← Chapters

အခန်း (၅၇)

Vol. 5 Ch. 57

အခန်း (၅၇)

Vol. 5 Ch. 57

ချန်ချိုင်ယွင် ရန်ဟုန်ဝမ်ကိုရှာဖို့ မြို့ကိုချက်ချင်းသွားပါစေ။ ရန်ဟုန်ဝမ်က သူ့ဇနီးအိမ်တွင် နေထိုင်ဖို့ ယခုအချိန်တွင် မြို့ပြန်ရောက်နေတာပဲဖြစ်ရမည်။

ကျန်တဲ့ မကောင်းတဲ့ အကြွေးတွေက ဒီမှာ လူကြီးသူမတွေ ဖြေရှင်းလို့ မရဘူး။

ဒါကြောင့် မြို့ကိုသွားပြီး ဒီကိစ္စအတွက် ရန်ဟုန်ဝမ်ကို တောင်းရမည်။

ချန်ချိုင်ယွင်ရဲ့ နှလုံးသားက ရန်ဟုန်ဝမ်နဲ့ နေ့တိုင်း နေ့တိုင်း ရန်ဖြစ်နေတာကြောင့် ရန်ဟုန်ဝမ်ကို သွားတွေ့ဖို့ အလွန်တွန့်ဆုတ်နေခဲ့သည်။

အထူးသဖြင့် ရန်ဟုန်ဝမ် မထွက်သွားမီ နောက်ဆုံးညတွင် သူမ ထိုအဖြူရောင်မျက်လုံးဝံပုလွေလေးကို ခုခံကာကွယ်ရန် ဦးနှောက်မရှိခဲ့ပေ။

အခု ဒီလိုအရာမျိုးတွေ ရှိလာပြီ။ ချန်ချိုင်ယွင် ရန်ဟုန်ဝမ်ဆီ သွားဖို့ သူမမျက်နှာကို ရှင်းရှင်းလင်းလင်း မသုတ်နိုင်တော့ပေ။

သူမရဲ့အမြင်အရတော့ စကားများရန်ဖြစ်ပြီးနောက် ပထမဆုံး စကားပြောတဲ့သူက အရှုံးကို ဝန်ခံသူဖြစ်သည်။

ချန်ချိုင်ယွင်က သူမ၏ တစ်ဘဝလုံး ကြံ့ခိုင်သန်မာခဲ့ပြီး ဘယ်သူ့ကိုမှ မရှုံးနိမ့်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ဖူးသည်။

ထို့ကြောင့် သူမဆန္ဒမရှိခဲ့ပေ။

မကိုက်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် အဖွားရန်က ရန်တလင်းကို ရန်ဟုန်ဝမ်ကို မြို့ထဲမှာရှာခိုင်းသည်။ တကယ်တော့ ရန်တလင်းက ရန်ဟုန်ဝမ်ရဲ့ ဖခင်အရင်းဖြစ်သည်။

သူ့သားက ဒုက္ခရောက်အောင်လုပ်ခဲ့တာကို ရန်တလင်းသိပြီး အခုတော့ တစ်မိသားစုလုံး ငြိတွယ်နေပြီ။ ယောက်ျားဖြစ်ရင် မားမားမတ်မတ်ရပ်ပြီး ဖြေရှင်းရမည်။

ထို့ကြောင့် ရန်ဟုန်ဝမ်ကို ရှာဖွေဖို့ မြို့သွားရန် သဘောတူခဲ့သည်။

ဒါပေမယ့်လည်း ငွေရနိုင်မလားဆိုတာကတော့ ပြဿနာဖြစ်နေတုန်းပဲ။ မြို့သို့ ရွက်လွှင့်သည့် သင်္ဘောသည် တစ်နေ့လျှင် နှစ်ကြိမ်သာ ရွက်လွှင့်မည်ဖြစ်ပြီး နံနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီထိပင်။

အခုက မွန်းတည့်နေပြီ။ သေချာတာကတော့ ဒီနေ့က အရမ်းနောက်ကျသွားပြီ။

မနက်ဖြန်မှာ အကြွေးကောက်သူတွေ တံခါးဆီလာပြီးတော့ မနက်ဖြန်တွင်လည်း အနည်းဆုံး ယွမ် ၁၀၀ ပေးရမည်ဟု ထိုလူက ပြောခဲ့သည်။

မဟုတ်ရင် အိမ်ထဲကို အလွတ်ဖြစ်အောင်လုပ်ပြီး အဖိုးတန်ပစ္စည်းတွေ ယူသွားလိမ့်မည်။

မည်သို့ပင်ဆိုစေ မနက်ဖြန် ယွမ် ၁၀၀ အရင်ထွက်ရမည်။

အဖိုးရန်နဲ့ အဖွားရန်ဘက်တွင်မူ လက်ထဲတွင် ပိုက်ဆံမရှိတော့ပေ။ ဒီ ယွမ် ၁၀၀ အတွက် ဒုတိယမိသားစုက ထုတ်ရမည်။

ဒါပေမဲ့ ဒုတိယမိသားစုရဲ့အိမ်မှာ ပိုက်ဆံသိပ်မရှိဘူး။

အထူးသဖြင့် ယခုနှစ်ကုန်တွင် ချန်ချိုင်ယွင်က မိသားစုအတွက် အဝတ်အစားအသစ်များပြုလုပ်ဖို့ ပိုက်ဆံများစွာကို အချိန်အတော်ကြာယူထားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ချန်ချိုင်ယွင်က စာကြောင်းကိုပစ်ချခဲ့သည်။ "ငါတို့မိသားစုရဲ့ ပိုက်ဆံအားလုံးက ငါ့ဆီမှာ။အရေအတွက်က ၁၅ ယွမ်ပဲရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ သူတို့ရောက်လာပြီး ငါ့အိမ်က ဗလာဖြစ်နေပြီ။ မနက်​ဖြန်​ ​နောက်​တစ်​​ခေါက်​ ထပ်​​ရောက်​လာလိမ့်​မယ်​။ ငါ့မှာ ရွှေ့စရာ မရှိတော့ဘူး... ကျန်တဲ့ ပိုက်ဆံကို ငါ မကူညီနိုင်ဘူး!"

ခြေဗလာနဲ့လူက ဖိနပ်မစီးရမှာကို မကြောက်ဘူး။

ချန်ချိုင်ယွင်က မိသားစုပစ္စည်းတွေအားလုံးကို ထုတ်ယူလိုက်ပြီး သူမရဲ့လမ်းမှ ထွက်သွားပုံရသည်။

သူမဆီက တစ်စုံတစ်ခုတောင်းတာ ဘယ်လောက်ပဲရှိရှိ ကိစ္စမရှိဘူး သူမမှာ ဘာမှမရှိဘူးလေ။

ဤအချိန်တွင် အဖိုးရန်နဲ့ အဖွားရန်တို့က ပထမမိသားစုကို အာရုံစိုက်ခဲ့သည် "တကျွင်း၊ ဒုတိယမိသားစုရဲ့ အခြေအနေကို မင်းလည်းမြင်နေတာပဲ။ ငါတို့က မိသားစုလေ။ မင်းနဲ့ ဒုတိယမိသားစုက ဆက်ဆံရေးကောင်းတာပဲ။ မင်းတို့ မိသားစုကို ဘယ်လောက်ထုတ်နိုင်လဲ။ ငါသိပါတယ် ချန်ယွိယွီက များသောအားဖြင့် သတိထားပြီး နေထိုင်တတ်တဲ့သူပါ။ မင်းမှာ ပိုက်ဆံအများကြီး စုဆောင်းထားသင့်သေးတယ် မဟုတ်လား"

အဖွားရန်က ဒီလိုပြောတဲ့အခါ ရန်ချန်ယွီရဲ့မျက်နှာက ပြောင်းလဲသွားသည်။

တကယ်တော့ ရန်ချန်ယွီက သူမ၏ ငွေကြေးကို ဂရုစိုက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။

နှစ်တွေတစ်လျှောက်တွင် သူမ မိသားစု၏ ကောင်းမွန်သော တွက်ချက်မှုအောက်တွင် သူမ မိသားစုက ယွမ် ၂၀၀ ကျော်ကို အေးချမ်းစွာနဲ့နေထိုင်ပြီး စုနိုင်ခဲ့သည်။

ရန်ချန်ယွီ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ့မိသားစုရဲ့ ပိုက်ဆံကို တခြားသူတွေ တွေးနေမှာကို သူမ စိတ်ပူနေမိသည်။

ရလဒ်ကတော့ တကယ်မှတ်မိသွားမယ်လို့ သူမ မမျှော်လင့်ထားပါဘူး..

မိသားစု၏ အကြီးဆုံးသားဖြစ်သည့် ရန်တကျွင်းက အဖွားရန်၏ နှိုးဆော်တဲ့ အဆိုပြုချက်နှင့် ရင်ဆိုင်ခဲ့ရသည်။ သူကတော့ နည်းမျိုးစုံနဲ့ ရှက်နေခဲ့သည်။

"အမေ... ဒီမှာ ကျွန်တော်တို့ပိုက်ဆံတွေ မရှိတော့ဘူး။ ဒီပိုက်ဆံတွေ ပိုသုံးလိုက်မယ်ဆိုရင် ကျွန်တော့်မိသားစု ဘာသွားစားကြမလဲ"လို့ ရန်တကျွင်း မေးလိုက်သည်။

သူဒီလိုပြန်ဖြေတော့ ရန်ချန်ယွီက အဲဒါကိုကြားရတာ မပျော်တော့ဘူး။

ရန်ချန်ယွီက သူဒီလိုပြန်မဖြေသင့်ဘူးလို့ ခံစားရသည်။ သူတို့မိသားစုမှာ ပိုက်ဆံမရှိဘူးလို့ပဲ ပြောသင့်တာ။

ထိုသို့ပြန်ကြားပြီးနောက် ဤကဲ့သို့သော မိသားစုကြီး၏ စားနပ်ရိက္ခာကုန်ကျစရိတ်ကို နောက်ရက်များတွင် ထမ်းရွက်ဖို့ လိုအပ်တယ် မဟုတ်လား။

အဖွားရန်ကို မိသားစုတွေပေးခဲ့သော ငွေတွေက ဒုတိယမိသားစုကြောင့် ကုန်သွားခဲ့ပြီး ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်နေပြီဖြစ်သည်။

မိသားစုတစ်စုလုံး၏ စားနပ်ရိက္ခာစရိတ်များ ပေးဆောင်ရလျှင် သူတို့မိသားစု (ပထမမိသားစု) ကို ပိုထိတ်လန့်စေမှာ မဟုတ်ဘူးလား။

ထိုအချိန်တွင် ရန်ချန်ယွီက သူမစိတ်ထဲ မပျော်မရွှင်ဖြစ်နေရုံသာမက သူမ မျက်နှာကိုလည်း တိုက်ရိုက်ဆွဲချသွားခဲ့သည်။ သူမက ချန်ချိုင်ယွင်ကို ဗလာကျင်းစွာ တစ်ချက်ကြည့်လိုက်သည်။

ဒါပေမယ့် ချန်ချိုင်ယွင်သည်လည်း ရန်ချန်ယွီကို ဂရုမစိုက်တာကြောင့် သူမ အဖြူရောင်မျက်လုံးတွေကို မမြင်ရပေ။

"အစ်ကိုကြီး၊ အစားအသောက်စရိတ်တွေ ဒါမှမဟုတ် အခုအတွက်ဟာကို ဘာပဲဖြစ်ဖြစ် လျစ်လျူရှုလိုက်ကြရအောင်"

ရန်တလင်းက ရန်တကျွင်းကို စကားပြောခဲ့သည်။ "မနက်ဖြန် ငါ မြို့ကိုသွားပြီး အရှုံးသမားဆီ ပိုက်ဆံတောင်းလာမယ်။ ပိုက်ဆံထွက်လာရင် လောင်းကစားသမားတွေဆီ ပို့လိုက်သရွေ့ ကျန်တာတွေ အဆင်ပြေသွားမှာပါ"

“ဒုတိယ ညီလေး၊ ငါအဲ့တာကို မပြောလိုပါဘူး၊ ဒါပေမယ့် မင်းရဲ့သားက ငွေအများကြီးကြောင့် ကြောက်လန့်ပြီး မြို့ကို ပြန်သွားတာနော်။ မနက်ဖြန် သူ့ကို ရှာဖို့ မြို့ကို သွားလို့ရတယ်၊ ပိုက်ဆံမပါဘဲ ပြန်လာလို့မရဘူး။ပြီးတော့ မင်း နောက်ထပ်ဘယ်လောက်များ ပြန်ရနိုင်မှာလဲ"

ရန်တကျွင်းရဲ့ လေသံက ဒီကိစ္စမှာ မပါဝင်ချင်ကြောင်း ပြသနေခဲ့သည်။ "ဒါကို စဉ်းစားကြည့်။ ငါတို့ အခုပြန်ပေးရမှာက ယွမ် ၅၀၀၊ မင်း ယွမ် ၅၀၀ ပြန်ရရင်တောင် အကြွေးဆပ်ဖို့ လုံလောက်သွားပြီ။ လူတိုင်းအတွက် ​နောက်​ထပ်​ ​နေထိုင်​စားရိတ်​​ရော ​အ​မေမှာ​ငွေမရှိတော့ဘူး​!​ ရှင်း​ရှင်း​ပြောရရင်​ အ​ကြွေးဆပ်​ဖို့ ​အ​မေထုတ်​လိုက်​တဲ့ ​ငွေက ငါတို့အိမ်​ကြီးမှာ မိသားစု​ဝေစုရှိပြီးသား​လေ။ ဂရုမစိုက်ပေမယ့် ဒီငွေပမာဏကို ပေးဆောင်ခိုင်းရင် ပြန်ဆပ်နိုင်တယ်ဆိုတာ စိတ်ချလို့ရနိုင်လား၊ ငါတို့ကို ပြန်ဆပ်လို့ရမှာတဲ့လား"

"ပြန်ပေးမယ်၊ ငါပြန်ဆပ်မယ်!"

ရန်တလင်း အာမခံပါ ခေါင်းညိတ်လိုက်သည်။ “အကိုကြီး၊ ငါ့စရိုက်ကို မယုံသေးဘူးလား၊ ငါက ပိုက်ဆံအကြွေးတင်ခံပြီး ပြန်မဆပ်မယ့်လူမျိုးလား”

"သူ ရှင့်ကို မယုံဘူး ဒါမှမဟုတ် ကျွန်မတို့ကို ကူညီဖို့ ဆန္ဒမရှိဘူးလို့ ကျွန်မထင်တယ်!"

သူ့ဘေးနားက ချန်ချိုင်ယွင်က မှုန်ကုပ်ကုပ်အသံနဲ့ ပြန်ဖြေခဲ့သည်။

သူမ ဘဝတစ်လျှောက်လုံး သန်မာခဲ့သူဖြစ်ပြီး လူများကို ဦးညွှတ်ခဲသည်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ သူ့မိသားစုမှာ ပြဿနာရှိနေရင်တောင် ချန်ချိုင်ယွင် ဦးမညွှတ်ချင်ဘူး။

"ငါ့ရဲ့ခယ်မက ဒီလိုပြောတယ်ဆိုတော့ ငါ့မှာလည်း ဘာမှပြောစရာမရှိတော့ဘူး"

ရန်တကျွင်း အဆင်မပြေတဲ့ မျက်နှာထားနဲ့ပြောခဲ့သည်။ "အမေ၊ မနက်ဖြန် ဒီလူအုပ်စုနဲ့ စကားပြောလိုက်။ တစ်ရက် နောက်ကျပြီး အတိုးနှုန်းကို နောက်ထပ်တစ်ရက်စာအတွက် တွက်ထားလိုက်လို့။ ဒုတိယညီ ဒီငွေပြန်တောင်းဖို့ မြို့ကိုသွားတာက တစ်ရက် အတိုးပြန်ဆပ်ရမယ့် ကိစ္စပဲ”

အဖွားရန်ကလည်း ဒါက အကြံကောင်းတစ်ခုလို့ ထင်ပြီး ဟုတ်ပြီလို့ ပြောတော့မည်။

ဒါပေမယ့် ချန်ချိုင်ယွင် ရုတ်တရက် ငြင်းခုံလာသည်။ " ဘာလဲ၊ အစ်ကိုက ဒီဟာကိုတောင် မကူညီချင်ဘူးပေါ့လေ ဟုတ်လား။ ဟိုတုန်းက ကျွန်မတို့ ပိုက်ဆံတွေ ရောထားတုန်းက ကျွန်မဘာမှပြောတာ မဟုတ်ဘူး၊ အစ်ကိုတို့မိသားစုက ကျွန်မတို့ရဲ့ ဒုတိယမိသားစုကို အများကြီး အခွင့်ကောင်းယူခဲ့တာမဟုတ်ဘူးလား။ ဒုတိယမိသားစုက အစ်ကို့ကို တစ်ခါမှ ဒီလိုမလုပ်ဖူးဘူး! ဒုတိယမိသားစုမှာ ဒီအဖြစ်အပျက်တစ်ခုဖြစ်လာတာကြောင့် အစ်ကိုတို့အိမ်ကြီးက ကျွန်မတို့ဘက် ပြန်လှည့်လာခဲ့တာ မဟုတ်လား။ အစ်ကိုတို့ မိသားစုက တတိယမိသားစုလိုခွဲနေချင်နေတာ မဟုတ်လား"

"ငါတို့မိသားစု မင်းမိသားစုရဲ့ပိုက်ဆံကို မသုံးခဲ့ဘူး!"

တကျွင်းက စားပွဲကို ရိုက်ချလိုက်ပြီး ချန်ချိုင်ယွင်ကိုအော်ပစ်လိုက်သည်။ "ငါတို့ မိသားစုက ပုံမှန် ပိုက်ဆံပေးပြီး ပုံမှန်ပဲ သုံးနေတာ။ ငါတို့ အမေပြောတဲ့အတိုင်း ပေးပါ့မယ်!"

"နွားချေးပဲ။ မင်းက အကြိမ်ပေါင်းများစွာ လစာကနည်းနေတာကို ငါမသိဘူးလို့ ထင်နေတာလား!"

ချန်ချိုင်ယွင် ဘာမပြောညာမပြောနဲ့ ပြန်ဖြေခဲ့သည်။ "သူဌေးမိန်းမ၊ နင့်ရဲ့မိသားစု ဘာဖြစ်သွားတာလဲ။ နင့်မိသားစု အဲဒီလမှာ ကတ်တီတွေနည်းသွားတယ်။ နင် ၈၀ ယွမ် ပေးမယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမယ့် နင် ယွမ် ၅၀၊ ၆၀ ပဲပေးခဲ့တာကို ငါမသိဘူးလို့ မထင်နဲ့။ နင့်ရဲ့သားအကြီးဆုံးက အပြင်ခဏထွက်သွားတာကြောင့် ခြေထောက်မှာ ဒဏ်ရာရလာတယ်။ အမေ့ဆီက ယွမ် ၁၀၀ ကိုတောင် ယူလိုက်သေးတယ်။ အဲဒါက ဘယ်ကလာတာလဲ။ ငါတို့ရဲ့ ဒုတိယမိသားစုက ပေးရတဲ့ အပိုငွေအားလုံးတော့ မဟုတ်ဘူး! အဲ့တာက ငါတို့ရဲ့ ဒုတိယမိသားစုငွေကြောင့်ပဲ။ ငါနင့်ကို အရာအားလုံးပြောပြရဦးမလား"

"ဒေါ်ဒေါ် ၊ ဘယ်လိုပြောလိုက်တာလဲ၊ အစ်ကို ဟုန်ဝမ် လက်ထပ်တော့ အဖွားက ယွမ် ၂၀၀ ပေးခဲ့တယ်လေ" အကြီးဆုံးမိသားစုဝင်ဖြစ်တဲ့ ရန်ဟုန်ရင်က တုံ့ပြန်ခဲ့သည်။

"အဲ့တော့ ဘာဖြစ်လဲ၊ ငါ့ ဟုန်ဝမ် လက်ထပ်ပြီးသွားတော့ သူ မြို့ကနေ လတိုင်း ပိုက်ဆံပြန်ပို့နေတာပဲ။ ငါတို့မိသားစုက နင့်ရဲ့ ဒုတိယမိသားစုထက် လစဉ် ယွမ် ၁၀၀ ပေးရတယ်၊ နင်တို့ ဒုတိယမိသားစုက ငါတို့ဆီက စားသောက်လာတာ နှစ်တွေကြာနေပြီ၊ ငါတို့မိသားစု တစ်ခုခုဖြစ်သွားတော့ နင်က ဒီလို ပုန်းနေတာပဲ!"

ချန်ချိုင်ယွင်က အော်ဟစ်ရယ်မောခဲ့သည်။ "မျက်လုံဖြူဖြူဝံပုလွေက ဘယ်သူလဲဆိုတာ ပြောဖို့မလွယ်ဘူး!"

ချန်ချိုင်ယွင်မှာ ပါးစပ်ပါသည်။ သူမမှာ နှုတ်ခမ်းကအနီနဲ့ သွားကဖြူသည်။ စကားကို လုံးဝ မစဉ်းစားဘဲ ပြောနိုင်သည်။

ယခင်က ဝမ်ရှို့ယင်က သူမ စော်ကားတာကိုခံခဲ့ရပြီး မိသားစုကို ခွဲဖို့ တွန်းအားပေးခံခဲ့ရသည်။ အခုတော့ ရန်ချန်ယွီလည်း မိသားစုတွေဆီကခွဲထွက်လိုတဲ့ ဆန္ဒကို ရုတ်တရက် ခံစားလိုက်ရသည်။

ဒါပေမယ့်လည်း ရန်ချန်ယွီက ထိုကဲ့သို့သောလူမဟုတ်ပေ။ လက်တွေ့အခြေအနေများစွာကို ထည့်သွင်းစဉ်းစားကာ မိသားစုဆီမှခွဲထွက်လိုသောဆန္ဒကို မျိုသိပ်ထားဆဲဖြစ်သည်။

"ကောင်းပြီ၊ ရှေးဟောင်းနှောင်းဖြစ်တွေကို မရှင်းနေနဲ့!"

ရန်တကျွင်းက စားပွဲပေါ် လက်ဖဝါးနဲ့ ရိုက်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် ငါဆိုလိုတာက ပြန်ဆပ်ရမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်၊ အတိုးတစ်ရက် ထပ်ပေးရမယ်။ ဒါက ကိစ္စမရှိဘူး! ဒါပေမယ့် ငါတို့မိသားစုကို ဒီယွမ် ၁၀၀ ပေးချေဖို့ တောင်းဆိုတာကတော့ မဖြစ်နိုင်ဘူး! မင်းရဲ့ လောင်းကစားအကြွေးတွေဆပ်တာထက် ကလေးတွေအများကြီးရှိတဲ့ မိသားစုကို ပြုစုပျိုးထောင်ရတာ ငါ ပိုကြိုက်တယ်။ မင်းရဲ့လောင်းကစားကြွေးကို မင်းကိုယ်တိုင်ပြန်ဆပ်ရမယ်။ တခြားသူတွေနဲ့ မဝက်ပါခိုင်းနဲ့၊ အကြွေးဟောင်းတွေကို အရင်ဆပ်ဖို့လုပ်"

"အကြွေးဟောင်းတွေကိုဆပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ အကြွေးဟောင်းတွေကိုမတွက်ဘူး မဟုတ်လား။ အဲ့တာကဘယ်တော့မှ မဖြစ်လာဘူး ဟုတ်ပြီလား"

ချန်ချိုင်ယွင်က ကျိန်ဆဲခဲ့သည်။ "ငါ နင့်ကိုပြောတယ်လေ ငါတို့အတူတူနေထိုင်လာခဲ့တာ နှစ်တွေကြာလာတာနဲ့အမျှ နင်က ငါတို့မိသားစုကို အခွင့်ကောင်းယူခဲ့တာ ပြီးတော့ ငါအခုချက်ချင်းဖြေရှင်းလိုက်တော့မယ်! ဒီတစ်ခါ ငါတို့မိသားစု မတော်တဆမှုတစ်ခုကြုံခဲ့တယ်။ အနည်းနဲ့အများတော့ နင်တို့မိသားစုဆီက နည်းနည်းတော့ထုတ်ရမှာပဲ "

"ဟုတ်တယ် ယွမ် ၁၀၀ က သိပ်မများဘူး!" ဒုတိယမိသားစု၏ သားစဉ်မြေးဆက်ဖြစ်သော ရန်လျန်ဟွာက ချန်ချိုင်ယွင်ကို ထောက်ခံအားပေးစကားတွေကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

သူတို့ရဲ့ ဒုတိယမိသားစုက ပိုက်ဆံတွေ ပြောင်ပြောင်တင်းတင်း တောင်းတာကို မြင်တော့ ရန်တကျွင်း စိတ်ဆိုးပြီး ဒေါသထွက်တော့မည်။

ရုတ်တရက်...

ရန်ချန်ယွီရဲ့ လက်ဖဝါးက ရန်တကျွင်း ပုခုံးပေါ် ကျရောက်လာသည်။ သူစိတ်မဆိုးခင်မှာ သူမက အရင်ဆုံးစကားပြောခဲ့သည်။ "ဒုတိယယောက်မ၊ နင် အကြွေးဟောင်းတွေကို ရေတွက်လို့ရပေမယ့် အဲ့တာကငါတို့မိသားစုအတွက်တင် မဟုတ်ဘူး! ရှေးဟောင်းနှောင်းဖြစ်တွေကို တွက်မယ်ဆိုရင် ငါတို့မိသားစုသုံးစုထဲမှာ တတိယမိသားစုက အများဆုံးပဲ၊ နင့်ရဲ့အားသာချက်က တွက်ချက်မှုတွေလုပ်ရမယ်ဆိုရင် တတိယမိသားစုကို အရင်စစ်ဆေးသင့်တယ်။ တတိယမိသားစုက နင့်မိသားစုအတွက် ငွေဘယ်လောက်ထည့်ဖို့ဆန္ဒရှိလဲနဲ့ ငါတို့မိသားစုက ဘယ်လောက်ထည့်ပေးရမှာလဲ။ တတိယ မိသားစုက အဲဒါကိုမလုပ်ဘူးဆိုရင် ငါတို့မိသားစုအတွက်လည်း ပေးစရာအကြောင်းမရှိဘူး”

ရန်ချန်ယွီက သူမပါးစပ်ကိုဖွင့်ကာ ၎င်းနှင့်ဘာမှမဆိုင်သည့် တတိယမိသားစုကို ရေထဲ ဆွဲနှစ်ခဲ့သည်။

ချန်ချိုင်ယွင်က ရန်ချန်ယွီရဲ့ထောင်ချောက်ထဲ ပြုတ်ကျသွားခဲ့သည်။ "ဟုတ်တယ်၊ တတိယမိသားစုက နင့်မိသားစုပေးသင့်သလောက် ပေးလိမ့်မယ် ဟုတ်တယ်မလား။ ငါ့ကိုစောင့်နေ!"

ချန်ချိုင်ယွင်ရဲ့ ရိုးရှင်းပြီး စိတ်ကူးယဉ်ဆန်တဲ့ အမြင်တွင် ရန်ချန်ယွီက သူမအားအကြွေး စုဆောင်းဖို့ နောက်ထပ်နေရာတစ်ခု ပေးခဲ့သည်။

ချန်ချိုင်ယွင်က တတိယမိသားစု သူမကို ပိုက်ဆံပေးခဲ့ပြီး ဒုတိယမိသားစုက သူမကို ပိုက်ဆံပေးမယ်ဆိုရင် ဖိအားက အများကြီးက နည်းသွားလိမ့်မယ်ဆိုတာကို သူမစိတ်ထဲမှာ တွက်ချက်ခဲ့သည်။

ထို့ကြောင့် အဖွဲ့၏ရလဒ်မထွက်မီ ချန်ချိုင်ယွင်က ဒေါသတကြီးဖြင့် သူမ အခန်းထဲမှ ထွက်သွားပြီး တတိယမိသားစု အိမ်ဆီ တည့်တည့်သွားခဲ့သည်။

တတိယမိသားစု အိမ်တွင် ဝမ်ရှို့ယင်က နှစ်ရက်ကြာ အခြောက်ခံထားသော ပဲငံပြာရည်အသားကို ခုတ်ထစ်ဖို့ စဥ့်တီတုံးပေါ်တွင် တင်ထားသည်။

ချန်ချိုင်ယွင် ဒေါသတကြီးဝင်လာချိန် တတိယမိသားစုရဲ့အိမ်က အသားလှီးနေတုန်းပဲဆိုတာကို တွေ့လိုက်ရသညမ။

ချက်ချင်း သူမ မျက်လုံးတွေက နီရဲလာသည်။

"ပိုက်ဆံတွက်မယ် ပိုက်ဆံတွက်မယ်"

ချန်ချိုင်ယွင် ဒေါသထွက်လွန်းလို့ မီးဖိုကို ရိုက်လိုက်သည်။ "ငါတို့ရဲ့ ဒုတိယမိသားစုဆီက နှစ်ပေါင်းများစွာ သုံးခဲ့ရတဲ့ ပိုက်ဆံတွေကို တွက်ဖို့ အချိန်တန်ပြီ!"

ယောက္ခမနဲ့ချွေးမဖြစ်တဲ့ လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကြောင်တောင်တောင် မျက်လုံးတွေနဲ့ သူမကို ကြည့်လိုက်ကြသည်....

All Chapters