အခန်း (၃၅)
Vol. 3 Ch. 35
ပိုင်ရှောင်ချွမ်းက ရန်ယန်အတွက် စိုးရိမ်ရုံသက်သက်ဖြင့် လင်းရှောင်ယွဲ့ဆီ လာခဲ့တာဖြစ်သည်။
မနေ့ညက တောင်ကြောလမ်းမှာ အနက်ရောင်ဝတ်ထားတဲ့ ရန်ယန်ကို သူမ တွေ့လိုက်သည်။
သူမ ရန်ယန်ကို ခေါ်ခဲ့ပေမယ့် ရန်ယန်က သူမကို လျစ်လျူရှုခဲ့သည်။
အဲဒီနောက်မှာတော့ ပိုင်ရှောင်ချွမ်းက ဒါကို အလေးအနက်မထားခဲ့ပေ။
ရလဒ်အနေဖြင့် ဒီနေ့မနက်စောစောနိုးလာတဲ့အချိန်မှာ ပိုင်ရှောင်ချွမ်းက ရန်တဟဲ ရိုက်နှက်ခံရပြီး မသန်စွမ်းဖြစ်ကာ လယ်ကွင်းထဲ ပစ်ချခံထားရကြောင်း ကြားသိလိုက်ရသည်။
အခု သတင်းက ရွာထဲမှာ ပြန့်နေပြီ။ လူတိုင်းသိဖို့ အချိန်သိပ်မကြာတော့ဘူးလို့ ခန့်မှန်းရသည်။
ရန်တဟဲကို စောစောမတွေ့ရင် လယ်ကွင်းထဲမှာ တကယ်သေသွားနိုင်တယ်။ အဲ့တာက လူ့အသက်နဲ့ဆိုင်တဲ့ ကိစ္စပဲ။
ပိုင်ရှောင်ချွမ်းက ရန်ယန် ဒီလိုလုပ်ခဲ့တာလို့ သံသယရှိပြီး ရန်ယန်ရဲ့ ကိုယ်ခွဲမျိုးစုံကိုလည်း သူမ သိသည်။
ဒါပေမယ့်လည်း ပိုင်ရှောင်ချွမ်းက ရန်ယန်ကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။
ယင်းအစား သူမ ရန်ယန်ကို ကာကွယ်ချင်ခဲ့သည်။ တကယ်တော့ ရန်တဟဲက ရန်ယန်ကို ဒီလိုဆင်တူတဲ့ အရာတွေ လုပ်ခဲ့ဖူးတယ်။ ရန်တဟဲ ခံရထိုက်တယ်။
ပိုင်ရှောင်ချွမ်း မနက်အစောကြီးရောက်လာပြီး ရန်ယန် ခုထိ ပြန်မလာသေးတာကို တွေ့လိုက်တာကြောင့် လင်းရှောင်ယွဲ့ကို အခြေအနေ အကြောင်း ပြောပြခဲ့သည်။
ပိုင်ရှောင်ချွမ်းကလည်း ရန်ယန် ပြန်ရောက်မလာသေးတဲ့အတွက် သူ့ကိုအပြင်ထွက်ရှာမယ်။ ပြီးတော့ သူမကိုအိမ်မှာပဲ သူမရဲ့သတင်းတွေကိုစောင့်နေစေခဲ့သည်။
လင်းရှောင်ယွဲ့ သူမကို ကျေးဇူးတင်နေသည် .....သူတော်စင်မိခင်၏ နှလုံးသား အလွန်အကျွံ လွှမ်းမိုးနေသည်!
ရန်ယန်ကို သိပ်ပြီး ဂရုစိုက်နေတာတွေ ရပ်လိုက်ဖို့ သူမ တောင်းဆိုချင်တယ်။ တာယာအပို မဖြစ်လာစေဖို့ပေါ့။
ပိုင်ရှောင်ချွမ်းက သူမ သွားတဲ့နေရာတိုင်း ဖြောင့်မတ်မှု၊ ကြင်နာမှုနှင့် လှပတဲ့ အရည်အသွေးများကို ဖော်ပြထားသည့် မူရင်းဝတ္ထုထဲက ဇာတ်လိုက်မင်းသမီးတစ်ဦးဖြစ်သည်။
ဤအရာက သူမကို ကာကွယ်လိုတဲ့ အမျိုးသားဇာတ်ကောင်တွေရဲ့ ဆန္ဒကို လှုံ့ဆော်ပေးခဲ့သည်။
လင်းရှောင်ယွဲ့က စာဖတ်နေစဉ် တာယာအပိုတစ်ခုကို ဆက်မွေးမြူသည့် အမျိုးသမီးဇာတ်လိုက် ပိုင်ရှောင်ချွမ်းကို ရွံရှာခဲ့သည်။
အခု သူမ ဒီလောကကို ရောက်လာတော့လည်း တစ်ပုံစံတည်း ရွံရှာနေမိသည် .......
ပိုင်ရှောင်ချွမ်းက ဒီသတင်းကို ယူလာခဲ့ပေမယ့် လင်းရှောင်ယွဲ့က သူမကို ကျေးဇူးတင်မှာ မဟုတ်ဘူး။
ဘာလို့လဲဆိုတော့ ဒီသတင်းက မကြာခင်မှာ တစ်ရွာလုံးကို ပျံ့သွားတော့မှာ။ သူမ ဒီသတင်းကို လင်းရှောင်ယွဲ့ဆီ မယူဆောင်လာခဲ့ရင်တောင် လင်းရှောင်ယွဲ့က တခြားသူတွေဆီကနေ သတင်းကို မကြာခင် သိတော့မှာမလို့ပဲ။
ရန်တဟဲ ရန်ယန်ရဲ့ လက်တုံ့ပြန်တာခံရတာလို့ လင်းရှောင်ယွဲ့လည်း မှန်းဆနိုင်သည်။
ထို့ကြောင့် ပိုင်ရှောင်ချွမ်းရဲ့ လည်ပတ်မှုက လင်းရှောင်ယွဲ့ ကို ဖျားနာစေနိုင်သည်။
လင်းရှောင်ယွဲ့ ဟန်ဆောင်ပြုံးပြပြီး သူမကို လွှတ်လိုက်သည်။ သူမ မထွက်ခွာခင်မှာ သူမကလည်း သတိပေးခဲ့သည် "ရဲဘော် ပိုင်ရှောင်ချွမ်း၊ ရန်ယန်က ကျွန်မယောကျ်ားပါ။ သူ့ကို ပြုစုစောင့်ရှောက်ဖို့က ကျွန်မရဲ့တာဝန်ပဲ။ ရှင် ကျွန်မ ယောကျ်ားကို စာနာစိတ်နဲ့ ဂရုစိုက်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် ရှင်ရဲ့ နှလုံးသားကလိုတာထက်ပိုများနေတယ်လို့ ကျွန်မ ထင်မိတယ်။ အနာဂတ်မှာ ရှင်အဲ့တာကိုပြန်ရုတ်သိမ်းနိုင်မယ်လို့ မျှော်လင့်တယ်"
ပိုင်ရှောင်ချွမ်းနဲ့ လင်းရှောင်ယွဲ့တို့က တစ်ယောက်နဲ့တစ်ယောက် စကားကောင်းတွေ အမြဲပြောလေ့ရှိတာကြောင့် သူမထွက်သွားခင်မှာ လင်းရှောင်ယွဲ့ ဒီလိုစကားမျိုးပြောလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။
ပိုင်ရှောင်ချွမ်းက သူမရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေအား ခွေးတစ်ကောင်ကို ကျွေးလိုက်တယ်လို့ ချက်ချင်း ခံစားလိုက်ရသည်။
သူမ ရန်ယန် အိမ်ကထွက်သွားတဲ့အခါ ပိုင်ရှောင်ချွမ်းက လင်းရှောင်ယွဲ့ အပေါ် ကောင်းတဲ့ခံစားချက်တွေမရှိတော့ပေ။
ဒါပေမယ့် ရန်ယန်ကို သူမ ဂရုစိုက်ဆဲပင်။
ထို့ကြောင့် ပိုင်ရှောင်ချွမ်းက ရန်ယန်ကိုရှာဖို့ ပြေးနေဆဲဖြစ်သည်။
သူမနဲ့ ရန်ယန် ကြားက ဆက်ဆံရေးက ဖြူစင်ကြောင်း သူမ စိတ်ထဲ ပြောခဲ့ပြီး ရန်ယန် အပေါ် ဒီလိုမျိုးကိစ္စကို သူမ လုံးဝ မစဉ်းစားခဲ့ပေ။ လင်းရှောင်ယွဲ့က သူမမှာ ရန်ယန် အပေါ် ခံစားချက်ရှိတယ်လို့ ထင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမ လိပ်ပြာလုံတယ်။
ပိုင်ရှောင်ချွမ်း ထွက်သွားပြီးနောက် လင်းရှောင်ယွဲ့ လည်း ရန်ယန်ကိုရှာဖွေဖို့ စီစဉ်ခဲ့သည်။
သူ တစ်ညလုံး ပြန်မလာတော့ လင်းရှောင်ယွဲ့ လည်း စိတ်ပူသွားသည်။
အခြားအခန်းနှစ်ခန်းကလူတွေက ရှုပ်ထွေးနေတာကို မမြင်ရအောင် လင်းရှောင်ယွဲ့က အသီးအရွက်ဝယ်သလို ဟန်ဆောင်ပြီး ခြင်းတောင်းကို ယူကာ အပြင်ထွက်သွားခဲ့သည်။
အမျိုးသမီးနှစ်ယောက်ဖြစ်တဲ့ ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာ တို့က ပိုင်ရှောင်ချွမ်း ထွက်သွားတာကို ပြဇာတ်လိုကြည့်နေကြသည်။ သိပ်မကြာခင်မှာပဲ လင်းရှောင်ယွဲ့ က ခြင်းတောင်းကို ယူပြီး ထွက်လာခဲ့သည်။
နှစ်ယောက်သား မြင်လိုက်ရတဲ့အခါ အနည်းငယ် ထူးဆန်းသလို ခံစားခဲ့ရပေမယ့် ဘာကထူးဆန်းတယ်ဆိုတာကိုတော့ မပြောနိုင်ပေ။
လင်းရှောင်ယွဲ့က နံနက်ခင်းတွင် ရန်ယန်ကို ရွာမှာ ရှာဖွေခဲ့ပေမယ့် ထိုလူကို သူမ မတွေ့ခဲ့ရပေ။
အနီးနားတစ်ဝိုက်တွင် ရှာဖွေခဲ့ပြီး ရွာသားများဆီမှ မယုံနိုင်စရာအရာအချို့ကို ကြားလိုက်ရသည်.....
ရန်တဲ မသန်မစွမ်းဖြစ်ပြီး လယ်ကွင်းထဲတွင် ကျန်ရစ်ခဲ့သည်။ ဒါကို ရွာက လူတိုင်းသိကြသည်။
ထို့အပြင် မနေ့ညက ရန်တဟဲလိုမျိုး သနားစရာကောင်းတဲ့ အခြားသူလည်း ရှိသေးသည်။
မွန်းတည့်ခါနီးတွင် ရန်ရွှေ့ချန်ကို မြစ်အနီး၌ ရွာသားများက တွေ့ရှိခဲ့ပြီး သူလည်း ပြင်းထန်စွာ ဒဏ်ရာရထားသည်။
ဒါပေမယ့် ဒဏ်ရာရတဲ့ နေရာကို အတိအကျ မသိရသေးဘူး။
လင်းရှောင်ယွဲ့က ဤလူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း လုံးလုံးကောက်ချက်ချနိုင်ပြီး ၎င်းမှာ ရန်ယန်၏ လက်ချက်မှာ သေချာသည်။
တတိယရန်ယန်က သူမကို ကာကွယ်နိုင်ပြီး လုံခြုံမှုပေးနိုင်တယ်လို့ သူမ ထင်ခဲ့ပေမယ့် တတိယရန်ယန်က တကယ့် ဗီလိန် ကိုယ်ခွဲဆိုတဲ့အချက်ကို လျစ်လျူရှုခဲ့မိသည်။
ထို့အတွက်ကြောင့် အငယ်ဆုံးကို သူ့မိသားစုက မကောင်းဆိုးဝါးလို သဘောထားကြသည်။
ဒါပေမယ့်လည်း လင်းရှောင်ယွဲ့က ရန်ယန် လူဆိုးနှစ်ယောက်ကို နာကျင်စေခြင်းအတွက် တစ်စုံတစ်ရာ အမှားအယွင်းတယ်လို့ မထင်ခဲ့ပေ။
သူတို့ဆန်ကုန်မြေလေးနှစ်ကောင်းလုံး ခြေထောက်မသန်မစွမ်းဖြစ်ပြီး ဒဏ်ရာရသွားရင်တောင် သူတို့က ထိုက်တန်တယ်။
လင်းရှောင်ယွဲ့က ရန်ယန် ဘယ်မှာရှိလဲဆိုတာကိုပဲ စိတ်ပူနေသေးသည်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကကော ဘယ်လိုရှိလဲ။
သူမ ရွာကို လှည့်ပတ်ကြည့်ပြီးပြီ မတွေ့ဘူး။
လင်းရှောင်ယွဲ့ နှလုံးသားထဲ ထိတ်လန့်ကြောက်ရွံ့မှုက တဖြည်းဖြည်း နက်ရှိုင်းလာသည်။
လင်းရှောင်ယွဲ့ ကျောက်တံတားအောက်က ယာယီနေရာမှာလည်း ရှာဖွေခဲ့ပေမယ့် အရိပ်အယောင်မတွေ့ရပေ။
မွန်းတည့်ချိန်နီးလာတာကြောင့် လင်းရှောင်ယွဲ့ သူ့ကိုမရှာတော့ဘဲ အိမ်အရင်ပြန်သွားရသည်။
ထို့ကြောင့် သူမ အိမ်ပြန်ရောက်ခါနီး သူမအိမ်အနီးမှာ သေအံ့ဆဲဆဲဖြစ်နေသည့် ရန်ယန်ကို ရုတ်တရက်တွေ့လိုက်ရသည်.......
အတိအကျပြောရလျှင် ရန်ယန်က နံရံကို မှီပြီး မတ်တပ်တောင် မရပ်နိုင်တော့ပေ။
"ရှောင်ယန်!"
လင်းရှောင်ယွဲ့ အရှေ့ကိုအမြန်လှမ်းလာပြီး သူ့ကို လှမ်းကိုင်လိုက်သည်။ "နောက်ဆုံးတော့ ရှင့်ကို ကျွန်မ တွေ့သွားပြီ။ ရှင် ဘယ်လိုနေလဲ။ နေမကောင်းဘူးလား"
"မဟုတ်ဘူး..."
သူမအသံကိုကြားတော့ ရန်ယန်က သူ့မျက်တောင်တွေကို ပင့်ဖို့ ရုန်းကန်နေရသည်။ သူ့ခန္ဓာကိုယ် တစ်ဝက်လောက်က သူမကို ချက်ချင်း မှီခဲ့သည်။ လင်းရှောင်ယွဲ့ သူ့ကို ကမန်းကတန်း တွဲပေးခဲ့သည်။
သူ့ရဲ့ စိတ်ဓာတ်ခွန်အားက......... ဒီခန္ဓာကိုယ်ကို မထောက်ပံ့နိုင်သလောက်ပဲ။
"ထိန်းထားဦး၊ ကျွန်မတို့ မကြာခင် အိမ်ရောက်တော့မယ်......"
လင်းရှောင်ယွဲ့ သူ့ကို တွဲပြီး စကားပြောနေရင်း ခက်ခက်ခဲခဲ အိမ်ပြန်ခဲ့သည်...
နှစ်ယောက်သား အိမ်ထဲဝင်သွားတော့ အိမ်ဝင်းထဲမှာ တစ်ယောက်မှမရှိပေ။
လင်းရှောင်ယွဲ့ ရန်ယန်ကို ချက်ချင်း အိမ်သေးလေးထဲ ခေါ်သွားကာ အိပ်ယာပေါ် လှဲနေစေခဲ့သည်။
"အဆင်ပြေရဲ့လား။ ဒဏ်ရာရသွားလား။ ဘာဖြစ်လာသေးလဲ"
လင်းရှောင်ယွဲ့ရဲ့ စိုးရိမ်တဲ့မျက်လုံးတွေက သူ့အပေါ် ကျရောက်လာသည်။ သူမလက်သေးသေးလေးက သူ့အနက်ရောင်အဝတ်အစားပေါ်ကို အကြိမ်ရေအနည်းငယ်သုတ်ပေးရင်း အနီရောင်တောက်တောက် သွေးစွန်းကွက်တွေကို ထိမိခဲ့သည်။ "ရှင် သွေးထွက်နေတာလား။ ဘယ်နားဒဏ်ရာရသွားတာလဲ။ အရင်ဆုံး မအိပ်သေးနဲ့ ကျွန်မကို အရင်ပြောပြ"
ရန်ယန်ရဲ့ စိတ်ခွန်အားက သူ့ခန္ဓာကိုယ်ကို မထောက်ပံ့နိုင်သလောက်ပင်။
မနေ့မနက် အိပ်ရာကနိုးလာကတည်းက သူ မျက်လုံးမမှိတ်တာ ၂၄ နာရီကျော်ပြီ...
သူ့စိတ်စွမ်းအားက ကန့်သတ်ချက်ပြည့်သွားတဲ့အခါ အိမ်ပြန်လမ်းတောင် သူ မသွားနိုင်တော့ဘူး။
ကံကောင်းထောက်မစွာ လင်းရှောင်ယွဲ့က သူ့ကို တွေ့ရှိခဲ့ပြီး ချောချောမွေ့မွေ့နဲ့ အိမ်ကိုပြန်ခေါ်သွားခဲ့သည်။
ရန်ယန် အားနည်းပြီး အိပ်ချင်နေသည်။ သူ့မျက်ခွံတွေက လေးလံလွန်းလို့ မျက်လုံးဖွင့်လိုက်ပေမယ့် မျက်လုံးဖွင့်ဖို့ရာ ရုန်းကန်နေရသည်။ ဒါပေမယ့် နောက်ဆုံး ခွန်အားကို ဆုပ်ကိုင်ထားဆဲပင်။ "ဒဏ်ရာသေးသေးလေးပဲ မနာပါဘူး... အိတ်ကပ်ထဲမှာ... ပိုက်ဆံ.... ယူဖို့ မမေ့နဲ့..."
"ပိုက်ဆံက အရာအားလုံးမဟုတ်ဘူး။ ရှင် ဘယ်နား နာနေလဲ၊ ကျွန်မကိုပြောပြပြီးမှ အိပ်"
လင်းရှောင်ယွဲ့ သူ့ကိုနှိုးဖို့ သူ့မျက်နှာကို ပုတ်လိုက်သည်။
"မထိန်းထားနိုင်တော့ဘူး....."
ရန်ယန်က သူ့လေးလံလှတဲ့ မျက်တောင်တွေကို မှိတ်လိုက်ပြီး လင်းရှောင်ယွဲ့ရဲ့ စိတ်ပူနေတဲ့ အကြည့်ကို သူ့မျက်လုံးများထဲ သွင်းလိုက်သည်။ သူ့နှုတ်ခမ်းထောင့်က ညင်သာစွာကော့တက်သွားခဲ့သည်။ "ငါလုပ်သင့်တာအကုန်လုပ်ပြီးပြီ...... မင်းကိုစိတ်ပျက်ရအောင်မလုပ်ခဲ့ဘူး"
"ကျွန်မ သိပါတယ်၊ ကျွန်မ ကြားခဲ့တယ်"
လင်းရှောင်ယွဲ့ သူမကိုယ်တိုင် စစ်ဆေးခဲ့ပြီး သူ့အဝတ်အစားတွေကို စိုးရိမ်နေတဲ့အမူအရာနဲ့ ချွတ်လိုက်သည်။ "ဒါကိုလုပ်တာ အရမ်းအန္တရာယ်များတယ်။နောက်တစ်ခါကျရင် အိမ်ပြန်လာဖို့ အားအင်တွေ ချန်ထား"
ရန်ယန် သူ့မျက်လုံးတွေကို နောက်ဆုံးတွင်ဖွင့်ထား၍ မှုန်ဝါးနေတဲ့ သူမ မျက်နှာကို ကြည့်ပြီး နောက်ဆုံးလက်ကျန် ခွန်အားအနည်းငယ်ဖြင့် စကားအနည်းငယ်ပြောခဲ့သည်။ "လင်းရှောင်ယွဲ့ ... နှုတ်ဆက်ပါတယ် နောက်တစ်ခေါက်မှတွေ့ကြမယ်..."
စကားလုံးတွေ ထွက်လာပြီးနောက် သူ သတိလစ်သွားခဲ့သည်
လင်းရှောင်ယွဲ့ မျက်လုံးတွေကို ပင့်ကြည့်လိုက်တော့ သူ အိပ်ပျော်သွားတာကို တွေ့လိုက်ရသည်...
အချိန်အတော်ကြာအောင် နိုးထနေခဲ့ပြီး နှိုးဖို့ ခက်သည်။
လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ အဝတ်အစားတွေကို ချွတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာဘယ်လောက်ရှိလဲဆိုတာကို သိရအောင် ချက်ချင်းစစ်ဆေးခဲ့သည်။ မပျောက်သေးတဲ့ ပွန်းပဲ့ဒဏ်ရာတွေအပြင် အခုတစ်ကြိမ်တွင်လည်း ဒဏ်ရာအနည်းငယ် ရှိသေးသည်။ သွေးတွေအများကြီးထွက်ထားတယ်...
သိပ်မကြီးတဲ့ ဒဏ်ရာပေါင်းများစွာမှာ သွေးတွေခဲနေပြီ။
မသက်သာသေးတဲ့ ဤခန္ဓာကိုယ်ကို ဆွဲကာ လူနှစ်ဦးကို ညတွင်းချင်း ကလဲ့စားချေဖို့ ထွက်သွားပြီး သူမကို ပိုက်ဆံပြန်ယူလာပေးခဲ့သည်။
မလွယ်ဘူး။
လင်းရှောင်ယွဲ့ သက်ပြင်းချလိုက်သည်။
သူမ ရေတစ်ပုံးယူဖို့ အမြန်အပြင်ထွက်ကာ သန့်ရှင်းသောအဝတ်ကို ရှာခဲ့သည်။ ပြီးတော့ ဝမ်ရှို့ယင်မှာ ဆေးအမြဲရှိတယ်။
ပါးစပ်က သွေးတွေကို သန့်စင်ပေးပြီး ဒဏ်ရာတွေကို ပတ်တီးနဲ့ စီးပေးဖို့ အိမ်ထဲ ပြန်လာခဲ့သည်။
နောက်ဆုံးအကြိမ် ပွန်းပဲ့ဒဏ်ရာရသွားတုန်းက ဆရာဝန်ဆီ မခေါ်သွားခဲ့ဘူး။
ဒီတစ်ကြိမ်မှာတော့ နောက်ထပ်ဒဏ်ရာတစ်ခုထပ်ရခဲ့ပြီး ဆရာဝန်ဆီ ခေါ်သွားလို့မရဘူး။
လင်းရှောင်ယွဲ့က သူမကိုယ်တိုင် ဆရာဝန်မဟုတ်တာကြောင့် ပေါ့ပေါ့ပါးပါးသာ ဖြေရှင်းနိုင်ခဲ့သည်။
သူမ တကယ် စိုးရိမ်နေခဲ့သည်။
သူ့အတွက် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာပြီး သူမ ကောင်းစွာ မကိုင်တွယ်နိုင်တော့မှာကို သူမ စိုးရိမ်သည်။
ဒါပေမယ့်လည်း ရန်ယန်ကို ဆရာဝန်ဆီ မပို့နိုင်ခဲ့ပေ။
ရွာတွင် ညတွင်းချင်း အဖြစ်အပျက်ကြီး နှစ်ခု ဖြစ်ပွားခဲ့သည်။ မိသားစုနှစ်စုက ရဲစခန်းကို ဖုန်းဆက်ထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့ကို စေလွှတ်ထားသည်။
ရန်ယန်ကို ဒီအချိန်တွေမှာ ဆရာဝန်ဆီ ခေါ်သွားမယ်ဆိုရင် ပိုပြီးတော့ ဒုက္ခဖြစ်စေမှာ သေချာသည်။
ထို့ကြောင့် ဒီအကြောင်းကို လင်းရှောင်ယွဲ့ တစ်ယောက်တည်း သိတာပိုကောင်းသည်။
လင်းရှောင်ယွဲ့ ကတော့ ဘယ်သူ့ကိုမှ မပြောဘူး။
ရန်ယန်ရဲ့ ဒဏ်ရာကို ကုသပေးပြီးနောက် ဝမ်ရှို့ယင်နဲ့ ရန်တယုံ တို့လည်း အိမ်ပြန်လာခဲ့ကြသည်။
ရှောင်ယွဲ့က သူတို့အတွက် အစားအစာကို ချက်ပြုတ်မပေးထားခဲ့ပေ။ ဒါကြောင့်မို့ သူမ အိမ်သေးသေးလေးမှ အမြန်ထွက်ကာ ဝမ်ရှို့ယင်ကို ရှင်းပြဖို့ စကားတစ်ခွန်းကို စဉ်းစားခဲ့သည်။
“အမေ ဒီနေ့ ကျွန်မဟင်းချက်ဖို့ အပြင်ထွက်တုန်း ရွာထဲမှာ ခဏလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ဟာကိုကြည့်ပြီး ပြန်လာတာ နောက်ကျသွားလို့ ထမင်းချက်ဖို့ အချိန်မရလိုက်ဘူး” ဟု ရှင်းပြခဲ့သည်။
ဝမ်ရှို့ယင်က သံသယမဖြစ်ခဲ့ပေမယ့် သူမနဲ့ စကားပြောခဲ့သည် - "ရန်တဟဲ နဲ့ ရန်ရွှေ့ချန်ဒဏ်ရာရတဲ့အကြောင်း ကြားလိုက်လား"
"ကြားတယ် အမေ"
လင်းရှောင်ယွဲ့ ရှေ့ကို လှမ်းပြီး "ဒီနေ့ ရွာကလူတိုင်း ဒီအကြောင်း ပြောနေကြတာ ကြားလိုက်ရတယ်၊ စိတ်ဝင်စားစရာ ကောင်းလို့ ခဏလောက် နားထောင်ခဲ့တယ်"
ဝမ်ရှို့ယင်က ခါးစစည်းတစ်ခုကို တွေ့ရှိပြီး ချက်ပြုတ်ရန် ပြင်ဆင်ရင်း ခေါင်းယမ်းကာ လင်းရှောင်ယွဲ့နဲ့ စကားစမြည်ပြောခဲ့သည်။ " အမေ လည်း ကြားတယ်။ ဒီလိုပြောတာ ရွာမှာ လူနှစ်ယောက် ဒဏ်ရာရသွားလို့ ညတွင်းချင်းပဲ စောစောစီးစီး ရှာမတွေ့ခဲ့ရင် နှစ်ယောက်လုံး သေသွားနိုင်တယ်.......ဘယ်သူ ပြင်းပြင်းထန်ထန် ရိုက်ခဲ့တာလဲတော့ မသိဘူး.."
လင်းရှောင်ယွဲ့ ပြန်ဖြေခဲ့သည်။ "မသိပါဘူး၊ ကျွန်မတို့ရွာက တော်တော်လေးရှုပ်နေပုံရတယ်။ အမေတို့ အဖေတို့ အပြင်ထွက်ရင် သတိထားမှဖြစ်မယ်နော်"
"သမီးရောပဲ"
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကိုပြောလိုက်သည်။ " ရှောင်ယန် အပြင်ကို ခေါ်သွားတဲ့အခါကျရင် သမီးလည်း သတိထားသင့်တယ်။ ပိုကောင်းတာကတော့ သမီးတို့နှစ်ယောက် ဒီအတောအတွင်း အပြင်မထွက်သင့်ဘူး။ အမေ တို့ရွာက အခုနောက်ပိုင်း မငြိမ်းချမ်းသေးဘူး”
"ဟုတ်ကဲ့"
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ရဲ့ စကားကို လိုက်နာပြီး " ရှောင်ယန်ရဲ့ ဒဏ်ရာက မသက်သာသေးဘူး၊ သူလည်း ခဏလောက် နလန်ပြန်ထူနိုင်ဖို့လိုသေးတယ်။ ဒီအတောအတွင်းမှာ ကျွန်မ သူ့ကို အပြင်မထွက်ခိုင်းသေးဘူး။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မ ကုန်စုံဆိုင်ကို တစ်ယောက်တည်း သွားခဲ့တယ်"
ဒါကိုပြောပြီးရင် ရန်ယန်ကို သံသယရှိတော့မှာ မဟုတ်ဘူး။
မိသားစုက ရန်ယန်ကို သံသယမဝင်သရွေ့ ဒီကိစ္စအပေါ် အာရုံစိုက်မှုက ရန်ယန်ဆီလှည့်လာမှာ မဟုတ်ဘူး။
ရန်ယန်က ကြင်နာတတ်တဲ့ အရူးဆိုတာ ရွာကလူတိုင်း သိတာကြောင့်ပင်။
အရူးက အရွယ်ရောက်ပြီးသူ နှစ်ဦးကို အနိုင်ယူနိုင်တယ်လို့ ဘယ်သူကမှ ယုံမှာမဟုတ်ဘူး။ ပြီးတော့ သူကကြင်နာတတ်တဲ့အရူး။
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ရဲ့စကားကို ချက်ချင်းယုံသွားသည်။ "အမြဲသတိထားတာက ကောင်းပါတယ်။ ဒီလကုန် နှစ်ရက်အတွင်း ရွာမှာ ငွေစာရင်းရှင်းတမ်းတွေထုတ်တဲ့အခါ သူ့အဖေနဲ့အမေ အလုပ်မသွားတော့ဘူး။ အပန်းဖြေလမ်းလျှောက်လည်းမထွက်တော့ဘူး။ ရှောင်ယန်နဲ့ အိမ်မှာပဲနေမယ်"
"ဟုတ်" လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။
သူမ သဘောတူခဲ့ပေမယ့် သူမစိတ်ထဲ တွေးလိုက်မိသည်... သူမ အာကာသနေရာလွတ်ထဲမှ မုန့်တစ်ဗူးကို ယူထားပြီး သူမအဲ့တာကိုမရောင်းခင်မှာပင် အခြေတည်နေခဲ့သည်။
ဒါပေမယ့် လမကုန်ခင် နှစ်ရက်အလို... ဟင်းသီး ဟင်းရွက်ဈေးမှာ ရောင်းဖို့ မနက်ဖြန် မှောင်ခိုဈေးကို သွားရမယ်။
မရောင်းနိုင်ရင် သူမဘာသာ သိမ်းထားနိုင်ပြီး ပိုက်ဆံလည်း ဆုံးရှုံးမှာ မဟုတ်ဘူး။
နေ့ခင်းဘက်တွင် သူမသည် အဆီအနည်းငယ်ရှိသော အသားအနည်းငယ်ဖြင့် ဟင်းရည်တစ်ခွက်နဲ့ ဟင်းသီးဟင်းရွက် ၃ မျိုးကို မွှေကြော်ခဲ့သည်။
လင်းရှောင်ယွဲ့ အစားအစာကို ဘေးအိမ်ငယ်လေးဆီ ပြန်ယူလာပြီး ရန်ယန်နဲ့ အတူ စားမလို့လို့ လူကြီး နှစ်ယောက်ကို လိမ်ညာခဲ့သည်။
တကယ်တော့ ရန်ယန်က မနိုးသေးဘူး။
လင်းရှောင်ယွဲ့က လူနှစ်ယောက်အတွက်စာ အစားအသောက်ကို တစ်ယောက်တည်းစားခဲ့ပြီး သူမအဲ့တာကို စားနိုင်ခဲ့သည်။ သူအဲ့တာကို စားနိုင်တာကို သဘောကျသည်။
သူမ ကုတင်ပေါ်တွင် ငြိမ်သက်စွာ အိပ်ပျော်နေသေးတဲ့ ရန်ယန်ကို ကြည့်ကာပြောလိုက်သည်။ "နောက်ပိုင်း ရှင်နိုးလာလို့ ဗိုက်ဆာရင် ကျွန်မရဲ့အဆာပြေမုန့်ကို စားနိုင်တယ်နော်!"
ရန်ယန်က အိပ်ပျော်နေဆဲပင်။
နေ့လည်စာစားပြီးတဲ့အခါ ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က အလုပ်ကြမ်းလုပ်ဖို့ ထွက်သွားပြန်သည်။
ရွာထဲမှာတော့ ဒီအဖြစ်အပျက်နှစ်ခုကို ရဲတွေက စတင်စုံစမ်းနေကြပြီ။
ရွာထဲမှာ အန္တရာယ်ရှိတဲ့ လူတွေရှိနေခြင်းကြောင့် ရွာသူရွာသားတိုင်း အပြင်မထွက်ရဲကြဘဲ တစ်ရွာလုံးက အခြေအနေတင်းမာတဲ့ လေထုထဲ ရောက်သွားကြသည်။
မိသားစုရဲ့ ပထမအိမ်နဲ့ ဒုတိယအိမ်က ရန် မိသားစု ဒီနေ့ အပြင်မထွက်ကြပေ။
ခြံဝင်းထဲ၌ ရံဖန်ရံခါ ဝင်ထွက်နေသူများရှိပြီး ပုံမှန်ထက်ပိုအသက်ဝင်နေသည်။
လင်းရှောင်ယွဲ့က ခြံဝင်းထဲက ကြက်တွေကို အစာကျွေးပြီး ခေါင်းလှည့်ကာ ကျန်မိသားစုနှစ်စုကို ကြည့်လိုက်သည်။
ရန်ဟုန်ရင်နဲ့ ရန်ချန်ယွီတို့သားအမိက သူတို့အိမ်ထဲမှ ထွက်လာပြီး အခန်းထဲ ၀င်သွားကြသည်။ လမ်းမှာ သူတို့နှစ်ယောက်က ရန်ရွှေ့ချန် ရဲ့ ဒဏ်ရာတွေအကြောင်း ပေါ့ပေါ့ပါးပါး စကားတွေပြောနေကြသည်။
လင်းရှောင်ယွဲ့က သူမ စကားကို နားထောင်ပြီးနောက် ရန်ရွှေ့ချန်က ပေါင်ကို ဓားနဲ့လှီးဖြတ်ခံရခြင်း အပါအဝင် အကြိမ်ပေါင်းများစွာ ခုတ်ခံခဲ့ရကြောင်း သူမ ကြားသိလိုက်ရသည်။ ဒါပေမယ့် သူ့ကို ထိခိုက်စေခဲ့သူက သူ့ကို လေးလေးနက်နက် မခုတ်ခဲ့ဘဲ ဓားခုတ်မှုက အရေးကြီးတဲ့နေရာကို မထိခဲ့တာမို့ သူ့အသက်ကိုချမ်းသာပေးခဲ့သည်.......
ဤရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းက မူရင်းစာအုပ်က ဗီလိန်ကိုယ်ခွဲရဲ့စတိုင်ဖြစ်သည်။
တတိယကလေးက ရန်ရွှေ့ချန်ရဲ့ အသက်သွေးကြောကို မဖျက်ခဲ့တဲ့အတွက် လင်းရှောင်ယွဲ့ ကံကောင်းခဲ့သည်။
ရန်ရွှေ့ချန် ရဲ့ အသက်သွေးကြော တကယ် ပျက်စီးသွားခဲ့ရင် တတိယ ကိုယ်ခွဲ ဖော်ထုတ်ခံရလိမ့်မည်။
ရန်ရွှေ့ချန်က ရန်ယန် ဖမ်းတာကိုခံရတဲ့အတွက် သူ့ကိုနာကျင်စေခဲ့တဲ့သူက ရန်ယန်ဆိုတာကို သူ ခန့်မှန်းနိုင်ရမယ်..... ရဲတွေ ရန်ယန်ကို ရှာတွေ့ခဲ့မယ်ဆိုရင် ပြဿနာက အရမ်းပြင်းထန်လိမ့်မည်။
လင်းရှောင်ယွဲ့က သူမ နှလုံးသားထဲ တိတ်တဆိတ် ဝမ်းမြောက်နေခဲ့သည်။
ဒါပေမယ့် ထိုအချိန်တွင် မဖိတ်ကြားထားတဲ့ ဧည့်သည်က တံခါးဆီ ရောက်ရှိလာပြန်သည်။
ပိုင်ရှောင်ချန်ရဲ့ မှန်းလို့မရတဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က မနက်ခင်းကနဲ့ အတူတူပဲ။
သူမ ရောက်လာတဲ့အခါ သူမက လင်းရှောင်ယွဲ့ကို "ရန်ယန် ပြန်လာပြီလား" ဟုမေးခဲ့သည်။
လင်းရှောင်ယွဲ့ လူသူကင်းမဲ့တဲ့ ခြံဝင်းကို ကြည့်ပြီးနောက် ပိုင်ရှောင်ချွမ်းကို ကြည့်လိုက်တဲ့အခါ ပိုင်ရှောင်ချွမ်းက ရန်ယန်ရဲ့ ကိုယ်ခွဲ သုံးခုကို ထုတ်ဖော်ပြသနိုင်သူတစ်ဦးဖြစ်ကြောင်း သူမ သိလိုက်သည်...
ယခုဆိုလျှင် ရန်ယန်ရဲ့ကိစ္စက မီးမောင်းထိုးပြနေဆဲဖြစ်ပြီး လင်းရှောင်ယွဲ့က ပိုင်ရှောင်ချွမ်းကို အလွန်အကျွံမတိုက်ခိုက်နိုင်ပေ။ အဲ့တာက ရန်ယန် အတွက် မကောင်းဘူး...
"သူပြန်လာပြီ"
လင်းရှောင်ယွဲ့ အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။ "ကျွန်မ သူ့ကိုမေးခဲ့တယ် သူ ညဘက်အပြင်ထွက်ခဲ့တယ်တဲ့။ သူ ဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ခဲ့ဘူး။ သူ ကျွန်မအတွက် ပိုက်ဆံရှာလာပေးတာ။ သူ အခု အရမ်းပင်ပန်းပြီး အိပ်ပျော်နေတုန်းပဲ"
"သူ ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ခဲ့ဘူးလား"
ပိုင်ရှောင်ချွမ်းက လင်းရှောင်ယွဲ့ ပြောတာကို မယုံဘဲ မျက်မှောင်ကြုတ်လိုက်သည်။ "သူ နင့်ကို ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တာလား"
လင်းရှောင်ယွဲ့ က "ဟုတ်တယ်"လို့ပြောလိုက်သည်။
ပိုင်ရှောင်ချွမ်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး စကားပြောလိုက်သည်။ "ဒါဆို သူ နင့်ကို စိတ်မပူစေချင်လို့။ အဲဒါကြောင့် သူဒီလိုပြောခဲ့တာ"
"သူဘာတွေပဲ တွေးနေပါစေ ကိစ္စမရှိဘူး။ သူကျွန်မကိုပြောနေရွေ့ သူအမှန်အတိုင်းပြောနေတာလို့ ကျွန်မယုံကြည်တယ်"
လင်းရှောင်ယွဲ့ နှာခေါင်းရှုံ့လိုက်သည်။ "ရှင်က သူ့လျှို့ဝှက်ချက်ကို သိထားတယ်။ ဒါပေမယ့် ရှင်တောင်မှ သူ့ကို မယုံနိုင်ဘူး၊ ဒါနဲ့ ရှင်က သူနဲ့ သူငယ်ချင်းဖြစ်နေတုန်းပဲနော်"
လင်းရှောင်ယွဲ့ စကားကြောင့် ပိုင်ရှောင်ချွမ်း မျက်နှာက တင်းမာသွားသည်။ "ငါ သူ့ကို မယုံလို့ မဟုတ်ဘူး၊ ဒီလို အခြေအနေမျိုးမလို့...."
ပိုင်ရှောင်ချွမ်းက ရန်ယန် လင်းရှောင်ယွဲ့ ကို အမှန်အတိုင်း မပြောရတဲ့ အကြောင်းရင်းက လင်းရှောင်ယွဲ့ကို မယုံတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် လင်းရှောင်ယွဲ့ ကို စိတ်မပူစေချင်လို့လို့ သူမ တွေးထားခဲ့သည် ...
ထို့ကြောင့် တစ်ဝက်တစ်ပျက် ရှင်းပြပြီး ရပ်တန့်လိုက်သည်။
"သူပြန်လာတာ ကောင်းပါတယ်။ ကျွန်မအတည်ပြုဖို့ ဒီကိုလာတာ " ပိုင်ရှောင်ချွမ်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒါဆို ရှင်အခုသွားလို့ရပြီ" လင်းရှောင်ယွဲ့က ဧည့်သည်ကို မျက်လုံးဖြင့်ပြန်ဖို့ အချက်ပြနေခဲ့သည်။
"ဟုတ်ကဲ့ပါ"
ပိုင်ရှောင်ချွမ်းလည်း ဆက်နေဖို့ မရည်ရွယ်ထားဘူး။ သူမခေါင်းညိတ်ပြီး ထွက်သွားခဲ့သည်။
ရန်အိမ်မှ ထွက်လာပြီးနောက် ပိုင်ရှောင်ချွမ်း စိတ်ထဲတွင် တစ်ခုခုကို ဆုံးဖြတ်လိုက်သည်။
ရန်ယန် နှလုံးသားထဲမှာ အယုံကြည်ရဆုံးလူက သူ့မိန်းမ မဟုတ်ဘူးဆိုတာ သူမသိသွားသည်။
ဒီလိုမှမဟုတ်ဘူးဆိုရင် သူ့မိန်းမဆီကနေ
ဒီလောက်ကြီးကျယ်တဲ့အရာကို သူဘယ်လိုလုပ် ဖုံးနိုင်မလဲ။