အခန်း (၅၈)
Vol. 5 Ch. 58
လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့က ဒုတိယမိသားစုရဲ့ ပြဿနာတွေကို ၎င်းတို့၏ တတိယမိသားစုဆီ ယူဆောင်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။
မျက်နှာတည်တည်နဲ့ ပိုက်ဆံလာတောင်းကြတာ ရယ်စရာကောင်းသည်။ လူတွေ သူ့ကို လှောင်ပြောင်မှာကို သူမ မကြောက်ဘူး။
"ငွေစာရင်းတွေရှင်းမယ်"
ချန်ချိုင်ယွင်က အခုအချိန်တွင် အခြားနေရာများမှ ပိုက်ဆံရှာဖို့ နည်းလမ်းမရှိတာကြောင့် သူမပတ်ဝန်းကျင်က လူတွေကိုသာ လိုက်နိုင်ခဲ့သည်။
သူမ အမြင်တွင် တတိယယောက်မနဲ့ ပထမယောက်မက အနိုင်ကျင့်ဖို့ လွယ်ကူသည်။
အကြီးဆုံးယောက်မက ပေးလိုက်တာဖြစ်ပြီး တတိယယောက်မ ပိုက်ဆံထုတ်ဖို့ဆန္ဒရှိတယ်ဆိုရင် သူမ ထုတ်ယူနိုင်လိမ့်မယ်လို့ ပြောခဲ့သည်။
ထို့ကြောင့် ချန်ချိုင်ယွင်က တတိယမိသားစုဆီမှ ပိုက်ဆံကို လာယူခဲ့သည်။
သူတို့ကိုယ်သူတို့ ခံ့ညားတဲ့ပုံပေါက်စေဖို့ ချန်ချိုင်ယွင် ရဲ့လက်က မီးဖိုကို ဖိလိုက်သည်။ "ဒီနှစ်တွေမှာ နင် ငါတို့ရဲ့ ဒုတိယမိသားစုဆီက အခွင့်ကောင်းယူသွားခဲ့တာ။ငွေစာရင်းဟောင်းတွေကို တစ်ခါတည်း အပြီးတိုင်ရှင်းဖို့ အချိန်တန်ပြီ။ ငါတို့ရဲ့ ဒုတိယမိသားစု ရသင့်ရထိုက်တဲ့ ငွေအားလုံးကို ပြန်ပေး"
ဝမ်ရှို့ယင်နဲ့ လင်းရှောင်ယွဲ့တို့ သူမကို ကြည့်နေကြသည်။
လေထုက ခဏတာ ငြိမ်သက်သွားပြီးနောက် ဝမ်ရှို့ယင် က အသားတွေကို ဆက်လှီးဖြတ်ခဲ့သည်။ လင်းရှောင်ယွဲ့ လှည့်ပြီး လမ်းလျှောက်ကာ ပြောလိုက်သည်။"ကျွန်မရဲ့ တံမြတ်စည်းကော"
ချန်ချိုင်ယွင်ရဲ့ မျက်နှာက ပြောင်းလဲသွားပေမယ့် လင်းရှောင်ယွဲ့ ရဲ့ စကားကြောင့် သူမ ကြောက်ရွံ့ခြင်းမရှိပေ။ အဲဒီအစား သူမရဲ့အသံက ပိုမြင့်လာပြီး အော်ပြောခဲ့သည်။ "နင် ဘယ်သူ့ကို ခြိမ်းခြောက်ဖို့ကြိုးစားနေတာလဲ၊ ငါ နင်တို့နှစ်ယောက်ကို ပြောမယ် ငါဒီပိုက်ဆံကို ဒီနေ့ပဲယူမယ်! နင်တို့ ပိုက်ဆံဘယ်ကရလာလဲဆိုတာ ငါဂရုမစိုက်ဘူး၊ နင်တို့သွားချေးလို့ရတယ်၊ ဒီတစ်နှစ်ပတ်လုံး ငါတို့ရဲ့ ဒုတိယမိသားစုဆီကနေ စားထားတဲ့ ပိုက်ဆံတွေကို ထုတ်လာပေး"
လင်းရှောင်ယွဲ့ ထောင့်နားမှာ တံမြက်စည်းကိုတွေ့သွားပြီး အမြင့်ကို မြှောက်ပြီး ချန်ချိုင်ယွင် ရှေ့ကိုရိုက်ချလိုက်သည်။
(TN ကျေနပ်လိုက်တာ....."
ချန်ချိုင်ယွင်က သူမရဲ့ အလွန်အကျွံ အပြုအမူကြောင့် ထိတ်လန့်သွားပေမယ့် လျင်မြန်စွာဖြင့် တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
သူမ မျက်မှောင်ကြုတ်လိုက်ပြီး လင်းရှောင်ယွဲ့ရဲ့ တံမြတ်စည်းရိုးကို ကိုင်ကာ သူမကို စိုက်ကြည့်ခဲ့သည်။ "ငါ့ကို ဒီလိုလာမလုပ်နဲ့။ အကြွေးဆပ်တာကမှန်တယ်။ ငါ ရွာသူကြီးဆီသွားမယ်ဆိုရင်တောင် တရားမျှတတယ်။ပိုက်ဆံပေးလိုက်"
လင်းရှောင်ယွဲ့က ချန်ချိုင်ယွင်ရဲ့ ခွန်အားက အတော်လေး အားကောင်းကြောင်း တွေ့ရှိမှသာ တံမြက်စည်းကို ရုတ်တရက်ဆွဲလိုက်သည်။
ထားလိုက်တော့.....
သူမက နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးဖြစ်ပြီး သူမ ဘဝတစ်လျှောက်လုံး လူထောင်ပေါင်းများစွာရဲ့ ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ဒီအပေါက်ဆိုးတဲ့မိန်းမနဲ့ ရန်မဖြစ်ချင်ဘူး။
လင်းရှောင်ယွဲ့က ပွတ်ဆွဲကာ တံမြက်စည်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ရပ်လိုက်သည်။ အရှိန်မလျော့ဘဲ သူမပြန်ဖြေခဲ့သည်။"အဒေါ်! အသိဉာဏ်မရှိတဲ့သူလို အော်ပြီး ကျွန်မတို့အိမ်ကို မလာနဲ့။ သူ ပိုက်ဆံတောင်းဖို့ ဒီကိုလာခဲ့တယ်။ အဒေါ့် ရဲ့သားက လောင်းကစားအကြွေးတွေတင်ပြီး မဆပ်နိုင်ဘူး။ အဒေါ်တို့ နှစ်ယောက်လုံးက တကယ်ရယ်စရာကောင်းတာပဲ! ပိုက်ဆံမရှိလို့လား။ ဒါဆို အဒေါ် ဘာလို့ ပိုက်ဆံမချေးရတာလဲ။ အဒေါ်တို့ တစ်ယောက်ပြီး တစ်ယောက် ပိုက်ဆံတောင်းဖို့ အကြောင်းပြချက်တွေရှာတာက တရားမျှတတယ်ပေါ့လေ! သူတောင်းစားတောင် အဒေါ့် လောက် ရန်လိုမှာမဟုတ်ဘူး!"
"ပါးစပ်ပိတ်ထားစမ်း ခွေးမ"
ချန်ချိုင်ယွင်ရဲ့ မျက်လုံးတွေက မှေးမှိန်သွားကာ မီးဖိုပေါ်မှ လက်ဖဝါးကို ရိုက်ချလိုက်ပြီး လင်းရှောင်ယွဲ့ နောက်မှ ဝမ်ရှို့ယင်ဆီ တိုက်ရိုက်အော်ခဲ့သည်။ "နင်တို့ တတိယမိသားစုက နှစ်တွေ ဘယ်လောက်ကြာအောင် ငါတို့ ဒုတိယမိသားစုဆီကနေ စားသောက်ခဲ့ကြတာလဲ။ ငါတို့ ဒုတိယမိသားစုဆီကနေ နင် ပိုက်ဆံ ဘယ်လောက်တောင်မှဖြုန်းထားခဲ့လဲ နင် ကောင်းကောင်းသိတယ်။ နင်အိမ်ခွဲနေရင်တောင် နင့်မှာ ဒီအကြွေးတွေ ရှိတော့မှာ မဟုတ်ဘူးလို့ တွေးမနေနဲ့။ ဒီနေ့ ငါ့ကို ပြန်ပေး။ နင် ပြန်ဆပ်ရမယ်!"
ဝမ်ရှို့ယင်က မျက်နှာရှုံ့မဲ့ကာ မီးဖိုချောင်သုံးဓားကို စဥ့်တီတုံးပေါ် ထိုးစိုက်ပစ်လိုက်သည်။ မကျေမနပ်ဖြစ်တာလည်းရှိသည်။
ချန်ချိုင်ယွင် ခဏတော့ ထိတ်လန့်သွားပေမယ့် ယောက္ခမနဲ့ ချွေးမအတွဲက သူမကို ဘာမဆို တကယ်လုပ်ရဲလိမ့်မယ်လို့ သူမ မယုံခဲ့ဘူး။
ထို့ကြောင့် သူမ မားမားမတ်မတ် ခိုင်ခိုင်မာမာ မတ်တတ်ထရပ်ကာ ခေါင်းကို မြင့်မြင့်မော့ပြီးစကားပြောလိုက်သည်။ "နင် ဘယ်သူ့ကို ခြောက်ဖို့ကြိုးစားနေတာလဲ။ ငါ ချန်ချိုင်ယွင်ကို ကြောက်လိမ့်မယ်လို့ ထင်နေတာလား။ ငါပြောမယ် နင် ဒီနေ့ပဲ ပိုက်ဆံပြန်ပေးရမယ်!"
ထိုစကားတွေကို ပြောပြီးနောက် ချန်ချိုင်ယွင် လှည့်ကာ ထမင်းစားပွဲဘေး လျှောက်သွားပြီး စားပွဲအစွန်းပေါ်ကို တင်ပါးတစ်ဖက်နဲ့ ထိုင်ချလိုက်သည်။
လက်က စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ "ဒီနေ့ ပိုက်ဆံမပေးရရင် ငါမထွက်သွားဘူး! မှားတယ်လို့မခံစားနဲ့။ အကြီးဆုံးယောက်မက ပြန်ဆပ်ဖို့ သဘောတူတယ်။ နင်တို့ တတိယမိသားစုက ငါတို့ကို ပြန်ဆပ်ဖို့ အကြောင်းပြချက်မရှိဘူး! နှစ်တွေကြာလာတာနဲ့အမျှ နင်ရဲ့တတိယမိသားစုက အခွင့်ကောင်းယူခဲ့တာ။ နင်တကယ်ပြန်မဆပ်ဘူးဆိုတဲ့ အကြောင်းပြချက်ကတော့မရဘူး"
ဝမ်ရှို့ယင်နဲ့ လင်းရှောင်ယွဲ့ တို့သည် ချန်ချိုင်ယွင်ရဲ့ မရိုးမရွအကြည့်ကို မြင်လိုက်တဲ့အခါတွင် သူမ ဤအချက်ကို အမှန်တကယ် အလေးအနက်ထားကြောင်း သိလိုက်ရသည်။
ဟာသပဲ...
ရန်မိသားစုရဲ့ ဤမိုက်မဲသောငွေစာရင်းက တွက်ချက်လို့ မရနိုင်ပေ။
သူတို့ဆီက ပိုက်ဆံတွေ စုဆောင်းပြီး သူတို့ဆီက ပိုက်ဆံယူဖို့ တခြားအကြောင်းပြချက်ကောင်းတွေကိုတောင် မစဉ်းစားမိဘူး။ ဒီလိုမျိုး အကြောင်းပြချက်နဲ့ ပိုက်ဆံ စုဆောင်းတာက မိုက်မဲလွန်းသည်။
လင်းရှောင်ယွဲ့ က ပြတ်သားတဲ့လေသံနဲ့ "ဒုတိယအဒေါ် ၊ ဒီနေ့မှ ပိုက်ဆံမရမချင်း အဒေါ် ထွက်သွားမယ့်ပုံမရဘူး ဟုတ်တယ်မလား"
"ပိုက်ဆံမရမချင်း"က ဘာကိုဆိုလိုတာလဲ။ ငါတို့ဒုတိယမိသားစုနဲ့ နင်တို့မိသားစုရဲ့ငွေစာရင်းကို ဖြေရှင်းပေးတာဖြစ်သင့်တယ်။ အိမ်ခွဲပြီး နှစ်တွေကြာအောင် ငါ့ပိုက်ဆံကို သုံးပြီးစားခဲ့တာကို ဘာကြောင့် ထည့်မတွက်တာလဲ"
ချန်ချိုင်ယွင်က သူမရဲ့ အဖြူရောင် မျက်လုံးဝိုင်းဝိုင်းတွေကို ထုတ်ပစ်လိုက်သည်။ "ငါနင့်ကို ပြောမယ်၊ ဒါမပြီးသေးဘူး။ ဒီငွေကိစ္စက မရှင်းဘူး။ နင်တို့ ဘာပိုက်ဆံမှမပေးဘူးဆိုရင် ငါလည်းမထွက်သွားဘူး"
"နင်က တကယ်ကို ကလိမ်ကကျစ်ကြီးပဲ ဟုတ်တယ်မလား "
ဝမ်ရှို့ယင်က ချန်ချိုင်ယွင်ကိုကြည့်ကာ အလွန်မပျော်မရွှင်ဖြစ်နေပြီဖြစ်သည်။ “ဒါဆို ငါလည်း နင့်ကိုပြောရတာပေါ့ ငါတို့ တတိယမိသားစုက ဘာပိုက်ဆံတစ်ပြားမှပေးမှာမဟုတ်ဘူး။ ငါတို့ တတိယမိသားစုရဲ့ပိုက်ဆံက နင်နဲ့မသက်ဆိုင်ပါ။ နင့်သားရဲ့ လောင်းကစားအကြွေးအတွက် ငါတို့ဆီက ပိုက်ဆံတောင်းချင်မနေနဲ့"
"ဟုတ်တယ် အဒေါ့်မှာ အချိန်ရတယ်ဆိုရင် မြို့ကိုသွားပြီး အဒေါ့်သားဆီ ပိုက်ဆံတောင်းလို့လည်း ရတာပဲဟာ" လင်းရှောင်ယွဲ့က အေးအေးဆေးဆေး ဖော်လိုလိုက်ခဲ့သည်။
"နင်တို့တွေ အကြောင်းအရာကို ပြောင်းချင်မနေနဲ့။ ဒီနေ့တော့ အတိတ်က ပိုက်ဆံတွေအကြောင်းပဲ ပြောမယ်!"
ချန်ချိုင်ယွင် စားပွဲကိုနောက်တစ်ခါ ရိုက်လိုက်သည်။ "ဒီနေ့ ပေးရမယ်! ပထမ မိသားစုက ပေးတယ်။ နင်တို့မိသားစုက မပေးလို့မရဘူး။ နင်တို့ရဲ့အရူးက ငါတို့မိသားစုအပေါ် ဘယ်လောက်ထိ အခွင့်ကောင်းယူထားလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့"
ဒီစကားကို ပြောပြီးနောက်...
ချန်ချိုင်ယွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူမက ဟင်းချပြီး ရယ်လိုက်သည်။ "ဟုတ်တယ်၊ နင်တို့ပြန်မဆပ်ရင် ငါထွက်သွားပြီး တစ်ကမ္ဘာလုံးကို အော်ပြောပစ်လိုက်မယ်။ နင့်ရဲ့ရူးနေတဲ့သားရဲ့ ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိနေတယ် မဟုတ်လား။ ရူးနေပြီ မဟုတ်လား။ နင့်မိသားစုဒုက္ခရောက်နေတာကို ကယ်တင်ချင်ရင် ငွေမြန်မြန်ပြန်ဆပ်တာ ပိုကောင်းလိမ့်မယ်"
ဒီလိုကိုင်တွယ်တယ်....
အဲ့ဒါကို သူမ ဝမ်ရှို့ယင် အဖွားရန်ဆီမှ ယွမ် ၁၀၀ ချေးယူတဲ့အချိန်မှာကြားခဲ့တာ။ ဒါကိုသူမ ဖော်ထုတ်ဖို့ ရွေးချယ်စရာမရှိပေ။
ချန်ချိုင်ယွင် အဲ့တာကို ကြားခဲ့သည်။
ချန်ချိုင်ယွင်က သူတို့ကို ဒီလက်ကိုင်နဲ့ ခြိမ်းခြောက်လိုက်တာ အရမ်းအံ့သြစရာပဲ။
ဝမ်ရှို့ယင် သေချာပေါက် ခြိမ်းခြောက်ခံနေရသည်.....
သူမမျက်နှာ ချက်ချင်းပြောင်းသွားကို မြင်နေရသည်။ သူမ ခန္ဓာကိုယ်တစ်ဝိုက်ရှိ သန်မာတဲ့ ကိုယ်ဟန်အနေအထားက ချက်ချင်းမရှိတော့ပေ။
ဝမ်ရှို့ယင် အားနည်းသွားပုံရသည်ကို လင်းရှောင်ယွဲ့က မြင်လိုက်ရတာကြောင့် သူမ ပိုပြီးအားတင်းခဲ့သည်။ "ကျွန်မတို့ မိသားစုရဲ့လက်ကိုင်ကို ဖမ်းမိသွားတယ်လို့ ဒုတိယအဒေါ်က ထင်နေတာလား။ အဒေါ် ထွက်သွားပြီး "အင်း"ကျွန်မတို့မိသားစုအကြောင်း ပြောနိုင်တဲ့စွမ်းရည်ရှိလား။ ရှောင်ယန်က ဆရာနဲ့ တစ်နှစ်ပတ်လုံး တွေ့တယ်။ နှစ်တိုင်း သူ တဖြည်းဖြည်း တိုးတက်လာနေတာ၊ ကျွန်မတို့ ရှောင်ယန် မကြာခင် ပုံမှန်ဖြစ်တော့မယ်လို့ ဆရာကပြောတယ်၊ နောက်နှစ်မှာ သူ ဝင်ခွင့်စာမေးပွဲတောင် ဖြေတော့မှာ"
"ဟားဟား!"
ချန်ချိုင်ယွင် နားထောင်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
"နင့်ရဲ့အရူး ကောင်လေးက ကောလိပ်ဝင်ခွင့် စာမေးပွဲကိုဖြေချင်သေးတယ်ပေါ့။ မိုက်မဲတဲ့ အိပ်မက်ပဲ။ ဟားဟား တကယ်ကို သွားတွေ ဖြဲပြီး ရယ်ပစ်လိုက်ချင်တယ်"
ချန်ချိုင်ယွင် ကျယ်လောင်စွာ ရယ်မောခဲ့ပြီး တတိယ မိသားစုရဲ့ ဦးနှောက်တွေ ပိုဆိုးသထက်ဆိုးလာကာ လူတိုင်းက မကောင်းတော့ကြောင်း ခံစားလိုက်ရသည်။
ဒါပေမယ့် ရယ်မောပြီးသည့်နောက်တွင် ချန်ချိုင်ယွင်က မျက်နှာကိုပြန်တည်ကာ စားပွဲကို ဆက်ပုတ်ပြီး ခြိမ်းခြောက်နေခဲ့သည်။ “ ခေါင်းစဉ်ကနေ ဝေးဝေးမပြောနဲ့။ ဒီနေ့ ဒီပိုက်ဆံကိစ္စကို မဖြေရှင်းရင် နင့်မိသားစုက ရူးနေတာလို့ တစ်ရွာလုံးကို ပတ်ပြောပစ်ဦးမယ်။ နင်ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရအောင်!"
ဝမ်ရှို့ယင် သူမ ရင်ဘတ်ကိုဆုပ်ကိုင်ကာ အံကြိတ်ပြီးပြောလိုက်သည်။ “ဒီပိုက်ဆံကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ။ ငါတို့က ဒါကိုဖြေရှင်းရမှာလား။ နင်ကတကယ်ကို ယုတ္တိမဲ့လွန်းတာပဲ"
"အမေ၊ သူမကို ဂရုစိုက်မနေနဲ့"
လင်းရှောင်ယွဲ့ ဝမ်ရှို့ယင်ရဲ့ လေသံကို နားထောင်ခဲ့သည်။ သူမလက်လျှော့လိုက်သလို ဖြစ်တာကြောင့် ဝမ်ရှို့ယင်ကို တည်ငြိမ်အောင် အလျင်အမြန်ထိန်းပြီး ချန်ချိုင်ယွင်ကို ပြောလိုက်သည်။ "ဒုတိယအဒေါ်၊ အဒေါ် ဒီမှာထိုင်လို့ရတယ်နော် ဒါမှမဟုတ် အဖေနဲ့ ရှောင်ယန် ပြန်လာတဲ့အခါကျရင် အဒေါ်နှင်ထုတ်ခံရမှာ။ ကျွန်မတို့မိန်းမသားတွေက အဒေါ့်ကို မနှင်ထုတ်နိုင်ဘူးဆိုတဲ့အချက်ကို အဒေါ် အားကိုးနေတာပေါ့။ ယောက်ျားတွေပြန်လာတဲ့အခါကျရင် အဒေါ် ခွန်းအားကိုသိလာရလိမ့်မယ်"
ချန်ချိုင်ယွင်က လင်းရှောင်ယွဲ့ ရဲ့ စကားကို နားထောင်ခဲ့သည်။ သူမ မျက်လုံးတွေ လှည့်ပတ်ကြည့်ရင်း သူမပြောတာ မှန်တယ်လို့ထင်ခဲ့သည်။
မိသားစုထဲက ယောက်ျား ပြန်လာရင် တစ်မိနစ်အတွင်း ပစ်ချခံရနိုင်သည်။
သူ့မိသားစုထဲက အမျိုးသားက သူမကို ကူညီဖို့ ရည်ရွယ်ချက်မရှိဘူး။
သူမ တတိယမိသားစုဆီမှာ ရှိနေတာကြာပြီ၊ အိမ်မကြီးက ဘယ်သူမှ ထွက်မလာကြဘူး။
ဒါကြောင့် တတိယမိသားစုနဲ့အတူ အကြွေးစုဆောင်းမှုဟာ သူမရဲ့ တစ်ဦးတည်းသော လုပ်ငန်းဖြစ်လာခဲ့သည်။
အရမ်းဆိုးတာပဲ!
"နင် ငါ့ကို နှင်ထုတ်ပစ်ဖို့ သတ္တိရှိတယ်ဆိုရင် ငါ ဒီအရူးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ စကားကို တရွာလုံး ဖြန့်ပြောဖို့ သတ္တိရှိတယ်။ နင့်မိသားစုရွာထဲမှာ ဘယ်လို ပြုမူနေမလဲဆိုတာ ငါကြည့်ရသေးတာပေါ့" ချန်ချိုင်ယွင်က သူ့ကို ပြင်းထန်တဲ့ အသံနဲ့ ခြိမ်းခြောက်ခဲ့သည်။
ဝမ်ရှို့ယင် သေချာပေါက် ခြိမ်းခြောက်ခံနေရပြီး သူမရဲ့ အသံကို ပျော့ပျောင်းစေဖို့ တစ်ခုခုပြောတော့မည်...
ဘယ်သူသိနိုင်မလဲ? လင်းရှောင်ယွဲ့ က ရုတ်တရက် သူမ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ လင်းရှောင်ယွဲ့ က သူ့နှုတ်ခမ်းကိုဖွင့်ပြီး ပြောလိုက်သည်။ "ဒုတိယအဒေါ်၊ အဒေါ့်မှာ အရည်အချင်းရှိရင် သွားပြောလိုက်၊ ကျွန်မတို့မိသားစုအတွက် အလကား ကြော်ငြာချင်တယ်ဆိုတော့လည်း ကျွန်မတို့ ရှောင်ယန် ပိုကောင်းလာနေပြီလို့ ရွာသားတွေကို ပြောပြလိုက်။ အဒေါ်လည်း ဒီလိုလုပ်ရတာပျော်တယ် မလား။ ဒါမှမဟုတ်ရင် ကျွန်မတို့မိသားစုဝင်ဖြစ်တဲ့ ရှောင်ယန် နောက်နှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေတဲ့အခါကျရင် ဒါကို ရွာသားတွေဆီ ဘယ်လိုရှင်းပြရမှန်း ကျွန်မတို့မသိဘူး"
ချန်ချိုင်ယွင်က လင်းရှောင်ယွဲ့ ရဲ့ ချေငံတဲ့ အမူအရာကို စိုက်ကြည့်ကာ တိတ်တဆိတ်တွေးလိုက်မိသည်။ "ရန်ယန် ရဲ့ရူးနေတာက တိုးတက်လာနေပြီဆိုတာ ဖြစ်နိုင်ပါ့မလား။ သူ ကောလိပ်ဝင်ခွင့်စာမေးပွဲကို တကယ်ဖြေချင်နေတာလား"
အဲ့အရူးက သူ ငယ်ငယ်တုန်းက အဖျားဒဏ်ကြောင့် ရူးသွားခဲ့တာ မဟုတ်လား။ ဒီအခြေအနေက ပိုကောင်းလာနိုင်သေးလို့လား။
ချန်ချိုင်ယွင်က လင်းရှောင်ယွဲ့ ရဲ့ စကားတွေကို တွေးတောနေချိန်တွင် ရန်တယုံနဲ့ ရန်ယန်တို့က ကြိမ်ပင် တစ်ပုံတစ်ခေါင်းကြီးနဲ့ ပြန်လာခဲ့ကြသည်။
ထမင်းစား စားပွဲမှာ ထိုင်နေတဲ့ ချန်ချိုင်ယွင်ကို တွေ့လိုက်ရတော့ တစ်ခန်းလုံး ထူးဆန်းတဲ့ အငွေ့အသက်တွေ ရှိနေသည်။
အများကြီးမစဉ်းစားရင်တောင် ချန်ချိုင်ယွင် ဒုက္ခပေးဖို့ ဒီမှာရှိနေတာဖြစ်ရမယ်ဆိုတာ သူတို့သိသည်။
ဝမ်ရှို့ယင်က သူတို့သားအဖကို သူတို့သက်သက်ခြိမ်းခြောက်ခံခဲ့ရကြောင်း မည်သို့ပြောရမည်ကို တွန့်ဆုတ်နေခဲ့သည်။ သူမအနားရှိ လင်းရှောင်ယွဲ့က သိမ်မွေ့သော အသံဖြင့် ပြောနေပြီဖြစ်သည်။
“အဖေ၊ ဒုတိယအဒေါ်က ရုတ်တရက် ကျွန်မတို့ဆီရောက်လာပြီး ကျွန်မတို့ တတိယမိသားစုနဲ့ အကြွေးဟောင်းတွေကို ပြေလည်စေချင်တယ်လို့ ပြောတယ်။ သူမ သားမှာ လောင်းကစားအကြွေးတွေ အများကြီးရှိလို့ ပိုက်ဆံပြန်မဆပ်နိုင်လို့ တခြားနေရာကနေ ပိုက်ဆံရှာဖို့ ကြိုးစားနေကြတာ။ သူတို့က မျက်နှာတည်တည်နဲ့ ပိုက်ဆံတောင်းဖို့ ကျွန်မတို့ အိမ်ကိုလာတာ။ ကျွန်မတို့ ဘာလုပ်သင့်လဲ အဖေ"
လင်းရှောင်ယွဲ့ ရဲ့ပုံစံက စိတ်တိုပြီး ပျော့ပျောင်းနေဟန်တူသည်။
ရန်တယုံနဲ့ ရန်ယန်တို့နှစ်ယောက်က သူမရဲ့စကားကို အရမ်းယုံသည်။ ထိုလူနှစ်ယောက်စလုံး ချက်ချင်း ဒေါသထွက်သွားကြသည်။
ရန်ယန် မတိုက်ခိုက်မီ ရန်တယုံက ဦးစွာထကာ စားပွဲပေါ်ကို ကြိမ်လုံးနဲ့ရိုက်လိုက်သည်။ "ဒုတိယ မရီး။ ကျွန်မဒါကို မလုပ်ခင် ကိုယ့်ဘာသာထွက်သွားလိုက်။ ကျွန်မရင်ဆုံး ရန်ဖြစ်ရင် မြင်ကွင်းကကြည့်ကောင်းတော့မှာမဟုတ်ဘူးနော်"
ရန်တယုံရဲ့ လေသံမှာ ဒေါသသံပါနေပြီး သူမအား ခြိမ်းခြောက်တဲ့ စကားလုံးတွေနဲ့ ပြောလိုက်သည်။
ချန်ချိုင်ယွင်က လေးယောက်နဲ့ တစ်ယောက်က အခြေအနေကိုကြည့်လိုက်သည်။ ယောကျ်ားနှစ်ယောက်ပါတယ်။
သူမ ဘယ်လောက်ပဲ စကားပြောနိုင်ပါစေ သူမကို သူတို့ဆွဲထုတ်ပြီး မိနစ်ပိုင်းအတွင်း ခြံထဲကို ပစ်ချနိုင်သည်။
ဒါဆိုရင်တော့ အရှက်ရနိုင်သည်။
ယခုအချိန်တွင် ပြန်ဆုတ်ဖို့ လိုအပ်သည်။
ဒါပေမယ့် ချန်ချိုင်ယွင်က အရှုံးကို လုံးဝ ၀န်ခံလို့ မရသလို သူ့ကိုယ်သူ ဘယ်တော့မှ အရှုံးမပေးဘူး။
ဒါကြောင့် သူမထလာပြီး စူးရှတဲ့အသံနဲ့ပြောလိုက်သည်။ "နင်တို့ တတိယမိသားစုမှာ လူတွေအများကြီးရှိပြီး ငါ့ တစ်ယောက်တည်းကို အနိုင်ကျင့်နေကြတာပဲ။ထားပါ။ နင် ဒီအကြွေးကို မတွက်ရင် ငါ့မှာ ဒါကိုနောင်တရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်"
ထိုစကားကို ပြောပြီးနောက် ချန်ချိုင်ယွင်က သူမ ခေါင်းကို မော့ကာ ပြင်းထန်တဲ့ စိတ်အခြေအနေဖြင့် တံခါးဆီ လျှောက်သွားခဲ့သည်။
ဒါပေမယ့် ခြေလှမ်းအနည်းငယ်မလှမ်းခင်မှာ ခလုတ်တိုက်ပြီး ရုတ်တရက် လဲကျသွားသည်.....
သူမ တံခါးဘောင်မှ ပြုတ်ကျဖို့ နီးကပ်နေပြီဖြစ်သည်။
ချန်ချိုင်ယွင် မြေပြင်ပေါ် လဲကျသွားပြီး ငိုကြွေးသံကို ထုတ်လိုက်သည်။
အခန်းရှိ တတိယမိသားစုဝင် လေးယောက်တွင် တစ်ဦးတစ်ယောက်မျှ သူမကို မသနားကြဘဲ သူမကိုပင် အေးစက်စွာ ကြည့်နေခဲ့ကြသည်။
ဒါ့အပြင် လင်းရှောင်ယွဲ့က စိတ်ကုန်စွာပြောလိုက်သည်။ "ဒုတိယအဒေါ်အနေနဲ့ ဂရုတစိုက်နဲ့ လမ်းလျှောက်သင့်တာပေါ့။ မကောင်းတာတွေအများကြီးလုပ်ရင်တောင် ကောင်းကင်ကြီးက အဒေါ့်ကို အပြစ်ပေးချင်ရုံမှတပါး မကူညီနိုင်ဘူးပဲ"
ချန်ချိုင်ယွင် ရှုံးနိမ့်သွားကာ မြေပြင်မှထပြီး လင်းရှောင်ယွဲ့ကို ပြန်ကြည့်ကာ ရှိုက်ကြီးတငင် ထွက်သွားခဲ့သည်...
ပြုတ်ကျခြင်းက အရှက်ရစေသည်ဟု ချည်နှောင်ထားသည်။
ဒါပေမယ့် ချန်ချိုင်ယွင်က ဤတိုက်ပွဲကို ရှုံးနိမ့်ခဲ့သည်ဟု မထင်ခဲ့ပေ။
ထို့ကြောင့် ချန်ချိုင်ယွင် ခေါင်းစောင်းကာ အိမ်မကြီး ဆီ ပြန်သွားသေးသည်။
အိမ်မကြီးဘက်တွင်မူ အကြွေးပြန်ဆပ်ရေးကိစ္စ ဆွေးနွေးနေဆဲဖြစ်သည်။
တတိယမိသားစုအတွက်ကတော့ ရန်တယုံက တံခါးကို တိုက်ရိုက်ပိတ်လိုက်ပြီး လမ်းတွင်ရှိသောလူတွေကနေ မျက်လုံးတွေကို ပိတ်ပစ်လိုက်သည်။
သူတို့၏ တတိယမိသားစုက ယခုအခါ အိမ်ခွဲနေခဲ့ကာ ကျန်နှစ်အိမ်မှာ ၎င်းတို့ကိစ္စများကို နှိုးဆော်ခံရဖို့ တာဝန်မရှိပေ။
သူတို့ရဲ့ တတိယမိသားစုက သူတို့ရဲ့ ဘဝလေးကိုပဲ ရှင်သန်ချင်နေပြီ။
မိသားစုဝင်လေးယောက်သား ဖြည်းဖြည်းချင်း အနားယူခြင်း အဆင့် ရောက်ရှိလာခဲ့သည်။ လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့က နေ့လည်စာကို ဆက်ပြင်ဆင်ခဲ့ကြပြီး ရန်ယန်နဲ့ ရန်တယုံက ထမင်းစားခန်းတွင် ထိုင်ပြီး ကြိမ်ဖြင့် ကြက်လှောင်အိမ်ကို ရက်နေခဲ့သည်။
လင်းရှောင်ယွဲ့က ချန်ချိုင်ယွင် ဒီကိစ္စကို ရှုပ်အောင်လုပ်ဖို့ အခုလေးတင် လာခဲ့တဲ့အကြောင်း သူတို့သားအဖကို ပြောပြခဲ့သည်။
တစ်ချိန်တည်းမှာပင် ချန်ချိုင်ယွင်က မျက်နှာအကြီးကြီး ဆုံးရှုံးသွားတဲ့အခါ ရန်ယန်ရဲ့ နောက်ဆုံးကန်ချက်ကိုလည်း ချီးကျူးခဲ့သည်။ အရမ်းကောင်းတယ်။
လင်းရှောင်ယွဲ့ရဲလ ချီးမွမ်းခြင်းကို ခံယူရင်း ရန်ယန်ရဲ့ နှုတ်ခမ်းက ရေးရေးလေး ပြုံးသွားခဲ့သည်။
ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က ရန်ယန်ရဲ့ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့ပြီး အတွင်းစိတ်က အပြုံးကို မြင်လိုက်ရသည်က သူ့မျက်နှာပေါ်မှာ အရူးလိုမဟုတ်တဲ့ အပြုံးရှိနေသည်...
ရန်ယန်က တဖြည်းဖြည်းနဲ့ ပိုကောင်းလာနေပြီဆိုတာကို သူတို့လင်မယားနှစ်ယောက်စလုံး လက်ခံလိုက်ပြီ။
သူတို့ ရန်ယန်ကို မကောင်းဆိုးဝါး တစ်ကောင်အဖြစ် မဆက်ဆံတော့ဘဲ သူ့အား သားအဖြစ်က စွန့်လွှတ်တော့မည် မဟုတ်ပေ။
အခု ရန်ယန် ပိုကောင်းလာတာကိုတွေ့တော့ သူတို့စုံတွဲက တခြားသူတွေထက်တောင် ပိုပျော်ရွှင်ခဲ့သည်။
ပဲငံပြာရည် အသားကို ချက်နေသည့် ဝမ်ရှို့ယင်က ခရမ်းချဉ်သီးတွေကို လှီးဖြတ်နေပြီး လင်းရှောင်ယွဲ့က ကြက်ဥတွေကိုခွဲဖို့ ကူညီပေးနေသည်။
ဒီနေ့ နေ့လယ်စာကလည်း အရမ်းရက်ရောသည်။ အားလုံးက လင်းရှောင်ယွဲ့ ရဲ့ အကြိုက်ဆုံး ဟင်းပွဲတွေ။
"အမေ၊ ကျွန်မတို့ မိသားစုလေးယောက်က ပိုကောင်းလာပြီ။ ကျွန်မတို့ ပိုက်ဆံနည်းနည်းစုပြီး ထွက်သွားဖို့ လိုတယ်လို့ ထင်လား" လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်နဲ့ ရန်အိမ်မှ ထွက်ခွာမည့်ကိစ္စကို ချောချောမွေ့မွေ့ပြောခဲ့သည်။
လင်းရှောင်ယွဲ့က ပထမဆုံး မိသားစုဆီကနေ ခွဲခွာဖို့ ပြောခဲ့သူဖြစ်ပြီး ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ရဲ့ စကားကို နားထောင်ပြီး မိသားစုခွဲထွက်ခြင်းရဲ့ ချိုမြိန်မှုကို အရသာခံခဲ့ရသည်။
အခုတော့ လင်းရှောင်ယွဲ့ က သူမ ပြောင်းရွှေ့ချင်တယ်လို့ ပြောခဲ့ပြီး ဝမ်ရှို့ယင်က ဒါဟာ ကောင်းမွန်တဲ့ အဆိုပြုချက်တစ်ခုလို့ ထင်ခဲ့သည်။
သူတို့သည် ယခုအိမ်တွင် နေထိုင်နေကြပေမယ့် ၎င်းတို့မှာ ကိုယ်ပိုင်တာဝန်ရှိပြီးသားဖြစ်သည်။
ဒါပေမယ့် ဒီအိမ်က တခြားသူရဲ့ အိမ်ပါ။ နောက်ဆုံးတော့ အခြံအရံခံစားချက်မျိုး ရှိပါသေးသည်။
သင့်လက်ထဲမှာ ပိုက်ဆံအနည်းငယ်ရှိပြီး အပြင်ကိုထွက်နိုင်ရင် အကောင်းဆုံးပဲ။
ဝမ်ရှို့ယင်က အိမ်ပြောင်းပြီးနောက် ဘဝကို စိတ်ကူးယဉ်ခဲ့သည်။
သူမ လှလှပပ ခေါင်းညိတ်ပြခဲ့သည်။ "ထင်တယ်။ ပြီးတော့ ဒီနှစ်မှာ မိသားစုလေးယောက်အတွက် ပိုက်ဆံစုဖို့ ကြိုးစားမယ်။ ယွမ် ၇၀၀ သက်သာပြီး ရွာမှာ အိမ်သေးသေးလေး ဆောက်နိုင်ရမယ်"
ရန်တယုံက ယောက္ခမနဲ့ ချွေးမ စုံတွဲရဲ့ စကားကို နားထောင်ပြီး အချိန်မှီ ကြားဖြတ်ဝင်ပြောခဲ့သည်။ “ဒီဘက်နဲ့ ပိုနီးတဲ့ နေရာတစ်ခုကို ရှာကြည့်လိုက်။ မင်းရဲ့ မိဘတွေဆီ ခဏခဏ တွေ့ဖို့ ပြန်လာလို့ရတော့ အဆင်ပြေတာပေါ့။ ကိုယ့်မိဘတွေကို လျစ်လျူရှုထားလို့ မရဘူးလေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ မျိုးရိုးအမည် ရန်က လည်း ရှိသေးတာပဲ"
"ကျွန်မတို့ ထွက်သွားနိုင်သရွေ့ ဒီကိစ္စတွေက ပြဿနာရှိမှာ မဟုတ်ပါဘူး" ဝမ်ရှို့ယင် ခေါင်းညိတ်လိုက်သည်။ ဒီလိုနည်းနဲ့ မိသားစုလေးယောက်က ပိုက်ဆံစုပြီး အိမ်ဆောက်ဖို့ အစီအစဉ်ချခဲ့သည်။ ဒါပေမယ့် လင်းရှောင်ယွဲ့ ရဲ့စိတ်ထဲက သူမရဲ့ ရည်မှန်းချက်က မြို့ထဲမှာ အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံစုဖို့ပဲ။ ဒီခေတ်မှာ ဈေးမမြင့်ဘဲ နေရာတိုင်းမှာ အိမ်ဝယ်နိုင်ဖို့ လိုသည်။ အနာဂတ်တွင် သူမ ပွဲစားမိန်းမ၊ အိမ်ခြံမြေ ဈေးကစားတဲ့သူ......ပင်လယ်ထဲက ငါးဘဝ ဖြစ်လာရမယ်