ်လို့ လင်းရှောင်ယွဲ့ မထင်ထားခဲ့ပေ။

ဤကမ္ဘာကြီးရဲ့ ဖွဲ့စည်းပုံက ပိုမိုတင်းကျပ်လာသည်။

စျေးသက်သက်သာသာနဲ့ သူမကိုရောင်းခဲ့တာက အံ့သြစရာမဟုတ်တော့ဘူး...

သူမကိုရောင်းတဲ့ မိသားစုက ပစ္စည်းတွေကို ပိုက်ဆံထက် ပိုတန်ဖိုးထားတာ ဖြစ်နိုင်သည်။ လင်းရှောင်ယွဲ့ ထိုနေ့ကို သတိရသွားသည်။ သူမမိသားစုက ရိက္ခာများစွာ ယူဆောင်ပြီး ထွက်ခွာသွားခဲ့သည်။

လင်းရှောင်ယွဲ့ ဒီယုတ်မာတဲ့ နောက်ခံကို ဂရုမစိုက်ဘူး။

ဝမ်ရှို့ယင်က သူမကို ဒီစကားတစ်ခွန်း ပြောခဲ့ပေမယ့် လင်းရှောင်ယွဲ့ ကလည်း နှလုံးသားထဲထိ စွဲလန်းခြင်းမရှိခဲ့ပေ။

ဒါပေမယ့်လည်း ရန်ယန်နဲ့လင်းရှောင်ယွဲ့ရဲ့ လင်နှင့်မယားကြား ဆက်ဆံရေးက အမှန်တကယ် ဖြစ်နိုင်ခြေရှိနေသည်ဟု ခံစားရသည်။

(TN : ဒီအပိုင်းနဲ့ပတ်သက်ပြီး 100% မသေချာဘူး၊ ဒီနေရာမှာ typo error ရှိသွားတယ်လို့ ခံစားရတယ်။)

အကြောင်းကတော့ သူမ ဒီနေ့ တတိယရန်ယန်နဲ့ ချစ်မြတ်နိုးစရာကောင်းတဲ့နေ့လေးရှိလို့ပဲ။

သူမရဲ့နဖူးကို သူထပ်နမ်းခဲ့သည်......

ရှက်စရာကြီး

ဒါကြောင့် ဝမ်ရှို့ယင်ကို လင်းရှောင်ယွဲ့ရဲ့ တုန့်ပြန်မှုက အတော်လေး ချောမွေ့ခဲ့သည်။ " အမေ အမေပြောတာ နားလည်ပါတယ်။ ကျွန်မ ကြိုးစားပါ့မယ်။ အဓိကကတော့ ရှောင်ယန်ရဲ့ အခြေအနေပေါ်မှာ မူတည်တယ် "

ဝမ်ရှို့ယင် သူမပြောတာကို ကြားလိုက်ရသည်။ သူမ နှလုံးသားထဲက ကျောက်တုံးကြီးက လုံးလုံးလျားလျား ပြိုကျသွားခဲ့ပြီ။

" ရှောင်ယွဲ့၊ သမီးကိစ္စတွေ နားလည်တာ ကောင်းတယ်" ဝမ်ရှို့ယင်က စိတ်သက်သာရာရစွာနဲ့ ခေါင်းညိတ်လိုက်သည်။ ဝမ်ရှို့ယင်က သူမ ချွေးမအဖြစ် လင်းရှောင်ယွဲ့ကို ပိုပိုပြီး ကျေနပ်လာခဲ့သည်။

All Chapters