← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

ညဉ့်နက်ချိန် ရန်ဟုန်ဝမ်က သူ့အခန်းထဲ သော့ခတ်ခံထားရသည်။

သူ့အခန်းက ဆိုးရွားတဲ့ နေရာတစ်ခုပါ။ နေရာ ကျယ်ပေမယ့် ပြတင်းပေါက်တွေ မရှိပေ။

ဒီအခန်းတံခါးကို သော့ခတ်ထားတာကြောင့် ရန်ဟုန်ဝမ်က လုံးဝမထွက်နိုင်ခဲ့ဘူး။

မြေအောက် ကာစီနိုက သူ့ကို အိမ်ပြန်ပြီး ပိုက်ဆံရှာဖို့ အချိန်တစ်ရက်ပဲပေးထားသည်။ ထို့ကြောင့် ရန်ဟုန်ဝမ်သာ တစ်နေ့ကုန်သွားလို့ ငွေမရှင်းပါက၊ လောင်းကစားရုံမှလူတွေက သူတို့ အိမ်တံခါးဆီ တည့်တည့်လာမည်ဖြစ်သည်။

ကာစီနိုလောင်းကစားရုံရှိ လူများက တစ်ရွာတည်းနေသူများဖြစ်ပေမယ့် မြေအောက်ကာစီနိုလောင်းကစားလုပ်သူများတွင် အချို့ မကောင်းသော အကြံအစည်များ ရှိကောင်းရှိနိုင်သည်။

ရန်ဟုန်ဝမ် ရွာမှာရှိမနေရင် ထိုလူတွေ သူ့ကို မနှောင့်ယှက်နိုင်သလို သူတို့ကို မနှိုးဆော်နိုင်ပေ။

ထို့အတွက်ကြောင့် ရန်ဟုန်ဝမ်က အမြန်ဆုံးပြေးဖို့ ရည်ရွယ်ထားသည်။

ဒီကိစ္စက ကြီးကြီးမားမား ရှုပ်ထွေးသွားပြီး ရန်ဟုန်ဝမ်က အခန်းထဲမှာ သော့ခတ်ခံထားရတုန်းပဲ။ အဲ့တာက စိတ်ပျက်အားငယ်မိစေသည်။

ညတာက အရမ်းရှည်သည်...

အကြာကြီးစောင့်ဆိုင်းနေစဉ်အတွင်း ရန်ဟုန်ဝမ်က သူ့အခန်းတံခါးဝ၌ လှုပ်ရှားမှုတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့ပြီး စိတ်မရှည်တော့ဘဲ ချက်ချင်း ထထိုင်လိုက်သည်.....

"ဘယ်သူလဲ" ရန်ဟုန်ဝမ်က သတိကြီးကြီးနဲ့ မေးလိုက်သည်။

တံခါးဝမှ တရှဲရှဲမြည်တဲ့ အသံတစ်သံသာ ကြားရသည်။ ရန်ဟုန်ဝမ် ထပြီး သူ့ဖိနပ်ကို ဝတ်လိုက်ကာ အခန်းထဲက တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်။

တံခါးနားက အရိပ် ပျောက်သွားတာကို သူမြင်လိုက်သည်။ သူ အခန်းအပြင်ဘက်က အသံကိုကြိုးစားပြီးနားထောင်ခဲ့သည်။ ဘာ လှုပ်ရှားမှုများမှမရှိဘဲ ဘာသံမှမကြားရတော့ပေ။

ခဏအကြာတွင် ရန်ဟုန်ဝမ်ရဲ့ အခန်းတံခါးက လှုပ်ရှားသွားခဲ့သည်။

တံခါးပွင့်သွားတာ။

ရန်ဟုန်ဝမ်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။

တံခါးဖွင့်ထားတာကြောင့် တစ်စုံတစ်ယောက်က သူ့ကို လွတ်မြောက်စေချင်တဲ့ သဘောရှိနေသည်။

ရန်ဟုန်ဝမ် စိတ်ထဲမှာ ပထမဆုံးရောက်လာတာကတော့ သူ့အမေ ချန်ချိုင်ယွင်ပဲ။

မနေ့ည ရန်ဖြစ်တုန်းက ချန်ချိုင်ယွင်က အစကနေ အဆုံးအထိ သူ့ဘေးမှာ ရှိနေပေးခဲ့သည်။

ရန်ဟုန်ဝမ်က သူ့နှလုံးသားထဲ ချန်ချိုင်ယွင်ကို ကျေးဇူးတင်နေပေမယ့် သူ ကျေးဇူးသာတင်နိုင်ခဲ့သည်။

အခွင့်ကောင်းရရင် တတ်နိုင်သမျှ ပြေးသင့်တယ်။

ထိုညတွင် ရန်ဟုန်ဝမ်က သူ့အခန်းတံခါးကိုပိတ်ကာ အိမ်မှ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက်နဲ့ ထွက်သွားခဲ့သည်။

....

နောက်တစ်နေ့တွင် လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ရင်ခွင်ထဲ နိုးလာခဲ့သည်။

ယနေ့က နှစ်သစ်၏ ၃၀ ရက်မြောက်နေ့ဖြစ်သည်။ ရာသီဥတုက ပိုအေးနေပြီး တစ်ချိန်တည်းမှာပဲ စောင်တွေက အရမ်းနွေးသည်။

သူမ ရန်ယန်ရဲ့ ရင်ခွင်ထဲ လဲလျောင်းနေခဲ့သည်။ သူ့ရင်ဘတ်မှာ ပူလောင်နေတဲ့ အပူရှိန်ရှိနေသည်။ အပူပေးစက်လိုပဲ။ အထူးသဖြင့် လူတွေက အဲဒါကို အခွင့်ကောင်းယူချင်ကြတယ်။

ဆောင်းရာသီက အိပ်ရာထဲမှာနေတဲ့အချိန်ပဲ။

သူမနိုးနေပြီဖြစ်ပေမယ့် လင်းရှောင်ယွဲ့ မထချင်တော့ပေ။ သူမက ရန်ယန်ရဲ့ ရင်ခွင်ထဲ ပျင်းရိစွာ ဝင်ခွေနေခဲ့သည်......

သူမ လက်လေးနဲ့ ရန်ယန်ရဲ့ ထွက်နေတဲ့ မုတ်ဆိတ်မွေးငုတ်တိုတွေကို ထိလိုက်သည်။

ကောင်မွန်တဲ့ အသွင်အပြင်ရှိတဲ့ အမျိုးသားတစ်ဦးရဲ့ မျက်နှာတွင် မုတ်ဆိတ်ငုတ်တိုတွေက ယောက်ျားပီသမှုကို ပေးစွမ်းသည်။

လင်းရှောင်ယွဲ့က သူ့မျက်နှာကို ပိုကြည့်လေလေ သူမမျက်လုံးထဲ ပိုချောလာလေလေဖြစ်ပြီး သူမ သူ့မျက်နှာချောချောလေးထဲ နစ်မြုပ်သွားတော့သည်...

ပြန်စဉ်းစားကြည့်တော့ တတိယ ရန်ယန် ထွက်လာတာ တစ်လခွဲနီးပါးရှိပြီ။

သူမ သူမရဲ့ယောကျ်ားအဖြစ် တတိယရန်ယန်နဲ့ လုံးဝကို ဘဝကြီးတစ်ခုကိုရရှိခဲ့သည်။

တခါတရံ သူမ အဲ့တာကို စဉ်းစားကြည့်တဲ့အခါတွင် ဤအရာက အခြားနှစ်ယောက်အတွက် မမျှတဘူးလို့ သူမ ခံစားမိသည်။

လင်းရှောင်ယွဲ့လည်း ကျန်နှစ်ယောက် ထွက်လာဖို့ အချိန်တစ်ခုလောက် ချန်ထားဖို့ တွေးနေသည်...

ဒါပေမယ့် ရန်ယန်သုံးယောက်က စာကြည့်ခန်းထဲ၌ နေ့တိုင်း အိပ်ယာပေါ်မှာ လဲလျောင်းနေတာကို မြင်လိုက်ရတော့ လင်းရှောင်ယွဲ့က သနားသွားပြီး သူ့မရှေ့က မှန်ကန်တဲ့အခွင့်အရေးကို ဘယ်​​တော့မှ ​ရွေးချယ်​မ​နေခဲ့ဘူး။

အမလေး....

ယောကျ်ားသုံးယောက်ရှိတာကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။

မွန်းတည့်ခါနီးတွင် ခြံဝင်းက ရုတ်တရက် ပြန်လည်အသက်ဝင်လာခဲ့သည်။

လင်းရှောင်ယွဲ့ က ချန်ချိုင်ယွင်ရဲ့ ကျယ်လောင်တဲ့ အသံကို ထပ်ပြီးကြားလိုက်ရသည်။ စူးရှတဲ့အသံက ကျယ်လောင်စွာအော်နေခဲ့သည်။ "ကလေးအဖေ၊ ကလေးအဖေ၊ မကောင်းတော့ဘူး။ လာကြည့်ပါဦး "

နောက်တော့ လင်းရှောင်ယွဲ့က အပြင်မှာ ကြည့်ဖို့ စိတ်လှုပ်ရှားစရာ ရှိသေးတာကို ခံစားလိုက်ရသည်...

သူမ အဲ့တာကို တကယ်မြင်ချင်ပေမယ့် စောင်ကို မလိုက်တာနဲ့ အပြင်ဘက်က အေးစက်တဲ့လေက ချက်ခြင်းဝင်လာပြီး အရေပြားပေါ်က ချွေးပေါက်တွေကို ကျုံ့သွားစေသည်..

လင်းရှောင်ယွဲ့ စောင်နဲ့ သူ့ကိုယ်သူ အမြန် ဖုံးအုပ်လိုက်သည်။ သူမက ခေါင်းခါလိုက်ပြီး "မကြည့်ချင်တော့ဘူး..."

စကားလုံးတွေ ပြုတ်ကျပြီး သူမရဲ့ ခန္ဓာကိုယ်ကို နွေးထွေးတဲ့ လေအလွှာနဲ့ ဖုံးအုပ်ထားခဲ့သည်။ ရန်ယန်က သူမကို အနောက်ကနေ ပွေ့ဖက်ခဲ့သည်။

အာ့...

နွေးထွေးပြီး တင်းကျပ်နေတာပဲ။

လင်းရှောင်ယွဲ့ရဲ့ နှလုံးသားက ပျော်ရွှင်နေပေမယ့် ရှက်ရွံ့နေခဲ့သည်။

ခြံဝင်းထဲက စူးစူးရဲရဲ အော်ဟစ်သံတွေ ထွက်ပေါ်လာသည်..

အိပ်ရာပေါ်ရှိ လင်းရှောင်ယွဲ့က အနက်ရောင်မျက်လုံးကြီးတစ်စုံကို ဖွင့်လိုက်ပြီး အပြင်ကိုကြည့်လိုက်သည်။ "ကျွန်မကို ပြောကြည့် အပြင်မှာ ဘာဖြစ်နေတာလဲလို့"

ရန်ယန်က အနည်းငယ် အိပ်ငိုက်နေတဲ့ အသံနဲ့ သူမရဲ့နားထဲကို "ရန်ဟုန်ဝမ် ထွက်သွားပြီ" ဟု ပျင်းရိစွာ ပြောလိုက်သည်။

"ဟင်"

သူမ ခေါင်းလှည့်ကြည့်ခဲ့ပြီး အံ့သြသွားခဲ့သည်။ "ဘာတွေ ဖြစ်နေတာလဲ၊ ရန်ဟုန်ဝမ်ကို သတိထားပြီးစောင့်ကြည့်ဖို့ ကျွန်မ သူတို့ကို သတိပေးထားပြီးသားလေ။ သူတို့က နာခံမှုမရှိကြဘူး"

ရန်ယန်ရဲ့ နှုတ်ခမ်းပါးပါးလေးက လှုပ်ယမ်းသွားသည်။ "ကိုယ် လုပ်လိုက်တာ"

"အာ" လင်းရှောင်ယွဲ့ ပိုအံ့သြသွားခဲ့သည်။

ရန်ယန်က သူမကို မရှင်းပြခဲ့သလို လင်းရှောင်ယွဲ့ လည်း မမေးခဲ့ဘူး...

သူမ မျက်ဖြူလှန်ကာ အမြန်စဉ်းစားလိုက်ပြီး ရန်ယန်ရဲ့ ရည်ရွယ်ချက်တွေနဲ့ သူဘာကြောင့် ဒီလိုလုပ်လဲကို လျင်မြန်စွာ နားလည်သွားခဲ့သည်။

"ကျွန်မ နားလည်ပြီ။ ရှင် ရန်ဟုန်ဝမ်ကို လွှတ်ပေးလိုက်ပြီး အကြွေးတောင်းသူတွေ တံခါးကို ရောက်လာတဲ့အချိန် ရန်မိသားစုတစ်ခုလုံး ရှုပ်ထွေးသွားတော့မှာ။ ပြီးတော့ အားလုံးက ချန်ချိုင်ယွင် လွှတ်ပေးလိုက်တာဆိုပြီး ချက်ချင်း ခန့်မှန်းကြတော့မှာ။ ချန်ချိုင်ယွင်ရဲ့ ပါးစပ်က စကားပြောနိုင်ပေမယ့် တစ်မိသားစုလုံးကိုတော့ မတိုက်နိုင်ဘူး။ ပြီးတော့ ချန်ချိုင်ယွင်နဲ့ ရန်ဟုန်ဝမ်တို့ရဲ့ သားအမိဆက်ဆံရေးလည်း ပြဿနာရှိလာလိမ့်မယ်။ဒါက ရှင် ဆိုလိုချင်တဲ့ဟာမလား"

ရန်ယန်က အွန်း လို့ပြောပြီး ရယ်လိုက်သည်။ သူ့မျက်လုံးတွေ နည်းနည်းပွင့်လာပြီး "မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ....."လို့ ပျင်းရိစွာ ပြောလိုက်သည်။

"ဟားဟား ရှင်က ပိုထက်မြက်တယ်လို့ထင်တယ်"

လင်းရှောင်ယွဲ့လည်း ရယ်လိုက်သည်။ “ရှင့် စိတ်တွေပြေးသွားတာ အရမ်းမြန်တာ၊ ​​ရှင် တွေးထားတဲ့ ဒီကွင်းဆက်တုံ့ပြန်မှုအကြောင်း ကျွန်မ တောင် မတွေးခဲ့မိဘူး။ လူတွေနဲ့ဆက်ဆံရာမှာ ရှင့်ရဲ့ဦးနှောက်ကိုလည်း သုံးနိုင်ပုံရတယ်။ အရင်က ဘာကြောင့် ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို သုံးခဲ့ရတာလဲ"

ရန်ယန်က ပျင်းရိစွာပြောလိုက်သည်။ "အရင်က ကိုယ့်မှာ အပြင်ထွက်ဖို့ အချိန်သိပ်မရှိဘူး၊ ကိုယ် အဲဒါကို ပြင်ဖို့ အချိန်အကြာကြီး မရှိခဲ့ဘူး။ လက်တုံ့ပြန်ဖို့ အလျင်မြန်ဆုံးနည်းလမ်းကို သဘာဝကျကျနဲ့ အမြန်ဆုံး လုပ်နိုင်ခဲ့တာပဲ မဟုတ်လား။ မင်းလည်း အဲ့လိုမထင်ဘူးလား"

"ထင်ပါတယ် ..."

လင်းရှောင်ယွဲ့ က သူဘာကိုဆိုလိုလဲဆိုတာ နားလည်သည်။

ဘာကြောင့်လဲဆိုတော့ သူ အရင်က မကြာခဏ မထွက်နိုင်ခဲ့ဘဲ မည်သည့်အရာကိုမဆို လုပ်ဖို့ အချိန်အကန့်အသတ်ရှိတာကြောင့် ဖြစ်သည်။

ထို့ကြောင့် ၎င်းကို ဖြေရှင်းဖို့ တိုက်ရိုက်နဲ့ အကြမ်းဆုံးနည်းလမ်းကို အသုံးပြုရမည်ဖြစ်သည်။

ဒါပေမယ့် တကယ်တော့ သူ့မှာ ထူးခြားတဲ့ IQ ရှိသည်။

ခြံဝင်းက ပိုပိုပြီး အသက်ဝင်လာခဲ့သည်...

လင်းရှောင်ယွဲ့ အပြင်ကလူတချို့ပြောနေတာကိုကြားနေရသည်။ "ထွက်သွားပြီး သူ့ကိုရှာရအောင်။ လူ ခွဲပြီးရှာ။ မြန်မြန်သွား"

ထို့နောက် ခြေသံများ ထွက်ပေါ်လာခဲ့သည်။

အပြင်မထွက်ဘဲ လင်းရှောင်ယွဲ့က ရန်ဟုန်ဝမ်ကို ရှာဖွေရန် မိသားစုတစ်ခုလုံး ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်သည်။

ရန်မိသားစုက တစ်စုံတစ်ခု ဆိုးရွားစွာမှားယွင်းသွားတာကို သဘောပေါက်သွားပုံရသည်။

နှစ်သစ်ကူး ၃၀ ရက်မြောက်နေ့တွင် တတိယမိသားစုက အငြိမ်းချမ်းဆုံးဖြစ်သည်။

နေ့လည်စာစားချိန်၌ လင်းရှောင်ယွဲ့က နွေးထွေးတဲ့ ကုတင်မှ ထွက်ခွာသွားခဲ့သည်။

သူမနဲ့ ရန်ယန်တို့ နေ့လယ်စာစားဖို့ ဝမ်ရှို့ယင်ရဲ့ အခန်းဆီ သွားခဲ့သည်။

ဟင်း ၄မျိုး နဲ့ပေါက်စီ၊ အသားနဲ့ ကြက်ဥတွေ အဲ့တာကမဆိုးပါဘူး။

မွန်းတည့်ချိန်တွင် တတိယမိသားစုက ရန်အိမ်ကြီးတွင် ငြိမ်းချမ်းစွာထိုင်စားသည့် တစ်ခုတည်းသော မိသားစုဖြစ်သည်။

ကျန်တဲ့အိမ်က လွတ်နေကြသည်။

တစ်မိသားစုလုံး ရန်ဟုန်ဝမ်ကို ရှာဖို့ ထွက်သွားကြသည်။

တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။

မကြာသေးမီက တတိယမိသားစုက ရန်မိသားစုတွင် အစွန့်ပစ်ခံရဆုံးအိမ်ဖြစ်ပြီး အခြားအိမ်တွေမှာတော့ ရန်ဟုန်ဝမ် ရောက်ရှိလာခြင်းကြောင့် လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။

ဒါပေမယ့် တတိယမိသားစုက အခုတွင် အတည်ငြိမ်ဆုံးဖြစ်ပြီး ကျန်မိသားစုတွေက ရန်ဟုန်ဝမ်ရဲ့ လုပ်ရပ်ကြောင့် ဟော့ပေါ့ထဲက ပုရွက်ဆိတ်တွေလို ကြောက်ရွံ့နေကြရသည်။

ဝမ်ရှို့ယင်တို့ မိသားစု လေးယောက်က စားပွဲ တစ်ခုတည်းတွင် ထမင်းစားခဲ့ကြသည်။ ဒီနေ့ မိသားစုရဲ့ အခြေအနေကို သိလိုက်ရတော့ ရန်တယုံက ​​မနေ့ညက သူ့ကို ဝမ်ရှို့ယင်နဲ့ လင်းရှောင်ယွဲ့တို့ တားခဲ့ကြတာက ဘယ်လောက်ကံကောင်းလဲဆိုပြီး တွေးခဲ့မိသည်။

မဟုတ်ရင် သူ့က ယွမ် ၅၀ နဲ့ ရန်ဟုန်ဝမ် လိမ်လည်လှည့်စားခဲ့ရပြီး ရန်ကောပင်းကို သူနဲ့အတူ ခေါ်ဖို့တောင် ကြိုးစားခဲ့သည်။

ဒီလှည့်ကွက်က ရှောင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။

မိသားစုခွဲခွာပြီးနောက်ပိုင်း ဒါက ပထမဆုံးအကြိမ်ဖြစ်နိုင်သလို ခွဲခွာခြင်းလုပ်ရပ်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ရန်တယုံ ခံစားခဲ့ရသည်။

ခွဲသာမထွက်ခဲ့ရင် သူတို့ တတိယမိသားစုက ၎င်းအတွက် စိုးရိမ်ရမည်ဖြစ်ပြီး ရန်ဟုန်ဝမ်ကို ရှာဖွေဖို့ တစ်ကမ္ဘာလုံးဆီ သွားရမည်ဖြစ်သည်။

ဒီလိုမှမဟုတ်ရင် အချိန်ရောက်လာတဲ့အခါ အကြွေးကောက်သူတွေက သူတို့အိမ်ပေါက်ဝကို တကယ်ရောက်လာလိမ့်မည်။ တတိယမိသားစုရဲ့ ဝေစုပါသည့်ပိုက်ဆံကို အဖွားရန်က ထုတ်ပေးရလိမ့်မည်။

ထိုမိသားစုကြီးတွင် အကျိုးစီးပွားများက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး စာရင်းတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ပေ။

"ရန်ဟုန်ဝမ် တကယ်အကြွေးအများကြီးတင်ထားရင် လာမယ့်နှစ်ရက်မှာ အကြွေးကောက်တဲ့သူတွေ လာမှာသေချာတယ်။ ဒီရက်ပိုင်း ငါတို့အပြင်မထွက်တော့ဘူး။ ရှောင်ယွဲ့၊ မင်းနဲ့ ရှောင်ယန်တို့ တံခါး သော့ခတ်ထားရင် ပိုကောင်းမယ်။ အခန်းထဲကနေ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံတွေကြားရင် အပြင်မထွက်ကြနဲ့၊ မိသားစုနှစ်စု ဒုက္ခရောက်ပါလေ့စေ " ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို ညွှန်ကြားခဲ့သည်။

လင်းရှောင်ယွဲ့အပေါ် ဝမ်ရှို့ယင်ရဲ့ ကြင်နာမှုကို မည်သူမဆို မြင်နိုင်ပြီဖြစ်သည်။

တတိယရန်ယန်က ဝမ်ရှို့ယင်နဲ့ သူမရဲ့ခင်ပွန်းကို တစ်သက်လုံး ဘယ်တော့မှ ခွင့်မလွှတ်ဘူးလို့ ကျိန်ဆိုထားခဲ့သည်။

ဒါပေမယ့် မနေ့ညကကိစ္စ ဖြစ်ပျက်သွားတဲ့ အချိန်မှာ ဝမ်ရှို့ယင် ပြောတာကို သူကြားလိုက်တာနဲ့ ဝမ်ရှို့ယင် အပေါ် သူ့ရဲ့မုန်းတီးမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဘာလို့လဲဆိုတော့... ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကို ကြင်နာသည်။

လင်းရှောင်ယွဲ့ ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့သူကို သူ့မျက်လုံးထဲ ကြည့်ရတာ အဆင်ပြေသွားလိမ့်မည်။

အနည်းဆုံးတော့ ဤကာလအတွင်း ရန်ယန်ရဲ့ မျက်လုံးထဲ သူကိုယ်တိုင်ကလွဲပြီး ဤမိသားစုတစ်ခုလုံးတွင် ဝမ်ရှို့ယင်သာလျှင် လင်းရှောင်ယွဲ့ အပေါ်ကောင်းသည်။

"အမေ စိတ်မပူပါနဲ့။ ရှောင်ယန်နဲ့ ကျွန်မ ဒီရွှံ့ရေထဲ ဘယ်တော့မှ ခရီးမသွားပါဘူး။ သူတို့မိသားစု သူတို့ဘာသာ ဒုက္ခရောက်အောင် ထားထားမယ်"

လင်းရှောင်ယွဲ့က ပြောလိုက်သည်။ "ဒါပေမယ့် အမေ၊ မေလည်း သတိထားရမယ်နော်။ ကျွန်မ ကြောက်တာက အဲ့အချိန်ကျရင် အမေ့ကို ရေထဲဆွဲချပြီး သူတို့ပိုက်ဆံနည်းနည်းလောက် တောင်းကြလိမ့်မယ်"

"သရဲတွေ သူတို့ကို ပေးလိမ့်မယ်! ပိုက်ဆံမရှိဘူး၊ အိုးအောက်ခြေက ခြောက်သွားပြီး ပိုက်ဆံတစ်ပြားတောင်မှမရှိဘူး!" ဝမ်ရှို့ယင်ရဲ့ လေသံကမြင့်လာပြီး သူမ အလွန်ယုံကြည်မှု ရှိပုံရသည်။

သူမအမူအရာကိုကြည့်ရင်း ရန်ယန်ရဲ့ နှုတ်ခမ်းပါးလွှာက အနည်းငယ်ရွေ့လျားသွားပေမယ့် သူ စကားမပြောခဲ့ပေ။

ဒါပေမယ့် သူကိုယ်တိုင် အဲ့တာကို ခံစားရမှာ သေချာတယ်။ အရင်က ဝမ်ရှို့ယင်ထက် ပိုသဘောကျတယ်။

ဝမ်ရှို့ယင်ကို သူ့အမေအဖြစ် အသိအမှတ်မပြုပေမယ့် ဝမ်ရှို့ယင်က ယောက္ခမကောင်းတစ်ယောက်ဖြစ်ကြောင်း သူ ဝန်ခံနေသေးသည်။

"ငါတို့မိသားစုမှာ တကယ်​​ငွေကုန်​သွားပြီလား" ရန်တယုံ က ဝမ်ရှို့ယင်ကို မေးလိုက်သည်။

"ပိုက်ဆံမရှိဘူး! တကယ် ပိုက်ဆံမရှိဘူး"

ဝမ်ရှို့ယင်က ရန်တယုံ ကိုအော်လိုက်သည်.ယ "ကျွန်မကို ရိုးရိုးသားသားပြောစမ်းပါ။ ကျွန်မတို့ရဲ့ တတိယမိသားစုကို ဒီအချိန်မှာ ပြန်မချုပ်နှောင်နဲ့။ ကျွန်မတို့တွေ တင်းတင်းမာမာ လုပ်ရမယ် နားလည်လား။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီးနောက်မှာ ဒါက ရှင်ပထမဆုံး ခပ်ကြမ်းကြမ်းပြောရမယ့်အချိန်ပဲ။ ထပ်ပြီး သူရဲဘောကြောင်မနေနဲ့တော့!"

"ဘာမဟုတ်တာလေးအတွက်နဲ့ စကားများနေတာလဲ။ ငါသိပါတယ်" ရန်တယုံ မျက်မှောင်ကြုတ်ပြီး ဝမ်ရှို့ယင်ကို သဘောတူခဲ့သည်။

"မင်းတို့ နှစ်ယောက် များများစားကြ"

ဝမ်ရှို့ယင်က မျက်ဖြူလှန်လိုက်ပြီး ရန်ယန်ရဲ့ ပြုံးနေတဲ့အရိပ်အယောင်ကို ဖမ်းမိသွားတာကြောင့် ခေါင်းစဉ်ပြောင်းသွားကာ သူမ ပိုပြီး ကောင်းသွားသလို ခံစားလိုက်ရသည်။ “ဒီအသားကို များများစား။ အခု မိသားစုက အသားစားဖို့ တတ်နိုင်တုန်းဆိုတော့ မသိမ်းထားနဲ့"

လင်းရှောင်ယွဲ့က ရန်ယန်ကို အသားတုံးကြီးတစ်တုံး ပေးလိုက်သည်။ ရန်ယန်လည်း ဘာမှပြန်မပြောဘဲ လင်းရှောင်ယွဲ့ ညှပ်ထားတဲ့ အသားကို စားဖို့ ပါးစပ်ဟခဲ့သည်။

ပုံမှန်အားဖြင့် ညစာစားပွဲမှာ ရန်ယန်က မှုန်ကုပ်ကုပ်နဲ့ အဆုံးထိ တင်းမာတဲ့မျက်နှာနဲ့ စားခဲ့တာ။

ဒီနေ့တော့ သူ ရယ်နေခဲ့သည်။

သူ့အပြုံးက ထမင်းစားပွဲရဲ့ ပတ်ဝန်းကျင်ကို တိုက်ရိုက် တွန်းပို့လိုက်တာကို ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က သူတို့သိပ်ပြီး စိတ်ဓာတ်မကျတော့တာကို ချက်ချင်း ခံစားလိုက်ရသည်။

လင်းရှောင်ယွဲ့က သူ သူ့မိဘတွေရှေ့တွင် အမှန်တကယ် ပြုံးပြတာကို တွေ့ရခဲသည်။ သူ့အတွက် သူမလည်း ပျော်ရွှင်ခဲ့သည်။ မိသားစုတွေကြားက ဆက်ဆံရေးက တဖြည်းဖြည်း ပြေလျော့လာတာကြောင့် သူမ ပျော်ခဲ့သည်။

ဒီထမင်းကို ရယ်ရယ်မောမောနဲ့ စားသောက်ခဲ့ကြသည်။

All Chapters