အခန်း (၆၆)
Vol. 6 Ch. 66
နှစ်ယောက်သား ရန်အိမ်ကို စောစောပြန်လာကြသည်။ ဒုတိယ ရန်ယန်က တတိယရန်ယန်ရဲ့ စံနမူနာကို လိုက်နာကာ ဟင်းချက်ဖို့ အဆင်သင့်ဖြစ်ခဲ့သည်။
ဒါပေမယ့်လည်း လင်းရှောင်ယွဲ့က သူ့နောက်ကျောကနေ ဘေးခန်းကျဉ်းလေးထဲ တွန်းကာ သူ့ကို သေချာအိပ်ခိုင်းခဲ့သည်။
သူမက "မနေ့ညက အပြင်မှာ အိပ်ခဲ့တာဆိုတော့ ပင်ပန်းနေလိမ့်မယ်! ရှင်လည်း နာရီအနည်းငယ်လောက်ပဲ အိပ်ခဲ့ရမှာ! အခု မြန်မြန်သွားအိပ်လိုက်! အိပ်ပျော်သွားလို့ နေ့လယ်စာစားချိန်ကျော်သွားရင်လည်း ကိစ္စမရှိဘူး၊ ကျွန်မချန်ထားပေးမယ်။ နေ့လည် ရှင်အိပ်ရာက နိုးလာရင် ထမင်းကျွေးမယ်"
ရန်ယန်ရဲ့ စိတ်အခြေနေက အရမ်း မကောင်းနေပေ။
သုံးနာရီသာ အိပ်ပြီး မနက်ခင်းအလုပ်အတွက် ကာယအားကို အသုံးချခဲ့သည်။
လင်းရှောင်ယွဲ့ရဲ့ တင်းမာမှုကြောင့် သူလည်း နာခံစွာ အိပ်ပျော်သွားခဲ့သည်။
ထို့ကြောင့် သူ့မှာ ယာယီအလုပ်အကြောင်း လင်းရှောင်ယွဲ့ နဲ့ စကားပြောဖို့ အချိန်မရှိခဲ့ပေ။
အလုပ်မသွားခင် နေ့ခင်းအထိ တစ်ရေးတစ်မော အိပ်မောကျပြီးနောက် ရန်ယန်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားက ပြန်လည်ကောင်းမွန်လာခဲ့သည်။
လင်းရှောင်ယွဲ့က သူ့လက်ကို ဆုပ်ကိုင်ကာ တတိယရန်ယန်ကို ခေါ်ထုတ်ဖို့ သူ့ရဲ့အိပ်ချိန်ကို အခွင့်ကောင်းမယူခဲ့ပေ။
ထို့ကြောင့် ယခုတစ်ကြိမ် နိုးလာသူမှာ ဒုတိယရန်ယန် ဖြစ်နေဆဲပင်။
ခန္ဓာကိုယ်ရဲ့ ပိုင်ရှင်သူ ဒုတိယရန်ယန်က သူ့စိတ်ထဲတွင် အမှန်တကယ် အံ့ဩသွားသည်..
သူ တစ်ကြိမ်ထက်မက သံသယရှိနေသည်။ 'နောက်ဆုံးမှာ ဒီခန္ဓာရဲ့ ပိုင်ရှင်က ဘယ်သူလဲ'
သူကိုယ်တိုင်ပဲလို့ ထင်ခဲ့ဖူးတယ်...
ညတိုင်း သူအိပ်ပျော်သွားတဲ့အခါ သူ့ရှေ့မှာ ရွေးစရာ ခန္ဓာကိုယ်သုံးခု ရှိတယ်လို့ ခံစားရသည်။
သူဘဝနဲ့ သူ့ချစ်ရသူတွေဆီမှ လွတ်မြောက်ချင်တိုင်း ကလေးကို လွှတ်ပေးဖို့ ရွေးချယ်ခဲ့သည်။
ညဉ့်နက်ချိန်နဲ့ သူက လူသူကင်းမဲ့တဲ့ အရပ်မှာရှိတိုင်း သူကိုယ်တိုင် အပြင်ထွက်ချင်သည်။
ကလေးက တိုက်ခိုက်ခံရတိုင်း နာကျင်ရတိုင်း အပြင်ထွက်ရမှာကို ကြောက်တော့ သူက သန်မာပြီး ကြမ်းတမ်းတဲ့တစ်ယောက်ကို လွှတ်လိုက်သည်။
တကယ်တော့၊ သူ့ကိုယ်ပိုင်အသိစိတ်ထဲက သုံးယောက်စလုံးက သူနဲ့သူတို့ကြားက ခွဲခြားမှုမရှိဘူး။
ဒါကြောင့် အခြားနှစ်ယောက်က လင်းရှောင်ယွဲ့ကို သဘောကျပြီး လင်းရှောင်ယွဲ့က ကောင်းပေးသည်။ အဲ့တာကို သူ ဘယ်တော့မှ မနာလိုမဖြစ်ဘူး။
မနာလိုခြင်းနဲ့ သဝန်တိုခြင်းတို့ကို ခံစားလာရတဲ့အခါ လင်းရှောင်ယွဲ့က သုံးယောက်အနက်မှ တစ်ဦးနဲ့သာ အထူးနီးစပ်တာကြောင့်ဖြစ်သည်။
ဤနည်းအားဖြင့် သူက သုံးယောက်ထဲက တစ်ယောက်လိုမဟုတ်ဘဲ လွတ်လပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူက လင်းရှောင်ယွဲ့ နှစ်သက်တာကိုမခံရတဲ့ သူဖြစ်သည်။
ဒုတိယ ရန်ယန်ရဲ့ နှလုံးသားက ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေခဲ့သည်။
သူ့နှလုံးသားထဲမှာ စကားလုံးတွေ အများကြီး ဝှက်ထားခဲ့ပြီး သူကသာ အဲ့ဒါကို သိတဲ့သူတစ်ယောက်ပဲ။
လင်းရှောင်ယွဲ့ အပါအဝင် ဒုတိယလူကို သူသိစေမည်မဟုတ်ပေ။
ထို့ကြောင့် ၎င်းက လင်းရှောင်ယွဲ့ ကိုလည်း အလားတူခံစားချက်ကိုပေးခဲ့သည်။
လင်းရှောင်ယွဲ့က ဒုတိယရန်ယန်နဲ့ သူမကြား ကွာဟချက်အနည်းငယ်ရှိပြီး သူတို့က မနီးစပ်ကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။
ဒုတိယရန်ယန်က စကား အရမ်းနည်းသည်။
နေ့ခင်းဘက်မှာလည်း ထုတ်လုပ်ရေးအဖွဲ့မှာ အလုပ်လုပ်သည်။
ညဘက်ဆို ထုံးစံအတိုင်း ထမင်းစား၊ အိပ်ယာဝင်သည်...
ပြီးတော့ လင်းရှောင်ယွဲ့ကို ထူးဆန်းစွာ ခံစားစေသည်။ ဒီနေ့ ဒုတိယ ရန်ယန်က စားပွဲပေါ်တက်ကာ အခန်းငယ်ရဲ့ ပြတင်းပေါက်ကို အပြင်ထွက်ချင်သည့် အသွင်အပြင်ဖြင့် ဖွင့်လိုက်သည်......
"ရှင် အပြင်သွားချင်လို့လား"
လင်းရှောင်ယွဲ့ မယုံကြည်နိုင်စွာ မေးလိုက်သည်။
သူမ သံသယ ဝင်မိသည်... သူက ဒုတိယရန်ကောဟုတ်ရဲ့လား? သူဘာကြောင့် သာမန်အချိန်တွေနဲ့ မတူရတာလဲ။
"အင်း တစ်ခုခုသွားလုပ်မို့" ရန်ယန်က သူမကို ပြန်ပြောခဲ့သည်။
"အဲဒါဘာလဲ"
လင်းရှောင်ယွဲ့ ရှေ့ကို တိုးလာပြီး မေးလိုက်သည်။ " မနေ့ညက ရှင် အပြင်ထွက်သွားပြီး ညဘက်ပြန်မလာဘူး၊ ဒီညတော့ အပြင်မထွက်နဲ့၊ တစ်ညလောက် အနားယူလိုက်။ ပြီးတော့ ရှင်က ဒုတိယလား၊ တတိယလား" သူတို့တွေ ဘယ်လိုလုပ်ပုံစံတူနေရတာလဲ။
နောက်ဆုံးစာကြောင်းအတွက် လင်းရှောင်ယွဲ့က မမေးခဲ့ဘူး။
ဘာ့ကြောင့်မှန်းမသိပေမယ့် သူမ မမေးရဲဘူး။
"ဘာပဲဖြစ်ဖြစ်ပါ..."
ရန်ယန်က မျက်လွှာချကာ သူ့ စိတ်ပျက်နေမှုကို ဖုံးကွယ်လိုက်သည်။ "ကိုယ်က မင်းကြိုက်တဲ့လူမဟုတ်ဘူး"
ထိုစကားတွေကို နားထောင်ပြီးနောက် လင်းရှောင်ယွဲ့ အနည်းငယ် ရှက်သွားမိသည်။
"သွားပြီ"
ရိုးရိုးရှင်းရှင်း စကားနှစ်လုံးပြောပြီးနောက် ရန်ယန်က အခန်းကျဉ်းလေးရဲ့ ပြတင်းပေါက်မှ ခုန်ဆင်းသွားခဲ့သည်။
"ဟေး..."
လင်းရှောင်ယွဲ့ သူနဲ့ စကားပြောလို့ မပြီးသေးဘူးလို့ ခံစားရသည်။ သူမ လျှပ်တပြက်အတွင်း ပြတင်းပေါက်မှ စားပွဲပေါ် အလျင်အမြန်တက်ကာ ခေါင်းကိုထုတ်လိုက်သည်။
“ဟေး…” လို့ အသံတိုးတိုးလေးနဲ့ အော်လိုက်သည်။
ရန်ယန်က ခေါင်းလှည့်လိုက်ပြီး လင်းရှောင်ယွဲ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
လင်းရှောင်ယွဲ့က သူ့ကို အလျင်အမြန်သတိပေးခဲ့သည်။ “ အပြင်ထွက်ပြီးရန်မဖြစ်လာနဲ့နော်။ ရှင့်ကိုယ်ရှင် ကာကွယ်ဦး! ရှင် တတိယလူမဟုတ်တော့ ရှင်တခြားသူတွေကို မရိုက်နိုင်ဘူး"
ရန်ယန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြကာ အမြန်လှည့်ပြီး ထွက်ပြေးသွားခဲ့သည်။
လင်းရှောင်ယွဲ့က သူ့ကို လုံးဝမမြင်ရတော့တဲ့အထိ သူ့နောက်ကျောကို စိုက်ကြည့်နေပြီး လှည့်ပြီး အိပ်ရာပေါ် ပြန်ထိုင်လိုက်သည်။
သူမ ခေါင်းကို ပွတ်သပ်ရင်း နားမလည်နိုင်ဖြစ်နေသည် ....
ကလေး ထွက်သွားကတည်းက ဒီမှာ ဘာတွေဖြစ်နေတာလဲ။
မဟုတ်ဘူး...
သူပြောင်းလဲတော့မယ်လို့ ဒုတိယကစပြောထားပြီးကတည်းက မြေကြီးတုန်ခါသွားစေတဲ့ အပြောင်းအလဲတွေ တကယ်ဖြစ်လာတာ။
ဒီတော့ပြောင်းနေတာ။
အခုတော့ သူ့ရဲ့ အပြောင်းအလဲတွေက တတိယရန်ယန်နဲ့ နီးကပ်လာပြီ။
"ဘယ်လိုမှမဖြစ်နိုင်ဘူး..."
အလွန်ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ တိုးလာတဲ့အခါ လင်းရှောင်ယွဲ့ရဲ့ နှလုံးသားက ရပ်တန့်သွားခဲ့သည်။
တတိယရန်ယန် ပျောက်ကွယ်တော့မယ်လို့ သူမ ယောင်ဝါးဝါး ခံစားမိသည်။
ဖြစ်နိုင်ပါ့မလား..... သူက တတိယနဲ့ အရမ်းတူပြီးတဲ့နောက်မှာ တတိယရန်ယန်က ပျောက်ကွယ်သွားမှာလား။
တတိယရန်ယန်ကို အကြာကြီး ခေါ်ထုတ်နေပေမယ့် တတိယရန်ယန်ကို မထိန်းသိမ်းနိုင်ဘူးလို့ ခန့်မှန်းရသည်။
ယခုအချိန်၌ လင်းရှောင်ယွဲ့ရဲ့ စိတ်တွေ
လုံးထွေးနေတယ်လို့သာ ဖော်ပြနိုင်သည်။
အရင်က သူမ သူ့ကို ပျောက်ကင်းအောင် ကုပေးချင်ခဲ့တာ။
အခုတော့ တတိယရန်ယန် ဒီလိုမျိုး ပျောက်ကွယ်သွားမယ့်အကြောင်းကို သူမတွေးလိုက်မိတဲ့အခါတွင် သူမ ထိုသို့လုပ်ဖို့ အလွန်ဝန်လေးနေမိသည်။
ဒါက သူ့ကို ကုသနေတာလား ဒါမှမဟုတ် တတိယရန်ယန်ကို သတ်နေတာလား။
လင်းရှောင်ယွဲ့ အဖြေကို နားမလည်နိုင်ခဲ့ပေ။
အခြားတစ်ဖက်တွင်မူ ဒုတိယရန်ယန်က ကျိုးကျန့်ဝေနဲ့ မနေ့ညက သူတွေ့ခဲ့တဲ့နေရာဖြစ်သည့် တတိယရန်ယန်သွားခဲ့တဲ့ လမ်းအတိုင်းလိုက်ကာ ဆိပ်ကမ်းဆီ ရောက်သွားခဲ့သည်။
မူလက ဒုတိယ ရန်ယန်က တတိယလူရဲ့ ထင်ကြေးပေးသည့်လမ်းကြောင်းကို ဂရုမစိုက်ခဲ့ပေ။
ဒါပေမယ့် မနေ့က ကျိုးကျန့်ဝေနဲ့ သူနဲ့ လင်းရှောင်ယွဲ့ အတွက် ယာယီအလုပ်နှစ်ခုဝယ်ဖို့ ပိုက်ဆံသုံးဖို့ ပြောခဲ့သည်။
ဒုတိယ ရန်ယန်က ဒါကို သေချာပေါက် သဘောတူသည်။
ဒီနေ့ ထွက်လာတဲ့သူက လူတွေနဲ့ ဆက်ဆံရမှာ ကြောက်တယ်လို့ ပြောပေမယ့် ဒါကိုတော့ သူ ရအောင်ယူရမည်။
ပိုကြောက်နေရင်တောင်မှ လုပ်ရမယ်။
ယခုခေတ်တွင် ဒုတိယရန်ယန်က အပြောင်းအလဲရဲ့ ပန်းတိုင်ကို ချမှတ်ပြီး နောက်တစ်ကြိမ် ပြောင်းလဲခြင်း ဖြစ်သည်။
တစ်ခြားသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကို ကြောက်နေလို့မရဘူး။ ဒါကြောင့် အခုအချိန်မှာ လူများများနဲ့ ဆက်သွယ်ပြီး ပေါင်းသင်းဆက်ဆံဖို့ ကြိုးစားရမယ်။
တတိယလူက အမျိုးမျိုးသော အောင်မြင်နိုင်သူဖြစ်လျှင် သူလည်းဖြစ်နိုင်ရမည်။
ဘာကြောင့်လဲဆိုတော့ သူတို့က လူတစ်ယောက်တည်းပဲ။
သုံးယောက်စလုံးက ရန်ယန်ဆိုတဲ့ အမည်ရှိသည်။
ကျိုးကျန့်ဝေနဲ့ ရန်ယန်တို့က ယနေ့ညတွင် တွေ့ဆုံရန် စီစဉ်ခဲ့ပြီး ရန်ယန်က ကျိုးကျန့်ဝေကို နေရာဝယ်ဖို့အတွက်ပိုက်ဆံ ပေးမည်ဖြစ်သည်။
အဲဒီအမိန့်ကို မနေ့ညကပြောအပြီးမှာ တတိယရန်ယန်က ယွမ်ငွေ ၃၅၀ ရရှိခဲ့သည်။
တစ်ညတွင် ယွမ် ၃၅၀ ရရှိခဲ့သည်။ ငွေရှာဖို့ အလွန်ချဲ့ကားသည့်နည်းလမ်းဟု ယူဆမိသည်။
တတိယရန်ယန်က ချမ်းသာတဲ့သူတွေကြား တရားမဝင် အလုပ်တွေ လုပ်ပေမယ့် ပုလဲနဲ့ ကျောက်စိမ်း မှောင်ခိုလုပ်ငန်းမှာ အထူးပြု အလုပ်လုပ်ထားတယ်ဆိုတာ ဒုတိယ ရန်ယန်က ရှင်းရှင်းလင်းလင်း သိသည်။
စွန့်စားရမှုက မြင့်မားပေမယ့် အမြတ်တစ်ခုရတဲ့အခါ ပိုက်ဆံများစွာရနိုင်သည်။
အန္တရာယ်ကို ရှောင်ရှားဖို့အတွက် တတိယရန်ယန်က တစ်လကို အကြိမ်အနည်းငယ်သာ ပြုလုပ်ခဲ့ပြီး ပမာဏက အလွန်နည်းပါးခဲ့သည်။
မနေ့ညက ခရီးက အရမ်းကြီးပြီး အကုန်ရောင်းကုန်သွားသည်။
အဲ့ဒါကြောင့် သူက တပြိုင်နက်တည်း အများကြီးလုပ်ခဲ့သည်။
သို့ရာတွင်၊ ၎င်းသည် လာမည့်အချိန်ကာလ၌ တတိယရန်ယန်က အနည်းငယ်ရပ်တန့်ရမယ်လို့ ဆိုလိုသည်။
ယွမ် ၃၅၀က ရန်ယန်ရဲ့ အိတ်ကပ်ထဲ ရှိနေသေးသည်။ ယာယီအလုပ်နှစ်နေရာဝယ်ဖို့ ကျိုးကျန့်ဝေကို ယွမ် ၅၀ ပေးခဲ့သည်။
ကျိုးကျန့်ဝေက သူ့အတွက် အမှန်တကယ် ငွေပေးထားပြီး ယခုအပတ်အတွင်း ၎င်းတို့နှစ်ဦးစလုံးကို အလုပ်ပေးစာတွေ ထုတ်ပေးနိုင်မယ်လို့ ခန့်မှန်းရသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ဒီနေရာမှာ ထပ်တွေ့ဖို့ ချိန်းဆိုထားပြီး ကျိုးကျန့်ဝေက ဤချိန်းဆိုချက်ကို ရန်ယန်ဆီ ပေးခဲ့သည်။
ကျိုးကျန့်ဝေက ဒီညရဲ့ ရန်ယန်က နည်းနည်းထူးဆန်းတယ်လို့ ခံစားခဲ့ရသည်။ စကားနည်းနည်းပြောတတ်ပြီး ရယ်ရတာ မကြိုက်ဘူး။ အဓိကအချက်က သူ့မျက်နှာမှာ အပြုံးအနည်းငယ်သာ ရှိနေသည်။
အဲဒီဟာက… ပျောက်နေတယ်
ကျိုးကျန့်ဝေက ရန်ယန်ကိုစကားပြောလိုက်သည် "ဒီနေ့ မင်းဘာတွေဖြစ်နေတာလဲ၊ မင်းစိတ်အခြေအနေမကောင်းတာကို မြင်နေရတယ် မင်းမိန်းမနဲ့ စကားများထားတာလား"
အစတုန်းက ရန်ယန်က ပိုက်ဆံပေးပြီး ထွက်သွားဖို့လုပ်ခဲ့ပေမယ့် ကျိုးကျန့်ဝေက သူ့ကို စကားပြောဖို့ ဆွဲခေါ်သွားသည်။ သူက တခြား "သူ"လို ဟန်ဆောင်နေတယ်လို့တွေးလိုက်တော့....သူ ထွက်သွားလိုက်တာက မကောင်းဘူး။
ထို့ကြောင့် သူက ကျည်ဆန်ကို ကိုက်ပြီး ကျိုးကျန့်ဝေ နှင့် စကားစမြည်ပြောလိုက်သည်။ "ငါတို့ စကားများထားတာ မဟုတ်ဘူး"
"စကား မများထားဘူးလို့လည်း ပြောသေးတယ် မင်းရဲ့စိတ်အခြေအနေက မကောင်းတဲ့ပုံပေါ်နေတယ်"
ကျိုးကျန့်ဝေက သူ့အိတ်ကပ်ထဲက စီးကရက်ဘူးကို ထုတ်လိုက်ပြီး ပါးစပ်ထဲမှာကိုက်ကာ ရန်ယန်အတွက် တစ်လိပ် ထုတ်ပေးလိုက်သည်။
"မင်းမှာ ပြဿနာရှိနေတာကို တွေ့ရတာ ရှားတယ်။ မင်း စကားပြောချင်လား"
"မလိုဘူး" ရန်ယန် ငြင်းလိုက်သည်။
စကားစမြည်လည်းမပြောဘူး ဆေးလိပ်လည်းမသောက်ဘူး။
"ဘာတွေဖြစ်နေတာလဲ၊ မင်း ဒီအကြောင်းပြောဖို့ခက်နေလို့လား" ကျိုးကျန့်ဝေ မတ်မတ်ထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အနည်းငယ်ယိမ်းကာ ရန်ယန်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
ဒီနေ့ ရန်ယန်ရဲ့ မျက်နှာက ကြောက်စရာကောင်းမနေဘူးလို့ ကျိုးကျန့်ဝေ ခံစားရသည်။ ဝမ်ထျဲရှန်လည်း အလားတူ ခံစားခဲ့ရသည်။
ဝမ်ထျဲရှန်က ဒီနေ့ ဘတ်စ်ကားပေါ်ကတောင် မဆင်းဘူး။ သူက ဘတ်စ်ကားပေါ်တွင် ထိုင်ကာ ပြတင်းပေါက်မှ ရန်ယန်ကို ကြည့်နေခဲ့သည်။
ဝမ်ထျဲရှန်လည်း ခံစားမိနေသည်..... သူ့အစ်ကို ရန် နည်းနည်းထူးဆန်းနေတယ်။
မှောင်ခိုဈေးရဲ့ ဟင်းသီးဟင်းရွက်ဧရိယာတွင် ရန်ယန်ကို နောက်ဆုံးအကြိမ်တွေ့ဖူးတာထက် သူစိမ်းဆန်နေသည်။
ဒါပေမယ့် ဘာထူးဆန်းနေတာလဲဆိုတာ မပြောတတ်ဘူး...
"ဘာမှမဖြစ်ပါဘူး၊ ပင်ပန်းနေလို့ပါ"
ရန်ယန်က သူ့ဘောင်းဘီကို ထိတ်လန့်တကြား ဆွဲဆုပ်လိုက်ပြီး ကျိုးကျန့်ဝေနဲ့ စကားပြောဖို့ အစပြုခဲ့ပေမယ့် သူ့နှလုံးသားက တချိန်လုံး ခုန်နေဆဲပင်။ "မင်းစကားပြောစရာရှိသေလား မရှိဘူးဆိုရင် ငါအရင်ပြန်လိုက်တော့မယ်။ ငါ့မိန်းမ အိမ်မှာ ငါ့ကိုစောင့်နေလို့"
"မင်း မိန်းမကြောင့်ဆိုတာ ငါသိသားပဲ!"
ကံအားလျော်စွာဖြင့် ကျိုးကျန့်ဝေက ရန်ယန်ကို သံသယမဝင်ခဲ့ပေ။ သူ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီးပြင်းပြင်းရှူလိုက်သည်။ “ကောင်းပြီ။ ငါ့မှာ မင်းနဲ့ ပြောစရာ မရှိတော့ဘူး။ ဒါဆို မင်း မိန်းမနဲ့နေပေးဖို့ စောစောပြန်လိုက်ဦး"
“သွားပြီ"
ရန်ယန်က ပြောစရာစကားများမရှိတော့တာကြောက့် လှည့်ပြီ အိမ်ပြန်သွားခဲ့သည်။
သူက ဘတ်စ်ကားဆီ အမြန်ပြန်ပြေးသွားပြီး ဝမ်ထျဲရှန် ဘေး ထိုင်လိုက်သည်။
ကျိုးကျန့်ဝေက ဒီနေ့ ရန်ယန် က အထူးတလည် ခြားနားနေတယ်လို့ ခံစားမိသည်။ သူက အနိုင်ကျင့်ခံထားရသလိုနဲ့ စိတ်ဓာတ်ကျနေတဲ့ပုံစံမျိုး ဖြစ်နေသည်။
ရန်ယန်နဲ့ မှောင်ခို ကုန်သွယ်မှုဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ လုံလောက်တယ်လို့ သူဆက်ပြောနေပေမယ့် သူက ရန်ယန်ရဲ့အခြေအနေကို ဂရုစိုက်ဆဲဖြစ်သည်။
ရန်ယန် စိတ်အခြေအနေမကောင်းဖြစ်နေတာကို မြင်လိုက်ရတော့ လမ်းညွှန်မှုပေးဖို့ တွေးလိုက်သည်။
ရလဒ်ကတော့ ရန်ယန်က စကားမပြောချင်နေပေ...
ပြောဖို့ဆန္ဒမရှိဘူးလား။ ဒါဆိုရင် ထားလိုက်တော့
သူတို့ကြားက မှောင်ခိုကုန်သွယ်ဆက်ဆံရေးကို ထိန်းသိမ်းတာက ပိုကောင်းသည်။
ထိုအချိန် ရန်ယန်က ဘတ်စ်ကားဆီ ပြန်သွားကာ ထိုင်နေခဲ့သည်။ ဝမ်ထျဲရှန်က သူနဲ့စကားထပ်ပြောလိုက်သည်။ “အစ်ကို ရန်၊ ဒီနေ့ ဘာဖြစ်နေတာလဲ တစ်ခုခုဖြစ်နေလို့လား။ အစ်ကို အပြုံးကို မမြင်ရဘူး..."
ထိုမှသာ ရန်ယန်က သူနဲ့ တတိယရန်ယန်ကြားက ခြားနားတဲ့အပြုံးကို သတိပြုမိသွားသည်။
သူက ဝမ်ထျဲရှန်ရှေ့မှာ သူ့ပါးစပ်ထောင့်တွေကို ပင့်လိုက်ပြီး အရမ်းမိုက်မဲစွာဖြင့် အားတင်းကာ ပြုံးပြလိုက်သည်။
ဝမ်ထျဲရှန်ရဲ့ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မထိန်းနိုင်ဘဲကြည့်လိုက်သည်။ "အစ်ကိုရန် ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့။ ကျွန်တော် နည်းနည်းကြောက်တယ်"
ရန်ယန်က သူ့အပြုံးကို ဖယ်လိုက်ပြီး စကားပြောတာရပ်ဖို့ ခေါင်းကို လှည့်လိုက်သည်။
သူ ဟန်ဆောင်လို့မရဘူး။
သူ့ကိုယ်သူ တခြားသူလို ဟန်ဆောင်လို့ မရဘူးဆိုတာ သူတွေ့ခဲ့သည်။
လူတိုင်းက သူ့ကိုယ်သူနဲ့ သူ့ရဲ့ကြားက ခြားနားချက်ကို မြင်နိုင်သည်။
သူ ပိုခက်အောင် ပြောင်းလဲဖို့ လိုပါသေးသည်။
"အစ်ကို ရန်၊ အစ်ကို ထုတ်လုပ်ရေး အဖွဲ့မှာ အလုပ် လုပ်စရာ မလိုပါဘူး။ ဒီနေ့တွေမှာ တစ်ခုခုလုပ်ဖို့ ပြင်ဆင်ပြီးပြီလား"
ဝမ်ထျဲရှန်က ရန်ယန်ကို မေးလိုက်သည်။ သူ့အမူအရာမှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ "အစ်ကို စီးပွားရေးလုပ်ချင်တယ်ဆိုရင် ကျွန်တော့်ကိုလည်းခေါ်!ကျွန်တော် နေ့ခင်းဘက်တွေဆို အရမ်းပျင်းနေတာ။ စီးပွားရေးကိစ္စသေးသေးလေးတွေက ကျွန်တော့်ကို ထိတ်လန့်စေတယ်။ အစ်ကို ကျွန်တော့်ကိုခေါ်ဖို့ဆန္ဒရှိတယ်ဆိုရင် ကျွန်တော် မကြောက်တော့ဘူး"
ရန်ယန် က ဝမ်ထျဲရှန်ကို ကြည့်ခဲ့ပေမယ့် စကားမပြောခဲ့ပေ။
သူဘာပြောရမှန်းမသိလို့ပါ။
ဝမ်ထျဲရှန်ကိုညကတိပေးရမလား ဒါမဟုတ် ငြင်းပယ်ရမလား သူမသိဘူး
သူ့ကို ပထမဆုံးတွေ့တုန်းက သူ ဝမ်ထျဲရှန်ကို ငြင်းခဲ့သည်။
ဝမ်ထျဲရှန်က ရန်ယန်ကို အကြိမ်ပေါင်းများစွာ ကြည့်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက ရန်ယန်ရဲ့အေးစက်တဲ့မျက်နှာနဲ့အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
နောက်ဆုံးမှာတော့ ဝမ်ထျဲရှန်က အားပျော့စွာပြောလိုက်သည်။ "ကောင်းပါပြီ။ ကျွန်တော် မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ရအောင်........."
အေးစက်တဲ့ အစ်ကို ရန် က နည်းနည်းတော့ ကြောက်စရာကောင်းသည်။
ဝမ်ထျဲရှန် သူ့စိတ်ထဲတွင် တိတ်တိတ်လေး တွေးနေမိသည်။
"ကြည့်ကြတာပေါ့"
အချိန်အတော်ကြာမှ ရန်ယန် ပါးစပ်မှ ဤစကားလုံးနှစ်လုံးကို ထုတ်ဖော်လိုက်သည်။
သူ့ကို ငြင်းလိုက်တာလည်း မဟုတ်သလို လက်ခံတာလည်းမဟုတ်ဘူး...
ဝမ်ထျဲရှန် ရှက်ရွံ့သွားသည်။ "အင်း အင်း၊ နောက်မှ ကျွန်တော်တို့ ကြည့်ရအောင်... ဘာပဲဖြစ်ဖြစ် ကျွန်တော် အသင့်ရှိနေမယ် အစ်ကိုရန် လိုအပ်တဲ့အချိန်ခေါ်လိုက် "
ရန်ယန် - "အမ်း"
အဲဒီနောက် ရန်ယန် စကားပြန်မပြောတော့ပေ။
ဘတ်စ်ကားက ပြန်မောင်းလာပြီး ရန်ယန်က ရှန့်ရန် ရွာအဝင်ဝမှာ ဘတ်စ်ကားပေါ်ကဆင်းကာ လမ်းလျှောက်လျက် အိမ်ပြန်လာခဲ့သည်။
ဒီနေ့လုပ်စရာတွေ အများကြီးမရှိတာကြောင့် သူ စောစောပြန်လာခဲ့သည်။
ဒါပေမယ့်လည်း သူ ပြန်ရောက်တဲ့အခါ လင်းရှောင်ယွဲ့က အိပ်ပျော်နေပြီဖြစ်သည်။
ရန်ယန် လင်းရှောင်ယွဲ့ အနားတွင် ထိုင်ချလိုက်သည်။
သူမကို ပွေ့ဖက် အစပျိုးဖို့ မဝံ့ရဲခဲ့ဘဲ အခု ချမ်းအေးတဲ့ညမှာ သူ့ခန္ဓာကိုယ်ပေါ်က နှင်းရည်စက်တွေကြောင့် သူမကို မပွေ့ဖက်ချင်တော့ပေ။
ဒါပေမယ့် သူ လင်းရှောင်ယွဲ့ လက်ကို ကိုင်ဖို့ အစပြုနေဆဲဖြစ်သည်။
သူမရဲ့လက်ကိုကိုင်ပြီး အိပ်ရတာကို သူသိသည်။
မှောင်မိုက်တဲ့ညရဲ့ တိတ်ဆိတ်မှုအောက် ရန်ယန်က သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူမရဲ့ အသက်ရှုသံကို ကြားနေရသည်။
သူမနဲ့ အတူရှိနေရတဲ့ ခံစားချက်က တကယ်ကောင်းသည်။
သူ သူမနဲ့အတူ ထာဝရရှိနေချင်သည်။
ဒီတော့ သူ့ကိုယ်သူ ဆက်ပြီး ပြောင်းလဲသွားလိမ့်မည်။
ပြောင်းလဲဖို့ ဘယ်လောက်ခက်ခဲနေပါစေ သူ့အတွက်ကတော့ ဆက်ပြီးရှိနေမှာပါ။
အနာဂတ်မှာ သူ ဘယ်ပြဿနာမဆို ဒါမှမဟုတ် အခက်အခဲတွေကြားက ရှောင်မပြေးဘဲ ဘယ်အရာကိုမဆို ရင်ဆိုင်ဖို့ ကြိုးစားမည်ဖြစ်သည်။
သူမ အားကိုးရပြီး သူမ ကြိုက်တဲ့လူလည်း ဖြစ်ချင်သည်။