အခန်း (၃၉)
Vol. 4 Ch. 39
ရန်ယန်က ထိုအကြောင်းပြချက်အတွက် ဆရာသမားကို မတွေ့ချင်ပေ။
ထိုဆရာသမားက သိုင်းလောကရဲ့ သူရဲကောင်းတစ်ဦးနှင့်တူသည်။
သူက ထူးဆန်းတဲ့ စကားများစွာကို ပြောကာ သူ့ကိုမကောင်းဆိုးဝါးတစ်ကောင်လို သတ်မှတ်ပြီး အသက် (၆) နှစ်အရွယ် ကလေးရန်ယန်က ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တယ်လို့ ယုံကြည်နေသည်။
ဒါပေမယ့် သူ့မိသားစုက ဆရာသမားရဲ့စကားကို ယုံကြသည်.....
တစ်နည်းဆိုရသော် မိသားစုက ၆ နှစ်အရွယ်ကလေးကို လိုချင်နေပေလိမ့်မည်။ သူ့ကိုတော့မလိုချင်ဘူး ...
ထို့ကြောင့် ရန်ယန်က ဆရာသမားဆီ သွားတွေ့ပြီး သူ့မိသားစုက သူ့ကို ငြင်းပယ်ခဲ့ပြီးနောက်မှာ သူ မထွက်လာတော့ဘဲ ၆ နှစ်သား ရန်ယန်ကို အခွင့်အာဏာအပြည့်ပေးထားခဲ့သည်။
အချိန်တိုင်းမို့လို့ပဲ......
ထိုဆရာသမားနဲ့ မိသားစုရှေ့တွင် သူတို့နှစ်ဦးက မနေသင့်သောဘက်၌ ရှိနေကြသည်။ နှစ်ယောက်လုံးကို နှိမ်နင်းရမယ်၊ ဖျောက်ပစ်ရမယ်.....
လင်းရှောင်ယွဲ့က ဆရာသမားကို သွားတွေ့ဖို့ ဒုတိယ ရန်ယန်နဲ့ ဆွေးနွေးလိုပေမယ့် ဒုတိယ ရန်ယန်က ဤကိစ္စကို တော်လှန်လွန်းလှသည်။
သူမ ဒုတိယ ရန်ယန်နဲ့ ခဏစကားပြောခဲ့သည်။ သူ ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့ကို ရှောင်နေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေခဲ့တဲ့အကြောင်းကို သူမ ဒုတိယရန်ယန်ဆီမှ သင်ယူရန်သာဖြစ်သည်။ ဒီလိုဖြစ်ရခြင်းရဲ့ တကယ့်အကြောင်းရင်းကတော့ မိဘမေတ္တာပဲ ဖြစ်သည်။
ဤမိဘနှစ်ပါးက ဒုတိယနှင့်တတိယတို့ကို ၎င်းတို့သားအဖြစ် အသိအမှတ်မပြုကြောင်း သိသာထင်ရှားသည်။
သူတို့က နာခံမှုရှိတဲ့ (၆)နှစ်သားကလေးကိုသာ အသိအမှတ်ပြုကြသည်။
ဆရာသမားကိုတွေ့ဖို့ ခေါ်သွားတိုင်း သူတို့ ရည်ရွယ်ချက်က ရိုးရှင်းသည် ...... ဒုတိယနဲ့ တတိယကို ဖျောက်ဖျက်ပစ်ဖို့ပဲ။
လူမသတ်နိုင်ရင် နှိမ်နှင်းလိုက်ရုံပဲ...
တကယ်တော့ ဒါက နှိမ်နှင်းခြင်း မဟုတ်ချေ။ သူတို့ နှစ်ယောက်က မထွက်ချင်ကြခြင်းသာ ဖြစ်သည်။
သူတို့ နှစ်ယောက်လုံးက မိဘတွေ အပေါ် ခံစားချက်မရှိဘဲ အဲ့အစား သူတို့အပေါ် မုန်းတီးမှု အနည်းငယ်ရှိကြသည်။
မူရင်းစာအုပ်မှာ အသေးစိတ်မရေးထားဘူး။
လင်းရှောင်ယွဲ့လည်း ကောင်းကောင်းမသိချေ။
ဒုတိယကလေး ရန်ယန်က ထိုနေရာသို့ သွားလိုသောဆန္ဒမရှိကြောင်း စကားအနည်းငယ်ဖြင့် ရှင်းပြခဲ့ပြီး လင်းရှောင်ယွဲ့က သူ နဲ့ တတိယကလေးက အလွန်သနားစရာကောင်းကြောင်း သိလိုက်ရသည်။
လင်းရှောင်ယွဲ့ သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး ချော့မော့လိုက်သည်။ "အဟမ်း......ဝမ်းမနည်းပါနဲ့၊ အဲဒီဆရာသမားရဲ့ စကားကို နှလုံးထဲမသွင်းနဲ့"
"ဆရာသမားရဲ့စကားကို ငါ သိပ်ဂရုမစိုက်ဘူး..."
ရန်ယန်ရဲ့ ဝမ်းနည်းနေတဲ့ မျက်လုံးတွေက လင်းရှောင်ယွဲ့ မျက်နှာပေါ် ကျရောက်သွားပြီး "ဒါကို ငါလက်မခံနိုင်ဘူး။ အဲဒီလူနှစ်ယောက်က ငါ့အပေါ် ရက်စက်တယ်..."
အဲဒီလူနှစ်ယောက်က ယေဘူယျအားဖြင့် သူ့မိဘတွေကို ရည်ညွှန်းတာဖြစ်သည်။
လူသုံးဦးက တူညီတဲ့ ခန္ဓာကိုယ်ကို အသုံးပြုကြပြီး မှတ်ဉာဏ်အားလုံးကို မျှဝေထားကြသည်။
ဒုတိယနဲ့ တတိယတို့က ခြောက်နှစ်သား အရွယ်အပေါ် မိဘတွေ ဘယ်လောက်ကောင်းတယ်ဆိုတာကို သိတာကြောင့် သူတို့ သူတို့အပေါ် မရက်စက်နိုင်ပေ။
ဒါပေမဲ့ ဒုတိယနဲ့ တတိယကတော့ မိဘတွေက သူတို့ကို မကြိုက်ဘူးဆိုတာ သိတဲ့အတွက် သူတို့ သူတို့ကိုကြင်နာလို့မရဘူး။
လင်းရှောင်ယွဲ့က သူတွေးတဲ့ပုံစံကို နားလည်တာကြောင့် သူမ သူ့ကို နားလည်နိုင်သည်။
"ယောက္ခမနဲ့ ယောက္ခထီးတို့က ကျွန်မအမြင်မှာတော့ ရှင့်အပေါ်လည်း မဆိုးပါဘူး"
လင်းရှောင်ယွဲ့က သူတို့မိသားစုရဲ့ ချစ်ခင်မှုကို လှုံ့ဆော်မပေးနိုင်ပေယ့် ၎င်းတို့ကို ကြားခံလူအဖြစ် ပြန်လည်ပေါင်းစည်းနိုင်ရုံသာ ဖြစ်သည်။ "ကျွန်မအတွက် ရှင့်ကိုယ်ရှင် ပြောင်းလဲချင်လား။ အခု ရှင့်ဆီမှာအကြံရှိသေးတုန်းလား"
ရန်ယန် လင်းရှောင်ယွဲ့ ကို ကြည့်လိုက်သည် "အွန်း..."
ဒီအကြံက အမြဲရှိနေသည်။
သူလည်း ပြောင်းလဲဖို့ ကြိုးစားနေသည်။
မကြာခင်က သူ နေ့ခင်းဘက် အပြင်ထွက်ချိန်က အရင်ကထက် ပိုနေပေမယ့် သူ လူအများနဲ့ မဆက်ဆံသေးပေ။
"ရှင် အပြောင်းအလဲ လုပ်ချင်ရင် ဆရာသမားကို တွေ့ဖို့ ဒီခရီးက အခွင့်ကောင်းလို့ ထင်မိတယ်"
လင်းရှောင်ယွဲ့က သူ့အတွက် ခွဲခြမ်းစိတ်ဖြာပေးခဲ့သည်။ "ရှင့်ရဲ့ရုတ်တရက်ပြောင်းလဲမှုအတွက် အကြောင်းပြချက်မရှိဘူး၊ ရုတ်တရက် ရင့်ကျက်လာတာကို စဉ်းစားကြည့်။ ပြီးတော့ တခြားသူတွေရှေ့မှာ ရှင်ပေါ်လာရင် အဲ့ဒါကသူတို့အတွက် သေချာပေါက် ထူးဆန်းနေလိမ့်မယ်။ ရဲတွေက ရှင့်ကို စုံစမ်းပြီး ရှင့်မှာ အဲ့ဘက်အခြမ်းရှိနေတာကို တွေ့ရင်...... ရဲတွေက ရှင့်ကို စစ်ဆေးပြီးတော့ ဒါကို စိတ်မနှံ့တဲ့ လူနာက ကျူးလွန်ခဲ့တဲ့ အန္တရာယ်ရှိတဲ့ ဒဏ်ရာအဖြစ် ခွဲခြားသတ်မှတ်လို့ရတယ် အဲ့တာက ရှင့်ကို အရမ်းထိခိုက်မိစေလိမ့်မယ်"
ရန်ယန်က ခေါင်းကို ဖြည်းညှင်းစွာ ညိမ့်လိုက်သည်။
လင်းရှောင်ယွဲ့ ဆက်ပြောလိုက်သည်။ "ဒါကြောင့် ရှင် ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုလိုတယ်။ ဆရာသမားကိုတွေ့တာက ရှင့်အတွက် အခွင့်ကောင်းလို့ ကျွန်မ ယုံကြည်တယ်"
ရန်ယန်က လင်းရှောင်ယွဲ့ရဲ့ စကားတွေကို လေးလေးနက်နက် တွေးတောပြီး သူမဆိုလိုတာကို အနည်းငယ် နားလည်လာခဲ့သည်။
လင်းရှောင်ယွဲ့ က သူ့ကြားရဖို့ ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် "ကျွန်မ ဆိုလိုတာက ရှင် အဲ့ဆရာသမားကိုတွေ့ပြီးရင် ရှင် အဲ့လိုပုံစံနဲ့ လူအုပ်ကြီးရှေ့မှာ ပေါ်လာရင် လူအုပ်ကြီးက ရုတ်တရက် ပြောင်းလဲသွားတာက ရှင်လို့ မခံစားရတော့ဘဲ အဲ့ဆရာသမားက ရှင့်ကို ခေါ်လာတဲ့သူဖြစ်သွားမှာ။ အဲ့လိုအခြေအနေမျိုးမှာ ရှင်က ပြောင်းလဲဖို့ အကြောင်းပြချက် မှန်ကန်ပြီး ရှင့်ရဲ့အပြောင်းအလဲကို တခြားသူတွေ လက်ခံနိုင်လာမှာ။ အဲဒါကို ရှင်နားလည်နိုင်လား"
ရန်ယန်က ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်သည်။ "နားလည်တယ်..."
သူဒါကို ကြားတယ်...
ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကိုယ်သူ သုံးဖို့ အခွင့်သာတဲ့ အခြေအနေတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ သူမ သူ့ကို ပြောခဲ့သည်။
မစ္စစ် လင်းက ဉာဏ်ထက်တယ်။
သူမစိတ်တွေ မြန်လာသည်။
ရန်ယန်က သူမ ဉာဏ်ရည်ဉာဏ်သွေးကို တစ်ချိန်လုံး ကြောက်ရွံ့ရိုသေနေပြီး ထိုမှော်ပညာက သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည်။
သူ ဆက်တွေးနေမိသည် ...... သူမက သူ့ကို ရွေးချယ်ဖို့ ကောင်းကင်ကနေ ဆင်းသက်လာတဲ့ နတ်သမီး ဖြစ်သင့်တယ် ဟုတ်တယ်မဟုတ်လား။
သူမရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို ငါသိချင်နေတယ်...
ဒါပေမယ့် သူမကို ဆုံးရှုံးလိုက်ရခြင်းက သူမလျှို့ဝှက်ချက်ကို ရှာဖွေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လျှင် ရန်ယန် ဘာကိုမှ မသိချင်တော့ပေ။
အခု သူ...သူမကို လုံးဝပိုင်ဆိုင်ချင်ပြီး သူ့ကိုယ်ခွဲတွေကို လုံးဝမမျှချင်ပေ။
သူနဲ့တတိယက စိတ်တူကိုယ်တူတွေ ......
လင်းရှောင်ယွဲ့ က အတွေးထဲပျောက်နေပြီး သူမကို စိုက်ကြည့်နေတဲ့ ရန်ယန်ကို မြင်လိုက်ကာ ရန်ယန် မျက်လုံးတွေရှေ့တွင် လက်ဝှေ့ယမ်းလိုက်သည်။ "ဘာတွေတွေးနေတာလဲ၊ စဉ်းစားစရာရှိသေးလို့လား"
သူ့အသိတွေပြန်ဝင်လာတော့ ရန်ယန် ရုတ်တရက် သူမရဲ့လက်လေးကို ဆုပ်ကိုင်လိုက်ပြီး လင်းရှောင်ယွဲ့ကို ထိတ်လန့်သွားစေသည်...
တုံ့ပြန်ပြီးနောက် လက်ကို အလျင်အမြန်ရုတ်ကာ သူ့နောက်ဘက်တွင် လက်ကိုဝှက်ထားကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်သည်။ "ဟင့်အင်း... ငါ ဘာမှ ဂရုမစိုက်ပါဘူး"
"ဒါဆို ရှင် ကျွန်မရဲ့အကြံကို သဘောတူလား" လင်းရှောင်ယွဲ့ ခေါင်းစောင်းကာ မေးလိုက်သည်။
သူမ အရမ်းချစ်စရာကောင်းတယ်။
လင်းရှောင်ယွဲ့ ရဲ့ ထူးခြားသော အမူအရာ အနည်းငယ်က ရန်ယန်ရဲ့ အနက်ရောင် မျက်လုံးတွေထဲ ရိုက်နှိပ်ထားသည်။
သူမမျက်နှာက သိပ်အသားမကျပေမယ့် သူ့မျက်နှာလေးမှာ ကလေးငယ်လေးလို အဆီနည်းနည်းလေးနဲ့ နူးညံ့နေတာမို့ လက်ထုတ်ပြီးဖျစ်ညှစ်ပစ်လိုက်ချင်သည်......
ဒါပေမယ့် ရန်ယန်က ထိန်းထားခဲ့သည်။
သူ့နှလုံးသား ပျာယာခတ်သွားပြီး တွေဝေနစ်မောနေချိန် ခေါင်းကို ညိတ်လိုက်သည်။ "အွန်း..."
လင်းရှောင်ယွဲ့က သူသဘောတူတာကိုတွေ့တော့ ထပ်မေးလိုက်သည်။ "ဒါဆို ဒီနေ့လား ဒါမှမဟုတ် မနက်ဖြန်လား။ ဆရာသမားကို သွားတွေ့မှာလား။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသရွေ့ အချိန်က အရေးမကြီးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာသမားကိုတွေ့ပြီးတာနဲ့ ရှင် တဖြည်းဖြည်းနဲ့ ပြောင်းလဲဖို့ စတင်လို့ရနိုင်နေပြီလေ "
ရန်ယန် ခဏလောက် စဉ်းစားပြီး အံကြိတ်ကာ ခိုင်မာစွာပြောလိုက်သည်။ "ဒီနေ့......"
သူ မြန်မြန်ပြောင်းလဲချင်တယ်...
သူ့အနေနဲ့ မြန်မြန်ပြန်ကောင်းလာမယ်ဆိုရင် သူ့မှာ မြန်မြန်ဆန်ဆန် ယုံကြည်မှု ရှိလာနိုင်သည်။
လင်းရှောင်ယွဲ့က သူသဘောတူတာကို မြင်လိုက်တဲ့အခါ သူမက အိပ်ယာ အမြန်ထပြီး ဖိနပ်စီးကာ အရေးတကြီးပြောလိုက်သည်။ "ဒါဆို ကျွန်မ အမေ့ကို အခုသွားရှာလိုက်ဦးမယ်။ ရှင် ခဏစောင့်..."
အခန်းကျဉ်းလေးထဲက အမြန်ပြေးထွက်သွားခဲ့သည်........
ရန်ယန်က အဝေးကိုထွက်ခွာသွားတဲ့ သူမနောက်ကျောကို ကြည့်လိုက်ရာ ရုတ်တရက် သူ့ခေါင်းကကိုက်လာခဲ့သည်။
နာကျင်မှုကို ခံနိုင်ရည်ရှိအောင် ချက်ခြင်းပဲ သူ့နားထင်တွေကို ဖိထားပြီး အံကြိတ်လိုက်သည်...
အဲဒီအချိန်မှာ ငါ့နားကအသံလား ငါ့ခေါင်းထဲကအသံလားဆိုတာ မသိတော့ဘူး။ "သူမက ငါ့အပိုင်။ မင်းကို သူမအကြောင်းစဉ်းစားခွင့် မပေးဘူး။ မင်း ငါ့ကို သတ်ရဲရင် ငါ မင်းနဲ့အတူ သေရမယ်!"
ဤအသံက..... တတိယကိုယ်ခွဲဆီမှ လာတာဖြစ်သည်။
ရန်ယန်က မကြာခင်မှာပဲ နာကျင်စွာနဲ့ ကုတင်ပေါ် လဲကျသွားပြီး သူ့ခေါင်းထဲ နစ်မြောနေတဲ့ အတွေးတွေကို ဖိနှိပ်ဖို့ သူ့ အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ အားထုတ်မှု အနည်းငယ် ပြုလုပ်ခဲ့သည်။
ဟိုဘက်မှာတော့ လင်းရှောင်ယွဲ့က ရန်ယန် ဒီနေ့အတွက် အသင့်ဖြစ်နေပြီဆိုတာကို ဝမ်ရှို့ယင်ကို အမြန်ပြောပြခဲ့သည်။
ထို့ကြောင့် လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့က ပိုက်ဆံတွေ အမြန်ထုတ်ပြီး အဝါရောင်ပေါက်စီအနည်းငယ်ကို ထုပ်ပိုးကာ ဆရာသမားကို ရှာဖို့ ရန်ယန်ကို လမ်းပေါ်ခေါ်ဆောင်သွားရန် ပြင်ဆင်ခဲ့ကြသည်။
လင်းရှောင်ယွဲ့က ရန်ယန်ကို ခေါ်ဖို့ အိမ်ငယ်လေးဆီ ပြန်သွားကာ ရုတ်တရက် သူဖြူဖျော့နေတာကို တွေ့လိုက်ရပြီး သူမက သူ ကြောက်နေတာပဲလို့ တွေးခဲ့သည်။
လင်းရှောင်ယွဲ့က သူ့ကိုဖိနပ် အမြန်စီးဖို့ကူညီခဲ့ပြီး သူ့ကိုနှစ်သိမ့်ပေးခဲ့သည်။ "မကြောက်ပါနဲ့ ကျွန်မ ရှင်နဲ့အတူရှိနေတယ် ရှင်အမေ့ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိရင် ဘာစကားမှမပြောနဲ့။ အမေက ရှင် အခြေအနေ မမှန်တာ မြင်ရင် ရှင့်ကိုမေးမှာ မဟုတ်ဘူး။ သူမ အဲ့အကြောင့်အများကြီးသိတယ် "
ရန်ယန် သူ့ဖိနပ်ကို ဝတ်လိုက်ပြီး လင်းရှောင်ယွဲ့က သူထဖို့ ကူညီပေးခဲ့သည်။
ခန္ဓာကိုယ်ပြင်ပဒဏ်ရာတွေက မသက်သာသေးလို့ သူမ သူ့နားထဲ တိုးတိုးလေးပြောလိုက်သည်။ “ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုပဲအာရုံစိုက် မပြေးနဲ့၊ မခုန်နဲ့ ဗရုန်းဗရင်းဖြစ်အောင် မလုပ်နဲ့၊ မသက်မသာဘူးဆိုရင်တောင် ကျွန်မကို ပြော။ ဒါပေမယ့် အရူးအမူးမလုပ်နဲ့"
ရန်ယန်က လင်းရှောင်ယွဲ့ရဲ့ စေ့စေ့စပ်စပ် ညွှန်ကြားချက်ကို နားထောင်လိုက်ပြီး သူ့နှလုံးသားက ပူလာခဲ့သည်။
ဒါပေမယ့်......
အစောက သူ ကြားခဲ့တာက နှစ်ပေါင်းများစွာအတွင်း သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုဖြစ်တဲ့ တတိယမြောက်ကိုယ်ခွဲရဲ့အသံပဲ။
တစ်ခါမှ မကြုံဖူးဘူး၊ တခြားသူရဲ့ အသံက သူ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို တခြားလူက ပြင်းပြင်းထန်ထန် တွန်းလှန်နေခဲ့သည်။
ရန်ယန် ကိုယ်တိုင်က သူ့ခန္ဓာကိုယ်ထဲက တတိယ ကိုယ်ခွဲက မနာလိုဖြစ်နေတာကို ခံစားရပြီး အခုလေးတင်ပဲ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ပြင်းပြတဲ့ ဆန္ဒတစ်ခု ရှိနေသည်။
ဒါပေမယ့်လည်း ပိုင်ရှင်က ဒုတိယကိုယ်ခွဲဖြစ်နေဆဲမို့ အဆုံးတွင် ဒုတိယ ရန်ယန်က သူ့ကို နှိမ်နင်းခဲ့သည်။ ဤအခြေအနေအကြောင်းကို ရန်ယန်က ယခုအချိန်တွင် လင်းရှောင်ယွဲ့ကို ပြောပြဖို့ မရည်ရွယ်ထားပေ။ သူ့ဘာသာသူ ဖိနှိပ်ဖို့ လိုသေးသည်.....
ရှန့်ရန် ရွာက ကမ်းရိုးတန်းမြို့ဖြစ်သည်။ ဒီကနေ မြို့အထိကို မြို့ ကူးတို့ဖြင့် အရင်သွားရမယ်။ အလွန်ဒုက္ခပေးသော ခရီးဖြစ်သည်။
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့နဲ့ ရန်ယန်ကို ခေါ်သွားခဲ့ပြီး မြို့ထဲ တစ်နာရီကျော်ကြာ လမ်းလျှောက်ခဲ့သည်။
ကူးတို့က မနက် ၁၀ နာရီ ဖြစ်ပြီး ညနေ ၄ နာရီမှာ အပြန် ကူးတို့ ရှိတာကြောင့် တစ်နေ့ကို နှစ်ကြိမ်သာ ရွက်လွှင့်သည်။
စောစောစီးစီး ဆင်းကြတာကြောင့် ကူးတို့ဆိပ်ကမ်းကို ၉း၃၀ တွင် ရောက်နေပြီဖြစ်သည်။
ဝမ်ရှို့ယင်က လက်မှတ် ၃ စောင်ဝယ်ပြီး လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့ ဘေးမှာ စောင့်နေကာ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို ကြည့်နေကြသည်။
လင်းရှောင်ယွဲ့က ကူးတို့ဖြင့်သွားမည့် အနီးနားရှိ ခရီးသည်တွေကို အစားအသောက်နဲ့ မုန့်များ သီးသန့်ရောင်းချနေသူများစွာရှိကြောင်း တွေ့ရှိခဲ့သည်။
လှည့်ပတ်နေတဲ့ ဝန်ထမ်းတွေလည်း ရှိပေမယ့် ဝန်ထမ်းတွေနဲ့ တွေ့တိုင်း အဲဒီလူတွေဟာ သူတို့ရဲ့ အဝတ်အစားတွေထဲ ပစ္စည်းတွေ ဝှက်ထားတတ်ကြသည်။
ဒါကြောင့် အခုခေတ်မှာ လုပ်ငန်းအသေးစားလုပ်ရတာ မလွယ်ဘူး။
လင်းရှောင်ယွဲ့ စိတ်ထဲ တိတ်တိတ်လေးပြောခဲ့ပြီး ထိန်းထားခဲ့သည်။ ပြုပြင်ပြောင်းလဲမှုနဲ့ ပွင့်လင်းမြင်သာမှုတို့ကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်မည်ဖြစ်သည်။
အဲ့အချိန်ကျရင် ပုံမှန်ဖြစ်တော့မယ်။
ဝမ်ရှို့ယင်က ရေချိုးခန်းထဲဝင်သွားစဉ် လင်းရှောင်ယွဲ့ က ရန်ယန်ကို တံတောင်ဆစ်နဲ့တို့လိုက်သည်။ "စားချင်လား။ ကျွန်မမှာ ပိုက်ဆံရှိတယ်၊ ရှင့်ကို ဝယ်ပေးမယ်"
နောက်ဆုံးအကြိမ် တတိယ ရန်ယန် အိပ်ပျော်မသွားခင် သူမကို ယွမ် ၅၀ ထားပေးခဲ့သည်။
လင်းရှောင်ယွဲ့က သူ့ပိုက်ဆံတွေကို ခုထိမသုံးရသေးဘူး။
ဒါပေမယ့် ဒုတိယ ရန်ယန်က တတိယ ရန်ယန်ရဲ့ ပိုက်ဆံကို မသုံးရဲသောကြောင့် ငြင်းဆန်ခဲ့သည်။
" ဗိုက်မဆာဘူး၊ စားချင်စိတ်လည်း မရှိဘူး"
"ကျွန်မ နည်းနည်းဗိုက်ဆာနေပြီ......ရှင် ဒီမှာခဏစောင့်၊ ကျွန်မသွားဝယ်လိုက်ဦးမယ်....."
လင်းရှောင်ယွဲ့ သီးသန့်ရောင်းနေတဲ့ ဈေးသည်တစ်ယောက်ကို အမြန်တားလိုက်သည်။ "ဒီမှာ ရှင့်ဆီမှာ စားစရာတစ်ခုခုရှိလား"
"ရှိတာပေါ့ ပြောင်းဖူးဖက်ထုပ်နဲ့ ကြက်ဥတွေရှိတယ်။ လာကြည့်~" ဈေးသည်က သူ့အဝတ်တွေကို ဖွင့်ပြပြီး လင်းရှောင်ယွဲ့ ကြည့်ရအောင် လက်ထဲမှာပဲ အစားအစာ အမျိုးအစား နှစ်မျိုးကို ထုတ်ပေးခဲ့သည်။
ပြောင်းဖူးဖက်ထုပ်နဲ့ ကြက်ဥ ......
လင်းရှောင်ယွဲ့ အိမ်ရှိ ကုန်ပစ္စည်းဆိုင်တစ်ခုရဲ့ အဆာပြေ စားစရာများနှင့် လုံးဝမယှဉ်နိုင်ပေ။
လင်းရှောင်ယွဲ့ ၎င်းကိုကြည့်ကာ ငြင်းပယ်ဖို့ သူမလက်ကို ဝှေ့ယမ်းခဲ့သည်။ "အင်း မယူတော့ဘူး "
"ကြက်ဥနှစ်လုံးစားလေ ကြက်ဥက ပူနေတုန်းပဲ" စျေးသည်က သူမကို ဝယ်ဖို့ ဆွဲဆောင်နေဆဲပင်။
လင်းရှောင်ယွဲ့က သူမ နှလုံးသားထဲတွင် ရွံရှာသွားခဲ့သည်။ "ဟင့်အင်း၊ မယူတော့ဘူး၊ ကျေးဇူးတင်ပါတယ်"
ထို့နောက် သူမ ရန်ယန်ဘေးတွင် ရပ်ဖို့ ပြန်သွားခဲ့သည်။
ရန်ယန်က "မင်းစားဖို့ တစ်ခုခုဝယ်ပြီးသွားပြီလား" လို့မေးလိုက်သည်။
လင်းရှောင်ယွဲ့ ခေါင်းယမ်းလိုက်သည်။ "ဝူးထို့နဲ့ ကြက်ဥတွေပဲ ရှိတယ်။ ယောက္ခမ အိတ်ထဲမှာ ဒီနှစ်ခု ပါနေတော့ ဝယ်စရာ မလိုတော့ဘူး။ စားစရာ အသစ်တစ်ခု ရနိုင်မယ်လို့ ထင်တာ၊ ဒါပေမယ့် ဘာမှလည်း မရှိဘူး"
ရိက္ခာရှားပါးပြီး ဤမြုံတဲ့ကာလတွင် ကြက်ဥတွေနဲ့ ဌက်ဥများက လုံလောက်သည်။
ဒါပေမယ့် လင်းရှောင်ယွဲ့က သူတို့ကို မကြိုက်ပေ။
စျေးရောင်းသူလက်ထဲမှာ ရောင်းတဲ့ပစ္စည်းတွေက ဒီလောက်ငြီးငွေ့စရာကောင်းလိမ့်မယ်လို့ သူမ မမျှော်လင့်ထားတာကြောင့်ပင်။
"အဲ့ဒီဈေးသည်..."
ရန်ယန်က သူမအနီးရှိ အခြားရောင်းသူအား လက်ညှိုးထိုးပြခဲ့သည်။ "သူ သကြားလုံးရောင်းနေတာတွေ့တယ်။ လိုချင်လား"
"ဘာမှ မလိုချင်တော့ဘူး"
လင်းရှောင်ယွဲ့ ခေါင်းခါလိုက်သည်။ "အသားစားချင်တယ်၊ သကြားမစားချင်ဘူး"
ဒီမှာ အသားခြောက်ရောင်းတဲ့ ဈေးသည် မရှိလောက်ဘူး.....
ရန်ယန်လည်း စကားကိုရပ်လိုက်သည်။
လင်းရှောင်ယွဲ့ သက်ပြင်းချလိုက်သည်။ "ကြက်ခြေထောက်သေးသေးလေးထုပ်ထားတာကို ယူလာခဲ့သင့်တယ်ဆိုတာ ငါသိထားသင့်တာ"
သူမ ကြက်ခြေထောက်တွေ ထုတ်လာသင့်တာ။ မစားရရင်တောင် တခြားသူတွေဆီ ရောင်းစားဖို့ ကြိုးစားလို့ရတာပေါ့ ...
ဖြစ်နိုင်ရင် အဲ့တာကရောင်းကောင်းမှာလား။
ရန်ယန်က သူမရဲ့ မကျေနပ်ချက်တွေကို တိတ်တဆိတ် ရေးချလိုက်ပြီး နောက်တစ်ကြိမ် သူထွက်လာတဲ့အခါ သူမအား သတိပေးဖို့ မှတ်မိနေမည်ဖြစ်သည်။
ကံမကောင်းစွာပဲ သူက မစွမ်းဆောင်နိုင်သေးဘူး။
သူက ပုံမှန်ဆိုလျှင် သူမကို နေ့တိုင်း အသားစားရတဲ့ ဘဝကို ဖြတ်သန်းနိုင်အောင်လုပ်ပေးနိုင်မယ်လို့ သူမျှော်လင့်ထားသည်။
အိမ်သာသွားတဲ့ ဝမ်ရှို့ယင် ထွက်လာပြီးနောက် လူငယ်စုံတွဲဖြစ်တဲ့ လင်းရှောင်ယွဲ့က ရန်ယန်ကို တိုးတိုးလေးပြောနေတာကို သူမ အဝေးမှကြည့်ခဲ့သည်။
ဒီနေ့ ရန်ယန်က သူမရဲ့ ရူးနေတဲ့သားမဟုတ်မှန်း သူမသိသည်။
ဒါပေမယ့် ဒီနေ့ ရန်ယန်က ဇီဇာမကြောင်ဘူး။ ကြမ်းကြမ်းတမ်းတမ်း မပြောဘူး။ ပြီးတော့ သူမကို ကြည့်တောင်မကြည့်ဘူး။ သူ့သဘောထားက မခက်ထန်ဘူး။
ဝမ်ရှို့ယင်က သူ့ကို ထိုမကောင်းဆိုးဝါးသားလို့ မထင်ခဲ့ပေ။
သူမမှာ သံသယတွေရှိပေမယ့် သူမ ဂရုမစိုက်နိုင်ခဲ့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မကြာခင် သူမ ဆရာသမားကိုတွေ့ဖို့ ခေါ်သွားရတော့မည်။ ဆရာသမားက သူ့ကိုမြင်ရင် သဘာဝအတိုင်း ဗုဒ္ဓ အဆုံးအမတွေ သင်ပေးလိမ့်မည်။
ခဏကြာတော့ သူတို့ သုံးယောက် ကူးတို့ ပေါ် ရောက်သွားကြသည်။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်ပြီး မြစ်ရေလှိုင်းတွေကို ကြည့်နေကြသည်။
အနီးနားတွင် လူအများအပြားရှိပြီး အနီးနားတွင် ထူးဆန်းတဲ့ လှေများနှင့် ခရီးသည်များ ရှိနေသည်။ သူမ ရန်ယန် လက်ကို ကိုင်ထားပြီး သူ့ကို အတတ်နိုင်ဆုံး လုံခြုံမှုပေးခဲ့သည်။
ဒုတိယအချက်မှာ ရန်ယန်က ထိုကဲ့သို့ လူစည်ကားသော မြင်ကွင်းကို မမြင်ဖူးခဲ့တာ နှစ်အတော်ကြာပြီဖြစ်သည်။
ရိုးရိုးသားသား ပြောရရင် သူ့စိတ်ထဲမှာ တကယ်ကို တုန်လှုပ်နေပြီး ခြေထောက်တွေ ခြေဖဝါးတွေက နည်းနည်း တုန်ယင်နေသည်။
ဒါပေမယ့် လင်းရှောင်ယွဲ့က သူ့ကို ကိုင်ထားပြီးနောက် ရန်ယန်က သူ့ရဲ့ စိတ်ပူပင်မှုကို ပြေလျော့စေဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကို ထားဖို့ ကြိုးစားခဲ့သည်။
သူ့အနားရှိ လင်းရှောင်ယွဲ့က သူနဲ့စကားပြောဖို့ စကားလုံးတွေကို ရှာဖွေနေပြီး ရန်ယန်က သူမနဲ့ ရံဖန်ရံခါ စကားအနည်းငယ်ပြောကာ ကြောက်ရွံ့စိတ်များက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
ဒီအချိန်မှာ သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်......
လူအုပ်ကြီးထဲမှာ ရှိနေရင်တောင် သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကို သေချာပေါက် အာရုံစိုက်မှာ မဟုတ်ဘူး၊ သူက ကမ္ဘာကြီးတစ်ခုလုံးကို သူတစ်ယောက်တည်းရဲ့ ကမ္ဘာအဖြစ် ကျဉ်းမြောင်းသွားအောင်လုပ်နိုင်သည်။
ဒါကြောင့် အပြင်လောကကို ကြောက်စရာမလိုဘူး။
လူတိုင်းက အရမ်းအလုပ်များပြီး သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။
ရန်ယန်က သူ့ကမ္ဘာမှ ခြေတစ်ချောင်းထွက်ပြီး ကမ္ဘာသစ်ကို စတင်ထိတွေ့လိုက်ပြီဖြစ်ကြောင်း ခံစားလာရသည်။
ကူးတို့သင်္ဘောပေါ်မှ ဆင်းပြီးနောက် လင်းရှောင်ယွဲ့က ရန်ယန်ကို ဆုပ်ကိုင်ထားတာကို ဘယ်တော့မှ မလွှတ်လိုက်ပေ။
ဝမ်ရှို့ယင်က လူငယ် စုံတွဲရှေ့ကိုလျှောက်လာကာ ရံဖန်ရံခါ သူတို့ကို ပြန်ကြည့်တတ်သည်။
ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က ယနေ့တွင် အံ့သြစရာကောင်းလောက်အောင် ဣန္ဒြေရနေကြသည်။
ဝမ်ရှို့ယင် စိတ်ထဲတွင် အမျိုးအမည်မသိ သံသယများစွာ ရှိနေသည်။ သူမ ဘာမှပြန်မပြောဘဲ ဆရာသမားကိုရှာဖို့ စောင့်နလိုက်ရုံပဲ။
နောက်မှ ဆရာသမားက သူမရဲ့သံသယတွေကို ဖြေပေးပါစေ။
* ဆိုရိုးစကားအတိုင်း အကြီးက မြို့ထဲမှာ ပုန်းအောင်းနေတယ်
ဆရာက စည်ကားသော မြို့ တွင် နေထိုင်တဲ့ လောကုတ္တရာ ဆရာသမား ဖြစ်သည်။
သူက အလုပ်များတဲ့ မြို့မှာရှိနေပေမယ့် ဤဆရာသမားတွင် ဆိုင်မရှိဘဲ အိမ်တွင်ဧည့်သည်များကို တိုက်ရိုက်ကြိုဆိုသည်။
ရုပ်ဝါဒ လူ့အဖွဲ့အစည်း ဖြစ်နေဆဲ ဖြစ်တာကြောင့် ဒီလို လောကုတ္တရာ ဖုန်းရွှေ ဆရာသမားက ဖိနှိပ်နိုင်ရမည်။
ထို့ကြောင့် ဤဆရာသမားက ဖောက်သည်များကို အိမ်တွင်သာ လက်ခံသည်။
သူ့အမည်ကို လူများစွာက လက်ဆင့်ကမ်းခဲ့ပြီး တစ်မြို့လုံးရှိ လောကုတ္တရာပညာကို ယုံကြည်သူတို့က သူ့ကို သိသည်။
ထို့ကြောင့် လူတို့သည် ဤဆရာသမားကို အလိုလိုက်ကာကွယ်ကြပြီး တံခါးကိုတွေ့တိုင်း သူတို့ ခိုးကြောင်ခိုးဝှက်နဲ့ နှိမ့်ချတတ်ကြသည်။
ဒီဆရာသမားကို ထိပ်ပိုင်းမှ ဖိနှိပ်မခံရအောင် ကြိုးစားကြသည်
ဝမ်ရှို့ယင်က ရန်ယန်နဲ့ လင်းရှောင်ယွဲ့ကို အိမ်ပေါက်ဝဆီ ခေါ်သွားကာ သူမသားရဲ့ လတ်တလော အခြေအနေနဲ့ ပတ်သက်ပြီး ဤဆရာသမားကို ပြောပြခဲ့သည်။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ဧည့်ခန်းမထဲ ထိုင်ပြီး နားထောင်နေခဲ့သည်...
လင်းရှောင်ယွဲ့က ရိုးရှင်းတဲ့ အ၀တ်အစားဆင်ယင်ထားတဲ့ ဆရာသမားကို ကြည့်ကာ သူ့လှုပ်ရှားမှုတိုင်းကို တိုင်းတာခဲ့သည်...
........
ကိုးကားချက်
*ဒီစာကြောင်းကို တကယ်မသေချာပေမယ့်လည်း ဒီနေရာကို ငါတွေ့ထားတာက- "သေးတာက တောထဲမှာ ဝှက်ထားတယ် ၊ ကြီးတာကို မြို့ထဲမှာ ဝှက်ထားတယ်"က ဗားရှင်းအရှည်ပဲ။