အခန်း (၃၆)
Vol. 3 Ch. 36
တစ်ညတည်းတွင် ရွာ၌ အပြင်းအထန်ကိုယ်ထိလက်ရောက်ကျူးလွန်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မိသားစုနှစ်စုက ရဲများကို ခေါ်၍ သူတို့ရဲ့အာရုံကို ဆွဲဆောင်ခဲ့ကြသည်။
ရွာသားတွေရဲ့ မဟုတ်မမှန်သ ကောလဟာလတွေအောက် ကျူးလွန်သူကို ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်မှုဟု ဖော်ပြကြသည်။
ဒါကြောင့် ဒီနေ့တစ်နေ့လုံး ရွာအပြင်ထွက်တဲ့လူ သိပ်မရှိပေ။ ကောလဟာလတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရွာသားတွေက နောက်ရက်အနည်းငယ်ကြာရင် သူတို့အပြင်မထွက်နိုင်မှာကို ကြောက်ကြသည်။
ရဲတပ်ဖွဲ့က ရွာတစ်ရွာလုံး တစ်အိမ်ပြီးတစ်အိမ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရန်ယန် အိမ်လည်း လာရောက်စစ်ဆေးခဲ့သည်။ ဒါပေမယ့်လည်း လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ဖြောင့်ချက်ပေးထားတာကြောင့် ရန်ယန်ကို သံသယမရှိခဲ့ပေ။
ရန်ယန်ရဲ့ဇနီး လင်းရှောင်ယွဲ့က ရန်ယန် အတွက် အလီဘိုင် ပေးခဲ့သည်။
ထို့ကြောင့် ဤကိစ္စက မည်သူ့ကိုမျှ ဦးတည်မှုမရှိဘဲ ဖြစ်လာစေခဲ့သည်။
လင်းရှောင်ယွဲ့ ဒီကိစ္စကို စုံစမ်းပြီးတော့ ရန်ယန်နဲ့ ဆက်နွယ်သွားမှာကို မစိုးရိမ်ဘူး။ ပြင်ပလူများရှေ့တွင် သူ့တတိယကိုယ်ခွဲကို မဖော်ပြဖို့ သတိထားနေသရွေ့ပေါ့။
ရန်ယန် နေ့ခင်းဘက်အထိ အိပ်ပျော်သွားပြီး ကလေးအဖြစ် ပြန်နိုးလာခဲ့သည်။
သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရသွားတာကြောင့် အနည်းငယ်ခါးလှည့်လိုက်မိတာက နာကျင်တဲ့ ရှုံ့တွမှုကို ဖြစ်ပေါ်စေပြီး ၆ နှစ်အရွယ် ယန်ယန်ကို ငိုချင်စိတ်ကို ဖြစ်စေခဲ့သည်။ လင်းရှောင်ယွဲ့ ရဲတွေကို ပြန်လွှတ်လိုက်ပြီး ဘေးခန်းငယ်လေးကို ပြန်သွားချိန် ရန်ယန်ထဖို့ ရုန်းကန်နေတာ တွေ့လိုက်ရသည်။
သူမ သူ့ဆီသို့ အလျင်အမြန်ပြေးလာပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ " ဖြည်းဖြည်းလုပ် ခါးမှာ ဒဏ်ရာတစ်ခုရှိတယ်" လို့ပြောလိုက်သည်။
"နာတယ် မိန်းမ......."
ရန်ယန်က ခါးသက်စွာ ပြောလိုက်သည်။ သူ ခေါင်းမော့ပြီး လင်းရှောင်ယွဲ့ ကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။
"နာမှန်း သိပါတယ်။ ရှင်က ယောက်ျားပဲ။ ရှင်ဒါကို သည်းခံရမယ် ဟုတ်ပြီလား" လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ခေါင်းကို ထိပြီး သူ့ဘေးမှာဝင်ထိုင်လိုက်သည်။
သွေးထွက်လွန်မှုကြောင့် ရန်ယန်ရဲ့ အသားအရေက အလွန်ဆိုးရွားနေသည်။
လင်းရှောင်ယွဲ့ သွေးမရှိတဲ့ သူ့ကို ခဏတာ တိတ်တဆိတ် ကြည့်ပြီး အသည်းကွဲသွားခဲ့သည်။ "နာကျင်နေပေမယ့် ရှင် ဒဏ်ရာရနေတာကို တခြားသူတွေသိသွားလို့မဖြစ်ဘူး။ တခြားသူတွေရှေ့မှာ ရှင်ဒါကို သည်းခံထားပြီး မနာနေတဲ့ပုံစံမျိုး ဟန်ဆောင်နေရမယ်နော်။ နားလည်လား"
ရန်ယန်က လင်းရှောင်ယွဲ့ စကားကို နားထောင်ပြီး နာခံစွာဖြင့် ခေါင်းညိတ်ပြခဲ့ပေမယ့် သူ့နှုတ်ခမ်းတွေကစူထော်နေခဲ့သည်။ "မိန်းမ...နာတယ်"
"သိတယ် လာဖက်ထား....."
လင်းရှောင်ယွဲ့က ရှေ့တိုးကာ သူ့ကို နှစ်သိမ့် ပွေ့ဖက်ပေးကာ နောက်ကျောကို လက်ဖြင့် ပုတ်ပေးခဲ့သည်။
ရန်ယန်က သူမ ခန္ဓာကိုယ်သေးသေးလေးကိုပြန်ဆွဲကာ ပွေ့ဖက်လိုက်ပြီး သူ့ပါးစပ်ထောင့်က ပြုံးသွားခဲ့သည်။ "မိန်းမ ဖက်ထားတော့ မနာတော့ဘူး"
"အင်း ဒါဆို ကျွန်မရှင့်ကို ဖက်ထားမယ်" လို့ လင်းရှောင်ယွဲ့က ပြောလိုက်သည်။
ဒီလိုနဲ့ သူတို့ နှစ်ယောက် အကြာကြီး ပွေ့ဖက်ထားခဲ့ကြသည်။
လင်းရှောင်ယွဲ့က သူ့ဒဏ်ရာအခြေအနေကို တကယ် စိုးရိမ်နေခဲ့သည်။ တကယ်တော့ သူမက ဆရာဝန်မဟုတ်ပေမယ့် အိမ်မှာရနိုင်တဲ့ ဆေးဖက်ဝင်အရည်တွေနဲ့ သူ့ကို ရိုးရိုးရှင်းရှင် ကုသပေးခဲ့သည်။
သူ့ခါးမှာ ဒဏ်ရာက တော်တော်ကြီးပြီး သူမရဲ့ ကြောင်ခြစ်သလိုခြစ်ထားတဲ့ ကုသမှုကြောင့် ဒဏ်ရာက ရောင်လာမှာကို စိုးရိမ်နေသည်။
ဒီလို ဒဏ်ရာမျိုးက ဆရာဝန်ဆီ ခေါ်သွားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်ရှိနေသည်။
ဒါပေမယ့်လည်း ရွာမှာ ဒဏ်ရာရနေတဲ့ အဖြစ်အပျက် ရှိနေပြီး မီးမောင်းထိုးပြမှုတွေက ကောင်းနေတာ။ ရန်ယန်ကို ကာကွယ်ဖို့အတွက် လင်းရှောင်ယွဲ့က သူ့ကိုသာ အရင်ဖုံးကွယ်ထားနိုင်ခဲ့သည်။
ထို့ကြောင့် သူမ သူ့အတွက် ထုတ်ယူနိုင်တဲ့ ဆေးရှိ၊ မရှိကို သိရအောင် ဒီနေ့ည သူမ စာကြည့်ခန်းထဲ ဝင်တဲ့အချိန် ကြည့်ရမည်။
လင်းရှောင်ယွဲ့ က သူမစာကြည့်ခန်းထဲ ရှေးဦးသူနာပြုပစ္စည်းကိရိယာ ရှိကြောင်း သတိရမိသွားသည်။
ဤစာကြည့်ခန်းက အရင်က သူမအိမ်က သိုလှောင်ရုံတစ်ခုလည်းဖြစ်သည်။
ညစာအတွက် လင်းရှောင်ယွဲ့က အိမ်သေးသေးလေးထဲ အစားအသောက် ယူလာကာ ရန်ယန်နဲ့ အတူ စားနေဆဲဖြစ်သည်။
ဝမ်ရှို့ယင်ကလည်း သူမကို အထူးဖမ်းဆုပ်ထားပြီး ရွာက မကြာခင်က မငြိမ်းချမ်းသေးကြောင်း၊ မနက်ဖြန် အပြင်ထွက်ဖို့ ဒါမှမဟုတ် စားစရာဝယ်ဖို့ မလိုအပ်ကြောင်း သူမကို ပြောပြခဲ့သည်။
ဝမ်ရှို့ယင် မနက်ဖြန်တွင် ကိုယ်ပိုင်အလုပ်ကိုသွားလုပ်မည် မဟုတ်ပေ။ ရန်တယုံနဲ့ ဈေးဝယ်ထွက်ပြီး အစားအစာကို တတ်နိုင်သမျှ ရက်အများကြီးအတွက် တစ်ခါတည်း ဝယ်နိုင်ဖို့စမ်းကြည့်လိမ့်မည်။
ရန်ရွှေ့ချန်နဲ့ ရန်တယုံကို ထိခိုက်စေခဲ့တဲ့ လူသတ်သမားကို မဖမ်းနိုင်ခင် လူတိုင်းက အပြင်မထွက်ဖို့ ကြိုးစားကြသည်။
အမှန်ကိုသိတဲ့ လင်းရှောင်ယွဲ့ ကတော့ ဘာမှမပြောဘဲ ခေါင်းညိတ်ကာ သဘောတူခဲ့သည်။
သူမ မူလက ကုန်စည်ဖလှယ်သည့် လုပ်ငန်းအသေးစားတစ်ခုလုပ်ဖို့ စီစဉ်ခဲ့သည်။ အဲတာကို ဆိုင်းငံ့ထားရမယ့်ပုံပဲ။
ဒါပေမယ့် ဒါကအဆင်ပြေပါတယ်။ သူမ ရန်ယန်ကို အိမ်မှာ ပိုပြီးကူညီပေးနိုင်တာပေါ့။
သက်သတ်လွတ် ဟင်းအနည်းငယ်ရှိသေးသည်။ လင်းရှောင်ယွဲ့က ဗီရိုထဲ ဝှက်ထားတဲ့ အဆာပြေစာမုန့်သေးသေးလေးတွေကို လျှို့ဝှက်စွာ ထုတ်လိုက်ပြီး နှစ်ယောက်သား စားသောက်ဖို့အတွက် အမဲသားဆက်တောက်တောက်၊ ဝက်ရင်ပုံ၊ ကြက်ပေါင်နဲ့ ဘဲတောင်ပံများကို ဖွင့်လိုက်သည်။
ရှားပါးထုတ်ကုန်တွေကို တစ်ခါမှ မစားဖူးတဲ့ ရန်ယန်က ဒီလောက်ထိများတဲ့ အသားတွေကို တစ်ခါတည်း မြင်လိုက်ရပြီး မျက်လုံးတွေက မထိန်းနိုင်ဘဲ တောက်ပနေခဲ့သည်
"မိန်းမ၊ အရမ်းတော်တာပဲ။ ဒါတွေအားလုံး ဘယ်ကရောက်လာတာလဲ" ရန်ယန်က သူမကို မေးလိုက်သည်။
"ရှင့်မိန်းမမှာ လျှို့ဝှက်ချက်ရှိတယ်လေ။ မနက်စောစောကျရင် ပြောပြမယ်။ အဲဒါကို လျှို့ဝှက်ထားရမယ်နော်။ ရှင် တခြားသူတွေကို ပြောလိုက်ရင် ကျွန်မ ပျောက်ကွယ်သွားလိမ့်မယ်" လင်းရှောင်ယွဲ့က သူ့ကို ခြောက်လိုက်ပြီး ကြက်ပေါင်တစ်ခု ပေးလိုက်ကာ ရန်ယန်ရဲ့ ထမင်းပန်းကန်လုံးထဲ ထည့်လိုက်သည်။
ရန်ယန်က သူမကြောင့် တကယ် ထိတ်လန့်သွားခဲ့သည်။ သူ အရူးအမူး ခေါင်းညိတ်ပြီး တုန်လှုပ်ချောက်ချားစွာ ပြန်ပြောခဲ့သည်။ "မိန်းမ၊ ငါတကယ် ဘာမှမပြောဘူး။ ငါ ဘယ်သူ့ကိုမှ မပြောပြဘူး။ တစ်ယောက်လေးတောင်မှမပြောပြဘူးနော်။ မင်း မပျောက်ကွယ်သွားရဘူးနော် မိန်းမ ...... ရှောင်ယန်က မင်းမရှိရင် ဘာမှထပ်မလုပ်နိုင်တော့ဘူး "
"လိမ္မာတယ်......"
လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ခေါင်းကို ကိုင်လိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်။ "ကျွန်မစကားကို နာခံပြီး နားထောင်နေသရွေ့ ကျွန်မ ရှင့်ကို ကောင်းကောင်း ဆက်ဆံမယ်"
"ဟုတ်တယ် ငါ့မိန်းမက ရှောင်ယန် အတွက် အမြဲတမ်း ကောင်းတယ်"
ရန်ယန် တခစ်ခစ်ရယ်လိုက်ပြီး လင်းရှောင်ယွဲ့ ရဲ့ ထမင်းပန်းကန်လုံးထဲ အမဲသားကြီးကို ဖြဲထည့်ပေးလိုက်သည်။ "မိန်းမ၊ အသားပိုထည့်စား။ မိန်းမက အရမ်းပိန်တယ်"
လင်းရှောင်ယွဲ့ အမဲသားကို ဝါးပြီး တတိယ ရန်ယန် သူမကို အသားခြောက် ပေးသည့်နေ့ကို သတိရသွားမိသည်။
ဒီခေတ် အစားအသောက် ပြုပြင်ရေးနည်းပညာက အနာဂတ်မှာလောက် မကောင်းဘူး။ ဒါပေမယ့် သူမဝယ်တဲ့ဆိုင်က ပိုအရသာရှိသည်။
"အရသာရှိတယ်..."
ရန်ယန် ကြက်ခြေထောက်ကိုက်လိုက်၊ အမဲသားကိုကိုက်လိုက်၊ ဝက်သားခြောက်ကို ကိုက်လိုက်နဲ့။ သူ့ပါးစပ်ထဲမှာ အသားသုံးမျိုးရှိသည်။ “ဒီလို အရသာရှိတဲ့ အသားကို မစားဖူးဘူး"
"အခု စားရပြီမလား"
လင်းရှောင်ယွဲ့က ပြောလိုက်သည်။ "ဒါပေမယ့် ရှင့်ခန္ဓာကိုယ်ထဲက အကိုကြီးလေ။ သူက ဒီလိုအရသာရှိတဲ့ဟာတွေကို မကြာခဏ ရနိုင်တယ်"
ရန်ယန် ကြက်ပေါင်ကိုအနည်းငယ်ကိုက်ပြီး ထမင်း တစ်လုတ် စားကာ "ငါ့အကို စားတာ ငါစားတာမဟုတ်ဘူး" လို့ ပြန်ဖြေခဲ့သည်။ " ငါ့အစ်ကိုစားတာက ရှောင်ယန် စားတာနဲ့မတူဘူး!"
လင်းရှောင်ယွဲ့ သူ့ဘာသာ တွေးနေခဲ့သည်။ - အားလုံးက ခန္ဓာကိုယ်တစ်ခုတည်း ပါးစပ်တစ်ပေါက်တည်းပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်မတူနိုင်မှာလဲ။
ရန်ယန်က အစားတစ်လုတ် စားလိုက်ပေမယ့် တစ်ခုခုကို တွေးပြီး ကမန်းကတန်းပြောလိုက်သည်။ "မိန်းမ၊ နောက်တစ်ခါ မင်းအဲ့အစ်ကိုနဲ့တွေ့ရင် အနာဂတ်မှာ ဒီလောက်ထိမဆိုးနဲ့လို့ ပြောပေးလို့ရမလား"
"ဆိုးတယ်"
လင်းရှောင်ယွဲ့ ကြောင်အသွားသည်။
တတိယကိုယ်ခွဲက ဆိုးတယ်လို့ သူပြောနေတာလား။ သူလည်း ဒါကိုသိတာလား။
ဒီခန္ဓာကိုယ်ထဲမှာ အငယ်ဆုံးက ညဘက် သူအပြင်ထွက်တာကို သိတာများဖြစ်နိုင်မလား။
"အင်း....အဲ့အစ်ကိုက တော်တော်ဆိုးတယ်"
အရူး ရန်ယန်က ခေါင်းညိတ်ခဲ့ပြီး ကြက်ပေါင်ကို သုံးကြိမ်တိတိစားပြီးနောက် သူသည် ကြက်အရိုးများကို သန့်ရှင်းအောင်လုပ်ကာ လက်ချောင်းတွေကို စုပ်လိုက်သည်။ “သူ လူတွေကို ပြင်းပြင်းထန်ထန် ရိုက်တယ်၊ သူများတွေဆို ငိုကြတာ။ သူကတော့ သူတို့ကို ရိုက်နေတုန်းပဲ။ သူက အရမ်းပြင်းတယ်........တုတ်နဲ့ရိုက်တာ။အဲဒီလူ ခြေထောက်ကျိုးသွားပေမယ့် အဲဒီလူကို ကွင်းပြင်ထဲကိုပစ်ချပြီး ဆက်ပြီးတိုက်ဖို့ လုပ်တုန်းပဲ။ပြီးတော့ နောက်ထပ်ရှိသေးတယ်.... ဓားနဲ့လူကို သတ်တာ။ ပြီးတော့ မသတ်ဖို့ အသနားခံတဲ့ သူတွေရဲ့စကားကို နားမထောင်ဘူး။ သူ အရမ်းဆိုးတယ်...…”
သူ့အခြေအနေမှာ လူသုံးယောက်အတွက် ခန္ဓာကိုယ်တစ်ခုတည်းကို သုံးတာအပြင် မှတ်ဉာဏ်သုံးခုကို မျှဝေတာဖြစ်နိုင်သည်။
လင်းရှောင်ယွဲ့က မနေ့ညက တတိယကိုယ်ခွဲနဲ့ အပြင်မထွက်ခဲ့ပေမယ့် အရူး ရန်ယန်ရဲ့ ပါးစပ်မှ တတိယကိုယ်ခွဲရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူအကြောင်းကို သူမ ကြားနေရသည်။
မူရင်းစာအုပ်ထဲက တတိယကိုယ်ခွဲက ဒီလိုမျိုးပဲ။
မူရင်းစာအုပ်ကိုဖတ်ဖူးသူ လင်းရှောင်ယွဲ့က တတိယကိုယ်ခွဲ အမှောင်စဖုံးလာတဲ့အခါ မူလပိုင်ရှင် လင်းရှောင်ယွဲ့ အပေါ် သူ့နည်းလမ်းများက ရက်စက်ကြမ်းကြုတ်ခဲ့တာကို မှတ်မိနေသေးသည်။
မူလပိုင်ရှင် လင်းရှောင်ယွဲ့ က တတိယကိုယ်ခွဲရဲ့ ရိုက်နှက်မှုကြောင့် နှာခေါင်းပွန်းပဲ့ကာ မျက်နှာ ရောင်ရမ်းသွားခဲ့သည်။ သူမ သစ်သားအိမ်လေးထဲ တစ်လကြာ အကျဉ်းချခံခဲ့ရသည်။ သူမကို မသေစေဖို့အတွက် ဝမ်ရှို့ယင်က သူမကို ရေအနည်းငယ်နဲ့ အဝါရောင် မုန့်လေးတွေ ပေးခဲ့သည်......
ထို့အပြင် မူရင်းစာအုပ်ထဲက တတိယကိုယ်ခွဲက မူလပိုင်ရှင် လင်းရှောင်ယွဲ့ ကို လက်တုံ့ပြန်ပြီး တစ်လခွဲအကြာတွင် သူ့စွမ်းအားကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ကာ အရင်တုန်းက သူ့ကို အနိုင်ကျင့်သူတိုင်းကို အန္တရာယ်ပြုခဲ့သည်... သူ လက်စားချေခဲ့သည်။
လင်းရှောင်ယွဲ့ မနေ့က တတိယကိုယ်ခွဲကို တွေးနေမိပြန်သည်။
တကယ်ပါပဲ
ရန်တဟဲက လူတစ်စုကို ဦးဆောင်ပြီး ကွင်းထဲမှာ ရန်ယန် သတိလစ်သွားအောင် ထိုးနှက်ဖို့သွားခဲ့သည်။ တတိယကိုယ်ခွဲကို လက်စားချေဖို့က မဖြစ်နိုင်ဘူး။
ရန်ရွှေ့ချန်က လင်းရှောင်ယွဲ့ အပေါ်မှာ လိပ်ပြာမသန့်တဲ့ နှလုံးသားရှိခဲ့ပြီး ရန်ယန်ကို အရူးလို့ ခေါ်ကာ လင်းရှောင်ယွဲ့ ခန္ဓာကိုယ်ကို လျှို့ဝှက်စွာ သိမ်းယူချင်နေပြန်သည်။
တတိယကိုယ်ခွဲ ရန်ယန်ကို ချဖို့ မဖြစ်နိုင်ဘူး။
တတိယကိုယ်ခွဲ အပြင်ထွက်ဖို့ အချိန်နည်းနည်းပဲရှိသည်။
မနေ့က ရန်ယန် ထွက်လာတာ ရှားပါတယ်၊ လင်းရှောင်ယွဲ့ ဒါကို မှန်းဆခဲ့သင့်ပြီး သူ လက်တုံ့ပြန်ရန် အခွင့်အရေးတစ်ခုအတွက်စောင့်နေမှာ သေချာသည်။
ဒါက သူ့ဇာတ်ကောင်ပဲ။
နောက်ဆုံးတွင် သူ့ ကြမ်းတမ်းတဲ့ စရိုက်က ဒုက္ခတွင်း၌ မွေးဖွားလာပြီး ရှင်သန်ရပ်တည်ဖို့ အသက်ရှင်ခဲ့သည်။
လင်းရှောင်ယွဲ့ က တတိယကိုယ်ခွဲရဲ့ အမူအရာကို မှားယွင်းတယ်လို့ မထင်ပေ။
တတိယကိုယ်ခွဲရဲ့ တည်ရှိမှု လိုအပ်ချက်နဲ့ တတိယကိုယ်ခွဲရဲ့ လိုအပ်ချက်ကို သူမ နားလည်သည်။
ဒါတင်မကသေးပါဘူး။ ကလေးတွေရှေ့မှာလည်း အကြမ်းဖက်မှုကို ထောက်ခံအားပေးတာမျိုး မလုပ်နိုင်ဘူး။
ထို့ကြောင့် သူမက အရူး ရန်ယန်ကို ဒီလိုမျိုးပြောခဲ့သည်။ "ရှောင်ယန်၊ ကျွန်မက ရှင့်ရဲ့ ဇနီးတင်မကဘူး အဲဒီ အကိုနှစ်ယောက်ရဲ့ ဇနီးလည်းဖြစ်တယ်။ ရှင်က ငယ်သေးတယ်။ ရှင့်ရဲ့ အကို နှစ်ယောက် ဘာလို့ဒီလိုပြုမူရတာလဲဆိုတာက အကြောင်းပြချက်ရှိတယ်။ ရှင် ဒါကို နားမလည်သေးဘူး။ ပြီးတော့ အဲ့တာက ရှင်းပြဖို့မလွယ်ဘူး။ လူတွေကို ရိုက်နှက်တာက မှားနိုင်တယ်။ လူသတ်တာကလည်း မှားတယ်၊ ဒါပေမယ့် အဲ့တာကို သည်းခံရုံနဲ့တော့ မမှန်ဘူး"
"မိန်းမ..."
အရူး ယန်ယန်ရဲ့ ပါးပြင်တွေက အစာတွေ ပြည့်နှက်နေပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ လင်းရှောင်ယွဲ့ ကိုငေးကြည့်ရင်း "မိန်းမ၊ အစ်ကို လုပ်ခဲ့တာက မှန်တယ်လို့ ထင်လား။ ဘာလို့လဲဆိုတော့ ရှောင်ယန်ကို အနိုင်ကျင့်တဲ့သူတိုင်းကို လက်တုံ့ပြန်ဖို့ အရင်က မိန်းမ ရှောင်ယန်ကို ပြောထားတယ်လေ "
"အဲ့တာက ဘယ်လိုပြောရမလဲ......."
ခေါင်းစဉ်တက်လာပြီးကတည်းက လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ကိုယ်ခွဲသုံးယောက်နဲ့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ခံစားလာရသည်။ "ရှင်က ရိုးသားလွန်းပြီး အကျင့်စာရိတ္တကောင်းလွန်းတယ်လို့ ကျွန်မထင်တယ်၊ အဲဒါက မကောင်းဘူး။ ရှင့်ရဲ့ တခြားအစ်ကိုက သိမ်သိမ်သိမ်မွေ့မွေ့နဲ့ သည်းခံလွန်းတယ်၊ အဲ့တာကလည်း မကောင်းဘူး၊ ရှင့်ရဲ့ တတိယအစ်ကို ရက်စက်လွန်းတယ်၊ ဆိုးတယ်၊ ဒါက အရမ်းကိုမကောင်းဘူး။ ရှင်တို့ သုံးယောက်အဲ့တာကို ပေါင်းစပ်နိုင်တယ်ဆိုရင် ရှင်က အရမ်းမရိုးသားသင့်ဘူး၊ အရမ်းတော်ရမယ်၊ ရှင့်ရဲ့ တခြားအစ်ကိုက အရမ်းသည်းခံမနေသင့်ဘူး။ ရှင့်ရဲ့တတိယအစ်ကိုက အရမ်းဆိုးမနေသင့်ဘူး... နည်းနည်းတော့ ဆိုးနေမှရမယ်။ လူတိုင်း နည်းနည်းတော့ ထိန်းထားသင့်တယ်၊ ဒါမှမဟုတ် နည်းနည်းပိုထွက်သွားပြီး သင့်တော်တဲ့ အပြောင်းအလဲတွေ လုပ်သင့်တယ်။ ဒါကမှ အကောင်းဆုံး ရန်ယန်လို့ ထင်တယ် "
ကိုယ်ခွဲ သုံးယောက်ရှိရခြင်းရဲ့ အကြောင်းရင်းမှာ ကိုယ်ခွဲသုံးမျိုးစလုံးတွင် ၎င်းတို့၏ အားသာချက် အားနည်းချက်များရှိပြီး၊ ကိုယ်ခွဲသုံးယောက်တွင် ၎င်းတို့၏ ထင်ရှားသော အားနည်းချက်များရှိသည်။
တတိယရန်ယန်က လင်းရှောင်ယွဲ့ ကို မကြာခဏမေးလေ့ရှိသည်။ သူမ သုံးယောက်ထဲမှ တစ်ယောက်ကို ရွေးရရင် ဘယ်သူ့ကို ရွေးမှာလဲ တဲ့။
ဒါပေမယ့် လင်းရှောင်ယွဲ့ နှလုံးသားထဲက စံပြအခြေအနေမှာ သုံးယောက်ကို တစ်ယောက်တည်းအဖြစ် ပေါင်းစပ်ထားသည်။
ကလေးက ကြင်နာတတ်တယ်၊ ဒုတိယကလေးက သိမ်မွေ့တယ်၊ တတိယကလေးက သန်မာပေမယ့် အကြီးမားဆုံး အားနည်းချက်ရှိတယ်။
ဒီတော့ သုံးယောက်ကို တစ်ယောက်တည်းအဖြစ် ပေါင်းစပ်နိုင်ရင် သူမက ကမ္ဘာပေါ်မှာ အပြည့်စုံဆုံးယောကျ်ားတစ်ယောက်ကို ရလာမှာ မဟုတ်ဘူးလား။
လင်းရှောင်ယွဲ့ တိတ်တဆိတ် စဉ်းစားမိသည်...
"မိန်းမ၊ မင်းပြောတဲ့ဟာက ငါနည်းနည်းခေါင်မူးသွားပြီ......"
အရူး ရန်ယန်က လင်းရှောင်ယွဲ့ စကားတွေကို နားမလည်ပေ။ သူမပြောတဲ့စကားက ရှည်လွန်းသည်။ သူ့ဦးနှောက်စွမ်းရည်က မကြီးမားဘူး။ သူ အနည်းငယ်ပဲ စုပ်ယူနိုင်ခဲ့သည်။
"ခေါင်းမူးတယ်ဆိုရင် စမ်းကြည့်လိုက်"
လင်းရှောင်ယွဲ့ သူ့ကို တူနဲ့ ပန်းကန် ပေးခဲ့သည်။ " ဒီညီအကိုနှစ်ယောက် ဘာတွေလုပ်ခဲ့လဲဆိုတာ ရှင် ဂရုစိုက်နေစရာ မလိုဘူး။ ရှင်တို့ သုံးယောက် ဘာပဲလုပ်လုပ် ကိစ္စမှမရှိဘူး။ ရှင် ဒုက္ခတွင်းထဲရောက်နေပါစေ ကျွန်မ ဂရုစိုက်မယ်။ ရှင့်ကို ကျွန်မကာကွယ်ပေးမယ်။ ရှင်တို့ သုံးယောက်စလုံးက ကျွန်မ ယောကျ်ားပဲ။ ကျွန်မရဲ့အမြင်အရ ရှင့်တို့သုံးယောက်က ရန်ယန်ဆိုတဲ့ လူတစ်ယောက်တည်းပဲ "
"မိန်းမ..."
ရန်ယန်က ထိမိလွန်းသဖြင့် ချက်ချင်းပင် နှာခေါင်းချဥ်လာပြီး မျက်လုံးထဲက မျက်ရည်တွေ စီးကျလာသည်။
လင်းရှောင်ယွဲ့က သူ့ အနှိုင်းမဲ့ လှုပ်ရှားနေတဲ့ အကြည့်ကို မြင်လိုက်ရသည်။ သူမ ပြုံးပြီး သူ့ခေါင်းကို ကိုင်လိုက်ကာ "တကယ်တော့ သုံးယောက်ထဲမှာ လိမ္မာရေးခြား အရှိဆုံးက ရှင်ပဲ၊ ကျွန်မစကားကို ကောင်းကောင်းနားထောင်ရမယ်နော်။ ရှင် အရင်ကထက် ပိုသန်မာနေရမယ်၊ ဘယ်အရာတွေကိုမှ မကြောက်ရဘူး၊ အနိုင်ကျင့်တာကိုမခံလာရဘူး ဟုတ်ပြီလား"
"သေချာပေါက် အဲ့လိုလုပ်ပါ့မယ်.... မိန်းမ..."
အရူး ရန်ယန်က မျက်ရည်နှစ်စက်ကို ညှစ်ထုတ်လိုက်သည်။
လင်းရှောင်ယွဲ့က သူက ကလေးမှန်းသိပေမယ့် သူ့ကိုမြင်ရတာ ထူးဆန်းနေတုန်းပဲ။ အရပ် ၁.၈ မီတာရှိပြီး ဒီလိုမျိုးသန်မာတဲ့လူက သူမရှေ့မှာ မျက်ရည်ကျနေတယ်။
သူ့ မျက်လုံးထောင့်မှ မျက်ရည်တွေကို သုတ်ဖို့ လက်လှမ်းလိုက်ကာ ချော့ခဲ့သည်။ “စားလေ ရှင်ထပ်မစားတော့ရင် အစားအသောက်တွေ အေးသွားလိမ့်မယ်"
"မိန်းမ၊ မြန်မြန်စား၊ မိန်းမ စား..."
ရန်ယန်က လင်းရှောင်ယွဲ့ ကို မြန်မြန်စားဖို့ တိုက်တွန်းလိုက်သည်။
သူမရဲ့အားပေးမှုနဲ့ ကလေး ရန်ယန်က သူ့ကိုယ်သူ ကြံ့ခိုင်ပြီး အနာဂတ်တွင် ပေါ့ပေါ့ဆဆ အနိုင်ကျင့်ခံနေမှာ မဟုတ်ကြောင်းကိုလည်း သူ့ကိုယ်သူ စိတ်ထဲတွင် ပြောခဲ့သည်။
သူများတွေ သူ့ကိုအနိုင်ကျင့်တိုင်း သူ အမြဲတမ်းသည်းခံခဲ့သည်။
နောက်တစ်ခါကျရင်တော့ သည်းမခံတော့ဘူး။
သူ ပိုပြီး အားကောင်းလာပြီး မိန်းမကို သူကအင်အားကြီးတဲ့ ယောက်ျားတစ်ယောက်ပါ ဆိုတာကိုမြင်အောင်ပြရမည်။
၆ နှစ်အရွယ် ရန်ယန်က သူ့စိတ်ထဲ ဆုံးဖြတ်ခဲ့သည်။
လူသတ်မှုကျူးလွန်သူကို စုံစမ်းဆဲဖြစ်တာကြောင့် လကုန် ရိက္ခာမဖြန့်မီ နှစ်ရက်အလိုတွင် ရှိနေသေးသည်။
ထို့ကြောင့် လင်းရှောင်ယွဲ့နဲ့ ရှောင်ယန်တို့က ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး အိမ်ပြင်မထွက်ဘဲ အိမ်ထဲ နေခဲ့ကြသည်။
လင်းရှောင်ယွဲ့က အခုဆို အိမ်မှုကိစ္စလုပ်ဖို့ မလိုတော့ပေ။
ဝမ်ရှို့ယင်က ကုန်စုံစျေးဝယ်၊ ချက်ပြုတ်ခြင်း၊ ပန်းကန်ဆေးခြင်းနဲ့ အဝတ်လျှော်တာတွေအားလုံးကို ပြုလုပ်ခဲ့သည်။
ဒီအသက်အရွယ်အမျိုးသမီးတွေက ထူးချွန်ကြသည်။
တကယ်တော့ ဝမ်ရှို့ယင်က သူတို့မိသားစုလေးယောက်ရဲ့ အိမ်မှုကိစ္စတွေကို ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ခဲ့ပြီး သပ်သပ်ရပ်ရပ် လုပ်ခဲ့သည်။ အဲ့နှစ်ခုစလုံးက အတွေ့အကြုံနဲ့ အချိန်အရပင်။
အိမ်ခွဲပြီးနောက် ဝမ်ရှို့ယင်က သူတို့ အိပ်ခန်းသုံးခန်း မိသားစုက ပိုသက်တောင့်သက်သာရှိနေတယ်လို့ ခံစားခဲ့ရသည်။
ပထမအိမ်က အခြားအိမ်နှစ်အိမ်တွင် အိမ်မှုကိစ္စအများစုကို လုပ်ဆောင်ခဲ့ပြီး ရန်ဟုန်ရင်နဲ့ ရန်ချန်ယွီတို့က မိသားစုရဲ့ အလုပ်တာဝန်တွေကို ယူထားသည်။
လင်းရှောင်ယွဲ့က ကြက်ကလေးတွေကို နေ့စဥ် အေးအေးဆေးဆေးနဲ့ အစာကျွေးပြီး အချိန်ဖြုန်းနေတာကို သားအမိ နှစ်တွဲလုံးက ကြည့်ရှုခဲ့ပြီး သူတို့ မျက်လုံးတွေက နီရဲကာ ဒေါသထွက်နေကြသည်။
ရန်ဟုန်ရင်ကလည်း ရန်ချန်ယွီကို သူတို့လည်းအိမ်ခွဲသင့်တယ်လို့ ရဲရင့်စွာပြောခဲ့သည်။
ဒုတိယအိမ်မိသားစုနဲ့ မနေနဲ့။ သူတွေတွေ ခွဲနေကြပြီးတော့ အရမ်းသာယာနေတာပဲ....
ဒါပေမယ့် ရန်ချန်ယွီက ငြင်းဆိုခဲ့သည်။
ရန်ချန်ယွီ မိသားစုမှာ ကုန်ကျစရိတ်များစွာရှိသည်။ သားအကြီးဆုံးက အိမ်ခဏခဏ မလာဘူး အိမ်ပြန်လာရင်လည်း မိသားစုဆီက ပိုက်ဆံတောင်းတယ်။
သူမ တတိယမြောက်သားက ငယ်သေးပြီး ပြုစုပျိုးထောင်ရမည့် သားတစ်ယောက်ဖြစ်သည်။ ဒါတွေအားလုံးက ပိုက်ဆံလိုတယ်...
သူတို့မိသားစုမှာ အလုပ်လုပ်တဲ့ လူတွေကတော့ သူမနဲ့ သူမယောကျ်ားနဲ့ ရန်ဟုန်ရင်တို့ပဲ ဖြစ်သည်။ ရန်ဟုန်ရင်ရဲ့ အသက်အရွယ်မှာ သူမ လက်ထပ်ခဲ့သည်။
ရန်ဟုန်ရင် အိမ်ထောင်ကျပြီးရင် မိသားစုတွင် လူအင်အားနည်းလာမည်ဖြစ်ပြီး ရန်ချန်ယွီက သူမရဲ့သားနှစ်ယောက်ကို ထောက်ပံ့ဖို့ အဖွားရန်ဆီကနေ ရနိုင်တဲ့ငွေအပေါ် အားကိုးဖို့ လိုအပ်ဆဲဖြစ်သည်.....
ထို့ကြောင့် သူတို့မိသားစု ခွဲနေလို့မရပေ။
အတူတူနေထိုင်ရတာ ခက်ခဲကြမ်းတမ်းလွန်းပေမယ့် ရန်ချန်ယွီလည်း ခံနိုင်ရည်ရှိဖို့ လိုသည်။
ဒုတိယမိသားစုလည်း ဒီအတိုင်းပဲ။ ဒါပေမယ့်လည်း မကြာသေးခင်က ပျော်ရွှင်စရာလေးတွေ အနည်းငယ် ရှိခဲ့သည်....
လကုန်တွင် စားနပ်ရိက္ခာနှင့် မဲများ ခွဲဝေပြီးနောက် ဒုတိယမိသားစုရဲ့ သားအကြီးဆုံးက နှစ်သစ်အတွက် ဇနီးဖြစ်သူနဲ့အတူ မြို့မှပြန်လာကာ နှစ်သစ်ကုန်ပြီးနောက် မြို့၌ အလုပ်သွားလုပ်ကြသည်။
ရန်ချန်ယွီက မြို့က သူ့သားပြန်လာတာ စောင့်မျှော်နေသည်။
ပိုမိုကောင်းမွန်တဲ့ပုံရိပ်နဲ့ သားဖြစ်သူနဲ့တွေ့ဆုံဖို့အတွက် ကောင်းမွန်တဲ့အဝတ်အစားတွေ၊ စိတ်ကြိုက်ချုပ်ထားတဲ့ အဝတ်အစားအသစ်တွေဝယ်ဖို့ မြို့ကိုသွားခဲ့သည်။
အချိန်တန်ရင် ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကို သူမဖြတ်သန်းရလိမ့်မယ်...
လင်းရှောင်ယွဲ့က လွန်ခဲ့သည့် နှစ်ရက်အတွင်း တတိယ ကိုယ်ခွဲ ရန်ယန်ကို သူမ စာကြည့်ခန်းက မခေါ်ထုတ်ခဲ့ပေ။
အပြင်ဘက်မှာ သူ စစ်ဆေးခံရနိုင်တာကြောင့် သူ မထွက်နိုင်သေးဘူးလို့ သူမ ထင်ခဲ့သည်။
ထို့ကြောင့် သူမ နေ့ဘက်မှာ အရူး ရန်ယန်နဲ့ ညဘက်မှာ ဒုတိယ ရန်ယန်ကို ဂရုစိုက်ခဲ့သည်။
ရှေးဦးသူနာပြုပစ္စည်းကိရိယာကို စာကြည့်ခန်းမှ ထုတ်ယူခဲ့ပြီး ဆေးကို တစ်နေ့တစ်ကြိမ် လဲခဲ့သည်။ လင်းရှောင်ယွဲ့ ၎င်းကို ညအချိန်တွင် အထူးပြုလုပ်ခဲ့သည်။ အိပ်ရာမဝင်ခင်မှာ လင်းရှောင်ယွဲ့က အဝတ်အစားထဲက အမှိုက်သရိုက်တွေကို ကောက်ယူပြီး သူမရဲ့ စာကြည့်ခန်းထဲကို ယူသွားကာ စာကြည့်ခန်းထဲက အမှိုက်ပုံးထဲ ပစ်ခဲ့သည်။
ဤနည်းဖြင့် ရန်ယန်ရဲ့ ဒဏ်ရာကို မိသားစုထဲက ဘယ်သူမှ မသိနိုင်တော့ပေ။
သူမ သူ့အတွက် ကောင်းစွာဖုံးကွယ်ထားသည်။
ရန်ယန်ရဲ့ ဒုတိယကိုယ်ခွဲက အသံမထွက်ဘဲ နာကျင်မှုကို ခံနိုင်ရည်ရှိသည်။ ၆နှစ်အရွယ် ရန်ယန်ကတော့ အဲ့တာကို လုံးဝမကူညီနိုင်ခဲ့ဘူး။ ဆေးဖက်ဝင်အရည်အနည်းငယ်က သူ့ကို အော်ဟစ်စေနိုင်သည်။ ထို့ကြောင့် ဆေးလဲရမည့်အချိန်ကို အခြေခံအားဖြင့် ညနေခင်းတွင် သတ်မှတ်ထားသည်။
ညဘက်တွင် လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ပတ်တီးလဲဖို့ ဘေးခန်းငယ်လေးထဲ ပုန်းနေခဲ့သည်။
ချုပ်ရိုးမရှိလို့ ဒဏ်ရာက တော်တော်ကြီးနေသေးပေမယ့် သွေးမထွက်တော့ဘဲ အနာဖေးတောင် မထသေးဘူး။
လင်းရှောင်ယွဲ့ ဆေးဖက်ဝင်အရည်ကို သူ့ခါးပေါ်ရှိ အနာပေါ်သို့ လိမ်းပေးလိုက်သည်။ နာကျင်မှုကြောင့် ရန်ယန်က အသံမထွက်အောင် သူ့ပါးစပ်ကို တင်းတင်းကျပ်ကျပ် ချုပ်ထားသည်။
"မကြာခင်ကောင်းလာတော့မှာ။ နူးညံ့ညင်သာအောင် ကျွန်မကြိုးစားပါ့မယ်"
လင်းရှောင်ယွဲ့က ဒဏ်ရာကို အိုင်အိုဒင်းနဲ့ ဂရုတစိုက် ပိုးသတ်ပေးခဲ့သည်။ ပိုးသတ်ပြီးသည့်နောက်တွင် လိမ်းဆေးကို အပေါ်မှ လိမ်းပေးပြီး ဂရုတစိုက် ပိတ်စလဲကာ တိပ်ဖြင့် ကပ်ပေးခဲ့သည်။
သူမ ဒီလိုအကြမ်း နည်းဖြင့် ကိုင်တွယ်ခဲ့သည်။
သူအသက်ရှင်နေသရွေ့ အမာရွတ်ကျန်တာ မကျန်တာက အရေးမကြီးဘူး။
ဘာပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်မှာ အမာရွတ်ရှိရင်လည်း သူမဂရုမစိုက်ဘူး။
ရန်ယန်ရဲ့ ဒုတိယကိုယ်ခွဲက မကြာခင်က လင်းရှောင်ယွဲ့ ရှေ့တွင် အနည်းငယ် စကားပြောလာခဲ့သည်။
လင်းရှောင်ယွဲ့နဲ့ ၆နှစ်အရွယ် ရန်ယန် တတိယကိုယ်ခွဲ ရန်ယန် အကြောင်းပြောနေတာကြောင့် ဒုတိယကိုယ်ခွဲကလည်း သူ့အပေါ် လင်းရှောင်ယွဲ့ရဲ့ စိတ်သဘောထားအမှန်ကို သိချင်နေခဲ့သည်။
ထို့ကြောင့် ဒုတိယကိုယ်ခွဲက ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လင်းရှောင်ယွဲ့နဲ့ စကားပြောဖို့ အစပြုခဲ့သည်။
ဒီည ဆေးလဲပြီးတဲ့နောက် ဒုတိယ ရန်ယန်က လင်းရှောင်ယွဲ့ ကို "မင်းဆီမှာ ငါ့ကိုမျှော်လင့်ထားတာရှိလား။ မင်းဘာကိုမျှော်လင့်ထားလဲ" လို့မေးလိုက်သည်။
"ဟမ်"
ဆေးသေတ္တာကို ထုပ်ပိုးနေတဲ့ လင်းရှောင်ယွဲ့ ရှော့ခ်ရသွားခဲ့သည်။
မျက်လုံးတွေကိုပင့်ကာ ရန်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး "ရှင် ကျွန်မကို မေးနေတာလား.....ကိုယ်ခွဲတစ်ခုအနေနဲ့ ရှင့်ဆီကနေ ကျွန်မဘာမျှော်လင့်ထားလဲလို့မေးတာလား "
"ဟုတ်တယ်"
ရန်ယန် ခေါင်းညိတ်လိုက်သည်။
သူ မေးတာက "သူ့" ကိုပါ။
မေးတာက ၆ နှစ်အရွယ် ရန်ယန်ကို မဟုတ်ဘူး။ ဒါမှမဟုတ် မေးတာက တတိယကိုယ်ခွဲကို မဟုတ်ဘူး။
အဲ့တာ သူ့ကိုပဲ။ သူက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တဲ့ ဆရာကြီး ကိုယ်ခွဲပဲ...
ဒုတိယ ရန်ယန်က လင်းရှောင်ယွဲ့ သူ့အပေါ် ဘယ်လိုထင်လဲဆိုတာ သိချင်နေတာလား။
ရန်ယန် ပြောင်းလဲချင်စိတ်များနေသည်။
သူမအတွက် တစ်ခုခုကို ပြောင်းလဲပစ်ချင်တယ်လို့ အရင်ကသူ ပြောခဲ့တယ်...
"ငါက မင်းအတွက် ဘာလဲ..."
လင်းရှောင်ယွဲ့က ဆေးသေတ္တာကို ထုပ်ပိုးပြီး ဆေးသေတ္တာကို ဗီရိုထဲမှာဝှက်ကာ သစ်သီးခေါက်နဲ့ အဆာပြေမုန့်တွေကိုထုတ်ပြီး အိပ်ယာပေါ်တင်ပြီး စားရင်းနဲ့သူနဲ့စကားပြောခဲ့သည်။ "ရှင့်ဆီက ကျွန်မ ဘာကိုမျှော်လင့်ရမှာလဲ......ကျွန်မ မျှော်လင့်တဲ့ဟာက ဖြစ်နိုင်တာကတော့ စကားပိုပြောတာ။ ပိုပြီးသတ္တိရှိတာ ပြီးတော့ အခန်းထဲမှာ ရှင် ကိုယ့်ကိုယ်ကိုပျင်းစရာကောင်းအောင်မလုပ်နဲ့ "
"ငါ အပြင်ထွက်ပြီး တခြားသူတွေနဲ့ ပိုပြီးဆက်ဆံနိုင်ဖို့ မင်း မျှော်လင့်နေတာလား" လို့ ရန်ယန် သူမကိုမေးလိုက်သည်။
လင်းရှောင်ယွဲ့က အခွံမာသီးစားပြီး ခေါင်းညိတ်ခဲ့သည်။ "ဟုတ်တယ်။ ဒီလိုလုပ်နိုင်ရင် အကောင်းဆုံးပေါ့။ အဲ့တာက ရှင့်ရဲ့တစ်ခုတည်းတဲ့ အားနည်ချက်ဖြစ်ပုံရတယ် ဟုတ်တယ်မလား"
ရန်ယန်က သူမပေးလာတဲ့ အခွံမာသီးကို စားလိုက်ပြီး သူတို့ကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်သည်။ သူ သူမကိုစိုက်ကြည့်ရင်း "ငါ.....အကောင်းဆုံးကြိုးစားမယ်။ ငါ ကြိုးစားပါ့မယ်....."
ပြင်ပကမ္ဘာနဲ့ ဆက်သွယ်တဲ့အခါ သူ အမြဲတမ်း အထိတ်တလန့်ဖြစ်ခဲ့ရလဲကို သူမ မသိပေ။
ဘာလို့လဲဆိုတော့ သူ အရင်က ပြင်ပကမ္ဘာက မကောင်းတဲ့ ဆက်ဆံမှုများစွာကို ခံယူခဲ့ရတာကြောင့်ဖြစ်သည်။
သူ့ရဲ့မိသားစုဆီကနေ၊ လူ့အဖွဲ့အစည်းဆီကနေ....
ဒီအတားအဆီးက......သူ့အတွက် တကယ်ကိုကျော်ဖြတ်ရခက်တယ်
ရန်ယန် သူ လုပ်နိုင်ပါ့မလား မသိပေ။
ဒါပေမယ့် သူမအတွက် စမ်းကြည့်ချင်သည်။
ကျန်တဲ့နှစ်ယောက်က သူမအတွက် ခက်ခက်ခဲခဲ ကြိုးစားနေ ကြသည်။ သူလည်း အတူတူပဲ။
"ရှင်တကယ် အဲ့တာကို စမ်းကြည့်ချင်စိတ်ရှိလား"လင်းရှောင်ယွဲ့ သစ်သီးခြောက်ကိုစားပြီး သူမရဲ့မျက်ခုံးကြားတွင် အနည်းငယ် အံ့အားသင့်မှုရှိနေသည်။
"အွန်း"ရန်ယန် ပေါ့ပေါ့ပါးပါး တုံ့ပြန်ခဲ့သည်။
"ဒါဆိုရှင် အသံကို ပိုပြီးကျယ်ကျယ်ပြောရမယ်။ စကားအများကြီးပြောရမယ်"
လင်းရှောင်ယွဲ့က သူ့ကို သင်ပေးခဲ့သည်။ "ဘယ်သူ့ကို ဘယ်လိုစကားမျိုးပြောရမယ်ဆိုတာ သင်ယူရမယ်။တတိယကိုယ်ခွဲက ဒီအချက်မှာ အံ့မခန်းကောင်းကောင်းလုပ်ဆောင်နေတယ်။ တတိယကိုယ်ခွဲက ခဏလောက်ပဲ အပြင်ထွက်ခဲ့ပေမယ့် သူ့မှာ သူငယ်ချင်းတွေအများကြီးရှိတယ်"
ရန်ယန် သူမကို သတိထားပြီး ကြည့်လိုက်သည်။ "မင်း..... သူ့ကို အရမ်းချစ်နေတာလား "
လင်းရှောင်ယွဲ့ - "ဟမ်......"
တတိယကိုယ်ခွဲမှာ ကြမ်းတမ်းလွန်းတာအပြင် အခြားသော ချို့ယွင်းချက်များမရှိပေ။
ဒါကြောင့် လင်းရှောင်ယွဲ့က သူ့ကိုအကြိုက်ဆုံးပဲ - စာအုပ်ဖတ်နေချိန်ပဲ ဖြစ်ဖြစ် စာအုပ်ထဲမှာပဲဖြစ်ဖြစ်....