အခန်း (၃၄)
Vol. 3 Ch. 34
လင်းရှောင်ယွဲ့က ပန်းကန်ဆေးပြီး ဘေးအိမ်လေးဆီ ပြန်သွားခဲ့သည်။
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင် သူမကိုပြောခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး ရန်ယန်နဲ့စကားကောင်းကောင်းပြောကာ သူကော ဘယ်လိုလုပ်ချင်လဲ မေးချင်သည်။
မမျှော်လင့်ဘဲ သူမ ပြန်ရောက်လာတော့ ရန်ယန်က အနက်ရောင် အ၀တ်အစားတွေလဲပြီး အိမ်ရဲ့ ပြတင်းပေါက်ဆီ တက်သွားခဲ့သည်။
"ရှင် အပြင်သွားမို့လား"
လင်းရှောင်ယွဲ့ ဘေးအိမ်လေး တံခါးကို အမြန်ပိတ်လိုက်ပြီး ရှေ့တိုးသွားခဲ့သည်။
ရန်ယန် ခြေတစ်ဖက်နဲ့ ပြတင်းပေါက်က ထွက်ခဲ့ပြီး လင်းရှောင်ယွဲ့ ကို ပြန်ကြည့်ခဲ့သည်။ "ဟုတ်တယ်။ မင်းအရင်အိပ်နှင့် ငါ့ကိုမစောင့်နဲ့"
လင်းရှောင်ယွဲ့ တိုက်ရိုက် မေးလိုက်သည်။ "ရှင် ပိုက်ဆံရှာမလို့လား။ စားစရာပြန်ယူလာမှာလား "
ရန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ တကယ်တော့ သူရည်ရွယ်ချက်က အပြင်ထွက်ဖို့ မဟုတ်ဘူး...
ဒါပေမယ့် သူမ အဲ့တာကို ပြောကတည်းက...
ရန်ယန် နှုတ်ခမ်း ပင့်လိုက်ပြီး ကတိပေးခဲ့သည်။ "ရိတ်သိမ်းပြီးရင် မင်းဆီယူလာခဲ့မယ်"
လင်းရှောင်ယွဲ့က သူစီးပွားရေးလုပ်ဖို့ ထွက်သွားတာ မြင်တဲ့အခါ သူမ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ "ကျွန်မကိုလည်းခေါ်။ အဲဒါကို လေ့လာကြည့်ရအောင်နော်။ ရှင်စိတ်မဝင်စားဘူးဆိုရင် ရှင့်ရဲ့လုပ်ငန်းကို ကျွန်မတာဝန်ယူနိုင်တယ်!"
ရန်ယန်က သူမက ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိလိုက်သည်။ သူမက သူထင်ထားတာထက် အများကြီး ပိုစွမ်းဆောင်နိုင်သည်။
ဒါပေမယ့် သူ သူမကို ငြင်းခဲ့သည်။ "မခေါ်သွားဘူး။ ငါ မင်းအတွက် လုံလောက်အောင် ပေးမယ်။ စောစောအိပ်။ ငါ သင်ယူနေတယ် "
"ဟေး ရှင်ကျွန်မကို တကယ် မခေါ်သွားချင်ဘူးလား... ကျွန်မက အရမ်းဉာဏ်ကောင်းတယ်၊ ကျွန်မ ရှင့်ကို ကူညီနိုင်တယ်....."
လင်းရှောင်ယွဲ့ ခြေလှမ်းနှစ်လှမ်း အလျင်အမြန်လှမ်းခဲ့ပေမယ့် ရန်ယန်က ပြတင်းပေါက်က ခုန်ဆင်းသွားပြီ။
လင်းရှောင်ယွဲ့ စားပွဲပေါ်တက်ကာ ပြတင်းပေါက်က ခေါင်းထွက်ပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ သူ ဘေးဘေးကင်းကင်း ဆင်းသွားတာ မြင်လိုက်ရသဖြင့် သူမက “ဟေး…” လို့ သူ့ကို အလျင်အမြန် အော်လိုက်သည်။
ရန်ယန် လှည့်ကြည့်ပြီး သူမကို ပြုံးပြကာ သူ့လက်ဖဝါးကြီးကို ဝှေ့ယမ်းလျက် ပြန်ဝင်လို့ ပြောခဲ့သည်။
လင်းရှောင်ယွဲ့ က သူဘာကိုဆိုလိုတညလဲ နားလည်သည်။ "ရှင့် ကိုယ့်ခန္ဓာကိုယ်မှာ ဒဏ်ရာရှိနေတယ်နော် သတိထားဦး!"
ရန်ယန်ရဲ့ အပြုံးက ပိုတောက်ပကာ သူမဆီ ပြန်လာပြီး "မင်း စောစောအိပ်ရာဝင်၊ ငါ့ကို စိတ်ပူမနေနဲ့"
စကားပြောပြီးသွားတဲ့အခါ ရန်ယန်က နောက်လှည့်ပြီး ပြေးထွက်သွားခဲ့သည်။
အဝေးက သူ့ရဲ့နောက်ကျောကို ကြည့်ပြီး လင်းရှောင်ယွဲ့ ပါးစပ်ဟကာ ဟူး ဆိုပြီးလေတစ်ချက်မှုတ်ထုတ်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ပြန်လှည့်လိုက်သည်။
သူမကို သူနဲ့မခေါ်သွားရင် သူမ တစ်ယောက်တည်းလုပ်လို့ရတယ်လို့ သူမ တွေးလိုက်သည်။
သူမလည်း ဒီလိုလုပ်စရာတွေကို ရှာတွေ့နိုင်သည်..
ဥပမာ မှောင်ခိုဈေးကွက်။
မှန်းဆချက်တွေကို သတိထားရင် ငွေစကားကြားဖို့ နေရာအများကြီးရှိသေးတယ်။
ဒါပေမယ့် သူမအနေနဲ့ လုပ်ငန်းနဲ့ပတ်သတ်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားရမည်။
ဒီည စာကြည့်ခန်းထဲ သွားလိုက်အုံးမယ်။ အဲ့မှာကောင်းတဲ့ပစ္စည်းတွေရှိတယ် ......
ညဘက်တွင် လင်းရှောင်ယွဲ့ တစ်ယောက်တည်း အိပ်သွားခဲ့သည်။
အိပ်မက်ထဲတွင် စာကြည့်ခန်းထဲဝင်သွားရင်း စင်ပေါ်က စာအုပ်စင်ပေါ်က ပြိုးပြိုးပြက်ပြက် လက်နေတဲ့ စာအုပ်တွေကို ကြည့်ခဲ့သည်။ အဲ့တာက ရောင်းဖို့ မသင့်တော်ပေ။
အခြားအရင်းအမြစ်တွေက.....
လင်းရှောင်ယွဲ့က လက်တော့ပ်၊ ခေါက်ဆွဲနဲ့ ကြမ်းပြင်ပေါ်က မဖွင့်ရသေးတဲ့ သရေစာဘူးကို သတိပြုမိလိုက်သည်။
သရေစာဘူးကိုလည်း သုံးလို့ရနိုင်ပုံရတယ်။
လင်းရှောင်ယွဲ့ ချောပို့ဘူးကို နှစ်ကြိမ်ဖောက်လိုက်ပြီး အထဲမှာသိုလှောင်ဖို့ သူမ ဝယ်ခဲ့သော အဆာပြေမုန့်များ ရှိသည်။
သစ်သီးခြောက်၊ အလုံပိတ် နှပ်ထားတဲ့ အစားအစာ၊ နို့သကြားလုံး၊ ခေါက်ဆွဲခြောက်၊ ကွတ်ကီးတွေနဲ့ နို့တစ်ဒါဇင်ခန့် ပါရှိသည်။
လင်းရှောင်ယွဲ့က သစ်သီးခြောက်ထုပ် ဖောက်ပြီး သူမစားပွဲမှာထိုင်ကာ နှစ်ခုစားခဲ့သည်။ အဲ့တာက အရသာကောင်းပြီး သက်တမ်းမကုန်သေးပေ။
ဤစာကြည့်ခန်းနေရာလွတ်တွင် အချိန်သတ်မှတ်ထားတာကြောင့် ဖြစ်နိုင်တယ်လို့ သူမတွေးနေမိသည်။ ထို့ကြောင့် ဒီနေရာကို ဝင်လာသမျှအရာတိုင်းရဲ့ လတ်ဆတ်မှုတန်ဖိုးက ယခုအချိန်တွင် အေးခဲနေသည်။
လင်းရှောင်ယွဲ့က မုန့်တွေကို ထုတ်ယူပြီး မနက်ဖြန် မှောင်ခိုဈေးကွက်မှာ ရောင်းချဖို့ စီစဉ်ခဲ့သည်။
ဒါပေမယ့် ဒီပစ္စည်းတွေကို ရောင်းချဖို့ ဒီခေတ်ဈေးကွက်အတွက် မသင့်လျော်ဘူးလို့ သူမ ခံစားမိသည်။ လင်းရှောင်ယွဲ့ ဒီကိစ္စကို သေချာ မသိဘူး။
သူမ သစ်သီးခြောက်တွေကို စားပြီး လက်တော့ပ်ပေါ်က ဝဘ်စာ မျက်နှာကို ဖွင့်လိုက်သည်။ အရာအားလုံး ရရှိနိုင်သည်။
သူမရဲ့လက်ပ်တော့နဲ့ မကစားရတာကြာပြီမို့ လင်းရှောင်ယွဲ့ အဲ့တာကို လည်ပတ်တဲ့အခါ အနည်းငယ် သံချေးတက်နေသလိုမျိုး ခံစားရသည်။
သူမ ရုတ်တရက် ထူးဆန်းတဲ့ အကြံတစ်ခု ရလာသည်။ သူမသည် ပစ္စည်းတွေ ဝယ်နိုင်သေးလားဆိုတာကို သိဖို့ Taobao ဆီ သွားရန် စီစဉ်ခဲ့သည်။
လင်းရှောင်ယွဲ့က Taobao ကို မျှော်လင့်ချက်များစွာမထားဘဲ ဖွင့်ကြည့်လိုက်ရာ ပစ္စည်းများရှာဖွေခြင်းနှင့် ဝဘ် ကိုရှာဖွေခြင်းက ချောမွေ့ပြီး သွက်နေကြောင်း တွေ့ရှိခဲ့သည်။
ထို့နောက် ဝယ်မည်ဆိုတဲ့ခလုတ်ကို နှိပ်လိုက်သည်...
ဒါက စိတ်အနှောင့်အယှက်အဖြစ်စေဆုံး ခြေလှမ်းတွေထဲက တစ်ခုပင်။
လင်းရှောင်ယွဲ့က မှာယူမှု စာမျက်နှာ သွားတဲ့လင့်ခ်ကို ကြည့်ရှုခဲ့ပြီး ပမာဏနဲ့ သူမလိပ်စာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်...
တကယ်လို့ သူမ နောက်တစ်ကြိမ် ပေးချေနိုင်ရင် မှာယူမှု အောင်မြင်တယ်လို့ ဆိုလိုတာလား။
လင်းရှောင်ယွဲ့ အံကြိတ်ပြီး ငွေပေးချေမှုခလုတ်ကို နှိပ်ကာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်...
ဝဘ်စာမျက်နှာက ခုန်တက်လာပြီး ငွေပေးချေမှု အောင်မြင်သည့် စာမျက်နှာဆီ ရောက်သွားခဲ့သည်။
"ဝိုး ........"
လင်းရှောင်ယွဲ့ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။
သူမ အဲ့တာကို မယုံနိုင်ဘူး။ ငွေပေးချေမှုက တကယ်တကယ် အောင်မြင်ခဲ့တာလား။
သူမရဲ့ စာကြည့်ခန်း အာကာသနေရာလွတ်မှာ Taobao ကိုဝယ်ဖို့ ဖြစ်နိုင်တာလား။
နောက်ထပ်က နောက်ပြဿနာတစ်ခု ကြုံလာရပြန်ရော ...... ပစ္စည်းလက်ခံလို့ရနိုင်ပါ့မလား။
Taobao လိပ်စာကို သူမ မူလအိမ်တွင် ဖြည့်ထားပေမယ့် သူမရောက်ရှိနိုင်သည့် တစ်ခုတည်းသော နေရာမှာ စာကြည့်ခန်းနဲ့ တံခါးပေါက် သူမ စာကြည့်ခန်းတံခါးကို တွန်းလိုက်သည်... အလင်းမရှိဘဲ အမှောင်နဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးဖြစ်သည်။
လင်းရှောင်ယွဲ့မှာ စာကြည့်ခန်းသာ ရှိတာကြောင့် ဒီ Taobao အမှာစာက ချောမွေ့စွာ ပို့ဆောင်ပေးနိုင်ခြင်း ရှိ၊ မရှိ သူမ မသိပေ။
ဒါပေမယ့် အောင်မြင်တဲ့ ငွေပေးချေမှုကို မြင်လိုက်ရသဖြင့် လင်းရှောင်ယွဲ့ အနည်းငယ် ပျော်ရွှင်သွားသည်။
ပန်းသီးတစ်ဗူးဝယ်လိုက်ရုံနဲ့ လက်ခံလို့ရနိုင်ရင် အသီးအနှံတွေကို သူမ စားနိုင်မှာ။
လင်းရှောင်ယွဲ့က စာအုပ်ထဲက ခေတ်အိမ်မှာ ဘာအသီးမှ မတွေ့ခဲ့ဖူးဘူး။
မိသားစုလိုက် အတူတူစားကြသည့်တိုင် အသီးအနှံတောင် မစားဖူးပေ။
ဆိုလိုတာက ဒီဘက်ခေတ်မှာ သစ်သီးဆိုတာ ရှားပါးပစ္စည်းတစ်ခုပင်။
ဤပစ္စည်းကို လက်ခံနိုင်ရင် လင်းရှောင်ယွဲ့ အလွန်ပျော်ရွှင်နေလိမ့်မည်။
ဒါပေမယ့် သူမ ငွေပေးချေနိုင်တာ မြင်တဲ့အခါ လင်းရှောင်ယွဲ့က အသီးအနှံသေတ္တာများစွာကို ဆက်တိုက်ဝယ်ယူခဲ့သည်။ အဲ့တာက သူမ ပြန်မမွေးဖွားခင်က သူမအကောင့်ထဲက နုတ်ယူထားတာ။
နောက်တစ်ခုကတော့ ပို့ဖို့ စောင့်ဆိုင်းရတဲ့ ကြာမြင့်တဲ့ လုပ်ငန်းစဉ် ဖြစ်သည်..
ဘာပဲဖြစ်ဖြစ် ဒီညကတော့ မဖြစ်နိုင်ဘူး။
ဒီနေ့ညတွင် လင်းရှောင်ယွဲ့ အဆာပြေမုန့်တစ်ဗူးနဲ့သာ ထွက်လာခဲ့သည်။
.....
နောက်တစ်နေ့မနက်တွင် လင်းရှောင်ယွဲ့က အိပ်ယာဘေးက အဆာပြေမုန့်တစ်ဗူးနဲ့ နိုးလာခဲ့သည်။
အိပ်ယာ ဘေးက သူ့နေရာမှာတော့ဗလာဖြစ်နေသည်။
လင်းရှောင်ယွဲ့ ထထိုင်လိုက်ပြီး သူမဘေးကနေရာလွတ်ကို ကြည့်လိုက်ပြီးနောက် သူမသူ့အတွက် ဖွင့်ထားပေးတဲ့ နံရံကပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။
ဒါပေမယ့် ရန်ယန်က အနားတစ်ဝိုက်မှာမရှိဘူး...
ဒီတစ်ညလုံး သူပြန်မလာခဲ့ဘူးလို့ လင်းရှောင်ယွဲ့ မှန်းဆခဲ့သည်။ သူ ဒုက္ခရောက်နေတာလား။ အိပ်ယာ ထပြီးနောက် လင်းရှောင်ယွဲ့က အဆာပြေစာမုန့်ဘူးကို ဗီရိုထဲ အမြန်ထည့်ကာ ဝှက်ထားလိုက်သည်။ လင်းရှောင်ယွဲ့ သူတို့ကို လျစ်လျူရှုပြီး ဝမ်ရှို့ယင်ရဲ့အခန်းထဲ အမြန်သွားခဲ့သည်။
သူမ အခန်းကျဉ်းလေးထဲက ထွက်ကာ ခြံဝင်းထဲ လျှောက်သွားခဲ့သည်။ ဒါပေမယ့် သူမ ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာဆီ ပြေးသွားမိခဲ့သည်။
ထိုအချိန်တွင် ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က ကိုယ့်အလုပ်ကို လုပ်ဖို့ ထွက်သွားခဲ့ကြသည်။ လင်းရှောင်ယွဲ့နဲ့ ရန်ယနတို့ အတွက် မနက်စာကို စားပွဲပေါ်မှာ ထားပေးခဲ့သည်.......
လင်းရှောင်ယွဲ့ မနက်စာစားဖို့ ရည်ရွယ်ချက်မရှိဘဲ အခန်းထဲက ပြန်ထွက်ပြီး သူမ အိမ်လေးထဲပြန်သွားကာ အိမ် တံခါးကိုပိတ်လိုက်သည်။
ရန်ယန် ပြန်ရောက်မလာတာကို မိသားစုထဲက ဘယ်သူမှ ဒီအကြောင်းကို မသိသင့်ဘူး။
လင်းရှောင်ယွဲ့ သူ့အတွက် အလွန်စိုးရိမ်ခဲ့ပေမယ့်လည်း လျှို့ဝှက်ထားခဲ့ရသည်။
ခဏကြာတော့ သူမ စိတ်တွေ ရှုပ်လာသည်။
ရန်လျန်ဟွာနဲ့ ရန်ဟုန်ရင်တို့က ခြံဝင်းထဲ ဆေးကြောနေကြပြီး လင်းရှောင်ယွဲ့ သူတို့ကို မနှုတ်ဆက်ဘဲ ပြေးဝင်လိုက်ထွက်လိုက်နှင့် လုပ်နေတာကို သူတို့ ကြည့်နေကြသည်။
နောက်ကွယ်တွင် သတိမထားမိတဲ့ လင်းရှောင်ယွဲ့ ကို ဒီညီအစ်မနှစ်ယောက်က မကောင်းတဲ့စကားတွေ ထပ်မံပြောဆိုလာကြသည်။
"လင်းရှောင်ယွဲ့ကို ကြည့်ပါဦး။ မိသားစု ခွဲနေပြီးတဲ့ နောက်မှာ သူမကပိုပိုပြီး မာနကြီးလာတယ်၊ အဝယ်ခံထားရတဲ့ သူက ငါတို့နှစ်ယောက်လုံးကို လုံးဝ မျက်လုံးထဲမထည့်ဘူး!"
ရန်လျန်ဟွာ ရေသောက်ပြီးတာနဲ့ သူမပါးစပ်ကို ဆေးကြောကာ လင်းရှောင်ယွဲ့ ရှိသည့် ဘေးဘက်အခန်းလေးကို စိုက်ကြည့်နေခဲ့သည်။
သူမဘေးက ရန်ဟုန်ရင်က သူမရဲ့မျက်နှာကို သစ်လိုက်ပြီး “ထားလိုက်စမ်းပါ၊ သူတို့မှာ အခု ငါတို့ထက် မိသားစုအဆင့်အတန်း ပိုမြင့်နေပြီလေ။သူက အိမ်အလုပ်လုပ်စရာမလိုဘူး။ တစ်နေ့လုံး ရန်ယန်ကို ထမင်းကျွေးဖို့ ရေတိုက်ဖို့ သူနဲ့ကစားပေးဖို့ပဲလိုတာ နေ့တိုင်းလည်း အသားစားရတယ်။ ငါတို့ထက် သာတယ်။ သူတို့က ငါနှစ်ယောက်ထက် ပိုပျော်ရတယ်"
"ဝယ်ပြီးခါစအမျိုးသမီးက ငါတို့ထက် ပိုကောင်းတဲ့ဘဝရှိတယ်လို့ နင့်ကို ဘာကထင်စေတာလဲ"
ရန်လျန်ဟွာက မယုံကြည်ဘူး။ ပြီးတော့ သူမ ပြောလိုက်သည်။ "ငါတို့ပြီးရင် ခြံကို သန့်ရှင်းရေးလုပ်ရမယ် အဝတ်အစားတွေ လျှော်ဖို့လည်း ကျန်သေးတယ်။ တတိယအဒေါ်က သူ့အတွက် အကုန်လုပ်ပေးတဲ့အတွက်သူ ဘာအလုပ်မှ လုပ်စရာမလိုဘူးလေ။ ဒီတော့ သူမ ဘာလို့မပျော်ရမှာလဲ"
ရန်ဟုန်ရင်က ရန်လျန်ဟွာကို ဗလာကျင်းစွာ ကြည့်ပြီး သူမစိတ်ထဲပြောလိုက်မိသည်။ 'ငါ အခု အိမ်အလုပ်တွေ အကုန်လုပ်နေရတာ မဟုတ်ဘူးလား။ နင် ရန်လျန်ဟွာက ဘယ်လောက် လုပ်ခဲ့လို့လဲ၊ အချိန်တိုင်း ပျင်းဖို့ အကြောင်းပြချက်ပဲ ရှာနေတာ... '
"စိတ်ညစ်စရာကောင်းလိုက်တာ၊ ဒီလိုမိန်းမမျိုးက ငါ့ထက် သက်တောင့်သက်သာနဲ့ နေနေတာပဲ!"
ရန်လျန်ဟွာက သူမ သွားတိုက်တံခွက်ကို မုန်းတီးစွာချလိုက်ပြီး ဆေးကြောရမည့်အဝတ်ကို ကောက်ယူကာ ရေထဲထည့်လိုက်သည်။ "အနာဂတ်မှာ မိသားစုကောင်းကောင်းလေးနဲ့ ငါ လက်ထပ်ချင်တယ်။ ဒါမှ ငါ အိမ်အလုပ်လုပ်စရာ မလိုမှာ။ အလုပ်လုပ်ရတာထက် အိမ်အလုပ်လုပ်တာကမှ ပိုကောင်းတာ။ အိမ်အလုပ်တွေနဲ့ အလုပ်တွေလုပ်ရတဲ့ မိန်းမ မဖြစ်ချင်ဘူး။ တောက်။ အခု အစ်ကိုရှမင်ရဲ့ အာရုံကို ပိုင်ရှောင်ချွမ်းက လုံးဝကိုဖမ်းစားထားတယ်။ သေစမ်း "
ရန်ဟုန်ရင်က သူမကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပေမာ့် သူမ တိတ်တဆိတ် ရယ်နေခဲ့သည်...
လုရှမင်သာ သူမကို ကြည့်နေရင် ထူးဆန်းပေလိမ့်မည်။ မျက်မမြင်တွေတောင် သူမကို ကြည့်မှာမဟုတ်ဘူး!
"ဟေ့ ပိုင်ရှောင်ချွမ်းကို ဘယ်လို ရှင်းပစ်ရမလဲ ဆိုတာကို နင်ငါ့ကို ကူစဥ်းစားပေးပါလား"
ရန်လျန်ဟွာက ရန်ဟုန်ရင်ကို ပုတ်လိုက်သည်။ "ငါ့မှာ သဲလွန်စတစ်ခုရှိတယ်။ ပိုင်ရှောင်ချွမ်းက အရူးအပေါ်အရမ်းကောင်းတယ်၊ အရူးကို ကြိုက်နေတာက ဖြစ်နိုင်ခြေရှိတယ်....."
ရန်ဟုန်ရင်က သူမ ကမ္ဘာပေါ်မှာ ဟာသအကြီးစားကြီးကို ကြားလိုက်ရသလို ထင်ခဲ့သည်။
"ပိုင်ရှောင်ချွမ်းက အရူးကို ကြိုက်နေတယ်။ ငါတို့မိသားစုထဲက အရူးကိုလား" ဒီလိုနည်းလမ်းကို တွေးတဲ့သူတွေက အရူးတွေပဲ ဟုတ်ပြီလား။
ရန်ဟုန်ရင် နောက်ဆုံးစာကြောင်းကို မပြောရဲပေ။
ရန်လျန်ဟွာ သေချာစွာနဲ့ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ပိုင်ရှောင်ချွမ်းက အဲဒီအရူးကို ကြိုက်နေတာလို့ ရန်တဟဲ ပြောတာကို ငါကြားတယ်၊ ပြီးတော့ သူက အဲဒီအရူးအပေါ် အရမ်းကောင်းတယ်။ ငါတို့မိသားစုနဲ့ လက်ထပ်ဖို့ ပိုင်ရှောင်ချွမ်းကို လင်းရှောင်ယွဲ့ နဲ့ အစားထိုးဖို့ ဖြစ်နိုင်မယ်လို့ ထင်လား။ ဒါဆိုရင် ငါအစ်ကို ရှမင်ကို လက်ထပ်နိုင်မှာပေါ့"
ရန်ဟုန်ရင် မနေနိုင်ဘဲ ပြုံးကာ ရယ်ရင်းနဲ့ ခေါင်းခါခဲ့သည်။ "ငါ မသိဘူး..."
သူမက အရူးလို့ပဲ ပြောရမလားဆိုတာတောင် မသိတော့ဘူး။
ဒါကို တစ်ယောက်ယောက် ယုံနိုင်မလား။
ပိုင်ရှောင်ချွမ်းရ အရင်နှစ်တွေတုန်းက ရွာကိုရောက်လာပြီး ကွန်မြူနတီအတွင်းရေးမှူးရာထူးနဲ့ ရောထွေးနေတဲ့ ထူးချွန်တဲ့ ပညာတတ်လူငယ်တစ်ယောက်ဖြစ်ရာ သူမမှာလည်း မြို့ရဲ့နောက်ခံရှိတယ်လို့ ကြားသိရသည်။ နှစ်အနည်းငယ်အတွင်း ပြန်ပြောင်းနိုင်တဲ့ မိန်းမမျိုး... ဒီလိုအဆင့်ရှိတဲ့ မိန်းမက အဲဒီအရူးရန်ယန် ဆွဲဆောင်တာကိုခံရပါ့မလား။
ဦးနှောက်နည်းနည်းရှိတဲ့သူတွေက ဒီလမ်းကို မသွားချင်ကြဘူး။
ရန်ဟုန်ရင်က ရန်လျန်ဟွာ ရဲ့ IQ ကို ပိုပိုပြီးတော့ မကြိုက်တော့ဘူး။
"မဖြစ်နိုင်ဘူးလို့တော့ ငါမထင်ဘူး"
ရန်လျန်ဟွာက အခုလိုပြောလိုက်သည်။ ရုတ်တရက် မှော်ဆန်တဲ့ ဧည့်သည်ကို တွေ့ရဖို့ သူမ ခေါင်းကို လှည့်လိုက်သည်။ သူမ ရန်ဟုန်ရင်ကို တံတောင်ဆစ်နဲ့ တည့်တည့်ထိုးလိုက်သည်။ "ကြည့်လိုက်စမ်း၊ ကြည့်ကြည့်။ မဖြစ်နိုင်ဘူးလို့ ငါပြောတယ်လေ !"
"ဘာလဲ"
ရန်ဟုန်ရင်က ခေါင်းလှည့်လိုက်ပြီး ပိုင်ရှောင်ချွမ်းရဲ့ ရုတ်တရတ် အလည်လာမှုကြောင့် ချက်ခြင်း ထိတ်လန့်သွားသည်။
"ပိုင်ရှောင်ချွမ်း လာတယ်!" ရန်လျန်ဟွာက တိုးတိုးလေးပြောလိုက်သည်။
ဟုတ်တယ် သူမလာတာ။
ပိုင်ရှောင်ချွမ်း ရောက်လာတာ!
ပြီးတော့ ပိုင်ရှောင်ချွမ်းက ရန်ယန် နေထိုင်တဲ့ အိမ်ငယ်လေးဆီ တိုက်ရိုက်သွားခဲ့သည်။
သူမ ရုတ်တရက်ကြီး ရောက်လာတာကြောင့် ပိုင်ရှောင်ချွမ်းက မကျူးကျော်ဘဲ တံခါးခေါက်လိုက်သည်။
အထဲမှ လင်းရှောင်ယွဲ့ ရဲ့အသံထွက်လာသည်။ "ဘယ်သူလဲ၊ ကျွန်မကို ဘာပြောချင်လို့လဲ။ အရင်ဆုံး တံခါးဖွင့်ဖို့ အဆင်မပြေလို့ပါ"
"ကျွန်မပါ ပိုင်ရှောင်ချွမ်း "
ပိုင်ရှောင်ချွမ်းရဲ့ အသံကို လင်းရှောင်ယွဲ့ ကြားလိုက်တဲ့အခါ သူမစိတ်ထဲ ထူးဆန်းသလို ခံစားလိုက်ရသည်။
သူမ တံခါးဆီ လျှောက်လာပြီး တံခါးဖွင့်ဖို့ အလျင်စလိုမဖြစ်ခဲ့ပေ။ "ဘာကိစ္စရှိလို့လဲ"
ပိုင်ရှောင်ချွမ်းက အသံလျှော့ချပြီး ပြောလိုက်သည်။ "ကျွန်မ ဝင်လာလို့ရမလား၊ ဒါ ရန်ယန် နဲ့ ဆိုင်လို့"
လင်းရှောင်ယွဲ့ တံခါးဖွင့်လိုက်ပြီး အထဲဝင်လာဖို့ ပြောလိုက်သည်။
ပိုင်ရှောင်ချွမ်း ဝင်လာပြီးတာနဲ့ လင်းရှောင်ယွဲ့က အိမ်သေးလေးရဲ့ တံခါး ဂျက်ထိုးလိုက်ပြီး ပိုင်ရှောင်ချွမ်းကို ထိတ်လန့်စွာ ကြည့်ခဲ့သည်။
ပိုင်ရှောင်ချွမ်းက ကုတင်ကဗလာ ဖြစ်နေတာကို မြင်လိုက်တဲ့အခါ သူမလည်း စိုးရိမ်သွားသည်။ "ရန်ယန် တစ်ညလုံး ပြန်မလာဘူးလား"
လင်းရှောင်ယွဲ့ သူမကို ခုခံတဲ့ အနေအထားနဲ့ ကြည့်လိုက်သည်။ "ဘာဖြစ်ခဲ့လို့လဲ"
ပိုင်ရှောင်ချွမ်း ခေါင်းခါလိုက်သည်။ "ဘာမှတော့ မသိဘူး။ ရန်တဟဲ မသန်စွမ်းဖြစ်ပြီး လယ်ကွင်းထဲ ပစ်ချခံရတယ်ဆိုတာကိုပဲ ကြားထားတာ...ကျွန်မ အဲ့တာကို တွေ့လိုက်တဲ့အချိန် သူ့အသက်တစ်ဝက်ပဲ ကျန်တော့တယ်။မနေ့ညက လယ်ကွင်းထဲမှာ ရှေ့သွားလိုက်နောက်သွားလိုက်လုပ်နေတဲ့ ရန်ယန်ကို မြင်လိုက်သလိုပဲ.......အဲ့တာကြောင့်မို့ ကျွန်မ ဒီကိုလာကြည့်တာ”
လင်းရှောင်ယွဲ့ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
ရန်တဟဲ မသန်စွမ်းဖြစ်သွားတဲ့အတွက် သူမ စိတ်မပူဘူး ...... ရန်ယန် အခုထိ ပြန်မလာသေးလို့ သူမ စိတ်ပူနေတာ။
သူအဆင်ကောပြေနေရဲ့လား။