အခန်း (၄၅)
Vol. 4 Ch. 45
လင်းရှောင်ယွဲ့က ကုတင်ပေါ်သို့ ပြေးသွားပြီး စောင်အောက်တွင် ပုန်းကာ ရန်ယန် လည်ပင်းကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်ပြီး မျက်နှာကို နမ်းလိုက်သည်။
သူမ ရှက်ရွံ့ကာ မျက်ခုံးပင့်လိုက်သည်။ "မြန်မြန်ပြောပြတော့ ဒုတိယမိသားစုကို ရှင်ဘယ်လို လုပ်လိုက်တာလဲ"
ရန်ယန်က သူမကိုသိုင်းဖက်ကာ သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး ဒီနေ့ ရန်ဟုန်ဝမ်ကို သူဘာလုပ်ခဲ့လဲဆိုတာ ပြောပြခဲ့သည်။
ဒီနေ့ ကာစီနိုတွင် ရန်ဟုန်ဝမ်ကို တွက်ချက်ဖို့ သူတစ်စုံတစ်ဦးကို ငှားရမ်းခဲ့ကြောင်း လင်းရှောင်ယွဲ့ သိခဲ့ရသည်။
ပထမတော့ သူက ရန်ဟုန်ဝမ်ကို အကြီးကြီးအနိုင်ယူခွင့်ပေးထားပြီး နောက်မှ ကြီးမားတဲ့ ဆုံးရှုံးမှုကို တွေ့ကြုံခံစားခွင့်ပေးခဲ့တာ...
လောင်းကစားသမားတွေအတွက် အခြေခံအားဖြင့်တော့ သူတို့ရဲ့စိတ်ထဲမှာ မြန်မြန်ဆန်ဆန် အနိုင်ရပြီးရင် သူတို့ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး။
ရန်ဟုန်ဝမ်က တစ်မနက်လုံး ကံကောင်းစွာနဲ့ နိုင်ခဲ့သည်။ သူ မပျော်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
နေ့လယ်စာစားဖို့တောင် သူ အိမ်မပြန်ဘူး... နောက်ပိုင်းမှာ ကာစီနိုရဲ့ အာရုံစိုက်မှုကို ရခဲ့သည်။
ရန်ယန်နဲ့ ကာစီနို နှစ်ဖက်စလုံးရဲ့ လည်ပတ်မှုအောက်တွင် ရန်ဟုန်ဝမ်က နေ့ခင်းဘက်၌ စိတ်ဆင်းရဲစရာကောင်းစွာ ရှုံးသွားတော့သည်...
ရှုံးလေလေ ပိုမဲလေလေပဲ။ သူအနိုင်ရခဲ့သမျှငွေတွေ ဆုံးရှုံးရုံတင်မကဘဲ သူ့ကိုယ်ပိုင်ငွေတွေ အကုန်ဆုံးရှုံးခဲ့သလို ကာစီနိုကနေလည်း ပိုက်ဆံချေးခဲ့သည်။
ရန်ဟုန်ဝမ်က ကာစီနိုမှ ယွမ် ၅၀ ချေးယူထားသည်ကို တွေ့သည်အထိ ရန်ယန်က ကာစီနိုတွင်နေခဲ့သည်။
ယွမ် ၅၀ ချေးတာက သူ့အတွက် ရပ်တန့်ဖို့ ပိုခက်သည်။
နောက်တစ်ကြိမ် သူ လုံးဝ ချေးဦးမှာပဲ။
လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ကြိုးကိုင်မှုကို နားထောင်ပြီးနောက် သူမ လက်မထောင်ပြလိုက်သည်။ "အကောင်းဆုံးပဲ၊ ဒီလိုအပြုအမူမျိုးအတွက် အမှတ် ၁၀၀ ရမယ်!"
သူမ မျက်လွှာချလိုက်ပြီး ရန်ယန်က သူမကို ပြုံးပြလိုက်သည်။ သူမ မျက်နှာကို လက်ဖြင့် ဖျစ်လိုက်သည်။ နူးညံ့ချောမွေ့မှုကို ခံစားရသည်။
ခြံထဲ၌ ချန်ချိုင်ယွင်ရဲ့ ဆဲဆိုသံကို ကြားနေရဆဲပင်။
ခဏအကြာတွင် လင်းရှောင်ယွဲ့က ရန်မိသားစု အိမ်မကြီးမှ တစ်စုံတစ်ယောက် ထွက်လာတာကို ကြားလိုက်ရသည်။
အားလုံးက ချန်ချိုင်ယွင်ကို စောင့်ကြည့်ဖို့ ထွက်လာကြပြီး ခြံဝင်းတစ်ခုလုံး ဆူညံသွားသည်။
လင်းရှောင်ယွဲ့က ဒီအခြေအနေကို ဘယ်လိုလုပ်လက်လွှတ်နိုင်မှာလဲ။
လင်းရှောင်ယွဲ့က စောင် မလိုက်ပြီး သူမ ဖိနပ်ကို ဝတ်ကာ အိပ်ယာမှ ချက်ခြင်း ထလိုက်သည်။ "စိတ်လှုပ်ရှားစရာ ကောင်းတာကို မြင်ရတော့မယ်။ ဒါကအကောင်းဆုံးပြပွဲဖြစ်နိုင်တယ် "
ရန်ယန်က လက်တစ်ဖက်နဲ့ ခေါင်းကို ထောက်ကာ ဓားလို မျက်ခုံးကိုပင့်လိုက်သည်။ "အပေါ်ထပ်အင်္ကျီကို ဝတ်။ ခြံထဲက အေးတယ်....."
"ဟုတ်ပါပြီ"
လင်းရှောင်ယွဲ့က ဖိနပ်စီးကာ ကုလားထိုင်ပေါ်မှာတန်းလန်းချိတ်ထားတဲ့ အပေါ်ထပ်အင်္ကျီအထူကို ကောက်ကိုင်လိုက်ပြီး သူမကိုယ်ပေါ် ခြုံထားလိုက်သည်။
အခန်းငယ်လေးရဲ့ တံခါးကို အမြန်ဖွင့်လိုက်ပြီး ဒုတိယမိသားစုအိမ်အဝင်ဝမှာ စုဝေးနေတဲ့ လူစုလူဝေးကို ကြည့်ဖို့ ခေါင်းသေးလေးကို ထုတ်လိုက်သည်။
သက်ဝင်လှုပ်ရှားနေတဲ့ ခြံဝင်းထဲတွင် ရန်ချန်ယွီက အပေါ်ထပ် အင်္ကျီအထူကို ၀တ်ထားကာ ချန်ချိုင်ယွင်ကို မမှိမသုန်ကြည့်ခဲ့သည်။ "ဒုတိယယောက်မ ဘာဖြစ်လို့လဲ၊ ယောက်မ ဟုန်ဝမ်ကို လိုက်ရှာနေတာ မဟုတ်ဘူးလား၊ သူ့ကို ဘာလို့ ပြန်မခေါ်တာလဲ။ ယောက်မ ဘာလို့ဒီလိုဖြစ်နေရတာလဲ။ ဘာကိစ္စဖြစ်လာလို့လဲ"
" ငါ သူ့ကိုမရှာခဲ့တာကမှ ပိုကောင်းဦးမယ်! ငါ သူ့ကို မရှာတွေ့ခဲ့ဖို့ မျှော်လင့်တယ်။ ငါ့မှာ ဒီလိုသားမရှိတာကမှ ပိုကောင်းဦးမယ်!”
ချန်ချိုင်ယွင်က ကျိန်ဆဲနေစဉ် သူမ တစ်ကိုယ်လုံးတုန်ယင်နေပြီး ငိုသံပါနေသည်။
လမ်းပေါ်မှာ ငြင်းခုံမှုတွေကြောင့် ရန်ဟုန်ဝမ် ရုတ်တရက် ဒေါသထွက်လာပြီး ချန်ချိုင်ယွင်ကို လယ်ကွင်ပြင်ထဲ တွန်းခဲ့သည်။
နီရဲပြီး ရွှံ့စိုစိုတွေဖုံးလွှမ်းနေတဲ့ ချန်ချိုင်ယွင်က အားစိုက်ထုတ်မှုတွေ အများကြီးလုပ်ခဲ့ရပြီး အဲဒီအချိန်မှာ ဒေါသထွက်နေတဲ့ ရန်ဟုန်ဝမ်က
သူမကို ထားပစ်ခဲ့သည်။
ချန်ချိုင်ယွင်ရဲ့ နှလုံးသားက နာကျင်သွားသည်......
သူမကိုယ်သူမ လုံးဝ မထိန်းနိုင်ဘဲ ငိုယို ကျိန်ဆဲပြီး အိမ်ပြန်လာခဲ့သည်။ သူမသည် သူ့သားရဲ့ ဒီလို အနိုင်ကျင့်တာကိုခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
သူမခန္ဓာကိုယ်ထဲက နာကျင်မှုက သူမ နှလုံးသားထဲမှာ ခံစားရတာလောက် မဆိုးဘူး။
"ဘာဖြစ်နေတာလဲ၊ ဒါက ဘာဖြစ်နေတာလဲ"
အဖွားရန်လည်း အံ့အားသင့်သွားသည်။ "ဟုန်ဝမ် ဘယ်မှာလဲ၊ နင်တစ်ယောက်တည်း ဘာလို့ပြန်လာတာလဲ၊ ဘာဖြစ်လာလို့လဲ"
"ဆက်မပြောပါနဲ့တော့။ အသုံးအဖြုန်းကြီးလိုက်တဲ့ သား! ဝူး..."
သူမတို့ ပတ်ဝန်းကျင်က မိသားစုဝင်တွေက ရန်ဟုန်ဝမ် အကြောင်း မေးခဲ့ကြသည်။ ချန်ချိုင်ယွင်ရဲ့ နှလုံးသားက ပိုအေးစက်လာပြီး ဝမ်းနည်းလာသည်။ "ဒီလို ဆန်ကုန်မြေလေးကောင်ကို ကျွန်မ ဘယ်လိုများမွေးထားမိတာလဲ၊ ကျွန်မက အပြစ်သားပဲ။ ကျွန်မက..."
"ဘာကိစ္စဖြစ်လာလို့လဲ။ ဘာလို့လဲ"
အဖွား ရန်က စိတ်ပူပန်စွာနဲ့ စိတ်အနှောင့်အယှက်ဖြစ်ကာမေးလိုက်သည်။ "ကောင်းပြီ။ မငိုနဲ့တော့။ ဘာဖြစ်နေတာလဲဆိုတာ ငါ့ကို မြန်မြန်ပြောပြစမ်းပါ "
"ဟုတ်ပါတယ် မေမေ မငိုပါနဲ့တော့ ..."
ရန်လျန်ဟွာက အိမ်ပြင်မှ ခုံတန်းရှည်တစ်ခုကို အမြန်ရွှေ့လိုက်သည်။ "အမေ ဒီမှာလာထိုင်လိုက်"
"ငါတို့ဒီမှာဘာအတွက် ထိုင်နေရမှာလဲ။ အပြင်မှာအေးနေတယ် အထဲဝင်တော့!" ချန်ချိုင်ယွင်က တိုးတိုးလေးပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် အရမ်းအေးတယ်။ အရင်အထဲဝင်လိုက်" ရန်ချန်ယွီက ညင်ညင်သာသာလေးပြောလိုက်သည်။
လူတစ်စုက ထိတ်လန့်တကြားနဲ့ ချန်ချိုင်ယွင်ကို ဒုတိယမိသားစု၏ အိမ်ကို စေလွှတ်ကာ တံခါးပိတ်သွားခဲ့သည်။
ထိုအချိန်တွင် ချန်ချိုင်ယွင်ရဲ့ ခင်ပွန်းက ထမင်းစားခန်းထဲ ရေနွေးတည်နေသည်။ ချန်ချိုင်ယွင်က ထိုအခြေအနေထိ ရောက်သွားတာကို မြင်လိုက်ရသဖြင့် သူမ၏ ခန္ဓာကိုယ်ကို ပွတ်သပ်ရုံဖြင့် မလုံလောက်ဘဲ ရေချိုးဖို့ လိုအပ်သည်။
ဒုတိယမိသားစုရဲ့ အိမ်တံခါးကို ပိတ်ထားခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ဘေးခန်းကျဉ်းလေးမှာ နေတဲ့ လင်းရှောင်ယွဲ့ က အဲ့ဒီက လှုပ်ရှားမှုကို မကြားရတော့ဘူး။
လင်းရှောင်ယွဲ့က စိတ်ဝင်စားမှုမရှိတော့ဘဲ တံခါးကိုပိတ်လိုက်ပြီး လှည့်ကာ ကုတင်ပေါ်မှ ရန်ယန်ကို စိုက်ကြည့်နေခဲ့သည်။ "ဟိုမှာ ဘာတွေပြောနေကြလဲဆိုတာ မကြားရဘူး"
ရန်ယန်က အိပ်ရာဘေးကို ပုတ်ပြီးစကားပြောလိုက်သည်။ "သူတို့ပြောတာ မကြားရတော့လည်း ထားလိုက်တော့ါ သူတို့ရဲ့ စကားတွေကကြား မကောင်းဘူး။ ဒီလာပြီး လှဲနေ"
လင်းရှောင်ယွဲ့ ကုတင်ပေါ်ပြန်တက်ပြီး ရန်ယန်ဘေးမှာ ဆက်လှဲနေလိုက်သည်။
ရန်ယန်က သူမ ခန္ဓာကိုယ်ကို နောက်ကနေ ပွေ့ဖက်ထားပြီး လင်းရှောင်ယွဲ့က သူ့ရင်ခွင်ထဲ သက်တောင့်သက်သာ လှဲနေခဲ့သည်။
သူမခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်နဲ့ နီးကပ်နေသည်။ သူမခန္ဓာကိုယ်ကို သူ့ထဲက အပူဓာတ်ဖြင့် လွှမ်းခြုံထားသည်။ ဆောင်းရာသီဆိုရင်တောင် မအေးဘူး။
ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က ရန်ဟုန်ဝမ်အကြောင်း ခဏတာ ဆွေးနွေးခဲ့ကြပြီး ညက တဖြည်းဖြည်း နက်လာတာနဲ့အမျှ သူမလည်း အိပ်ချင်လာခဲ့သည်။
"ဆီမီးငြိမ်းလိုက်တော့၊ အိပ်ရအောင်" လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ရင်ခွင်ထဲဝင်ခွေလျက် ပျင်းရိစွာပြောလိုက်သည်။
"အွန်း"
ရန်ယန်ကိုယ်တစ်ပိုင်းထက ဆီမီးခွက်ကို ကတ်ကြေးဖြင့်ဖြတ်ကာ နောက်လှည့်ပြီးလှဲကာ သူမကို ဆက်ပွေ့ဖက်လိုက်သည်။
ဒါပေမယ့် သူ မအိပ်ရဲဘူး၊ မျက်စိလည်းမမှိတ်ရဲဘူး...
သူ့စိတ်ခွန်အားက ကြာရှည်မခံတော့ဘူးဆိုတာ သူသိပေမယ့် အိပ်မပျော်သေးဘဲ နိုးချင်နေသေးသည်...
လင်းရှောင်ယွဲ့ အိမ်ပျော်သွားတော့မယ့်အချိန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။
"ရှင့်ရဲ့လက်ကော"
လင်းရှောင်ယွဲ့က စောင်အောက်၌ ခဏတာ လှည့်ပတ်ကြည့်ရင်း ရန်ယန် လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ လက်ဖဝါးကြီးကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။
အာကာသနေရာလွတ် ထဲမှာ သူ့ကိုတွေ့ဖို့ သူမ သူကို ကိုင်ပြီး အိပ်ခဲ့သည်။
ဒါ့ပြင် သူလည်း အိပ်ပျော်နေမှရမည်။
သူ မအိပ်ဘူးဆိုရင် အာကာသနေရာလွတ်ထဲ ဝင်လို့မရဘူး။
လင်းရှောင်ယွဲ့က မနက်ဖြန်မှာ သူရှိနေမယ်လို့ မျှော်လင့်သည်။ ထို့ကြောင့် ရန်ယန် လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့ သံသယစိတ်ကိုထပ်မံဖျောက်ပေးခဲ့သည်။ "ရှင် ဒီနေ့ထပ်ပြီး မအိပ်ဘဲမနေနဲ့။ မနက်အစောကြီးထိ မအိပ်ဘဲမနေနဲ့၊အေးအေးဆေးဆေး အိပ်လိုက်။ ရှင် အိပ်ပျော်နေမယ်ဆိုရင် မနက်ဖြန်နိုးလာမယ့် သူက သေချာပေါက် ရှင်ပဲ ဖြစ်နေမှာ"
ရန်ယန်က သူမရဲ့ ထူးဆန်းတဲ့ စကားတွေကို နားထောင်ခဲ့သည်။ သူ့နှုတ်ခမ်းထောင့်က ညင်သာစွာ ကြွလာသည်။ "သေချာလို့လား"
လင်းရှောင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ "ရှင်ဖြစ်မယ်ဆိုတာ သေချာတယ်၊ ဒါပေမယ့် ရှင်အိပ်မှရမယ်။ နောက်ကျတဲ့အထိတော့ မနေရဘူး"
ခေါင်းငုံ့လိုက်ချိန် ရန်ယန်ရဲ့ မေးစေ့က သူမ နဖူးကို မှီကာ သက်ပြင်းချလိုက်သည်။ "မင်း အိပ်တော့ ကိုယ့်အတွက် စိတ်မပူနဲ့"
လင်းရှောင်ယွဲ့ က သူ့ကို အိပ်ပျော်သွားစေဖို့အတွက် သူမကို ဒီလိုလှည့်စားခဲ့တာလို့ တွေးခဲ့သည်။
"ရှင် မြန်မြန်အိပ်ရမယ်နော်! ရှင်မအိပ်ရင် မနက်ဖြန် နိုးလာမယ့် သူက သေချာပေါက် ရှင် မဟုတ်ဘူး။ ရှင် အိပ်ပျော်နေရင် မနက်ဖြန် နိုးလာတဲ့သူက ရှင် ဖြစ်လာနိုင်ချေ ရှိတယ် ဟုတ်ပြီလား" လင်းရှောင်ယွဲ့က သူ့ရင်ဘတ်ကို ပုတ်ပြီးနှစ်သိမ့်ပေးခဲ့သည်။
ရန်ယန်က ကျိတ်ရယ်လိုက်သည်။ "ဟုတ်ပါပြီ ..."
ထို့နောက် လင်းရှောင်ယွဲ့ အိပ်ပျော်သွားပြီးနောက် မကြာခင် ရန်ယန်လည်း တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
နွေးထွေးတဲ့ အိပ်ယာ၊ နွေးထွေးတဲ့ သူမ၊ သူ့နားထဲမှာ သူမရဲ့ဟောက်သံ၊ ဒီလိုလေထုမျိုး.... မင်းရဲ့ စိတ်ကို ထိန်းထားဖို့က တကယ်ကို ခက်ခဲတယ်။
ထို့အပြင် ရန်ယန်က သူမ မှန်တယ်လို့ ခံစားမိသည်။
သူတစ်ညလုံး အိပ်မပျော်ရင်တောင် မနက်ဖြန် သူမနဲ့ အတူ ရှိနိုင်မှာ မဟုတ်ဘူး။ နေ့ခင်းဘက်အထိ သူ့ခန္ဓာကိုယ်ရဲ့ စိတ်ဓာတ်ခွန်အားက သူ့အတွက် လုံလောက်မှု မရှိဘူးဆိုတာ သတိရမိသည်။
ရန်ယန် ရိုးရိုးလေး အိပ်ပျော်သွားသည်။
အိပ်မက်စာကြည့်ခန်းတွင် လင်းရှောင်ယွဲ့က ရန်ယန် သုံးယောက်ကို တွေ့ခဲ့သည်။
သူမ ဆန္ဒအတိုင်း တယောက်ကို ဆုပ်ကိုင်လိုက်သည် ..... အဲဒါ တတိယရန်ယန်ပဲ။
သူမ မျက်လုံးထဲတွင် ရန်ယန် သုံးယောက်လုံးက ရန်ယန် ဖြစ်သော်လည်း လူတွေက ထူးဆန်းနေသည်။
လင်းရှောင်ယွဲ့က သုံးဦးထဲမှ အလိုချင်ဆုံးလူမှာ တတိယရန်ယန်ဖြစ်ကြောင်း ဝန်ခံရမည်။
နောက်ရက်အနည်းငယ်ကြာသည့်တိုင် လင်းရှောင်ယွဲ့က တတိယရန်ယန်ကို အိမ်မက်စာကြည့်ခန်းတွင် တိုက်ရိုက်ရွေးချယ်ခဲ့သည်။
ထို့ကြောင့် တတိယရန်ယန်ကိုယ်တိုင်က မကြာခဏဆိုသလို သူ ထွက်လာနိုင်တာကို မယုံကြည်နိုင်ခဲ့ပေ။
ဤကိုယ်ခန္ဓာရဲ့ ကြီးစိုးမှုကို သူ့ကို ပေးထားတာလားဆိုတာကို သူစတင်ပြီး သိချင်လာခဲ့သည်။
ဒါကို တကယ်ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူစွန့်လွှတ်ပြီး ရဲဝံ့စွာလုပ်ဆောင်နိုင်တဲ့ အရာတွေရှိသည်။
ဥပမာ လင်းရှောင်ယွဲ့ ...
သူအမြဲတမ်း သူမကို သူ့ရဲ့မိန်းမအစစ်ဖြစ်အောင် လုပ်ချင်တာ။
လရဲ့ ၅ ရက်နေ့ မှာ တတိယရန်ယန် ထွက်လာသေးသည်။
ချမ်းအေးတဲ့ညမှာ ရန်ယန်က လင်းရှောင်ယွဲ့ကို အိမ်မှာထားခဲ့ပြီး သူ့ရဲ့မြေအောက်လုပ်ငန်းကို တစ်ယောက်တည်း လုပ်ကိုင်ဖို့ ထွက်သွားခဲ့သည်။
လင်းရှောင်ယွဲ့ အိမ်ထဲမှာ တစ်ယောက်တည်း အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့သည်။ တံခါးဝမှ လေတိုက်ခတ်လာတဲ့ လေက စောင်အောက်မှာ ကွေးနေတဲ့ လင်းရှောင်ယွဲ့ကို အေးခဲပြီး တုန်လှုပ်သွားစေသည်။
ဒီည သူမရဲ့အိပ်ယာကို နွေးထွေးစေမယ့်သူမရှိသလို သူမ အိပ်နေချိန်မှာ ကိုင်ထားဖို့ ပူလောင်နေတဲ့ ခန္ဓာကိုယ်လည်း မရှိခဲ့ဘူး။ သူမက ချမ်းအေးလှသောညတွင် ဗလာကျင်းနေတဲ့ ကုတင်ပေါ်၌ တစ်ယောက်တည်း အထီးကျန်နေတော့မယ်လို့ ထင်မှတ်ရသည်။
သူမ အရင်က သူမစာကြည့်ခန်းတွင် နွေးထွေးစေတဲ့ကော်ပစ္စည်း တစ်သုတ်ကို အွန်လိုင်းမှ ဝယ်ယူခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အချက်အလက်တွေကို ကြည့်ရှုခဲ့ရာ သဘက်ခါတွင် ရောက်ရှိလာမည်ဖြစ်ကြောင်း ပြသထားသည်။
(TN- အပူပေးကိရိယာဖြစ်သည့် နွေးထွေးစေတဲ့ကော်ပစ္စည်းဟုလည်း ခေါ်သည်။)
နွေးထွေးစေတဲ့ကော်ပစ္စည်းရောက်လာတဲ့အခါ လင်းရှောင်ယွဲ့က သက်တောင့်သက်သာရှိတဲ့ ဆောင်းရာသီကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ရန်မိသားစုက မကြာခင်က ကောင်းမွန်နေပုံရပေမယ့် အမှန်တကယ်တော့ ပဋိပက္ခအချို့ရှိနေသည်။
ရန်ဟုန်ဝမ်က လောင်းကစားမှ ငွေအမြောက်အမြား အကြွေးတင်နေသည့်အချက်က မကြာခင်တွင် ချန်ချိုင်ယွင် ပါးစပ်မှ တစ်မိသားစုလုံးဆီ ပျံ့နှံ့လာခဲ့သည်။
အရင်နှစ်သစ်တွေမှာ ရန်ဟုန်ဝမ်က အိမ်ပြန်ရောက်တဲ့အခါ မြေအောက်လောင်းကစားရုံကို နေ့တိုင်းသွားလေ့ရှိသည်။
ဒါပေမယ့် ဒီနှစ်တစ်နှစ်တည်းမှာ ရန်ဟုန်ဝမ်ရဲ့ စိတ်အခြေအနေက အရင်နှစ်နှစ်ထက် ပိုကောင်းမလာခဲ့ဘူး။
အိမ်မှာ လင်းရှောင်ယွဲ့ တစ်ယောက်တည်းပဲ သိတယ်... ရန်ယန်က နေ့တိုင်းကာစီနိုကိုသွားပြီး ရန်ဟုန်ဝမ်ကို စိုက်ကြည့်နေသည်။
ရန်ယန်ရဲ့ လျှို့ဝှက်နည်းလမ်းတွေရဲ့ ထိန်းချုပ်မှုအောက်တွင် ရန်ဟုန်ဝမ်က ကြီးကြီးမားမား နိုင်ပွဲများနှင့် အထူးအရှုံးများကြား နေ့တိုင်း လှည့်လည်နေခဲ့သည်။
နေ့တိုင်း သူ့မျက်လုံးတွေက အရှုံးကြောင့် နီရဲနေပေမယ့် အခုထိ မရပ်နိုင်သေးတာမို့ ကာစီနိုမှာ သူ့အကြွေးတွေ များနေတော့တာပဲ။
အကြွေးတွေ တိုးလာခြင်းကြောင့် ရန်ဟုန်ဝမ်ရဲ့ စိတ်အခြေအနေက မကြာခင် ရက်တွေအတွင်း ကမောက်ကမဖြစ်လာပြီး အိမ်ပြန်ရောက်တဲ့အခါ ပြုံးနေတဲ့မျက်နှာကို ထိန်းဖို့ နည်းလမ်းမရှိတော့ပေ။
အစကတည်းက ချန်ချိုင်ယွင်က သူမသား နှစ်သစ်ကူးအတွက် အိမ်ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။ ယခု နေ့တိုင်း ရန်ဟုန်ဝမ်ကို မြို့ပြန်ဖို့ တိုက်တွန်းခဲ့သည်။ အိမ်မှာ မနေပါနဲ့တော့ မျက်စိနာတယ်။
ရန်ဟုန်ဝမ်နဲ့ ချန်ချိုင်ယွင်တို့က ရန် မိသားစု၏ အခြားလူကြီးများရှေ့တွင် နှစ်ကြိမ် ရန်ဖြစ်ခဲ့ကြသည်။
ကာစီနိုက သူ့အကြွေးတွေ ပိုတိုးလာရင် သူ့ဒေါသက ပိုပိုကြီးလာသည်။ ဤသည်မှာ ကမ္ဘာပေါ်ရှိ လောင်းကစားသမားအားလုံး၏ ဖြစ်ရိုးဖြစ်စဉ်ဖြစ်နိုင်သည်။
ယနေ့ညတွင် အိပ်ရာဝင်ဖို့ စောစောလှဲနေခဲ့တဲ့ လင်းရှောင်ယွဲ့က ချန်ချိုင်ယွင်ရဲ့ ဆဲဆိုသံနဲ့ အော်ဟစ်သံကြောင့် မမျှော်လင့်ဘဲ နိုးလာခဲ့သည်။
ချန်ချိုင်ယွင်က ကာစီနိုကိုသွားကာ ရန်ဟုန်ဝမ်ကို ပြန်ခေါ်လာပြီး သားအမိနှစ်ယောက်လုံး ငြင်းခုံနေကြဆဲဖြစ်သည်။
ရန်ဟုန်ဝမ်က လွန်ခဲ့သည့် နှစ်ရက်ထဲက သူ့ငွေအားလုံး ဆုံးရှုံးသွားတာကြောင့် ချန်ချိုင်ယွင်ကို ပိုက်ဆံချေးရန် တောင်းဆိုခဲ့သည်။
အိမ်မကြီးမိသားစုနဲ့ အဖွားရန်ဆီကနေတောင် ပိုက်ဆံချေးခဲ့သည်...
သူပြောခဲ့တာက သူမြို့ကို ပြန်ရောက်တဲ့အခါ သူတို့ဆီကို ပိုက်ဆံတွေ ပို့ပေးပါ့မယ်ဆိုပြီးတော့ပေါ့။
ချန်ချိုင်ယွင် မိသားစုက ထိုကဲ့သို့ အခြေအနေမျိုးတွင် ရှိနေတာကို မြင်လိုက်ရသဖြင့် လင်းရှောင်ယွဲ့က မြစ်တလျှောက် မီးတောက်နေသော မီးကို ကြည့်ရှုရင်း သဘာဝအတိုင်း စိတ်အခြေအနေကောင်းနေသည်။
ချန်ချိုင်ယွင်နဲ့ ရန်ဟုန်ဝမ်တို့ရဲ့ ဆူညံတဲ့ အသံတွေကို နားထောင်ရင်း လင်းရှောင်ယွဲ့က ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့သည်။
ညဘက်တွင် ရန်ယန်ပြန်ရောက်လာခဲ့သည်။
ကုတင်ပေါ်တက်ပြီးနောက် လင်းရှောင်ယွဲ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်.....
ဒီရက်ပိုင်း သူမအကြောင်းတွေးကြည့်လိုက်တော့ အိပ်ရာမဝင်ခင် ညတိုင်း သူမက သူ့လက်ကို ကိုင်ထားခဲ့သည်။
ရန်ယန် မျက်လုံးမှိတ်ကာ အိပ်ပျော်မသွားမီ သူမ လက်လေးကို ဆုပ်ကိုင်ထားလိုက်သည်။
သူနည်းနည်းလောက် အိပ်ပျော်သွားတာနဲ့ လင်းရှောင်ယွဲ့ စာကြည့်ခန်းတွင် ရန်ယန် သုံးယောက်က ကုတင်ပေါ်တွင် ပေါ်လာခဲ့သည်။ အာကာသနေရာလွတ် ထဲတွင် တစ်ခုခုအတွက် အွန်လိုင်းတွင် ဈေးဝယ်နေသည့် လင်းရှောင်ယွဲ့က ထိုနေရာတွင် အားပျော့တဲ့ လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရသည်။
လမ်းလျှောက်ကြည့်လိုက်ရာ ရန်ယန် သုံးယောက်ကို တွေ့လိုက်ရသည်။
သူ သူမလက်ကို ကိုင်ထားပြီး အိပ်ပျော်သွားတာဖြစ်ရမယ်ဆိုတာ သူမ သိလိုက်သည်။
သူမလက်ကို ဆုပ်ကိုင်ထားဖို့ သူ တကယ်သိတယ်။ ဘယ်လောက် ထက်မြက်ပြီး ကောင်းလိုက်တဲ့ ကလေးလေးလဲ...
လင်းရှောင်ယွဲ့က ကုတင်စွန်းတွင် ထိုင်ကာ သူ့လက်ကို ဆုပ်ကိုင်ပြီး တတိယရန်ယန်ကို ရွေးလိုက်သည်။
ယောကျ်ားသုံးယောက်စလုံးကို သူမ မပိုင်ပေမယ့် ဘက်လိုက်တဲ့သူက ဘက်လိုက်နေသေးသည်။
ဒါပေမယ့် သူမမှာ ရွေးချယ်စရာရှိရင် မဆိုင်းမတွဘဲ တတိယရန်ယန်ကို ရွေးလိမ့်မည်။
ယောက်ျား......ကောင်းတယ်၊ လုံခြုံရေးက အရင်ဦးဆုံးပဲ။
နှစ်သစ်ကူးအကြိုနီးလာခဲ့ပြီ။
လင်းရှောင်ယွဲ့က သူမရဲ့ တတိယ ရန်ယန်ကို တစ်လခွဲကျော်ကြာ ထုတ်ယူဖို့ နည်းလမ်းကို အသုံးပြုခဲ့သည်။
ထို့ကြောင့် တတိယ ရန်ယန်က တစ်လခွဲကျော် ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။
ဤခန္ဓာကိုယ်ပိုင်ရှင်က သူ့ဟာဖြစ်သင့်တယ်လို့ ပိုပိုပြီး ခံစားလာရပြီး ကျန်နှစ်ဦးမှာ သူ့ကိုမဖိနှိပ်နိုင်တဲ့ ရန်ယန်ဖြစ်မယ်လို့ ခန့်မှန်းရသည်။
တတိယရန်ယန်က မကြာခင့က ပိုပြီးဂုဏ်ယူလာခဲ့သည်။
သူ မကြာခဏ ထွက်လာတာကို အခွင့်ကောင်းယူပြီး နေ့တိုင်း အပြင်ထွက်သည်။
နေ့ခင်းဘက် အပြင်ထွက်တာပဲဖြစ်ဖြစ် ညဘက်အပြင်ထွက်တာပဲဖြစ်ဖြစ် ...
လင်းရှောင်ယွဲ့ က သူ့ကို အိမ်မှာ ဖုံးဖိထားပြီး အပြင်ထွက်တဲ့အခါ သတိထားဖို့ ညွှန်ကြားခဲ့သည်။
ရန်ယန်က အပြင်ထွက်တိုင်း ပိုက်ဆံအများကြီးရှာခဲ့ပေမယ့် လင်းရှောင်ယွဲ့က သူ ထွက်သွားတဲ့အချိန် သူ ဘာလုပ်ခဲ့မှန်း သူမ မသိပေ။
အခုလဝက်အတွင်းတွင် လင်းရှောင်ယွဲ့က စုစုပေါင်း ယွမ် ၁၅၀ ရရှိခဲ့သည်။
သူမ အရမ်းပျော်သွားသည်။
အိမ်အသစ်ဝယ်ဖို့ ယွမ် ၁၀၀၀ ကျော်သာကျန်တော့တယ်လို့ သူမခံစားမိသည်။
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ကို ယွမ်ငွေ ၁၃၀၀၊၂၀၀၀ နဲ့ ဒီရက်ပိုင်းမှာ မြို့ထဲက အိမ်သေးသေးလေးတစ်လုံး ဝယ်လို့ရလားလို့ မေးခဲ့သည်။
လာမယ့်နှစ်မှာ မြို့တွင်းမှာ အိမ်တစ်လုံးဝယ်နိုင်ရင် ပြုပြင်ပြောင်းလဲရေးဖွင့်ပြီးတာနဲ့ မြို့ထဲကို တိုက်ရိုက်ပြောင်းရွှေ့နေထိုင်ပြီး စီးပွားရေးလုပ်ငန်းလေးတစ်ခု စတင်ဖို့ အချိန်ကျလာတဲ့အခါ ငါးဆားနယ်ရဲ့ ဘဝက ပိုပြည့်စုံလာလိမ့်မည်။
မနက်ဖြန်ညက နှစ်သစ်ကူးအကြိုဖြစ်သည်။ ရန်ယန် ဒီည အပြင်ထွက်သွားပြန်သည်။
လင်းရှောင်ယွဲ့ က ဝမ်ရှို့ယင် အိမ်မှာ ရှိနေခဲ့သည်။ ယောက္ခမနဲ့ချွေးမ နှစ်ယောက်သား ပဲငံပြာရည်နဲ့အသားကို ချက်နေကြပြီး ရန်တယုံက ဘေးမှာ ဆေးလိပ် သောက်နေသည်။
တတိယမိသားစုက မကြာခင်က ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည့် ဒုတိယမိသားစုထက် ပိုမိုအေးချမ်းသည်။
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို "လွန်ခဲ့တဲ့ နှစ်ရက်က ရှောင်ယန်ဆီမှာ ဘာဖြစ်သေးလဲ။ ခုထိ သူ ပြန်မလာသေးဘူးလား"လို့မေးနေသည်။
ဝမ်ရှို့ယင်က ကလေး ရန်ယန် အကြောင်း မေးနေတာကို လင်းရှောင်ယွဲ့ သဘောပေါက်ခဲ့သည် ...
ဝမ်ရှို့ယင်က ကလေး ရန်ယန်ကို မတွေ့တာ ကြာပြီဖြစ်ပြီး လက်ရှိ ရန်ယန်နဲ့ စကားမပြောရတာလည်း အတော်ကြာနေပြီဖြစ်သည်။
သူမ တစ်ခါတစ်ရံ ရန်ယန်နဲ့ စကားပြောချင်ပေမယ့် သူမ မပြောရဲဘူး။
"အမေ ရှောင်ယန် ဒီနှစ်ရက်မှာ နေကောင်းနေပါတယ်။ အခု သူဘယ်လောက်တောင် အလုပ်ကြိုးစားနေလဲဆိုတာ အမေ မသိဘူး"
လင်းရှောင်ယွဲ့ က ဆရာသမား၏ အဆိုအရ တကယ့် ရန်ယန် ဆိုသည့် ကလေး ရန်ယန် အကြောင်း မပြောဘဲ သဘာဝအတိုင်း ရှောင်ရှားခဲ့သည်။ “နောက်နှစ်မှာ သူ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုစေချင်တယ်တဲ့။ အခုရက်ပိုင်းမှာ စာဖတ်ဖို့ အခန်းထဲမှာ နေနေတယ်။ စာအုပ်ဖတ်ရတာ ပျင်းတဲ့အခါ အနားယူတယ်၊ အနားယူပြီးရင် ပြန်ဖတ်တယ်။ ဒီအချိန်မှာ ပင်ပန်းပြီး အိပ်ပျော်သွားရောပဲ။ သူ ဒီနေ့တစ်နေ့လုံးစာဖတ်နေခဲ့တာ!"
ဝမ်ရှို့ယင်က ဒီအရာကို ကောင်းတာလား မကောင်းတာလားကို မသိခဲ့ပေ။ "ရှောင်ယွဲ့၊ အခု ရှောင်ယန်ကို ဘယ်လိုထင်လဲ"
"ကောင်းပါတယ်" လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။
ဝမ်ရှို့ယင်က တစ်နည်းတစ်ဖုံ မကောင်းတာကို ခံစားနေရတုန်းပဲ။ "အမေ ဆိုလိုချင်တာက အခု ရှင်းရှင်းလင်းလင်းရှိတဲ့ ရှောင်ယန်က အရင် မရှင်းမလင်းဖြစ်နေတဲ့ ရှောင်ယန် နဲ့ယှဥ်ရင် ကောင်းတယ်လို့ ထင်လားလို့ပြောတာ "
"လက်ရှိ ရှောင်ယန်က ကောင်းတယ်လို့ထင်တယ်!"
လင်းရှောင်ယွဲ့ သေချာစွာ ခေါင်းညိတ်ပြလိုက်သည်။ "အဲဒီဆရာဆီ ရောက်ကတည်းက ရှောင်ယန်ရဲ့ အခြေအနေက အရမ်းတည်ငြိမ်နေပြီ၊ သူ့ကိုယ်ပိုင် အတွေးအမြင်တွေ ရှိလာခဲ့တယ်။ သူ စာကျက်ချင်တယ်၊ ဝင်ခွင့်စာမေးပွဲ ဖြေဆိုချင်တယ်၊ လူကောင်းဖြစ်ချင်တယ်။ တကယ်ကောင်းတယ်!"
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ပြောတာကို ကြားတော့ မဆိုးဘူးလို့ ထင်နေပုံရသည်..... ဒီအတွက် တစ်ခုတည်းသော မကောင်းတာက သူ သူမနဲ့ မရင်းနှီးတော့တာ ဖြစ်နိုင်သည်။
"ငါ အဟမ်း...... သူနဲ့ဒီမတိုင်ခင်က စကားပြောဖူးတယ်"
ရန်တယုံက ဆေးလိပ်တစ်လိပ်သောက်နေပြီး စကားပြောခဲ့သည်။ "သူ အများကြီးမှတ်မိတယ်။ ငယ်ငယ်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို မှတ်မိတယ်။ အာဃာတရှိနေလို့ ငါတို့ကို လက်မခံချင်တာ။ တကယ်တော့ ငါ့ရင်ထဲမှာ ဒီတစ်ခါတော့ ဆရာ့ကိုတွေ့ပြီးတဲ့နောက်မှာ သူ့ဦးနှောက် ကြည်လင်လာတာကိုမြင်တယ်။ ဒါကြောင့် သူ ငါတို့နဲ့အနီးကပ်မနေတာ။ အရင်ကနဲ့ ယှဉ်ရင် အခုအခြေအနေက ပိုကောင်းလာမှာ သေချာတယ်"
ဝမ်ရှို့ယင်က ရန်တယုံ ပါးစပ်ဖွင့်ဟသံကို ကြားလိုက်တဲ့အခါတွင် သူမ အနည်းငယ် သက်သာရာရသွားသည်။
မိသားစု သုံးယောက် စကားစမြည်ပြောနေခဲ့ကြသည်။ ရုတ်တရက် တံခါးခေါက်လာခဲ့သည်...
တံခါးဝမှ ရန်ဟုန်ဝမ်ရဲ့ အသံထွက်လာခဲ့သည်။ "တတိယဦးလေး၊ တတိယအဒေါ် အိပ်ပျော်နေကြပြီလား၊ ကျွန်တော် ဝင်လာလို့ရမလား"
ရုတ်တရက် ဖိတ်ခေါ်ထားခြင်းမရှိတဲ့ ဧည့်သည်က လင်းရှောင်ယွဲ့နဲ့ အခြားနှစ်ယောက်တို့ကို တစ်ယောက်ကိုတစ်ယောက်ကြည့်စေခဲ့သည်......
ဝမ်ရှို့ယင်က သဘောတူလိုက်သည်။ "ဝင်လာခဲ့"
ရန်ဟုန်ဝမ်က တံခါးကို တွန်းဖွင့်လိုက်သည်......