← Chapters

အခန်း (၆၉)

Vol. 6 Ch. 69

အခန်း (၆၉)

Vol. 6 Ch. 69

သူ့လက်ဖဝါးကြီးတွေက လင်းရှောင်ယွဲ့ ရဲ့မျက်နှာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း သူ့ရဲ့နက်မှောင်တဲ့မျက်ဝန်းတွေဟာ ထိတ်လန့်ကြောက်ရွံ့တဲ့အမူအရာတစ်ချို့ကို ထုတ်ဖော်ပြသခဲ့သည်။

"ရှင် ဘာဖြစ်နေတာလဲ"

လင်းရှောင်ယွဲ့ သူ့ကို မေးလိုက်သည်။ သူမ အနည်းငယ် အသက်ရှူထုတ်လိုက်သည်။

"ကိုယ်... အပြင်ကိုမထွက်နိုင်တော့ဘူးလို့ ထင်လုနီးနီးပဲ"

တတိယ ရန်ယန်က သူတစ်ခါမှ မခံစားဖူးတဲ့ အကြောက်တရားကို ခံစားခဲ့ရသည်။ သူ့တည်ရှိမှု ပျောက်ကွယ်သွားမှာကို တစ်ခါမှ မစိုးရိမ်ခဲ့ဖူးပေ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒုတိယရန်ယန် ထွက်လာတဲ့အခါတွင် ဒုတိယရန်ယန်က သူ့ခန္ဓာကိုယ်နဲ့ ပတ်သက်တာတွေကို သူ သိပေမယ့် သူ လုံး၀မထွက်နိုင်ဘဲ သူ့အသိစိတ်လည်း မရှိတော့ပေ။

နောက်ဆုံးတော့ သူထွက်လာခဲ့သည်။

တတိယရန်ယန်က သူ့ရှေ့က လင်းရှောင်ယွဲ့ ကို ကြည့်လိုက်သည်။ သူ့နှလုံးသားက ထိတ်လန့်တုန်လှုပ်နေပြီး လွှတ်မချနိုင်ခဲ့ပေ။

ထို့ကြောင့် သူ သူမကို ပွေ့ဖက်ကာ ခဏတာ ပြင်းထန်စွာ နမ်းလိုက်သည်။

အနမ်းတစ်ခုက ထိတ်လန့်နေတဲ့ သူ့နှလုံးသားကို တည်ငြိမ်စေသည်။

လင်းရှောင်ယွဲ့က သူ့မျက်လုံးတွေထဲက ရှင်သန်လိုတဲ့ ဆန္ဒကို မြင်လိုက်ရသည်။

အေးခဲပြီး အသည်းကွဲသလို ခံစားရသည်...

သူမ ရန်ယန်ရဲ့ရင်ဘတ်ကိုထိလိုက်သည်။ "မကြောက်ပါနဲ့၊ ရှင်ထွက်လို့ရတယ်၊ သိပ်စိတ်မပူပါနဲ့..."

ရန်ယန်က သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။

သူမကို ဖက်ထားစဉ်တွင် သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း အားကောင်းလာတာကို လင်းရှောင်ယွဲ့ က မြင်လိုက်ရသည်။ သူမရဲ့ အရိုးစုငယ်သည် ဤမျှပြင်းထန်သော အင်အားနဲ့ ချေမှုန်းခံရတော့မယ်နဲ့ သူမ ခံစားခဲ့ရသည်။

ဒါပေမယ့် သူမဘာမှပြန်မပြောဘဲ သူ့ကို ပြန်ဖက်ခဲ့သည်။

ဒါက သူ့ကို သက်တောင့်သက်သာရှိစေရင် သူ့ကို ပွေ့ဖက်ထားလိုက်မည်။

လင်းရှောင်ယွဲ့က ရန်ယန်ကို အားပျော့ပြီး အရိုးမဲ့တဲ့လက်တွေနဲ့ နောက်ကျောကို ပုတ်ခြင်းဖြင့် ရန်ယန်ကို နူးညံ့စွာ နှစ်သိမ့်ပေးခဲ့သည်။

လင်းရှောင်ယွဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

သူမ စာကြည့်ခန်းတွင်သာ သူ့ကိုခေါ်ထုတ်နိုင်သည်။ တခြားဘာမှ မလုပ်နိုင်ခဲ့ဘူး။

ဤတတိယကိုယ်ခွဲကို ဖယ်ရှားတာက ရန်ယန်ကို ကုစားဖို့ တစ်ခုတည်းသောနည်းလမ်းဆိုရင် ......

လင်းရှောင်ယွဲ့က သူ့ကို ဤကဲ့သို့ "ပုံမှန်မဟုတ်တာကို" ဖြစ်စေချင်သည်။

သူ့ကို လောကကြီးက ထွက်ခွာသွားဖို့ ဆန္ဒမရှိခြင်းကြောင့် သူမကို အလွန်စိတ်ဒုက္ခရောက်စေခဲ့သည်။

.....

ကျိုးကျန့်ဝေ ပေးပို့တဲ့ ချိန်းစာတစ်စောင်ကို ရန်ယန် လက်ခံရရှိခဲ့သည်။

ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က ချိန်းစာလက်ခံရရှိပြီးနောက် ဒုတိယနေ့တွင် အလုပ်သွားစရာမလိုပေ။ အလုပ်အမှတ်မရရင်လည်း အရေးမကြီးဘူး။

ဝမ်ရှို့ယင်က ကွန်မြူနတီအတွင်းရေးမှူးဆီ ချိန်းထားသည့်စာကို ယူဖို့ တစ်မနက်ခင်းတွင် အလုပ်ဖယ်ထားကာ သူ့ကို တင်ပြခဲ့သည်။

အထက်ဖော်ပြပါ တရားဝင်တံဆိပ်က မှန်ကန်သည်။ အတွင်းရေးမှူးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဤတပ်ဖွဲ့ကို အထူးဆင့်ခေါ်ခဲ့သည်။

အဆိုပါခေါ်ဆိုမှုက ယာယီအလုပ်သမားနှစ်ဦးဖြစ်သည့် လင်းရှောင်ယွဲ့ကနဲ့ ရန်ယန် အကြောင်းမဟုတ်ဘဲ ယူနစ်ရဲ့တရားဝင်မှုကို အတည်ပြုခြင်းအကြောင်းဖြစ်သည်။

စစ်ဆေးပြီးနောက် ကွန်မြူနတီအတွင်းရေးမှူးက ဝမ်ရှို့ယင်ကို ဂုဏ်ပြုစကား ပြောခဲ့သည်။

ပင်လယ်စာစက်ရုံတွေလို နိုင်ငံပိုင်ကုမ္ပဏီကြီးများတွင် အလုပ်သမားအသစ်ဝင်ရောက်ဖို့ လစ်လပ်နေရာတွေ အလွန်နည်းပါးတာကြောင့် လူဝင်ဖို့ အလွန်ခက်ခဲလှသည်။

ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ရဲ့ ရာထူးတွေက ယာယီမျှသာဖြစ်ပေမယ့် အနာဂတ်မှာ ပုံမှန်အလုပ်သမားတွေ ဖြစ်လာနိုင်သည်။

ကွန်မြူနတီအတွင်းရေးမှူးရဲ့ အဆိုအရ ဤသည်မှာ အလွန်ကောင်းမွန်တဲ့ အလုပ်ဖြစ်သည်။

ရန်ယန်နဲ့ လင်းရှောင်ယွဲ့ ထွက်သွားနိုင်တာကလည်း ကြည်နူးစရာပဲ။

ကွန်မြူနတီအတွင်းရေးမှူးပြောသည်ကိုကြားပြီးနောက် ဝမ်ရှို့ယင်က ထိုအချိန်တွင်ခံစားချက် အလွန်ကောင်းနေသည်။

ကွန်မြူနတီအတွင်းရေးမှူးကို ကျေးဇူးတင်ကြောင်းပြောပြီး ချိန်းစာဖြင့် အိမ်ကိုဂရုတစိုက်ပြန်သွားခဲ့သည်။

ကွန်မြူနတီမှ စာရင်းကိုင်တစ်ဦးဖြစ်တဲ့ ပိုင်ရှောင်ချွမ်းက ဤအရာအားလုံးကို ရုံးတစ်ရုံးထဲတွင် မျက်မြင်တွေ့ခဲ့ပြီး ရန်ယန်နဲ့ လင်းရှောင်ယွဲ့ တို့ ယာယီအလုပ်ရရှိခဲ့ကြောင်း သိရှိခဲ့သည်။

ပိုင်ရှောင်ချွမ်းရဲ့စိတ်ထဲမှာ သံသယတွေရှိနေပေမယ့် ဘာမှမပြောခဲ့ပါဘူး။ တကယ်တော့ သူမလည်း ရန်ယန်ရဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်သင့်လားလို့ တွေးနေမိသည်။

ရန်ယန်နဲ့ လင်းရှောင်ယွဲ့ တို့ ကိစ္စတွင် နောက်ဆုံးအကြိမ်က သူမ ဝင်ရောက်စွက်ဖက်ခဲ့ပြီးကတည်းက ရန်ယန်က သူမကိုမုန်းတီးနေပြီ။

ဒီတစ်ခါတော့....

ပိုင်ရှောင်ချွမ်း ခဏတော့ တွေးလိုက်မိပေမယ့် ဝင်မစွက်ဖက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဝမ်ရှို့ယင်က ပျော်ရွှင်စွာနဲ့ အိမ်ပြန်သွားခဲ့သည်။

အိမ်တွင် ရန်ယန်နဲ့လင်းရှောင်ယွဲ့တို့က ကြက်တွေကိုအစာကျွေးနေကြသည်။

ကြက်ပေါက်တွေက ကြီးပြင်းလာကြပြီး ၎င်းတို့သည်သေးငယ်တဲ့အကောင်လေးတွေဖြစ်ပေမယ့် သူတို့တွေအတူတူ ပြုစုပျိုးထောင်ထားတော့ သူတို့ကို အောင်မြင်မှုရတယ်လို့ ခံစားရစေသည်။

ဝမ်ရှို့ယင် ချိန်းစာနဲ့ အိမ်ထဲဝင်လာတာကို လင်းရှောင်ယွဲ့နဲ့ရန်ယန်တို့ တွေ့လိုက်ရသည်။ သူမရဲ့မျက်နှာပေါ်မှာ ဖြစ်ပေါ်လာတဲ့အပြုံးကို မထိန်းနိုင်ခဲ့ဘူး။ "ရှောင်ယွဲ့၊ရှောင်ယန်၊ ငါ ကွန်မြူနတီအတွေးရေးမှူးနဲ့ဆွေးနွေးခဲ့ပြီးပြီ။ ဒီလိုမျိုး ယူနစ်တွေနဲ့ အဲ့လိုအလုပ်လုပ်တဲ့ လူတွေတကယ်ရှိတယ်။ ဒီယူနစ်က အရမ်းကောင်းတယ်လို့ ကွန်မြူနတီအတွင်းရေးမှူးကပြောတယ်။ လာ မင်းတို့နှစ်ယောက်ရဲ့ချိန်စာကို ဂရုတစိုက်သိမ်းထားကြ မပျောက်စေနဲ့"

လင်းရှောင်ယွဲ့ ထလာပြီး ဝမ်ရှို့ယင်ဆီမှ ချိန်းစာကိုယူလိုက်သည်။ ဝမ်ရှို့ယင် ပျော်နေတာကို မြင်ရတော့ သူမလည်းပျော်သည်။

69.2(uni)

KhatJuly 11, 2023

ဒါပေမယ့် သူမရဲ့ အဓိကအကြောင်းအရင်းကထုတ်လုပ်ရေးအဖွဲ့ကို သွားစရာမလိုတော့တဲ့အတွက် ပျော်ရွှင်ခဲ့တာဖြစ်သည်။

အနာဂတ်တွင် နေ့ခင်းဘက် အပြင်ထွက်ရင်လည်းညပွင့်ပွင့်လင်းလင်းထွက်နိုင်ပြီး သူမ အချိန်ရတဲ့အခါမှာ သူမရဲ့သေးငယ်သော အသက်မွေးဝမ်းကြောင်းအလုပ်က်ိုသွားနိုင်သည်။

" အမေ ဒါကကြီးမားတဲ့အဖြစ်အပျက်ကြီးလေ။ ဒီနေ့ နေ့လည်အတွက် အသားမရှိဘူးလား" လင်းရှောင်ယွဲ့ကမျက်ခုံးပင့်ကာ တမင်အရိပ်အမြွက်ပြလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် အသားစားရမယ် အသားစားရမှာပေါ့"

ဝမ်ရှို့ယင် ပြုံးလိုက်သည်။ "ငါ မြို့ထဲမှာ အသား သွားဝယ်မယ်။ မင်းတို့ နှစ်ယောက် အိမ်မှာ စောင့်နေကြ"

"အမေ ကျွန်မတို့သွားလိုက်မယ်"

လင်းရှောင်ယွဲ့ က ဝမ်ရှို့ယင်ကို ပြောလိုက်သည်။ "ရှောင်ယန်နဲ့ ကျွန်မမှာ ဘာမှလုပ်စရာမရှိဘူး။ ကျွန်မတို့ လမ်းလျှောက်ထွက်ချင်တယ်"

"ဟုတ်တာပေါ့ ဒါဆို မင်းတို့နှစ်ယောက် သွားလိုက် " ဝမ်ရှို့ယင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "မင်းမှာ ပိုက်ဆံရှိလား ငါ့မှာ ၅ ယွမ် ရှိတယ်"

လင်းရှောင်ယွဲ့ က ဝမ်ရှို့ယင်ရဲ့ ၅ ယွမ်ကို မထင်မှတ်ဘဲ လက်ခံလိုက်သည်။ "ကျေးဇူးတင်ပါတယ် အမေ၊ ဒါဆို ကျွန်မ ရှောင်ယန်နဲ့ သွားတော့မယ်"

"ဘာစားချင်လဲ ဝယ်ချင်တဲ့ဟာသာဝယ်လာကြ။ အကုန်သုံးလိုက်ရင်လည်း ကိစ္စမရှိဘူး"

ဝမ်ရှို့ယင်က ဒီနေ့ စိတ်ကောင်းဝင်နေပြီး သူတို့နှစ်ယောက်ကို ပိုက်ဆံတိုက်ရိုက်သုံးဖို့ ခွင့်ပြုလိုက်သည်။

အစားအစာကို ၅ ယွမ်နဲ့ ဝယ်တာက ပိုက်ဆံနည်းနည်းပဲ မဟုတ်ဘူး။

ထို့နောက် လင်းရှောင်ယွဲ့က ရန်ယန် လက်ကိုတွဲကာ ဝမ်းသာအားရ အိမ်မှထွက်ခွာသွားခဲ့သည်။

သူမ ပထမအကြိမ်တုန်းက တတိယ ရန်ယန်နဲ့အတူ အသီးအရွက်ဝယ်ဖို့ ထွက်ခဲ့ဖူးသည်။ သူမ ခြင်းတောင်းကို ယူလာပြီး နှစ်ယောက်သားလက်တွဲကာ မြို့ရဲ့ ဟင်းသီးဟင်းရွက်ဈေးဆီ လမ်းလျှောက်သွားခဲ့ကြသည်။

တစ်နာရီကျော်လောက် လမ်းလျှောက်ရတာ ပင်ပန်းမှာ သေချာသည်။

တတိယ ရန်ယန်က လမ်းလျှောက်ရင်း လင်းရှောင်ယွဲ့ ကိုမေးလိုက်သည်။ "ကိုယ် ကျောပိုးပေးရမလား။ မင်း လမ်းမလျှောက်နိုင်တော့ရင်ကိုယ့်ကို ပြောလိုက်။ မတောင့်ခံထားနဲ့ မင်းခြေထောက်မှာ အရည်ကြည်ဖုတွေပေါက်လာလိမ့်မယ်"

လင်းရှောင်ယွဲ့ က သူမကို သူ နှိမ့်ချနေတယ်လို့ ခံစားမိတာကြောင့် သူ့ကိုကျောပိုးခွင့်မပေးဘဲ သူမဘာသာပဲ လမ်းလျှောက်ချင်ခဲ့သည်။

သူတို့နှစ်ဦးက တောင်ကြောလမ်းကိုဖြတ်ပြီး လယ်ကွင်းအတွင်းမှ ရွာသူရွာသားတွေကို မြင်တွေ့ခဲ့ရသည်။

သူတို့နဲ့ တွဲလုပ်လေ့ရှိတဲ့ မိန်းကလေးတွေက ဒီနေ့ သူတို့ အလုပ်မလုပ်ပေမယ့် အပြင်မှာ ကစားနေကြတာကို မြင်တော့ ထူးဆန်းတယ်လို့ ခံစားခဲ့ရသည်။

ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့ မျက်နှာ နီရဲသွားသည်အထိ မနာလိုဖြစ်နေကြဆဲပင်။

လင်းရှောင်ယွဲ့က သူတို့ကို လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်ခဲ့သည်။ "မင်္ဂလာပါ ရှောင်ယန်နဲ့ ကျွန်မ ဒီနေ့ အလုပ်နားတယ်။ အိုး၊ ကျွန်မတို့ မြို့ကို သွားမလို့"

လယ်ကွင်းထဲမှာ ရွာကမိန်းကလေးတစ်ယောက်က လင်းရှောင်ယွဲ့ကိုတုံ့ပြန်ခဲ့သည်။ "နင်တို့နှစ်ယောက် မြို့မှာ ဘာသွားလုပ်မလို့လဲ"

လင်းရှောင်ယွဲ့ ပြန်ဖြေခဲ့သည်။ "ဟင်းသီးဟင်းရွက်ဝယ်မလို့ "

ရွာသူ/သားတွေ နားမလည်ဘူး..... ဘာလို့ မြို့မှာဟင်းရွက်သွားဝယ်မှာလဲ အလုပ်မလုပ်ဘူးလား။ အလုပ်အမှတ်တွေ မလိုချင်ဘူးလား။

လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က လူအုပ်ကြီးရဲ့ သဘောကျနေသည့် မျက်လုံးတွေအောက်တွင် ထွက်ခွာသွားခဲ့ကြသည်။

တစ်နာရီကျော်လောက် လမ်းလျှောက်ပြီးနောက် မြို့ရဲ့ ဟင်းသီးဟင်းရွက်ဈေးကြီးကို ရောက်လာခဲ့သည်။

လင်းရှောင်ယွဲ့က ပိုက်ဆံနဲ့ လက်မှတ်ကို ယူလိုက်ပြီး ဤနေရာတွင် ကြီးကြီးမားမား စျေးဝယ်ခဲ့သည်။

အသားဆယ်ပေါင်ကျော်၊ ကြက်ဥတောင်းကြီးတစ်တောင်းနဲ့ ပင်လယ်စာအချို့ကို ဝယ်ယူခဲ့သည်။

သူမက အလုံအလောက်ဝယ်ခဲ့တဲ့အတွက် စျေးကလည်း ပို့ဆောင်ပေးခဲ့သည်။

လင်းရှောင်ယွဲ့က သူမရဲ့လိပ်စာကို ပေးပြီးနောက်မှ တစ်စုံတစ်ယောက်က သူတို့အိမ်ဆီ အစားအသောက်ပို့ပေးဖို့ ဆိုက်ကားဖြင့် လာလိမ့်မည်။

ရန်ယန်က လင်းရှောင်ယွဲ့ နောက်မှ လိုက်ခဲ့သည်။ သူ့အခန်းကဏ္ဍက ခါးသီးတဲ့ အလုပ်သမားပဲ။ သူမဝယ်သမျှကို သူက ဒိုင်ခံသယ်ရသည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူကအဲ့တာတွေကို အိမ်ပြန်ပို့ပေးဖို့တော့မလိုဘူး။

ဝယ်ယူပြီးနောက် ရန်ယန်လည်း ပေါ့ပါးတဲ့ဝန်ကို သယ်လာခဲ့သည်။

လင်းရှောင်ယွဲ့က ရန်ယန်ကို မှောင်ခိုဈေးကွက် ထောင့်တစ်နေရာဆီ ခေါ်ဆောင်သွားပြီး ၎င်းတို့နှစ်ဦးက ဝမ်ထျဲရှန်နဲ့ တွေ့ဆုံခဲ့သည်။

ဝမ်ထျဲရှန်လည်း သူတို့နှစ်ယောက်ကိုတွေ့တော့ အံ့သြသွားသည်။

"အစ်ကို ရန်၊ မရီး!"

ဝမ်ထျဲရှန်က လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။ "အစ်ကိုတို့ နှစ်ယောက်ကို မတွေ့တာကြာပြီ"

လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ လက်ကို ကိုင်ပြီး ဝမ်ထျဲရှန် ဆီ ပြေးသွားခဲ့သည်။ "ဟေ့မောင်လေး မတွေ့တာတောင် ကြာပြီ၊ ဒီနေ့ မောင်လေးဆီမှာ ပေးစရာ ရစ်ဌက်မရှိဘူးလား"

"ဒီပစ္စည်းတွေကို နေ့တိုင်းကြီး ဘယ်လိုလုပ်ရနိုင်မှာလဲ မရီးရာ"

ဝမ်ထျဲရှန်က တစ်စုံတစ်ခုကို သတိရသွားချိန် လက်ကိုဝှေ့ယမ်းကာပြောလိုက်သည်။ "ဒါပေမယ့် ဒီနေ့တော့ ကျွန်တော့မှာ တကယ်ကောင်းတဲ့အရာတစ်ခုရှိတယ်"

ဝမ်ထျဲရှန်က သူ့လွယ်အိတ်ကို ဆွဲထုတ်လိုက်ပြီး အဲဒီအထဲမှာ မုန့်နှစ်ထုပ်ကို တွေ့လိုက်သည်။ "ဒါက မြို့ကလူတွေ မကြာသေးခင်က ဖြန့်ထားတဲ့ နောက်ထပ် အသစ်အဆန်း ပစ္စည်းတစ်ခုပဲ "

ဝမ်ထျဲရှန်က မုန့်ထုပ်ကိုဖွင့်ပြီး လင်းရှောင်ယွဲ့ နဲ့ ရန်ယန် ကို ပေးလိုက်သည်။ "မနေ့က ကုန်ပစ္စည်းဖလှယ်ပြီးတော့ ရှားရှားပါးပါး ပစ္စည်းထုပ်ကို ရခဲ့တာ။ ကိုယ်တိုင်တောင် မစားရသေးဘူး။ အစ်ကို ရန်၊ မရီး မြည်းကြည့်ပါလား"

မတ်ပဲမုန့်နဲ့တူတဲ့ အထဲမှာမုန့် လေးခုရှိသည်။

လင်းရှောင်ယွဲ့ အမှုမဲ့ အမှတ်မဲ့ ကောက်ကိုင်လိုက်ပြီး "မတ်ပဲမုန့်" ကို ကိုက်လိုက်သည်။

ရန်ယန်က တစ်လုံးစားသည်။ ဝမ်ထျဲရှန်လည်း တစ်လုံးစားသည်။

ဝမ်ထျဲရှန်က မျက်လုံးပြူးပြီး လင်းရှောင်ယွဲ့ ကိုပြောလိုက်သည်။ "မရီးက ပစ္စည်းတွေကို သိတယ်။ ဒါက မြို့ထဲမှာ အခုလေးတင် လူကြိုက်များလာတဲ့ ထုတ်ကုန်အသစ်လေ။ ရောင်းလိုအားနဲ့ စျေးကွက်ရှာဖွေရေး အေဂျင်စီမှာ ထားပြီး သူတို့အားလုံးထဲမှာ လက်ဆောင်ဘူးတွေ။ ဒါတွေက ချမ်းသာတဲ့သူတွေ အချင်းချင်း ပို့တဲ့အရာတွေပဲ”

"အရသာက သာမန်ပါပဲ" လင်းရှောင်ယွဲ့ စားရင်းပြောလိုက်သည်။

သူမ စားဖူးတဲ့ မတ်ပဲမုန့်လောက် မကောင်းဘူး။

မတ်ပဲမုန့်မျိုးက မတ်ပဲမုန့်ပြုလုပ်သည့် လုပ်ငန်းစဉ်တွင် ရှိသင့်ပေမယ့် ထုပ်ပိုးမှုက ပိုကောင်းသည်။

ဒါက လူကြိုက်များဖို့သာဖြစ်နိုင်သည်...

ကြည့်ကောင်းပြီး အဆင့်မြင့်တဲ့ ထုပ်ပိုးမှုကြောင့်လည်း ဖြစ်နိုင်သည်။ ဒါကြောင့် ဝမ်ထျဲရှန် ပြောခဲ့သလိုပဲ ချမ်းသာသူတွေကြား ရေပန်းစားလာခဲ့သည်။

"စားလို့ကောင်းတယ်လို့ ထင်တာပဲ!"

ဝမ်ထျဲရှန် ခေါင်းညိတ်လိုက်ပြီး တစ်ကိုက်တောင် မပြီးပေးပေ။ သူက နည်းနည်းကိုက်ပြီး​ပြောလိုက်သည်။ “မရီး​၊ မရီးက မြေယာပိုင်ရှင်ရဲ့ သမီးလား။ တောင်ပေါ်နဲ့ ပင်လယ်ထဲက အရသာတွေကို မရီး စားဖူးလား"

"ကျွန်မက မြေယာပိုင်ရှင်ရဲ့သမီးဖြစ်နိုင်ပါ့မလား။ ကျွန်မကို ၁၉ ယွမ် ၉ ဆင့်နဲ့ ဝယ်ထားတဲ့ မိန်းမပါ။ အရမ်းစျေးပေါတယ်လေ " လင်းရှောင်ယွဲ့က ဂရုမစိုက်တဲ့ မျက်နှာနဲ့ သူ့ကိုယ်သူ အရွှန်းဖောက်ခဲ့သည်။

ဒါကိုကြားတော့ သူမအနားမှာ ရန်ယန်က ချောင်းဆိုးသံကို ထုတ်မပြဘဲမနေနိုင်ခဲ့ပေ။ သူက "ဒီ ၁၉ ယွမ်နဲ့ ၉ ဆင့်တန်ဖိုးကို မင်းက ဂရုစိုက်လို့လား" လို့မေးလိုက်သည်။

လင်းရှောင်ယွဲ့က ရယ်မောပြီး သူ့ကို တံတောင်နဲ့ တွတ်လိုက်သည်။ "မစိုက်ပါဘူး၊ နောက်လိုက်တာပါ"

"မင်း ဂရုစိုက်​တယ်ဆိုရင်​ ကိုယ် သတို့သမီး​ဈေးကို ​နောက်​မှ ပြင်​​ပေးမယ်​" ရန်ယန်က သူမကို လေးလေးနက်နက် စိုက်ကြည့်ပြီး ပြောလိုက်သည်။

"မဟုတ်တာ၊ ဘယ်သတို့သမီးကို ပြင်ပေးမို့လဲ။ ကျွန်မ အမေရဲ့မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားတာ ကြာပြီ။ အမေ့မိသားစုဆီ မသွားနဲ့၊ ကျွန်မတို့ဆီ လာခဲ့ရင်တောင် သူတို့ကို လျစ်လျူရှုလိုက်ကြရအောင်"

လင်းရှောင်ယွဲ့က ရန်ယန်ကို သတိပေးခဲ့သည်။ မတ်ပဲမုန့်ကို ပါးစပ်ထဲထိုးထည့်လိုက်သည်။ “ရှင့်မှာ ပိုက်ဆံရှိရင် ကျွန်မကိုအကုန်ပေးလိုက်။ အဲ့တာကို စနစ်တကျစီစဉ်ဖို့ ကျွန်မ ရှင့်ကိုပိုက်ဆံပေးမယ်။ ပေးရတဲ့ အမှတ်တိုင်းက တန်တယ်လို့ အာမခံတယ်”

ရန်ယန်က သူ့နှုတ်ခမ်းထောင့်ကိုပင့်ပြီး ပြုံးလိုက်သည်။ "ဒါပဲ ဖြစ်ရမှာပေါ့"

ဝမ်ထျဲရှန်က သူတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ အငွေ့အသက်တွေနဲ့ စကားပြောနေတာကို ကြည့်နေသည် ...

သူ ကြက်သီးတွေတောင် တဖြန်းဖြန်းထသွားသည်။

ဒီပုံထဲမှာ သူက သူတို့ နှစ်ယောက်စလုံးရဲ့ ပုံစံအတိုင်း မဖြစ်သင့်ဘူးလို့ ခံစားရသည်။

"အစ်ကို ရန်၊ မရီး၊ အရသာရှိတယ်လို့ထင်ရင် နောက်တစ်ခါ ကျွန်တော် မြို့ကို သွားရင် မုန့်တချို့ထပ်ယူလာခဲ့မယ်" လို့ ဝမ်ထျဲရှန် ပြောလိုက်သည်။

"အရသာက သာမန်ပဲလို့ ကျွန်မ ပြောလိုက်တယ်လေ"

ဝမ်ထျဲရှန်က ပြောလိုက်သည်။ "ကျွန်တော် ဒီထက်ပိုအရသာရှိတဲ့ ဟာကို စားပြီးပြီ"

"မရီး၊ မရီးပဲပြောတယ်လေ မြေယာပိုင်ရှင်ရဲ့သမီးမဟုတ်ဘူးဆို! မရီး အရင်ကတောင်ပေါ်နဲ့ ပင်လယ်တွေထဲကဟာတွေကို စားဖူးတယ်မလား" ဝမ်ထျဲရှန်က လင်းရှောင်ယွဲ့ ကို စနောက်ခဲ့သည်။

လင်းရှောင်ယွဲ့ ရယ်မောလိုက်သည်။ “ကျွန်မက မျက်လုံးကျယ်ပေမယ့် တကယ်ပဲ မြေယာပိုင်ရှင်ရဲ့ သမီးမဟုတ်ပါဘူး၊ နောက်တစ်ခါဆိုရင်တော့

အခွင့်ကောင်းပဲ၊ ကျွန်မစားဖူးတဲ့ အရသာရှိတဲ့ ပဲမုန့်ကိုစားကြည့်ရအောင်လို့ ယူလာပေးမယ်"

ဝမ်ထျဲရှန် ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ မရီး! ဒါဆို မရီးက ရနိုင်သေးတာလား။ တကယ်ကောင်းရင် ကျွန်တော်တို့ စျေးကွက်ထဲ သွင်းလို့ရတယ်။ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကို ချမ်းသာတဲ့လူတွေရဲ့ လမ်းကြောင်းတွေဆီ တွန်းပို့နိုင်ရင် ကျွန်တော်တို့ ကံကြမ္မာကိုဖန်တီးနိုင်ပြီ"

ရန်ယန်က ဝမ်ထျဲရှန်ရဲ့ ခေါင်းပေါ် သူ့လက်ကို ချောမွေ့စွာ ဖိလိုက်သည်။ "မင်းဘာတွေ တွေးနေတာလဲ၊ တခြားသူတွေကို ဆွဲမချနဲ့"

ရန်ယန်က လင်းရှောင်ယွဲ့ကို စီးပွားရေးတွင် ပုဂ္ဂလိက ထင်မြင်ယူဆချက်ထဲ သူမကို မဆွဲသွင်းချင်ပေ။

လက်ရှိလူမှုရေးစနစ်တွင် သူ့အပြုအမူက ဥပဒေနဲ့မညီပေ။

ဒီအန္တရာယ်ကို သူတစ်ယောက်တည်း သည်းခံတာက လုံလောက်သည်။ လင်းရှောင်ယွဲ့ ပါဝင်ပတ်သက်ဖို့ သူဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို သူဘာလုပ်နေတယ်ဆိုတာကို သူမကို မသိစေချင်ဘူး။

ရလဒ်အနေနဲ့ ဝမ်ထျဲရှန်ရဲ့ ပါးစပ်လေးကို အဟန့်အတားမရှိဘဲ ရန်ယန်က ချက်ချင်း ဖော်ထုတ်လိုက်သည်။

ရလဒ်အနေနဲ့ ဝမ်ထျဲရှန် ရဲ့ စကားတွေက လင်းရှောင်ယွဲ့ ရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။ "ရှင့်ရဲ့ အဆိုပြုချက်က အရမ်းကောင်းတယ်လို့ ကျွန်မထင်တယ်။ ဒီနည်းနဲ့ ကျွန်မတို့ မြန်မြန် ငွေရှာနိုင်မှာ!"

ဝမ်ထျဲရှန်က စိတ်ညစ်ညစ်နဲ့ ခေါင်းကို ပွတ်ရင်းပြောလိုက်သည်။ "အစ်ကို ရန်၊ ကျွန်တော် စကားမှားမပြောပါဘူး...မရီး ဘယ်လောက်ပျော်နေလဲဆိုတာကြည့်လိုက် "

"ကျစ်!"

ရန်ယန်ရဲ့ ဓားရှည်မျက်ခုံးတစ်စုံက ရှုံ့တွသွားပြီး မကျေနပ်သည့် အရိပ်အယောင်ကို ဖော်ထုတ်လိုက်သည်။

သူ့ဘေးနားရှိ လင်းရှောင်ယွဲ့က ရန်ယန် လက်ကိုဆွဲကာ သူမရဲ့မျက်လုံးတွေက တောက်ပနေပြီးမေးလိုက်သည်။ "ဒါဆိုရင် ဒါက ရှင် သီးသန့်ငွေရှာတဲ့နည်းလမ်းလား။ကျွန်မကို ဘယ်တော့မှ မပြောပြတော့ဘူးလား။ ကျွန်မမှာ ရောင်းစရာနေရာမရှိလို့ ရှင်စားဖို့ နေ့တိုင်းစားစရာတွေ အများကြီးထုတ်လာပေးတာကို။ ကျွန်မရဲ့ပန်းသီးတွေ၊သစ်တော်သီးတွေ၊ စတော်ဘယ်ရီသီးတွေကိုကြည့်လိုက်။ ဘယ်လောက်ကောင်းလိုက်လဲ.....ဒါတွေကို ပိုက်ဆံအများကြီးရအောင် ရောင်းလို့ရတယ်"

လင်းရှောင်ယွဲ့က Taobao တွင် အသီးအနှံများစွာကို ယခင်က စာကြည့်ခန်းတွင် ဝယ်ယူခဲ့သည်။ မူလက သူမမှာ တောက်လောင်တဲ့ ရည်မှန်းချက်တွေနဲ့ ပူလောင်နေသည်။ ချမ်းသာအောင်လုပ်ဖို့ ကြံစည်နေသည်။

ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုံးမှာတော့ ဒီအသီးတွေက လင်းရှောင်ယွဲ့နဲ့ ရန်ယန်ရဲ့ အစာအိမ်ဆီရောက်သွားသည်။

သူ အရမ်းဆိုးတယ်!

ဒီလိုကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းကို လက်လွှတ်လိုက်ဖို့ မလိုဘူး။ သူတို့ သူမရဲ့ပစ္စည်းအားလုံးကို စားပစ်လိုက်တယ်။

လင်းရှောင်ယွဲ့က ရန်ယန်ကို အပြစ်မတင်ဘဲမနေနိုင်ပေ။

"မရီး၊ မရီးမှာ လမ်းကြောင်းတွေ အများကြီးရှိမှန်း ကျွန်တော် မသိခဲ့ဘူး"

ဝမ်ထျဲရှန်က လင်းရှောင်ယွဲ့ ရဲ့ မျက်လုံးများကို တအံ့တသြကြည့်လိုက်သည်။ "ဒါဆို ကျွန်တော်တို့ ပူးပေါင်းနိုင်မှာ အစ်ကို ရန်မှာလည်း သူ့လက်ထဲမှာ လမ်းကြောင်းတွေအများကြီး ရှိတယ်!"

လင်းရှောင်ယွဲ့ ရန်ယန်ကို စိုက်ကြည့်ပြီးပြောလိုက်သည်။ "အများကြီးတဲ့လား"

ရန်ယန်က သူမရဲ့ပုခုံးကိုဆွဲကိုင်လိုက်ပြီး မျက်ခုံးတွေကြုတ်ကာပြောလိုက်သည်။ "ဒါက မင်းနဲ့မဆိုင်ဘူး၊ ဒီလိုကိစ္စမျိုးမှာ မဝင်ပါနဲ့"

လင်းရှောင်ယွဲ့ - "ပိုက်ဆံရှာတာလေ! ပိုက်ဆံမလိုချင်ဘူးလား၊ ပိုက်ဆံ!"

ရန်ယန် - "........

သူ တကယ်ကို မပြောနိုင်တော့ဘူး။ သူမက ပိုက်ဆံကို အရမ်းချစ်တာလား။

..........

Notlucia - ငါဒုတိယရန်ယန်အတွက် စိတ်မကောင်းဖြစ်နေတုန်းပဲ။ (TTTT)

All Chapters