← Chapters

အခန်း (၆၁)

Vol. 6 Ch. 61

အခန်း (၆၁)

Vol. 6 Ch. 61

ရန်ယန်က နှစ်ပေါင်းများစွာ အရူးတစ်ယောက် ဖြစ်ခဲ့သည်။

ရွာသားတွေရဲ့ ရှိရင်းစွဲ အမြင်၌ သူက အရူးတစ်ယောက်ဖြစ်နေသည်။ သူက အရူးမှ သာမန်လူအဖြစ် ပြောင်းလဲသွားသည့်အချက်ကို ရွာသားတွေအတွက် လက်ခံဖို့ ခက်ခဲလှသည်။

ဒါပေမယ့်လည်း ရန်ယန်ရဲ့ ကလေးကိုယ်ခွဲ ပျောက်ကွယ်သွားခြင်းက သူ့အတွက် အရူးအဖြစ် ပြန်ပေါ်လာဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် လင်းရှောင်ယွဲ့က ရွာသားတွေ သူ့ကို ပုံမှန်အတိုင်း တဖြည်းဖြည်း လက်ခံလာစေဖို့ နည်းလမ်းရှာရသည်။

ဝမ်ရှို့ယင်က လင်းတမိန်နဲ့ အမျိုးသမီးတွေကို ရန်ယန်ကို ဆရာနဲ့တွေ့ဖို့ ခေါ်ဆောင်သွားသည့်နေ့ကအကြောင်း အသေးစိတ်ပြောပြခဲ့သည်။

ဝမ်ရှို့ယင်ရဲ့ ပါးစပ်က အထူးကောင်းမွန်ပြီး ဤကိစ္စကို သူမ ထူးထူးခြားခြား ဖော်ပြခဲ့သည်။

လင်းတမိန်လို အမျိုးသမီးတွေက ကိုးကွယ်မှုကိုယုံကြည်ကြသည်။ ဆရာနဲ့ မိတ်ဆက်ပေးတာကိုဆို ပြောမနေနဲ့တော့။

ဝမ်ရှို့ယင်က ထိုအချိန်ကအကြောင်း လင်းတမိန်ကို ပြောပြခဲ့သည်။

ထို့ကြောင့် ဝမ်ရှို့ယင် စကားပြောပြီးသွားတဲ့အခါ ဆရာကို ချီးမွမ်းဖို့ လင်းတမိန်ရဲ့ သဘောတူညီချက်ကို ရရှိခဲ့သည်... သူမပတ်ဝန်းကျင်က အမျိုးသမီးအားလုံးကလည်း ယုံခဲ့ကြသည်။

လူတိုင်းက ရန်ယန် ပြန်ကောင်းလာနိုင်တယ်လို့ ယုံကြည်ကြပြီး ရန်ယန်က အနာဂတ်မှာ ​​တဖြည်းဖြည်းနဲ့ ပုံမှန်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်သွားကြသည်။

လူတိုင်းက သူမသားကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဝမ်ရှို့ယင်ကိုတောင် ချီးကျူးကြပြီး သူ့ဘဝရဲ့ အများစုအတွက် ကြိုးစားအားထုတ်ခဲ့ပုံတွေကိုတောင် ချီးကျူးခဲ့ကြကာ အခုချိန်ကတော့ ကောင်းချီးခံစားဖို့ နောက်ဆုံးအချိန်ပဲ။

ထိုစကားတွေက ဝမ်ရှို့ယင်အတွက် အလွန်သက်တောင့်သက်သာရှိပုံရသည်။

ဝမ်ရှို့ယင်နဲ့ လင်းရှောင်ယွဲ့တို့က နေ့ခင်းပိုင်းမှာ သတင်းဖြန့်ပြီးနောက် ထိုသတင်းကို ရွာဆီ သယ်ဆောင်သွားခဲ့ကြသည်။

ဤနည်းဖြင့် ချန်ချိုင်ယွင်က အဓိပ္ပါယ်မဲ့စွာ ထွက်သွားပေမယ့် တုန်လှုပ်ဖွယ်ရာ မဖြစ်ခဲ့ပေ။

အသံနှစ်သံ တစ်ချိန်တည်းမှာ ပေါ်လာတဲ့အခါ၊ ဒီကိစ္စက မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်လာတော့သည်။

ရွာသားတွေက ဘယ်လိုသတင်းမျိုးတွေပဲ ယုံပါစေ ရန်ယန် ကိုယ်တိုင် မတ်တပ်ရပ်ပြီး သူတို့ပါးတွေကိုရိုက်နေသရွေ့ ချန်ချိုင်ယွင် ဖြန့်လိုက်တဲ့ စကားတွေက အချည်းနှီးပဲ။

ထို့ကြောင့် ချန်ချိုင်ယွင်က သူတို့မိသားစုအပေါ် မည်သည့်သြဇာသက်ရောက်မှုမှ ရှိလိမ့်မည်မဟုတ်ပေ။

ဒါက လင်းရှောင်ယွဲ့ မျှော်လင့်ထားသည့်အတိုင်းပင်...

ဝမ်ရှို့ယင်နဲ့ လင်းရှောင်ယွဲ့က တနေ့ခင်းလုံး ဘေးအိမ်နဲ့ စကားပြောရာမှ ပြန်လာပြီးနောက် ညနေစောင်းဖြစ်သွားခဲ့သည်။

ချန်ချိုင်ယွင်လည်း သူ့သမီး ရန်လျန်ဟွာကို ခေါ်ပြီး အေးအေးဆေးဆေး ထွက်သွားခဲ့သည်။

သူတို့လေးယောက် ရန်ရဲ့အိမ်ရှေ့မှာ ဆုံခဲ့ကြသည်။ ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာတို့က ဤဝမ်ရှို့ယင်တို့ယောက္ခမနဲ့ချွေးမစုံတွဲကို နှုတ်ဆက်စကားတောင် မပြောဘဲ ကျိတ်ရယ်နေကြသည်။

ချန်ချိုင်ယွင်တို့ သားအမိ မြှောက်ကြွမြှောက်ကြွနဲ့လျှောက်သွားတာကိုမြင်တော့ လင်းရှောင်ယွဲ့ က ဝမ်ရှို့ယင်အနား ချဉ်းကပ်သွားပြီး တိုးတိုးလေးပြောလိုက်သည်။"ယောက္ခမ၊ သူတို့ ပါးစပ်က ရှောင်ယန်ရဲ့မကောင်းကြောင်းပြောဖို့ သွားနေတာပဲဖြစ်မယ်"

ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ရဲ့ စကားကို ယုံကြည်ပြီး ဝမ်းသာအားရဖြစ်သွားသည်။ "ငါတို့နှစ်ယောက် အရင်ဆုံးစကားပြောဖို့ ထွက်သွားလိုက်လို့ တော်သေးတယ်။ မဟုတ်လို့ သူတို့သာအဲ့တာကို စောစော ပြောခဲ့မယ်ဆိုရင် ငါတို့ အခွင့်အရေးကို လက်လွတ်သွားမှာ"

လင်းရှောင်ယွဲ့ ခေါင်းညိတ်ခဲ့သည်။ "ဟုတ်တယ်။ ပထမဆုံးလာရတဲ့ ခံစားချက်က အရမ်းအရေးကြီးတယ်၊ မိသားစုပြီးတော့ ကျွန်မတို့ပြောတာကို ဘေးအိမ်ကကြားပြီးပြီ။ အဲ့တော့ သူတို့ (ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာ) ပြောတာကို တကယ် ယုံကြတော့မှာမဟုတ်ဘူး"

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့..... ရန်ယန် ကိုဆရာနဲ့တွေ့ပေးခဲ့တဲ့အကြောင်း လင်းတမိန်ကို မိတ်ဆက်ပေးခဲ့တာပဲ။

ရန်ယန်ကို ဆရာက နှစ်ပေါင်းများစွာ ကုသပေးခဲ့ကြောင်း သူမ ကြားတဲ့အခါ လင်းတမိန်က ၎င်းအတွက် ဂုဏ်ယူခဲ့ကြောင်း သူမ ခံစားခဲ့ရသည်။

ဒါကြောင့် သားအမိတွဲ (ချန်ချိုင်ယွင် နဲ့ ရန်လျန်ဟွာ ) က စကားစမြည်ပြောပြီး ရန်ယန်မှာ ​​ထူးဆန်းတဲ့တည်ရှိမှုတစ်ခုလို့ ပြောတဲ့အခါကျရင် ပထမဆုံးဗီတိုအာဏာသုံးမယ့်သူက လင်းတမိန်ပဲ...

"သူတို့ ဆရာဆီ သွားကြတာ ဆရာက ရှောင်ယန်ကို ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ ပြောတယ်။ နင်က ဘာလို့သူ့ကို မကောင်းဆိုးဝါးလို့ ပြောရတာလဲ"

လင်းတမိန်က ထမင်းချက်ဖို့အတွက် ထိုင်ခုံကထဖို့ အဆင်သင့်ဖြစ်နေပေမယ့် ဘေးအိမ်မှ သားအမိ စုံတွဲက နားမထောင်နိုင်လောက်အောင် အဓိပ္ပါယ်မဲ့စွာ စကားစမြည်ပြောလာခဲ့သည်။

လင်းတမိန် နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်တော့သည်။ သူမ ပြောတာကို နားမထောင်နိုင်တော့ဘူး!

"ငါ လိမ်ပြောတာမဟုတ်ဘူး၊ တတိယယောက်မ ကိုယ်တိုင်ပြောခဲ့တာ၊ ပြီးခဲ့တုန်းက အဲဒီအရူး ရန်ယန်ကို ဆရာနဲ့တွေ့ဖပးဖို့ ပိုက်ဆံတောင်းဖို့အတွက် ငါ့ယောက္ခမဆီမှာ ဒူးထောက်ခဲ့တာနော်"

ချန်ချိုင်ယွင်က အဲ့တာကို စကားပြောကောင်းစွာ ဖော်ပြခဲ့သည်။ "အဲဒီတုန်းက ငါ့ရဲ့ တတိယမြောက်ယောက်မက ယောက္ခမကြီးရှေ့မှာ မျက်ရည်တွေနှာရည်တွေကျပြီး အဲဒီ့အရူးရဲ့ ခန္ဓာကိုယ်မှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတာကိုပြောနေတာကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိတယ်။ ဆရာနဲ့လည်း ပြဖို့လိုနေတာ။ ဟိုးအရင်တုန်းက ရွာမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တာကို မှတ်မိလား။ ငါထင်တာကတော့ အင်း၊ အဲ့တာ အရူးပဲဖြစ်ရမယ်"

"အိုး! နင်အဲ့လိုမျိုး မဟုတ်တာတွေမပြောနဲ့!"

ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာတို့က မျက်နှာတွေ ရုပ်ဆိုးလာတာကို လင်းတမိန် ခံစားမိသည်။ "ဒါက ကိစ္စအကြီးကြီး။ နင့်က ပါးစပ်ပြီး သွားဖြူတယ်၊ ဒါပေမယ့် နင့်မှာ အထောက်အထား ရှိလို့လား၊ သက်သေမရှိဘဲနဲ့ ပြောလို့မရဘူး"

(TN- ပါးစပ်နီပြီး သွားဖြူတယ်- သာမန်လူများ၏ သာမာန်ပုံပန်းသဏ္ဍာန်ကို ရည်ညွှန်းသော်လည်း ပုံမှန်မဟုတ်သော တစ်စုံတစ်ရာကို ပြောပါက ဆူပူကြိမ်းမောင်းခြင်း ခံရလိမ့်မည်။ သာမန်ဆိုရိုးစကားမှာ တစ်စုံတစ်ဦးကို ဆဲရေးခြင်း သို့မဟုတ် ဆဲဆိုခြင်းခံရလျှင် ဒေါသတကြီး ဖြင့် ပါးစပ်နီပြီး သွားဖြူတယ်လို့ပြောခံရမည် )

"ဒီလို တာဝန်မဲ့တဲ့စကားတွေကို ဘယ်လိုလုပ်ပြောထွက်ရတာလဲ"

" ဟေး ဒီကိစ္စကို ပေါ့ပေါ့ပါးပါး ပြောတာပဲ။ ငါတို့က အပြင်လူတွေမှ မဟုတ်တာ!"

ချန်ချိုင်ယွင်က သူမ တကယ်ပြောခဲ့တာတွေ အရမ်းများနေတာကို သဘောပေါက်လိုက်တာကြောင့် သူမ ရှက်ပြုံးလေး ပြုံးလိုက်မိသည်။

"ငါ့မှာစကားပြောဖို့ အချိန်မရှိဘူး"

လင်းတမိန်က ချန်ချိုင်ယွင်နဲ့ စကားမပြောချင်တော့ပေ။ သူမ ခွေခြေခုံကိုရွှေ့လိုက်သည်။ "ကြည့်ပါဦး၊ ထမင်းချက်ရမယ့်အချိန်ရောက်ပြီ။ ထမင်းချက်ဖို ငါ့ယောက်မကို သွားကူလိုက်ဦးမယ်"

"အင်း၊ ချန် ချန် ချန် ... ဒါဆို ငါတို့လည်း အိမ်ပြန်လိုက်ဦးမယ်"

ချန်ချိုင်ယွင် ပြုံးပြီး တုံ့ပြန်လိုက်သည်။ ဒီစကားပြောတာက ဘာပဲဖြစ်ဖြစ် ဆက်ဖြစ်မှာ မဟုတ်ဘူးဆိုတာသိနေလို့ပဲ။

ရန်လျန်ဟွာက ချန်ချိုင်ယွင်ရဲ့ နံဘေးကနေခဲ့ လိုက်သွားပြီး ဘာမှ မပြောပေ။ ချန်ချိုင်ယွင်ကို ဂရုမစိုက်ချင်တဲ့ အခြားမိသားစုများကို ကြည့်လိုက်တော့ သူမ စိတ်ထဲမှာ အတော်လေး စိတ်မသက်မသာ ဖြစ်မိသည်။ ချန်ချိုင်ယွင်နဲ့ စကားပြောဖို့ လူတွေကို ရှာဖွေခဲ့ပေမယ့် ရလဒ်က မကောင်းခဲ့ဘူး။ အဲဒီအစား တခြားသူတွေက သူမကိုအလွန်ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်လို့ ခံစားရသည်။

တကယ်တော့ သူမရဲ့ ခံစားချက်တွေက မှန်သည်။

နေ့ခင်းဘက်တွင် မိသားစုမှအမျိုးသမီးတွေနဲ့ လင်းတမိန်နဲ့ ဝမ်ရှို့ယင်တို့ စကားစမြည်ပြောခဲ့ကြသည်။ အခု ချန်ချိုင်ယွင်ကို မြင်ရသည်မှာ ချန်ချိုင်ယွင်ရဲ့သားကို အရည်အချင်းမရှိဘူးလို့ အမြဲခံစားရပြီး သူမကလည်း ဆင်ခြင်တုံတရားမဲ့နေသေးသည်။

အားလုံးက ချန်ချိုင်ယွင်ကို မထီမဲ့မြင်ပြုခဲ့ကြသည်။

ထို့ကြောင့် ချန်ချိုင်ယွင် ရောက်လာတဲ့အခါ လူတိုင်းက သူမကို မျက်နှာသာမပေးခဲ့ကြပေ။

ဒါပေမယ့် ချန်ချိုင်ယွင်က လွယ်လွယ်နဲ့ အရှုံးမပေးပေ။ သူမ မနက်ဖြန်မှာ အခြားမိသားစုဆီ တစ်ခုခုပြောဖို့ အဆင်သင့်ဖြစ်နေပြီ။

ချန်ချိုင်ယွင်က တတိယမိသားစုအကြောင်း အဓိပ္ပါယ်မရှိလျှောက်ပြောချင်ခဲ့သည်။

မနေ့က မိသားစုတွေ့ဆုံမှုအပြီးမှာ ပထမမိသားစုက တွန့်ဆုတ်နေပေမယ့် ဒီနေ့ တစ်ရက်အတွက် အတိုးကိုလည်း သူတို့ ပေးခဲ့သည်။

တတိယမိသားစုက ၎င်းတို့ဆီမှ အများကြီးစားထားပြီး တစ်ပြားတစ်ချပ်မှ မပေးဘဲ နှစ်ပေါင်းများစွာ စားသောက်ခဲ့သည်။

ချန်ချိုင်ယွင်က ဒီစာရင်းကို နှလုံးသားထဲ မှတ်ယူထားသည်။ တတိယမိသားစုကို မပြုပြင်နိုင်ခဲ့ရင် သူမစိတ်ထဲမှာ လုံးဝကို မပျော်မရွှင်ဖြစ်သွားမှာ။

တစ်ဖက်တွင်မူ အိမ်ပြန်လာတဲ့ ဝမ်ရှို့ယင်က ညစာပြင်ဆင်နေပြီဖြစ်သည်။

လင်းရှောင်ယွဲ့က ကုတင်စွန်းမှာ ထိုင်ပြီး စာအုပ်ဖတ်နေတဲ့ ရန်ယန်ကိုရှာဖို့ အိမ်သေးသေးလေးဆီ ပြန်သွားခဲ့သည်။ ရန်ယန်က မေးစေ့ကို လက်တစ်ဖက်ကထောက်ထားပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သမ်းဝေခဲ့သည်။

"အရမ်း အိပ်ချင်နေပြီ။ မင်း တစ်ရေး မအိပ်ချင်ဘူးလား"

လင်းရှောင်ယွဲ့က ဘေးခန်းငယ်ထဲ ၀င်သွားကာ အခန်းငယ်တံခါးကို ချောမွေ့စွာပိတ်ဖို့ နောက်ဘက်လှည့်လိုက်သည်။

သူမ မော့ကြည့်လိုက်တော့ ရန်ယန်ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက သူမကို စိုက်ကြည့်နေခဲ့သည်။ " စာအုပ်ဖတ်တဲ့အချိန် အိပ်ငိုက်သလို ခံစားရတယ်၊ စာအုပ်မဖတ်ရင် အိပ်မငိုက်ဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေမလို့သာ မဟုတ်ရင် ဒီအကြောင်းအရာကို လုံးဝ စိတ်မဝင်စားဘူး"

သူ ကောလိပ်ဝင်ခွင့်စာမေးပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးသည်။

လင်းရှောင်ယွဲ့က သူ့ကို ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရမယ်လို့ ပြောခဲ့တာကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သူ စာအုပ်တွေဖတ်ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေတော့သည်။

မဟုတ်ရင် အပြင်ထွက်ပြီး ပိုက်ဆံနည်းနည်းရှာချင်ရှာနေမှာ။ အဲ့တာက ပိုကောင်းတယ်မဟုတ်ဘူးလား။

သူ့နံဘေးကို လျှောက်သွားရင်း လင်းရှောင်ယွဲ့က သူ့ဘေးနားမှာ ထိုင်ချလိုက်ပြီး သူ့လက်ကို ချောမွေ့စွာ ဆုပ်ကိုင်ထားသည်။ သူမရဲ့အကြည့်တွေက အခုသူဖတ်နေတဲ့ စာအုပ်ကို စူးစမ်းခဲ့သည်။ "ဟေ့ ဒီစာအုပ်အဟောင်းကြီးက ဘယ်ကရလာတာလဲ"

ရန်ယန် ဒီစာအုပ်ကို ဖတ်နေတာ တော်တော်ကြာပါပြီ။ ဒါကို ကြည့်ရတာ အရမ်းဟောင်းနွမ်းနေသည်။

လင်းရှောင်ယွဲ့ အတွင်းမှ အချက်အလက်တွေကို လှန်ကြည့်လိုက်တော့ ဗဟုသုတရစရာအချက်တွေကလည်း အလွန်တိမ်မြုပ်နေသည်။

စာအုပ်က အရမ်းဟောင်းနေပြီမို့ ဒီစာအုပ်နဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာမေးပွဲမေးခွန်းတွေကို ဖြေနိုင်ပါ့မလား။

ရန်ယန် ပျင်းရိစွာနဲ့ ပါးကို ဆွဲပြီးပြောလိုက်သည်။ "ဒါကို ရန်တယုံ ပေးထားတာ။ တခြားသူရဲ့အိမ်က ငှားထားတာလို့ ပြောတာပဲ"

တတိယရန်ယန်ကတော့ ဝမ်ရှို့ယင်နဲ့ ရန်တယုံကို အဖေနဲ့အမေလို့ မခေါ်ချင်ဘူး။

လင်းရှောင်ယွဲ့နဲ့ သူတို့လင်မယားနှစ်ယောက် သီးသန့်စကားပြောတဲ့အခါ သူက သူတို့ရဲ့ နာမည်အရင်းနဲ့ ခေါ်ပြီး တခြားတစ်ယောက်ယောက်ရဲ့ မိသားစုအကြောင်းပြောသလိုမျိုး သူတို့အပေါ် ခံစားချက်မရှိဘူး။

လင်းရှောင်ယွဲ့ကလည်း သူ့ကို အပြစ်မတင်ဘဲ သူ့အတွေးတွေကိုလည်း မထိခိုက်စေခဲ့ချေ။ တကယ်တော့ သူမက အဲဒီတုန်းက ရောင်းစားခံခဲ့ရတဲ့သူမဟုတ်သလို ရန်ယန်ကိုလည်း သူတို့ကို ခွင့်လွှတ်ဖို့ မစည်းရုံးနိုင်ခဲ့ဘူး။

ဒါပေမယ့် ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က အခု ရန်ယန်နဲ့ တကယ်ကို သူငယ်ချင်းကောင်းတွေဖြစ်တယ်ဆိုတာတော့ ထင်ရှားသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူ့စိတ်က အမှန်ဆိုတာမှန်းသိပြီးနောက် ရန်တယုံက သူ့အတွက် စာအုပ်ငှားပေးဖို့ တစ်စုံတစ်ယောက်ကိုရှာဖို့ ပြေးသွားတာ မဟုတ်ဘူးလား။

ဒီလိုစာအုပ်မျိုးပေမယ့်လည်းပေါ့ ......

လင်းရှောင်ယွဲ့ က ဒီစာအုပ်ကို လှန်ကြည့်ပြီး ပြောလိုက်သည်။ "ဒီစာအုပ်တွေဖတ်တာကို ရပ်လိုက် အချိန်တန်ရင် ကျွန်မ ပေးမယ့်စာအုပ်တွေကိုပဲဖတ်။ ဘာပဲဖြစ်ဖြစ် အလျင်စလိုမလုပ်နဲ့၊ ဖောင်တင်တာကို နှစ်လယ်မှာ စမှာ"

ကောလိပ်ဝင်ခွင့် စာမေးပွဲကို ၁၉၇၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး စာမေးပွဲတွေကို အရင်နှစ်က ကျင်းပပြီးပြီဖြစ်သည်။

နှစ်သစ်ကူးပြီးရင် ၁၉၇၈ ခုနှစ် ဖြစ်လိမ့်မည်။

ယခုနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲက ကျောင်းသားတွေကို ခေါ်ယူမှု မစတင်သေးဘဲ အချိန်တွေ အလွန်ပေါများနေသေးသည်။

ပြုပြင်ပြောင်းလဲရေးနဲ့ ဖွင့်လှစ်ခြင်းမှာလည်း ယခုနှစ်ကုန်တွင် ဖြစ်သည်။

ဒီနှစ်က တော်တော်အရေးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ဒီနှစ်မှာ ကြီးကြီးမားမားကိစ္စတွေ ပြီးမြောက်လိမ့်မည်။

လင်းရှောင်ယွဲ့က ယခုနှစ်တွင် သူမမိသားစုအတွက် ငွေပိုမိုစုဆောင်းပြီး ရွာမှာ အိမ်တစ်လုံးဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

"ကောင်းပြီ။ ဒါကို မကြည့်တော့ဘူး"

ရန်ယန်က ဒီစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စာအုပ်တွေကို ဖယ်ထုတ်လိုက်သည်။ သူ ခေါင်းငုံ့လိုက်ကာ သူ့မျက်လုံးတွေက လင်းရှောင်ယွဲ့ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူမကို တစိုက်မတ်မတ် စိုက်ကြည့်နေခဲ့သည်။

နေ့ခင်းတစ်ခင်းလုံး သူမကို မတွေ့ခဲ့ရဘဲ ရန်ယန်က အရမ်းကိုမှ ဗလာဖြစ်နေတဲ့ အချိန်ကို ဖြုန်းခဲ့ရသည်။

သူမကိုတွေ့ပြီးနောက် သူ့ရင်ထဲမှာ ခံစားချက်တွေ ပြည့်နှက်နေခဲ့သည်။

မူလက သူသည် သူ့ကမ္ဘာပေါ်တွင် သူတစ်ဦးတည်းသာရှိပြီး အရေးအကြီးဆုံးပုဂ္ဂိုလ်မှာ သူသာလျှင်ဖြစ်သည်။

ယခုတွင် လင်းရှောင်ယွဲ့က သူ့ကမ္ဘာရဲ့ ခွဲထွက်လို့မရသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး သူ့ထက် ပိုအရေးကြီးတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

တတိယ ရန်ယန်တွင် သူ့အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ကူးများစွာ မရှိပေ။

သူ့ကိုယ်သူ အရာ နှစ်ခုပဲ လုပ်ဖို့လိုသည်။ နံပါတ်တစ်မှာ ဤကိုယ်ခန္ဓာရဲ့ အရှင်သခင်ဖြစ်ဖို့၊ နံပါတ်နှစ်မှာ သူမနှင့်အတူ ကောင်းမွန်တဲ့ ဘဝနေထိုင်ခြင်းပင်ဖြစ်သည်။

သူ လုံလောက်တဲ့အထိ မတည်ငြိမ်သေးဘူး။

ဒီခန္ဓာကိုယ်ကို ဘယ်လိုထိန်းရမယ်ဆိုတာ သူလုံးဝ မသေချာသေးပေ။ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းကြောင့် ထွက်လာတာလဲဆိုတာလည်း သူ မသိဘူး.....

ဒါကို အဖြေရှာပြီး သူ့မိန်းမကို သူအပိုင်အဖြစ် သေချာစေဖို့ သူအဆင်ပြေတယ်လို့ မခံစားရခင် သူ့ကိုယ်သူ သေချာနေဖို့ လိုအပ်သည်။

"ဘာတွေတွေးနေတာလဲ"

လင်းရှောင်ယွဲ့က ရန်ယန် သူမကို အချိန်အကြာကြီး စိုက်ကြည့်နေတာကို တွေ့လိုက်ပေမယ့် သူ့ဆီက စကားတစ်ခွန်းမှ ထွက်မလာပေ။ လင်းရှောင်ယွဲ့ရဲ့ လက်သေးသေးလေးက ရန်ယန် မျက်လုံးရှေ့မှာ ဝှေ့ယမ်းနေခဲ့သည်။

ရန်ယန်က သူမ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး သူမ လက်ချောင်းလေးတွေကို ညင်သာစွာ ဆုပ်နယ်လိုက်သည်...

လင်းရှောင်ယွဲ့ သူ့ကိုကြည့်ရင်း မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူမ မျက်နှာသေးသေးလေးက တဖြည်းဖြည်း နီမြန်းလာပြီး သူမ နှလုံးခုန်သံလည်း မြန်လာသည်။

ဒီလို ချစ်မိလို့ချိုမြိန်နေတဲ့ ခံစားချက်မျိုး...

ရန်ယန်က သူမ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာပေါ်တင်ပေးလိုက်သည်။ သူမရဲ့လက်လေးကို တင်းတင်းဆုပ်ကိုင်ထားရင်း သူ့နှုတ်ခမ်းက အပေါ်ဘက် ပင့်တက်သွားကာ ဆိုးရွားတဲ့ အပြုံးနဲ့ ခုခံနိုင်စွမ်းမရှိ ဆွဲဆောင်မှုရှိတဲ့ စွမ်းအားတွေနဲ့ မွေးဖွားလာတဲ့ သူ့အပြုံးကိုထုတ်ပြခဲ့သည်။

သူ့ရဲ့ပြုံးနေတဲ့ နှုတ်ခမ်းတွေက ပြုံးပြနေတာမဟုတ်ဘဲ ဆွဲဆောင်မှုရှိသည်..

"ရှင် ဘာလုပ်နေတာလဲ"

လင်းရှောင်ယွဲ့ ရှက်ရှက်ဖြင့် နှုတ်ခမ်းကို ဖွင့်ဟလိုက်သည်။

"ကိုယ် မင်းနဲ့ ရင်းနှီးချင်တယ်"

ထိုစကားကို ပြောပြီးနောက် ရန်ယန်က သူမအနား ကိုင်းချလာကာ သူ့မရဲ့နှုတ်ခမ်းကို နမ်းလိုက်သည်။

သူမ မျက်လုံးတွေကို မှိတ်ထားခဲ့သည်။ လင်းရှောင်ယွဲ့က သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကို အနားယူလိုက်ပြီး သူမရဲ့ ပျော့ပျောင်းသွားတဲ့ ခန္ဓာကိုယ်က သူ့လက်နှစ်ဖက်ကြား အရည်ပျော်သွားခဲ့သည်။

သူ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်၊ မာကျောသည့် ရင်ဘတ်၊ ယောက်ျားတစ်ယောက်ရဲ့ တောင့်တင်းတဲ့ ကိုယ်ခန္ဓာရှိပေမယ့် သူမှာ ယောက်ျားတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ စေ့စပ်သေချာမှုလည်း ရှိသည်။

စူးစူးရှရှ အနမ်းတစ်ခု ကျဆင်းသွားခဲ့သည်။ ရန်ယန်ရဲ့ လက်ဖဝါးက သူမမျက်နှာလေးကို ညင်သာစွာအုပ်ကိုင်လိုက်ကာ သူ့နှုတ်ခမ်းထောင့်ကို လှပစွာ ပင့်တင်ခဲ့သည်။ "မင်း တခြားတစ်ယောက်နဲ့ရှိတုန်းက ဖြစ်ခဲ့သမျှအရာတိုင်းကို ကိုယ်သိတယ်... လင်းရှောင်ယွဲ့ မင်းက ကိုယ့်တစ်ယောက်တည်းကိုပဲ ကြိုက်နေတာ ဟုတ်တယ်မလား "

"ဟမ်"

လင်းရှောင်ယွဲ့ သူ့ရင်ခွင်ထဲ အနည်းငယ်မူးနေပြီး ခဏကြာတော့ သူ မေးလိုက်သည့်အရာကို သတိမထားမိလိုက်ပေ။

ခဏအကြာ တုံ့ပြန်ပြီးမှသာ သူက သူ့ကိုယ်သူ ဒုတိယရန်ယန်နဲ့ နှိုင်းယှဥ်နေမှန်း သူမ သိလိုက်ရသည်။

သူ့ထင်မြင်ချက်အရတော့ သူနဲ့ ဒုတိယရန်ယန်တို့ နှစ်ယောက်က မတူညီတဲ့ အတွေးအမြင်တွေနဲ့ မတူညီတဲ့လူနှစ်ယောက်ဖြစ်နိုင်သည်။

လင်းရှောင်ယွဲ့က သူမက နှစ်ယောက်စလုံး၏ ဇနီးဖြစ်မှန်းကို သိပေမယ့် သူက လင်းရှောင်ယွဲ့ကို သူ တစ်ယောက်တည်းကိုသာ ချစ်စေချင်သည်။

ပြီးသွားပြီ...

လင်းရှောင်ယွဲ့ မျက်နှာ တောင့်တင်းသွားသည်။ သူ့စကားတွေကို သူမ ဘယ်လိုတုံ့ပြန်ရမလဲ။

"မင်း ကိုယ့် တစ်ယောက်တည်းကိုပဲ ကြိုက်လို့ရတယ်"

တတိယ ရန်ယန်က ခေါင်းငုံ့ကာ သူ့ရဲ့နှာတံမြင့်မြင့်ကိုသူမရဲ့နှာခေါင်းနဲ့ ညင်သာစွာ ပွတ်တိုက်ပြီး သူတို့ရဲ့ အသက်ရှူသံက ရောထွေးနေပြီး သူက ဗိုလ်ကျတဲ့အသံဖြင့်ပြောခဲ့သည်။

အလွန်နီးကပ်တဲ့ အကွာအဝေး၌ ရန်ယန် ပေါ့ပေါ့ပါးပါပြောခဲ့သည်။ "မင်းရဲ့ခန္ဓာကိုယ်ကို သူ့ဆီ မပေးရဘူး။ ကိုယ့်အတွက် ထားပေးရမယ်။ ကိုယ် ဒီကိုယ်ခန္ဓာရဲ့ ပိုင်ရှင်ဖြစ်လာတဲ့အချိန် မင်းကို ကိုယ့်ရဲ့မိန်းမဖြစ်အောင် ငါလုပ်ပေးမယ်ပြီးတော့ မင်းကို အရမ်းလုံခြုံတယ်ဆိုတာကို ခံစားစေရမယ်"

လင်းရှောင်ယွဲ့ သူမဘာသာ တွေးလိုက်မိသည်။ "ငါ အခု လုံခြုံနေပြီလို့ ခံစားနေရပြီပဲဟာကို။ ငါ့ကို သူ နှစ်ကြိမ်လုံး ကောင်းကောင်းမဆက်ဆံခဲ့ဘူးလား။ အခုလည်း အဆင်ပြေနေပြီကို"

ဟုတ်ပါတယ် သူမ ဒီစာကြောင်းကို မပြောရဲဘူး။

ရှက်ကိုးရှက်ကန်းနဲ့ သူမ မျက်နှာကို သူ့ရင်ခွင်ထဲတွင် မြှုပ်လိုက်ပြီး နှင်းဆီရောင်တောက်နေတဲ့ မျက်နှာကို အလျင်အမြန် ဖုံးကွယ်ထားလိုက်သည်။

သူက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ ရန်ယန်က စိတ်အခြေအနေကောင်းနေပြီး ပြုံးခဲ့သည်။

အညတရ ဘေးဘက်အခန်းငယ်လေးကတော့ ပန်းရောင်ပူဖောင်းတွေနဲ့ ဝန်းရံနေပြီ။

All Chapters