← Chapters

အခန်း (၆၄)

Vol. 6 Ch. 64

အခန်း (၆၄)

Vol. 6 Ch. 64

အထီးကျန်ပြီး အေးစက်တဲ့ ညတစ်ညဖြစ်သည်။ လင်းရှောင်ယွဲ့က သူမ ခေါင်းအုံးနဲ့ တစ်ယောက်တည်း အိပ်ကာ ကုတင်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

တစ်ဖက်တွင်မူ ရန်ယန်က သူ့လျှို့ဝှက်စခန်းဝှက်ထားတဲ့ ကျောက်တံတားငယ်ကို ဖြတ်သွားခဲ့သည်။ ရွာအပြင် ရောက်တဲ့အခါတွင် ဘတ်စ်ကားကြီးတစ်စီးက လမ်းမပေါ်တွင် ရပ်ထားသည်။

ဘတ်စ်ကား ပြတင်းပေါက် ပွင့်လာပြီး တောက်ပတဲ့ ဓာတ်မီးတစ်ခုက တောအုပ်ထဲ လှုပ်ရှားသွားကာ ရန်ယန် ပြေးနေသည့် အသွင်ကို ဖမ်းမိသွားလိုက်သည်။

"အစ်ကို ရန်!"

ဝမ်ထျဲရှန်က ရန်ယန်ကို လှမ်းအော်လိုက်သည်။ "ဒီမှာ အစ်ကို ရန်!"

ရန်ယန်က ဘတ်စ်ကား ဘေးလျင်မြန်စွာ ပြေးသွားပြီး ဘာပြဿနာမှ မရှိဘဲ ဆက်တက်သွားသည်။

ဘတ်စ်ကားပေါ်မှာ ထိုင်နေတဲ့ ညီလေး နှစ်ယောက် သုံးယောက် ရှိသည်။ အဲဒီထဲက တစ်ယောက်က မှောင်ခိုဈေးကွက်မှာ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ကို နောက်ဆုံးအကြိမ်က တွေ့ဆုံခဲ့တဲ့ ဝမ်ထျဲရှန်ပင်။

ရန်ယန် ကားထဲဝင်ပြီးနောက် တံခါးကို ချက်ချင်းပိတ်လိုက်သည်။ ဘတ်စ်ကားကို စက်နှိုးကာ ဦးတည်ရာဆီ မောင်းနှင်သွားခဲ့သည်။

ဘတ်စ်ကားပေါ်တွင် ဝမ်ထျဲရှန်က သူ့အိတ်ကပ်ထဲက အဆာပြေထုပ်တစ်ထုပ်ကို စိတ်လှုပ်ရှားစွာ ဆွဲထုတ်လိုက်သည်။ "အစ်ကို ရန်၊ အမဲခြောက်ကြော် စားချင်လား။ ကျွန်တော် မြို့က လတ်လတ်ဆတ်ဆတ် နှစ်ထုပ် ယူလာတာ"

ရန်ယန်က ဝမ်ထျဲရှန်လက်မှ အိတ်ကို တိုက်ရိုက်ယူကာ သူ့အဝတ်အစားရဲ့ အိတ်ကပ်ထဲ ထည့်လိုက်သည်။ "ဒါက ငါ့ဟာ"

သူက မယဉ်ကျေးဘူး။ ပြီးတော့ ကျေးဇူးတင်စကားတောင် မပြောတတ်ဘူး။

ဝမ်ထျဲရှန်က ရန်ယန်ရဲ့အကျင့်ကို ကျင့်သားရပြီးသားပင်။ သူ့လက်ထဲရှိတဲ့ အသားခြောက်ကို ရန်ယန်နဲ့ မျှဝေကာ စကားပြောလိုက်သည်။ "အစ်ကို ရန်၊ ဒီတစ်ထုပ်ကို ကျွန်တော့်မရီးစားဖို့တွက် ပြန်ယူသွားလိုက်၊ အစ်ကိုက ဒီတစ်ထုပ် စား"

ရန်ယန်က ဝမ်ထျဲရှန်အိတ်ထဲမှ အသားခြောက်တစ်ခုကိုယူကာ ပါးစပ်ထဲ ဝါးလိုက်သည်။ အကြိမ်အနည်းငယ် ဝါးပြီးနောက် “အရသာက သာမန်ပဲ” လို့ ပြောလိုက်သည်။

လင်းရှောင်ယွဲ့ တစ်နေရာရာက ရလာတဲ့ အမဲသားအဆာပြေကို စားပြီးတော့ သူမ ထုတ်ယူလာတဲ့ ဟင်းတွေက ပိုတောင် ကောင်းသည်။

ဝမ်ထျဲရှန်က သူ့ပါးစပ်ထဲ အမဲသားခြောက်ကို ကိုက်နေသည်။ "အရမ်းအရသာရှိပါတယ်... မြို့ထဲမှာ ဒီပစ္စည်းတွေကို စျေးကြီးကြီးနဲ့ရောင်းတာ"

"ဒီတခေါက် ပို့လိုက်တဲ့ ကုန်ပစ္စည်းက ဘယ်လောက်လဲ။ ငါနောက်ဆုံးတစ်ခေါက်က ပြောခဲ့တဲ့ ပမာဏပဲလား" ရန်ယန် မေးလိုက်သည်။

"ဟုတ်တယ် အစ်ကို ရန်။ အရမ်းများနေမလား။ တခြားသူတွေ သိပ်မလိုချင်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေရင် ကျွန်တော်တို့ ပိုက်ဆံတွေ ဆုံးရှုံးသွားလိမ့်မယ်....." ဝမ်ထျဲရှန်က စိတ်မသက်မသာနဲ့ ပြောလိုက်သည်။

"မရှုံးဘူး"

ရန်ယန် ယုံကြည်မှုရှိရှိနဲ့ ပြန်ပြောလိုက်သည်။ "ကုန်ပစ္စည်းတွေရှိနေသရွေ့ လုံးဝရောင်းထွက်သွားလိမ့်မယ်။ ဒါပေမယ့် လုပ်ဆောင်ချက်က ပိုမြန်သင့်တယ်၊ ငါ စောစောပြန်ချင်လို့"

"ကောင်းပါပြီ အစ်ကို ရန်"

သူဒီလိုပြောတာကိုကြားတော့ ဝမ်ထျဲရှန်ရဲ့နှလုံးသားက ချက်ချင်းတည်ငြိမ်သွားခဲ့သည်။

အစ်ကို ရန်က ပြောရင်ပြောတဲ့အတိုင်းပဲ လုပ်တတ်သည်။ အစ်ကို ရန်က သူ့ကတိကို ဘယ်တော့မှ မချိုးဖောက်ခဲ့ဘူး၊ အစ်ကို ရန် နောက်လိုက်ရင် မင်းမှာ စားဖို့ အသားတော့ ရှိလာလိမ့်မယ်။

ဘတ်စ်ကားက ရှေ့ကို တဖြည်းဖြည်းနဲ့ အရှိန်ပြင်းပြင်း မောင်းနှင်သွားပြီး တစ်နာရီကြာ မောင်းနှင်ပြီးနောက် မကြာခင် ကမ်းရိုးတန်းနေရာဆီ ရောက်ရှိခဲ့သည်။

ညဉ့်နက်တဲ့အခါ ဆိပ်ကမ်းက တိတ်ဆိတ်ငြိမ်သက်နေပြီး ရန်ယန်က ညီအစ်ကိုအနည်းငယ်နဲ့အတူ ကုန်သွယ်ဆိပ်ကမ်းဆီ ရောက်သွားသည်။

ညသန်းခေါင်မှာ တိတ်ဆိတ်တဲ့ ဆိပ်ကမ်းမှာ ရန်ယန်က ညီငယ်တချို့ကို ကုန်သွယ်ဂိတ်ဆီ ခေါ်သွားခဲ့သည်။ ရန်ယန်က ဤလူတွေနဲ့ နှစ်အတော်ကြာ ကုန်သွယ်လာခဲ့ပြီး အချင်းချင်း ခင်မင်ရင်းနှီးလာခဲ့သည်။

စီးပွားရေးလောကမှာ ယုံကြည်စိတ်ချရတဲ့ လူများအဖြစ် သတ်မှတ်ခံရသည်။ ကျိုးကျန့်ဝေက တစ်ဖက်ရဲ့ ကုန်သည်ဖြစ်သည်။ ညအမှောင်မှာ လှေငယ်တစ်စင်းက တဖြည်းဖြည်း ရွက်လွှင့်လာခဲ့သည်။

ဆိပ်ကမ်း အစွန်းတလျှောက် ထောင့်တစ်နေရာမှာ ရပ်လိုက်သည်။

ရန်ယန်နဲ့ သူ့ရဲ့ ညီငယ်တွေက ကျိုးကျန့်ဝေကို နှုတ်ဆက်ပြီး ပိုက်ဆံကို တစ်ဖက်က လွှဲပေးကာ ကုန်ပစ္စည်းကို အခြားတစ်ဖက်က ပို့ပေးခဲ့သည်။

ကျိုးကျန့်ဝေရဲ့ ညီငယ်တွေက လှေပေါ်ရှိ ကုန်ပစ္စည်းများကို ရန်ယန်ရဲ့ ညီငယ်တွေဆီ ပေးအပ်ခဲ့ပြီး ရန်ယန်နဲ့ ကျိုးကျန့်ဝေတို့နှစ်ယောက်လုံး ပိုက်ဆံရေတွက်ခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ကုန်စည်အရေအတွက်မှာ အတော်လေးများပြားခဲ့ပြီး ကျိုးကျန့်ဝေရဲ့ လှေသာမက လှေငယ်နှစ်စင်းလည်း နောက်မှလိုက်လာခဲ့သည်။ ဒါတောင် မလုံလောက်သေးဘူး။

ရန်ယန် လိုချင်တဲ့ ကုန်ပစ္စည်း အရေအတွက်က အရင်ကထက် သုံးဆ ပိုများလာတဲ့အတွက် အရင်ကထက် လှေနှစ်စင်း ထပ်ရှိရင်တောင် ကုန်ပစ္စည်း သိမ်းဖို့ မလုံလောက်သေးဘူး။

"ဒီပစ္စည်းပမာဏတွေကို မင်း လွှဲပေးနိုင်တယ်လို့ ပြောခဲ့တာ မဟုတ်လား"

ရန်ယန်က ကျိုးကျန့်ဝေကို ပြောလိုက်သည်။ "ငါမင်းနဲ့ ပတ်သတ်နေတာကြာပြီ။ မင်း ပစ္စည်းတွေမပို့ရင် စာချုပ်ဖောက်ဖျက်မှုအတွက် မင်းပေးချေရမှာ"

"ငါ မပို့နိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ကုန်ပစ္စည်းတွေက ရှိတယ်။ လှေမှရှိတာ"

ကျိုးကျန့်ဝေက ရန်ယန်ကို ပြန်ပြုံးပြလိုက်သည်။ "ခဏလေ၊း လှေ ခေါက်တုံ့ခေါက်ပြန်သွားလိမ့်မယ်။ အချိန် နည်းနည်းတော့ ကြာလိမ့်မယ်၊ မင်း ပစ္စည်းတွေ ယူလာပေးမှာပါ"

"ခေါက်တုံ့ခေါက်ပြန်လား"

"အသွားအပြန် ဘယ်လောက်ကြာလဲ" နားထောင်ရင်း ရန်ယန် မျက်မှောင်ကြုတ်လိုက်သည်။

ကျိုးကျန့်ဝေက ရန်ယန် ပေးတဲ့ ပိုက်ဆံကို ရေတွက်နေခဲ့သည်။ သူ့လက်ချောင်းတွေကို လျက်ပြီးပြောလိုက်သည်။ "ငါတို့ ကုန်ပစ္စည်းတွေကို ဟိုနေရာကနေသယ်ပြီး ဒီနေရာကိုချပေးတာ။ နာရီဝက် မဟုတ်ဘူး နာရီဝက်ထက် ပိုကြာမှာပေါ့ "

"အဲဒါက ကြာလွန်းတယ်"

ရန်ယန်ရဲ့ ဓားလိုမျက်ခုံးက တင်းကျပ်လာသည်။ လေသံက မကောင်းတော့ဘူး။ "နောက်တစ်ခါ မင်းမှာ စိန်မရှိရင် ဒီကြွေထည်အလုပ်ကို မလုပ်နဲ့။ ငါ့အချိန်က အဖိုးတန်တယ်ဆိုတာ မင်းမသိဘူးလား"

("မင်းမှာ စိန်မရှိရင် ဒီကြွေထည်အလုပ်ကို မလုပ်နဲ့" ဆိုလိုတာက မင်းမှာ လုပ်နိုင်စွမ်းမရှိရင် ဒါမှမဟုတ် မင်းလုပ်နိုင်မှလုပ် မလုပ်နိုင်ဘူးဆိုရင်မလုပ်နဲ့ ")

"အချိန်​နည်းနည်း​ပါပဲ မကြာပါဘူး!"

ကျိုးကျန့်ဝေက ဒီလိုပြောပေမယ့် ရန်ယန်ကို စနောက်လိုက်သည်။ "ဘာလဲ။ အိမ်က မိန်းကလေးချောချောနဲ့နေဖို့ အလုပ်များနေတာလား။ မင်းစီးပွားရေးမလုပ်တော့ဘူးလား ပိုက်ဆံမရှာတော့ဘူးလား။ တစ်ညလေးပဲဟာကို"

ရန်ယန် - "သွားစမ်းပါ!"

ကျိုးကျန့်ဝေ ပြုံးပြီး ထပ်ပြောလိုက်သည်။ " အစက ငါမင်းနဲ့ တစ်လကို အကြိမ်အနည်းငယ်ပဲ စီးပွားရေးလုပ်ခဲ့တာ၊ ငါ့လက်ချောင်းတွေနဲ့တောင် ရေလို့ရတယ်။ မင်း ဒီလုပ်ငန်းအတွက် အချိန်ပိုမပေးနိုင်သေးဘူးလား"

ရန်ယန်က နှုတ်ခမ်းထောင့်ကိုပင့်ပြီးပြောလိုက်သည်။ "ဒီလို စီးပွားရေးမျိုးက မင်းမှာ တစ်လကို အကြိမ်ရေ အနည်းငယ်လောက် ဒီအခွင့်အရေးမျိုး ရနိုင်မှာ မဟုတ်ဘူး။ ငွေရှာနိုင်မယ်ဆိုရင် မြန်မြန်ရှာသင့်တယ်။ တတ်နိုင်သမျှပစ္စည်းများများ ထုတ်လိုက်"

နှစ်ယောက်သား အချိန်အတန်ကြာ စကားများတွေပြောခဲ့ကြပြီး လှေသုံးစီးမှ ကုန်ပစ္စည်းတွေ အားလုံးကို ပို့ဆောင်ပြီးပြီဖြစ်သည်။

ကျိုးကျန့်ဝေက အခြားလှေနှစ်စီးကို ပြန်သွားခိုင်းပြီး ကျန်ကုန်ပစ္စည်းတွေကို ဆက်သယ်ပို့ပေးဖို့ပြောလိုက်သည်။ ရန်ယန်ဘက်မှ သူ့ ညီငယ်တွေက ကုန်ပစ္စည်းတွေကို ဘတ်စ်ကားပေါ် အမြန်ပို့ဆောင်ခဲ့သည်။

အလုပ်သမား ခွဲဝေမှုတွေ ရှိခဲ့ပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုက မြန်ဆန်နေဆဲ ဖြစ်သည်။

ဒါပေမယ့် လူသားအရှိန်ဖြင့် လမ်းပေါ်တွင် ကုန်ဆုံးသည့်အချိန်ကို ဖြည့်ဆည်းဖို့ နည်းလမ်းမရှိပေ။

ကုန်ပစ္စည်းတွေ သယ်ပြီးသွားတဲ့ ရန်ယန်က ​​ကမ်းစပ်မှာ သူ့သူငယ်ချင်းတချို့နဲ့ ထိုင်နေပြီး ကျိုးကျန်းဝေက ရုတ်တရက် သူ့အဝတ်အစားတွေထဲက သံထည်ဘူးတစ်ခုကို ထုတ်ယူခဲ့သည်။

"ဟေး ဒါက မင်းအတွက်"

ကျိုးကျန့်ဝေက ဒီသံထည်ဘူးကို ရန်ယန်ကို ပေးလိုက်သည်။

ဘူးကိုလက်ခံပြီး ဖွင့်လိုက်ပြီးနောက် ရန်ယန်က ဓားလိုမျက်ခုံးကိုပင့်လိုက်သည်။ "ငါ့ကို ဒီလိုပစ္စည်းမျိုးနဲ့ ထပ်ပြီး လာဘ်ထိုးနေတာပေါ့ ဟုတ်လား"

ကျိုးကျန့်ဝေက တိုးတိုးလေးပြောလိုက်သည်။ "ငါ မင်းကို ဘာအတွက် လာဘ်ထိုးရမှာလဲ။ ငါတို့ကြားက အရောင်းအဝယ်အတွက် သုံးတဲ့ဟာက မသန့်ရှင်းတဲ့ ပိုက်ဆံတွေ။ စိတ်ပိုင်းဆိုင်ရာ ရောယှက်နေစရာ မလိုဘူး"

ကျိုးကျန့်ဝေ လက်ပိုက်ပြီး ကျိတ်ရယ်လိုက်သည်။ "နောက်ဆုံးပေါ်ပစ္စည်းတွေပဲ။ ငါမင်းကို အရင်ဝေမျှပေးမယ်။ မင်းသုံးနိုင်မလား။ဒီ ခရမ်းရောင်ပုလဲမျိုးက မကြာသေးခင်ကမှ ရုတ်တရက် ဒီလိုထွက်လာတာ။ အရေအတွက်က သိပ်မကြီးသေးပါဘူး၊ တန်ဖိုးကလည်း သိပ်မမြင့်ဘူး။ မင်း ဒီလိုမျိုး ချင့်ချိန်နိုင်သင့်တယ်လို့ ငါယုံကြည်တယ်"

" တစ်​ခု​လောက်​စမ်းကြည့်​မယ်၊ ကျန်​တာ​တွေ အကုန်​လုံးက ငါ့အတွက်"

ရန်ယန် သံဘူးကို ဖယ်လိုက်သည်။ အထဲမှာ ခရမ်းရောင်ပုလဲ တစ်ဒါဇင်လောက်ရှိသည်။

စျေးကွက်မှာ စမ်းကြည့်ဖို့ တစ်လုံးကို ယူသွားမည်။ ကျန်တဲ့ဟာတွေကို လင်းရှောင်ယွဲ့ကို ပေးမည်။

အမျိုးသမီးတွေက ဒီလိုမျိုးတွေ ကြိုက်လောက်တယ်လို့ သူမှန်းဆခဲ့သည်။

"မင်း မိန်းမအတွက်လား " ကျိုးကျန့်ဝေ သူ့ကို စနောက်လိုက်သည်။

ရန်ယန် နှုတ်ခမ်းကိုပင့်ပြီး ပြုံးပြကာ သန့်ရှင်းပြီး ဖြူဖွေးနေတဲ့ ကြွေသွားတွေတွေနဲ့ ပြုံးပြလိုက်သည်။ "သူ့ကိုမပေးလို့ ငါက ဘယ်သူ့ဆီပေးရမှာလဲ၊ စားလို့ ရတာလည်း မဟုတ်ဘူး သုံးမှရမယ့်ဟာကို။ သူမအပြုံးကိုမြင်ရတယ်ဆိုရင် တန်တာပေါ့"

ကျိုးကျန့်ဝေက ရန်ယန်ကို လက်ညိုးထိုးလိုက်သည်။ "မင်း မင်းမိန်းမအပေါ် ပိုပိုပြီး စိတ်အားထက်သန်လာတယ်နော်"

"အစ်ကို ရန်ရဲ့မိန်းမက တော်တော် ရုပ်ချောတာကိုး " ဝမ်ထျဲရှန်က သူ့ဘေးကနေ ပြောလိုက်သည်။

ရလဒ်အနေနဲ့ ရန်ယန်က သူစကားပြောပြီးတာနဲ့ ခေါင်းကို ရိုက်လိုက်သည်။ "ဒါ မင်းပြောလို့ရမယ့်စကားလား။အဲ့တာကို စဥ်းတောင်မစဥ်းစားနဲ့"

"အစ်ကို ရန် မင်းဘာတွေတွေးနေတာလဲ"

ဝမ်ထျဲရှန် မကျေမနပ် ခေါင်းကိုကိုင်လိုက်သည်။ "အစ်ကို့မိန်းမက ချောတယ်လို့ ချီးမွမ်းလိုက်တာလေ။ ပြီးတော့ ကျွန်တော့်မှာ မတွေးသင့်တဲ့ အတွေးမျိုး လုံးဝမရှိပါဘူး! အစ်ကို ရန် ဆီက မိန်းမတစ်ယောက်ကို ဘယ်လိုလုပ် လုယူနိုင်မှာလဲ။ ကျွန်တော်က အစ်ကိုရန်လို ကြည့်မကောင်းဘူး"

ဒီစကားက ရန်ယန်နဲ့ အတော်လေး သက်ဆိုင်သည်...

သူ ပြုံးပြီး မျက်ခုံးပင့်လိုက်သည်။ "ကိုယ့်ကိုယ်ကိုသိတာ ကောင်းတယ်"

ယောက်ျားတချို့က စကားစမြည်ပြောပြီး အချိန်တွေကုန်သွားခဲ့သည်..

အသွားအပြန် စက်လှေက နှေးကွေးပြီး တစ်နာရီကျော်လောက် စောင့်လိုက်ရသည်။

မူလက ကျိုးကျန့်ဝေက နာရီဝက်ကျော်သာကြာမယ်လို့ ပြောခဲ့ပေမယ့် စောင့်ဆိုင်းရသည့်အချိန်က ပိုကြာခဲ့သည်...

အထူးအခြေအနေတွေလည်း ကြုံခဲ့ကြရလိမ့်မည်။

ဥပမာအားဖြင့် ရဲဘော်များတွေက ကမ်းစပ်တွင် ကင်းလှည့်နေကြသည်။

ဤခေတ်တွင် ထင်ကြေးပေးခြင်းကို ခွင့်မပြုဘဲ ဖမ်းမိခြင်းရဲ့ အကျိုးဆက်တွေက ပေါ့ပါးခြင်း သို့မဟုတ် လေးလံခြင်း ဖြစ်နိုင်သည်။

ဒါကြောင့် ဒီလိုမျိုးအလုပ်လုပ်နေတဲ့ ရန်ယန်ရဲ့အဖွဲ့ကလည်း သတိထားပြီး ကိုယ့်ကိုယ်ကိုယ် သတိရှိနေသည်။

သူတို့ မရောက်တာအချိန်ကြာပြီ။ တစ်ခုခု မှားသွားတာဖြစ်နိုင်သည်။

ကျိုးကျန့်ဝေနဲ့ ရန်ယန်တို့က ပို့ဆောင်ခအတွက် ဘယ်သူက အရင်ပေးဆောင်ရမလဲဆိုတာ ဆွေးနွေးနေစဉ်မှာပဲ အလင်းရောင်ကို တွေ့လိုက်ရသည်။

အမှောင်ပင်လယ်ထဲမှာ ဓါတ်မီးတွေ ဝှေ့ယမ်းနေသည်။

တစ်နာရီကျော်ကြာအောင် စောင့်ခဲ့ကြပေမယ့် အနည်းဆုံးတော့ သင်္ဘောက လာနေသေးသည်။

မူလက ထွက်ခွာတော့မည့် ရန်ယန်က စိတ်ရှည်သည်းခံပြီး လှေလာမည့်အချိန်ကို စောင့်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။

အကွာအဝေးက တော်တော်ဝေးတာကိုတွေ့တော့ အနည်းဆုံး ဆယ်မိနစ်လောက်ပဲ စောင့်ရမည်။

ကျိုးကျန့်ဝေက ရန်ယန် စိတ်မရှည်တော့မှာကို ကြောက်တာကြောင့် သူနဲ့ စကားပြောဖို့ အကြောင်းအရာတွေကို ဆက်ရှာဖွေခဲ့သည်။ "ဒီအသုတ်အတွက် အရောင်းအ၀ယ်ပြီးသွားရင်တော့ ယွမ်ရာနဲ့ချီပြီး ပေးချေရလိမ့်မယ်။ ငွေယူပြီးရင် မင်းဘာဆက်လုပ်မလဲဆိုတဲ့ စိတ်ကူးထားတာတွေရှိလား"

ရန်ယန်က အဝေးက ပင်လယ်ကို လှမ်းကြည့်လိုက်သည်။ "ငါ့မိန်းမက အိမ်အသစ် ဆောက်ချင်နေတာ၊ မင်းသိတဲ့အတိုင်းပဲ။ ငါ့မိသားစုက တခြားမိသားစုနှစ်စုနဲ့ နေနေရတာ။ ပြီးတော့ သူတို့စကားများရန်ဖြစ်ကြပြီး တနေကုန် ဒုက္ခရှာနေကြတာ။ ငါ အပြင်ထွက်နေနိုင်မှဖြစ်မယ်။ သေချာပေါက် အိမ်ပြောင်းဖို့လိုတယ်။ အခု ငါ့မိန်းမနဲ့လူကြီး နှစ်ယောက်က အပြင် ထွက်နေချင်ကြပြီ။ ပိုက်ဆံလည်းနည်းနေတယ်။ ငါနှစ်ခါလောက်ထပ်လုပ်လိုက်ရင် အိမ်ဆောက်ဖို့ ပိုက်ဆံရပြီ"

"ဒါပေမယ့် မင်း ဒီပိုက်ဆံကို ထုတ်သုံးလို့ မရဘူးလေ "

ကျိုးကျန့်ဝေ ဒီအချက်ကိုခေါက်ပြခဲ့သည်။ "ငါတို့ ဒီငွေတွေကို တိတ်တဆိတ်ပဲ သုံးလို့ရမှာ။ ပြီးတော့ တယောက်ယောက်က မင်းဘယ်ကနေ ပိုက်ဆံအများကြီးရလာတာလဲလို့ မေးရင် မင်းဘယ်လိုဖြေမလဲ။ မင်း ဒီငွေတွေ အများကြီးကို တခါတည်း သုံး လို့မရသေးဘူး၊ ဇာစ်မြစ်ကိုသိသွားပြီး ငါ့ခေါင်းကို တစ်ယောက်ယောက် ရှာတွေ့မှာ ငါစိုးရိမ်တယ်"

သူမျက်လွှာချလိုက်တော့ ရန်ယန်ရဲ့ မျက်လုံးတွေက ကျိုးကျန့်ဝေ အပေါ်ကို ရောက်လာသည်....

ရုတ်​တရက်​ သူ့စကားက အဓိပ္ပါယ်​ရှိတယ်​လို့ ခံစားလိုက်​ရသည်။

ပိုက်ဆံကို တွေ့လို့မရနိုင်သလို တခြားသူတွေရဲ့ မေးခွန်းတွေကို ဖြေဖို့ကလည်း တကယ့်ကို ခက်ခဲသည်။

ရန်ယန်က အခြားသူတွေပြောတာကို ဂရုမစိုက်ပေမယ့်၊ သူတို့က တစ်ရွာတည်းနေတဲ့သူတွေဖြစ်ပြီး၊ သူ့မိသားစုဆီမှာ ရုတ်တရက်ကြီး ဒီလောက်ပိုက်ဆံအများကြီးရှိနေရင် ရွာသားတွေကို မပြောနဲ့ ကျန်နှစ်အိမ်ရှိလူတွေတောင် သံသယဖြစ်လာလိမ့်မည်။

အခြားမိသားစုနှစ်စုရဲ့ မျက်နှာတွေက အလွန်ရုပ်ဆိုးပြီး သူရရှိလာတဲ့ငွေအတွက် မည်သည့်အကြောင်းနဲ့ အသုံးပြုရမှန်းကို သူရှင်းမပြတတ် ဖြစ်နေသည်။

အဲ့လိုဖြစ်မယ့်ပုံပဲ....

ရန်ယန် ပိုက်ဆံရခဲ့ရင်တောင် ပွင့်ပွင့်လင်းလင်း ထုတ်ယူပြီး သုံးလို့မရဘူး။

သူ ငွေကို ကျိုးကြောင်းဆီလျော်အောင် လုပ်ဖို့ နည်းလမ်း စဉ်းစားနေရဆဲဖြစ်ပြီး ၎င်းအတွက် နာမည်တစ်ခု စီစဉ်ရန် လိုအပ်နေသေးသည်။

ဒါလုပ်ရတာ အရမ်းခက်တယ်..

ရန်ယန်က ပိတ်မိနေပြီး ရပ်တန့်နေခဲ့သည်။

"ငါ ပြဿနာကို ထိမိသွားတာလား"

ကျိုးကျန့်ဝေက သူ တိတ်ဆိတ်နေတာကိုတွေ့တော့ သူ့မျက်လုံးတွေရှေ့မှာ လက်ဝှေ့ယမ်းပြီးပြောလိုက်သည်။ "ဒီပြဿနာကို ငါပေးနိုင်တဲ့အတွက် မင်းကို အဖြေတစ်ခု သေချာပေါက် ငါပေးနိုင်တယ်။ ငါဖြေပေးမယ်!"

"အင်း"

ရန်ယန် သူ့ကိုပြောလိုက်သည်။ "ဘာအဖြေလဲ"

ကျိုးကျန့်ဝေက သက်ဆိုင်တဲ့ အကြံပြုချက်ပေးခဲ့သည်။ "အလုပ်ဝယ်ဖို့ ပိုက်ဆံသုံး၊ ယာယီအလုပ်မျိုးပေါ့။ ယူနစ် ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းဆိုရင်ကော။ အလုပ်လုပ်စရာ မလိုဘူး၊ တကယ့် အလုပ်မဟုတ်ဘူး၊ နာမည်ခံထားရုံပဲ"

"ငါရနိုင်တဲ့ အလုပ်မျိုးရှိလား" ရန်ယန် မျက်ခုံးပင့်လိုက်သည်။

ကျိုးကျန့်ဝေ ခေါင်းညိတ်လိုက်သည်။ "ငါတို့မှာအဲတာ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒါက နာမည်နဲ့ အလုပ်တစ်ခု ဝယ်တာ။ ဒါက ယာယီအလုပ်ပဲ၊ ဒါက သိပ်တော့မထူးခြားပါဘူး။ တစ်ယောက်ယောက်က တကယ်စုံစမ်းရင် ယာယီအလုပ်သမားကို ထုတ်ထားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ယာယီအလုပ်သမား ထုတ်ထားတာအတွက် စစ်ဆေးဖို့ ဖိုင်မရှိဘူးလေ"

ရန်ယန်က ဒီနည်းလမ်းက ကောင်းတယ်လို့ ထင်ခဲ့သည်။ "မင်း ငါ့အတွက် တစ်ခုစီစဉ်ပေးလို့နိုင်လား"

"အမ်။ ငါက"

ကျိုးကျန့်ဝေ ခဏတာ အေးခဲသွားသည်။ သူက ဒီကိစ္စကို ငါ့ဆီ ဆွဲဖို့ သတ္တိရှိတာလား။

ဒါပေမယ့် အဲဒါကို တွေးပြီးနောက် ကျိုးကျန့်ဝေက အဆင်ပြေတယ်လို့ ထင်ခဲ့သည်။

"ကောင်းပြီ!"

ကျိုးကျန့်ဝေ ခေါင်းညိတ်လိုက်သည်။ "ကားမောင်းသမားအလုပ်ရှာရတာ ခက်လိမ့်မယ်၊ ဒါပေမယ့် သင်္ဘောသားက အဆင်ပြေတယ်။ ကုန်တင်သင်္ဘောမောင်းသူအဖြစ် မင်းကို ယာယီအလုပ် ပေးမယ်"

All Chapters