← Chapters

တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား_၆

Vol. 18 Ch. 247

တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား_၆

Vol. 18 Ch. 247

“ကောင်းပြီ ကောင်းပြီ။ လာ ချန်ကျိုစစ်က ငါ့အခန်းထဲမှာ။ မင်းမှာ သတ္တိရှိရင် သူ့ကို လာသတ်လှည့်ပေါ့!”

တတိယသခင်မလေးဟွား၏ အသံသည် အမှောင်ထုထဲမှ ညဉ့်မိစ္ဆာတစ်ကောင်အလား အေးစက်ပြတ်သား၏။

ဖုန်းစန်းသည် မျက်လုံးအိမ်တို့မှေးကျဉ်းသွားပြီး ပြောသည်။

“ချန်ကျိုစစ် မင်း အထဲမှာလား”

ချန်ကျဲ့သည် တတိယသခင်မလေးဟွားကို ကြည့်လိုက်ပြီး ပြောသည်။

“မရီး၊ မရီးက ဘာလို့ သူ့ကို အပြစ်ပြုနေမှာလဲ။ ဒီကိစ္စက အစကတည်းက မရီးနဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့ ရွှံ့ရေပေကျံခံမှာလဲ”

တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။

“မင်းက ငါ့ရဲ့မောင်ပဲ။ မင်းရဲ့ပြဿနာက ငါ့ပြဿနာပဲ။ အခု မင်းအစ်ကိုကြီး အနားမှာ ရှိမနေတော့ ငါ့မှာ မင်းအစား ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်”

“မင်းစိတ်ချပါ။ ငါမင်းကို ဘာမှမဖြစ်စေရပါဘူး။ မဟုတ်ရင် မင်းအစ်ကိုကြီး ပြန်လာတဲ့အခါ ငါဘယ်လိုရှင်းပြရမလဲ”

ထိုစကားအဆုံး၌ ချန်ကျဲ့မှာ တုံ့ပြန်ရန်စကားလုံး ကင်းမဲ့သွားရရာ အပြင်ဘက်သို့သာ အော်ပြောလိုက်ရတော့သည်။

“ငါဒီမှာရှိတယ်”

“ကောင်းတယ် ချန်ကျိုစစ်။ မင်းက ငါ့ညီကို သတ်ရဲတယ်ပေါ့လေ။ ဒီနေ့ ငါမင်းကို သတ်ပစ်မယ်။ မင်းမှာ စောဒကတက်စရာ မရှိနိုင်ပါဘူး ဟုတ်တယ်မလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“မရှိဘူး”

“ဒါဆိုလည်း သွားသေလိုက်တော့!”

ထို့နောက်တွင် ချန်းလန်ရွှေဓားသည် ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည်။ ထို့နောက် ဖုန်းစန်းသည် ရွှေဓားကိုကိုင်ဆောင်၍ ဘုန်းခနဲအသံကြီးဖြင့် ကြမ်းပြင်ကို ဖိနင်းလိုက်သည်။ ကျောက်တိုင်များ အက်ကွဲသွားရပြီး သူ၏ကြောက်ခမန်းလိလိသော အရည်အချင်းကို ထုတ်ဖော်ပြ‌သနေပေသည်။

ဤသည်မှာ သံမဏိအရိုးအဆင့်ဖြစ်၏။

ထို့နောက် အိမ်သို့ တစ်ဟုန်ထိုးဦးတည်လာသည်။ ရွှေဓားကို ဝှေ့ယမ်းလျက် ဓားတစ်ချက်ဖြင့် ပြတင်းတံခါးကို အစိတ်စိတ်အပိုင်းပိုင်း ပျက်စီးသွားစေခဲ့သည်။

[ရွှေကျီးတစ်ဖက်သွားဓားသိုင်း– တစ်ဖက်သွားဓားဖြင့် နေကို ခုတ်ပိုင်းခြင်း!]

ဘုန်း!

ထို့နောက်တွင် ဘုန်းဟူသော အသံကြီးနှင့်အတူ အခန်းထဲ တစ်ဟုန်ထိုး ဦးတည်သွားသည့် ဖုန်းစန်းသည် ရုတ်ချည်း ပြန်ကန်ထုတ်ခံလိုက်ရ၏။ သူဖုန်းစားဂိုဏ်းသားများကြားထဲသို့ ပြုတ်ကျသွားခဲ့ရာ လူ၆ယောက်၊ ၇ယောက်ခန့်ကိုပါ ပစ်လဲကျသွားစေခဲ့သည်။

အဟွတ်…

ဖုန်းစန်းမှာ ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်သွားရပြီး ပြတင်းတံခါးသို့ အံ့ဩထိတ်လန့်စွာကြည့်လျက် ပြောသည်။

“စွမ်းအင်ပြောင်းလဲခြင်းအဆင့်၊ တကယ်ကြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲ!”

“အဟွတ် အဟွတ် ခင်ဗျားဘယ်သူလဲ။ ခင်ဗျားဘယ်သူလဲ!”

“မျန့်ရွှေစီရင်စုမှာ ဘယ်တုန်းကများ ခင်ဗျားလို အမျိုးသမီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူ ရှိသွားရတာလဲ”

တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။

“ငါဘယ်သူဖြစ်ဖြစ် မင်းနဲ့မဆိုင်ဘူး။ ချန်ကျိုစစ်က ငါ့မောင်ဆိုတာကိုသာ မှတ်ထားလိုက်ရင်ရပြီ။ မင်း သူ့ကို သတ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ထိုက်တန်၏ မထိုက်တန်၏ ပြန်ချိန်ဆကြည့်လိုက်ဦး!”

“ သူဖုန်းစားအိုကြီးကို မျက်နှာသာပေးတဲ့အနေနဲ့ ငါဒီနေ့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ မင်း ငါ့မောင်နဲ့ပတ်သက်ပြီး လက်တစ်ချောင်းလောက်ပဲဖြစ်ဖြစ် ‌ထပ်ပြီး လှုပ်ရှားရဲရင် သူဖုန်းစားအိုကြီးလည်း မင်းကို ကယ်နိုင်မှာ မဟုတ်ဘူးတော့ဘူး။ ထွက်သွားစမ်း!”

“အဟွတ် အဟွတ်…”

“အဖွဲ့ခေါင်းဆောင် အဖွဲ့ခေါင်းဆောင်!”

သူဖုန်းစားဂိုဏ်းသားများသည် ဖုန်းစန်းအနီးသို့ ရုတ်ချည်း စုဝေးလိုက်ကြသည်။

ဖုန်းစန်းသည် ဂိုဏ်းသားများကို အနားသို့ ထပ်မကပ်တော့ရန် အချက်ပြလိုက်သည်။ ထို့နောက် မိမိကိုယ်ကိုယ် ရွှေဓားဖြင့်ထောက်ကူ၍ အရိုအသေပြု၏။

“စီနီယာ ဒီငယ်သား ဒီနေ့ သင်ခန်းစာရလိုက်ပါပြီ။ သွားမယ်!”

ဖုန်းစန်းသည် နှုတ်ခမ်းထောင့်စွန်းမှ သွေးများကိုသုတ်လိုက်ပြီး ထွက်ခွာလာခဲ့သည်။

သူ၏ပုံစံမှာ အရာအားလုံး ဆုံးရှုံးလိုက်ရသည့်အလား ခိုကိုးရာမဲ့နေဟန် ဖြစ်နေခဲ့သည်။

တတိယသခင်မလေးဟွားသည် ဖုန်းစန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ချန်ကျဲ့ကို ပြော၏။

“ကျိုစစ်”

“မရီး”

“ဖုန်းစန်းက သူဖုန်းစားအိုကြီးရဲ့ ယုံကြည်ရတဲ့ လူယုံဖြစ်တဲ့အပြင် သူဖုန်းစားဂိုဏ်းမှာ အမှန်တကယ် အင်အားအာဏာရှိတဲ့သူပဲ။ ငါသူ့ကို သတ်လို့မရဘူး။ မဟုတ်ရင် မှောင်‌ခိုဈေးက သူဖုန်းစားဂိုဏ်းရဲ့ တုံ့ပြန်တိုက်ခိုက်မှုကို ခံရလိမ့်မယ်။ မှောင်ခိုဈေးက ညီနောင်တွေက အစကတည်းက ခက်ခဲနေနှင့်ပြီးပြီ။ ငါ သူတို့ကို ဒီမထိုက်တန်တဲ့ကပ်ဘေးကိုပါ မခံစားစေချင်ဘူး။ အဲဒါကြောင့် ငါသူ့ကို သက်ညှာပေးလိုက်တာ။ မင်းငါ့ကို အဲဒီအတွက် အငြိုးမထားပါဘူးနော်”

“ကျွန်တော်က မရီးကို ဘယ်လိုလုပ်ပြီး အငြိုးထားပါ့မလဲ။ မရီးအနေနဲ့ ဝင်ပါဖို့ မလိုအပ်တာတောင် ကျွန်တော့်အတွက်နဲ့ သူဖုန်းစားဂိုဏ်းကို အပြစ်ပြုဖို့ ဆန္ဒရှိခဲ့တယ်လေ။ ကျွန်တော် ဒီကျေးဇူးကြွေးကို ဘယ်လိုပြန်ဆပ်ရမလဲ မသိတော့ပါဘူး”

“ဟက် ဘာလို့များ ကျေးဇူးကြွေးတွေအထိ ပြောနေရတာလဲ။ မင်းက ငါ့ကို မရီးလို့ ခေါ်ဖို့ပဲလိုတာ။ အဲ့လိုဆို ငါမင်းကို ကူညီစောင့်ရှောက်ပေးမယ်”

“ဘာပဲဖြစ်ဖြစ် စိုးရိမ်ဖို့မလိုဘူး။ ငါဒီနေ့ ကြားဝင်ရတဲ့အကြောင်းအရင်းက မှောင်ခိုဈေးက ချန်ကျိုစစ် မင်းကို ကိုယ့်လူအဖြစ် သတ်မှတ်လိုက်ပြီဆိုတဲ့အကြောင်း သူတို့ကို သိစေချင်လို့ပဲ။ အဲဒါရဲ့အကာအကွယ်အောက်မှာဆိုရင် သူတို့ ရူးနေတာ မဟုတ်သ၍ မင်းကို ထပ်ပြီး နှောင့်ယှက်ရဲမှာ မဟုတ်တော့ဘူး။ အချိန်တစ်ခုအထိတော့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်လိမ့်မယ်”

ထိုအခါ ချန်ကျဲ့သည် ချက်ချင်း လက်သီးယှက် အရိုအသေပြု၏။

“မရီးကို ကျေးဇူးတင်ပါတယ်။ မရီးက အတွေးအမြင် ထောင့်စေ့လွန်းတာပါပဲ”

တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။

“ကောင်းပြီ။ မင်းတို့ ဒီနေ့ညတော့ ဒီမှာအိပ်လိုက်သင့်တယ်။ ငါတို့မှာ အခန်းတွေ အများကြီးရှိတယ်။ ရှောင်လျို့ ပြတင်းပေါက်ကို ပြင်လိုက်ဦး”

“ဟုတ်ကဲ့”

ရှောင်လျို့သည် ပြန်တုံ့ပြန်ပြီးနောက် စတင် အလုပ်လုပ်တော့သည်။

…

သူတို့ တစ်ညလုံး စကားထပ်မပြောဖြစ်ကြပေ။ နောက်တစ်နေ့မနက် ချန်ကျဲ့ နိုးလာချိန်၌ စူးယွင်ကျင်းသည် အပြင်ဘက်မှ တို့ဟူးပူတင်း လတ်လတ်ဆတ်ဆတ်တစ်ပန်းကန်ကို သယ်လျက် အခန်းထဲ ပြန်ဝင်လာခဲ့သည်။

“ယောက်ျား၊ ဒါလေး စားကြည့်လိုက်။ ဒီမနက်ကမှ မရီး အသစ်လုပ်ထားတဲ့ တို့ဟူးပူတင်းလေ။ ကြည့်ရတာ နူးညံ့နေလောက်တယ်”

“ဟုတ်လား။ ဒါဆို ကိုယ်စားကြည့်မှပဲ”

ချန်ကျဲ့သည် တို့ဟူးပူတင်းကို စားရင်း ပြတင်းတံခါးကို ဖွင့်၍ စည်ကားနေသည့် အသီးအရွက်ဈေးလမ်းမကြီးကို ငေးမောရှုစား၏။

အန္တရာယ်များခဲ့သည် လွန်ခဲ့သည့်ညနှင့် နှိုင်းစာလျှင် ဤနေရာသည် နေ့အချိန်တွင် ပျားပန်းခတ် လှုပ်ရှားသွားလားမှုများဖြင့် အသက်ဝင်နေဆဲပင်။

ချန်ကျဲ့ တို့ဟူးစားနေစဉ် အဝေးမှ အလျင်စလို ချီတက်လာနေသည့် ငါးဖမ်းကုန်သည်အဖွဲ့သား ၃၀၊ ၄၀ခန့်ကို သတိထားမိလိုက်သည်။

ချန်ကျဲ့လည်း အံ့အားသင့်သွားရသည်။

ဘာဖြစ်လို့များလဲ။

သို့ဖြင့် ချန်ကျဲ့သည် တို့ဟူးပန်းကန်ကို လက်မှချလိုက်ပြီး ပြောသည်။

“ရှင်မ မင်း ဒီမှာ ခဏစောင့်နေနော်။ ကိုယ် ဘာဖြစ်တာလဲလို့ သွားကြည့်လိုက်ဦးမယ်”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“ယောက်ျား ဂရုစိုက်ပါ”

ချန်ကျဲ့ တို့ဟူးဆိုင်မှ ထွက်ခွာခဲ့ပြီး ငါးဖမ်းကုန်သည်အဖွဲ့သားများနောက်သို့ လိုက်သွားခဲ့သည်။ ထို့နောက် မကြာမီတွင် စံအိမ်တော်ကြီးတစ်ခုသို့ ရောက်ရှိခဲ့၏။ ဤသည်မှာ ဝတ်ရုံဖြူစာပေပညာရှင် တန်းကွမ်းမင် အစ်ကို၄၏ နေအိမ်ဟု ချန်ကျဲ့ မှတ်မိထားပေသည်။

ထို့နောက်တွင် စံအိမ်ထဲမှ အလောင်းများ တစ်လောင်းပြီးတစ်လောင်း သယ်ထုတ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

အလောင်းများ၏ ပုံပန်းသဏ္ဍာန်မှာ အလွန်တရာ စိတ်မချမ်းမြေ့ဖွယ်ကောင်းလှပြီး မသေဆုံးမီတွင် အလွန်လူမဆန်သည့် နှိပ်စက်ညှဉ်းပန်းမှုတို့ကို ခံစားခဲ့ရကြောင်း သိသာထင်ရှားလှသည်။

ထိုမြင်ကွင်းကြောင့် ချန်ကျဲ့၏မျက်နှာမှာ ဖြူဆုတ်သွားရ၏။

ချန်ကျဲ့ အိမ်တော်ထဲသို့ ပြေးဝင်သွားခဲ့သည်။ အထဲတွင် အလောင်းများ နေရာအနှံ့ပြန့်ကျဲနေခဲ့၏။ မနီးမဝေးရှိ နံရံတစ်ခုတွင် စာလုံးများ ရေးသားထားသည်။

[ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ မင်း ငါ့ညီနောင်ကို သတ်ခဲ့တယ်။ ဒါကို အတိုးနည်းနည်း ပြန်ပေးဆပ်ရတယ်လို့ သဘောထားလိုက်ပါ။ ငါမင်းကို ရှင်သန်ဖို့ တောင်းပန်တိုးလျှိုးရတဲ့တိုင်အောင် မရှင်သန်နိုင်အောင် လုပ်မယ်။ အသက်နုတ်ပေးပါလို့ တောင်းပန်တိုးလျှိုးလာတဲ့တိုင်အောင် မသေနိုင်အောင် လုပ်ပစ်မယ်! – ဖုန်းစန်း!]

ထိုစာများကို မြင်လိုက်ရသည်တွင် ချန်ကျဲ့ လက်သီးတင်းတင်းဆုပ်လိုက်သည်။ ဤငါးဖမ်းကုန်သည်အဖွဲ့ညီနောင်များသည် သူ့အတွက်ကြောင့်နှင့် သေဆုံးခဲ့ကြရခြင်းဖြစ်၏။

သေစမ်း! ဒီခွေးရူးကောင်ဖုန်းစန်းကတော့!

ထို့နောက်တွင် အနီးရှိ အိမ်များထဲမှ ဝမ်းနည်းပူဆွေးသည့် မျက်နှာအမူအရာများဖြင့် ထွက်လာသည့် တန်းကွမ်းမင်နှင့် လုရုံတို့ကို ချန်ကျဲ့ မြင်လိုက်ရသည်။

သူတို့လည်း ချန်ကျဲ့ကို မြင်သွား၏။ တန်းကွမ်းမင်မှ ပြောသည်။

“ညီငယ်၅ မင်းအဆင်ပြေရဲ့လား”

“အစ်ကို၄ အစ်ကို၃ ဒီနေရာက?”

လုရုံမှ ပြောသည်။

“မနေ့ညက စောင့်ကြပ်ရတဲ့ ညီနောင်၁၂ယောက် သေဆုံးသွားတယ်။ တစ်ယောက်ချင်းစီတိုင်းက ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။ မျက်လုံးတွေ၊ လျှာတွေ၊ နားတွေအားလုံး ဖြတ်ထုတ်ခံထားရတယ်။ ခြေလက်ကနေ အရွတ်တွေလဲ ဆွဲထုတ်ခံထားရတယ်။ ပြီးတော့လည်း…”

“တော်ပါတော့ အစ်ကို၃၊ ဆက်မပြောနဲ့တော့။ ကျိုစစ် မင်းလည်း စိတ်ထဲ အရမ်းအစွဲမထားနဲ့။ မင်းအပြစ် မဟုတ်ပါဘူး”

တန်းကွမ်းမင်သည် ချန်ကျဲ့ကို နှစ်သိမ့်ရန်ကြိုးပမ်း၏။

ချန်ကျဲ့သည် အလောင်းများကို အကြည့်မလွှဲတမ်း ကြည့်နေမိသည်။ ဤညီနောင်များသည် အချို့မှာ မနေ့ညက သူနှင့်အတူ ရွေ့ရွေ့ကို လိုက်ရှာပေးခဲ့ကြသူများဖြစ်ကြပြီး အချို့သည် ချန်ကျဲ့နှင့် အနည်းငယ် ရင်းနှီးနေခဲ့ကြလေပြီ။ သို့သော် ယခု၌ သူတို့သည် ဖုန်းစန်း၏ သေသည်အထိ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။

ဒီရန်ငြိုးကို လက်စားမချေနိုင်ရင် ငါ ချန်ကျိုစစ်က လူမဟုတ်တော့ဘူးပဲ!

All Chapters