အခန်း (၅၃)
Vol. 5 Ch. 53
ထို့ကြောင့် ရန်ယန် လက်ထဲက အလကားရထားတဲ့ ဒီမီးရှူးမီးပန်း လက်တစ်ဆုပ်စာတွေ မြင်လိုက်ရတာကြောင့် ကလေးတွေက စိတ်လှုပ်ရှားသွားခဲ့ကြသည်။
သူတို့မျက်လုံးထဲမှာတော့ ရန်ယန်ရဲ့လက်ထဲမှာရှိတဲ့ အရာတွေက အလကားရထားတာဖြစ်ပြီး သူတို့ အချိန်မရွေး ယူလို့ရတယ်ဆိုတာပဲ။
ဒါပေမယ့် ရန်ယန်ရဲ့ ဇနီးဖြစ်သူရဲ့ မျက်နှာပေါ်မှက ထေ့ငေါ့ပြီးရေးဆွဲထားတဲ့ အကြည့်က ဘယ်လိုဖြစ်နေတာလဲ။
"ဟိုမှာ အလကားပေးတာဆို အဲ့မှာသွားတောင်းလေ။ ဒါကို ငါ့ပိုက်ဆံနဲ့ ငါဝယ်ထားတာ။ ၅ ယွမ် တန်တယ်!"
လင်းရှောင်ယွဲ့က လက်ပိုက်ပြီးပြောလိုက်သည်။ "ငါ့မိသားစုရဲ့ ပစ္စည်းတွေကို ယူချင်ရင် မင်း ပိုက်ဆံပေးရမယ်!"
"အရူး၊ ခင်များမိန်းမက အရမ်းကပ်စီးကုပ်တာပဲ၊ ခင်များ စကားတောင် မပြောတော့ဘူးလား"
ဝမ်ရှောင်ရှန်းက ငြူစူဆောင့်အောင့်ကာ ရန်ယန်ကို အမိန့်ပေးတဲ့လေသံနဲ့ တိုက်ရိုက်ပြောလိုက်သည်။
ဒီကလေးက ရန်ယန်ကို အရင်တုန်းက အမိန့်ပေးလေ့ရှိပြီး သူ့ရှေ့က ရန်ယန်ကိုလည်း ဒီလိုလေသံမျိုး သုံးခဲ့သည်။
အားလုံးသိကြတဲ့အတိုင်း လက်ရှိ ရန်ယန်က... သူ ရှုပ်ဖို့ တတ်နိုင်သူတစ်ယောက်တော့ မဟုတ်ဘူး။
ဝမ်ရှောင်ရှန်းက အရမ်းစိတ်ဆိုးနေတာကို ရန်ယန် မြင်လိုက်သည်။ ဒီကလေးက အသက်မပြည့်သေးဘူး၊ သူ့စကားတွေက ချီးနံ့ထွက်နေတယ်။
အနံ့အရမ်းဆိုးတယ်။
အထူးသဖြင့် စကားတွေပြော ပြီးတဲ့အခါ ရန်ယန်က ဝမ်ရှောင်ရှန်းရဲ့ ခေါင်းကို ဖိဖို့ တက်သွားခဲ့သည်။
သူ့လက်တွေက ပြင်းထန်လာခဲ့သည်...
ဝမ်ရှောင်ရှန်းက ချက်ချင်း ရပ်မနေနိုင်တော့ဘဲ မြေပြင်ဆီ ငုံ့သွားခဲ့သည်။
ရန်ယန်က ထိုအခိုက်အတန့်ကို ပစ်သတ်လိုက်သည်။ အနီးနားက ကလေးတွေအားလုံး အံ့အားသင့်သွားကြသည်။
ဝမ်ရှောင်ရှန်းက သူ့မိဘတွေဆီ တိုင်ပြောဖို့ ကြံရွယ်ကာ ပြေးသွားခဲ့သည်။
အရူးက တစ်စုံတစ်ယောက်ကို ရိုက်တယ်။
ထိုအချိန်တွင် အနိုင်ကျင့်ခံရတဲ့ ဝမ်ရှောင်ရှန်းက မြေပြင်ပေါ်တွင် ထိုင်ကာ ငိုနေခဲ့သည်။
သူက ကျယ်လောင်စွာ ငိုခဲ့သည်...
ထိုကလေးတွေက ဝမ်ရှောင်ရှန်းဆီ အလျင်အမြန် စုရုံးသွားကြသည်။ တစ်ချို့က ကြောက်လန့်ပြီး အချို့က ရန်ယန်ကို အိုင်ဒေါ တစ်ယောက်လိုမျိုးတောင် ကြည့်နေကြသည်။
ရန်ယန်က ကလေးအုပ်စုကို ဘာသိဘာသာ ကြည့်နေသည်။ သူ့ နှုတ်ခမ်းပါးလွှာက အနည်းငယ်ပွင့်ဟသွားသည်။ "နောက်နောင် မင်း ကိုယ့်ကိုတွေ့ရင် လှည့်ထွက်သွား"
"ရန်ယန်!"
ထိုအချိန်တွင် ဤနေရာကို တိတ်တဆိတ်ကြည့်နေတဲ့ ပိုင်ရှောင်ချွမ်းကဆက် မကြည့်နိုင်တော့ပေ။
သူမက ရန်ယန်ဆီ ပြတ်ပြတ်သားသား ပြေးသွားပြီး ရန်ယန်ကို စူးစူးစိုက်စိုက်ကြည့်ကာ သူမရဲ့ လေးနက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ခဲ့သည်။ "ငါ့မှာ နင့်ကို ပြောစရာရှိတယ်။ စကားသွားပြောရအောင်"
"အချိန်မရှိဘူး" ရန်ယန်က သူ့အသံကို နစ်မြှုပ်ခဲ့သည်။
သူက ဒီကလေး အုပ်စုကြောင့် ဒေါသထွက်နေပြီး ပိုင်ရှောင်ချွမ်းနဲ့ ဆက်ဆံဖို့လည်း စိတ်မ၀င်စားပေ။
"နင့်ကို တကယ်အရေးကြီးတာ ပြောစရာရှိတာ" ပိုင်ရှောင်ချွမ်း မျက်နှာမှာ လေးနက်မှုအပြည့်ရှိပြီး ဆိုးရွားတဲ့ သတင်းအချို့ကို သူ့ဆီပြောပြဖို့ လိုအပ်နေမည်ကို စိုးရိမ်နေသည်။
နံဘေးက လင်းရှောင်ယွဲ့က ပိုင်ရှောင်ချွမ်းကို မကျေနပ်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီး မူရင်းဇာတ်လိုက်မင်းသမီးက သူမရဲ့ဘူးတောင်ထဲမှာ ဘာဆေးရောင်းနေလဲဆိုတာ သူမ သိချင်နေမိသည်။
အခုတော့ ရန်ယန်က သူမကို နားပူနားဆာ မလုပ်ဘဲ ရန်ယန်ကို သူမက နှောင့်ယှက်နေသည်။
"ငါ့မှာ အချိန်မရှိဘူး"
ရန်ယန်က ပိုင်ရှောင်ချွမ်းကို ပြန်ပြောရာတွင် စကား ၄ လုံးသာ ပြောခဲ့သည်။ သူက လင်းရှောင်ယွဲ့ဘက် လှည့်လိုက်သည်။ သူက လင်းရှောင်ယွဲ့ရဲ့လက်ကိုဆွဲပြီး "မကစားနဲ့တော့ အိမ်ပြန်မယ်" လို့ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် အိမ်ကို မီးရှူးမီးပန်းယူသွားပြီး အိမ်ရှေ့မှာ မီးရှူးမီးပန်းတွေ ဖောက်လို့ရတယ်။ ကွာခြားမှု သိပ်မရှိပါဘူး။
ဒီမှာ လူအရမ်းများတယ်...
လူများစွာက သူတို့ မျက်လုံးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။
တတိယ ရန်ယန်က လူတိုင်းက သူ့ကို အရူးလို့ မြင်တာကို မကြိုက်ဘူး။
အခု လင်းရှောင်ယွဲ့ ပိုင်ရှောင်ချွမ်းကို တွေ့တော့ သူမလည်း စိတ်ဆိုးနေသည်။ အခု သူမ လုပ်ချင်တာက အိမ်ပြန်ဖို့ပဲ။
ထို့ကြောင့် ပိုင်ရှောင်ချွမ်းက ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ နှစ်ယောက်စလုံး သူမကို ထားခဲ့တာကို မြင်လိုက်ရသည်။
ဒီလို သန်မာတဲ့ ကိုယ်ခွဲ... ပိုင်ရှောင်ချွမ်းက သူ့မှာ ကိုယ်ခွဲတွေ အများကြီးရှိတယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလာသည်။
သူမ ရန်ယန်ကို သူ့သူငယ်ချင်းအဖြစ် အမြဲမှတ်ယူထားပြီး ရန်ယန်ရဲ့ မတည်မငြိမ်တဲ့ စိတ်အခြေအနေကိုတောင် သနားမိသည်။
သူမ ရန်ယန်ကို ထိုကဲ့သို့သော စိတ်အခြေအနေမှ လွတ်မြောက်ဖို့နဲ့ သူ့ဘေးဒုက္ခမှ လွတ်မြောက်အောင် ကူညီချင်ခဲ့သည်။
ဒါပေမယ့် အခုအချိန်မှာတော့ ရန်ယန်ကို ကူညီဖို့ သူမမှာ အချိန်မရှိဘူးလို့ထင်ရပြီး လင်းရှောင်ယွဲ့က ရန်ယန်ကို ပိုကြီးတဲ့ဘေးဆိုးကြီးဖြစ်စေတော့မည်။
ပိုင်ရှောင်ချွမ်းက လင်းရှောင်ယွဲ့ ရန်ယန် အပေါ်မှာ ကောင်းသယလား မကောင်းဘူးလားဆိုတာ မပြောနိုင်ဘူး။
ဒါပေမယ့် ရန်ယန်ရဲ့ လက်ရှိ စိတ်အခြေအနေကို ရွာသားတွေက ရှာမတွေ့နိုင်ဘူး။
လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လူသိရှင်ကြား ပြသခဲ့သည်။ ဒါက သူ့အတွက် သံသယဖြစ်စရာပဲ။
ရန်ယန်က လင်းရှောင်ယွဲ့ ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး သူမကို အလေးထားသည်။
သူငယ်ချင်းတစ်ယောက်အနေနဲ့ ပိုင်ရှောင်ချွမ်းက အဲဒါကိုကြည့်ဖို့ သည်းမခံနိုင်ဘူး။
သူမ အတိုင်းအတာတစ်ခုအထိတော့ လုပ်ခဲ့ရသည်။
ရန်ယန်နဲ့ လင်းရှောင်ယွဲ့ တို့က တောင်ကုန်းလမ်းပေါ်လျှောက်ပြီး အိမ်ပြန်ခဲ့ကြသည်။ ပန်းခြံရဲ့ ဟိုဘက်ခြမ်းမှာ ဖြစ်ပျက်သမျှက သူတို့နှစ်ယောက်နဲ့ ဘာမှ မဆိုင်ဘဲ ဘာမှဖြစ်မလာခဲ့သလိုပဲ။
လင်းရှောင်ယွဲ့က မီးရှူးမီးပန်းတစ်ချောင်းကို ကိုင်ကာ အမှောင်ထဲမှာ လွှဲယမ်းရင်း လမ်းလျှောက်လာခဲ့သည်။
သူမ ခေါင်းစောင်းပြီး ရန်ယန်ကို ပြုံးပြုံးလေး ကြည့်လိုက်သည်။ "ရှင်ဘာလို့ နည်းနည်းလေးတောင် မကစားတာလဲ"
ရန်ယန်ရဲ့ ပါးလွှာသော နှုတ်ခမ်းများကရွဲ့ပြီး ပြန်ရယ်ပြခဲ့သည်။ "ကလေးတွေ ကစားတဲ့ဟာက ပျော်စရာ မကောင်းဘူး"
လင်းရှောင်ယွဲ့က ခေါင်းစောင်းလိုက်သည်။ "ဒါဆို ကျွန်မကလည်း ကလေးလား"
ရန်ယန်ရဲ့ လက်တံရှည်ရှည်က သူမလည်ပင်းကို ဖက်ထားခဲ့သည်။ သူ့လက်ချောင်းများက သူမရဲ့ မျက်နှာပေါ်က အနည်းငယ်ဖောင်းနေတဲ့ အသားလေးကို ဖျစ်လိုက်သည်။ “မင်းက ကလေးပဲ။ ဒါပေမယ့်....."
လင်းရှောင်ယွဲ့ - "ဟမ်"
ရန်ယန်က ခေါင်းကိုငုံ့ထားရင်း လင်းရှောင်ယွဲ့ နားကို ကပ်ပြီး ငြိမ့်ညောင်းတဲ့ လေသံနဲ့ ပြောလိုက်သည်။ "ဒီညပြီးရင် မင်းက မိန်းမ ဖြစ်လာတော့မှာ"
ချက်ခြင်း လင်းရှောင်ယွဲ့ မျက်နှာက နီရဲလာပြီး သူမ သူ့ကို တွန်းဖယ်လိုက်သည်။ သူမက မျက်နှာနီနီနဲ့ ခန္ဓာကိုယ်ကို တစ်ဖက်ဆီ လှည့်လိုက်သည်။ “ဒီဟာကိုမပြောနဲ့။ တိတိတိတ်ဆိတ်ဆိတ်နဲ့ထား"
ဘာကိုမှမပြောနဲ့...
ဒီအချက်ကိုတောင် သူနားမလည်ဘူး!
သူ့မိန်းမရဲ့ အရှက်ကို သူလုံးဝနားမလည်ဘူး။
ဖြောင့်တဲ့လူက ယောက်ျားပဲ။
"ဟားဟား..."
ရန်ယန်ရဲ့ ပြတ်သားတဲ့ ရယ်သံက အနောက်မှ ထွက်ပေါ်လာခဲ့သည်။ သူဘာမှပြန်မဖြေဘဲ ရယ်မောရုံနဲ့ လင်းရှောင်ယွဲ့ကို ရှက်ရွံ့စေပြီး နှလုံးခုန်နှုန်း မြန်စေခဲ့သည်။
ဒီနေ့ညက အလွန်အမှတ်တရဖြစ်စေမယ့် ညတစ်ညဖြစ်လိမ့်မည်။
လင်းရှောင်ယွဲ့က သူမ အရင်ဘဝတွင် သူမသည် တစ်ကိုယ်တည်း သေဖို့ဖြစ်လာတာလို့ ထင်ခဲ့သည်။ သူမ ယောက်ျားတစ်ယောက်နဲ့ တစ်ခါမျှ လက်မတွဲခဲ့ဖူးပေ။ အနမ်းလည်းမရခဲ့ဖူးပေ။ Shou Gong သဲရဲ့ တစ်သက်တာပင်။
(TN: "Shou Gong sand" ဟု ဘာသာပြန်သည်-Shou Gong sand ကို ရှေးခေတ်တရုတ်ပြည်တွင် အမျိုးသမီးတစ်ဦးတွင် လိင်ပိုင်းဆိုင်ရာ အပြုအမူလက္ခဏာရှိ၊ မရှိ စမ်းသပ်ရန် အသုံးပြုသည်။ သူမက အပျို ဟုတ်၊ မဟုတ် အတည်ပြုရန်။ ဝဘ်ဆိုဒ်က ထိုသို့သော စည်းကမ်းများကို တင်းကျပ်သောကြောင့် ဆင်ဆာလုပ်ဖို့ လိုအပ်သည်။ ဘာကြောင့်မှန်းတောင် ငါမသိဘူး။)
တကယ့်ကို ရှေးရိုးဆန်လွန်းပေမယ့် သနားစရာလည်း ကောင်းသည်။
တစ်သက်လုံး ယောက်ျားတစ်ယောက်ရဲ့ ကင်ပွန်းတပ်တာကို တစ်ခါမှ မခံစားဖူးတဲ့ အမျိုးသမီးတစ်ယောက်.... တစ်ခုခုတော့ လွဲမှားနေဆဲလို့ အမြဲခံစားရသည်။
ထို့ကြောင့် သူမ ဤဘဝတွင် စာအုပ်ထဲရောက်လာတာနဲ့ တစ်ပြိုင်နက် စာအုပ်ဖတ်စဉ်က သူမအကြိုက်ဆုံး ဗီလိန်ဇာတ်ကောင်နဲ့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ခင်ပွန်းတစ်ယောက်ရှိသည်။
လင်းရှောင်ယွဲ့က ရန်ယန်ကို ကောင်းကောင်း သိထားပြီး လက်ခံမှု မြင့်မားသည်။
လမ်းတလျှောက်မှာ သူ့အပေါ် ဘယ်လို ခံစားချက်တွေ ရှိလာမှန်း မသိခဲ့သလို ဒီခံစားချက်တွေရဲ့ အတိမ်အနက်ကို ပိုလို့တောင် မသေချာတော့ဘူး။ အတိုချုပ်ပြောရလျှင် သူမ သူ့ကို ပေးဖို့ဆန္ဒရှိသည်။
ဘာကြောင့်လဲဆိုတော့ သူမ ရန်ယန်ကို သူမနှလုံးသားထဲမှာ ခင်ပွန်းအဖြစ် သတ်မှတ်ခဲ့တာ ကြာပြီဖြစ်သည်။
လင်းရှောင်ယွဲ့က စိတ်လှုပ်ရှားနေပြီး ယနေ့ညမှာ ဆောင်ရွက်မည့်ကိစ္စကို စောင့်မျှော်နေမိသည်။
"ကျွန်မတို့ အိမ်ရောက်တဲ့အထိ စောင့်ပါဦး..... ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ ရေချိုးဖို့ ရေနွေးတည်ရမယ်လေ......"
လင်းရှောင်ယွဲ့ က ရန်ယန်ကို တိုးတိုးလေးပြန်ပြောခဲ့သည်.ယ " ကျွန်မ ဒီသစ်သားဇလုံကြီးထဲမှာ စိမ်ချင်တယ်...... ကျွန်မ သုတ်လို့မရဘူး၊ အဲဒီအကျင့်အတိုင်း ဆက်လုပ်ဖို့က သန့်သန့်ရှင်းရှင်းနေဖို့ အရေးကြီးတယ်။ တကယ်လို့..... ရှင့်အဲ့တာကိုထုတ်ရင်...... တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ရမယ်" လင်းရှောင်ယွဲ့ မျက်နှာက ရှက်စိတ်ကြောင့် နီမြန်းနေပြီး ပန်းသီးလေးလို နီရဲနေခဲ့သည်။
သူမနောက်ဘက်က ရန်ယန်ရဲ့ အဖြေကို စောင့်နေခဲ့သည်...
ရလဒ်ကတော့ သူ့မှာ အချိန်အကြာကြီးအတွက် အဖြေမရှိဘူး။
လင်းရှောင်ယွဲ့ လှည့်ကြည့်လိုက်သည်...
ရုတ်တရက် သူ့မခေါင်းပေါ် အိတ်တစ်ခုကို စွပ်ခဲ့သည်။
"အာ့"
လင်းရှောင်ယွဲ့ ကြောက်လန့်တကြားအော်လိုက်သည်။ "ကူညီပါဦး ရန်ယန်၊ ကူညီပေးပါ ကူညီပေးပါဦး"
သူမ အော်ဟစ်ပြီး လှည့်ပတ်ကာ အိတ်ထဲတွင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်.....
ဒါပေမယ့် မည်သူကမျှ သူမကို တွန်းအားပေးတာမျိုး မပြုခဲ့ပေ။
ခဏအကြာတွင် လင်းရှောင်ယွဲ့ အိတ်ထဲမှ လွတ်ထွက်သွားခဲ့သည်။
"ရန်ယန်!"
လင်းရှောင်ယွဲ့က သူပျောက်သွားကြောင်း သိလိုက်ရသည်။
တစ်ဖက်မှာတော့ သူမက တစ်ဝက်လောက် အဆင်ပြေနေခဲ့သည်။