အခန်း (၃၈)
Vol. 4 Ch. 38
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လူသတ်သမားကို မဖမ်းမိသေးတာကြောင့် လူအနည်းငယ်သာ ရွာထဲ လမ်းလျှောက်ထွက်ရဲခဲ့သည်။
ရှန့်ရန်ရွာက ရက်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။
ဒါပေမယ့် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတော့ အိမ်တိုင်း အေးချမ်းသာယာနေခဲ့သည်။
ရန်အိမ်နဲ့ တတိယမိသားစုရဲ့အိမ်က အတော်လေးကို အေးချမ်းသာယာပြီး ဘယ်သူ့ကိုမှ တမင်တကာ ဒုက္ခထပ်မရှာခဲ့ဘူး။
မကြာခင် လကုန်တော့မယ်...
အစားအသောက်၊ လက်မှတ်၊ ပိုက်ဆံ၊ ဝက်သတ်ပွဲ နဲ့ အသားတွေ ဝေတဲ့နေ့ရောက်လာတော့ ရွာကပြန်ပြီး အလုပ်များလာသည်။
ရွာခန်းမတွင် ရွာသူကြီး ရန်ကျန့်ဟုန်က ကျေးရွာအုပ်စု ကေဒါတွေ၊ စာရင်းကိုင်များနှင့် ရပ်ရွာအဖွဲ့ဝင်များအား ယခုနှစ်၏ နောက်ဆုံးလ အကျိုးခံစားခွင့်များ ဖြန့်ဝေဖို့အတွက် ရွာသားတွေကို စုရုံးရောက်ရှိစေခဲ့သည်။
ရွာခန်းမက အလွန်အသက်ဝင်လှသည်။
ရွာသားတွေက ရွာခန်းမရှိ ခုံတန်းရှည်များပေါ် ထိုင်ကာ အစားအသောက်၊ လက်မှတ်တွေနဲ့ ငွေများကို တစ်ဦးချင်း အလုပ်အမှတ်အလိုက် ဖြန့်ဝေပေးကာ စာရင်းကိုင်က တွက်ချက်ပေးခဲ့သည်။ နောက်ဆုံးတွင် ဝတုတ်နေသော ဝက်များကို သတ်ပြီးဝေခဲ့သည်။
ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က ရန်မိသားစုမှ ခွဲထွက်သွားပြီးနောက် ၎င်းတို့တစ်ဦးချင်းစီ၏ အလုပ်အမှတ်များပေါ်မူတည်ပြီး အဆိုပါအကျိုးကျေးဇူးများကို ၎င်းတို့လက်ထဲတွင် ရရှိခဲ့သည်။
အရင်တုန်းကတော့ ရန်မိသားစုက အကျိုးကျေးဇူးတွေအားလုံးကို ရရှိဖို့အတွက် သူတို့ရဲ့သားကို အကြီးဆုံးအိမ်ကနေ ပို့ပေးခဲ့သည်။ အဖွားရန်က ၎င်းတို့ကို လက်ခံရရှိပြီးနောက် စီစဉ်ပေးပြီး တစ်မိသားစုလုံးကို ဝေငှပေးမည်ဖြစ်သည်။
ငွေအမြောက်အမြားကို အသက်ကြီးသူနှစ်ဦးဆီ လွှဲပြောင်းပေးခဲ့ပြီး တစ်ဦးချင်းဆီ ဖြန့်ဝေကာ ၎င်းတို့ကို ငွေပမာဏအနည်းငယ်ပဲ ချန်ထားပေးခဲ့သည်။
အရင်တုန်းကတော့ ဝမ်ရှို့ယင်က ဒီလိုနေ့မျိုးရောက်တိုင်း ငိုနေတတ်သည်။ ပိုက်ဆံအများကြီးမြင်ပြီး လက်ထဲမှာ ပိုက်ဆံနည်းနည်းပဲရတော့ သူမက စာရင်းမဝင်သလို ခံစားခဲ့ရသည်။
ဒါပေမယ့် ဒီလိုခွဲနေပြီးတဲ့နောက်မှာ ပိုက်ဆံပဲဖြစ်ဖြစ်၊ လက်မှတ်ပဲဖြစ်ဖြစ်၊ အစားအသောက်ပဲ ဖြစ်ဖြစ်၊ တခြားလက်ထဲကို လွှဲပေးစရာ မလိုတော့ဘူး။ အားလုံးကို သူမလက်ထဲမှာပဲ ထားနိုင်သည်။
ထို့ကြောင့် ဝမ်ရှို့ယင်က ဒီတစ်ကြိမ်၌ အလွန်စိတ်လှုပ်ရှားနေမိသည်။
သူမနဲ့ ရန်တယုံရဲ့ အများသူငှာ မျှဝေမှုမှာ မများပေမယ့်၊ သူမ ရနိုင်တာက အများကြီးတော့မဟုတ်ပေ....
အနည်းဆုံးတော့ ဒါတွေအားလုံးက လင်မယားနှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပြီး ခွဲနေစရာ မလိုဘူး။
အချိန်အတိုင်းအတာတစ်ခုအထိ တွက်ချက်ပြီးနောက် ရန်တယုံနဲ့ ဝမ်ရှို့ယင်တို့က ၁၀၅ ယွမ်၊ စားနပ်ရိက္ခာလက်မှတ်တွေ၊ စက်မှုလက်မှတ်တွေ၊ အထည်လက်မှတ်တွေနဲ့ ဆန်ချော ၁၀ ကတ်တီ တို့ကို ၎င်းတို့၏ အလုပ်အမှတ်အလိုက် ရရှိခဲ့ကြသည်။
ဤသည်မှာ ဆောင်းဦးရာသီ၏ နောက်ဆုံးရိတ်သိမ်းတဲ့လဖြစ်ပြီး လင်းရှောင်ယွဲ့နဲ့ နေ့တစ်ဝက် အလုပ်လုပ်စဉ်တွင် ၎င်းတို့ရရှိသည့် လစာငွေဖြစ်သည်။
သိပ်ချမ်းသာတာမဟုတ်ပေမယ့် အဖွားရန်ကို လွှဲပေးစရာ မလိုဘူးလို့ တွေးမိကာ အားလုံးက သူတို့ပိုင်တယ်...
ဝမ်ရှို့ယင် လုံလောက်အောင် ပျော်နေလောက်ပြီ။
ရွာတွင် မွေးမြူထားတဲ့ ဝက်နှစ်ကောင်ကို ယနေ့တွင် အများသူငှာအတွက် သတ်ခဲ့ပြီး ၎င်းတို့တစ်ဦးချင်းစီရဲ့ လုပ်ငန်းစဥ်အချက်များအပေါ် မူတည်ပြီး မိသားစုတစ်စုစီကို ခွဲထားပေးသည်။
ရန်မိသားစုနှင့်ခွဲခွာပြီးနောက် ဝမ်ရှို့ယင်နဲ့ ရန်တယုံ တိုကို မိသားစုတစ်စုအဖြစ် ဆက်ဆံခဲ့ပြီး အသားကတ်တီဝက်ကို ပေးခဲ့သည်။
အသားနှစ်တုံး သို့မဟုတ် သုံးတုံးသာရှိပေမယ့် ဝမ်ရှို့ယင်ရဲ့ ကြိုးစားအားထုတ်မှုဖြင့် သူမ အရမ်းကြည့်ကောင်းတဲ့ ဝက်ဝမ်းဗိုက်သား သုံးလီကို ဖြတ်တောက်နိုင်ခဲ့သည်။
(TN: လီ သည် ရှေးခေတ်အရှည် အတိုင်းအတာတစ်ခုဖြစ်သည်။)
ဒီခေတ်မှာ အဆီပါတဲ့အသားက ပိန်တဲ့အသားထက် ပိုတန်ဖိုးရှိတာကြောင့် အဲ့တာကိုဆူပွက်အောင်တည်တဲ့အခါ ဆီထွက်လာနိုင်သည်။
ခန်းမထဲက ပြန်လာတော့ ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့ စိတ်အခြေအနေကောင်းနေကြသည်။
ကြီးကြီးကျယ်ကျယ် ရိတ်သိမ်းချိန်လိုပဲ ရိတ်သိမ်းပြီးသော ထုတ်ကုန်များစွာနဲ့ အိမ်ပြန်လာခဲ့ကြသည်။
အိမ်ထဲဝင်လိုက်တာနဲ့ ဝမ်ရှို့ယင်က သူမ အသံကို ထုတ်ပြီး အိမ်၏ သေးငယ်သော ဘက်ခြမ်းဆီ လှမ်းအော်လိုက်သည်။
"ရှောင်ယွဲ့ ရှောင်ယန် ဒီညစားဖို့ အသားရှိပြီ! မင်းတို့ နှစ်ယောက် ဘယ်လိုစားချင်လဲ"
အသား နှစ်တုံး သုံးတုံးပဲ ရှိပေမယ့် ကောင်းကောင်း စားလို့ရနိုင်သေးသည်။
ဝမ်ရှို့ယင်သည်လည်း အသားကို သိမ်းဆည်းဖို့ မကြိုးစားခဲ့ပေ။ စားသင့်တယ်လေ ကောင်းချီးပေးတာကို ခံစားရမှာပေါ့။
လင်းရှောင်ယွဲ့က ၆ နှစ်အရွယ် ရန်ယန်ကို ခေါ်သွားကာ နှစ်ယောက်သား အိမ်သေးသေးလေးမှ ထွက်ပြီး ဝမ်ရှို့ယင်အိမ်ဆီ တန်းတန်းမတ်မတ်သွားလိုက်ကြသည်။
"အမေ၊ ဒီနေ့စားဖို့ အသားရှိတယ်ပေါ့ " ရန်ယန် အလွန်ပျော်နေပြီး ခြေလှမ်းအနည်းငယ်နဲ့ ပြေးသွားခဲ့သည်။
လင်းရှောင်ယွဲ့ သူ့နောက်မှ လိုက်လာကာ အလျင်စလို ဆွဲလိုက်ပြီး "ဖြည်းဖြည်းလေး ပဲပြေး၊ ရှင့်ရဲ့ ခန္ဓာကိုယ်က မကောင်းသေးဘူး" လို့ ပြောလိုက်သည်။
ရန်ယန် သူမစကားကို နာခံစွာ နားထောင်ပြီး ပြန်ပြုံးပြကာ "မေ့သွားလို့ပါ မိန်းမ။ မပြေးတော့ဘူး ဖြည်းဖြည်းချင်းပဲလမ်းလျှောက်တော့မယ် " လို့ပြောလိုက်သည်။
လင်းရှောင်ယွဲ့က သူ့ခေါင်းကို ပွတ်လိုက်ပြီး ရန်ယန်နဲ့ အတူ ဝမ်ရှို့ယင် အိမ်ထဲ ဝင်ခဲ့သည်။
အခန်းထဲမှာ ရန်တယုံက စားပွဲကို မပြီး ဒီမနက် သူ မစားရသေးတဲ့ အဝါရောင် ပေါင်မုန့်ကို တတိတိကိုက်စားနေခဲ့သည်။
ဝမ်ရှို့ယင်က သူမ ခါးစည်းစကို ၀တ်ထားပြီး ကလေး နှစ်ယောက်ကို မြင်တဲ့အခါ ပြုံးခဲ့သည်။ "ဒီနေ့ ရွာက ဝက်တစ်ကောင် သတ်လို့ အသားသုံးတုံး ရခဲ့တယ်၊ မင်းတို့ နှစ်ယောက် ဘယ်လိုစားချင်ကြလဲ။ ပေါင်းတာလား ကြော်တာလား "
"ရှောင်ယန်က အသားစားရတာ ကြိုက်တယ်။ အသားက ဘယ်လိုပဲလုပ်လုပ် အရသာရှိတယ်! "ရန်ယန် ရဲ့လက်တွေက ရွှင်မြူးကခုန်နေသည်။
လင်းရှောင်ယွဲ့ကလည်း အာသာပြင်းပြနေသည်။ "အမေ တစ်ဝက်ကိုခွဲပြီး ပေါင်းမယ် ပြီးတော့ ကျန်တစ်ဝက်ကို ပါးပါးလှီးပြီး ငရုတ်ပွအသီးအစိမ်းနဲ့ကြော်လို့ရတယ်လေ"
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ရယ်မောလိုက်သည်။ "သမီးက ထက်မြက်တဲ့ မိန်းကလေးမှန်း အမေ သိတယ်။ ကောင်းပြီ၊ ဒါဆို သမီးစကားနားထောင်လိုက်မယ်။ အသားနှစ်မျိုးလုပ်တာပေါ့"
"ကျေးဇူးတင်ပါတယ် အမေ" လင်းရှောင်ယွဲ့ လည်း ဝမ်းသာသွားသည်။
"ရှောင်ယွဲ့ က အမေ့ကို လက်တစ်ဖက်ငှားပေး။ အသီးအရွက်တွေကို ကူဆေးပြီး လှီးပေး" ဝမ်ရှို့ယင်က စီစဉ်ပေးခဲ့သည်။
"ဟုတ်ကဲ့ အမေ" လင်းရှောင်ယွဲ့က အမြန်သဘောတူလိုက်သည်။
ဘာမှလုပ်စရာမရှိတဲ့ ရန်ယန်ကလည်း သူ့လက်ကို မြှောက်ကာ "ကျွန်တော်လည်း ကူညီချင်တယ်၊ ဘာမှလုပ်စရာမရှိဘူး! ကျွန်တော်လည်းကူညီချင်လို့!"
"ဒါဆို ရှောင်ယန်က အသီးအရွက်တွေကို ရေဆေးပြီး ရှောင်ယွဲ့ အသီးအရွက်တွေကို လှီးပေး။ မင်းတို့နှစ်ယောက် အလုပ်ခွဲလုပ်သင့်တယ်" ဝမ်ရှို့ယင်က ပြုံးပြီး ပြောလိုက်သည်။
ရန်ယန်က သူ့လက်ကို မြှောက်ပြီး "ဟုတ်၊ ကျွန်တော် အသီးအရွက်တွေ သွားဆေးတော့မယ်နော် "
မိသားစုလေးယောက်ကြားက ဆက်ဆံရေးက ပိုပိုပြီး နက်ရှိုင်းသထက်နက်ရှိုင်းလာကာ သဟဇာတဖြစ်မှုလည်း ပိုများလာသည်။
ဝမ်ရှို့ယင်က သူမသား ပိုပိုပြီး လိမ္မာရေးခြားရှိပြီး နာခံမှု ပိုရှိလာတာကို ကြည့်ခဲ့သည်။ ပြီးတော့ လင်းရှောင်ယွဲ့ က သူ့သားကို ပိုသန်မာလာစေပြီး ထက်မြက်စေခဲ့သည်...
ဟုတ်တယ်။
ဝမ်ရှို့ယင်က သူ့သားလေး ဉာဏ်ကောင်းလာတယ်လို့ ခံစားရသည်။
လင်းရှောင်ယွဲ့ ဆိုတဲ့ မှန်ကန်တဲ့ဇနီးကို ဝယ်ယူခဲ့ပြီး သားဖြစ်သူကို ပြုစုစောင့်ရှောက်ရာတွင် သူမက ကူညီပေးခဲ့သည်။
ဝမ်ရှို့ယင်ရဲ့ အလုပ်များသောဘဝက သူ့စိုးရိမ်မှုရဲ့ ထက်ဝက်ကျော်ကို တိုက်ရိုက်လျှော့ချပေးခဲ့သည်။
တတိယ မိသားစုက ခွဲခွာပြီးကတည်းက လိုက်လျောညီထွေရှိလာတာကို သူမ သတိပြုမိခဲ့သည်။
မိသားစုလေးယောက်သား အရသာရှိရှိ ညစာစားပြီးနောက် လင်းရှောင်ယွဲ့က ရန်ယန်ကို ရေချိုးဖို့ ခေါ်သွားခဲ့သည်။
ဝမ်ရှို့ယင်က အခန်းထဲမှာ ပန်းကန်ဆေးနေတုန်း ရန်တယုံက စားပွဲမှာတင်ပျဥ်ခွေ ထိုင်နေပြီး စိမ်ပြေနပြေ သွားကြားထိုးနေခဲ့သည်။
"ခဏလေး၊ ရှင် ပိုက်ဆံရေချင်လား"
ရန်တယုံက ဝမ်ရှို့ယင်ကိုမေးလိုက်သည်။ "ကိုယ်တို့မှာ ပိုက်ဆံအပိုရှိသေးလား။ နှစ်ကုန်ရင် ကိုယ် ဖိနပ်တစ်ရံ ထပ်ဝယ်မို့"
"ကျွန်မတို့မှာ ပိုက်ဆံအပိုမရှိတော့ဘူးထင်တယ်"
ဝမ်ရှို့ယင်က ရန်တယုံကို ငြင်းပယ်ခဲ့သည်။ "ကျွန်မ ရှောင်ယန်ကို ဆရာသမားနဲ့နှစ်ရက်တွေ့ပေးဖို့ မနက်ဖြန် ခေါ်သွားမို့။ နောက်ဆုံး ကျွန်မမှာ ယွမ် ၁၀၀ ရှိတယ်၊ ဆရာသမားကို ရှောင်ယန်ကို တစ်ခါလောက်တွေ့ ခွင့်မပေးရဘူးဆိုရင် ကျွန်မ အဆင်မပြေနေဘူး"
ရန်တယုံ ခေါင်းညိတ်လိုက်သည်။ ဝမ်ရှို့ယင်ရဲ့ဆန္ဒအတိုင်း လိုက်လျှောက်ရုံသာ တတ်နိုင်တော့သည်။ "ကောင်းပြီလေ၊ ဆရာသမားကို အရင်တွေ့ဖို့ ခေါ်သွားရအောင်။ နှစ်သစ်ကူး ပိုက်ဆံကော။ ဆရာသမားဆီ သွားဖို့က အနည်းဆုံး ယွမ် ၁၀၀ လောက်ကုန်မှာ။ ကိုယ်တို့မှာ အဲဒါတွေပဲ ရှိတယ်။ အခုကိုယ်တို့ရဲ့လက်ထဲမှာ ဆယ်ယွမ်ကျော်ရှိတယ်။ ဒီလမှာ နှစ်သစ်ကို ကျင်းပဖို့ လိုတယ်"
"ပိုက်ဆံ......."
ဝမ်ရှို့ယင်က ခေတ္တရပ်တန့်လိုက်ပြီး "ဘာလို့ ကျွန်မတို့တွေ ရှောင်ယွဲ့ နဲ့ ငွေကိစ္စ မဆွေးနွေးကြမှာလဲ"
"သူမနဲ့ ဆွေးနွေးတာက ဘာအကျိုးရှိလို့လဲ...." ရန်တယုံ ပဟေဠိဖြစ်သွားသည်။
ဝမ်ရှို့ယင် ခေါင်းငုံ့ရင်း ပန်းကန်ဆေးနေခဲ့သည်။ သူမ နှုတ်ခမ်းကိုဖွင့်လိုက်ပြီး "ရှောင်ယွဲ့ရဲ့ လက်ထဲမှာ ပိုက်ဆံရှိရမယ်။ အသီးအရွက်ဝယ်ဖို့ သူမ ပိုက်ဆံအများကြီးသုံးထားတယ်လို့ ကျွန်မ ထင်တယ်၊ ဒါပေမယ့် ကျွန်မ သူ့ကို ပိုက်ဆံအများကြီးမပေးခဲ့ဖူးဘူး။ မကောင်းဆိုးဝါးက သူ့ကို ပိုက်ဆံပေးခဲ့တာ ဖြစ်နိုင်တယ်"
ရန်တယုံ ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ ဝမ်ရှို့ယင်ကို ကြည့်လိုက်သည်...
ဝမ်ရှို့ယင်က ပန်းကန်လုံးကို ပွတ်လိုက်ပြီး စကားဆက်ပြောခဲ့သည်။ "ဒီအချိန်အတောအတွင်းမှာ ရှောင်ယန်ကို ကျွန်မ သိပ်ဂရုမစိုက်ခဲ့ရဘူး။ အဲ့တာက ရှောင်ယန်ကို ရှောင်ယွဲ့ ဆီ လက်လွှဲပေးလိုက်တာနဲ့ အတူတူပဲ။ ရှောင်ယွဲ့ က ရှောင်ယန် နဲ့ နေ့ရောညပါ နေနေတာဆိုတော့ သူမက သူ့အကြောင်း ပိုသိသင့်တယ်။ ကျွန်မတို့ထက် ရှောင်ယန် ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလက်ရှိ ရှောင်ယန်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆရာသမားပြောတဲ့ "မကောင်းဆိုးဝါး " ပဲ ဖြစ်ဖြစ်၊ သူတို့က ရှောင်ယွဲ့ အတွက် ကောင်းကြတယ်။ အဲ့တာကြောင့် ကျွန်မလည်း တွေးနေမိတယ်... ဒီတစ်ခါ ဆရာသမားကိုတွေ့ပြီးတော့ရှောင်ယန်ရဲ့ အခြေအနေက မကောင်းဘူးဆိုရင်တော့ နောင်မှာရှောင်ယွဲ့ စကားကို နားထောင်မယ်"
ရန်တယုံက ဝမ်ရှို့ယင်ကို ထူးခြားဆန်းကြယ်စွာ ကြည့်လိုက်သည်။ "မင်း ကလေးပြောတာကို နားထောင်မို့လား"
သူ့မျက်လုံးထဲမှာတော့ လင်းရှောင်ယွဲ့ကို ကလေးတစ်ယောက်လို့ မှတ်ယူထားသည်။
ဝမ်ရှို့ယင် ခေါင်းညိတ်ကာ သက်ပြင်းချရင်း "ဆရာသမား အပေါ်မှာပဲ မူတည်တယ်။ နောက်ဆုံး ကျွန်မတို့ သူ့ဆီသွားခဲ့တာ နှစ်အတော်ကြာခဲ့ပြီ၊ ကျွန်မသွားတိုင်းမှာ နည်းနည်းတော့ တိုးတက်လာလိမ့်မယ်။ ဒါပေမယ့် အခုထိတော့ လုံးဝကို မကုသရသေးဘူး။ ဒီတခေါက် ဆရာသမားကိုတွေ့ရင် သက်ရောက်မှုက ကြီးမှာ မဟုတ်ဘူး။ ပြီးတော့ ရှောင်ယွဲ့ စကားကို နားထောင်ဖို့ စီစဉ်ထားတယ်"
ရန်တယုံလည်း သက်ပြင်းချလိုက်ကာ "ဒါက မင်းအပေါ်မှာ မူတည်တယ်။ ကိုယ် အဲ့အတွက်ထပ်ပြီး စိတ်မပူချင်တော့ဘူး။ အခုကိုယ် သူတို့ကို ကလေးယူစေချင်တယ်၊ ကလေးကြီးလာလို့ သူတို့နှစ်ယောက်လုံးကို ပြုစုစောင့်ရှောက်ပေးရင် ကိုယ်တို့နှစ်ယောက်လုံး ဒုက္ခ နည်းသွားမယ်"
"ဟုတ်တယ်နော် "
ဝမ်ရှို့ယင်က ရန်တယုံနဲ့ သဘောတူခဲ့သည်။ "သူတို့ကို ကလေး စောစောမွေးပေးဖို့ ပြောသင့်တယ်။ ကျွန်မတို့ သူတို့နှစ်ယောက်လုံးကို ဘယ်နှစ်နှစ်လောက် စောင့်ရှောက်ထားနိုင်မှာလဲ။ ရှောင်ယန်ရဲ့ အခြေအနေအရ၊ အနာဂတ်မှာ သူတို့ သားသမီးတွေကိုပဲ အားကိုးနိုင်မယ်။ ကျွန်မတို့တွေက အရင်သွားရမှာ..."
ရန်တယုံ ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်သည်။ ဒီ လေးနက်တဲ့အကြောင်းအရာကို သူ မပြောချင်ဘူး။
ကလေးလိုမျိုး ရန်ယန်က ဇနီးမောင်နှံအတွက် တစ်သက်တာ ဝန်ထုပ်ဝန်ပိုးအဖြစ် သတ်မှတ်ခံထားရသည်။
ရန်ယန် အသက် ၆ နှစ်အရွယ်တွင် သူ့ဦးနှောက်က ရုတ်တရက်ကြီးထွားမှုရပ်တန့်သွားခဲ့သည်။
သူ့ကို ဆရာဝန်ပြဖို့ မြို့ကို ခေါ်သွားပြီး ဆေးစစ်တာတွေ လုပ်တော့ ရလဒ်တွေက ဘာပြဿနာမှ မရှိဘူးလို့ ဆိုခဲ့သည်။
တစ်ခုပေဲ သူ့ရဲ့ IQ က အသက် ၆ နှစ်မှာ တွယ်ကပ်နေခဲ့သည်။
နောက်ပိုင်းတွင် ဆရာသမားကိုတွေ့ရန် ခေါ်သွားတော့ မကောင်းဆိုးဝါ ဝင်နေတာလို့ပြောပြီး သူ ကုသပေးလို့မရနိုင်ဘူးလို့ ပြောခဲ့သည်။
ထိုအချိန်တွင် ရန်တယုံနဲ့ ဝမ်ရှို့ယင်တို့က ရန်ယန် အစား နောက်ထပ် ကလေးယူဖို့ ကြံစည်ခဲ့ကြသည်။
လင်မယားနှစ်ယောက်လုံး ရက်စက်တဲ့အရာကို ပြုလုပ်ခဲ့ကြသည်။
ရန်ယန် တကယ်ကြီးပြင်းမလာခင်မှာ သူတို့ သူ့ကိုဖမ်းပြီး ရောင်းပစ်လိုက်ကြသည်။
နောက်ပိုင်းမှာ သူတို့ နှစ်ယောက် ဘဝမှာ အကြင်နာတရားအမဲ့ဆုံး အရာကတော့ ရန်ယန်ကို ရောင်းစားခဲ့တာပါပဲ။
ထိုအဖြစ်အပျက်ပြီးနောက် တစ်နှစ်အကြာမှာဇနီးမောင်နှံသည် ကလေးမရခဲ့ပေ။
သူတို့ဆေးရုံကိုသွားပြတဲ့အခါမှာ ရန်တယုံမှာ ကျန်းမာရေးပြဿနာရှိနေတာကို တွေ့ခဲ့ရပြီး ဒီဘဝမှာ ဒုတိယမြောက်ကလေးမွေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
ထို့ကြောင့် အမြောက်အမြားကို လှန်ပစ်ပြီးနောက် ဇနီးမောင်နှံနှစ်ဦးက ဝယ်တဲ့သူထံမှ ရန်ယန်ကို ပြန်ယူသွားခဲ့သည်။
ရန်ယန် ပြန်ရောက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး မူမမှန်မှုကပိုဖြစ်လာခဲ့သည်။
သူတို့လင်မယားနှစ်ယောက်က ဆရာသမားကို နောက်တစ်ကြိမ်တွေ့ဖို့ ခေါ်သွားတဲ့အခါ ရန်ယန်ရဲ့ ခန္ဓာကိုယ်မှာ နေထိုင်တဲ့ မကောင်းဆိုးဝါးက ပိုသန်မာလာတယ်လို့ ဆရာသမားကပြောခဲ့သည်။
ဒါကြောင့် နှိမ်နင်းဖို့ ငွေတွေ အများကြီးကုန်သွားခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့ဇနီးမောင်နှံဟာ စစ်မှန်တဲ့၊ ကြင်နာပြီး လှပတဲ့ နှလုံးသားရှိတဲ့ (၆)နှစ်အရွယ်သားလေးကို ရရှိခဲ့သည်။
ရန်ယန်ရဲ့ အခြေအနေက ရှုပ်ထွေးလှသည်။
ယခုမူ ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့ ရန်ယန်ကို စွန့်လွှတ်ရန် မဖြစ်နိုင်တော့ပေ။
သူတို့နှစ်ယောက် အသက်ကြီးလာတဲ့အခါ ရန်ယန်ကို ပြုစုစောင့်ရှောက်ဖို့ ရန်ယန်အား ပြန်မပေးခဲ့ပေမယ့် သူတို့ရဲ့အသိစိတ်ထဲမှာ နေထိုင်ရန်သာဖြစ်သည်။
ရန်ယန်ကို ရောင်းပြီးတဲ့နောက် တိုက်ရိုက်မျိုးပွားနိုင်စွမ်း ဆုံးရှုံးသွားရတာက ၎င်းတို့၏ အပြစ်ရှိစိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဝမ်ရှို့ယင်နဲ့ သူမခင်ပွန်းတို့က ဤအကြောင်းအရာကို တိတ်တဆိတ် သိထားခဲ့ကြပြီး နှစ်တွေအများကြီးမှာ ၎င်းတို့သည် ထိုကိစ္စကို ထပ်မပြောခဲ့ကြပေ။
ယခု စုံတွဲက တိတ်တိတ်ဆိတ်ဆိတ်ပင် ..... ရန်ယန် အနာဂတ်ကို စီစဉ်ပေးခဲ့သည် ။
ဒါပါပဲ။
....
ဘေးခန်းကျဉ်းလေးထဲမှာ လင်းရှောင်ယွဲ့က ရန်ယန်ကို ရေချိုးပေးနေခဲ့သည်။
ဆောင်းရာသီမှာ တံခါးတွေ၊ ပြတင်းပေါက်တွေ ပိတ်ထားရင်တောင် ရေချိုးတာက တော်တော်ကို ဒုက္ခရောက်တဲ့အရာဖြစ်သည်။
ရန်ယန်က သူမရဲ့လက်တွေကို ကိုင်ထားကာ တဆတ်ဆတ်တုန်ပြီး နှုတ်ခမ်းတွေလည်းတုန်နေခဲ့သည်။ "မိန်းမ မြန်မြန်ရေချိုးပေးတော့ အရမ်းအေးနေပြီ......."
"ကောင်းပါပြီ မြန်မြန်ချိုးပေးဖို့ကြိုးစားပါ့မယ်...."
လင်းရှောင်ယွဲ့ ပူနွေးတဲ့ သဘက်ကို လိမ်ညှစ်လိုက်ပြီး ရန်ယန် ခန္ဓာကိုယ်ကို သုတ်ပေးလိုက်သည်။
အခုခေတ်မှာ ရေချိုးတာထက် သုတ်ပေးတာကများသည်။
ပထမဦးစွာ ရေချိုးအဝတ်စပေါ်တွင် ဆပ်ပြာအနည်းငယ် သုတ်ပြီး တစ်ကိုယ်လုံးကို တစ်ကြိမ် သုတ်ပြီးနောက် ရေချိုးသည့်အဝတ်ကို ရေဆေးပြီး တစ်ကိုယ်လုံးကို သုတ်ပေးတာ။
ဒါကို ရေချိုးပြီးပြီလို့ ယူဆလိမ့်မည်။
ရန်ယန်က ရက်ပေါင်းများစွာ ဒဏ်ရာရခဲ့ပြီး ဆေးဖက်ဝင်အရည်နဲ့ ရောင်ရမ်းမှုတိုက်ဖျက်တဲ့ရေကို နေ့တိုင်း ပွတ်တိုက်ကာ အိပ်ရာထဲတွင် ရက်ပေါင်းများစွာ လဲလျောင်းနေခဲ့ရသည်။ အမှန်တော့ သူရေချိုးပြီးကတည်းက အချိန်ကြာခဲ့ပြီလေ။
လင်းရှောင်ယွဲ့ သူ့ကို ဆေးကြောပေးတာက ရှားပါးတာကြောင့် သူမ သူ့ကိုသန့်စင်အောင် ဆေးကြောပေးရမည်။
ဒါပေမယ့် ရန်ယန် အေးခဲသွားတာကို မြင်လိုက်ရတော့ သူမလက်ထဲတွင် လှုပ်ရှားမှုကို အရှိန်မြှင့်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ခန္ဓာကိုယ်ကို ဆေးကြောပြီးနောက် သူ့ကိုအအေးပတ်ခွင့်မပြုနိုင်ပေ။
ဒါက ဆုံးရှုံးမှုနဲ့ မထိုက်တန်ဘူး။
သူ့ကို ရေချိုးပြီးတာနဲ့ လင်းရှောင်ယွဲ့ က ရေချိုးရည်ကို ထုတ်ပြီး လောင်းချလိုက်သည်။
ခြံဝင်းကို ဖြတ်လျှောက်လာတဲ့အခါ ပင်မအိမ်ကြီးက တောက်ပနေပြီး အထဲက ရယ်သံတွေ ထွက်ပေါ်လာတာကို သူမ တွေ့လိုက်ရသည်။
စပါးရိတ်သိမ်းတဲ့နေ့က ကောင်းတဲ့နေ့လို့ သူမထင်ခဲ့သလို အိမ်မှာရှိတဲ့လူတွေအားလုံးလည်း ပျော်ရွှင်ကြသည်။
ဒုတိယအခန်းရှိ ချန်ချိုင်ယွင်က မကြာခင်က သူမသားဖြစ်သူနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့မြို့ကနေ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်တာကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။
သားဖြစ်သူ ပြန်လာမည့်အကြောင်း ပြောနေရင်းရယ်နေတဲ့ ချန်ချိုင်ယွင်ရဲ့ စူးစူးရှရှ ရယ်မောသံကို ကြားလိုက်ရတဲ့အခါ လင်းရှောင်ယွဲ့က ပင်မအိမ်ကြီးနဲ့တောင် မနီးနေခဲ့ပေ .....
လင်းရှောင်ယွဲ့ အဲ့တာက ဘာကို ကြွားလုံးထုတ်စရာရှိသလဲဆိုတာ နားမလည်ခဲ့ပေ။
ရေချိုးပြီးနောက် လင်းရှောင်ယွဲ့က ဇလုံကို ဝမ်ရှို့ယင် အခန်းထဲသို့ ပြန်ထည့်လိုက်သည်။
မထွက်ခင်မှာ သူမကို ဝမ်ရှို့ယင်က ရုတ်တရက် ခေါ်ခဲ့သည်။
"ရှောင်ယွဲ့၊ အမေ ရှောင်ယန်ကို ဆရာသမားနဲ့နှစ်ရက်တွေ့ပေးဖို့ မနက်ဖြန်ပြီးရင် ခေါ်သွားမို့။ ဘယ်နေ့က ပိုသင့်တော်မယ်ထင်လဲ" ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို မေးလိုက်သည်။
လင်းရှောင်ယွဲ့ ထင်မြင်ချက်ကို သူမရှာရသည့်အကြောင်းရင်းမှာ ယခုအချိန်တွင် သူမ လင်းရှောင်ယွဲ့ ကို ရန်ယန်ကို ထိန်းကျောင်းဖို့ အခွင့်အာဏာ အပြည့်အဝပေးထားတာကြောင့်ဖြစ်သည်။
လင်းရှောင်ယွဲ့က သည်ရန်ယန်ကို သူမထက် ပိုနားလည်ကြောင်း ဝမ်ရှို့ယင် သိသည်။
"အမေ ကျွန်မထင်တာကတော့ ......"
ဝမ်ရှို့ယင်က ရန်ယန်ကို ဆရာသမားဆီ ခေါ်ဆောင်သွားခြင်းကို စွဲလမ်းနေသေးကြောင်း လင်းရှောင်ယွဲ့ ကြားလိုက်ရတဲ့အခါ၊ သူမ မူလက ဝမ်ရှို့ယင်ကို ဤအကြံအစည်ကို စွန့်လွှတ်ဖို့ အကြံပေးချင်ခဲ့သည်။
ဒါပေမယ့် စကားအနည်းငယ်ပြောပြီးနောက် လင်းရှောင်ယွဲ့ စိတ်ထဲ အတွေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
သူမထင်တာက ဒါက အခွင့်အရေးတစ်ခုပဲ....သူမ ရန်ယန်ကို တခြားအထောက်အထားတစ်ခုအဖြစ် ပြောင်းလဲခွင့်ပြုလိုက်နိုင်တယ်။ အား!
"အမေ မနက်ဖြန်ပဲဖြစ်ဖြစ် သဘက်ခါပဲဖြစ်ဖြစ်၊ ရှောင်ယန် ဘယ်လိုနေလဲဆိုတာ အရင်ကြည့်ရအောင်။ ရှောင်ယန် ရဲ့ အခြေအနေကောင်းရင် ဘယ်နေ့မဆို အဆင်ပြေပါတယ်" လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ကို ပြန်ပြောလိုက်သည်။
"အမေလည်း အဲ့လိုပဲ"
ခြေထောက်စိမ်နေတဲ့ ဝမ်ရှို့ယင်က ခေါင်းညိတ်ခဲ့သည်။ " ရှောင်ယန် ရဲ့ အခြေအနေကို အခု သမီးက အမေ့သိတာထက် ပိုသိနေတယ်။ ဘယ်နေ့က အဆင်ပြေမယ်ဆိုတာစဥ်းစားပြီးရင် စောစောပြောပြ။ အဲ့တာကိုရှာဖို့ လှေနဲ့ မြို့ကိုသွားရမှာ။ တစ်ရက်လောက်တော့ ကြာမယ်"
"ဟုတ်ကဲ့ပါ အမေ။ မှန်ကန်တဲ့နေ့ရောက်ရင် မနက်စောစော အမေ့ကို အရင်ပြောပြပါ့မယ်"လို့ လင်းရှောင်ယွဲ့ ပြောလိုက်သည်။
ဝမ်ရှို့ယင် - "ကောင်းပြီ ကောင်းပြီ။ ဒါဆိုဘာမှမရှိတော့ဘူး စောစောအိပ်ကြတော့"
"ဟုတ် အမေလည်း စောစောအိပ်ပါ"
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်နဲ့ စကားပြောအပြီးတွင် အခန်းငယ်လေးဆီ အမြန်ပြန်သွားခဲ့သည်။
ရန်ယန်က သူမရဲ့ အာကာသနေရာလွတ်ထဲက ယူလာတဲ့ ပန်းသီးတွေကို ကိုက်စားနေသည်။ အခု သူက တစ်နေ့ ပန်းသီး ၃ လုံးစားပြီး ဒါက အစာစားပြီးတိုင်း အပိုစားစရာတစ်ခုဖြစ်သည်။
အနည်းငယ်လက်ဖွာပေမယ့် လင်းရှောင်ယွဲ့က ဒီပန်းသီးတွေကို လောလောဆယ်ရောင်းချဖို့ မထုတ်နိုင်သေးပေ။ မစားရင် ပုပ်သွားလိမ့်မယ်။
ဒါကြောင့် လင်းရှောင်ယွဲ့ က သူ့ကို တစ်နေ့ ပန်းသီး သုံးလေးလုံး စားဖို့၊ များများစားဖို့၊ ယဉ်ကျေးမနေဖို့ ပြောထားခဲ့သည်။
သူမ အိမ်ငယ်လေးကို ပြန်ရောက်တဲ့အခါ လင်းရှောင်ယွဲ့ လည်း ပန်းသီးတစ်လုံးကိုကိုင်ကာ တတိတိကိုက်စားလိုက်သည်။
သူမစားနေရင်းနဲ့ ရန်ယန်ကိုမေးလိုက်သည်။ "ရှောင်ယန်၊ မနက်ဖြန်ကျရင် ရှင့်အကိုနှစ်ယောက်ထဲက တစ်ယောက်ကို ခေါ်ပေးလို့ရမလား"
"ရှောင်ယန် မသိဘူး"
ရန်ယန် ခေါင်းခါလိုက်သည်။ "အကိုနှစ်ယောက်က သူတို့ထွက်လာချင်ရင် သူတို့ဘာသာ ထွက်လာမှာ။ ရှောင်ယန်က သူထွက်ချင်တိုင်းထွက်လာတာ"
လင်းရှောင်ယွဲ့ - "ကောင်းပြီ။ မနက်ဖြန်မှ ကျွန်မတို့တွေ့ကြတာပေါ့"
ရန်ယန် ပန်းသီးကို ကိုက်လိုက်ပြီး "မိန်းမ၊ ပန်းသီးက အရသာရှိတယ်!"လို့ပြောလိုက်သည်။
လင်းရှောင်ယွဲ့က "ကောင်းရင် ပိုစားသင့်တယ်။ အဲ့တာကို မြန်မြန်မစားပစ်ရင် ပုပ်သွားလိမ့်မယ်"
လို့ပြောလိုက်သည်။
ပန်းသီးတွေကို အစက သူမလုပ်ငန်းအတွက် ပြင်ဆင်ထားပေမယ့် ဝမ်ရှို့ယင်က ဒီနေ့တွေမှာ အိမ်မှာရှိနေတာကြောင့် ၎င်းတို့ကို ရောင်းချဖို့ အပြင်မထွက်နိုင်ခဲ့ပေ။
သူ့ဘာသာသူ စားဖို့ကလွဲလို့ တခြားနည်းလမ်းမရှိပေ။
လင်းရှောင်ယွဲ့ တွေးလိုက်မိသည်..... သူမက အမိုက်ဆုံး စာအုပ်ထဲရောက်သူ ဖြစ်သင့်တယ် မဟုတ်လား။ သူမရဲ့အသက်မွေးဝမ်းကြောင်းအတွက် သူမဘာလုပ်သင့်လဲဆိုတာ စဉ်းစားဖို့လိုတယ်။
ငါးဆားနယ်ရဲ့ နှလုံးသားက နောက်ဆုံးတော့ နီးလာခဲ့ပြီ...
......
နောက်တစ်နေ့၌
လင်းရှောင်ယွဲ့က ဒုတိယ ရန်ယန်နဲ့ တွေ့ခဲ့ရသည်။
မနေ့ညက သူမခေါ်တာကို သူကြားခဲ့တာ ဖြစ်နိုင်တယ်၊ ဒါကြောင့် ဒုတိယရန်ယန် ရောက်လာတာ။
ဒုတိယကလေးက သူထွက်လာတာနဲ့ လင်းရှောင်ယွဲ့ သူ့ကို ချက်ချင်းမေးမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ "အမေက ရှင့်ကို ဆရာသမားနဲ့တွေ့ဖို့ ခေါ်သွားချင်တယ်လို့ပြောတယ် ဘယ်အချိန်က သင့်တော်မယ်လို့ထင်လဲ"
ဒုတိယကလေး ရန်ယန်ရဲ့ အမူအရာက အေးခဲသွားခဲ့သည်။ "မသွားချင်ဘူး..."