← Chapters

ကောင်းပိုင်ရှင်း

Vol. 2 Ch. 153

ကောင်းပိုင်ရှင်း

Vol. 2 Ch. 153

“သူ ဘယ်သူလဲ  ...”

ချန်းဖန်ကား ထိုလူရွယ်အား တစ်ချက်မျှပင် မကြည့်ဘဲ ဟော်တုန်းလိုင်အား ကြည့်သည်။

ဟော်တိုင်းလိုင်နှင့် အဘိုးအိုတို့၏အပြန်အလှန် လက်ဟန်ခြေဟန်များအရ ဧည့်သည်များမှာ ပါးကျီဂိုဏ်းမှ ဖြစ်ပြီး သိုင်းပညာညီလာခံအား တက်ရောက်ရန် လာရောက်ဆွေးနွေး ကြဟန်ရှိသည်။

“ကျုပ်နာမည် ကောင်းပိုင်ရှင်း  ... ပါးကျီဂိုဏ်းက  ... လူရွယ်က ဝင့်ကြွားစွာပြောသည်။

သူကား လူငယ်သိုင်း ပညာရှင်များအကြား နာမည်ကျော်ကြားရာ သူ၏နာမည်ကို ချန်းဖန် ကြားဖူးလိမ့်မည်ဟု သူယူဆနေသည်။ သို့သော်လည်း ချန်းဖန်၏ မျက်နှာအမူအရာက စိုးစိမျှ မပြောင်းလဲသည်ကို သူတွေ့ရ၏။

“တပ်ကြပ်ခေါင်းဆောင်  ... သူက ကျုပ်ဂိုဏ်းတူ တူလေးပါ  ... သူ့ရဲ့ စိတ်မရှည်မှု အတွက် ခွင့်လွှတ်ပေးပါ” ဟော်တုန်းလိုင်က အားနာဟန်ဖြင့် ပြောသည်။

ပါးကျီသိုင်းအား သင်ယူသူများမှာ စိတ်တိုဒေါသ ထွက်လွယ်သည်ဟု နာမည်ကျော်ကြားပေသည်။ ဟော်တုန်းလိုင်၏ ဆရာဘိုးဘိုးမှာလည်း အမှန်တကယ်အားဖြင့် လူငယ်ထက်ပင် ပိုမို၍ စိတ်တို ဒေါသထွက်လွယ်သူ ဖြစ်သည်။

“တပ်ကြပ်ခေါင်းဆောင်ချန်း  ... ခင်ဗျားစွမ်းရည်တွေကို ကျုပ်ကြားဖူးတယ်။ ခင်ဗျားက အထွတ်အထိပ် အဆင့်ကို ရောက်ခဲ့ပြီးမှတော့ ကျုပ်ကို တစ်ကွက် နှစ်ကွက်လောက် ပြတာ မကောင်းဘူးလား” ကောင်းပိုင်ရှင်းက လက်သီးနှင့် လက်ဝါးကို ဆုပ်ကာ ပြောသည်။

“ခင်ဗျား ဘာဆိုလိုတာလဲ။ ကျုပ်တို့ ခေါင်းဆောင်ချန်းက ခင်ဗျားကို ကြောက်မယ်လို့ ထင်နေတာလား” သံမဏိက ပြန်လည်၍ ဒေါသတကြီး တုံ့ပြန်သည်။ သံမဏိ၏ ဒေါသမှာ ပါးကျီသိုင်းဆရာ တစ်ယောက်ဖြစ်ရန် အပြည့်အဝ သင့်တော်ပေလိမ့်မည်။

“နောက်နေတာ မဟုတ်ဘူး ကောင်လေး။ နောက်ထပ် မလေးစားတဲ့ စကားတစ်ခွန်း ပြောကြည့်လိုက်။ ငါတို့မင်းကို အပြင်သို့ လွှင့်ပစ်လိုက်မယ်”

တခြားသော ထန်လုံအဖွဲ့မှ လူများလည်း သူ့နောက်မှလိုက်ပါလာကြသည်။

“တကယ်လား  ...” ကောင်းပိုင်ရှင်းက ဘေးပတ်လည်မှ လူများအားကြည့်ကာ မခိုးမခန့် ပြုံးသည်  ...

“တပ်ကြပ်ခေါင်းဆောင်ချန်း  ... ဒါ ခင်ဗျား စစ်သည်တွေကို လေ့ကျင့်ထားတဲ့ ပုံစံလား။ ကျုပ် ခင်ဗျားအတွက် စိတ်ပူရပြီ”

ထိုသို့ ပြောရင်းဖြင့်ပင် သူက မြေပြင်ကို ဆောင့်နင်းကာ ပါးကျီဂိုဏ်း၏ မြေငလျင်သိုင်းအား ထုတ်ဖော်သည်။

မြေပြင်က အားလှိုင်းကြောင့် တုန်ခါသွားပြီး သူ၏ခြေထောက်အား မြှောက်လိုက်သည်တွင် မြေပြင်မှာ အက်ကွဲသွားပြီး ကြီးမားသော ချိုင့်တစ်ခု ဖြစ်သွားသည်။

ကောင်းပိုင်ရှင်းက ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် အနီးမှ လူများအားကြည့်သည်။ ထန်လုံအဖွဲ့မှ မည်သူမှ ဤသို့လုပ်နိုင်မည်မဟုတ်ကြောင်း သူယုံကြည်သည်။ ဟော်တုန်းလိုင်၏မျက်ခုံးများက ပျော်ရွှင်မှုကြောင့် မြင့်တက်သွားသည်  ... “မင်း အဆင့်မြင့်သိုင်းသမားဖြစ်သွားပြီလား  ...”

မြေပြင်ကား အထူးဘိလပ်မြေဖြင့် စီမံထားခြင်းဖြစ်ရာ သာမန်သိုင်းသမားများ အလွယ် ပျက်စီးအောင် မလုပ်နိုင်ပေ။

“မှန်တယ်  ...” ကောင်းပိုင်ရှင်းက ခေါင်းညိတ်သည်။

တပ်ကြပ်ကုနှင့် တခြားတပ်ကြပ်များမှာ ရုတ်တရက် အပြောင်းအလဲများဖြင့် အံ့အားသင့်နေကြသည်။ ကောင်းပိုင်ရှင်းကား ထိုမျှငယ်ရွယ်ပြီး အလွန်စွမ်းနေသည်။ ပါးကျီဂိုဏ်းကား မကြာခင် ထွန်းကားလာတော့ပေမည်။

“လွန်ခဲ့တဲ့ နှစ်၂၀လောက်က ပါးကျီဂိုဏ်းမှာ ဟော်ကျိန့်ထန်လို့ခေါ်တဲ့ ပညာရှင်အဆင့် တိုက်ခိုက်ရေး သမားတစ်ယောက် မွေးထုတ်ခဲ့တယ်  ... နှစ် ၂၀ ကြာပြီး သမိုင်းတစ်ပတ် လည်တော့မှာလား” တပ်ကြပ်ကု၏ မျက်လုံးများထဲ အတွေးတစ်ခု ဝင်လာသည်။ သူက ဟော်တုန်းလိုင်နှင့် မိတ်ဆွေများဖြစ်သော်လည်း ကုမိသားစုနှင့် ပါးကျီဂိုဏ်းမှာ နှစ်ပေါင်းများစွာ ပြိုင်ဆိုင် လာခဲ့သူများဖြစ်ကြသည်။

ထန်လုံစစ်သားများမှာ ကောင်းပိုင်ရှင်း၏ ရိုင်းစိုင်းသော မှတ်ချက်များအား သည်းမခံနိုင်သော်လည်း ဘာမှ မတတ်နိုင်ပေ။

သေနတ်ပစ်ခြင်းနှင့် စစ်မြေပြင် တိုက်ခိုက်ရေးများ၌ သူတို့ကား ကောင်းပိုင်ရှင်းထက် အပြတ်အသတ် သာလွန်ထူးချွန်ကြသည်။ သို့သော်လည်း တစ်ကိုယ်ရည် တိုက်ခိုက်စွမ်းရည်၌ကား သူတို့က သိုင်းပညာရှင်များနှင့် မယှဉ်နိုင်ပေ။

“တပ်ကြပ်ခေါင်းဆောင်  ...”

သံမဏိက ချန်းဖန်၏နာမည်ကို အော်ခေါ်သည်။

“တပ်ကြပ်ခေါင်းဆောင်  ...”

သိမ်းငှက်မျက်လုံး ကလည်း ခေါ်သည်။

“တပ်ကြပ်ခေါင်းဆောင်  ... တပ်ကြပ်ခေါင်းဆောင်  ... တပ်ကြပ်ခေါင်းဆောင်  ...”

အားလုံးက ချန်းဖန်၏ရာထူးကို စတင်၍ အော်ခေါ်ကာ သူတို့၏ချန်ပီယံအား ခေါ်ထုတ်ကြသည်။

ဤနေရာကား ထန်လုံနဂါး အဖွဲ့ဖြစ်ပြီး တရုတ်ပြည်၏ အနည်းစုသော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ အဖွဲ့ဝင် တစ်ယောက်စီကား စစ်သည် သန်းချီသော အရေအတွက်များထဲမှ အတော်ဆုံးကို ရွေးထုတ်ထားခြင်း ဖြစ်သည်။ ယခု သူတို့၏ဂုဏ်သိက္ခာအား ဘာမဟုတ်သည့် ပြည်သူတစ်ယောက်က လှောင်ပြောင်နေသည်။

“တပ်ကြပ်ခေါင်းဆောင်ချန်း  ... အားလုံးက ခင်ဗျားကို စောင့်စားနေကြပါတယ်”

ကောင်းပိုင်ရှင်းကား ပုံမှန် သိုင်းသမား တစ်ယောက်အလား သူ၏လက်များကို အဆင်သင့် ပြုလုပ်ထား၏။

ချန်းဖန်က ငြိမ်သက်စွာ ရပ်နေသော်လည်း သူ၏အကြည့်မှာ ဟော်တုန်းလိုင်ထံ၌ ရှိနေသည်။

“ဒါက သိုင်းပညာညီလာခံသို့ ခင်ဗျား ဖိတ်ခေါ်တဲ့နည်းလား” ချန်းဖန်က မျက်နှာသေဖြင့် မေးသည်။

“တပ်ကြပ်ခေါင်းဆောင်  ... ကျုပ်ကို ရှင်းပြခွင့်ပေးပါ” ဟော်တုန်းလိုင်၏မျက်နှာက ပျက်ယွင်းသွားကာ ရှင်းပြရန် ကြိုးစားသည်။

“ထားလိုက်တော့  ...။ ကျုပ် သိုင်းပညာညီလာခံသို့ တက်မယ်။ ဒါပေမဲ့ ပါးကျီဂိုဏ်းကို ကိုယ်စားမပြု နိုင်တော့ဘူး”

“တပ်ကြပ်ခေါင်းဆောင်ချန်း  ...” ဟော်တုန်းလိုင်က စိုးထိတ်စွာ ခေါ်သည်။ ဟော်တုန်းလိုင်က ထပ်မံ၍ ရှင်းပြလိုသော်လည်း ထိုအခိုက်တွင်ပင် ကောင်းရှောင်းမန်က နှာခေါင်းရှုံ့လျက် ပြောသည်  ... “ဟွန်း  ... ရှင်က ကျွန်မတို့ ဂိုဏ်းတူအစ်ကို ကိုတောင်မှ တိုက်ဖို့ ကြောက်နေတာ။ ဘယ်လို ပါးကျီဂိုဏ်းကို ကိုယ်စားပြုမှာလဲ”

သူမ၏ ဆရာဦးလေးနှစ်ယောက်က သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။

သူတို့ကား သံသယများစွာဖြင့် ရောက်လာကြခြင်းဖြစ်သည်။ ထိုမျှ စွမ်းအားမြင့်သော တစ်စုံတစ်ယောက် တည်ရှိသည်ကို သူတို့မယုံပေ။ ချန်းဖန်၏အသက် မည်မျှ ငယ်ရွယ်သည်ကို လက်တွေ့ မြင်ပြီးနောက် တွင်ကား ထိုသံသယမှာ ပိုမိုကြီးထွား လာခဲ့တော့သည်။ လူငယ်က ချန်းဖန်အား သံသယ မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်  ... “သူက သစ်ခေါင်းထဲ လသာနေတဲ့ သူတစ်ယောက်ပဲ  ... သူက ကိုယ့်ကိုကိုယ် အထွတ်အထိပ် အဆင့်သိုင်းသမားလို့ ခေါ်တယ်ဟုတ်လား။ ရှက်စရာပဲ  ...”

“ဆရာဦးလေး  ... တစ်ခုခု ပြောပါဉီး  ...” ဟောင်တုန်းလိုင်က အဘိုးအိုအား အကူအညီတောင်းသည်။

သို့သော်လည်း အဘိုးအိုကလည်း ခေါင်းယမ်းကာ ပြောသည်  ... “သူက အထွတ်အထိပ် အဆင့်သိုင်းသမား ဖြစ်မယ်လို့ ငါလည်း မယုံဘူး။ ပြီးတော့ သူ့မှာ ငါမြင်ဖူးတဲ့ အထွတ်အထိပ် အဆင့်သိုင်းသမားတွေလို တူညီတဲ့ ဟန်ပန်တွေလည်း မရှိဘူး”

“ဆရာဘိုးဘိုး  ...” ဟော်တုန်းလိုင်၏အသံမှာ ဖျော့တော့လာသည်။

သူ၏ ဆရာဘိုးဘိုး မှာလည်း ကြမ်းတွင် ကျနေသော စိန်ပွင့်အား မြင်နိုင်သော မျက်လုံးမျိုး ပိုင်ဆိုင်မည်ဟု သူတွေးထင်ခဲ့သည်။ သို့သော်လည်း အဘိုးအို၏စကားက သူ့အား ကူရာမဲ့စေ၏။

“တုန်းလိုင်  ... မင်းရဲ့ စကားကို သတိထား  ...” အဘိုးအိုက ပြောသည်  ... “ပါးကျီဂိုဏ်းက ဘယ်တုန်းကမှ တခြားလူတွေရဲ့ အကူအညီကို မလိုအပ်ခဲ့ဖူးဘူးကွ။ ငါ့သံလက်သီး တစ်ခုတည်းနဲ့ ပြိုင်ဘက်အားလုံးကို သိပ်လာတာ”

“ဘာလို့လဲ  ... ဆရာဘိုးဘိုး။ ဘာလို့လဲ  ...” ဟောင်တုန်းလိုင်က စိတ်ပျက်စွာ ရေရွက်သည်။

ပန်းသီးမှာ သစ်ပင်မှ မကြွေဟူ၍ ပြောကြသည်။ အဘိုးအို၏ ဒေါသထွက်လွယ်မှု ကပင် လူငယ်များ မောက်မာ ရိုင်းစိုင်းစေသော အကြောင်းအရင်း တစ်ခု ဖြစ်ပေမည်။ သို့သော်လည်း ချန်းဖန် မည်မျှ အားကောင်းသည်ကို သူတို့ မသိသောကြောင့်သာ။ မဟုတ်လျှင် သူတို့ ဤသို့ ပြုမူရဲမည်မဟုတ်ပေ။

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်ကာ ပြောသည်  ... “အာ  ... တကယ်လား”

သူက နောက်လှည့်ကာ ကောင်းပိုင်ရှင်းအား ကြည့်ပြီး ခေါင်းယမ်းသည်  ... “မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး”

“ကျုပ်က  ... မထိုက်တန်ဘူး  ... ဟုတ်လား” ကောင်းပိုင်ရှင်းအတွက် ထိုမှတ်ချက်မှာ သူ့ဘဝတွင် ကြားဖူးသော ရယ်စရာ အကောင်းဆုံးသော ဟာသတစ်ခုအလား ထင်မှတ်ရပေသည်။

သူက ပြန်ပြောသည်  ... “ချန်းပေ့ရွှမ်း  ... ငါ အသက်၅နှစ်ကတည်းက အခုအချိန်အထိ တိုက်ပွဲပေါင်း ၃၀ကျော် တိုက်ခိုက်ခဲ့ပြီးတော့ ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးဘူး။ မင်းက ငါ့ကို ဘယ်လို အထင်သေးရဲတာလဲ”

“ကျုပ်နဲ့တိုက်ခိုက်ဖို့တော့ မလုံလောက်သေးဘူး” ချန်းဖန်က အေးဆေးစွာ ပြောသည်။

“ဘယ်လောက် မိုက်မဲ့တဲ့အရူးလဲ  ...” ကောင်းပိုင်ရှင်း နှင့်အတူ လိုက်ပါလာသော လူကြီးနှစ်ယောက်က တင်းမာစွာ ပြောသည်။

သူတို့အထဲမှ တစ်ယောက်က ရှေ့သို့တက်လာကာ ပြောသည်  ... “တိုက်ပွဲထဲ ငါလည်း ပါမယ်”

“အဲဒါ မုရှမ်းမလား  ...” တပ်ကြပ်ကု အံ့အားသင့်သွားသည်။

ထန်လုံအဖွဲ့မှလူများက စိတ်ဝင်စားဟန်ဖြင့် မေးသည်  ... “မုရှမ်းဆိုတာ ဘယ်သူလဲ  ... တပ်ကြပ်ကု  ...”

“မုရှမ်းဆိုတာ ပါးကျီတိုက်ခိုက်ရေး သမားတွေအထဲမှာ စွမ်းအားအမြင့်ဆုံးထဲက တစ်ယောက်ပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကတော့ သူက အတွင်းအားကျင့်ကြံခြင်း အဆင့်အမြင့်ဆုံးသို့ ရောက်ဖို့ ခြေတစ်လှမ်း အလိုပဲ။ အခုတော့ အဲဒီအဆင့်သို့ ရောက်တာကြာလောက်ပြီ” တပ်ကြပ်ကု၏မျက်လုံးများထဲတွင် စိုးရိမ်သော အငွေ့အသက်များ ရှိနေသည်။

အတွင်းအားကျင့်ကြံခြင်း အမြင့်ဆုံးအဆင့်သို့ ရောက်လာသောသူများမှာ ကြီးမားသော သြဇာအာဏာများရှိပြီး တစ်နယ်လုံးကို အုပ်ချုပ်နိုင်သည်။ လင်းဟူကဲ့သို့သော သူတစ်ယောက်က ပြိုက်ဘက်ကင်းမဲ့သော ဒေသတစ်ခုသို့ ရောက်လျှင် ဂိုဏ်းတစ်ခုအား တည်ကာ မင်းမူနိုင်ပေသည်။

ထို့ကြောင့် ထိုသို့သော စွမ်းအားမြင့်ပုဂ္ဂိုလ် တစ်ယောက်မှာ ပါးကျီဂိုဏ်း၏ ကျောထောက်နောက်ခံ တစ်ယောက်ဖြစ်ပေမည်။

“ကုမိသားစုထဲမှာတောင် အထွတ်အထိပ်အဆင့်သို့ ရောက်ခါနီးတဲ့ မိသားစုခေါင်းဆောင်လောက်ပဲ မုရှမ်းကို ယှဉ်နိုင်လောက်တယ်” တပ်ကြပ်ကုမှာ စိတ်ထဲ တွက်ချက်နေမိသည်။

ထန်လုံစစ်သည်များ အားလုံး၏ မျက်နှာများမှာ သိပ်မကောင်းကြတော့ပေ။ သူတို့သည်လည်း ဒေသအတွင် သိုင်းပညာရှင်များ၏ အဆင့်များကို တီးမိခေါက်မိ နားလည်ကြပေသည်။ သူတို့တပ်ကြပ်များ၏ သိုင်းပညာများမှာ သူတို့အတွက် ပြိုင်ဘက်ကင်းသော်လည်း သူတို့ကား အတွင်းအား ကျင့်ကြံခြင်း၌ မူလအဆင့်သို့သာ ရောက်ကြပေသေးသည်။

အတွင်းအား ကျင့်ကြံခြင်း၏ အမြင့်ဆုံးသို့ ရောက်နေသူမှာ မည်မျှ စွမ်းမည်ကို ခန့်မှန်း၍ပင် မရနိုင်ကြပေ။

“အမှန်ပဲ  ... လွန်ခဲ့တဲ့ ငါးနှစ်က ကျုပ်ရဲ့ အတွင်းအား ကျင့်ကြံခြင်းကို အောင်မြင်ပြီး မြောက်ခဲ့တယ်” မုရှမ်းက ဆိုသည်။

သူကား သည်လေ့ကျင့်ရေးကွင်းသို့ ဝင်လာကတည်းက သူ၏ကြီးမားသော ကိုယ်ရှိန်ကိုယ်ဝါများအား ထိန်းသိမ်းထားခဲ့ရသည်။ ယခု သူက ထိန်းချုပ်မှုများအား ဖြေလျော့လိုက်သည်နှင့် သူ့မျက်လုံးများ တလက်လက် ထထလာကာ အရှိန်အဝါတစ်ခု ထွက်လာခဲ့သည်။

“ဂိုဏ်းတူအစ်ကို  ... ခင်ဗျား အောင်မြင်ခဲ့ပြီပဲ” ဟော်တုန်းလိုင်ကား ထိတ်လန့်နေသည်။

“သူက အတွင်းအား ကျင့်ကြံခြင်း အမြင့်ဆုံးသို့ မရောက်ဘဲ ဘယ်လိုလုပ် ကလေးနှစ်ယောက်ကို သိုင်းပညာ ညီလာခံသို့ ခေါ်သွားပါ့မလဲ” အဘိုးအိုက ပြုံးလျက်ပြောသည်။

သူကား မြေခွေးအို တစ်ကောင်အလား ဉာဏ်များပေသည်။ သူက ဒေါသထွက် လွယ်သော်လည်း အချိန်အများစု၌ ဉာဏ်ပညာကြီး ရင့်ပေသည်။

“ကျုပ်တို့နှစ်ယောက်က ပြိုင်ဘက်ကောင်း ဖြစ်နိုင်ပါ့မလား” မုရှမ်းက မေးသည်။

အားလုံးက ချန်းဖန်အား မျှော်လင့်တကြီး ကြည့်ကြသည်။ မထင်မှတ်ထားစွာ ချန်းဖန်ခေါင်းယမ်းလျက် ပြောလိုက်သည်  ...

“ဟင့်အင်း  ...”

***

All Chapters