← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

နေ့ခင်းဘက်တွင် လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့က စာဖတ်ဖို့ အခန်းငယ်လေးထဲ ပုန်းနေခဲ့ကြသည်။

ရန်ယန်က ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် သုံးသပ်ချက်မေးခွန်းများကို ကြည့်ရှုနေစဉ်း သူမကညစာကြည့်ခန်းမှ ဝတ္ထုစာအုပ်များစွာကို ထုတ်ယူခဲ့သည်။

တတိယ ရန်ယန်က ကောလိပ်ဝင်ခွင့် စာမေးပွဲကို သိပ်ပြီး မဖြေချင်သလို စာလည်း အရမ်းမလုပ်ချင်ပေ။

ဒါပေမယ့်လည်း လင်းရှောင်ယွဲ့က ဤခေတ်တွင် စာဖတ်ခြင်းက အမှန်တကယ် ကောင်းတဲ့နည်းလမ်းဖြစ်ကြောင်း သူ့ကို ပြောပြခဲ့သည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ရလဒ်ကောင်းရနိုင်ရင် တစ်ရွာလုံးက သူ့အပေါ်ထားတဲ့ သဘောထားတွေ ကြီးကြီးမားမား ပြောင်းလဲသွားမှာဖြစ်ပြီး သူ့ရဲ့အပြောင်းအလဲမှာ အောင်မြင်လာမှာပါ။

ရွာမှာ လူတိုင်းက သူ့ကို "အရူး" လို့ ထင်မြင်ကြတော့ဘူး။ မဟုတ်ဘူး ဒါပေမယ့် ဆရာသမားက သူ့ကို ကုသပေးပြီးနောက်... သူက ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ရမှတ်များ မြင့်မားသော ကျောင်းကောင်းတစ်ခုကို တက်ရောက်နိုင်ခဲ့တာကို ဝန်ခံကြမှာပင်။

လင်းရှောင်ယွဲ့က သူ့ကို ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ပါဝင်စေချင်တဲ့အတွက် ရန်ယန်က စကားနားထောင်ပြီး စာမေးပွဲမှာ ပါဝင်ဖြေဆိုခဲ့သည်.....

ဘာပဲဖြစ်ဖြစ် ပါဝင်တာက သူ့ အသားတစ်တုံး ဆုံးရှုံးရမှာ မဟုတ်ဘူး။

မကြာခင်က ဤခန္ဓာကိုယ်ကို တတိယက ထိန်းချုပ်ထားပြီး လဝက်နီးပါး ထွက်လာသည့်သူက တတိယရန်ယန် ဖြစ်သည်။

ထို့ကြောင့် တတိယရန်ယန်က သူ ဒီခန္ဓာကိုယ်ရဲ့ အရှင်ဖြစ်နေပြီလို့ တွေးတောခဲ့ဖူးသည်။

ယခု သူသည် ဤခန္ဓာရဲ့ အရှင်ဖြစ်ပြီ ဖြစ်၍ အချို့အရာများကို ဧကန်စင်စစ် အစီအစဉ်တွင် ထည့်သွင်းနိုင်သည်။

ဥပမာ... လင်းရှောင်ယွဲ့ ကို သူ့ဇနီးအစစ်ဖြစ်အောင် လုပ်ဖို့အတွက် ခင်ပွန်းသည်က လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်ရမည်။

"မိန်းမ"

ရန်ယန်က သူ့လက်ထဲမှ ဘောပင်ကို လှည့်လိုက်ပြီး လင်းရှောင်ယွဲ့ကို ပြင်းထန်တဲ့ မျက်လုံးနဲ့ စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။

"အွန်း"

လင်းရှောင်ယွဲ့က အချိန်နဲ့ တပြေးညီ ဝတ္ထုတစ်ပုဒ် ဖတ်နေခဲ့သည်။ ဒီနေရာမှာ အမျိုးသမီးဇာတ်လိုက်က ဆန်ကုန်မြေလေးကို ဘယ်လို ဆက်ဆံလဲဆိုတာ ကိုးကားထားသည်။

အရမ်းကို ဆွဲဆောင်မှုရှိပြီး စိတ်ကိုတက်ကြွစေတယ်...

"မိန်းမ၊ ကိုယ့်အခြေအနေက တည်မြဲနေတယ်လို့ မင်းထင်လား" ရန်ယန်က သူမကို မေးလိုက်သည်။

"တည်မြဲ​တယ်ဆိုတာ ဘာလဲ" လင်းရှောင်ယွဲ့က သူ့ကို ပြန်မေးလိုက်သည်။

"ကိုယ်...."

ရန်ယန်က လင်းရှောင်ယွဲ့ရဲ့ မျက်လုံးတွေကို သူ့ဆီ ရောက်အောင် အချက်ပြဖို့ လင်းရှောင်ယွဲ့ ရှေ့မှာ သူ့လက်ကို ချောမွေ့စွာ ဝှေ့ယမ်းလိုက်သည်။

မျက်လုံးတွေကို ပင့်လာပြီး လင်းရှောင်ယွဲ့ သူ့ကို ကြည့်လိုက်သည်။ "ရှင် တစ်လခွဲလောက် ထွက်လာတာကို ဆိုလိုတာလား"

"ဟုတ်တယ်"

ရန်ယန်က သူ့လက်ဆစ်တွေကို ချိုးလိုက်သည်။ "ကိုယ် ထွက်လာတာကြာပြီ၊ ဒီခန္ဓာကိုယ်က ကိုယ့်ရဲ့ ဟာလို့ ခန့်မှန်းမိတယ် ဟုတ်တယ်မလား"

လင်းရှောင်ယွဲ့ နှုတ်ခမ်းကို ပင့်ကာ ခေါင်းညိတ်ပြရင်း အောက်က စာအုပ်ရဲ့ စာမျက်နှာကို လှန်လိုက်သည်။ "ဘာကိုခန့်မှန်းတာလဲ"

ရန်ယန်က မျက်ခုံး ကြုတ်လိုက်သည်။ "အဲ့တာက ကိုယ်ပဲလို့ ခန့်မှန်းမိတာ"

လင်းရှောင်ယွဲ့က သူမ နားထင်ကို လက်တစ်ဖက်နဲ့ ကိုင်ကာ ခေါင်းငုံ့ထားလိုက်သည်။ "ရှင် ခန့်မှန်းတာ မှားနေတယ်လို့ ကျွန်မထင်တယ်"

သူ နေ့တိုင်း ထွက်လာရတဲ့ အကြောင်းရင်းက သူမကို ကျေးဇူးတင်ရမှာ။

ဒါပေမယ့်လည်း လင်းရှောင်ယွဲ့က ဒါကိုပြောဖို့ အဆင်သင့်မဖြစ်သေးဘူး။

သူမ စာကြည့်ခန်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ဖို့ မရည်ရွယ်ထားပေ။

"ဒါဆို မင်းမှာ နောက်ထပ် ရှင်းပြစရာရှိသေးလို့လား" ရန်ယန် သူမကို လေတစ်လုံးမိုးတစ်လုံးနဲ့ မေးလိုက်သည်။

လင်းရှောင်ယွဲ့ "ရှိတာပေါ့။ ရှင့်ခန္ဓာကိုယ်ကို ကောင်းကောင်းသိတယ်။ ကျွန်မ ရှင့်ကို ဘယ်လိုရှင်းပြရမလဲ"လို့သာပြောလိုက်သည်။

"အဲ့တာက"

ရန်ယန်က စားပွဲပေါ်တင်ထားတဲ့ လက်ထဲက ဘောပင်ကို ရုတ်တရက် ရိုက်ချလိုက်ပြီး လေသံကမြင့်လာခဲ့သည်။ "လင်းရှောင်ယွဲ့! ကိုယ် အခု တည်မြဲနေပြီလို့ ထင်တယ်။ဒီခန္ဓာကိုယ်ပိုင်ရှင်က ကိုယ်ဖြစ်နေပြီ။ ဒါဆို...."

သူ့မျက်လုံးတွေကို ပင့်ကြည့်လိုက်တော့ လင်းရှောင်ယွဲ့ ရဲ့အကြည့်က သူ့ဆီမှာရှိနေပြီ။

ရန်ယန်က ရုတ်​တရက်​ ချောင်းဟန့်လိုက်ပြီး တစ်​နည်းနည်းနဲ့ စိတ်​လှုပ်ရှား​လာသည်​။

သူ ခဏလောက် အရှိန်လျှော့ပြီး သတ္တိတွေ စုဆောင်းပြီး နှုတ်ခမ်းကို ဖွင့်ဟခဲ့သည်။ "ကိုယ်တို့ အဲ့လိုဟာမျိုးကို လုပ်လို့ရတယ်လို့ ထင်တယ်"

ရန်ယန်က ဤစကားတွေကို ခပ်မြန်မြန်ပြောလိုက်သည်။

သူ့စကားရဲ့အရှိန်ကြောင့် လင်းရှောင်ယွဲ့ လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းမရှိခဲ့ပေ။ 'သူ ဘာပြောလိုက်လဲ........

သူမ မေးလိုက်သည်။ "ရှင် ဘာပြောလိုက်တာလဲ"

ရန်ယန်က အရမ်း မြန်မြန်ဆန်ဆန်နဲ့ ထပ်ပြောလိုက်သည်။ "ကိုယ်တို့ အဲ့လိုဟာမျိုးလုပ်နိုင်မယ်လို့ ထင်တယ်လို့"

ဒီတစ်ခါတော့ စကားအမြန်နှုန်းက မြန်ပေမယ့် 'အဲ့လိုဟာမျိုး' ဆိုတာကိုလည်း စကားလုံးထဲမှာ သူက အလေးပေးပြောခဲ့သည်။

လင်းရှောင်ယွဲ့ရဲ့ အတွေးတွေ ခဏတာ ရပ်တန့်သွားခဲ့သည်.....

သူမ တုံ့ပြန်လိုက်တဲ့အခါ ရုတ်တရက် မျက်နှာနီရဲသွားပြီး သူ့ရဲ့ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။

"ဘယ်လိုလဲ"

ရန်ယန်က သူမ တုံ့ပြန်တဲ့ပုံပေါက်တာကို မြင်လိုက်ရပြီး ဒီအချက်မှာတော့ သူကပိုလို့တောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြခဲ့သည်။ "ဒီညက နှစ်သစ်ကူးလေ။ ကံကောင်းတဲ့ရက်စွဲကို ဂရုတစိုက်သတ်မှတ်တာက အခွင့်ကောင်းကို ဖမ်းဆုပ်တာကို ရိုက်ချတာ မဟုတ်ဘူး။ အဆင်ပြေတယ်လို့ ထင်လား"

သူ လင်းရှောင်ယွဲ့ကို မေးနေပေမယ့် ဒီဖြောင့်မတ်တဲ့လေသံက မေးဖို့မလိုပေ။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ အဲ့တာက သူ သူမကိုတွန်းအားပေးနေသလို ခံစားရသည်။

လင်းရှောင်ယွဲ့က ချက်ချင်း ရှက်သွားပြီး သူမ ရင်ဘတ်မှ နှလုံးခုန်နှုန်းက အကြိမ်ရေများစွာ တိုးလာတာကို သူမ ခံစားလိုက်ရသည်...

သေစမ်း သူမ စိတ်တွေ လှုပ်ရှားနေတယ်။

ရန်ယန်က သူ့ လက်ဖဝါးကြီးတွေကို ဆန့်ထုတ်လိုက်ပြီး လင်းရှောင်ယွဲ့ရဲ့ လက်လေးကို ဆုပ်ကိုင်လိုက်သည်။ လက်ဖဝါးရဲ့ အပူချိန်နဲ့ ခွန်အားက သူမကို ဖြန့်ကျက်သွားခဲ့သည်.....

သူမရဲ့ နီရဲနေတဲ့ နားရွက်ဖျားတွေကို ကြည့်ရင်း ရန်ယန်က သူ့နှုတ်ခမ်းကို သပ်လိုက်သည်။ "ဒါဆို အဲ့တာက ဒီညဆိုတာ ဆုံးဖြတ်လိုက်ပြီ။ နှစ်သစ်ကူး အကြိုညမှာ မင်းကို ကိုယ့်ရဲ့မိန်းမ ဖြစ်စေချင်တယ်"

လင်းရှောင်ယွဲ့က ငြင်းဆိုဖို့ နည်းလမ်းကို မစဉ်းစားနိုင်ဘဲ ငြင်းဆန်ဖို့လည်း မသိခဲ့ပေ။

သူ့ကို ငြင်းဖို့တောင် ရှက်လွန်းတယ်...

သူတို့နှစ်ယောက်က အချိန်အတော်ကြာအောင် ချိုမြိန်တဲ့ဆက်ဆံရေးရှိခဲ့ပြီး သူတို့ကိုယ်တိုင်ကလည်း လင်မယားတွေ။ ဒီလိုဟာမျိုးက ပုံမှန်ပဲ။

လင်းရှောင်ယွဲ့က သူမရဲ့ အရင်ဘဝက တွဲဖူးတာ တစ်ခါမှ မရှိခဲ့ဖူးသလို သူမက မွေးကတည်းက Single ဖြစ်ခဲ့သည်။

သူမ ဤဘဝတွင် စာအုပ်တစ်အုပ်ထဲ ခရီးထွက်လာခဲ့ပြီး ချက်ချင်း ယောကျ်ားတစ်ယောက်ရခဲ့သည်။

ထူးဆန်းတယ်။ နည်းနည်းတော့ ထူးဆန်းပေမယ့်ပေါ့ ...

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ချစ်မိသွားပြီးနောက်မှာလည်း လင်းရှောင်ယွဲ့ စဥ်းစားကြည့်တယ် ... အဲဒါကို တွေးကြည့်လို့ အဆင်ပြေတယ်။

အဲ့ဒါက ကြီးမားတဲ့ ပြဿနာ မဟုတ်ဘူး။

"လင်းရှောင်ယွဲ့ "

ရန်ယန်က သူမ အသံမထွက်လာတာကို မြင်လိုက်ရသည်။ သူ သူမနာမည်ကို မဝံ့မရဲနဲ့ စတင်ခေါ်လိုက်သည်။

လင်းရှောင်ယွဲ့ က သူ့ဆီ ခေါင်းပြန်မော့လာခဲ့သည်။ "ဟင်"

ရန်ယန်က ခေါင်းငုံ့ပြီး မေးလိုက်သည်။ "ဒီည ကိုယ်အဲ့တာကို ဒီညလုပ်မယ်။ မင်း ကန့်ကွက်စရာရှိလား"

လင်းရှောင်ယွဲ့ က သူ့ ရင်ဘတ်ကို လက်သေးသေးလေးနဲ့ ပုတ်လိုက်ပြီး သူမ မျက်နှာက ရေငန်သီးလေးလို နီရဲနေခဲ့သည်။ "ဘာလို့ မေးနေတာလဲ၊ ထပ်ခါထပ်ခါ မေးနေတာပဲ ... အတည်ဖြစ်ပြီ။ မမေးနဲ့တော့ "

ထိုကဲ့သို့ နူတ်ဆက်တဲ့အဖြေကို သူမဆီက ရရှိတဲ့အခါ ရန်ယန်က တိတ်တဆိတ် ကျေနပ်သွားခဲ့သည်။

သူထင်တာထက် ပိုနာခံတယ်။

မိနစ်ဝက်ကြာ ဆွေးနွေးခြင်းမရှိ၊ မိနစ်ဝက်ကြာမျှ တုံ့ဆိုင်းမနေဘဲ တစ်ချက်တည်းနဲ့ သူမ သဘောတူခဲ့သည်။

ဒါက သူပြောမယ့်စကားကို သူမ တကယ်စောင့်နေခဲ့တာလို့ ဆိုလိုတာလား။

ဒါဆို သူက တကယ့်ကို မိုက်မဲတဲ့လူပဲ...

ဒီလိုမျိုး သူမကို အကြာကြီးစောင့်ခိုင်းဖို့ သူဘယ်လို သတ္တိရှိရတာလဲ။

သူ့လက်ရှည်ရှည်ကို ဆန့်ထုတ်လိုက်ပြီး ရန်ယန်က သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကာ ခေါင်းငုံ့သွားပြီး သူ့လက်ဖဝါးက လင်းရှောင်ယွဲ့ရဲ့ မျက်နှာလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

မျက်လုံးချင်းဆုံလိုက်သည့်အခိုက်တွင် သူမရဲ့ အနက်ရောင်မျက်လုံးလေးတွေမှာ မျက်ရည်ဝိုင်းနေတဲ့ အလင်းရောင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်...

"ငိုနေတာလား" ရန်ယန်က မေးလိုက်သည်။

လင်းရှောင်ယွဲ့ ဒေါသအရမ်းထွက်ပြီး သူ့ရင်ဘတ်ကို ထပ်ရိုက်လိုက်သည်။ "မဟုတ်ဘူး"

သူမ စိတ်လှုပ်ရှားနေခဲ့သည်!

ဘာ့ကြောင့်မှန်းမသိပေမယ့် စိတ်တွေလှုပ်ရှားပြီး အထိတ်တလန့်ဖြစ်နေတယ်....

ရန်ယန်ရဲ့ ပါးစပ်က အပြုံးတွေနဲ့ ပြည့်နှက်နေပြီး ခေါင်းကို ငုံ့လာကာ သူ့ရဲ့ နှုတ်ခမ်းပါးပါးတွေနဲ့ သူမရဲ့ နှုတ်ခမ်းတွေကို အသာအယာ ဖမ်းကာ လေးလေးနက်နက် နမ်းရှိုက်လိုက်သည်။

လင်းရှောင်ယွဲ့က စိတ်လှုပ်ရှားစွာ မျက်လုံးမှိတ်ထားပြီး သူနဲ့ ပူးပေါင်းဖို့ လုံးဝ မလှုပ်ခဲ့ပေ။

အရမ်းထူးဆန်းနေသလို ခံစားရတယ်...

ရန်ယန်က သူမရဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းကို လျှာနဲ့တို့လိုက်သည်၊ လင်းရှောင်ယွဲ့ ခန္ဓာကိုယ်က ညင်ညင်သာသာ တုန်ယင်နေပြီး ဖော်မပြနိုင်တဲ့ ထူးဆန်းမှုတစ်ခု ရှိနေသည်။

နှစ်ယောက်သား ဒီလိုနမ်းတာ ဒါပထမဆုံးဘဲ...

သူတို့နှစ်ယောက်လုံးက မွေးကတည်းက single ဖြစ်ခဲ့ကြပြီး ဗဟုသုတနည်းပါးကြသည်။

ဒါပေမယ့် ရန်ယန်က ၎င်းကို အလွန်နှစ်သက်ခဲ့ပြီး လင်းရှောင်ယွဲ့က အဲ့တာကို ထူးဆန်းတယ်လို့ ထင်ခဲ့သည်။

ဘာကြောင့် အဲဒီလို ကွာခြားမှု ရှိလဲဆိုတာတော့ မသိဘူး.....

ညစာစားချိန်၌ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ဝမ်ရှို့ယင် အခန်းဆီ ထမင်းစားဖို့ သွားခဲ့ကြသေးသည်။

ဤသည်မှာ နှစ်သစ်ပြည့်ဖို့ ၃၀ ရက်မြောက်နေ့ဖြစ်ပြီး သုညနာရီနောက်ပိုင်းတွင် အသစ်စက်စက် နှစ်သစ်တစ်ခု ရောက်ရှိလာတော့မည်။

ဒီညတော့ ရွာက တော်တော်လေး အသက်ဝင်နေခဲ့သည်။

ထမင်းစားနေတုန်း ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့နဲ့ ရန်ယန် ကိုမေးခဲ့သည်။ " ငါတို့ ကွန်မြူနတီက မီးရှူးမီးပန်းတစ်အုပ်ကို ပြင်ပကတင်သွင်းထားပြီး ညဘက်ကျရင် ကွန်မြူနတီနားက ပန်းခြံမှာ လွှတ်မယ်လို့ ပြောလိုက်တယ်။ အဲဒီအချိန်က အရမ်းအသက်ဝင်နေလိမ့်မယ်။ မင်းတို့နှစ်ယောက်သွားကြည့်ကြမလား"

တဲငယ်လေးထဲက တစ်လခွဲကျော် အပြင်မထွက်ခဲ့တဲ့ လင်းရှောင်ယွဲ့က ဒီလိုရှားပါးတဲ့ အချိန်ကောင်းအခွင့်အရေးအကြောင်း ကြားတဲ့အခါ သူမက သဘာဝအတိုင်း ခေါင်းညိတ်ကာ ဟုတ်ကဲ့လို့ပြောခဲ့သည်။

"ဟုတ်ကဲ့ ညစာစားပြီးရင် ရှောင်ယန်နဲ့ ခဏသွားဆော့လိုက်မယ်" လို့ လင်းရှောင်ယွဲ့ ပြောလိုက်သည်။

ဝမ်ရှို့ယင်က သဘောတူခဲ့သည်။ "ခဏလေး ကစားရတာ အဆင်ပြေပေမယ့် လူတော်တော်များတယ်နော်။ မင်းတို့ နှစ်ယောက် သတိထားသင့်တယ်။ မပြေးနဲ့၊ လူမကွဲသွားစေနဲ့"

"စိတ်မပူပါနဲ့ အမေ၊ ကျွန်မတို့ အားလုံးက လူကြီးတွေပဲ"

လင်းရှောင်ယွဲ့က ရန်ယန်ကို တံတောင်နဲ့ တွတ်လိုက်ပြီး မျက်နှာပေါ် အပြုံးတစ်ခုရှိနေခဲ့သည်။

သူမဘေးနားတွင် ညဘက်၌ သူ့မိန်းမအဖြစ် ပြောင်းလဲဖို့ စိတ်ကောင်းရှိနေသည့် ရန်ယန်လည်း သူ့နှုတ်ခမ်းထောင့်တွေကို ပင့်တင်ခဲ့သည်။ "အမ်ဟမ်း"

ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က ရန်ယန်ရဲ့ မျက်နှာပေါ်ရှိ အပြုံးကို ထပ်မံမြင်တွေ့ခဲ့ရပြီး ထိုကြောင့် ဇနီးမောင်နှံနှစ်ဦးလုံး ပျော်ရွှင်သွားခဲ့ကြသည်။

All Chapters