← Chapters

ငါ့ညီ‌နောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!_၂

Vol. 18 Ch. 249

ငါ့ညီ‌နောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!_၂

Vol. 18 Ch. 249

အခြားတစ်ယောက်မှာ စုတ်ပြဲနေသည့် အဝတ်များဝတ်ဆင်ထားကာ စုတ်ပြတ်သည့်အသွင်အပြင်နှင့် အမျိုးသားတစ်ဦးဖြစ်သည်။

ထိုလူနှစ်ဦးသည် သူဖုန်းစားအိုကြီး၏ လူယုံတော်များဖြစ်သည့် ရွှေဓားဖုန်းစန်းနှင့် သံမဏိသူဖုန်းစားကျိုးဖန်းတို့ ဖြစ်သည်။

သူတို့၏ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦး၏ပုံစံများသည် အလွန်ကွာခြားကြောင်း မြင်တွေ့နိုင်ပေသည်။ သူဖုန်းစားဂိုဏ်းကို နှစ်ပိုင်းခွဲထား၏။ အဝတ်သန့်အဖွဲ့နှင့် အဝတ်စုတ်အဖွဲ့ဟူ၍ ဖြစ်သည်။

တစ်ဖက်အဖွဲ့က တစ်ဖက်အဖွဲ့ထက်ပို၍ ကြီးမြတ်ခြင်းမျိုး မရှိပေ။

အဝတ်စုတ်အဖွဲ့သည် နားလည်ရလွယ်ကူ၏– သူတို့သည် ကျိုးဖန်းကဲ့သို့ စုတ်ပြဲညစ်ထေးသည့်အဝတ်များကို ဝတ်ဆင်လေ့ရှိကြကာ သူဖုန်းစားများနှင့် တူကြသည်။

အဝတ်သန့်အဖွဲ့သည် ဖုန်းစန်းကဲ့သို့ ပိုးထည်များ ဝတ်ဆင်လေ့ရှိကာ ရွှေငွေသွန်းလောင်းသည့် လက်နက်များကို အသုံးပြုလေ့ရှိသောကြောင့် အတော်လေး ချမ်းသာကြွယ်ဝပုံပေါ်၏။

သူဖုန်းစားဂိုဏ်းသည် တကယ်တမ်းတွင် ငွေကြေးချမ်းသာကြသည်လော။

ဟုတ်ပါသည်။ သူဖုန်းစားဂိုဏ်းသားများသည် ငွေကြေးချို့တဲ့နိုင်သော်ငြား ဂိုဏ်းခေါင်းဆောင်များ၊ အကြီးပိုင်းများသည်တော့ အတော်လေး ချမ်းသာကြွယ်ဝသည်။

သူဖုန်းစားဂိုဏ်း၌ ငွေကြေးအရင်းအမြစ်သုံးခု ရှိသည်။ ပထမအရင်းအမြစ်မှာ အဆင့်နိမ့်သူဖုန်းစားများသည် နေ့စဉ်နေ့တိုင်း အခွန်ပေးဆောင်ရ၏။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ပမာဏများပြားလာမည်ဖြစ်ရာ အဖွဲ့ခေါင်းဆောင်များအတွက် ငွေမရှားပါးတော့ပေ။

ဒုတိယအရင်းအမြစ်မှာ ကာကွယ်ကြေးစုဆောင်းခြင်းဖြစ်သည်။ သူဖုန်းစားဂိုဏ်း၏ ကာကွယ်မှုအောက်ရှိ လမ်းများ‌ပေါ်ရှိ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မှာ ကာကွယ်ကြေးကို မပေးဘဲ နေဝံ့ပါမည်နည်း။ မပေးဆောင်ပါက သူဖုန်းစားတစ်အုပ်ရောက်လာပြီး ထိုသူ၏ဆိုင်ကို အညစ်အကြေးများဖြင့် ပစ်ပေါက်ကြလိမ့်မည်။ ထိုသို့လုပ်ရပ်များကို ဆိုင်ရှင်များမှာ ကိုင်တွယ်နိုင်ပါမည်လော။

တတိယအရင်းအမြစ်မှာ အဝတ်သန့်အဖွဲ့မှ ပါဝင်ဆောင်ရွက်သည့် စီးပွားရေးညှိနှိုင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ သူတို့၏စီးပွားရေးလုပ်ငန်းကို နှစ်ပိုင်းခွဲထား၏။

ပထမအမျိုးအစား၌ ကနဦးတွင် တရားဝင်စီးပွားရေးလုပ်ငန်းများအဖြစ်မှ နောက်ပိုင်းတွင် တရားမဝင်အဖြစ် ပြောင်းလဲသွားသည့် လုပ်ငန်းများ ပါဝင်သည်။

၎င်းမှာ အဘယ်အဓိပ္ပာယ်ဖြစ်မည်နည်း။ ဆိုလိုသည်မှာ ဤလမ်းမပေါ်တွင် ဝင်ငွေကောင်းသည့် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်သည်။ ထို့နောက်တွင် သူဖုန်းစားဂိုဏ်းမှလည်း စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လိမ့်မည်။ အို ခင်ဗျားက ကျုပ်တို့ထက် ပိုရောင်းမကောင်းဘူးလား။ ကျုပ်တို့ ခင်ဗျားတို့ဆိုင်ကို ပြဿနာရှာဖို့ လူတစ်စု နေ့တိုင်းစေလွှတ်မယ်။ အညစ်အကြေးတွေနဲ့ ပစ်ပေါက်မယ်။ အဲဒါကို ခင်ဗျားခံနိုင်မလား။

မခံနိုင်ရင် ဖြေရှင်းနည်းတစ်ခုပဲရှိတယ်– ဆိုင်ကို ကျုပ်တို့ဆီ ရောင်းပြီး ထွက်သွားလိုက်တော့။

ဒုတိယအမျိုးအစား၌ တရားမဝင်လုပ်ငန်းဖြစ်သည့် လူကုန်ကူခြင်းကဲ့သို့ လုပ်ငန်းများ ပါဝင်သည်…

ဤသို့နည်းလမ်းများကို အသုံးပြုလုပ်ဆောင်နေရာ သူဖုန်းစားဂိုဏ်းမှာ အဘယ်သို့များ ငွေကြေးချို့တဲ့နိုင်ပါအံ့နည်း။ အထူးသဖြင့် သူဖုန်းစားဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ငွေကြေးချမ်းသာကြွယ်ဝသည်။

သူတို့အားလုံးသည် ဝဖြိုးကြသည်။ သို့သော် ငွေကြေးသည် မတူညီသည့်အကျင့်စရိုက်များဆီမှ ဝင်လာခြင်းဖြစ်သည်။ အဝတ်သန့်အဖွဲ့သည် အစားအသောက်ကောင်းများ၊ ကောင်းမွန်သည့် ဖျော်ဖြေမှုများနှင့် ကောင်းမွန်သည့် နေထိုင်မှုပုံစံတွင် ပျော်မွေ့သည်။ သူတို့၏အားနည်းချက်မှာ သူဖုန်းစားဂိုဏ်း၏ အဆင့်နိမ့်ဂိုဏ်းသားများနှင့် ခွဲထွက်လာခြင်း ဖြစ်သည်။

သူဖုန်းစားအိုကြီးသည် အပင်များကို ဓာတ်မြေ‌ဩဇာရေလောင်းနေသည်။

သူဖုန်းစားအိုကြီးမှ ပြောလာ၏။

“မင်းပြောတာက ဖန်းရှစ်ကျုံးရဲ့မွေးစားသားက မင်းရဲ့ညီကို သတ်လိုက်ပြီး မင်းက ကျားဖြူခန်းမရဲ့ ဌာနချုပ်က နေရာတစ်ခုကို သုတ်သင်ပစ်လိုက်တယ်ပေါ့ ဟုတ်လား”

“ခေါင်းဆောင်ကြီး အစကတော့ ကျွန်တော်က အဲဒီချန်ကျိုစစ်ကိုပဲ သတ်ချင်ခဲ့တာပါ။ ဒါပေမဲ့ မှောင်ခိုဈေးက ကြားဝင်နှောင့်ယှက်ခဲ့တယ်”

သူဖုန်းစားအိုကြီးမှ မေးသည်။

“အဲဒီချန်ကျိုစစ်က မှောင်ခိုဈေးနဲ့ ဘယ်လိုထပ်ပြီး ဆက်နွယ်မှုရှိသွားရပြန်တာလဲ”

ဖုန်းစန်းမှ ပြန်ပြောသည်။

“ကျွန်တော် မသိပါဘူး”

သူဖုန်းစားအိုကြီးမှ ဆက်ပြော၏

“အဲဒီတော့ မင်း ဒီကိစ္စကို ဘယ်လိုဖြေရှင်းမယ် စီစဉ်ထားလဲ။ ဒီကိစ္စကို ဒီတိုင်းထားလိုက်လို့ ရနိုင်မှာလား”

“မဖြစ်ပါဘူး။ ကျွန်တော့်ညီက အလဟသ မသေဆုံးသွားသင့်ဘူး။ ချန်ကျိုစစ်ရဲ့အသက်နဲ့ ပြန်ပေးလျော်ရမယ်”

“ဒါပေမဲ့ မင်း ကျားဖြူခန်းမရဲ့လူတွေကို သတ်ခဲ့တယ် မဟုတ်ဘူးလား။ အခု မှားတဲ့သူက မင်းပဲ!”

သံမဏိသူဖုန်းစားကျိုးဖန်းမှ ပြော၏။

ထိုစကားတွင် ဖုန်းစန်းသည် ရုတ်ချည်း စိတ်အခြေအနေဆိုးရွားသွားကာ ကျိုးဖန်းကို ကြည့်လိုက်သည်။

“ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ဘယ်လိုလုပ်ပြီး ကျုပ်က ကျိုးကြောင်းမဆီလျော်တဲ့သူ ဖြစ်သွားရတာတုန်း? ကျုပ်ညီလေး သေသွားရတာက ဘာမှမဟုတ်ဘူးလား”

ကျိုးဖန်းမှ ပြန်ပြော၏။

“အဲဒါဆို ကျားဖြူခန်းမရဲ့လူ ၁၂ယောက်ရဲ့သေဆုံးမှုကရော ဘာမှမဟုတ်ဘူးလား”

“ဟက် တန်ဖိုးမရှိအသက်လေး၁၂ချောင်းကိုများ၊ သူတို့အသက်လေး‌က ကျုပ်ညီလေးရဲ့အသက်ကို ပြန်ပေးလျော်ဖို့ ထိုက်တန်မတဲ့လား။ အဲဒါက ကျုပ် ကျားဖြူခန်းမဆီကနေ အတိုးပြန်ယူခဲ့ရုံသက်သက်ပဲ ရှိသေးတယ်”

“ဒါပေမဲ့ ကျားဖြူခန်းမက အဲဒီလိုတွေးပါ့မလား”

“သူတို့ဘယ်လိုတွေးလဲ ကျုပ်ဂရုမစိုက်ဘူး။ ချန်ကျိုစစ် သေချာပေါက် သေရမယ်!”

ကျိုးဖန်းသည် ခေါင်းခါရမ်းလိုက်ပြီး မြေ‌ဩဇာရေများကို ဗုံးအပြည့်ခပ်ထည့်နေသည့် သူဖုန်းစားအိုကြီးသို့ လှည့်ကြည့်လိုက်သည်။ သူဖုန်းစားအိုကြီးမှ ပြောသည်။

“ငြင်းခုန်နေတာကို ရပ်လိုက်တော့ ဖုန်းစန်း၊ မင်း အရမ်း စိတ်လိုက်မာန်ပါဖြစ်လွန်းနေတယ်”

ဖုန်းစန်းသည် သူဖုန်းစားအိုကြီးကို လှည့်ကြည့်လာသော်ငြား ချေပမပြောဆိုရဲပေ။

“ဖန်းရှစ်ကျုံးရဲ့ အကျင့်စရိုက်ကို သိုင်းလောကတစ်ခုလုံးသိတယ်။ ဖန်းရှစ်ကျုံးက သူ့ရဲ့ကျားဖြူခန်းမ အဖွဲ့သား၁၂ယောက်ကို သတ်ဖြတ်ခဲ့တာအတွက် မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”

သူဖုန်းစားအိုကြီးမှ ပြောသည်။

ဖုန်းစန်းသည် အနည်းငယ် ရပ်တန့်သွားပြီးနောက် သူဖုန်းစားအိုကြီးကို ကြည့်လိုက်သည်။

“အဲဒီတော့ ခေါင်းဆောင်းကြီးက ကျွန်တော့်ကို မထောက်ခံတော့ဘူးလား”

“ခေါင်းဆောင်ကြီးရဲ့အတွေးက ဒီလိုဆိုရင်တော့ ကျွန်တော့်ကို ချုပ်နှောင်ပြီး ကျားဖြူခန်းမကို ခေါ်သွားလိုက်ပါ။ ကျွန်တော် အဲဒီအသက်၁၂ချောင်းအတွက် ပြန်ပေးဆပ်ပါ့မယ်”

“ဖုန်းစန်း ခေါင်းဆောင်ကြီးရဲ့ ဆိုလိုရင်းက တကယ်ပဲ အဲဒီလိုဟုတ်ရဲ့လား။ မင်း ဘယ်သူ့ကို အရူးလုပ်ဖို့ကြိုးစားနေတာလဲ”

ကျိုးဖန်းမှ ဒေါသတကြီး အော်ဟစ်၏။

“ခေါင်းဆောင်ကြီးရဲ့ ဆိုလိုရင်းက ဘာများလဲ။ ပြီးတော့လည်း ခေါင်းဆောင်ကြီး ဒီတစ်ကြိမ်မှာ အထက်ကလည်း ကျွန်တော်တို့ကို ဆိတ်ငြိမ်မနေသင့်တော့ဘူးလို့ ပြောတယ်။ မျန့်ရွှေစီရင်စုက ပြောင်းလဲဖို့အချိန်သင့်နေပြီ။ ငါးဖမ်းကုန်သည်အဖွဲ့ ခန်းမအရှင်သခင်တစ်ယောက်ရဲ့ မွေးစားသားအဆင့်လေးက ကျွန်တော့်ရဲ့ညီကို သတ်ရဲတယ်။ သူ့စိတ်ထဲ သူဖုန်းစားဂိုဏ်းဆိုတာ လုံးဝ မရှိဘူးလား”

“ခေါင်းဆောင်ကြီး ကျွန်တော်တို့သူဖုန်းစားဂိုဏ်းရဲ့ အရင်တစ်ချိန်က ထွန်းတောက်ထည်ဝါမှုတွေကို စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့ဂိုဏ်းက တစ်ချိန်က သိုင်းလောကမှာ နံပါတ်တစ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ မျန့်ရွှေစီရင်စုရဲ့ ဂိုဏ်းအဖွဲ့တိုင်းက ကျွန်တော်တို့ကို အနိုင်ကျင့်ရဲနေတယ်။ ကျွန်တော် သည်းမခံနိုင်တော့ဘူး!”

ဖုန်းစန်းသည် အမျက်ဒေါသကြောင့် အံတင်းတင်းကြိတ်ထား၏။

သူဖုန်းစားအိုကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် ပြောသည်။

“အင်း ငါလည်း ဒါကိုသတိထားမိပါတယ်။ ဖုန်းစန်း အခုလောလောဆယ်တော့ တစ်လှမ်းလောက် နောက်ဆုတ်လိုက်ဦး။ ငါ သေချာ ထပ်စဉ်းစားလိုက်ဦးမယ်”

ထိုအခါ ဖုန်းစန်းမှ ပြန်ပြောသည်။

“ခေါင်းဆောင်ကြီး ကျွန်တော် ခေါင်းဆောင်ကြီးကို တွန်းအားပေးနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချန်ကျိုစစ်ကတော့ ကျွန်တော့်ညီရဲ့အသက်အတွက် ကျိန်းသေပေါက် ပြန်ပေးဆပ်ရမယ်! ဒါက ကျွန်တော့်ရဲ့ အနိမ့်ဆုံးသတ်မှတ်ချက်ပဲ!”

“ငါနားလည်ပါတယ်”

သူဖုန်းစားအိုကြီးမှ ခေါင်းညိတ်သည်။

ဖုန်းစန်းလည်း လှည့်ထွက်လာခဲ့သည်။

ထို့နောက် ကျိုးဖန်းသည် မြေကြီးပေါ်မှ စိုစွတ်နေသည့် ပုဝါတစ်ထည်ကို သူဖုန်းစားအိုကြီးကို ကမ်းပေး၏။

“ခေါင်းဆောင်ကြီး ဒီတစ်ကြိမ်တော့ ဖုန်းစန်းက စည်းကျော်သွားပြီ”

“သူက တကယ့်ကိုပဲ နည်းနည်း စိတ်လိုက်မာန်ပါဖြစ်ပေမဲ့ သူပြောတာ မှန်လည်း မှန်တယ်။ ငါတို့သူဖုန်းစားဂိုဏ်းက ဘယ်သူမဆို တိုက်ခိုက်သတ်ဖြတ်နိုင်တဲ့ဂိုဏ်းတစ်ခု မဟုတ်ဘူး။ မျန့်ရွှေစီရင်စုက ငါတို့သူဖုန်းစားဂိုဏ်းရဲ့ တည်ရှိမှုကို အမှတ်ရနေဖို့ အချိန်ကျပြီ!”

သူဖုန်းစားအိုကြီးမှ ပြောသည်။

ကျိုးဖန်း စိတ်ရှုပ်ထွေးသွား၏။ ထို့နောက် သူဖုန်းစားအိုကြီးကို ပြန်ကြည့်လိုက်သည်။

“ခေါင်းဆောင်ကြီး သဘောကရော?”

“အင်း ဂိုဏ်းသားအားလုံးကို တိုက်ပွဲအတွက် ပြင်ဆင်ဖို့ အသိပေးလိုက်ပါ။ ဒီတစ်ကြိမ်က ခက်ခဲကြမ်းတမ်းတဲ့တိုက်ပွဲ ဖြစ်လိမ့်မယ်!”

ထိုအခါ ကျိုးဖန်းသည် သူ၏ခေါင်းဆောင်ကြီးကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

လွန်ခဲ့သည့်နှစ်ဝက်ခန့်က မြောက်ပိုင်းသို့ ခရီးစဉ်မှ ပြန်ရောက်လာပြီးနောက်တွင် သူ၏ခေါင်းဆောင်ကြီးသည် တက်ကြွထက်သန်လာခဲ့၏။ ကနဦး၌ ကျိုးဖန်း၏ အကြံပြုချက်များကို လျစ်လျူရှု၍ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့နှစ်ခုစလုံး၏ အာရုံကိုဆွဲဆောင်နေသည့် နန်ရေကန်ဆားနယ်မြေကို အတင်းအကျပ် တူးဖော်ခဲ့သည်။

ထို့‌ပြင် ဖုန်းစန်းမှ နေရာတိုင်းတွင် ပြဿနာရှာနေခြင်းကို ခွင့်ပြုထား၏။ အရင်က သူသည် ဖုန်းစန်းကို ပြဿနာရှာရန် ဆွဲဆောင်ဖျားယောင်းသူ ဖြစ်ခဲ့၏။ ယခု‌တွင်တော့ သူသည် ဖုန်းစန်းကို အားပေးအားမြှောက်ပြုနေပြန်သည်။

ခေါင်းဆောင်ကြီးသည် ‌ငါးဖမ်းကုန်သည်အဖွဲ့၊ ချောင်ကုန်သည်အဖွဲ့တို့နှင့် တိုက်ပွဲစတင်ရန် မျှော်လင့်နေသည့်အလားပင်။

All Chapters