အခန်း (၆၅)
Vol. 6 Ch. 65
ရန်ယန် အခြားအချက်တစ်ချက်ကို ရုတ်တရက် တွေးလိုက်ပြီး ရင်ဘတ်မှာ လက်ကိုပိုက်ကာ ပြောလိုက်သည်။ “ဒါက ဒီလိုပြောလို့ရတယ်။ ဒါက ယာယီအလုပ်၊ ငါအလုပ်လုပ်ဖို့လည်း မလိုအပ်ဘူး။ ဒါပေမယ့် ငါတို့ကျေးရွာ ထုတ်လုပ်ရေးအဖွဲ့မှာ မပါဝင်ဘဲ ဒီယာယီအလုပ်သမားရဲ့ နာမည်ကိုလည်း သုံးလို့ရတယ်"
"ဒါ သေချာတယ်!"
ကျိုးကျန့်ဝေ ဆက်ပြောလိုက်သည်။ "မင်းမှာ သင်္ဘောသားအလုပ် တစ်ခုရှိနေပြီပဲ။ အဲ့တာက ခြေမကိုင်လက်မကိုင်မိတာတော့ ဟုတ်ပေမယ့်.... မင်းမှာ ဒီလိုအလုပ်ရှိနေပြီး ရွာမှာ အလုပ်လုပ်နေသေးတယ်ဆိုရင် မင်းအပြင်ထွက်ပြီး အလုပ်လုပ်တယ်လို့ မင်းတို့ရွာက ဘယ်သူက မယုံမှာလဲ။ မင်းအလုပ်လုပ်နေသလိုပဲပေါ့"
ဒါက တကယ်ကောင်းတဲ့ အကြံတစ်ခုပဲ။
ကျိုးကျန့်ဝေရဲ့ ဦးနှောက်က အရမ်းကောင်းတယ်လို့ ရန်ယန် ပထမဆုံးအကြိမ် တွေးလိုက်မိသည်။
တစ်ကယ်လို့ သူ ဒီနည်းနဲ့ လည်ပတ်နေရင် ထုတ်လုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်း၌ ပါဝင်ဖို့ မလိုအပ်ဘူးလို့ ဆိုလိုသည်။
မြို့ထဲမှာ အလုပ်ကောင်းကောင်းရှာလို့ရတယ်ဆိုတာ ရွာက လူတိုင်းသိအောင်လုပ်မည်။
ပိုက်ဆံပိုရရင်တောင် ရွာကလူတွေက သူ့မှာ အလုပ်ကောင်းကောင်းရှိတယ်လို့ ထင်ကြလိမ့်မယ်၊ သူ့ဘယ်ကပိုက်ဆံရလာလဲလို့ တွေးကြတော့မှာ မဟုတ်ဘူး။
ဤနည်းအားဖြင့် သူ့ နေ့ခင်းဘက်နာရီတွေက လုံးဝလွတ်လပ်သွားခြင်းနဲ့ ညီမျှသည်။ သူ့ရဲ့လုပ်ငန်းသေးသေးလေးကို ပုံမှန် လုပ်ဖို့ပဲလိုတယ်။ ဒါမှ သူ့မိသားစုကို အိမ်ပြောင်းဖို့လည်း မှန်မှန်ကန်ကန် ခေါ်သွားနိုင်သည်။
တကယ်တော့၊ အဲဒါက အရမ်းကောင်းသည်။
"နေရာ နှစ်ခုလိုချင်တယ်" ရန်ယန် ထပ်ပြောလိုက်သည်။
"ဘာလို့ နှစ်နေရာလိုတာလဲ"
ကျိုးကျန့်ဝေက ရန်ယန်ကို အလွန်အမင်းလောဘကြီးတဲ့အကြည့်နဲ့ ပြောလိုက်ပေမယ့် သဘောတူနေဆဲပင်။ "နေရာ ဝယ်ဖို့ မင်းပိုက်ဆံပေးရမယ်.....။ ဒီအတွက် ငါ မင်းကို မပေးဘူး။ ဒါ ငါတို့ကြားက မကောင်းတဲ့ ငွေတွေချည်းပဲ "
"ပေးမယ်"
ရန်ယန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "မင်း အချက်အလက်လိုသေးလား။ ငါနဲ့ ငါ့မိန်းမ နှစ်ယောက်တည်းပဲ"
ကျိုးကျန့်ဝေက ရန်ယန်ကို ကြိမ်ဖန်များစွာ လက်ညိုးထိုးလိုက်ပြီး စုပ်သပ်ခဲ့သည်။ "မင်းရဲ့ မိန်းမပဲဖြစ်ပြန်ပြီ။ မင်းအမြဲတမ်း ပါးစပ်ဖွင့်လိုက်ပိတ်လိုက်တိုင်း မင်းမိန်းမအကြောင်းပဲ ပြောနေတယ်။ မင်းမိန်းမ ပြုစားတာကိုမင်းခံထားရတယ် ထင်တယ်!"
ရန်ယန် မငြင်းခဲ့ပေ။ "ဟုတ်တယ်၊ အဲ့တာကိုငါတစ်ယောက်တည်း လွယ်လွယ်လုပ်လို့ မရဘူးလေ။ ငါ့မိန်းမအတွက် ငါလည်း လယ်လုပ်တာဆိုတော့ သူမကိုလည်း လယ်လုပ်ခွင့် မပေးနိုင်ဘူး"
ထို့ကြောင့် သူ့မှာ အနားယူဖို့ အကြောင်းပြချက်ကောင်းကောင်း ရှိလာတဲ့အခါ သူတစ်ယောက်တည်း အနားယူဖို့က မဖြစ်နိုင်ဘဲ လင်းရှောင်ယွဲ့ အတွက်လည်း အနားယူဖို့ စီစဉ်ပေးရမည်။
လူတစ်ဦးတည်းသာ အနားယူရမယ်ဆိုရင် သူမပဲ အနားယူရမည်။ သူ လယ်ထဲမှာ အလုပ်လုပ်ရရင်တောင် ကိစ္စမရှိဘူး။
ဒါက ရန်ယန် တွေးထားတာ။
သဘောတူညီချက်ရပြီးနောက် ကျိုးကျန့်ဝေက ရန်ယန်ရဲ့ကိစ္စကို သူ့စိတ်ထဲ ထည့်ထားခဲ့သည်။
နောက်လှေနှစ်စင်းလည်း ဖြည်းညှင်းစွာဖြင့် အေးအေးဆေးဆေး ရောက်လာသည်။
ကုန်ပစ္စည်းတွေ လွှဲပြောင်းပြီးနောက် ရန်ယန်က ဝယ်သူဆီကရရှိတဲ့ စပေါ်ငွေကို ကျိုးကျန့်ဝေဆီ လွှဲပေးပြီး ကျိုးကျန့်ဝေနဲ့ စာချုပ်ချုပ်ဖို့ ပေးချေခဲ့သည်။
လက်ထဲမှာရှိတဲ့ ပိုက်ဆံက နေရာနှစ်ခုဝယ်ဖို့ မလောက်ငှတာကြောင့် ရန်ယန်က ကျိုးကျန့်ဝေကို သူ့အတွက် အရင်ပေးချေပြီး ကျိုးကျန့်ဝေကို နေရာဝယ်ဖို့တွက် သူတင်နေတဲ့အကြွေးကို ပေးဖို့တွက် မနက်ဖြန်ညမှာ သူ့ကို ဒီကိုလာခိုင်းလိုက်သည်။
မနက်ဖြန် သူ လင်းရှောင်ယွဲ့ ကို သတင်းကောင်းပြောပြလိမ့်မည်။
ဘာကြောင့်လဲဆိုတော့ လှေကို စောင့်ရတာ အချိန်ကြာပြီး နှောင့်နှေးနေတာကြောင့်ပင်။
ဒါနဲ့ နောက်ဆက်တွဲမှာ ရန်ယန်နဲ့ သူ့အဖွဲ့က ပစ္စည်းတွေထုတ်ဖို့ အနောက်ဘက်ကနေ မြို့ကို မောင်းလာပြီး ပြန်လာတော့ ညက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
ရန်ယန် ရှန့်ရန် ရွာ ပြန်ရောက်တဲ့အခါ နံနက် ၅ နာရီခန့်ဖြစ်နေပြီး သူ့စိတ်ကြံ့ခိုင်မှု မရှိတော့ပေ။
ရန်ယန်က မနေ့က တစ်နေ့လုံး အလုပ်ဆင်းပြီး တစ်ညလုံး အိပ်မအိပ်ဘဲ လှည့်ပတ်ပြေးနေခဲ့သည်။
ရန်ယန်က ဘတ်စ်ကားပေါ်ရှိစဉ် မှိန်းဖို့တတ်နိုင်ခဲ့ပေမယ့် ကားပေါ် အိပ်ပျော်မသွားရဲပေ။
ရန်ယန်က သူ့စိတ်ဓာတ်ခွန်အားကို နောက်ဆုံးအကြိမ်အဖြစ် ဆုပ်ကိုင်ထားပြီး ကျောက်တုံးတံတားလှိုဏ်ဂူအောက်ရှိ ယာယီအိမ် လိုက်သွားခဲ့သည်။
အိမ်ပြန်ဖို့ လမ်းမရှိတော့ဘူး။
သူ့ကိုယ်သူ အားတင်းပြီး အိမ်ပြန်လိုက်ရင် လမ်းတစ်ဝက်မှာ မူးမေ့သွားမှာ သေချာတယ်လို့ သူကိုယ်တိုင် ခံစားရသည်။
ဒါကြောင့် ကျောက်တံတားလှိုဏ်ဂူအောက်က သူ့ရဲ့လျှို့ဝှက်စခန်းမှာ အိပ်တာက ပိုကောင်းသည်။
သူ့ယာယီအိမ်ရောက်သွားတာကြောင့် တုံ့ဆိုင်းစွာဖြင့် ရန်ယန်က ခေါင်းငုံ့ကာ လေးလံတဲ့ မျက်ခွံများကို အမြန်မှိတ်လိုက်သည်။
မျက်လုံးမမှိတ်ခင် အခိုက်အတန့်မှာ သူ့စိတ်ထဲမှာ အပြင်းထန်ဆုံး အတွေးက ငြိမ်ငြိမ်လေး နိုးထလာမည့်သူက "သူ" ပဲ ဖြစ်ရမည်။
နောက်နိုးလာမယ့် သူ! သူပဲဖြစ်လိမ့်မယ်။
......
ရလဒ်အနေဖြင့် သုံးနာရီအကြာတွင် ရန်ယန်က ဤကျောက်တံတားလိုဏ်ဂူတွင် ရုတ်တရက် နိုးလာသည်...အဲ့တာက ဒုတိယရန်ယန်ဖြစ်သည်။
အတိအကျပြောရလျှင် ရန်ယန်က များစွာပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ရဲ့ သခင်ဖြစ်သည်။
ပိုင်ရှင် (ဒုတိယ) ရန်ယန်က ဒီတတိယရန်ယန် ဒီရက်ပိုင်း ဘာတွေလုပ်ခဲ့လဲဆိုတာကို သိသည်။
တတိယ ရန်ယန်ရဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေကို သူ မဝေဖန်ဘဲ ရန်ယန်လုပ်ခဲ့တာက မှားတယ်လို့ သူမခံစားခဲ့ရပေ။
သုံးနာရီကြာအောင် အိပ်ပြီးနောက် ရန်ယန်ရဲ့ စိတ်အခြေအနေက အလွန်မကောင်းမွန်နေသေးပေ။
ဒါပေမယ့် အချိန်က နောက်ကျနေပြီမို့ ရန်ယန်က လယ်ကွင်းမှာ အလုပ်လုပ်ဖို့ ထုတ်လုပ်ရေးအဖွဲ့ကို သွားခဲ့သည်။
ဒီအချိန်မှာတော့ နောက်ကျနေပြီလို့ ယူဆမိသည်။
တခြားမိသားစုတွေက ၇ နာရီမှာ အုပ်စုဖွဲ့ပြီး အလုပ်လုပ်နေကြပြီ။
အားလုံးက ညဘက်ဆို စောစောအိပ်ကြသည်။
နိုးလာပြီးနောက် ရန်ယန်က စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့ရဲ့ ကန်ထရိုက်လယ်ကွင်းဆီ အမြန်သွားခဲ့ပြီး စပါးပျိုးပင်တွေကိုစိုက်ထားပြီးတဲ့ လင်းရှောင်ယွဲ့ကို တွေ့ခဲ့သည်။
လင်းရှောင်ယွဲ့ သူ့ကို မော့ကြည့်လိုက်တော့ အံ့အားသင့်နေတဲ့ အကြည့်တွေ ထွက်လာပြီး သူမ လက်ကို အမြန်ဆန့်ပြီး ခေါ်လိုက်သည်။ "နိုးပြီလား။ မနက်စာ စားပြီးပြီလား။ မနက်စာ မစားရသေးဘဲ အလုပ်ထဲ မလာနဲ့။ ရှင်ဒီနေ့ အလုပ်လျှော့လုပ်မှရမယ်"
လင်းရှောင်ယွဲ့က ရန်ယန်အတွက် သူမဘေးနားကလူတွေ ကြားဖို့ ရည်ရွယ်ပြီး ပြောလိုက်သည်။
ဒီမနက် သူမနိုးလာတဲ့အခါ ရန်ယန်က သူမဘေးမှာ မအိပ်နေခဲ့ပေ။
လင်းရှောင်ယွဲ့က သူ့ဘက်မှာ တစ်ခုခုဖြစ်ခဲ့ပြီး အချိန်မီ ပြန်မလာနိုင်တာကို သိခဲ့ရသည်။
သူ့အတွက် စိတ်ပူနေပေမယ့် ထိုအချိန်၌ သူမ ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူမ သူ့ကိုဖုံးကွယ်ရအောင် ကူညီဖို့ နည်းလမ်းများကိုသာ ရှာဖွေနိုင်ခဲ့သည်။
ဒါကြောင့် လင်းရှောင်ယွဲ့ နိုးလာပြီး ဝမ်ရှို့ယင်နဲ့ ရန်တယုံကို ရန်ယန် မနေ့က အရမ်းပင်ပန်းသွားတာကြောင့်မို့ ဒီနေ့ အရမ်းအိပ်နေတာကြောင့် အိပ်ရာက မထနိုင်သေးဘူး။ ဒါကြောင့်သူ့ကိုမနှိုးတော့ဘူး ဆိုတာကို ပြောခဲ့သည်။
ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့ နှစ်ယောက်စလုံး ရန်ယန်ကို ဂရုစိုက်ကြပြီး အခြေအနေကို ကြားသိပြီးနောက် နေ့တစ်ဝက်လောက် အလုပ်ပျက်သွားရင်တောင် ဒီနေ့ ရန်ယန်မလာခဲ့ရင်လည်း အဆင်ပြေမယ်လို့ တွေးထားသည်။
ဒါပေမယ့် ရန်ယန်က ရောက်လာသေးသည်။
ရန်ယန် မလာခင်မှာ လင်းရှောင်ယွဲ့က ရန်ယန်နောက်ကျမှ ရောက်ရတဲ့ အကြောင်းရင်းကို သူ့ပတ်ဝန်းကျင်က ရွာသူရွာသားတွေကို တူညီတဲ့အကြောင်းပြချက်နဲ့ ပြောပြထားပြီးသားပင်။
သူ့ပတ်ဝန်းကျင်ရှိ မိန်းကလေးတွေက လင်းရှောင်ယွဲ့က ရန်ယန်ကို ကောင်းစွာ ဆက်ဆံပုံကိုလည်း မနာလိုဖြစ်မိသည်။ သူ လင်းရှောင်ယွဲ့ အတွက် အလုပ်အားလုံးကို လုပ်ခဲ့သည်... ရန်ယန် မနေ့ကပင်ပန်းပြီး အိပ်ရာထနောက်ကျနေတာကို သူတို့ကြားတဲ့အခါ အားလုံးက ရန်ယန်ကို ခဏလောက်တော့ ရယ်ခဲ့ကြသည်။ သူတို့ရဲ့ ရယ်မောမှုက အရေးမကြီးဘူး။ အရေးကြီးဆုံးက သူ့အပေါ် သံသယတွေကို ဖျောက်ပစ်ဖို့ပဲ။ လင်းရှောင်ယွဲ့က ရန်ယန် မရောက်လာမချင်း သူ့ကို ထောက်ခံခဲ့ပြီး သူမ နှလုံးခုန်သံ မြင့်လာပြီး စိတ်သက်သာရာရသွားသည်။ ရန်ယန်က ချက်ချင်း သူ့ဘောင်းဘီကို ခေါက်တင်လိုက်ပြီး သူ့အင်္ကျီလက်ကို လှန်တင်လိုက်ကာ ပျိုးပင်ကို အမြန်ယူလာပြီး သူမဘေးနား ဆင်းသွားလိုက်သည်။
ပျိုးပင်တွေကို သူ့နံဘေးမှာချထားပြီး ရန်ယန်က အစပြုပြီး စကားပြောလိုက်သည်။ "ကိုယ် လုပ်မယ်။ မင်းသွားပြီး အနားယူလိုက်"
"အတူတူလုပ်ရအောင်။ ရှင် မနေ့က ပင်ပန်းသွားပြီမို့ ဒီနေ့ ကျွန်မတို့ အတူတူလုပ်ရအောင် " လို့ လင်းရှောင်ယွဲ့ က အခိုင်အမာပြောခဲ့သည်။
မနေ့ညက သူပြန်မလာနိုင်တော့ဘူးလို့ သူမ တကယ်ထင်ထားခဲ့သည်။ စိတ်ခွန်အားမရှိလို့ တစ်နေရာရာမှာ သူ အိပ်ပျော်သွားတာဖြစ်ရမယ်...
ဘာပဲဖြစ်ဖြစ် လင်းရှောင်ယွဲ့က ဒီနေ့ သူနဲ့ အလုပ်တွဲလုပ်မှာပါ။ သူမ လုံးဝမပျင်းနိုင်ဘူး။
ဤအရာက သူမကို အလွန်စိတ်သက်သာရာရစေသည်။သူက သူမထက်တောင် ပိုပင်ပန်းထားသည်။ လင်းရှောင်ယွဲ့ အဲ့တာကို လွယ်လွယ်နဲ့ မထားခဲ့နိုင်ဘူး။
လင်းရှောင်ယွဲ့က ပျိုးပင်တွေကို စိုက်ဖို့ ကြိုးစားနေချိန် ရန်ယန်က သူမ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး အခိုင်အမာပြောလိုက်သည်။ “ငါ့ကို ပျိုးပင်တွေပေးဖို့ ကူညီပေး"
"ဟင့်အင်း၊ ကျွန်မက ရှင့်နဲ့အတူတူ လုပ်ချင်တာ" လင်းရှောင်ယွဲ့က အလွန် တောင့်ခံခဲ့သည်။
“တွန်းလိုက်၊ ဆွဲလိုက်” အနေအထားတွင် ရှိနေကြတဲ့ ၎င်းတို့နှစ်ဦးက ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားထားခဲ့ကာ ခွေးစာလက်တစ်ဆုပ်စာ တိတ်တဆိတ် ကျွေးခဲ့ကြသည်။
(ခွေးစာ = [အင်တာနက်ဘန်းစကား] အများသူငှာအား ချစ်ခင်မှုကို ပြသခြင်း)
ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့က ၎င်းတို့ကို ကြည့်နေကာ နှစ်ယောက်လုံး စိတ်မသက်မသာ ခံစားလိုက်ရသည်။
အများသူငှာ နေရာတစ်ခုမှာ စကားအနည်းငယ်ပြောဖို့ အတင်းအကြပ်လုပ်စရာ လိုအပ်နေသေးလို့လား။ ဒါက နည်းနည်း ပျို့အန်ချင်စရာမကောင်းဘူးလား။
လင်းရှောင်ယွဲ့က ဇွဲနပဲကြီးနေတာကို ရန်ယန်မြင်တဲ့အခါတွင် သူလည်း ဘာမှပြန်မပြောတော့ပေ။
ဒါပေမယ့် သူအလုပ်လုပ်တာက ပိုမြန်ပြီး ပိုထက်သည်။ ဒီနေ့အတွက် ခွဲတမ်းကို မြန်မြန်ပြီးသရွေ့တော့ သူမအများကြီး လုပ်လို့ရနိုင်မှာမဟုတ်ဘူး။ ဒါဆို သူမ အနားယူလို့ရပြီ။
ဒါ ရန်ယန် တွေးခဲ့တာဖြစ်သ
ဒါပေမယ့် အလုပ်လုပ်နေစဉ်တွင် ရန်ယန် လေးလေးနက်နက် တွေးတောနေပြန်သည်။ တူညီသောအခြေအနေပေးရင် အဲ့တာက အခြား "သူ" ဖြစ်ခဲ့မယ်ဆိုရင် သူဘာလုပ်မှာလဲ။
လင်းရှောင်ယွဲ့ရဲ့ အချစ်ဆုံးက.... သူနဲ့အတူတူ ချဉ်းကပ်မှာလား။ ဒါမှမဟုတ် တခြားနည်းလမ်းတွေ ရှိလား။
ရန်ယန်က သူ့နှလုံးသားက လင်းရှောင်ယွဲ့ ရဲ့ အနှစ်သက်ဆုံးပုံဖြစ်လာပုံကို မသိခဲ့ပေ။
ဒါပေမယ့် ဤခန္ဓာကိုယ်တွင် တည်ရှိနေသဖြင့် သူနဲ့ လင်းရှောင်ယွဲ့ရဲ့ လှုပ်ရှားမှုတိုင်းကို သူသိသည်...
လင်းရှောင်ယွဲ့ က သူ့ကို သဘောကျကြောင်း ရန်ယန် စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။
တူညီတဲ့ မျက်နှာ၊ တူညီတဲ့ခန္ဓာကိုယ်၊ သူမရဲ့ အနမ်းနဲ့ သူမရဲ့ ပွေ့ဖက်မှု ၎င်းတို့အားလုံးက သူ့အတွက်ဖြစ်သည်။
ဒါက လက်ရှိ ရန်ယန်ကို အရမ်းမနာလိုဖြစ်စေသည်။
သူမ အချစ်ဆုံး ရန်ယန် ဖြစ်ဖို့လည်း သူ ကြိုးစားချင်သည်။
သူမဘေးနားရှိ ရန်ယန်က ထိုအတွေးတွေ ခေါင်းထဲ ရှိနေတာကို လင်းရှောင်ယွဲ့ မသိခဲ့ပေ။
သူမက လက်ထဲက စပါးပျိုးပင်တွေကို စိုက်ကာ ရံဖန်ရံခါတွင် ခေါင်းကိုမော့ပြီး နေရောင်အောက်တွင် လှပသော မျက်နှာအသွင်အပြင်ကို မြင်နိုင်ဖို့ သူ့ကို ကြည့်ခဲ့သည်။
အထူးသဖြင့် လင်းရှောင်ယွဲ့ က သူပြောင်းသွားလားလို့ မေးချင်သည်။
ဒါပေမယ့် အနီးအနားမှာ တခြားလူတွေ အများကြီးရှိနေသည်။ လင်းရှောင်ယွဲ့က အပြင်လူတွေရှေ့တွင် ဤမေးခွန်းကို မမေးနိုင်ပေ။
ထို့ကြောင့် သူမ ထိန်းထားလိုက်သည်။
တတိယရန်ယန်နဲ့ သိပ်မတူတဲ့ သူ့အလုပ်အပေါ်နဲ့ ရန်ယန်ရဲ့ လှုပ်ရှားမှုတိုင်းကို သူမ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
တတိယရန်ယန်ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကြမ်းကြမ်းတမ်းတမ်းလုပ်နည်းက သူ့တစ်ကိုယ်လုံးမှာ ယောက်ျားပီသတဲ့ ဆွဲဆောင်မှုတစ်ခု ပျံ့နှံ့နေတာကို ခံစားရစေပြီး သူမကို ခုန်ပေါက်ချင်လာစေသည်။
အခု သူက လျင်မြန်စွာနဲ့ ထိရောက်စွာ လှုပ်ရှားနိုင်ပေမယ့် ပေါ့ပေါ့ပါးပါးနှင့် ကြမ်းတမ်းတဲ့ ပုံစံက နည်းပါးပြီး နူးညံ့သိမ်မွေ့တဲ့ ခံစားချက်လည်း ရှိလာသည်။
ဒါဆို သူက ဒုတိယ မဟုတ်ဘူးလား။
လင်းရှောင်ယွဲ့က နေ့တစ်ဝက်လောက် စောင့်ကြည့်ပြီး သူ့အကြောင်း နိဂုံးချုပ်လိုက်သည်။
ဒါပေမယ့် သူမ မပြောခဲ့ဘူး။
ဒီနေ့ရဲ့ ရန်ယန်ရဲ့ ဝေစုက လျင်မြန်စွာပြီးဆုံးသွားခဲ့ပြီး လင်းရှောင်ယွဲ့ ရဲ့ ဝေစုကို အမြန်ဖြေရှင်းဖို့ ကူညီပေးခဲ့သည်။ လင်းရှောင်ယွဲ့က ဘဝရဲ့အခက်အခဲတွေကို မခံစားခဲ့ရသေးပေ။
ရန်ယန်က လင်းရှောင်ယွဲ့ လက်ကိုဆွဲပြီး တတိယရန်ယန် လုပ်ခဲ့သည့်အတိုင်း တောင်ကုန်းလမ်းဆီ ဆွဲခေါ်သွားခဲ့သည်။
လင်းရှောင်ယွဲ့က နာခံစွာနဲ့ သူ့နောက် လိုက်သွားခဲ့သည်။ သူကိုင်ထားတဲ့လက်ကိုကြည့်လိုက်တော့ ဒီလူက ဒုတိယလူလား တတိယလူလားလို့ သူမ စူးစမ်းခဲ့မိသည်။
တောင်ကုန်းလမ်းကို ရောက်တဲ့အခါ ရန်ယန်က သူ့ဖိနပ်တွေကို လင်းရှောင်ယွဲ့ ရဲ့ဖိနပ်နဲ့ တန်းစီချထားပြီး လင်းရှောင်ယွဲ့ ရဲ့ဘောင်းဘီကို ညစ်ပတ်နေစရာမလိုအောင်လို့ အဲ့ဖိနပ်တွေပေါ်မှာ ထိုင်ခိုင်းလိုက်သည်။
လင်းရှောင်ယွဲ့ စကားနားထောင်ကာ ထိုင်ချပြီးနောက် သူကလှည့်ပြီး မသန့်ရှင်းတဲ့ရေအိုးကို လင်းရှောင်ယွဲ့ ရဲ့ခြေထောက်ကိုဆေးဖို့ ယူလာခဲ့သည်။
ဒီပုံက မနေ့ကလိုပဲ၊ ဒီနေ့ပြန်ပေါ်လာချိန်မှာတော့ ရွာထဲက မိန်းကလေးတစ်စုရဲ့ အားကျတဲ့စိတ်တွေကို စွဲဆောင်နေဆဲပင်။
ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့က အလွန်မနာလိုဖြစ်ပြီး အံကြိတ်ထားကြသည်။
လင်းရှောင်ယွဲ့က သူမနဲ့ ရန်ယန်တို့ သီးသန့်အကွာအဝေးမှာ ရှိတဲ့အခါ လင်းရှောင်ယွဲ့က သူ့ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ " ရှင်က ဒုတိယလား"
ရန်ယန်ရဲ့ လက်လှုပ်ရှားမှုက ခဏရပ်တန့်သွားသည်....
သူ အသိအမှတ်ပြုခဲ့သည်။
တစ်ခြားတစ်ယောက်က သူမကို ဘယ်လိုဆက်ဆံတယ်ဆိုတာ သိဖို့ သူအရမ်းကြိုးစားခဲ့ပေမဲ့ သူမက သူမကြိုက်တဲ့တစ်ယောက် မဟုတ်ကြောင်း ပြောနိုင်တဲ့ပုံပေါ်သည်။
အရင်က သူက သူရဲဘောကြောင်လွန်းတယ်၊ အရှုံးသမားလည်းဖြစ်လွန်းတယ် သတ္တိလည်းနည်းလွန်းသည်...
အဲဒါ သူ့ပြဿနာပဲ။
အဲဒါကြောင့် သူမက တခြားတစ်ယောက်ဖြစ်တဲ့ "သူ့ကို" ကြိုက်တာ။ ရန်ယန် ဘာမှမခံစားရဘူး။ ဒါက သာမာန်ပဲလို့ သူထင်ခဲ့သည်။
ဒါပေမယ့် သူလည်း ပြောင်းလဲချင်စိတ်ရှိတယ်။
သူတခြားသူနဲ့ နီးအောင်ဆွဲရင်တောင် သူနဲ့ ကအဆင်ပြေတယ်။ သူမအတွက် ပြောင်းလဲလိုစိတ်ရှိခဲ့သည်။
တစ်ဆင့်ပြီးတစ်ဆင့်၊ ဖြည်းဖြည်းချင်း၊ သူမနှစ်သက်တဲ့သူဖြစ်လာအောင် သူ့ကိုယ်သူ ပြောင်းလဲသွားမှာဖြစ်ပြီး ဒီလိုနည်းနဲ့က သူမကို ကာကွယ်နိုင်မှာပါ။
"ရှင် ဟုတ်တယ်မလား"
လင်းရှောင်ယွဲ့ က သူပြန်မဖြေတာကို မြင်လိုက်ရပြီး ဒီတစ်ခါတော့ သူမက အသံကိုလျှော့ပြီး မေးလိုက်သည်။
ထိုအချိန်တွင် ရန်ယန်က ခေါင်းညိတ်ကာ သူ့အထောက်အထားကို ဝန်ခံလိုက်သည်။
သူ တခြားသူလို ဟန်ဆောင်လို့ မရတာမို့ ဝန်ခံလိုက်ရုံပဲ။
"ရှင် ညတုန်းက မတော်တဆဖြစ်လာတယ်ဆိုတာ ကျွန်မသိတယ်"
လင်းရှောင်ယွဲ့ စကားစမြည်ပြောလိုက်သည်။ "ရှင် နေ့ခင်းဘက်မှာ အလုပ်လုပ်ပြီး ညဘက် အပြင်ထွက်တာက အရမ်းအန္တရာယ်များတယ်။ ကျွန်မတို့ ပြန်သွားပြီးရင် ဒီကိစ္စကို ပြန်ဆွေးနွေးကြရအောင်။ နောင်မှာ ကျွန်မတို့ ဒါကို ထပ်ပြီး လုပ်လို့မရနိုင်ဘူးလို့ ထင်တယ်"
ရန်ယန် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ "ပြန်ပြီး မင်းနဲ့စကားပြောမယ်"
လင်းရှောင်ယွဲ့ - "အွန်း"
ရန်ယန်က သူမရဲ့ ခြေလက်တွေကို ဆေးကြောပေးပြီးနောက် တတိယရန်ယန်ရဲ့ စံနမူနာကို လိုက်နာကာ သူမကို ပြန်သယ်သွားချင်ခဲ့သည်။
လင်းရှောင်ယွဲ့အနေနဲ့ သူက သန်မာတဲ့ ရန်ယန် မဟုတ်ကြောင်းကို သိသည်။ သူက အားနည်းတဲ့ ပညာရှင်တစ်ဦးဖြစ်တာကြောင့် သူမကို သယ်ဆောင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တာကြောင့် ကိုယ်တိုင်ပဲ လမ်းလျှောက်ခဲ့သည်။
ဒုတိယ ရန်ယန်က အတော်လေး စိတ်ပျက်သွားခဲ့သည်။
ဒါပေမယ့် သူ ဘာမှ မပြောနိုင်ခဲ့ဘူး။ သူ သူမနောက်ပဲ လိုက်နိုင်ခဲ့သည်။