အခန်း (၅၉)
Vol. 5 Ch. 59
ဒုတိယမိသားစုရဲ့ အကြွေးတွေအကြောင်းနဲ့ ထိုနေရာတွင် မည်သို့ဆွေးနွေးခဲ့ကြလဲကို လင်းရှောင်ယွဲ့လည်း မသိပေ။
ဘာပဲဖြစ်ဖြစ် ချန်ချိုင်ယွင်က သူတို့နဲ့ ပြဿနာရှာဖို့ တတိယမိသားစုရဲ့အိမ်ကို ထပ်မလာတော့ဘူး။
အဲဒီနောက်မှာတော့ လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့က တခြားသူတွေရဲ့ အလုပ်ကို ဂရုမစိုက်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်ဘဝကို ကောင်းမွန်စွာ နေထိုင်ချင်ခဲ့ကြသည်။
ညနေခင်းတွင် လင်းရှောင်ယွဲ့နဲ့ ဒုတိယ ရန်ယန်တို့က ကုတင်တစ်ခုတည်းပေါ်တွင် လှဲကြပြီး စောင်တစ်ထည်တည်း ခြုံထားသည်။
မနေ့ညကလိုပဲ။ ဒုတိယရန်ယန်က အရမ်းယဉ်ကျေးလွန်းနေသည်။
သူက လင်းရှောင်ယွဲ့ကို မထိဘူး။ မျက်လုံးမှိတ်ပြီး ကောင်းကောင်းအိပ်နေခဲ့သည်။
ညဦးပိုင်းပဲ ရှိသေးသည်။ ရှင်းပါတယ်၊ အဲဒါက အရမ်းစောသေးသည်။ သူ စာအုပ်တစ်အုပ်ကို ခဏလောက်ဖတ်ဖို့ လိုအပ်ပြီး သူမ ငိုက်မျဉ်းနေတာကို မြင်မှသာ အိပ်ပျော်သွားသည်။
ဒီနေ့တော့ သူအိပ်ရာထဲဝင်ပြီး လှဲနေလိုက်သည်။ မျက်လုံးမှိတ်ပြီး အေးချမ်းစွာ အိပ်စက်ဖို့ ပြင်ဆင်ခဲ့သည်။
ရေနံဆီမီးခွက်တောင် မထွန်းဘူး။ သူ့ဘေးမှာ လဲလျောင်းနေတဲ့ လင်းရှောင်ယွဲ့ က နှုတ်ခမ်းစူပြီး ရှုပ်ယှက်ခတ်နေသည်...
အချိန်အတော်ကြာ အဲ့တာကိုထိန်းထားပြီးမှ "ရှင် ကျွန်မကို ပြောစရာမရှိဘူးလား" လို့မေးလိုက်သည်။
ဒုတိယ ရန်ယန် - "ဟမ်?"
တကယ်တော့ ရှိပါတယ်။
သူပြောချင်တာတွေ အများကြီးရှိသည်။
ဒါပေမယ့် သူ့မှာ သတ္တိမရှိဘူး။
လင်းရှောင်ယွဲ့ သူ့ဘက်လှည့်ကြည့်လိုက်သည်။ "သူတို့နှစ်ယောက် အိပ်မပျော်ခင်မှာ ကျွန်မတို့ ခဏလောက် စကားစမြည်ပြောခဲ့တယ်။ ရှင် ကျွန်မကို စကားမပြောဘူး၊ ဒီနေ့ စောစောအိပ်ရာဝင်တယ်။ ရှင်စိတ်အခြေအနေ မကောင်းဘူးလား"
ဒါကိုပြောရင်း လင်းရှောင်ယွဲ့ ရုတ်တရက် တစ်ခုခုကို စဉ်းစားလိုက်သည်။ "ဟေး အဲ့တာက ကလေး ထွက်မလာဘူးထင်တယ်!"
ရန်ယန် - "ဟုတ်တယ်"
သူ အပြင်မထွက်ချင်သရွေ့ ဒီခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးရွေးချယ်မှုက သူနဲ့အတူရှိနေသည်။
အခုနောက်ပိုင်းတော့ သူ မကြာခဏ ထွက်ချင်လာသည်။
သူမ အတွေ့ချင်ဆုံးလူက သူမဟုတ်မှန်း သူသိနေရင်တောင်မှပေါ့။
လင်းရှောင်ယွဲ့ ထူးဆန်းတာကို တွေးလိုက်မိသည်။ "ရှင်က နေ့ခင်းဘက် အပြင်ထွက်ဖို့သုံးပြီး ကလေးက ညဘက် ထွက်တာ မဟုတ်ဘူးလား။ ရှင် အခု အိပ်ငိုက်နေပြီ။ နောက်ပိုင်း နိုးလာတဲ့သူက ကလေး မဟုတ်ဘူးလား"
သူ့နှုတ်ခမ်းထောင့်များကို ညင်ညင်သာသာ ဖိထားသည်။ ရန်ယန်က "မင်း သူ့ကို တွေ့ချင်လို့လား" လို့ မမေးခင် ခဏလောက်တော့ သူ တုံ့ဆိုင်းသွားသည်။
လင်းရှောင်ယွဲ့ အဲ့အကြောင်းကို စဥ်းစားလိုက်သည်။ "ကျွန်မ သူ့ကို တွေ့ခဲ့တာက အတော်ကြာပြီမို့လို့ သူ့ကိုတွေ့ရင်တော့ ကောင်းတာပေါ့"
တခဏတိတ်ဆိတ်သွားပြီးနောက် ရန်ယန် ပြောလိုက်သည်။ "နောက်တစ်ယောက်ကိုလည်း မင်း တွေ့ချင်တယ်မလား"
လင်းရှောင်ယွဲ့ တွေးလိုက်မိသည်။ သူ မမြင်နိုင်တဲ့ ထောင့်ကနေ နှုတ်ခမ်းကို တိတ်တဆိတ် ပင့်လိုက်သည်။ "နောက်တစ်ယောက် ထွက်လာတာ။ အဲ့တာလည်း အဆင်ပြေပါတယ်"
သူမ သူတို့နှစ်ယောက်ကို တွေ့ချင်နေသည်...
သုံးယောက်ထဲမှာ သူမ မတွေ့ချင်ဆုံးသူဟာ တကယ်တော့ သူ့ကိုလို့ ဆိုလိုတာလား။
ဤအတွေးပေါ်လာတာနဲ့ ဒုတိယရန်ယန်ရဲ့ ရင်ဘတ်ရှိ နှလုံးသားက တင်းကျပ်လာပြီး ရုတ်တရက် နာကျင်လာရသည်။
အမှောင်ထဲမှာ သူ မျက်လုံးတွေကို တိတ်တဆိတ် ဖွင့်ကာ ဓားရှည်လိုမျက်လုံးတွေက မျက်မှောင်ကြုတ်ပြီး သူ့ရှေ့က ဗလာကျင်းနေတဲ့ အနက်ရောင်ကို စိုက်ကြည့်နေသည်။
"ရှင် အခုနောက်ပိုင်း အများကြီး ပိုကောင်းလာပြီ"
သူ့အပြင် လင်းရှောင်ယွဲ့က သူ့ဆုံးရှုံးမှုကို သတိမထားမိပေ။ “အမေနဲ့ အဖေတို့ အရမ်းပျော်နေကြတယ်။ အမေ နဲ့ အဖေကို ကလေးက အဖေ၊အမေလို့ ခေါ်တာ ပိုကောင်းပါတယ်။ အမေ နဲ့ အဖေတို့က အမေနဲ့ အဖေ လို့ ခေါ်တာကို ကြားရင် ပိုပျော်ကြမှာ။ ရူးနေတဲ့သားလေးတစ်ယောက်ရတာထက် သာမန်သားလေးတစ်ယောက်ရချင်ကြတာက အမှန်ပဲ။ ဒါကြောင့် ရှင်ထွက်လာတာက ပိုကောင်းတယ်"
ရန်ယန် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "အဲဒါ.....ကိုယ်ထွက်လာသင့်တာ.က.... အဖေနဲ့ အမေတို့ကြောင့်ပဲလား"
သူ့ကို သူမ ထွက်လာစေချင်တာကြောင့် မဟုတ်ဘူးလား။
သူမက သူ့ကိုအပြင်မထွက်စေချင်ဘူးလား။
"မဟုတ်ပါဘူး၊ ရှင်ထွက်လာနိုင်တာက ကောင်းတာပေါ့"
လင်းရှောင်ယွဲ့က သူ့ကို ပြန်ပြုံးပြလိုက်သည်။ "ရှင် နေ့တိုင်း ရဲရင့်လာတယ်၊ စကားများများပြောလာတယ် ရှင့်ရဲ့မိဘတွေကို အကြိမ်အနည်းငယ်ခေါ်တယ်၊ ရှင်ပိုပြုံးနေတာကို ကျွန်မ မြင်တယ်။ ရှင် ပိုကောင်းသထက် ကောင်းလာတာကို ကျွန်မမြင်နေရတယ်လေ။ ရှင်အပြင် ပိုထွက်လာသင့်တယ်"
"တကယ်လား"
နောက်ဆုံးတွင် သူမစကားတွေက ရန်ယန် နှလုံးသားထဲက ရဲစွမ်းသတ္တိမီးတောက်ကို လောင်ကျွမ်းစေခဲ့သည်။
ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်သည်။ ညအမှောင်ထဲတွင် မှောင်မိုက်သော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီးနောက် တောက်ပနေသော အနက်ရောင် မျက်လုံးတွေက သူမဆီမှာ သော့ခတ်ထားခဲ့သည်။
အဲ့တာက သူ့ဆီရောက်လာတဲ့အခါ သူ့စိတ်တွေ အလွယ်တကူပြောင်းသွားတာကို ရန်ယန် တွေ့လိုက်ရသည်။
သူမဆီမှ စကားတစ်ခွန်းက သူ့ကို သက်တောင့်သက်သာရှိစေပြီး လုံခြုံစေကာ ၎င်းသည် ခွေးလျှာကို ထုတ်စေသလို သူ့ကို ခံစားစေနိုင်သည်။
လင်းရှောင်ယွဲ့ ...
"ကိုယ် မင်းကို တကယ်ကြိုက်တယ်"
တစ်နည်းနည်းနဲ့ သူ့စိတ်ထဲမှာ စကားလုံးတွေကို ရှင်းထုတ်လိုက်သည်။
သူပြောပြီးသည့်အခိုက်တွင် ရန်ယန်ရဲ့ မျက်နှာက နီရဲလာပြီး စောင်အောက်က လက်ဆစ်တွေကိုချိုးလိုက်သည်။ သူ့လက်တွေက အဝတ်အစားတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
လင်းရှောင်ယွဲ့က သူ့ ဝန်ခံမှုကို ရှင်းရှင်းလင်းလင်းကြားရပြီး သူမအတွက် သူ့နှလုံးသားကို အတည်ပြုခဲ့သည်။
လက်ကိုထုတ်ကာ သူ့လက်ကိုယူပြီး နှုတ်ခမ်းကို အသာအယာဖွင့်ဟလိုက်သည်။ "ကောင်းပြီ ကျွန်မသိပြီ"
သူ့ရဲ့ရိုးသားမှုကို သူမ လက်ခံသည်။
သူမ သူ့စိတ်ထဲကပြဿနာတွေကို ကူညီဖြေရှင်းဖို့၊ သူ့အတွင်းပိုင်း အတားအဆီးတွေထဲက လွတ်မြောက်ဖို့၊ ဤလူ့အဖွဲ့အစည်းထဲ လျှောက်လှမ်းပြီး ဝိညာဉ်ရေးအရ သန်မာသူတစ်ယောက်ဖြစ်လာရန် ကြိုးကြိုးစားစားလုပ်ဆောင်မည်ဖြစ်သည်။
ရန်ယန် သုံးယောက်လုံးရဲ့ ဇနီးသည်အနေဖြင့် ချစ်ခြင်း သုံးခုကို ခံစားရင်း လူသုံးယောက်ကို တူညီသော ရိုးသားမှုဖြင့် ဆက်ဆံလိမ့်မည်။
"လင်းရှောင်ယွဲ့ ..."
ရန်ယန်က သူမရဲ့ လက်သေးသေးကို သူ့လက်နဲ့ ဆုပ်ကိုင်လိုက်သည်။ တစ်ဖက်က မလုံလောက်တာကြောင့် လက်နှစ်ဖက်လုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။
ဒီအချိန်မှာ သူ့နှလုံးသားက ခံစားချက်တွေနဲ့ ခုန်ပေါက်နေသည်။ သူ့အသံက စိတ်လှုပ်ရှားမှု အနည်းငယ် တုန်ယင်နေခဲ့သည်။ "ကိုယ်လည်း ဆက်ပြီး ပြောင်းလဲပါ့မယ်။ မင်းအတွက် ကိုယ် ဘာမဆို လုပ်နိုင်တယ်"
လင်းရှောင်ယွဲ့ ထိုစကားကိုကြားတဲ့အခါ အလွန်စိတ်လှုပ်ရှားသွားသည်။
"ကောင်းတာပေါ့"
သူမ ပြုံးလိုက်မိသည်။ "ဒါဆို ရှင်ကိုယ့်ကိုကိုယ် အလွယ်တကူ ချုပ်တည်းပြီး ရှင့်ရဲ့ပြဿနာတွေကို နှလုံးသားထဲမှာ မြှုပ်မထားသင့်ဘူး။ ကျွန်မကို များများပြောပြ၊ တခြားသူတွေကို စကားများများပြော၊ လူတွေနဲ့ များများဆက်ဆံ၊ မကောင်းတဲ့သူတွေကို ပိုရင်ဆိုင်လိုက်။ ရှင့်ရဲ့စိတ်က ခိုင်မာနေတယ်ဆိုရင်၊ မိသားစုကို ထောက်ပံ့ဖို့၊ ကျွန်မကိုကာကွယ်ဖို့၊ အနေနဲ့ အဖေတို့ ဂုဏ်ယူရအောင်လို့ တစ်ခုတည်းသောနည်းလမ်းက ရှင်ရဲ့ခန္ဓာကိုယ်က သန်မာလာဖို့ပဲ။ သူတို့ အမှားတွေလုပ်မိခဲ့ကြတယ်။ ဒါပေမယ့် နှစ်တွေလည်းကြာခဲ့ပြီ။ သူတို့လည်းပြန်ပြီးဖာထေးဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပြီး အများကြီး ခံစားခဲ့ရပြီးပြီပဲ"
လင်းရှောင်ယွဲ့ ခဏလောက်တွေးပြီး သက်ပြင်းချလိုက်သည်။ "ကျွန်မ ရှင့်နေရာကိုအစားဝင်ပေးလို့မရဘူး။ သူတို့ကို ခွင့်လွှတ်ပေးဖို့ ရှင့်ကို သွေးဆောင်ပိုင်ခွင့်လည်း မရှိဘူး။ သူတို့ ရှင့်ကို ရောင်းစားလိုက်လို့ ရှင်တစ်သက်လုံး ခွင့်မလွှတ်ဘူးဆိုရင်တောင် အဲ့တာကပုံမှန်ပဲလို့ကျွန်မလည်း ထင်တယ်။ ဒါပေမယ့် ရှင် သူတို့ကို မိဘတွေအဖြစ် အသိအမှတ်ပြုထားတယ်။ အဲ့တာက ရှင်အတိတ်ကို စွန့်လွှတ်ခဲ့တဲ့နှစ်တွေကို ဆိုလိုတာ။ ဒါကြောင့် အနာဂတ်မှာ ရှင်စိတ်ထဲက တကယ်ထွက်လာနိုင်ရမယ်။ ကျွန်မဒါကိုပဲ မြင်ချင်တယ်"
တကယ်တော့ ဒီစကားလုံးတွေကို ဒုတိယ ရန်ယန်ကိုသာ ပြောနိုင်သည်။
လင်းရှောင်ယွဲ့က တတိယရန်ယန် ရှေ့တွင် ထိုသို့သောစကားကို မပြောရဲပေ။ ဘာကြောင့်လဲဆိုတော့ တတိယရန်ယန်က ဝမ်ရှို့ယင်နဲ် ရန်တယုံကို မုန်းတီးပြီး တစ်သက်လုံး ခွင့်မလွှတ်နိုင်ဘူးလို့ တတိယရန်ယန်က သူမရှေ့မှာ ပြောခဲ့ဖူးတာကြောင့် ဖြစ်သည်။
နှစ်ယောက်စလုံးက မတူညီတဲ့ ခံစားချက်တွေ သယ်ဆောင်လာနိုင်သည်။ လင်းရှောင်ယွဲ့က သူတို့ အတွေးအမြင်တွေကို အနှောင့်အယှက်မပေးဘူး။ ဒါပေမယ့် သူတို့ကို ပိုပြီးတော့ အပြုသဘောဆောင်တဲ့ဦးတည်ချက်ဆီ သေချာပေါက် ဦးဆောင်လိမ့်မည်။
သူမ မကောင်းမှုများစွာကို မလုပ်မိစေဖို့လည်း မျှော်လင့်ထားပြီး ဗီလိန်မဖြစ်စေချင်ပေ။
ဒုတိယ ရန်ယန်က သူမပြောတာကို သဘောကျသည်။ သူက ပိုလေးနက်စွာ နားထောင်သည်။
"ကိုယ်လုပ်ပါ့မယ်။ ကိုယ် မင်းကြိုက်သလိုမျိုးဖြစ်လာအောင် ကြိုးစားမယ်" ဟုပြောလိုက်သည်။
နောက်တော့ နှစ်ယောက်သား စကားအကြာကြီးပြောဖြစ်ခဲ့ကြသည်။
သူတို့ အိပ်ငိုက်လာတဲ့အထိ စကားပြောကြပြီး အချိန်အတော်ကြာမှ အိပ်ပျော်သွားကြသည်။
.....
လင်းရှောင်ယွဲ့ ကြောက်စရာကောင်းတဲ် အရာတစ်ခုကို တွေ့ရှိခဲ့သည်။
ရန်ယန်တစ်ယောက် ပျောက်နေသည်။
ဒီည သူတို့အိပ်ပျော်သွားတဲ့အချိန် သူမ သူ့လက်ကို ဆုပ်ကိုင်ထားသည်။
သူမ၏ စာကြည့်ခန်းထဲတွင် ခါတိုင်းကတော့ ရန်ယန် သုံးယောက် ကုတင်ပေါ်မှာ လှဲလျောင်းနေတာ ဒီနေ့မှာတော့ ..... ရန်ယန် နှစ်ယောက်သာ စာကြည့်ခန်းထဲ ရှိနေခဲ့သည်။
ကုတင်ဘေးမှာ ရပ်နေတဲ့ လင်ရှောင်ယွဲ့က မျက်လုံးပြူးကျယ်နဲ့ ကြည့်နေသည်။ သူမ ရန်ယန်နှစ်ယောက်ကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။ သူမရဲ့နှလုံးသားချော်ထွက်ခဲ့သည်။
သုံးယောက်မှာ နှစ်ယောက်ပဲ ကျန်တော့သည်။
ဆိုလိုတာက သူ့ရဲ့ ကိုယ်ထွဲ သုံးခုထဲက တစ်ခု ပျောက်ကွယ်သွားတယ်လို့ ဆိုလိုတာလား။
လင်းရှောင်ယွဲ့ ရန်ယန်ရဲ့လက်ကို ကျပန်းမယူခင် ကုတင်အစွန်းမှာ ထိုင်ပြီး ခဏလောက် ငြိမ်သက်သွားခဲ့သည်။
ဘယ်သူမရှိတာလဲ။
အဲဒါက ဒုတိယဖြစ်လို့မရဘူး ဟုတ်တယ်မဟုတ်လား။
ကလေးလား၊ ဒါမှမဟုတ် တတိယမြောက်လား။
မကြာသေးမီက ဒုတိယရန်ယန်က များစွာ ပြောင်းလဲခဲ့ပြီး အတွင်း၌ ပိုမို သန်မာ လာတာကြောင့် တစ်ယောက် ပျောက်ကွယ်သွားတာ ဖြစ်နိုင်လား။
ရန်ယန်က သူ့ကုသရေးခရီးတွင် တိုးတက်အောင်မြင်ခဲ့တယ်လို့ ဆိုလိုပေမယ့်လည်း.....
ဒါပေမယ့် ပျောက်ဆုံးနေတာကို မြင်လိုက်ရတော့ လင်းရှောင်ယွဲ့လည်း တော်တော်စိတ်ပျက်သွားသည်။
သူမ သူ့ကို နှုတ်ဆက်ဖို့ အချိန်တောင် မရှိခဲ့ဘူး။
ကလေးပဲဖြစ်ဖြစ် တတိယရန်ယန်ပဲ ဖြစ်ဖြစ်......
နှုတ်ဆက်ဖို့ အခွင့်အရေးတောင် မရှိခဲ့ဘဲ ပျောက်သွားတာကို တွေ့လိုက်ရသည်။
သနားစရာပဲ။
စာကြည့်ခန်းတွင် လင်းရှောင်ယွဲ့က ကုတင်ပေါ်တွင် အိပ်ပျော်နေတဲ့ ရန်ယန် နှစ်ယောက်ကို ကြည့်ရုံမှတပါး ဘာမှမလုပ်ခဲ့ပေ။
နွေးထွေးတဲ့ လက်ဖဝါးကြီးတွေကို ကိုင်ထားပြီး သူ့ကို စောင့်မျှော်နေသည်...
အပြည့်အဝ ပြန်လည်ကောင်းမွန်လာတဲ့အခါတွင် နှစ်ယောက်မှာ တစ်ယောက်တည်း တစ်ဖန်ပြန်ဖြစ်လာမည်ဖြစ်သည်။
သူမ အဲ့တာကို ချစ်မြတ်နိုးသည်။ အခုဒီကာလမှာ နောက်ထပ် နှစ်ယောက် ရှိသေးသည်။
မနက်ခင်းအစော၌
ရန်ယန် လက်ကို ဆုပ်ကိုင်ထားပြီး လင်းရှောင်ယွဲ့ နိုးလာခဲ့သည်။
သူမ ကောင်းကောင်းအိပ်မပျော်ဘူး။
သူမဆီမှာ လေးလံနေတဲ့ နှလုံးသားရှိနေခဲ့သည်။
သူမ စောစောနိုးလာခဲ့သည်။
ရန်ယန်က သူမထက်စောပြီး နိုးလာသည်။
သူမနိုးလာတဲ့အခါ ရန်ယန်က သူ့ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်ထားပြီး သူ့အကြည့်တွေက မီးလိုမျိုး သူမကိုအချိန်အကြာကြီး စိုက်ကြည့်နေသည်။
သူမရှေ့က ရန်ယန်ကိုမြင်လိုက်ရပြီး လင်းရှောင်ယွဲ့က သူ့မျက်လုံးတွေကို အချိန်အတော်ကြာ စိုက်ကြည့်ကာ သူ့နှုတ်ခမ်းထောင့်ကို ရွဲ့ထားတာကို တွေ့လိုက်ရပြီး သူမ ဒါက တတိယလူဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ရှေ့ကို လှမ်းကာ လင်းရှောင်ယွဲ့က သူ့လည်ပင်းကို ပွေ့ဖက်လိုက်ပြီး ခေါင်းကို လည်ပင်းမှာ မြုပ်ထားကာ ရီဝေနေတဲ့အသံနဲ့ပြောလိုက်သည်။ "ကံကောင်းလို့ ရှင်ရှိနေသေးတယ် ....."
တစ်ကိုယ်ကောင်းဆန်မှုကြောင့် တတိယလူက ဒီနေရာတွင် ရှိနေသည်ကို မြင်တဲ့အခါ လင်းရှောင်ယွဲ့ စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်သွားခဲ့သည်။
ပျော်ရွှင်မှုများနှင့် ...... သူမစိတ်ထဲတွင် ကြီးကျယ်ခမ်းနားသော ခံစားချက်များ ဖြစ်ခဲ့သည်။
ထို့အပြင် သူမ နှလုံးသားထောင့်တွင် ကလေး ထွက်ခွာသွားသည့်အတွက် သူမ ဝမ်းနည်းကြောင်း သိမ်ငယ်စွာ ခံစားမိသည်။
ဒါပေမယ့် သိပ်မများဘူး။
ရန်ယန်က သူမ ခန္ဓာကိုယ်ကို သူ့လက်နှစ်ဖက်နဲ့တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားကာ သူ့မျက်လုံးတွေက သွေးနီရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
"ဟေး..."
သူ သက်ပြင်းတစ်ချက်ချလိုက်သည်။
ဤသက်ပြင်းချရခြင်းက အဓိကအားဖြင့် သူ့ကိုယ်ပိုင်အရည်အချင်းမရှိမှုအတွက် သူ့ကိုယ်သူ အပြစ်တင်ခြင်းပင်။
မူလက သူသည် တစ်လခွဲဆက်တိုက် ထွက်လာသူဖြစ်လို့ ဤခန္ဓာက သူ့အပိုင်ဖြစ်နေပြီလို့ သူထင်ထားခဲ့သည်။
သူ့ဆန္ဒအတိုင်း သူ့ခန္ဓာကိုယ်ကို မထိန်းနိုင်သေးဘူးဆိုတာ ဘယ်သူသိမှာလဲ။
မနေ့ညက ဘာဖြစ်သွားတာလဲ။ ဒုတိယရန်ယန် ထွက်လာပြီး ဒါက ဘုရားအလိုတော်ပဲလို့ သူထင်ခဲ့သည်...
ဘာကြောင့်လဲဆိုတော့ သူ့အခြေအနေက မတည်မငြိမ်ဖြစ်နေလို့ပါ။
အချိန်အတော်ကြာအောင် စောင့်ကြည့်နေရမည်...
___
notlucia - ကလေးပျောက်သွားက အရမ်းမြန်တယ်။ ငါလည်း စိတ်မကောင်းဘူး။ လင်းရှောင်ယွဲ့ အတွက် သူ့ကိုယ်သူ ပြောင်းလဲဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အချိန် တတိယအတွက် နောက်ပြန်ဆုတ်သွားရပြန်တယ်။