← Chapters

တစ်ချက်တည်းနဲ့

Vol. 2 Ch. 154

တစ်ချက်တည်းနဲ့

Vol. 2 Ch. 154

“ကျုပ် ဆရာဦးလေးမုက ခင်ဗျားရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုရင် နောက် ဘယ်သူ ရှိပါ့တော့မလဲ” ကောင်းပိုင်ရှင်းက အေးစက်စွာ ပြောသည်။

“သူက ရဲ့နန်ထန်း  ... ဒါမှမဟုတ် လေရှန်ကျွဲ့တို့လောက် အနည်းဆုံး ရှိဖို့လိုလိမ့်မယ်” ချန်းဖန်က အသာအယာပြောသည်။

“ရဲ့နန်ထန်းနဲ့ လေရှန်ကျွဲ့  ...” ပါးကျီဂိုဏ်းမှ လူများအားလုံး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ကြသည်။

နောက်ထပ် လူကြီးတစ်ယောက်က အော်ဟစ်လိုက်သည် ... “သူတို့ ဘယ်သူလဲကော မင်းသိလို့လား။ လေရှန်ကျွဲ့ဆိုတာ ဟွမ်ဂိုဏ်းရဲ့ နာမည်ကျော် သိုင်းသမား တစ်ယောက်ပဲ။ ရဲ့နန်ထန်းဆိုတာလည်း နှစ်ငါးဆယ်အတွင်း ပါရမီအမြင့်ဆုံး တိုက်ခိုက်ရေးသမားပဲ မဟုတ်ဘူးလား။ သူက မကြာခင် မသေမျိုးဖြစ်ဖို့ မှန်းထားတဲ့လူ  ... မင်းက သူတို့နဲ့ တန်းတူတယ်လို့ ဘယ်လို တွေးထင်နိုင်ရတာလဲ”

“အားလုံးပဲ  ...” ချန်းဖန်က အေးဆေးစွာ ပြောသည်။

ထိုအဖြေကိုကြားကာ ဟော်တုန်းလိုင်နှင့် တခြားလူများမှာ မှင်တက်နေကြသည်။ ဟော်တုန်းလိုင်ကား ချန်းဖန် ကောင်းကင်ထက်မှ ကျလာသည်ကို မြင်ဖူးထားရာ ချန်းဖန်က ကြွားဝါနေခြင်း မဟုတ်ကြောင်း သူသိသည်။ သို့သော်လည်း ချန်းဖန်စကားကို မုရှမ်းနှင့် တခြားဂိုဏ်းတူ ညီအစ်ကိုများ ယုံမည်မဟုတ်ကြောင်း သူသိသည်။

သူတို့ကိုယ်တိုင်၏ မျက်လုံးများဖြင့် မမြင်လျှင် သူတို့ ယုံကြည်မည် မဟုတ်ပေ။

မုချမ်းက ခေါင်းယမ်းကာ ပြောသည် ... “မင်းအကြောင်းကို ငါတို့ကြားတုန်းကတော့ တော်တော် မျှော်လင့်ထားခဲ့တယ်။ အခု မင်းကို တွေ့ပြီးမှ မင်းက မောက်မာတဲ့ သခင်လေးတစ်ယောက်ပဲ ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်”

“သိုင်းသမားတွေက လေ့ကျင့်သက်ရလေလေ အထွတ်အထိပ် အဆင့်သိုင်းသမား တွေအပေါ်မှာ ပိုပြီး ကြောက်ရွံ့ ရိုသေလေပဲ။ အခု မင်းက အထွတ်အထိပ်အဆင့် သိုင်းသမားတွေကို ဘာမှ မဟုတ်သလို တွေးနေတာပဲ။ မင်းက သိုင်းသမားတစ်ယောက်ရဲ့ အခြေခံ စိတ်နှလုံး မရှိသေးဘူးလို့ ယူဆရတာပဲ”

“ဦးလေးကု  ... သူ့ဆီမှာ ဘာလို့ အချိန်ဖြုန်းနေတာလဲ” ကောင်းပိုင်ရှင်းက နှာခေါင်းရှုံ့သည်  ...” သူ ကျုပ်တို့ကို မယုံမှတော့ သူယုံအောင် လုပ်လိုက်ရုံပဲ မလား”

ကောင်းပိုင်ရှင်းက ပြောပြီးသည်နှင့် စတင်ကာ အသက်ပြင်းပြင်းရှူသည်။

“ရှူး  …”

သူ၏အဆုပ် တစ်ခုလုံး ဖောင်းသွားအောင် လေအား ရှူသွားလိုက်လျှင် တစ်ကိုယ်လုံး သွေးကြောများပင် ထောင်လာဟန်ရကာ ကားတာယာများ ပွတ်တိုက်သံကဲ့သို့ ထူးဆန်းသော အသံများ ထွက်လာသည်။

ထိုအခိုက်တွင် ကောင်းပိုင်ရှင်းက မြေပြင်အား ဆောင့်နင်းကာ မြေငလျင်သိုင်းအား တစ်ဖန် ထုတ်လွှတ်လိုက်သည်။ သူက မြေပြင်အား ဆောင့်နင်းလိုက်ကာ ထိုအရှိန်ကိုပင် အားပြုလျက် ချန်းဖန်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ထိုဟန်ပင်ကား လေးညှို့မှ လွှတ်လိုက်သော မြားတစ်စင်းအလား ထင်မှတ်ရသည်။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ လက်သီးလဲ  ...”

ထန်လုံအဖွဲ့မှ လူများမှာ ထိုမြင်ကွင်းအား ကြည့်ပြီး ထိတ်လန့်ကြသည်။

သံမဏိတစ်ယောက်သာ ထိုလက်သီးချက်အား ခုခံနိုင် လောက်သည်ဟု သူတို့ လောင်းရဲသည်။

“ဒါ အဆင့်မြင့် သိုင်းသမားတစ်ယောက်ရဲ့ စွမ်းရည်လား” အားလုံး၏ခေါင်းထဲသို့ တူညီသော မေးခွန်းတစ်ခု ရောက်လာသည်။

သူတို့၏ တပ်ကြပ်အချို့မှာလည်း အတွင်းအား အသုံးပြုသူများ ဖြစ်ပြီး စစ်သည်များဖြင့် လက်ရည် စမ်းသောအခါ၌ ပညာကုန် ထုတ်သုံးလေ့မရှိဘဲ တိုက်ခိုက်ကြရာ သူတို့၏ တကယ့်စွမ်းရည်များကို မည်သည့်အခါကမှ နားမလည်ခဲ့ကြပေ။ သို့သော်လည်း ကောင်းပိုင်ရှင်း၏ ပြင်းထန်သော တိုက်ကွက်က သူတို့၏ အတွေးမှားများအား ပြန်လည်တည့်မတ် စေခဲ့၏။

“တပ်ကြပ်ခေါင်းဆောင် ဒီတိုက်ခိုက်မှုတွေကို ဘယ်လို ထိန်းချုပ်မလဲ ငါသိချင်တယ်” အားလုံးက ချန်းဖန်အား မျှော်လင့်တကြီး ကြည့်သည်။

ချန်းဖန် ပျင်းရိစွာ ရပ်နေရာ သူကား တစ်ဖက်လူကို တန်ပြန်တိုက်ခိုက်ရန်ပင် စိတ်ဝင်စားဟန် မရှိပေ။

“သူတော့ သေပြီပဲ  ... ဆရာဦးလေးမူတောင်မှ ဂိုဏ်းတူအစ်ကိုရဲ့ တိုက်ခိုက်မှုကို အလေးမထားဘဲ နေလို့ မရဘူး” ကောင်းရှောင်းမန်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သို့သော်လည်း စက္ကန့်ပိုင်း အကြာတွင် အပြုံးမှာ အေးခဲသွားရ၏။

အားလုံး၏ မှင်တက်ငေးမောနေသော အကြည့်များအောက်တွင် ချန်းဖန်က ရှေ့သို့ ခြေလှမ်းကျဲကြီး တစ်လှမ်းလှမ်းလိုက်ကာ တစ်ဖက်လူ၏ မျက်နှာအား ရိုက်ချလိုက်သည်။

ချန်းဖန်၏ တိုက်ခိုက်မှုကား အဖေတစ်ယောက်က သူ၏သားကို ရိုက်နှက်လိုက်သည်နှင့် ထူးမခြားနားပါပေ။ သို့သော်လည်း နှလုံးခုန်သံ ထက်ဝက်ခန့် အချိန်၌ပင် ရိုက်ချက်၏ အားအဟုန်မှာ ပြောင်းလဲသွားခဲ့၏။ မျက်လုံးတစ်မှိတ် အတွင်း၌ သာမန်ပါး ရိုက်ချက်ကား ကြီးမားသော အားအဟုန်များ ကပ်ငြိလိုက်ပါလာ၏။

“ချီးပဲ  ...”

မုရှမ်းနှင့် တခြားလူများလည်း ထိတ်လန့်သွားကြကာ ကောင်းပိုင်ရှင်းအား သတိပေးရန် ကြိုးစားကြသည်။ သို့သော် သူတို့အားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ကောင်းပိုင်ရှင်းကား ရှောင်တိမ်းရန် အချိန်မရှိပေ။ သူလုပ်နိုင်သည်ကား သူ၏လက်ကို ပြန်ရုပ်သိမ်းကာ ခေါင်းရှေ့မှ ကာကွယ်လိုက်ခြင်းပင်။ ထို့နောက်တွင် ချန်းဖန်၏ ပါးရိုက်ချက် ရောက်လာတော့၏။

“ခွပ်  ...”

ပါးရိုက်သံအစား အရိုးကျိုးအက်သံ တစ်ခုအား ကျယ်လောင်စွာ ကြားလိုက်ကြရသည်။

ချန်းဖန်၏ ပါးရိုက်ချက်က ကောင်းပိုင်ရှင်း၏ လက်ဖျံရိုးများအား ကျိုးသွားစေဟန် ရပြီး ဖိအားမှာ ပါ့ကျီးသခင်လေးအား ဒူးထောက်ကျစေ၏။ ဒုန်းခနဲ မြည်သံနှင့်အတူ ကောင်းပိုင်ရှင်း၏ဒူးမှာ ကြမ်းပြင်အား ကျိုးကြေစေလျက် မြေကြီးထဲသို့ နစ်ဝင်စေသည်။

“မင်းက မထိုက်တန်ဘူးလို့ ငါပြောပြီးပြီ  ...”

ချန်းဖန်က သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။

ခုနက သူ ထိုစကားကို ပြောခဲ့သော်လည်း မည်သူကမှ အရေးမလုပ်ခဲ့ကြ။ သို့သော်လည်း အဆင့်မြင့် သိုင်းသမားတစ်ယောက်၏ အရိုးများအား ကျိုးအက်စေသော သူ့ရိုက်ချက်အား မြင်လျှင် ချန်းဖန်၏စကားကို စတင်ယုံကြည် လာကြတော့သည်။

“အတင့်ရဲတယ်  ...”

မုရှမ်း ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

ကောင်းပိုင်ရှင်းကား ပါးကျီးဂိုဏ်းကို ကိုယ်စားပြုကာ သူ၏ ဒဏ်ရာ အနေအထားက သူ့အား ကြီးစွာ စိတ်ဆိုးစေသည်။

ငြိမ်သက်စွာ ထိုင်နေသော အဘိုးအိုပင် သူ၏တောင်ပြောင်သော မျက်လုံးများ ပြူးကျယ်သွားဟန်ရ၏။

“စိတ်ဝင်စားစရာပဲ  ... ငါတွေးထင်တာ မှားသွားတာလား။ မင်းက တကယ်ပဲ ဟန်ဆောင်ထားတဲ့ တိုက်ခိုက်ရေး သမားကောင်း တစ်ယောက်လား” အဘိုးအိုကား စိတ်ထဲတွင် တွေးနေပေသည်။

“ကျုပ်ကို မင်းနဲ့ တစ်ကွက်နှစ်ကွက် တိုက်ခွင့်ပေးပါ”

မုရှမ်း ဒေါသတကြီး လှမ်းလာသည်။ သူကား ကောင်းပိုင်ရှင်းအတွက် လက်စားချေရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ ဟော်တုန်းလိုင်ကား အသိစိတ် ကင်းမဲ့သွားသူပမာ ဖြစ်နေပြီး မည်သည့်ဘက်မှ အားပေးရမည်ကို မသိတော့ပေ။

“သေစမ်း  ... ဘာလို့ ဒီလိုဖြစ်လာတာလဲ  ...” ဟော်တုန်းလိုင် ခေါင်းယမ်းသည်။

တစ်ချိန်တည်းမှာပင် ထန်လုံအဖွဲ့သားများ အားလုံး သောင်းသောင်းဖြဖြ အော်ဟစ် အားပေးကြသည်။ သူတို့အားလုံးမှာ တပ်ကြပ်ခေါင်းဆောင်၏ အနိုင်ရလဒ်အတွက် အောင်ပွဲခံကြ၏။

“ခေါင်းဆောင်က တကယ်ပဲ ချီးထုပ်ပဲ  ... သူက အချိန်တောင် အကုန်မခံဘူး။ တစ်ခါတည်း အပိုးကျိုးအောင် ရိုက်ပလိုက်တာပဲ  ... ဟား  ... ဟား  ...”

ပါးကျီဂိုဏ်းဝင်များမှာ စစ်သည်များ၏ ထေ့ငေါ့သော မှတ်ချက်များအား ကြားပြီး မျက်နှာများ နက်မှောင်သုန်မှုန် သွားကြသည်။

မုရှမ်း ရောက်လာကာ ကောင်းပိုင်ရှင်း၏ ဒဏ်ရာများအား စစ်ဆေးသည်။ မုချန်း၏ မျက်လုံးများထဲ၌ ဒေါသများနှင့် နာကျင်မှုများ ရောနှောနေ၏။ သူက အပြစ်တင်သည်  ... “မင်းက ငါ့ဂိုဏ်းတူ တူလေးကို ဒီလိုဖြစ်အောင် ရိုက်နှက်တာ ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ် လိုက်သလဲ။ ဒဏ်ရာတွေ ပြန်ကောင်းလာ ရင်တောင်မှ သူ့ နဂိုအနေအထားတော့ ပြန်မသန်မာ လောက်တော့ဘူး”

ချန်းဖန်က သူ၏လက်များအား တင်ပါးတွင် ချိတ်လိုက်၏။ သူ၏မျက်နှာတွင် မည်သည့် ခံစားချက်မှ မတွေ့ရ။

“သူက ကျုပ်ကို စိန်ခေါ်ရဲမှတော့ သူ့မောက်မာမှုအတွက် တစ်ခုခုတော့ ပေးဆပ်ရမှာပဲ။ ကျုပ်က သူ့ကို သက်ညှာထားပြီးပြီ”

ချန်းဖန်၏ အကြည့်ကို ရင်ဆိုင်မိသော မုရှမ်းမှာ ကျောချမ်းသလို ခံစားချက်အား ရသည်။

ထိုထူးမခြားနားသော အကြည့်က မုချန်းသည် မိမိမှာ သည်လူငယ်ရှေ့၌ အလွန်တရာ တန်ဖိုးမဲ့ပြီး အားနည်းသူအဖြစ် ခံစားရသည်။

“ကောင်လေးက ဘယ်သူများလဲ  ...။ အသက်ဆယ့်ခုနစ်နှစ် အရွယ်ကောင်လေးက ဘယ်လိုလုပ် ဒီလို ကြောက်စရာ အကြည့်မျိုး ပိုင်ဆိုင်တာလဲ” မုရှမ်း မိမိကိုယ်ကို မေးခွန်းထုတ်သည်။ ချက်ချင်းပင် သူ၏ခေါင်းအား ယမ်းကာ အတွေးများအား ရှင်းလိုက်သည်။ သူက ကျောဆန့်ကာ လက်နှစ်ဖက်အား ဆုပ်လျက်ပြောသည်  ...

“ပါးကျီမုရှမ်း  ... ခင်ဗျားဆီက တစ်ကွက်နှစ်ကွက် သင်ယူချင်ပါတယ်”

ချန်းဖန် သူ၏လေသံအား မပြောင်းလဲပေ။

“ကျုပ် ခင်ဗျားတို့ကို ပြောပြီးပြီ။ ခင်ဗျားက မတန်ဘူး”

ဤတွင် ချန်းဖန်ကား သူ့အနီးမှ လူများအား တစ်ခါမှ ဂရုမစိုက်ခဲ့ကြောင်း စတင် ခံစားလာခဲ့ကြရသည်။

“ရဲ့နန်ထန်းနဲ့ လေရှန်ကျွဲ့တို့လို သူတွေမှ သူနဲ့ အပြန်အလှန် တိုက်ခိုက်နိုင် လောက်တယ်လို့ ငါပြောရဲတယ်” အားလုံးက စတင်တွေးတော လာကြသည်။ ဒေါသများ ထွက်လာသည့်တိုင် ပါးကျီဂိုဏ်းသားများ သူတို့၏အားနည်းချက်များအား ဒေါသများအား ထိန်းချုပ် ချိုးနှိမ်ကြသည်။

မုရှမ်းပင် အဆင့်မြင့် သိုင်းသမားတစ်ယောက်ကို တစ်ချက်တည်းဖြင့် အရိုးကျိုးအောင် မရိုက်နိုင်ပေ။

မုရှမ်း၏ မျက်နှာက ပြာနှမ်းသွားပြီး နီမြန်းလာခဲ့သည်။ သူက တောင့်တောင့်တင်းတင်း ရပ်နေကော ပြန်ပြောရမည့် စကားရှာမရဖြစ်နေသည်။

“တော်လောက်ပြီ  ... မုရှမ်း” အဘိုးအိုက ပြောသည်  ... “တပ်ကြပ်ခေါင်းဆောင်က ငါတို့အားလုံးထက် အားကောင်းတယ်။ ငါတို့ အရှုံးပေးတယ်”

သူက ချန်းဖန်အား အတန်ကြာအောင် ကြည့်ပြီးမှ ပြောသည်  ... “တပ်ကြပ်ခေါင်းဆောင်ချန်းက သိုင်းပညာ ညီလာခံမှာလည်း အခုလိုပဲ နင်းခြေနိုင်ပါစေလို့ ကျုပ်မျှော်လင့်တယ်”

“ကျုပ် ခင်ဗျားကို ပြောနိုင်တာကတော့ ကျုပ်က ရဲနန်ထန်းနဲ့ တိုက်ရင်တောင်မှ ကျုပ် အနိုင်ရမယ် ဆိုတာပဲ” ချန်းဖန် တည်ငြိမ်စွာ ပြောသည်  ... “နောက်တစ်ခုက ခင်ဗျား ဒီလို မတောင်းပန်ဘဲ ထွက်သွားတော့မလို့လား”

“မင်း ဘာကို ဆိုလိုတာလဲ”

ချန်းဖန်၏စကားက အဘိုးအိုအား ထိတ်လန့်စေသည်။

ချန်းဖန် ဆက်ပြောသည်  ... “ဟော်တုန်းလိုင်က ကျုပ်ကို သိုင်းပညာညီလာခံမှာ ဝင်နွှဲဖို့ ဖိတ်ကြားခဲ့တယ်။ အခု ဒီနေ့မှာ ခင်ဗျားက ကျုပ်ကို မလေးမစားပြုမှုပြီးတော့ စိန်ခေါ်ခဲ့တယ်”

“ကျုပ် ကျန်းပေ့ရွှမ်းကို လူတွေ ဘယ်တုန်းက စော်ကားလို့ ရသွားတာလဲ”

“ခင်ဗျားရဲ့ ခြေထောက်ကို ရိုက်ချိုးပြီးတော့ ဒီက ထွက်သွား”

***

All Chapters