အခန်း (၄၃)
Vol. 4 Ch. 43
လင်းရှောင်ယွဲ့က သူ့ကို ရွေးချယ်နိုင်စွမ်းရှိတယ်ဆိုတာ တတိယ ရန်ယန်က ဘယ်တော့မှ သိမှာမဟုတ်ပေ။
သူသိရင် လင်းရှောင်ယွဲ့ကို နေ့တိုင်းရွေးခိုင်းလိမ့်မည်။သူ့ကို နေ့တိုင်း ထွက်လာရအောင်လုပ်ခိုင်းမှာ။
ဟုတ်ပါတယ် လင်းရှောင်ယွဲ့ က သူမရဲ့လျှို့ဝှက်ချက်ကို အခုလောလောဆယ် သူ့ကိုပြောပြမှာ မဟုတ်ဘူး။
စာကြည့်ခန်းရဲ့ လျှို့ဝှက်ချက်ကို ဘယ်လို ဖြစ်စဉ်နဲ့မှ မရှင်းပြနိုင်သလို သူ့ကို သက်သေပြနိုင်ခြင်းတောင် မရှိတာကြောင့် သဘာဝအတိုင်း ပြောလို့မရပေ။
တတိယက ဒီမှာရှိနေပြီ။
လင်းရှောင်ယွဲ့က ဒီနေ့ ပျော်ရွှင်ပြီး စိုးရိမ်နေခဲ့သည်။
သူမ တတိယရန်ယန်နဲ့ သာယာသောနေ့ကို ပိုင်ဆိုင်နိုင်တာကြောင့် ပျော်ရွှင်ခဲ့သည်။
သူမ ဒုတိယရန်ယန်ကိုလည်း စိတ်ပူမိသည် ... ဒုတိယရန်ယန်က ဝမ်ရှို့ယင်၊ ရန်တယုံတို့နဲ့ လွန်ခဲ့တဲ့နှစ်ရက်က သူ့ရဲ့ဆက်ဆံရေးကို ပြေလျော့စေနိုင်ခဲ့သည်။ အခု သူထွက်လာတော့ တတိယက ဒီလက်ကျန်ကို ချိုးဖျက်သွားမှာကို သူမကြောက်သည်။
ထို့ကြောင့် အိပ်ရာပေါ်တွင် လဲလျောင်းနေသေးတဲ့ လင်းရှောင်ယွဲ့က တတိယရန်ယန်နဲ့ စကားကြိုပြောနေရသည်။
တတိယရန်ယန်ကို သူမ သတိပေးခဲ့သည်။ “ဒီနေ့ ရှင့်ဒေါသကို ထိန်းထားရမယ်။ ဒေါသမထွက်နဲ့၊ ဒုက္ခမပေးနဲ့။ ဒီရက်ပိုင်းအတွင်း ရှင့်မိဘတွေက ရှင့်ကို တဖြည်းဖြည်းလက်ခံလာပြီ။ လူကောင်းဖြစ်အောင်ကြိုးစား၊ ရှင့်ကိုဆိုးတယ်လို့ ထပ်ပြီးမတွေးမိသွားစေနဲ့"
တတိယရန်ယန်ကတော့ ဒါကို လှောင်ပြောင်ခဲ့သည်။ "သူတို့ တွေးတာကို ဂရုစိုက်ရမှာလား။ ကိုယ့်အကြောင်း သူတို့တွေးချင်တိုင်း တွေးလို့ရတယ်"ဘာပဲဖြစ်ဖြစ် သူတို့က သူ့ရဲ့မိဘတွေမဖြစ်ထိုက်ဘူး။
သူ့အစွမ်းအစနဲ့ မကြာခဏ အပြင်ထွက်နိုင်မယ်ဆိုရင် ဒီအိမ်မှာအကြာကြီးနေနေရတာကို ရပ်တန့်ပစ်နိုင်တယ်။
သူ့ခန္ဓာကိုယ်ထဲက နှစ်ယောက်ရဲ့ ဖိနှိပ်ခံရလို့ ခဏခဏ အပြင်မထွက်နိုင်ဘဲ တစ်ရက်တည်း ထွက်လာဖို့က အရမ်းခက်ခဲနေသေးတယ်...
ဤအခြေအနေကြောင့် တတိယရန်ယန်က သူ့ကိုယ်သူ ဤနေရာမှ နုတ်ထွက်ရန်မှတပါး ရွေးချယ်စရာမရှိစေခဲ့ပေ။
ရိုးရိုးသားသားပြောရရင် ဒီမိဘနှစ်ပါးကို တတိယက အသိအမှတ်မပြုဘူး။ အသိအမှတ်ပြုဖို့ မဖြစ်နိုင်ဘူး။
ပထမနေရာတွင် သူသည် ဤခန္ဓာကိုယ်တွင် မွေးဖွားလာရသည့် အကြောင်းရင်းမှာ ဤရက်စက်သော မိဘများကြောင့်ပင် ဖြစ်သည်။
ဒါပေမယ့်လည်း လင်းရှောင်ယွဲ့ သည် သူ့ဘဝရဲ့ ဤအခြေအနေအကြောင်းကို မသိခဲ့ပေ။
သူ့တုံ့ပြန်မှုက နည်းနည်းကြီးနေတာကို မြင်လိုက်ရတော့ သူ့ရင်ဘတ်ကို လက်သေးသေးလေးနဲ့ ပွတ်သပ်ပေးရင် "ဒေါသဖြစ်မလွယ်ပါနဲ့။ ကျွန်မ ရှင်နဲ့ ဆွေးနွေးနေတာလေ ရှင့်အတွက် ကျွန်မလုပ်ပေးနေတာ။ ဒေါသမထွက်နဲ့၊ စိတ်မဆိုးနဲ့။ စိတ်ဆိုးတဲ့အခါ ကျွန်မ စိတ်မကောင်းဖြစ်မိလိမ့်မယ်"
လင်းရှောင်ယွဲ့ က သူ့ကို နှစ်ကြိမ်လောက် ချော့ခဲ့သည်။
ရန်ယန်က သူမ ချော့မော့ခြင်းကို ခံနိုင်ရည်ရှိမည်မှာ သေချာသည်။
မီးက တစ်ဝက်လောက် ချက်ချင်း ငြိမ်းသွားပြီး သူ့အသံက တော်တော် ပျော့သွားသည်။ "ကိုယ်မင်းကို စိတ်မဆိုးပါဘူး..."
ရန်ယန်က လင်းရှောင်ယွဲ့ ရဲ့ လက်လေးကို သူ့ရင်ဘတ်ပေါ်မှာ ဆုပ်ကိုင်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့တာက ကိုယ့်နဲ့ အဲဒီနှစ်ယောက်ကြားကဟာ။ ပြဿနာကို.. မင်း နားမလည်ဘူး။ ကိုယ့်ဘဝမှာ သူတို့ကို ခွင့်မလွှတ်နိုင်ဘူး! "
ရန်ယန်က သူစကားပြောတဲ့အတိုင်း အံကြိတ်ပြီး မထိန်းနိုင်တော့ဘူး။
လင်းရှောင်ယွဲ့ သူ့ပုံစံကို မြင်တဲ့အခါ သူမ စိတ်ပူသွားသည်။ "ဘာတွေဖြစ်နေတာလဲ ကျွန်မကို ပြောပြလို့ရမလား"
ရန်ယန်သည် သူ့ကလေးဘဝက နာကျင်စရာပြဿနာများကို မပြောပြချင်ဘဲ ၎င်းတို့ကို ဘယ်သောအခါမှ မဖြေရှင်းချင်ပေ။
ဒါပေမယ့် မကြာခင်က သူမ သူ့ကို ကူညီဖြေရှင်းပေးရာမှာ အရမ်းတက်ကြွနေတယ်ဆိုတာကို သူမြင်ခဲ့တယ်.....
နူးညံ့သော နှလုံးသားဖြင့် သူ စကားပြောလိုက်သည်။
"ကိုယ်ပြောပြမယ်..... ကိုယ်ငယ်ငယ်တုန်းက ဒီမိသားစုရဲ့ မိသားစုအခွဲနှစ်ခုရဲ့ အနိုင်ကျင့်ခံတာကိုခဲ့ရတယ်။ ပထမနဲ့ ဒုတိယမိသားစုမှာ ကိုယ့်ထက် အသက်ကြီးတဲ့ ကလေးတွေက ကိုယ့်ထက် ပိုတော်တယ်လို့ ပြောလို့ရတယ်။ ကိုယ် မှတ်မိသလောက်တော့ ဒီအိမ်မှာ အနိုင်ကျင့်ခံရတာကို မှတ်မိသလောက်က အသက်ကြီးလာတာနဲ့အမျှ ပိုအနိုင်ကျင့်တာ များလာလေလေ၊ သိမ်ငယ်လာလေလေ အနိုင်ကျင့်ခံရလေလေပဲ။ သိမ်ငယ်လာတဲ့ကိုယ်က အမြှီးကုပ်လာလေလေပဲ ... ဒါကနဂိုမူလကကိုယ်ပဲ စကားမပြောချင်တဲ့ ရန်ယန်နဲ့ အတူတူပဲ..."
လင်းရှောင်ယွဲ့ ကိုကြည့်လိုက်တော့ ဂရုတစိုက် နားထောင်နေသလိုမျိုး မျက်လုံးတွေ ကျယ်ကျယ်ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။
ရန်ယန်က ချက်ချင်း ဆက်ပြောပြခဲ့သည်။ "အသက် ၆ နှစ်မှာ ရန်ဟုန်ဝမ်က လူကြီးရဲ့ပိုက်ဆံကို လောင်းကစားလုပ်ဖို့ ယွမ် ၃၀ ခိုးသွားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို ယွမ် ၃၀ က အရမ်းတန်ဖိုးကြီးတော့ အိမ်မှာ ရန်ဖြစ်ခဲ့ကြတယ်။ နောက်ဆုံး ကိုယ်အဲ့တာကို ခိုးသွားတယ်လို့ သူတို့ပြောခဲ့ကြတာ။ အဲဒါကို ရှင်းပြဖို့တောင် အခွင့်မသာလို့ အရိုက်ခံရပြီး တောထဲမှာ သုံးရက်သုံးညလောက် အကျဉ်းချခံခဲ့ရတယ်။ အဖျားတွေကြီးပြီးတဲ့နောက် ရူးနေတဲ့ကောင်လေး ထွက်လာတော့တာပဲ"
ထိုအခြေအနေတွင် ပထမဆုံး ကိုယ်ခွဲကို မွေးဖွားခဲ့သည်။
ရန်ယန်က တတိယကိုယ်ခွဲဖြစ်ပေမယ့် ဤအရာအားလုံးကို သူသိသည်။
လင်းရှောင်ယွဲ့က သူ့ကိုယ်ခွဲသုံးမျိုးရဲ့ နောက်ခံအစစ်အမှန်ကို ပထမဆုံးအကြိမ်ကြားသိရခြင်းဖြစ်ပြီး ၎င်းတို့ကို မူရင်းစာအုပ်တွင် မည်သူမျှ မရေးထားပေ။
သူမ အံ့သြသွားပြီး သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။
"ဒီအရူးကောင်လေးက ရန်ငြိုးမထားတတ်ဘူး၊ သူ့နှလုံးသားက ကြီးတယ် ပြီးတော့ အဲဒီကလေးက လွယ်လွယ်နဲ့ မေ့သွားနိုင်တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ သူ့အပေါ် လုပ်ခဲ့သမျှတွေကို မေ့သွားနိုင်တယ်။ နောက်တော့ တခြား ရန်ယန်က အပြင်မထွက်ရဲတော့ဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ လိုအပ်နေတဲ့ အခြေအနေတွေကို သူက အရူးကို လွှတ်လိုက်တာ၊ ဒါက မင်းအတွက် သိသာတယ် မဟုတ်လား” တတိယလူက လင်းရှောင်ယွဲ့ ကိုမေးလိုက်သည်။
လင်းရှောင်ယွဲ့ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူမ နှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး သူ့ရင်ဘတ်ကို သူမရဲ့လက်သေးသေးလေးနဲ့ ပွတ်သပ်ပေးခဲ့သည်။
ရန်ယန်က သူ့ရဲ့ နှလုံးသားကို နွေးထွေးစေတဲ့ သူမရဲ့အူလှိုက်သည်းလှိုက် အမူအရာတွေကို သဘောကျသည်။ "နောက်နှစ်အနည်းငယ်ကြာတော့ အရူးကလေးက ဥာဏ်ရည်မကြီးထွားဘူးဆိုတာကို မိသားစုတွေ သိမြင်လာကြတယ်။ အသက် ၉ နှစ် ရှိပေမယ့် သူကတော့ အသက် ၆ နှစ်ကလေးလို ပြုမူတယ်။ မိဘတွေက ကိုယ့်နေမကောင်းဖြစ်ပြီးတဲ့နောက် ရူးသွားတယ်လို့ ခံစားမိတော့မှ ဆရာဝန်ဆီခေါ်သွားပြတာ......"
"ဟင်"
လင်းရှောင်ယွဲ့ ဒီအချက်မှာ တကယ်ကို ရှော့်ခ်ရသွားခဲ့သည်။ သူမ သူ့ရင်ဘတ်ကို အကြိမ်ပေါင်းများစွာ ထိခဲ့သည်။
"အဆင်ပြေပါတယ် ကိုယ် ဂရုမစိုက်ဘူး..."
ရန်ယန်က သူမရဲ့လက်လေးကို ဆုပ်ကိုင်လိုက်သည်။ သူသက်ပြင်းချပြီး စကားဆက်ပြောလိုက်သည်။ “ကိုယ်သိပါတယ် လင်မယားနှစ်ယောက်က ကိုယ့်ရဲ့ IQ နိမ့်တာကို သိဖို့စောလွန်းနေတဲ့အချိန်မှာ သူတို့နှစ်ယောက်က ကိုယ့်ကိုရောင်းပစ်ချင်ကြပြီး ပုံမှန်လူတစ်ကောင်ကို မွေးဖို့ စိတ်ကူးထားကြတာကို။ ကိုယ့် ဝမ် ရဲ့အိမ်မှာ စျေးသက်သက်သာသာနဲ့ ရောင်းခံလိုက်ရတယ်။ အဲ့တာက ရွာပေါင်းများစွာရဲ့ အဝေးကြီးမှာ။ ဝမ် ရဲ့အိမ်မှာ ဒီခန္ဓာကိုယ်က အရမ်းသိမ်ငယ်စေတယ် အရူးတစ်ယောက်တောင်မှ မရယ်နိုင်ခဲ့ဘူး... အဲဒီအခြေအနေအောက်မှာ ကိုယ်မွေးဖွားလာခဲ့တယ်"
တတိယ ကိုယ်ခွဲက ...... စိတ်ဆင်းရဲစရာ အခြေအနေတွင် မွေးဖွားခဲ့သည်။
ထိုနှစ်တွင် ဝမ်မိသားစုက ငြိမ်ငြိမ်နေခဲ့ပြီး အရူး ရန်ယန်က အလုပ်ကြိုးစားကာ အရှက်ခွဲခြင်းနဲ့ ရိုက်နှက်ခြင်းများကို ကြံ့ကြံ့ခံခဲ့သည်။
မစားသောက်နိုင်လောက်အောင် အနွေးထည်မဝတ်နိုင်ဘဲ နွားတင်းကုပ်မှာတောင် အိပ်နေခဲ့ရသည်။
ဝမ်မိသားစုက အနာဂတ်မှာ သူတို့ပြုစုစောင့်ရှောက်ဖို့ သူ့ကိုသားတစ်ယောက်အဖြစ် ၀ယ်လိုက်တာ အရူးတစ်ယောက်ဖြစ်နေခဲ့သည်။
သူတို့ ဆုံးရှုံးပြီး ပိုက်ဆံတွေ ဖြုန်းတီးမိခဲ့ကြသည်။ သူ့ကို ဖယ်ရှားဖို့က မလွယ်တဲ့အတွက် သူ့ကို ညှဉ်းပန်းနှိပ်စက်ဖို့ လုပ်ခဲ့ကြသည်။
ခန္ဓာကိုယ်နဲ့ ဝိညာဉ်နှစ်ခုလုံး ပြိုလဲလုနီးနီး စိတ်ပျက်အားငယ်နေသည့် အခြေအနေတွင် တတိယကိုယ်ခွဲ ပေါ်လာသည်။
တတိယ ကိုယ်ခွဲက ပထမနဲ့ ဒုတိယကိုယ်ခွဲတို့၏ ဒုက္ခ အများစုကို ခံစားခဲ့ရသည်။
ဒါပေမယ့် တတိယမြောက်ကိုယ်ခွဲက အစီအစဉ်တွေအားလုံးကို ပြင်ဆင်ပြီး ဝမ် မိသားစုနဲ့အတူ သေဖို့အဆင်သင့်ဖြစ်ချိန်မှာပဲ သူထပ်ပြီး ဖိနှိပ်ခံခဲ့ရသည်။
တတိယကိုယ်ခွဲကို အခြားကိုယ်ခွဲနှစ်ခုက ချုပ်ကိုင်ထားပြီး သူ့ကိုယ်သူ မကူညီနိုင်ခဲ့ပေ။
ကြီးကြီးမားမား မလုပ်နိုင်ပေမယ့် သေးငယ်တဲ့ ရန်ပွဲတွေအတွက်တော့ ဒုက္ခရောက်နေတုန်းပဲ။
တတိယ ရန်ယန်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဤမျှ ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့သည်။
"ကိုယ် အသက်၁၀ နှစ်မှာ သူတို့ လင်မယားက ကိုယ်ကို ပြန်ခေါ်သွားကြတယ်။ သူတို့ကိုယ့်ကို ပြန်ခေါ်သွားရတဲ့ အကြောင်းအရင်းက သူတို့မှာ နောက်ထပ် ကလေးမမွေးနိုင်ဘူးလို့ ပြောလို့ပဲ။ ရလဒ်က သူတို့အရူးကို မွေးထားမယ်ပေါ့"
ရန်ယန်က ပေါ့ပေါ့ပါးပါး လေသံနဲ့ လေးလံတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြခဲ့သည်။ "နောက်ပြီး ရယ်စရာအကောင်းဆုံးကတော့ ဒီလူတွေကို လက်စားချေဖို့ ကိုယ်ကြိုးစားတဲ့အချိန် ဒီခန္ဓာကိုယ်က ငါ့ကို ဖိနှိပ်ချုပ်ချယ်ထားတာပဲလေ.....တကယ်တော့ ကိုယ်က မကောင်းဆိုးဝါးတစ်ကောင်ဘဲ။ အဲ့တာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"
သူက ဒုက္ခတွင်း၌ ပေါ်လာပြီး သူ့ခန္ဒာကိုယ်တွင် ခံစားခဲ့ရသမျှ ဒုက္ခအားလုံးကို ရက်စက်စွာ ခံနိုင်ရည်မရှိသော ဝိညာဉ်ကို စားခဲ့သည်။
သူက မကောင်းဆိုးဝါးတစ်ကောင်ဆိုတာ မှန်လိမ့်မည်.......
ဒါပေမယ့် သူ့ရဲ့ အဆိုးဆုံးက တစ်ကိုယ်တည်းမှာပဲ ရှိနေပြီး ပြင်းထန်စွာ အရိုက်ခံရပြီး လုံးဝမလှုပ်ရှားနိုင်ခဲ့ဘူး။
တတိယရန်ယန်က ဘုရင်ဖြစ်ချင်နေတာကြာပြီ။ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်ပေမယ့် ဘယ်တော့မှ မအောင်မြင်ဘူး။
နှစ်အတော်ကြာအောင် ခါးသီးစွာ ဆုပ်ကိုင်ထားခဲ့ပေမယ့် နောက်ဆုံးမှာတော့ တခြားနည်းလမ်းနဲ့သာ ရုန်းထွက်နိုင်ခဲ့တယ်......
ထို့ကြောင့် သူက သူ့စိတ်ပျက်မှုကို ဖြေဖျောက်နိုင်သည့် အခြားကမ္ဘာတစ်ခုဆီ မထင်မှတ်ပဲ ဖြတ်သွားခဲ့သည်။
ဒါပေမယ့် ဒီအိမ်အတွက် အမုန်းတရား၊ သူ့မိဘများကို မုန်းတီးမှုတို့ကို သူ့ခေါင်းထဲ လေးလေးနက်နက် မှတ်မိနေသေးသည်။
အရူးက ဂရုမစိုက်ဘူး၊ စိတ်ဓာတ်ကျတဲ့လူက ဂရုမစိုက်ဘူး၊ ဒါပေမယ့် သူကတော့ မမုန်းဘဲမနေနိုင်ဘူး။
လင်းရှောင်ယွဲ့က အကြောင်းအရာ အများအပြား ကြားပြီးနောက် သူ ကိုယ်ခွဲသုံးမျိုးကွဲသွားရသည့် အဓိကအကြောင်းအရင်းကို သူမ သိရှိလာခဲ့သည်။
ထိုအချိန်မှပင် သူ့အခြေအနေ ကောင်းစွာမပြေလည်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။
"သနားစရာကောင်းလိုက်တာ ..... "
လင်းရှောင်ယွဲ့ လက်လေးကို ထုတ်ပြီး သူ့မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ " ဒါဆိုရင် ယောက္ခမနဲ့ ယောက္ခထီးတို့နဲ့ ပေါင်းဖို့ ကျွန်မ မတောင်းဆိုတော့ဘူး။ သူတို့နဲ့ စကားမပြောဘဲ မမြင်ချင်ယောင်ဆောင်လိုက်နော်။ အဆင်ပြေလား"
ရန်ယန်က ဒီကိစ္စတွေကို ပြောတဲ့အခါ စိတ်အတက်အကျများစွာမရှိသော်လည်း လင်းရှောင်ယွဲ့က သူ့ကိုချော့လိုက်တဲ့အခါ သူ့စိတ်တွေ ပိုပြီးကောင်းလာခဲ့သည်။
"ကောင်းပြီ၊ မင်းပြောတာကို နားထောင်မယ်" လို့ ပေါ့ပေါ့ပါးပါးနဲ့ သဘောတူလိုက်သည်။
လင်းရှောင်ယွဲ့က သူ့ရင်ခွင်ထဲ တိုးဝင်သွားပြီး သူ့ကို ညင်သာစွာ ပွေ့ဖက်လိုက်ကာ သူ့ တောင့်တင်းပြီး ခါးကျင်ကျင်တစ်ဝိုက်တွင် သူမ လက်သေးသေးလေးများဖြင့်ဖက်ထားခဲ့သည်။ "ကျွန်မမှာ ရည်မှန်းချက်ရှိတယ်။ ရှင်နဲ့ အတူတူ ထွက်သွားချင်တယ်၊ နောက်နှစ် ကျွန်မတို့ ထွက်သွားဖို့ နည်းလမ်းရှာကြမယ် ဟုတ်ပြီလား။ ဒါပေမယ့် ကျွန်မတို့ အမေနဲ့ အဖေ ကျွန်မတို့ဆီ ခေါ်ထားတာက ပိုကောင်းတယ်။ သူတို့နှစ်ယောက်ကို ချန်ထားခဲ့ဖို့က အမြဲမသင့်တော်ဘူး"
ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့ကို နောက်မှာ ထားခဲ့ဖို့ကို တခြား ရန်ယန် နှစ်ယောက် သဘောမတူမှာကို ကြောက်သည်။
လင်းရှောင်ယွဲ့က တတိယကိုယ်ခွဲကို အချိန်မရွေး ခေါ်နိုင်ပေမယ့်၊ အခြား ရန်ယန်နှစ်ယောက်ကိုလည်း ဂရုစိုက်ရသေးသည်။
သူ့ကို ကုသဖို့ အစွမ်းကုန် ကြိုးစားပြီး သူတို့ သုံးယောက်လုံးကို ပျော်ရွှင်အောင် လုပ်ပေးချင်သေးသည်။
သုံးယောက်ကို တစ်သားတည်းဖြစ်အောင်လုပ်မယ်၊ သူမရရှိမည့်အရာမှာ ရန်ယန်ရဲ့ ပြည့်စုံမှုဖြစ်သည်။
တတိယ ရန်ယန်ကလည်း သူမကို မချေပခဲ့ပေ။ "မင်းမှာ အစီအစဉ်ရှိရင် ကိုယ်နားထောင်ပါ့မယ်။ မင်းမှာ အစီအစဉ်မရှိရင် ကိုယ်စီစဉ်ပေးမယ်"
လင်းရှောင်ယွဲ့ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ "အွန်း အွန်း"
တတိယ ရန်ယန်နဲ့ အတူရှိနေချိန်မှာ ဖြစ်စဉ်တစ်ခုလုံးက ချိုမြိန်သည်........
နောက်ထပ် အားလပ်ရက်ရောက်လာခဲ့သည်။
ခြံဝင်းထဲမှာ မနက်စာစားပြီးတဲ့ ရန်ယန်နဲ့ လင်းရှောင်ယွဲ့ တို့က ကြက်ငယ်လေးတွေကို တိတ်တဆိတ် အစာကျွေးနေခဲ့သည်။
လှောင်အိမ်ထဲက ကြက်တွေက မြန်မြန်ကြီးထွားလာပြီး ကြီးပြင်းလာပြီးနောက် သိပ်မကြာခင်မှာ ၎င်းတို့က အမွှေးတွေ စတင်ဖွာလာကာ အကောင်ကြီးများ၏ ဦးတည်ရာဆီ တဖြည်းဖြည်း ကြီးထွားလာကြသည်။
ကြက်ငါးကောင် ကြီးလာရင် တစ်နေ့ကို ဥတစ်လုံး ထွက်လာမယ်။ မိသားစုစားဖို့ ကြက်ဥငါးလုံးရှိလာလိမ့်မည်။
အခုခေတ်မှာ ကြက်ဥတွေက ဈေးကြီးသည်။
ကြက်ဥကို နေ့တိုင်းစားနိုင်တဲ့ မိသားစုတွေ ပျော်ရွှင်နေမှာ သေချာသည်။
ရန်အိမ်ဟောင်းက ယနေ့တိုင် သက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ နောက်တစ်ခုက ရန်ဟုန်ဝမ်က ဒီမှာပဲ နေထိုင်ဆဲပင်။
မနက်စာစားပြီး ဘာမှလုပ်စရာမရှိတဲ့ ရန်ဟုန်ဝမ်က မြေအောက်ကာစီနိုကို သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူ အိမ်မကြီးမှ ထွက်လာခဲ့သည်.......
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ ခြံဝင်းထဲ ထိုင်နေသည်ကို သူမြင်လိုက်ရသည်။
"ရန်ယန်၊ ခယ်မ၊ မင်္ဂလာနံနက်ခင်းပါ " လို့ ပြောပြီး သူတို့ နှစ်ယောက် ဆီကို ချဉ်းကပ် လာခဲ့သည်။
ရန်ဟုန်ဝမ်ကိုမြင်ရခြင်းက ရန်ယန်ကို သူ့ ကလေးဘဝ စိတ်ဒဏ်ရာကို ချန်ထားခဲ့ရပြီး ကွဲအက်သော စရိုက်ရှိခြင်းဆီ ပထမခြေလှမ်းကို ဖြစ်ပေါ်စေတယ်လို့ လင်းရှောင်ယွဲ့က တွေးမိတာကြောင့် သူကို ကောင်းကောင်း မဆက်ဆံနိုင်ပေ။
ရန်ယန်က သူ့ကို ဂရုမစိုက်ဘူး။ ကြက်အစာကျွေးဖို့အတွက် စပါးလုံးကွဲအနည်းငယ်ဖြူးရန် သူ့ခေါင်းကို ငုံ့ထားလိုက်သည်။
"ခယ်မနဲ့ ရန်ယန်မှာ အရမ်းကောင်းတဲ့ ခံစားချက်ရှိတာပဲ။ မင်းတို့က ခွဲလို့မရအောင် အရမ်းချစ်ကြတာနော် " ရန်ဟုန်ဝမ်က နှစ်ယောက်စလုံး သူ့ကို ဂရုမစိုက်ကြဘူးဆိုတာ မြင်သည်။ ရန်ဟုန်ဝမ် ပြုံးလိုက်သည်။
လင်းရှောင်ယွဲ့ သာမန်ကာလျှံကာ သူ့ကိုပြန်ပြောခဲ့သည်။ "အစ်ကို၊ ကျွန်မတို့ တတိယမိသားစုနဲ့ ဒုတိယမိသားစုတွေက မရင်းနှီးကြဘူး။ သူတို့လင်မယားနှစ်ယောက်က ရှင်နဲ့လည်း အဆင်မပြေဘူး၊ ဒါကြောင့် ကျွန်မတို့နဲ့ ဆုံတဲ့အခါ ကျွန်မတို့ရဲ့နှုတ်ခွန်းဆက်စကားတွေကို သိမ်းထားလိုက်ကြရအောင်"
ရန်ဟုန်ဝမ်က လင်းရှောင်ယွဲ့ ထိုသို့ စကားပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် မျက်နှာပျက်သွားခဲ့သည်။
"ခယ်မ ဘာဖြစ်နေတာလဲ၊ မနေ့ညက မင်းမှာဒီလိုသဘောထားမျိုးမရှိပါဘူး။ မင်း တစ်ခုခုကြားထားလို့များလား"
ရန်ဟုန်ဝမ်ရဲ့ အကြည့်ကိ ရန်ယန်ဆီ ရောက်သွားပြီး ထိုမေးခွန်းကို မေးတဲ့အခါ လင်းရှောင်ယွဲ့ဆီ ပြန်ရောက်သွားခဲ့သည်။
ရန်ယန်ကတော့ ဘာမှမထူးခြားပေ။
"ဟုတ်တယ်၊ အစ်ကို့ရဲ့ အကျင့်ဆိုးတချို့ကို ကျွန်မကြားထားတယ်"
လင်းရှောင်ယွဲ့က ရန်ဟုန်ဝမ်နဲ့ ဟန်ဆောင်ကစားဖို့ ပျင်းလွန်းလှသည်။ ထိုနှစ်တွေအကြောင်းကို သူမ မပြောနိုင်တာမျိုးတော့ မဟုတ်ဘူး။
ရန်ဟုန်ဝမ်ရဲ့ ကြောင်သူတော် မျက်နှာဖုံးကို ပျော်ရွှင်စွာ ဆုတ်ဖြဲဖို့လုပ်ခဲ့သည်။ "အစ်ကို ကျွန်မကို စကားမပြောရင် ပိုကောင်းတယ်၊ အနည်းဆုံးတော့ ကျွန်မ ရှင့်ကို မကုတ်ဖဲ့နိုင်တော့ဘူးပေါ့"
ရန်ဟုန်ဝမ်က သူ့ငယ်ဘဝက ထိုအကြောင်းအရာများကို ရန်ယန် သူမကို ပြောပြထားတယ်လို့ သူ့စိတ်ထဲ ယောင်ဝါးဝါး သံသယဖြစ်မိသည်။
ဒါပေမယ့် သူ အရမ်းထူးဆန်းနေတာကို ခံစားမိသည်...
ရန်ယန်က အရူးမဟုတ်ဘူးလား။
လွန်ခဲ့သည့်နှစ်အနည်းငယ်က နှစ်သစ်ကူးအကြိုတွင် သူပြန်လာတဲ့အခါအရူး ရန်ယန်က သူ့ကလေးဘဝကတည်းက ထိုအရာများကို ဂရုမစိုက်ခဲ့ပေ ...
ဒီနှစ်မှာ သူရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ ဂရုစိုက်နေတာလဲ။
ရန်ဟုန်ဝမ်ရဲ့ နှလုံးသားမှာ ရှုပ်ထွေးမှုတွေ အများကြီးရှိနေပေမယ့်လည်း အဲဒီနှစ်တွေတုန်းက စာရင်းဟောင်းတွေကို ပြန်လှည့်မကြည့်ချင်ဘူး။
ဒါပဲ။
သူက ရန်ယန်နဲ့ သူ့မိန်းမကိုလည်း မဆက်သွယ်ချင်ဘူး။ ပေါ့ပေါ့ပါးပါး နှုတ်ဆက်ခြင်းမျှသာဖြစ်သည်။
ရန်ဟုန်ဝမ်က လင်းရှောင်ယွဲ့ စကားကို မဖြေဘဲ အိမ်မှ အမြန် ထွက်လာခဲ့သည်။
"မိန်းမ၊ ပြီးရင် ကိုယ် အပြင်ထွက်ဦးမယ် " ရန်ယန်က သူ့နောက်ကျောကို စိုက်ကြည့်ပြီး ပြောလိုက်သည်။