← Chapters

အခန်း (၅၄)

Vol. 5 Ch. 54

အခန်း (၅၄)

Vol. 5 Ch. 54

ယန်ယန် ရုတ်တရက် ပျောက်သွားခဲ့သည်။ လင်းရှောင်ယွဲ့က ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတစ်ခုကို တွေးနေမိသည်။

မူရင်းစာအုပ်မှာ ဒီလိုကိစ္စမျိုး မရှိဘူး။

သို့ဖြစ်၍ ယခုတွင် ထိုကဲ့သို့ အခြေအနေ ရုတ်တရက် ဖြစ်ပေါ်လာပြီး ယခု ဖြစ်ပျက်ခဲ့သည့် အရာကို လင်းရှောင်ယွဲ့ လုံးဝ မသိခဲ့ပေ။

"ရန်ယန်!"

သူမ ဤတောင်ကြောလမ်းပေါ် ရန်ယန်ကို စတင်ရှာဖွေခဲ့သည်။

သူ့မှာ ဘယ်ရန်သူရှိလဲ၊ ဘယ်သူက သူ့ကို ပစ်မှတ်ထားနေတာလဲဆိုတာ မသိဘူး၊ လင်းရှောင်ယွဲ့က လုံးဝ ရှုပ်ထွေးတဲ့ အခြေအနေမှာ ရှိနေခဲ့သည်။

သူမ လှည့်ပတ်ကြည့်ခဲ့သည်......

"ရန်ယန် ကျွန်မနဲ့ကစားနေတာလား"

လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ကိုယ်ပိုင်အစီအစဉ်ဖြစ်နိုင်တယ်လို့ သံသယဝင်မိသည်။ သူ့မှာသူမအတွက် အံ့အားသင့်စရာတွေလုပ်ဖို့ ရှိလို့လား။

ဒီလိုအတွေးမျိုးက အဓိပ္ပါယ်မဲ့တယ်ဆိုတာ သူမကိုယ်တိုင် သိတယ်။

"ရန်ယန်! ရှင် ကစားနေတာဆိုရင် ရပ်လိုက်နော်။ အခုထွက်လာခဲ့!"

လင်းရှောင်ယွဲ့က စိတ်ပူပန်စွာနဲ့ တောင်ကုန်းလမ်းတလျှောက် လျှောက်နေခဲ့သည်။ လမ်းမီးမရှိ မှောင်မိုက်တဲ့ညတွင် လရောင်ရဲ့ အကူအညီနဲ့ သူမ ပတ်ဝန်းကျင်ကို မမြင်နိုင်ခဲ့ပေ။

သူမ စိတ်စောနေခဲ့သည်။

သူမ အရမ်းကြောက်နေသည်

လင်းရှောင်ယွဲ့က ခုထိ တကယ့်မိန်းမအစစ် မဖြစ်သေးဘူး...

သူမခင်ပွန်းကို မဆုံးရှုံးချင်ဘူး။

"ရန်ယန်!"

လင်းရှောင်ယွဲ့က သူမ အသံကိုလွှတ်ပြီး အော်ဟစ်ကာ ကုန်းလမ်းပေါ်တွင် လွင့်မျောနေသော သူမရဲ့ အသံက တုန်လှုပ်ခြောက်ခြားလျက် ပဲ့တင်ထပ်နေခဲ့သည်.....

တစ်ဖက်မှာ လူသုံးလေးယောက်က လမ်းဖြတ်ကူးတဲ့ ကြွက်တစ်ကောင်လို အိတ်ကြီးတစ်လုံးကို ထမ်းပြီး ညဘက်ကြီး၌ တိတ်တိတ်လေး လမ်းလျှောက်နေခဲ့သည်။

များမကြာမီ ထိုလူတို့သည် ပညာတတ်လူငယ်၏ နေအိမ်သို့ ရောက်ရှိလာကြသည်။

အိတ်ကို ကုတင်ပေါ်ပစ်ချလိုက်ပြီး တံခါးပိတ်ကာ အိတ်ကိုချပြီး ကြိုးဖြည်ရင်း အမျိုးသားအများအပြားက အလုပ်ရှုပ်နေကြသည်။

အ၌ထဲ ရန်ယန်ရဲ့ သတိလစ်နေတဲ့ မျက်နှာ ပေါ်လာခဲ့သည်။

"မင်းဘာလို့ သူ့ကိုကြိုးချည်ပြီးခေါ်လာတာလဲ" လူငယ်တစ်ယောက်က မယုံကြည်နိုင်စွာ မေးလိုက်သည်။

"ဘယ်သူကသိမှာလဲ လုရှမင် ပြောတဲ့အတိုင်း ငါလုပ်လည်းလုပ်ခဲ့တာ"အခြားအမျိုးသားလူငယ်က လက်နှစ်ဖက်ကိုခါပြီး လက်ပိုက်ကာ ပြန်ဖြေခဲ့သည်။

"လုရှမင် ဘယ်မှာလဲ"

အခြားအမျိုးသား လူငယ်တစ်ဦးက ရှိနေတဲ့လူမှန်သမျှကို တစ်ချက်ကြည့်လိုက်ပြီး "သူ စည်းရုံးတာ မဟုတ်ဘူးလား။ ဘာလို့လုပ်ဆောင်တဲ့သူက ငါတို့ပဲရှိနေတာလဲ။ သူအဲဒီမှာရှိနေတယ်လို့ ငါထင်တယ်!"

“ဒါ ရွာကအရူးပဲ…” ရန်ယန်ကို လက်ညှိုးထိုးပြရင်း အမျိုးသားလူငယ်တစ်ဦးက ပြောလိုက်သည်။

"အဲ့လိုထင်တာပဲ"

"လုရှမင် ဘာတွေတွေးနေလဲလို့ မင်း စဥ်းစားမိလဲ။ သူဘာလို့ ဒီအရူးကို ပြန်ပေးဆွဲချင်တာလဲ"

"ဘယ်သူသိမှာလဲကွာ။ သူဘယ်သွားလိုက်လဲဆိုတာတောင် ငါ မသိဘူး!"

ရန်ယန်ကို အောင်မြင်စွာ ပြန်ပေးဆွဲခဲ့ပေမယ့် ဘာကြောင့် လုပ်ရမယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိခဲ့ကြဘူး။

ရန်ယန်ကို ပြန်ပေးဆွဲခဲ့ပြီ။ ပြန်ပေးဆွဲပြီးရင် ဘာလုပ်ရမလဲ။

ပိုင်ရှောင်ချွမ်း မကြာခင်မှာ ရောက်လာတာကြောင့် သူအကြာကြီး တုံ့ဆိုင်းမနေခဲ့ဘူး။

ပိုင်ရှောင်ချွမ်း ရောက်လာတဲ့အခါတွင် ထိုပညာတတ်လူငယ်လေးတွေက ချက်ချင်းတန်းစီရပ်ကာ ရန်ယန်ကို သူတို့ရဲ့နောက်မှာ သူတို့ခန္ဓာကိုယ်တွေနဲ့ ကာထားကြသည်။

ပိုင်ရှောင်ချွမ်း သက်ပြင်းချလိုက်သည်။ "လုရှမင် ငါ့ကိုလာခိုင်းတာ"

သူမ ဒီလိုပြောပြီးချိန်မှာတော့ လူငယ်တော်တော်များများက ဒီပြန်ပေးဆွဲခံရတဲ့ အရူးကို ဂရုစိုက်ဖို့ သူမ ဒီမှာ ရှိနေတယ်ဆိုတာ ရှင်းသွားခဲ့သည်။

နောက်ပိုင်းမှာ ပညာတတ်လူငယ်တော်တော်များများက သူတို့နောက်မှာရှိနေတဲ့ ရန်ယန်ကို ထုတ်ဖော်ပြသခဲ့သည်။

ပိုင်ရှောင်ချွမ်းက သတိလစ်နေတဲ့ ရန်ယန်ကို မြင်လိုက်တဲ့အခါ စိတ်သက်သာရာရသွားသည်။

သူမလက်ကိုဝှေ့ယမ်းပြီး စကားပြောလိုက်သည်။ "ကျေးဇူးပြုပြီး အပြင်ခဏလောက်ထွက်ပေးပါ။ ကျွန်မ သူနဲ့စကားပြောချင်လို့"

"မင်းနဲ့သူနဲ့လား ဟင်" လူငယ်တစ်ယောက်က သံသယစိတ်နဲ့ မေးလိုက်သည်။

သူဆိုလိုသည်မှာ ဤတစ်ဦးတည်းသော ယောက်ျားနဲ့မိန်းမသည် တစ်နေရာတည်းတွင်ရှိနေခြင်းက မကောင်းပေ။

တခြားယောကျာ်းလေးတွေရဲ့အမြင်မှာတောင်...

သံသယဖြစိမိတာတွေကို သူတို့ မကူညီနိုင်ကြဘူး။

သူတို့ သံသယဝင်နေကြသည်။ ပိုင်ရှောင်ချွမ်း ကတော့ ရန်ယန်ကို မကြိုက်သင့်ဘူးလေ ဟုတ်တယ်မလား?

"ဟုတ်တယ်၊ ဒါထက် ပိုတယ်!"

ထိုအချိန်တွင် လုရှမင်က တံခါးမှ ရုတ်တရက် ဝင်လာပြီး လက်ကိုနောက်ပစ်ထားခဲ့သည်။ သူ အပြုံးလေးနဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ပြီးတော့ ငါကော ငါ မင်းတို့ကို ဒုက္ခရောက်အောင် လုပ်လိုက်မိသေးတယ် ရဲဘော်တို့။ ဒီစစ်ဆင်ရေးအတွက် ပံ့ပိုးကူညီမှုတွေ လုပ်ဖို့ လိုနေသေးတယ်။ ငါတို့မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ ရှိလို့။ စကားမစပ် ငါတို့ကိုကူညီပြီး စောင့်ကြည့်ထားပေးပါဦး"

လုရှမင် ပေါ်လာပြီးနောက်၊ ဤအရာအားလုံးက ပုံမှန်ဖြစ်သွားပုံရသည်။

ဒီအခန်းထဲမှာ ပိုင်ရှောင်ချွမ်းနဲ့ ရန်ယန်တို့ချည်း မဟုတ်ဘဲ လုရှမင် ကောပါလာတာကြောင့် လုပ်စရာကိစ္စရှိပုံရသည်။

လူငယ်တွေက မေးခွန်းတွေ မမေးတော့ဘူး။ သူတို့က နာခံမှုဖြင့် အခန်းတွင်းမှ ထွက်သွားကြပြီး အခန်းထဲတွင် နေရာလွတ်ကို ချန်ထားခဲ့ကြသည်။

လုရှမင်နဲ့ ပိုင်ရှောင်ချွမ်းတို့ ကုတင်ဘေးသို့သွားကာ ရန်ယန်ရဲ့ဘေးတွင် ထိုင်လိုက်ကြသည်။

ကုတင်ပေါ်က ရန်ယန်က ဘယ်အချိန်က နိုးလာမည်ကို မသေချာဘဲ အိပ်ပျော်နေခဲ့သည်။

ပိုင်ရှောင်ချွမ်းက ရန်ယန်ကိုကူညီဖို့ စိတ်ထဲတွင်ရှိတာကြောင့် လုရှမင်က သူမကို အတိုင်းအတာတစ်ခုအထိ ကူညီဖို့ ကြိုးပမ်းနေခဲ့သည်။

ထို့ကြောင့် ဤနေရာတွင် ဦးဆောင်လူငယ်တစ်ယောက်အနေဖြင့် လုရှမင်က ရန်ယန်ကို ရိုက်ပြီး ခေါ်လာဖို့ အခြားလူငယ်များစွာရဲ့ အကူအညီကို ရယူခဲ့သည်။

အစောကပဲ ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က တောင်ကုန်းလမ်းပေါ်မှာ လမ်းလျှောက်နေခဲ့ကြသည်။ သူတို့ ဂရုမစိုက်ကြဘဲ လုရှမင်က ရန်ယန်ရဲ့ ခြေကျင်းဝတ်ကို ဆွဲကိုင်လိုက်ပြီး တောင်ကုန်းပေါ်က တစ်ချက်တည်း ဆွဲချခဲ့သည်။

ထို့နောက် အခြားလူငယ်အများအပြားက ရန်ယန်၏ လက်နဲ့ခြေများကို ပူးကပ်ကာ ရန်ယန် ပါးစပ်ကို အုပ်ရန် ဆေးအချို့နှင့်အတူ အဝတ်စကို အသုံးပြုခဲ့ကြသည်။

အတန်ကြာ လှုပ်ရှားခဲ့ပြီးနောက် ရန်ယန်က အနည်းငယ် တုံ့ပြန်မှု မရှိတော့ပေ။

ဒီအမူအရာက သူခိုးနဲ့တော်တော်တူပေမယ့် သူတို့ရဲ့အစမှတ်က ကောင်းတယ်၊ လုရှမင်က သူတို့လုပ်ခဲ့တဲ့အရာနဲ့ ပတ်သက်ပြီး အမှားအယွင်းရှိတယ်လို့ မထင်ခဲ့ဘူး။

ခဏအကြာတွင် သူရောက်လာခဲ့သည်၊ အဓိကအားဖြင့် လင်းရှောင်ယွဲ့ ဆီ စာတစ်စောင်ပေးပို့ဖို့ ကလေးတစ်ယောက်ကို စီစဉ်ထားသည်။ ဒါမှ လင်းရှောင်ယွဲ့ အိမ်သို့ အရင်ဆုံးပြန်သွားပြီး နေရာတိုင်းမှာ ရန်ယန်ကိုမရှာတော့မှာ။

ညဘက်တွင် အပြင်ဘက်၍ လှည့်လည်သွားလာနေတဲ့ အမျိုးသမီးတစ်ဦးက ပြဿနာကို ဆွဲဆောင်ဖို့ လွယ်ကူသည်။

လုရှမင်က သင့်လျော်တဲ့ အစီအစဉ်တွေကို ပြုလုပ်ခဲ့သည်ဟု ယူဆနိုင်သည်။

သူထောင့်မှာ ပုန်းနေသည်။ လင်းရှောင်ယွဲ့ အိမ်ပြန်နေတာကိုမြင်တော့ သူက ယုံကြည်မှုအပြည့်နဲ့ ပြန်သွားခဲ့သည်။

လင်းရှောင်ယွဲ့ ဘက်ကတော့ ပြေလည်သွားပြီ။ နောက်တစ်ခုက ရန်ယန်ဘက်ကို လုပ်ရမှာ။

ရန်ယန်ကို ပိုအိပ်ခွင့်ပေးထားပြီး အိပ်ပျော်သွားအောင် ဆေးအချို့တိုက်ထားတာကြောင့် ဆေးရဲ့အာနိသင်က အချိန်အတော်ကြာအောင် ထိန်းထားနိုင်သည်။

ထို့ကြောင့် ရန်ယန်ကို အခု နိုးလာအောင်တွန်းအားပေးမှရမည်။

ရန်ယန် မနိုးလာခင် လုရှမင်က ပိုင်ရှောင်ချွမ်းကိုမေးလိုက်သည်။ "မင်း လင်မယားကိစ္စမှာ ဝင်စွက်ဖက်ချင်တာက သေချာလား။ မဝင်ခင် သေချာစဉ်းစားမှရမယ်နော်။ ဝင်စွက်ဖက်ဖို့ မင်းကဘာအဆင့်လဲ။ မင်းရဲ့ ခံစားချက်တွေကို သူကရော တန်ဖိုးထားမှာတဲ့လား"

ဒါက စဉ်းစားရမယ့် မေးခွန်းပါ။

ဘာကြောင့်လဲ ဆိုတော့ ဒါက တခြားသူရဲ့ မိသားစုကိစ္စမို့လို့ ပေါ့ပေါ့ဆဆ ဝင်စွက်ဖက်ရင် တခြားသူက သူမကို ကောင်းကောင်းအသိအမှတ်ပြုမှာ မဟုတ်ဘူး။

လုရှမင်က ပိုင်ရှောင်ချွမ်းကို ဒီနည်းနဲ့ သတိပေးခဲ့ပြီး ပိုင်ရှောင်ချွမ်းကလည်း သူ့ရဲ့သတိပေးချက်ကို လက်ခံခဲ့သည်။ "လူက ဒီကို ရောက်နေပြီ၊ ကျွန်မတို့ တစ်ခါလောက် စမ်းကြည့်လို့ရတယ်။ သူ ကျွန်မကို မုန်းသည်ဖြစ်စေ မမုန်းသည်ဖြစ်စေ တစ်ကြိမ်လောက်တော့ ကြိုးစားရမှာပေါ့။ သူ ကျွန်မပြောတာကို လက်ခံဖို့ဆန္ဒမရှိရင် ကျွန်မ သူ့ကို ဒုတိယအကြိမ်အခွင့်အရေးပေးမှာမဟုတ်ဘူး"

"အဲဒီလို အသိတရားရှိတာ ကောင်းပါတယ်"

လုရှမင် သူမကို ထောက်ခံကြောင်းပြကာ ခေါင်းညိတ်ပြလိုက်သည်။

လုရှမင်က ထပြီး ရေအေးတစ်ခွက်ကို ယူကာ ရန်ယန်ရဲ့ မျက်နှာကို ပက်လိုက်သည်။

ရေအေး၏ နှိုးဆွမှုအောက်တွင် ရန်ယန်က ချက်ချင်းနိုးလာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ရန်ယန်၊ ရန်ယန်၊ ဘာမှမဖြစ်ဘူးနော်"

ပိုင်ရှောင်ချွမ်းရဲ့ လက်က ရန်ယန်ရဲ့ ပခုံးပေါ် ညင်သာစွာတင်ထားပြီး ရေတွေရှိနေတဲ့ ရန်ယန် မျက်နှာကို သုတ်ဖို့ လက်ကိုင်ပုဝါကို အမြန်ကောက်ယူလိုက်သည်။

သူ့ရဲ့ငိုက်မျဉ်းခြင်းမှ ရုတ်တရက်နိုးထလာတဲ့အခါ ရန်ယန်၏ မျက်လုံးများ ပြူးကျယ်လာကာ ပါးစပ်ကနေ အသက်ပြင်းပြင်းရှူကာ ငြိမ်သက်မသွားခင် အသက်ပြင်းပြင်းရှူလိုက်ရသည်။

"အဆင်ပြေပါတယ် အဆင်ပြေပါတယ် ကျွန်မဒီမှာရှိတယ်" ပိုင်ရှောင်ချွမ်းက ရန်ယန်ကို နှစ်သိမ့်ပေးလိုက်သည်။

သူ့မျက်ဝန်းတွေက တဖြည်းဖြည်း အာရုံပြန်စိုက်လာကာ ရန်ယန်က သူ့အနီးနားရှိ လူနှစ်ယောက်ကို ဖြည်းညှင်းစွာ မြင်လိုက်ရသည်။

အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး...

သူက အမျိုးသားကို မမှတ်မိဘူး အမျိုးသမီးကတော့ ... ပိုင်ရှောင်ချွမ်း

ပိုင်ရှောင်ချွမ်း ကို သူမြင်လိုက်တာနဲ့ ရန်ယန်က သူဘာလို့ ဒီရောက်နေရတာလဲဆိုတာ သိသွားနိုင်သည်။

သတိမလစ်ခင် တတိယ ရန်ယန် အပြင်းအထန် ရုန်းကန်ခဲ့ရသည်။

ယခု သတိပြန်ရလာပြီးနောက် ဒုတိယရန်ယန်အဖြစ် နိုးလာခဲ့သည်။

လင်းရှောင်ယွဲ့ မရှိရင် တတိယ ရန်ယန် ထွက်လာဖို့ ခက်သည်။

ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ သခင်က ဒုတိယ ရန်ယန်ဖြစ်သည်။

ဒုတိယ ရန်ယန်က တတိယ ရန်ယန်လို ပြင်းပြင်းထန်ထန် ရန်လိုတဲ့သူမဟုတ်တာကြောင့် ပိုင်ရှောင်ချွမ်းကို မြင်တဲ့အခါတွင် သူ့သဘောထားက အလွန်ဆိုးရွားခြင်းမရှိပေ။

အသက်အနည်းငယ်ရှူပြီးနောက် ရန်ယန်က ပိုင်ရှောင်ချွမ်းကို စူးစူးစိုက်စိုက်ကြည့်ခဲ့သည်။ "မင်း.....ဒီလိုလုပ်ဖို့ လိုလို့လား"

ပိုင်ရှောင်ချွမ်းက သူနဲ့ စကားပြောချင်တယ်ဆိုတာ သူသိပြီးသားပင်။ တတိယရန်ယန်က သူမကို ငြင်းခဲ့သည်။

ထိုအချိန်တွင် သူသာဆိုလျှင် ပိုင်ရှောင်ချွမ်းကို ငြင်းဆန်နိုင်မည်မဟုတ်ပေ။

အခုလည်း တတိယ ရန်ယန်သာဆိုရင် တတိယရန်ယန် ထွက်သွားမှာပဲ။

ဒါပေမယ့် အခုတော့ သူက သူမို့လို့ ပိုင်ရှောင်ချွမ်းက သူမ တကယ်ပြောချင်တာကို မြင်အောင်လုပ်ဖို့ ရွေးချယ်လိုက်သည်။

"အရမ်းရဲတင်းလွန်းပြီး ရှင့်ကို တားတာက ရိုင်းတယ် ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မ ရှင့်ကို အရင် တောင်းပန်တယ်"

ပိုင်ရှောင်ချွမ်း နူးညံ့တဲ့အသံနဲ့ပြောလိုက်သည်။ "ဒါပေမယ့် လင်းရှောင်ယွဲ့ နဲ့ ပတ်သက်ပြီး ကျွန်မှာ ပြောစရာတစ်ခုရှိတယ်၊ အမှန်တော့ အနည်းဆုံးပြောရရင် ရှင်တို့လင်မယားနှစ်ယောက်ကြားက ကိစ္စတွေကို ကျွန်မဝင်မစွက်ဖက်သင့်ဘူး။ အဲ့တာကို ရှင့်ကို ကျွန်မရဲ့သူငယ်ချင်းကောင်းလို့ သတ်မှတ်ထားလို့ဒီလိုပြောရတာ။ ရှင် လင်းရှောင်ယွဲ့ လှည့်စားကိုခံရတာကို ကျွန်မ မမြင်ချင်ဘူး။ အဲ့ဒါကြောင့် ကျွန်မ ရူးရူးမိုက်မိုက်နဲ့ စွက်ဖက်ရတာ"

ရန်ယန်ရဲ့ မျက်ခုံးတွေကြုတ်သွားပြီး သူ့မျက်နှာပေါ်တွင် 'ကျေးဇူးကန်းသော' အမူအရာ ပေါ်လာခဲ့သည်။ "ရှောင်ယွဲ့က ကောင်းပါတယ်၊ ငါ သူ့အကြောင်း မကောင်းတာ ဘာမှ မကြားချင်ဘူး။ မင်း သူ့ကို မကြိုက်ရင် ငါနဲ့ မင်းနဲ့တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆက်ဆံစရာ မလိုတော့ဘူး။ ရှောင်ယွဲ့ ကို လက်မခံတဲ့ သူငယ်ချင်းကို ငါ မလိုအပ်ဘူး"

ရန်ယန်က လင်းရှောင်ယွဲ့ ကို ဒီလိုမျိုး ခုခံကာကွယ်တာကို မြင်တော့ ပိုင်ရှောင်ချွမ်း စိတ်ထဲမှာ စိုးရိမ်တကြီးနဲ့ "ရှင့်ကို ဒီလိုမျိုးပြောလာမယ်လို့ ကျွန်မ ထင်ထားပြီးသား။ ဒါကြောင့် ရှင် ဒီကိုရောက်လာဖို့ ဒီနည်းလမ်းကိုပဲ သုံးလို့ရတယ်။ ရှင့်ကို သူငယ်ချင်းလို ချစ်ခင်မြတ်နိုးလို့ ကျွန်မလုပ်ခဲ့တာ။ ရှင့်ရဲ့အခြေနေအတွက် ကျွန်မ ဝမ်းနည်းသလိုခံစားရတယ်။ မဟုတ်ရင် ကျွန်မဒီလိုကျေးဇူးမသိတတ်တဲ့ အရာမျိုးလုပ်မှာမဟုတ်ဘူး။ ကျွန်မမှာ အဲ့လိုမျိုးမရှိဘူး"

ရန်ယန် သူမကို လျစ်လျူရှုပြီး အေးစက်တဲ့မျက်နှာပေးလိုက်သည်။

ပိုင်ရှောင်ချွမ်းက သူ့မျက်နှာပေါ်က ဤအမူအရာကို မြင်တဲ့အခါ လင်းရှောင်ယွဲ့ရဲ့ အသွင်ဆောင်သော မျက်နှာကြောင့် သူ့ကို မျက်စိကွယ်သွားစေကြောင်း သူမ သိလိုက်သည်။

သူမသည် အခြားမည်သည့်အရာကိုမျှ မပြောပေ။ ဒါကအဖြစ်မှန်များသာဖြစ်သည်။

"ရှမင်၊ ဆေးရုံမှာ ရှင်ကြားခဲ့သမျှကို ပြောပြလိုက် " ပိုင်ရှောင်ချွမ်းက လုရှမင်ကို ပြောလိုက်သည်။

လုရှမင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆေးရုံတွင် သူကြားသိခဲ့ရသည့် အကြောင်းအရာများအကြောင်း ရန်ယန်ကို ပြောပြခဲ့ကာ ရန်ရွှေ့ချန်မှာ လင်းရှောင်ယွဲ့နဲ့ အချစ်ဇာတ်လမ်းရှိနေကြောင်း ပြောကြားခဲ့သည်။

လုရှမင်နဲ့ ပိုင်ရှောင်ချွမ်းတို့ နှစ်ဦးစလုံးက လင်းရှောင်ယွဲ့ စရိုက်ကို အလွန်သံသယရှိတာကြောင့်ဖြစ်သည်။

ဒါပေမယ့် တကယ်တော့ သူတို့နှစ်ယောက်လုံးက ဒီကိစ္စကို အစအဆုံး မသိခဲ့ကြဘူး။ ရန်ယန်က ကောင်းကောင်းသိသည်။

ထို့အပြင် ရန်ယန်က သူ ဘာမှ မလုပ်နိုင်တာကို မုန်းခဲ့သည်။

ဒါဟာ လင်းရှောင်ယွဲ့ ကို မှားယွင်းသွားစေခဲ့တဲ့ သူ့ရဲ့ သိမ်ငယ်မှုကြောင့်ဆိုတာ ထင်ရှားသည်။

ဤလူနှစ်ယောက်ထံမှ ဤအရာထွက်လာတဲ့အခါတွင် လင်းရှောင်ယွဲ့မှာ ဖောက်ပြန်သောမိန်းမဖြစ်ပြီး အကျင့်စာရိတ္တမကောင်းသူဟု လူအများကို ထင်မြင်စေခဲ့သည်။

လင်းရှောင်ယွဲ့ ကို နားလည်မှုလွဲနေတဲ့ ဒီလူတွေကို ရန်ယန် ဒေါသထွက်ခဲ့သည်။

သူက လုရှမင်နဲ့ ပိုင်ရှောင်ချွမ်းတို့ကို ဆိုးသွမ်းသောအကြည့် ပေးခဲ့သည်။

ပိုင်ရှောင်ချွမ်းနဲ့ လုရှမင် ဤလူနှစ်ယောက်၏ မျက်စိ၌ ...... အဲဒါဟာ မျက်လုံးဖြူဝံပုလွေရဲ့ မျက်လုံးနဲ့ ညီမျှသည်။

သူတို့နှစ်ယောက်က သူ့ကို အပြည့်အဝ ထောက်ခံပြီး သူ့အကျိုးအတွက် ဒီအကြောင်းကို ပြောပြခဲ့သည်။

အဆုံးတွင် သူတို့သည် သူ့ဆီမှ ဤကဲ့သို့ အကြည့်ခံလိုက်ရသည်။

ပိုင်ရှောင်ချွမ်းမှာ နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည် ရှိနေဆဲပင်။ ထို့နောက် သူမက ရန်ယန်ကိုပြောလိုက်သည်။ "ဒီအကြောင်းကို ကျွန်မ သိပြီးတဲ့နောက်မှာ ရှင့်ကို ပိုစိတ်ပူမိတယ်။ လင်းရှောင်ယွဲ့က ရိုးရိုးရှင်းရှင်း မိန်းမတစ်ယောက်တော့ မဟုတ်ဘူး။ ကျွန်မ သူ့ကို သီးသန့် ဆက်သွယ်ခဲ့တယ်။ ရှင့်ကို ကြင်ကြင်နာနာနဲ့ ကူညီတဲ့အခါတိုင်း သူက ကျွန်မကို အပြစ်တင်ဆုံးမတယ်။ သူမမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိပြီး ရှင့်ကို ဘယ်တော့မှ ကောင်းအောင်လုပ်မှာ မဟုတ်ဘူး။ ရှင် အဲ့တာကို တကယ်စဥ်းစားကြည့်"

"ပြောလို့ပြီးပြီလား"

သူ အံကြိတ်ရင်း ရန်ယန်ရဲ့ ဒေါသမျက်လုံးတွေက ပိုင်ရှောင်ချွမ်းကို စိုက်ကြည့်ရင်း သူ့ လက်သီးတွေကို ဆုပ်ထားခဲ့သည်။ "ရန်ရွှေ့ချန်က လူယုတ်မာတစ်ယောက် ပြီးတော့ မင်းသူ့ကို အပြစ်မတင်နဲ့။ ရှောင်ယွဲ့ က သားကောင်ဖြစ်နေပေမယ့် မင်းသူ့ကို အပြစ်တင်နေတယ်၊ ​​ငါ့မှာ မျက်လုံးတွေရှိတယ်။ သူမ ဘာတွေလုပ်ခဲ့တာလဲဆိုတာ ငါမြင်နိုင်တယ်။ ငါ့မှာ နှလုံးသားရှိတယ်၊ ငါ့အပေါ်ထားတဲ့ သူမရဲ့ ရည်ရွယ်ချက်တွေကို ငါခံစားနိုင်တယ်။ မင်းမှာ ပါးစပ်နှစ်ပေါက်၊ ပါးစပ်နီနဲ့ သွားဖြူဖြူတွေ ရှိတယ်။ မင်း သူမအပေါ်မှာတောင် ပါးစပ်ပေါက်ဆိုးနေတာ။ ငါမင်းကိုမေးလိုက်ချင်တယ် မင်း သူမကို သိလား"

(TN- ပါးစပ်နီနဲ့ သွားဖြူဖြူများ- တစ်စုံတစ်ဦးအား ပုတ်ခတ်ကဲ့ရဲ့ခြင်း သို့မဟုတ် အသရေဖျက်ခြင်းခံရပါက၊ ဒေါသထွက်ပြီး ပါးစပ်နီပြီး ဖြူနေတဲ့ သွားတွေနဲ့ ဒီလို တာဝန်မဲ့တဲ့ စကားတွေကို ဘယ်လိုပြောနိုင်လဲလို့ မေးတာပါ)

"ရှင်သိတာထက် ကျွန်မတို့ပိုသိတယ်!"

ပိုင်ရှောင်ချွမ်းက ပြတ်ပြတ်သားသားပြောခဲ့သည်။ " ရှင် ကျွန်မတို့ကို ဒီလောက်ဒေါသထွက်နေစရာမလိုပါဘူး။ ဒါပေမယ့် ရှင့်ရဲ့နှလုံးသားထဲမှာ ကျွန်မတို့စကားတွေကို ရှင်နားထောင်နိုင်ရင် ရှင့်ရဲ့နှလုံးသားထဲမှာ လင်းရှောင်ယွဲ့ကို သတိထားနေသရွေ့ ရှင်အဲ့လိုဆက်ဆံလို့ရတယ်။ ကျွန်မ အသားလွတ်ကြီး မစွက်ဖက်ချင်ဘူး။ ရှင့်ကို ဘယ်တော့မှ မထိခိုက်စေချင်ဘူး၊ ရှင့်ကို ကျွန်မသူငယ်ချင်းအရင်းကြီးလို့ သဘောထားလို့ ကျွန်မလုပ်လိုက်တာ"

"ဟက်..."

ရန်ယန် လှောင်ရယ်လိုက်သည်။ သူ့ဒေါသကို ထိန်းထားရတာကြောင့် မျက်လုံးများက နီရဲနေသည်။ "အခုကစပြီး မင်းငါ့သူငယ်ချင်းမဟုတ်တော့ဘူး"

"ရန်ယန်!"

ပိုင်ရှောင်ချွမ်းက သူမရဲ့လေသံကိုမြင့်ဖို့ မထိန်းနိုင်တော့ပေ။ "ရှင့်အတွက် ဘယ်သူကကောင်းလဲ ဘယ်သူက မကောင်းတာလဲဆိုတာ ရှင်းရှင်းလင်းလင်း တွေးကြည့်လိုက်! ကျွန်မက ရှင့်ကို တနေကုန် ထိတွေ့နေတဲ့ လင်းရှောင်ယွဲ့နဲ့ မတူရင်တောင် ကျွန်မ ရှင့်ကို ဒုက္ခပေးမှာမဟုတ်ဘူး ဘယ်တော့မှပဲ"

ရန်ယန်က ပိုင်ရှောင်ချွမ်းနဲ့ နောက်ထပ် အသုံးမဝင်တဲ့ စကားတွေကို မပြောချင်တော့ပေ။

အကယ်၍ သူမပြောချင်သည်မှာ ရန်ရွှေ့ချန်အကြောင်းသား သာဆိုရင်တော့

ဒါဆိုရင် အခုအခိုက်အတန့်မှာ...

ကျန်တဲ့သူမ စကားတွေကို ရန်ယန် မကြားချင်တော့ပေ။

ရန်ရွှေ့ချန်ကို ရန်ယန်က အခြားသူများထက် ပိုမိုရှင်းလင်းစွာ သိသည်။

ရန်ရွှေ့ချန်က သူ့ကို အကြွေးတင်ထားပြီး လင်းရှောင်ယွဲ့အပေါ် အကြွေးတင်ထားသည်။ သူ့ရဲ့တတိယကိုယ်ခွဲကတော့ ရန်ရွှေ့ချန် သူ့အပေါ်တင်နေတဲ့ အကြွေးကို အပြည့်အဝရရှိခဲ့သည်။

ဤအရာကြောင့် သူ့ကို သို့မဟုတ် ရှောင်ယွဲ့ ကိုပင် မည်သူမျှ မထိခိုက်စေနိုင်ခဲ့ပေ။

အိပ်ယာမှထပြီးနောက် ရန်ယန်ရဲ့ လျစ်လျူရှုတဲ့ အသံထွက်လာခဲ့သည်။ "မင်း တကယ် ငါ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်တယ်ဆိုရင် ရန်ရွှေ့ချန်နဲ့ ရှောင်ယွဲ့ ကိစ္စအတွက် ဘာစကားမှမပြောနဲ့။ ရှောင်ယွဲ့ နဲ့ ရန်ရွှေ့ချန် ကြားမှာ ဘာမှမရှိဘူးဆိုတာ မှတ်ထား။သူမက ရန်ရွှေ့ချန် ရဲ့ တိတ်တိတ်ပုန်းမယားဖြစ်လာမှာမဟုတ်ဘူး။မင်းပြောခဲ့တဲ့စကားတွေက အပြင်ကို ထွက်သွားခဲ့ရင် သူမကို ထိခိုက်စေနိုင်တယ်။ မင်း သူမကို နာကျင်စေတယ်ဆိုတာ ငါသိခဲ့ရင်တော့ မင်းမှာ ကောင်းမွန်တဲ့အချိန်တွေမရှိစေရဘူး "

ဒုတိယ ရန်ယန်က ဤကဲ့သို့ ကြမ်းတမ်းသော စကားမျိုး တစ်ခါမျှ မပြောခဲ့ဖူးသလို မည်သူ့ကိုမှ ခြိမ်းခြောက်ခြင်းလည်း မရှိခဲ့ပေ။ ဒါသူ့ရဲ့ပထမဆုံးအကြိမ်ပဲ။

ဒါပေမယ့် ဒါက နောက်ဆုံးအကြိမ် မဟုတ်တာတော့ သေချာသည်။

ရန်ယန်က သူတို့ သူ့ကို အနိုင်ကျင့်တာ၊ သူ့ကို စော်ကားတာ၊ သူ့ကို နာကျင်အောင် လုပ်တာ၊ သူတို့ နှိပ်စက်တာတို့ လုပ်နိုင်တယ်ဆိုတာ ကောင်းကောင်းသိပေမယ့် လင်းရှောင်ယွဲ့ ကိုတော့ အထိမခံနိုင်ဘူး။

လင်းရှောင်ယွဲ့ က သူရဲ့ နားကြေးခွုဖြစ်သည်။

ထိတဲ့သူက ရန်သူဖြစ်လာလိမ့်မည်။

တတိယ ရန်ယန်လောက် မစွမ်းဆောင်နိုင်ရင်တောင်မှ လင်းရှောင်ယွဲ့ ကို ကူညီဖို့ ရှေ့ထွက်လိမ့်မည်။

ထို့ကြောင့် ဒီနေ့ညမှစပြီး ပိုင်ရှောင်ချွမ်းက သူ့သူငယ်ချင်း မဟုတ်တော့ပေ။

ရန်ယန် ဒေါသတကြီး ထွက်သွားခဲ့သည်။

မထွက်ခင်မှာ လုရှမင်က ထပ်ပေါင်းပြောခဲ့သည်။ "မင်းရဲ့ 'ဇနီးကောင်း' က မင်းကို အိမ်မှာစောင့်နေတယ်။ ငါတို့ မင်းကို ဖမ်းထားပေမဲ့ မင်းကို အိမ်ပြန်ပို့ပေးတယ်နော်။ ငါတို့က မယုတ်မာဘူး"

ရန်ယန် ပြန်မဖြေဘဲ ဆက်ထွက်သွားခဲ့သည်။

သူ့နောက်မှာတော့ လုရှမင်နဲ့ ပိုင်ရှောင်ချွမ်းတို့က သူ့ရဲ့ အဝေး နောက်ကျောကနေ နှစ်ယောက်လုံးအပေါ် မုန်းတီးတဲ့ အကြည့်ကို မြင်နေကြသည်။

လုရှမင် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ "စောစောက မင်းကို ငါပြောခဲ့သားပဲ၊ ဒါက ငယ်ရွယ်တဲ့ လင်မယားနှစ်ယောက်ကြားက ကိစ္စတစ်ခုလို့။ မင်းဒီလိုမျိုး အတင်းကြားဝင်လိုက်ရင် အဆင်မပြေဖြစ်မှာ သေချာတယ်။ နောက်ဆုံးတော့ မင်း ရန်ယန်ရဲ့သူငယ်ချင်းမဖြစ်ရတော့ဘူး မဟုတ်လား"

ပိုင်ရှောင်ချွမ်း ဒေါသတကြီး သက်ပြင်းချလိုက်သည်။ " သူ ကျွန်မကို လင်းရှောင်ယွဲ့ ထက် ပိုယုံတယ်လို့ထင်ထားခဲ့တာ။ အခုတော့ သူက ကျွန်မထက် လင်းရှောင်ယွဲ့ ကို ပိုယုံကြည်နေပုံရတယ်။ ဒီလောက်ပါပဲ ...... နောင်မှာ ဒီလိုမျိုးတွေ မလုပ်တော့ပါဘူး။ ဒါက ကျွန်မကို ကောင်းကျိုးမပေးဘဲ မုန်းတီးမှုကိုလည်း ဖိတ်ခေါ်သလိုဖြစ်သွားတယ်"

"ကောင်မလေး မင်း......"

လုရှမင်က ပိုင်ရှောင်ချွမ်းရဲ့ ခေါင်းကို ပွတ်လိုက်သည်။ "ဒီအရာတွေကို မြင်ရတာတောင် မင်းကကြင်နာတတ်လွန်းတာပဲ။ လူ့သဘာဝက မင်းထင်သလောက် မရိုးရှင်းဘူး"

ပိုင်ရှောင်ချွမ်းက ပြောလိုက်သည်။ "ဟုတ်တယ်၊ ကျွန်မက ကြင်နာလွန်းတယ်"

(TN: နားမထောင်ဘဲ လူတွေကို အကဲဖြတ်တဲ့လူနဲ့ ပိုတူတယ်။)

......

အရမ်းနောက်ကျနေပြီ။

မှောင်မိုက်သောညတွင် ရန်ယန် တစ်ယောက်တည်း အိမ်ကို လျှောက်သွားခဲ့သည်။

နှစ်သစ်ကူးရဲ့ ၃၀ ရက်မြောက်နေ့ဖြစ်တာကြောင့်၊ ကောင်းကင်တွင် မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်ကြပြီး တစ်လုံးပြီးတစ်လုံး ပေါက်ကွဲကာ ဒုတိယ ရန်ယန်ရဲ့ အိမ်အပြန်လမ်းကို တောက်ပစေခဲ့သည်။

ပုံမှန်အားဖြင့် ဒုတိယရန်ယန်က တော်ရုံစကားပြောတတ်ပေမယ့် အစောက ပိုင်ရှောင်ချွမ်းနဲ့ တော်တော်စကားပြောခဲ့သည်။

အပြန်လမ်းမှာ သူ တလျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။

နောက်ဆုံးတော့ သူအိမ်ပြန်ရောက်လာခဲ့သည်...

အိမ်ရှေ့မှာ လင်းရှောင်ယွဲ့ က လေအေးထဲ သူ့ကို စောင့်နေသည်...

အေးခဲတဲ့ ဆောင်းရာသီဖြစ်တာကြောင့် သူမသည် များသောအားဖြင့် အေးတဲ့ညတွေကို ကြောက်တတ်သည်။ အိပ်ယာထဲမှာတောင် အပြင် မထွက်ရဲဘူး။

ယခု သူမ တစ်ချိန်ချိန်တွင် ပြန်လာမည့်လူကို စောင့်ဆိုင်းနေပြီး လေအေးထဲ ရပ်နေခဲ့သည်။

သူမက အရမ်းကောင်းနေမှန်း သိသာပေမယ့် လူတွေက သူမကို အထင်လွဲပြီး နားလည်မှုလွဲနေကြတယ်...

ရန်ယန် နှလုံးသားက ပူလောင်လာခဲ့ပြီး နှာခေါင်းကချဥ်လာခဲ့သည် ...

All Chapters