အခန်း (၄၇)
Vol. 4 Ch. 47
လင်းရှောင်ယွဲ့ မှာ ချန်ချိုင်ယွင်ကို သတိပေးဖို့ ကြင်နာတတ်ပေမယ့် ဦးနှောက်မရှိတဲ့ ချန်ချိုင်ယွင်က သူမသားနဲ့ အတူ သူမကို စပြီး ဆူဆဲခဲ့မယ်လို့ ဘယ်သူသိမှာလဲ။
လင်းရှောင်ယွဲ့က အခန်းကျဉ်းလေးထဲ ရိုးရိုးရှင်းရှင်း ပုန်းနေလိုက်သည်။ သူတို့က အလိုရှိသလို ဆူဆဲနေကြသည်။ ဘာပဲဖြစ်ဖြစ် သူမ အသားပဲ့ပါသွားတာမှမဟုတ်တာ။
သူမရဲ့သတိပေးချက်ကို နားမထောင်ရင် ချန်ချိုင်ယွင် တခါတရံ ငိုရလိမ့်မည်။ လင်းရှောင်ယွဲ့ ကတော့ ပြပွဲကို ကြည့်ရှုရင်း ပျော်ရွှင်လိမ့်မည်။
ချန်ချိုင်ယွင်က ခြံဝင်းထဲမှာ အခန်းကျဉ်းလေးထဲက လင်းရှောင်ယွဲ့ကို ကျိန်ဆဲပြီး အော်ငေါက်နေတုန်းပဲ။
ရန်ဟုန်ဝမ်က အမုန်းမျက်လုံးတွေနဲ့ လင်းရှောင်ယွဲ့ရဲ့ အိမ်ငယ်လေးကို စိုက်ကြည့်နေသည်။
ရန်တယုံဆီမှ ငွေတွေမကြာမီ ရနိုင်သည်ကိုမြင်နေရပြီဖြစ်ပေမယ့် ကိုယ်ချင်းမစာတတ်တဲ့ ဒီမိန်းမ လင်းရှောင်ယွဲ့ ကအပြင်ထွက်လာပြီး ကသောင်းကနင်းဖြစ်စေခဲ့သည်။
ရန်ဟုန်ဝမ်က လက်သီး ဆုပ်ထားပြီး သူ့နှလုံးသားက ဒေါသတွေ ပြည့်နှက်နေသည်။
"ဒီကောင်မစုတ်လေးမှာ ရည်ရွယ်ချက်ကောင်း ရှိမှာမဟုတ်ဘူး။ သူမ အိမ်ထဲဝင်လိုက်တာနဲ့ သူမက စိတ်ပူစရာမရှိတဲ့လူ မဟုတ်ဘူးဆိုတာ ငါသိလိုက်တယ်။ အခု ငါ့အိမ်ကို လာဆွရဲတယ်ပေါ့လေ။ နင်ဘာလို့ မသေရတာလဲ"
ချန်ချိုင်ယွင် ရဲ့ ဆဲဆိုကြိမ်းမောင်းသံက ပိုပိုပြီး ဆိုးရွားလာခဲ့သည်။ "နင့်လိုမိန်းမက စောစောသေသင့်တာ၊ ငါတို့မိသားစုကို ဝင်ရှုပ်တာမလုံလောက်သေးဘူးလို့ တွေးနေတုန်းလား "
"ဒုတိယ ယောက်မ တော်လောက်ပြီ"
နောက်ပိုင်းမှာ ဝမ်ရှို့ယင်က နားမခံသာတော့ဘဲ ချန်ချိုင်ယွင်ကို ပြန်ပြောဖို့ အိမ်ကထွက်လာခဲ့သည်။ "ခွေးကိုရိုက်ပြီး ပိုင်ရှင်ကိုကြည့်နေတယ်။ နင်ကများ ငါ့သားရဲ့မိန်းမကို အဲ့လိုဆဲဆိုနေသေးတယ်။ ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့များ နင် ထင်နေတာလား"
"ဘာလဲ! ငါသူ့ကို အပြစ်ဖော်ပြီးဆုံးမနေတာကို နင်က အဲဒါကို စိတ်ဆိုးနေတာလား။ ငါနဲ့ ငြင်းခုန်ချင်နေသေးတာလား"
ချန်ချိုင်ယွင် ဒေါသထွက်လွန်းလို့ လည်ပင်းကိုဆန့်ပြီး မတ်မတ်ရပ်ပြီး ဝမ်ရှို့ယင်ကို လက်ညိုးထိုးခဲ့သည်။ "နင်က ဒီလိုမျိုး သီလရှိတဲ့ မိန်းမကို တောင်းထားပြီး ရတနာတစ်ခုလို ကာကွယ်နေတယ်။ နင့်မှာလည်း ဦးနှောက်ပြဿနာရှိနေပြီလို့ ငါထင်တယ်။ ငါ သူ့နေရာကို အစားထိုးဖို့ နင့်ကိုပြောခဲ့ပေမယ့် နင် မပြောင်းခဲ့ဘူး! နင့်မိသားစု သူ့ကြောင့် ပျက်စီးသွားတဲ့ အချိန်ကျမှ တွေ့မယ်!"
ဝမ်ရှို့ယင်က ဒီနှစ်တွေတစ်လျှောက်လုံးမှာ ချန်ချိုင်ယွင် ကို မနှစ်သက်ခဲ့ပေမယ့် ၎င်းတို့၏ မိသားစုအခြေအနေကြောင့် သူမရဲ့ ဖိနှိပ်တာကိုခံခဲ့ရသည်။
အခု မိသားစုကွဲသွားပြီဆိုတော့ ချန်ချိုင်ယွင်ကို အခွင့်ကောင်းယူခွင့်မပေးနိုင်တော့ဘူး။
ဒါကြောင့် ဖိနှိပ်ခံရဖို့ အကြောင်းပြချက် မရှိဘူး။
"ငါ့သားရဲ့ မိန်းမက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ နင့်ကိစ္စ မဟုတ်ဘူး။ မင်း ငါတို့မိသားစုရဲ့ ကိစ္စကို ဂရုစိုက်ဖို့ နင်ကအချိန်ဖြုန်းနေတာပဲ။ နင့်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး!"
ဝမ်ရှို့ယင်က ပြဿနာဖြစ်မှာကို မကြောက်ဘဲ ချက်ချင်း တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
"ငါ့သားကဘာဖြစ်နေလို့လဲ။ ငါ့သား။ ငါ့သားက နင့်သားရဲ့မိန်းမထက် ပိုဆိုးနေလို့လား။ငါ့သားက အဆ ၁၀၀ အဆ ၁၀၀၀၀ ပိုကောင်းတယ်ဟဲ့ "
ချန်ချိုင်ယွင်က ဒေါသတကြီးပြောပြီး ငြင်းခုံခဲ့သည်။ "ငါ့သားက မြို့မှာ အိမ်ရှိတယ်၊ အလုပ်ရှိတယ် မိန်းမလည်းရှိတယ်။ ဒါက နင့်ရဲ့ရူးနေတဲ့သားထက် တစ်သက်တာအောင်မြင်မှုပဲ။ ဘာဖြစ်လို့လဲ နင်က မနာလိုဖြစ်နေတာလား။ အဲ့တာကြောင့်မို့ နင့်သားရဲ့မိန်းမကို ပြဿနာဖြစ်အောင်ခွင့်ပြုထားပြီး ငါတို့ရဲ့ဆက်ဆံရေးကို ခွဲနေတာမလား ဟုတ်တယ်မလား"
ချန်ချိုင်ယွင်က ဖိုက်တာတစ်ယောက်လို သူမအင်္ကျီလက်တွေကို လိပ်တင်ခဲ့သည်။ "ဝမ်ရှို့ယင်၊ ငါတကယ် မမြင်ဖူးဘူး။ နင်လည်း လူတွေကို ဒုက္ခပေးနိုင်စွမ်း ရှိတယ်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကောင်းကောင်း ဖုံးထားထားတာပဲ!"
ချန်ချိုင်ယွင်ရဲ့ အသံက ပိုပိုကျယ်လာပြီး ရန်မူလာကာ ခြံဝင်းတစ်ခုလုံး သူမရဲ့အသံတွေနဲ့ ချက်ချင်းပြည့်နှက်သွားခဲ့သည်။
ဒီရက်တွေမှာတော့ ချန်ချိုင်ယွင်က အိမ်မှာ နေ့တိုင်း ရန်ဖြစ် အော်ငေါက်နေခဲ့သည်။
ဒီနှစ်က သူမကြောင့် နှစ်သစ်က အရမ်းအသက်ဝင်နေသည်။
ယနေ့ညနေခင်းတွင် ရန်ဖြစ်စကားများသံကြောင့် ပထမအိမ်နဲ့ အိမ်မကြီးဘက်က ရန်မိသားစုတွေ ထွက်လာပြန်သည်။
လူအချို့က စိတ်လှုပ်ရှားစွာ ကြည့်ရှု့ဖို့ ထွက်လာကြပြီး အချို့က သူတို့ကို ဖျောင်းဖျဖို့ ထွက်လာကြသည်။
မနက်ဖြန်ဆို နှစ်သုံးဆယ်ပြည့်ပြီမို့ ရှုပ်ထွေးအောင်လုပ်နေတာလား။
ခြံဝင်းထဲတွင် မိသားစုသုံးစုမှ လူများ ချက်ချင်းပြည့်သွားခဲ့သည်။
အခန်းကျဉ်းလေးထဲမှာတော့ လင်းရှောင်ယွဲ့ က အပြင်ဘက်က ပိုပိုပြီး သက်ဝင်လှုပ်ရှားလာတဲ့ အခြေအနေတွေကို နားထောင်ခဲ့သည်။ ဝမ်ရှို့ယင် ဒုက္ခရောက်မှာကို ကြောက်တဲ့အတွက် သူမ အခန်းကျဉ်းလေးထဲကနေ ပြန်ထွက်လာပြီး ဝမ်ရှို့ယင် နောက်ကို အမြန်လိုက်ခဲ့သည်။
လင်းရှောင်ယွဲ့ ထွက်လာတာကိုမြင်တော့ ချန်ချိုင်ယွင်က ကြောင်တစ်ကောင်က ကြွက်ကို စိုက်ကြည့်နေသလိုမျိုးကြည့်ပြီး လင်းရှောင်ယွဲ့ ကို ချက်ချင်းပိတ်လိုက်သည်။ "ဒီနေ့ လူတွေကို စော်ကားမိမှာကို နင်တကယ်မကြောက်ဘူးပဲ။ တတိယမြောက်ယောက်မ၊ ငါပြောပါရစေ လင်းရှောင်ယွဲ့က မကောင်းဘူး။ ဒါ ငါတစ်ယောက်တည်းပြောတာ မဟုတ်ဘူး။ တစ်မိသားစုလုံးက အဲ့လိုပြောကြတာ။ ငါ ပထမယောက်မကို မေးပြမယ်"
ဇာတ်လမ်းတွဲကောင်းကို ကြည့်ရှုဖို့ အသင့်ဖြစ်နေတဲ့ ရန်ချန်ယွီက ချန်ချိုင်ယွင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲထဲ သိသိသာသာ ဆွဲသွင်းခံခဲ့ရသည်။
ဒါပေမယ့် ပစ်မှတ်မှာ လင်းရှောင်ယွဲ့ ဖြစ်တာကြောင့် ရန်ချန်ယွီက လင်းရှောင်ယွဲ့ကို စော်ကားဖို့ မကြောက်ခဲ့ပေ။ သူမက ချောမွေ့စွာနဲ့ စကားဝိုင်းထဲဝင်လာခဲ့သည်။ "တတိယယောက်မ၊ ယောက်မက သူမအတွက် အရမ်းစိတ်အားထက်သန်နေတာ ဖြစ်နိုင်တယ်။ ငါတို့လူတွေက ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ယောက်မရဲ့ချွေးမကို ယောက်မ ဘယ်လောက် ကာကွယ်ပေးတယ်ဆိုတာ မိသားစုထဲက လူတိုင်းသိတယ်။ အဲဒါကို ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။ လင်းရှောင်ယွဲ့ အိမ်ထဲကို ဝင်လာပြီးတဲ့နောက် ယောက်မရဲ့ဘဝက သုသာန်တစ်စပြင်ဖြစ်သွားခဲ့ရပြီ"
"ဟွန်း!"
ဝမ်ရှို့ယင်က လက်ပိုက်ထားပြီး "ငါ့မိသားစု သုသာန်တစ်စပြင်ဖြစ်သွားတယ်ဆိုတာ နင် ဘယ်မျက်လုံးနဲ့ မြင်တာလဲ ဟမ့်။ ငါ့မိသားစုက ပိုကောင်းသထက်ကောင်းလာတာ။ ရှောင်ယွဲ့က ငါ့မိသားစုရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်။ သူ ငါ့မိသားစုထဲကို ဝင်လာတယ်။ ငါ့ကို ငါ့ကိုယ်ပိုင်မိသားစုရဲ့ အကြီးအကဲအဖြစ်ထားတယ်။ ပြီးတော့ ငါ့သားကိုတောင် ပြုစုစောင့်ရှောက်ပေးတယ်။ ငါ့သားက ပိုကောင်းသထက်ကောင်းလာပြီ။ ငါ နင့်ကို ပြောမယ် နောင်တစ်ချိန်မှာ နင်တို့မိသားစုနှစ်စု ငါ့ဆီလာပြီး အကူအညီတောင်းရလိမ့်မယ်"
"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာဟယ်"
ချန်ချိုင်ယွင်က ပြတ်ပြတ်သားသား ရယ်မောခဲ့သည်။ "လင်ရှောင်ယွဲ့ရဲ့ အကျင့်သီလက နင့်ရဲ့မိသားစုကို ပိုကောင်းသထက်ကောင်းတဲ့ဘဝကို ယူဆောင်လာပေးနိုင်တုန်းပဲတဲ့လား။ တတိယယောက်မ နင်လည်း စိတ်မမှန်တော့ဘူးပဲ"
" ငါ့ကို ရယ်နေသေးတာလား။ ငါ့ကို လာရယ်နေတဲ့နင်က ဘယ်သူလဲ။ နင့်မိသားစုရဲ့ အကျင့်ကိုလည်းပြန်ကြည့်လိုက်အုံး"
ဝမ်ရှို့ယင် ဒေါသထွက်လွန်းလို့ အင်္ကျီလက်တွေကို လှန်တင်ပြီး ချန်ချိုင်ယွင် နောက်က ရန်ဟုန်ဝမ်ကို လက်ညှိုးထိုးလိုက်သည်။ "နင့်သားက လောင်းကစားသမား။ နက်ဖြန် သူထွက်သွားတော့မှာ။ ဒီည ငါ့ပိုက်ဆံတွေကို လိမ်ဖို့ ငါ့အိမ်ကို လာခဲ့တာ။ ဘာအကျိုးကျေးဇူးတွေရလဲ။ ငွေချေးချင်တယ်လို့တောင် မပြောနိုင်ဘူး၊ ဘာလို့ လိမ်တာလဲ၊ နင် ငါတို့မိသားစုကို ယွမ် ၁၀၀ နဲ့ လှည့်စားချင်နေတာ ဒါဆို နင်စိတ်သက်သာရာရလိမ့်မယ်လေ ဟုတ်တယ်မလား"
ရန်တယုံက ဝမ်ရှို့ယင်ကို စိတ်မသက်မသာနဲ့ပြောနေတယ်လို့ ထင်ပြီး သူမကိုဆွဲလိုက်သည်။ "စကားမများနဲ့တော့။ ဟုန်ဝမ် ပြောတာက အဲ့လိုမဟုတ်ဘူး"
ရန်ဟုန်ဝမ်က လင်းရှောင်ယွဲ့ ကို အလွန်ဒေါသထွက်ခဲ့ပြီး သူ့မျက်လုံးများတွင် သွေးရောင်တွေ ပြည့်နေပြီး အခု ဝမ်ရှို့ယင်ကို အလွန်ဒေါသထွက်နေပြီဖြစ်သည်။
သူ့အဆုတ်တွေ ပေါက်ကွဲတော့မည်။
ကာစီနိုတွင် ယွမ် ၈၀၀ အကြွေးတင်ရခြင်းရဲ့ ဖိစီးမှုက သူ့စိတ်ထဲမှာ ရှိနေသေးသည်။
သူ ပိုက်ဆံမရှာနိုင်ပေမယ့် ဒီလူတွေက သူ ပိုက်ဆံရဖို့ကိစ္စကို နှောင့်ယှက်နေကြတုန်းပဲ။ ပြီးတော့ သူ့ကို လူရှေ့သူရှေ့ မှာတောင် အရှက်ခွဲခဲ့ကြသည်။
ရန်ဟုန်ဝမ်က မျက်နှာနီနဲ့ ခွန်းတုံ့ပြန်ပြောခဲ့သည်။ "ဒါက ဘာကိုဆိုလိုတာလဲ။ ခင်များတို့နှစ်ယောက်လုံး ကျွန်တော့်ကို ဒီလိုစိတ်ထားမျိုးနဲ့ ဆက်ဆံနေကြတာလား။ ခင်များမိသားစုရဲ့ဘဝပိုပြီး လွယ်ကူလာစေဖို့ ခင်များမိသားစုကို ရိုးရိုးသားသားနဲ့ အလုပ်မိတ်ဆက်ပေးဖို့ ကူညီပေးတာ၊ ဒါပေမယ့် ကျွန်တော့်က စိတ်နှလုံးထားကောင်းပါတယ်"
"ဟုန်ဝမ်၊ ဒီမိန်းမနှစ်ယောက်နဲ့ အသိတရားကို မသုံးနဲ့"
ရန်တယုံက ရန်ဟုန်ဝမ်ကို ဦးစွာဖျောင်းဖျခဲ့သည်။ ဒီဘက်ကလည်း ဝမ်ရှို့ယင်ရဲ့ လက်ကိုဆွဲလိုက်ပြီး "သွားမယ်၊ မပြောနဲ့တော့။ ကိစ္စကပြီးသွားပြီ၊ မေ့လိုက်တော့။ ငါလည်း စိတ်မပါတော့ဘူး "
"အခုဟာက ရှင် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိစ္စမရှိဘူး။ ကိစ္စရှိတာက သူတို့ရှောင်ယွဲ့ ကို ပစ်မှတ်ထားတဲ့ ကိစ္စပဲ"
ထို့ကြောင့် ဝမ်ရှို့ယင်က ရန်တယုံရဲ့ လက်ကို ဖယ်လိုက်ပြီး ရှစ်ပေမြင့်သော ရောင်ဝါရှိတဲ့ အခန်း၏ တစ်ဖက်ခြမ်းကို စိုက်ကြည့်ကာ "ငါ့သားရဲ့ ဇနီးက ဘယ်လောက်ကောင်းလဲဆိုတာ ငါ့စိတ်ထဲမှာ သိတယ်။ နင့်သားရဲ့ ဗီဇက ဘယ်လိုလဲဆိုတာ ငါကောင်းကောင်းကြီးသိတယ်။ နင့်ရဲ့သား မကောင်းဆိုးဝါးလိုလုပ်နေလည်း ငါဂရုမစိုက်ဘူး။ ငါ့သားရဲ့မိန်းမကိုလည်း နင်လာပြီးဂရုစိုက်မနေနဲ့။ ငါ့ရှေ့မှာ ငါ့သားရဲ့မိန်းမအကြောင်းကိုထပ်ပြီးမကောင်းတာပြောလာမယ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် အခုကစပြီး ငါတို့ ဆွေမျိုးမဖြစ်နိုင်တော့ဘူး"
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို ဤကဲ့သို့ ဖြောင့်မတ်သောပုံစံဖြင့် ခုခံကာကွယ်နိုင်ခဲ့ပြီး လင်းရှောင်ယွဲ့ကို အမှန်တကယ် ရှော့ခ်ရသွားစေသည်။
ဒီယောက္ခမက......အရမ်းတော်တာပဲ။
လင်းရှောင်ယွဲ့ စိတ်ထဲကနေ တိတ်တဆိတ် ခေါင်းညိတ်ကာ သူမကို ချီးကျူးခဲ့သည်။
ဒီနည်းနဲ့ မူလပိုင်ရှင် လင်းရှောင်ယွဲ့ တကယ်ကို အရမ်းပျော်သည်......
ယောကျ်ားသုံးယောက်က သူမအပေါ်ကောင်းတယ်။ ငါ့ယောက္ခမကလည်း ငါ့ကိုကာကွယ်ပေးတဲ့သူတစ်ယောက်။ နဂိုဘဝမှာ အေးအေးဆေးဆေး နေနိုင်မှာ......
မူလပိုင်ရှင် လင်းရှောင်ယွဲ့က ၎င်းကို သူမကိုယ်တိုင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။*
(TN:သူတို့က သူမအပေါ်ကောင်းမှန်းသိရင်တောင် သူ့ကိုယ်သူ ဒုက္ခပေးသလိုပါပဲ။)
"ဟားဟား နင်ကများ ငါ့ကို ခြိမ်းခြောက်ရဲသေးတာလား"
ချန်ချိုင်ယွင်က အေးစက်ပြီး ရွဲ့စောင်းလှောင်ပြောင်တဲ့ အသံကို ထုတ်လိုက်သည်။ "ဆွေမျိုးမဖြစ်ချင်ဘူး။ ဒါဆို ငါတို့က ဆွေမျိုး မဟုတ်ဘူးပေါ့! နှစ်တွေကြာလာတာနဲ့အမျှ ငါတို့ဆီကအခွင့်ကောင်းယူနေတဲ့သူက နင်တို့ တတိယမိသားစုပဲ။ အကယ်၍ ငါတို့က နင့်ရဲ့ ဆွေမျိုးမဟုတ်ဘူးဆိုရင် ငါတို့မိသားစုက သန့်ရှင်းနေသေးတယ်"
"တော်လိုက်တော့။ ငြင်းခုံလို့ပြီးကြပြီလား"
နောက်ဆုံးတွင် အဖိုးရန်နဲ့ အဖွားရန်က ကြိမ်လုံးနဲ့ ဆင်းလာကာ အဆုံးမဲ့ ဆူပူကြိမ်းမောင်းနေတဲ့ စစ်ပွဲကို ရပ်တန့်ခဲ့သည်။
"ဆူညံနေတာပဲ ... နှစ်သစ်ကူးအတွက် တနေကုန် ဆူညံနေတာပဲ၊ အိမ်နီးနားချင်းတွေ ကြည့်ပြီးရယ်ကြမှာ မကြောက်ဘူးလား။ အိမ်ကရှုပ်ထွေးနေတာကို မလုံလောက်သေးဘူးလို့ တွေးနေကြတာလား"
အဖိုး ရန်က ချိုင်းထောက်ကို အကြိမ်အနည်းငယ် ဖိချခဲ့တဲ့အချိန် သူ့မျက်လုံးတွေက မည်းမှောင်နေခဲ့သည်။ "မိသားစုကို ခွဲပစ်မှာလား၊ ဆွေမျိုးတွေကို ခွဲပစ်မှာလား။ အားလုံးကောင်းတယ်။ ငါအခုထိ မသေသေးဘူး။ ငါသူတို့ကို တစ်ယောက်ပြီးတစ်ယောက် ခွဲပစ်လိုက်မယ်။ ငါ့ကိုထောက်ခံချင်ကြလား"
"အဖေ၊ စိတ်မဆိုးပါနဲ့၊ ကျွန်မတို့အားလုံး စိတ်ဆိုးနေကြလို့ နည်းနည်း စိတ်မြန်လက်မြန် ပြောတာက မလွဲမသွေပါပဲ"
ထိုအချိန်တွင် ရန်ချန်ယွီက ချက်ချင်း ရှေ့အမြန်ပြေးသွားပြီး တော်တဲ့ချွေးမရဲ့ အမူအရာနဲ့ အဖိုးရန်နဲ့ အဖွားရန်ကို ချော့မော့ခဲ့သည်။
ဒုတိယနဲ့ တတိယမိသားစုတို့ ဇနီးတွေရဲ့ ညံ့ဖျင်းတဲ့ လုပ်ဆောင်မှုက ပထမမိသားစုရဲ့ ဇနီးရဲ့အကျင့်စရိုက်နဲ့ နူးညံ့သိမ်မွေ့တဲ့ အကျင့်သီလကို မီးမောင်းထိုးပြနေသည်။
ဒါက ရန်ချန်ယွီရဲ့ လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်ပဲ။
"မင်းရဲ့ တတိယမိသားစုက ပိုပိုပြီး စွမ်းဆောင်နိုင်တယ်ဆိုတာ ငါမြင်တယ်!"
အဖွား ရန်က သူ့ရဲ့ကြိမ်လုံးကိုမြှောက်ပြီး ရန်တယုံဆီ တိုက်ရိုက်ရွယ်ခဲ့သည်။ "အရမ်းတတ်နိုင်တယ်ပေါ့လေ။ ငါ့အိမ်မှာ ဘာအတွက် အသက်ရှင်နေသေးတာလဲ၊ မင်း သိပ်တတ်နိုင်ရင် ထွက်သွား!"
အဖွားရန် စကားစပြောတဲ့အခါ သူမက ဒုတိယမိသားစုဘက်တွင် ရှိနေတယ်လို့လည်း မပြောခဲ့ပေ။ ဒါပေမယ့် သူက ဒုတိယမိသားစုကိုမဟုတ်ဘဲ တတိယမိသားစုကိုသာ အပြစ်တင်တာကြောင့် ဘက်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ဝမ်ရှို့ယင်က အခုအချိန်တွင် အဖွားရန်ဆီ မျက်နှာတည့်တည့်လှည့်လို့ မရနိုင်ခဲ့ပေ။