← Chapters

အခန်း (၇၂)

Vol. 6 Ch. 72

အခန်း (၇၂)

Vol. 6 Ch. 72

ဒီနေ့ညကို မြတ်နိုးရာညလေးအဖြစ် သတ်မှတ်ထားတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

ညစာစားပြီးနောက် လင်းရှောင်ယွဲ့က ရေနွေးခရားနှစ်လုံးနဲ့ အိုးကြီးနှစ်လုံးကို ဘေးခန်းငယ်လေးတွင် ထည့်လိုက်သည်။

သူမ အခန်းငယ်လေးရဲ့ တံခါးကို ပိတ်လိုက်သည်။ သူမ ရေချိုးဖို့ အဆင်သင့်ဖြစ်နေပြီ။

အရင်တုန်းကတော့ ရန်ယန်က သူမရေချိုးပြီးတိုင်း အပြင်မှာ အမြဲစောင့်နေပြီး သူမကိုအခန်းထဲမှာ ချိုးခိုင်းသည်။

ထို့ကြောင့် ရန်ယန်က သူမ အတွင်းကမ္ဘာအစစ်အမှန်ကို မမြင်ဖူးခဲ့ပေ။

လင်းရှောင်ယွဲ့က ဒီနေ့ညတွင် တံခါးအပြင်က ရန်ယန်ကို သော့ပိတ်ထားခဲ့သည်။

အခန်းကျဉ်းလေးထဲမှာ သူမတစ်ယောက်တည်းနေခဲ့သည်။ ရေနွေးခရားအိုးကို လောင်းချကာ အဝတ်အစားများကို ချွတ်ပြီး ညင်သာစွာ ထိုင်ချလိုက်သည်။

အိမ်သေးသေးလေးရဲ့ တံခါးအပြင်ဘက်ရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်ရင်း ရန်ယန်က မလှုပ်မရှားဖြစ်ကာ ရံဖန်ရံခါ ဒူးကိုလက်နဲ့ထိပြီး ခြေဖဝါးကို ခါခဲ့သည်။ သူ့သေးငယ်တဲ့ လှုပ်ရှားမှုတွေက သူ့ တင်းမာမှုကို ပြသနေသည်။

ဒါပေမယ့် ယန်ယန်လည်း တကယ်ကို ကြောက်ရွံ့နေမိသည်။

ဒါဟာ သူနဲ့ သူမဘ၀မှာ ပထမဆုံး ကြီးမားတဲ့ အဖြစ်အပျက်ပဲ။

ရစ်သမ်၊ ခွန်အား ဒါမှမဟုတ် ခံစားချက်တွေက ဤကိစ္စရပ်တွင် လူသားတွေရဲ့ မောင်းနှင်အားပေါ်တွင်သာ မူတည်ကြောင်း ရန်ယန် ရှင်းရှင်းလင်းလင်းသိသည်။

ဒါကပထမဆုံးအကြိမ်ဆိုတော့ အတွေ့အကြုံနည်းသည်။

ဒါကြောင့် သူမကို ဘယ်လိုခံစားချက်မျိုး ပေးနိုင်တယ်ဆိုတာ အာမခံချက်မရှိဘူး။

တံခါးတစ်ဖက်မှာ ဝမ်ရှို့ယင်က တံခါးမပိတ်ခင် ရန်ယန် က ​​အိမ်ငယ်လေးရဲ့ တံခါးဝမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။

ဝမ်ရှို့ယင်က သူ့ကို စောင့်ကြည့်နေသည်။ သူမ လှည့်လိုက်ပြီး အင်္ကျီချွတ်ပြီးသား ရန်တယုံကို ပြောလိုက်သည်။ "ဟေး ရှင့်ရဲ့ အင်္ကျီကိုပြန် ဝတ်ပြီး ရှောင်ယန်နဲ့ စကားစမြည်သွားပြော"

"ဘာလို့လဲ"

ရန်တယုံက မသွားချင်ဘူးလို့ တွေးကာ ကုတင်ပေါ် လှဲလျောင်းဖို့ အသင့်ဖြစ်နေပြီပင်။

ဝမ်ရှို့ယင်က သူ့ဆီ အမြန်သွားပြီး ကုတင်ပေါ်ကနေ ဆွဲထုတ်ခဲ့သည်။ " သူ့ကို သွားကြည့်။ ရှောင်ယန် အခု တံခါးမှာ ထိုင်နေတယ်။ ရှောင်ယွဲ့ ရေချိုးနေလို့ သူ ပျင်းနေတာ ထင်တယ်။ ဒီအခွင့်အရေးကိုယူပြီး သူနဲ့ စကားပြောဖို့ အဖေနဲ့သားဆက်ဆံရေးကိုလည်း လိုက်ကြည့်လို့ရတာပဲ"

"ဒါဆို ရှောင်ယွဲ့ ရေချိုးပြီးရင် သူဝင်သွားတော့မှာလေ ဟုတ်တယ်မလား။ ဘာပြောစရာရှိမှာလဲ" ရန်တယုံ ပြန်ပြောလိုက်သည်။

"အိုး၊ သူက ရှင့်သားလေ၊ ရှင့်သားနဲ့ စကားပြောတာ ဘာဖြစ်နေလို့လဲ"

ဝမ်ရှို့ယင်က ရန်တယုံကို အတင်းတွန်းထုတ်ပြီး အင်္ကျီအထူကြီးတစ်ထည်ကို ပေးလိုက်သည်။ "ခဏစကားသွားပြောလိုက်၊ ပြီးရင် ပြန်လာခဲ့!"

"ဘာတွေပြောစရာရှိလို့လဲ။ ငါ နားမလည်ဘူး.....ငါခါတိုင်း သူနဲ့ စကားသိပ်မှမပြောတာ.....ရှက်စရာကြီး......"

ရန်တယုံ ရေရွတ်လိုက်သည်။ သူ့စိတ်ထဲမှာ မလိုလားပေမယ့် ဝမ်ရှို့ယင်က သူ့ကို တွန်းထုတ်လိုက်တော့ သူ ရန်ယန်ဆီကို သွားဖို့ အပြင်းအထန် ကြိုးစားနေတုန်းပဲ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရန်တယုံက အခွင့်အရေးကို အမှန်တကယ် ဆုပ်ကိုင်ထားခဲ့သည်။

ထိုအချိန်တွင် ရန်ယန်က ထိုကဲ့သို့သော ကိစ္စအတွက် အလွန်စိတ်ပူပန်နေပြီး သူ့စိတ်နှလုံးမှာ အလွန်ထိတ်လန့်ကာ မကျေမနပ်ဖြစ်နေသည်။

မူလက ရန်တယုံကို မတွေ့ချင်ပေ။ အချိန်တန်တော့ ရန်တယုံက သူ့ဆီရောက်လာပြီး ရန်ယန်က သူ့နှလုံးသားထဲမှာ သဘာဝအတိုင်း လက်ခံလိုက်သည်။

ရန်တယုံက ရန်ယန် အနားက ခုံတန်းလေးပေါ်မှာ ထိုင်လိုက်သည်။ ရန်ယန် ရုတ်​တရက်​ ထရပ်​လိုက်​သည်​...

ပထမဆုံး အဖြစ်အပျက်မှာ ရန်တယုံက သူနဲ့အတူ မထိုင်ချင်ဘူးလို့ ထင်ကာ ရန်ယန်ကို မှင်တက်စွာ ကြည့်နေမိသည်။

ရလဒ်ကတော့ ရန်ယန်က ရုတ်တရက်ပြောလိုက်သည်။ "ကျွန်တော်နဲ့ ခဏလောက် လိုက်ခဲ့ပေး "

ထိုစကားကို ပြောပြီးနောက် ရန်ယန် အိမ်မှ ထွက်လာခဲ့သည်။

ရန်တယုံက တိမ်ထဲတွင် ရှိနေသော်လည်း ရန်ယန်နောက်မှ လိုက်သွားသေးသည်။

သူက အသက်ကြီးသော်လည်း ရန်တယုံကို ရန်ယန် ခေါ်လိုက်တဲ့အခါ သူ့စိတ်ထဲတွင် အတော်လေး တုန်လှုပ်နေသေးသည်။

ရန်ယန် သူနဲ့ ဘာစကားပြောမယ်ဆိုတာကို သူ မှန်းနေမိသည်။ ကြီးကြီးကျယ်ကျယ် တစ်ခုခုကိုတော့သူ မပြောချင်ဘူး ဟုတ်တယ်မလား။

ထို့ကြောင့် တံခါးဆီ လျှောက်သွားပြီးနောက် ရန်ယန်သည် ရုတ်တရက် နှစ်ကြိမ်ချောင်းဆိုးလိုက်ကာ နှုတ်ခမ်းကိုဖွင့်ဟပြီးပြောလိုက်သည်။ "ကျွန်တော့်ကို အဲ့ဟာနဲ့ပတ်သတ်ပြီး.....တစ်ခုခု သင်ပေးချင်တာရှိလား......"

"ဘာကိစ္စလဲ"

ရန်တယုံက ပထမတော့ တုံ့ပြန်ခြင်း မရှိပေ။

ရန်ယန်က နောက်ထပ် နှစ်ကြိမ် ချောင်းဆိုးပြီး မျက်နှာတည်ကြီးနဲ့ သတိပေးခဲ့သည်။ "ညဘက် ကိစ္စမျိုး"

"ညဘက် ဘာလုပ်မလို့လဲ။ အိုး..."

ရန်တယုံက ဒီအချက်ကိုပဲ တုံ့ပြန်ခဲ့သည်။ ရုတ်​တရက်​ဆိုသလိုပင်​။ သူ အနည်းငယ်​ ​ပျော်​သွားသလို ခံစားလိုက်​ရသည်​။ "ဒီလိုဟာမျိုး​... ဟုတ်​ပြီ​ ဟုတ်​ပြီ ဒါ​တွေကို ခုထိ မင်းတကယ်​မသိ​သေးဘူးပဲ......"

သူ့လှောင်ပြောင်တဲ့လေသံကြောင့် ရန်ယန်ရဲ့ ဓားလို မျက်ခုံးတွေက ကြုတ်သွားကာ သူ့ခန္ဓာကိုယ်ဘေးရှိ လက်ကို လက်သီးဆုပ်လိုက်ပြီး သူ့နှလုံးသားထဲ တင်းမာမှုနဲ့ အရှက်တရားများ တိုးလာခဲ့သည်။

ဒီအရွယ် ယောက်ျားတစ်ယောက်က ဒီလို အလိုလိုသိတဲ့အရာတွေကိုတောင် နားမလည်ဘူး။ အကျယ်ကြီးပြောရတာ တကယ်ရှက်စရာကောင်းတယ်။

ဒါပေမယ့်လည်း ရန်ယန်ရဲ့ အခြေအနေမှာ အထူးကောင်းမွန်ပြီး ရန်တယုံက သူ့အတွက် နားလည်မှုကို ထုတ်ဖော်ခဲ့သည်။

"ဒီလိုဟာက ဟုတ်သားပဲ မင်းအနားတိုးလာခဲ့ ငါပြောပြမယ်...."

"အရင်ဆုံး မင်းသူ့ကိုရှာရမယ်....."

ရန်တယုံက ရန်ယန်ကို သူ့ဘေးသို့ ဆွဲလိုက်ပြီး ဖြစ်စဉ်ကို သူ့နားထဲ လေးလေးနက်နက် ရှင်းပြခဲ့သည်..

ဤနှစ်များအတွင်း သားအဖကြားတွင် စကားအများဆုံး ပြောဆိုမှုက ဤကဲ့သို့သော စကားမျိုးဖြစ်လာလိမ့်မယ်လို့ သူတကယ် မမျှော်လင့်ထားခဲ့ပေ။

"ဒါက သူမကို နာကျင်စေမှာ မဟုတ်ဘူးလား"

နားထောင်ပြီးနောက် ရန်ယန်က နှလုံးသားထဲမှ မေးလိုက်သည်။

ရန်တယုံ ခေါင်းယမ်းလိုက်သည်။

ရန်ယန် မျက်ခုံးပင့်လိုက်သည်။ "မနာဘူးလား"

ရန်တယုံ ပြန်ဖြေလိုက်သည်။ "မသိဘူး၊ နာလားလို့ ဘာလို့မေးတာလဲ။ ငါက မိန်းမ မဟုတ်တော့ ငါမသိဘူး "

ရန်ယန်က ရန်တယုံကို မထီမဲ့မြင် ကြည့်လိုက်သည်။ "အဖေက မိန်းမကို ချစ်တဲ့လူမျိုးလည်း မဟုတ်ဘူး"

ရန်တယုံက သူ့သား သင်ကြားပြသပေးတာကို ခံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူ့လေသံက နည်းနည်းတော့ မကြည်မသာဖြစ်သွားခဲ့သည်။ "ငါက ဘာလို့မချစ်ရမှာလဲ။ အဲ့တာက သူ့ကို ချစ်လို့။ အဲ့ဒါကြောင့် ငါဒီလိုလုပ်တာ။ မဟုတ်ရင် မင်းဒီမှာရှိမှာတောင် မဟုတ်ဘူး။ နာတာဖြစ်စေ မနာတာဖြစ်စေ မင်းလုပ်ဖို့ မလိုဘူးလား"

ရန်ယန် - "........"

ဟုတ်တယ်။

ဒါက သူမကို နာကျင်စေတယ်ဆိုရင်တောင် တခြားနည်းလမ်းမရှိဘူး။

ပိုနူးညံ့သိမ်မွေ့အောင် ကြိုးစားမယ်လို့သာ ပြောနိုင်သည်။

သူ့ခွန်အားကို ထိန်းနိုင်မယ်လို့ မျှော်လင့်တယ်...

....

လင်းရှောင်ယွဲ့က ရေချိုးပြီးသွားပြီ။

သူမ အခန်းငယ်လေးဆီ တံခါးဖွင့်လိုက်သည်။ သူတို့က သူမကို အစားထိုးပြီး ရန်ယန်က ရေချိုးခန်းထဲဝင်သွားကာ သူ့အတွက် ရေနွေး တစ်ဝက်လောက် ချန်ထားခဲ့သည်။

ရန်ယန် ရေချိုးရတာ အဆင်ပြေသည်။ သုတ်ဖို့ သဘက်ကို သုံးကြိမ်ယူခဲ့သည်။

သူရေချိုးနေချိန် လင်းရှောင်ယွဲ့က အပြင်မထွက်ခဲ့ပေ။ သူမ စောင်အောက်မှာ လဲလျောင်းရင်း သူ့ရဲ့ခန္ဓာကိုယ်ကို ပွတ်သပ်နေတာကို ကြည့်နေခဲ့သည်။

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို သုတ်ပြီး ခြေထောက်ကို ပေါ့ပေါ့ပါးပါး ဆေးလေ့ရှိသည်။

ဒီနေ့ သူတို့လုပ်မည့် "မြတ်နိုးရာညလေး " ကြောင့် ရန်ယန်က အထူးအနေနဲ့ ထိုနေရာကို ဆေးကြောခဲ့သည်။

ကုတင်ပေါ် လဲလျောင်းနေတဲ့ လင်းရှောင်ယွဲ့က ရှက်ရွံ့သွားခဲ့သည်။ ရံဖန်ရံခါတွင် သူမ ခေါင်းလှည့်ပြီး စောင်ထဲကနေ ရှက်ကိုးရှက်ကန်းဖြင့် ပြန်လှည့်ကြည့်လာသည်။

သူမ နှလုံးခုန်​သံ​တွေ တကယ်​မြန်​လာသည်​......

ယခုအချိန်တွင် ရုပ်ပုံသည် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲတဲ့ ရှုပ်ထွေးမှုမျိုးရှိသည်။

ဒါပေမယ့် နှစ်ယောက်စလုံးရဲ့ နှလုံးသားထဲမှာ တင်းမာမှုတွေ ရှိနေတယ်ဆိုတာ ငြင်းလို့မရဘူး။

ရေချိုးပြီးနောက် ရန်ယန်က အခန်းငယ်လေးရဲ့ တံခါးကို ဂျက်ထိုးကာ ခြေလှမ်းချင်း နီးကပ်လာခဲ့သည်။

စားပွဲဘေးမှ ဖြတ်သွားတဲ့အခါ အောက်ငုံ့ပြီး ရေနံဆီမီးကို မှိတ်လိုက်သည်။

လင်းရှောင်ယွဲ့ ကုတင်ပေါ်မှ စက္ကန့်အနည်းငယ်အတွင်း ချက်ချင်း လှုပ်သွားခဲ့ပြီး သူ့အတွက် ကုတင်တစ်ဝက်ကို ဖယ်ပေးလိုက်သည်။

သူ့လက်ရှည်ရှည်က ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့သွားကာ သူမရဲ့ ခါးသေးသေးလေးကို ရှေ့တိုးလာစေဖို့ ရစ်ပတ်ထားခဲ့သည်။

သူ့ရင်ဘတ်ရဲ့ နွေးထွေးမှုက ပူပြင်းလာပြီး လင်းရှောင်ယွဲ့ရဲ့ နောက်ကျောဆီ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ သူမ အလွန်စိတ်လှုပ်ရှားသွားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ လက်သေးသေးလေးတွေက ကုတင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

"အဆင်သင့်ဖြစ်ပြီလား"

ရန်ယန်က ခေါင်းငုံ့ကာ နှုတ်ခမ်းပါးနဲ့ သူမနားသီးလေစကို နမ်းလိုက်သည်။ အောရှပြီး တိုးလျတဲ့အသံက လူမတို့ နှလုံးသားကို လှုပ်ခတ်စေသည့် မှော်ဆန်သည့် အရာအဖြစ် လင်းရှောင်ယွဲ့ နားထဲ ထွက်ပေါ်လာသည်။

လင်းရှောင်ယွဲ့ တောင့်တင်းပြီး မလှုပ်ရှားဝံ့ပေ။

ရန်ယန်က သူမပခုံးကိုကိုင်ကာ သူ့ကိုမျက်နှာချင်းဆိုင်ရန် တွန်းအားပေးကာ သူမရဲ့နှုတ်ခမ်းကို နမ်းလိုက်သည်။

လင်းရှောင်ယွဲ့က တင်းမာမှုကြောင့် အနည်းငယ် တုန်ယင်သွားပြီး သူမ မျက်တောင်တွေက အမှောင်ထဲတွင် အနည်းငယ် လှုပ်သွားသည်။

သူ့ဘေးနားကလူရဲ့ တုန်လှုပ်ချောက်ချားတဲ့စိတ်လေးကို သူ ခံစားမိသွားနိုင်သည်။ သူက ရဲဝံ့စွာနဲ့ သူမရဲ့မေးစေ့ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့နှုတ်ခမ်းက သူမရဲ့နားမှာ စကား တိုးတိုးလေးပြောကာ ချော့ခဲ့သည်။ "မကြောက်ပါနဲ့... ကိုယ်အရမ်းညင်သာပြီးပေးမှာပါ..."

"ရန်ယန်..."

လင်းရှောင်ယွဲ့ သူမ နှုတ်ခမ်းကို ဖွင့်ဟလိုက်တော့ သူမရဲ့အသံက အနည်းငယ်အောနေတာကို တွေ့ရတော့ သူမ အံ့သြသွားမိသည်။

အဖြစ်အပျက်ကြောင့် သူမ အနည်းငယ်ရှက်သွားသည်..

"တကယ်လို့ ကြောက်နေတယ်ဆိုရင်..."

ရန်ယန်က ရုတ်တရက် ရွေ့လျားမှုကို ရပ်တန့်လိုက်ပြီး ကျယ်ပြောလှတဲ့ စကြဝဠာကြီးကို ထိန်းထားနိုင်လောက်အောင် နက်နဲသော ပုံစံခွက်နဲ့ သူမရဲ့မျက်နှာလေးကို စိုက်ကြည့်နေသည်။

အမှောင်ထဲမှာ သူ့မျက်နှာရဲ့ အသွင်အပြင်က ဖျတ်ခနဲပေါ်လာသည်။ ရှင်းရှင်းလင်းလင်းမဟုတ်ဘူးလို့ ထင်ရပေမယ့် သူမ စိတ်ရှုပ်ထွေးနေတာကို မြင်နိုင်သည်။

" မင်းအရမ်းကြောက်နေပြီပဲ ဒါဆို....."

ရန်ယန် ခေတ္တရပ်လိုက်သည်။ "နောက်တစ်ခါမှဆိုရင်ကော "

စကားလုံးတွေထွက်လာတော့ လင်းရှောင်ယွဲ့ ရဲ့ လက်ဖဝါးက သူ့ပခုံးကို အနည်းငယ် ပုတ်လိုက်ကာ ပြတ်သားတဲ့ ရိုက်သံ ထွက်ပေါ်လာသည်။

သူမ သူမရဲ့ ခံနိုင်ရည်နဲ့ ဒေါသကို ပြသဖို့ လှုပ်ရှားမှုကို အသုံးပြုခဲ့သည်။ ရန်ယန် ခပ်အုပ်အုပ် ရယ်လိုက်သည်။

"ကောင်းပြီ ကိုယ်နားလည်ပြီ..." လို့ ပြောလိုက်သည်။

ဒီကိစ္စနဲ့ ပတ်သက်လာရင် သူက သူမလောက် သတ္တိမရှိတာ ထင်ရှားသည်။

သူမ ပြတ်သားတဲ့စိတ်ဖြင့် လုပ်နိုင်သည်။ သူ့မှာ ခဏခဏ နောက်ပြန်ဆုတ်ချင်တဲ့ အပြုအမူတွေ ရှိနေတုန်းပဲ။

ဘယ်လောက် အသုံးမကျလိုက်တဲ့လူလဲ။

သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်။ သူ ခေါင်းငုံ့လိုက်သည်။ ရန်ယန်က သူမ နှုတ်ခမ်းထောင့်၊ သူမ နှုတ်ခမ်းအပေါ်ပိုင်းနဲ့ နှုတ်ခမ်းအောက်ပိုင်းကို နက်ရှိုင်းစွာ စုပ်လိုက်ကာ သူမရဲ့ ချိုမြပြီး ပျော့ပျောင်းတဲ့ ဝင်သက်ထွက်သက်ကို စုပ်ယူလိုက်သည်။

သူတို့နှစ်ယောက်လုံး စောင်ခြုံထားကြသည်။ လှုပ်ရှားမှုက အရမ်းကောင်းတယ်၊ အခင်းတွေက အပေါ်အောက် ရွေ့နေသည်...

ခဏအကြာတွင် သူတို့နှစ်ဦးစလုံးရဲ့ အဝတ်အစားတွေကို စောင်ထဲမှထုတ်ပြီး ထောင့်တစ်နေရာ လွှင့်ပစ်လိုက်သည်။

စောင်က လူနှစ်ယောက်ကို ဖုံးအုပ်ထားသည်။ အိပ်ရာခင်းက အပေါ်အောက် လွင့်မျောနေသည်။ အိပ်ရာခင်းရဲ့ လှုပ်ရှားမှုက ပိုပိုပြီးကြီးလာပြီး ရန်ယန်ရဲ့ လက်ငါးချောင်းက လင်းရှောင်ယွဲ့ လက်ငါးချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လက်ဆယ်ချောင်းကို တွဲထားသောကြောင့် နှစ်ယောက်စလုံး လျှို့ဝှက်ကြိုးပမ်းနေကြသည်။

"ဟင့်..."

လင်းရှောင်ယွဲ့က အေးစက်တဲ့လေကို ရှုရှိုက်လိုက်သည်။ သူမပါးစပ်က သူ့နာမည်ကို သူမတစ်ခါမှ မကြားဖူးသော လေသံဖြင့်ခေါ်လိုက်သည်။ "ရန်ယန်..."

"ကိုယ်ဝင်နေတယ်..."

သူ့အသံက တိုးလျပြီး ဆွဲငင်ဓာတ်ပါနေသေးသည်..

"ကိုယ်ဒီမှာရှိတယ်.....မကြောက်နဲ့ ကိုယ်ဒီမှာ......"

သူက တိုးတိုးလေးပြောပြီး သူ့အသံက သူမရဲ့နားထဲမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေခဲ့ကာ နောက်ဆုံးမှာတော့ နှစ်သိမ့်မှုတစ်ခုအဖြစ် လုပ်ဆောင်ခဲ့သည်။

ဒီညရဲ့ ဒီနွေဦးည (1)က ရွှေတစ်ထောင်နဲ့ထိုက်တန်သည်။

နောက်တစ်နေ့တွင် လင်းရှောင်ယွဲ့က ရန်ယန် ရင်ခွင်ထဲတွင် နိုးလာခဲ့သည်။

သူမ ရန်ယန်ရဲ့ ရင်ဘတ်ပေါ် လဲလျောင်းနေပြီး နှုတ်ခမ်းပေါ်မှာ အပြုံးမပျက်ပေ။ သူမ အလွန်လှပတဲ့ အိမ်မက်တစ်ခုထဲ မိန်းမောနေသလိုပင်။

နိုးလာတဲ့အခါတွင် သူမ စိတ်က ပြည့်ဝပြီး ပျော်ရွှင်နေသေးသည်။

လင်းရှောင်ယွဲ့က သူမ လက်ချောင်းတွေကို ရွှေ့လိုက်ရာ သူမ လက်တွေက ရန်ယန်ရဲ့ လက်ချောင်းနဲ့ ရောယှက်နေတာကို တွေ့လိုက်ရပြီး ကျေနပ်စွာဖြင့် သူ့ရင်ဘတ်ပေါ်တွင် ဆက်အိပ်နေသည်။

သူမသည် သူမ၏နောက်ဆုံးဘဝတွင် သေသည်အထိ တစ်ကိုယ်တည်းနေခဲ့ရပုံကို တွေးခဲ့သည်။ ဒီဘဝမှာ နောက်ဆုံးတော့ သူမရဲ့ ချယ်ရီက ပေါက်ဖွားလာခဲ့သည်။

နောက်ဆုံးတွင် လင်းရှောင်ယွဲ့က အပျိုကြီးမဟုတ်တော့ဘဲ အခြားသူများ၏ ပါးစပ်ထဲတွင် ရွှေသူတော်စင် (2) ဖြစ်လိမ့်မည်မဟုတ်ပေ။

သူမသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး အမျိုးသမီးဖြစ်နေပြီဟု ဆိုနိုင်သည်။

သူမသည် ယခုခေတ်တွင်ရှိပေမယ့် ခင်ပွန်းကောင်းတစ်ဦးရှိနေဆဲဖြစ်ပြီး အာကာသစာကြည့်ခန်းနဲ့ ငါးဆားနယ် ဘဝနဲ့ တစ်သက်လုံးတောင် နေထိုင်နိုင်ပြီ။

ဘဝမှာ ဒီလိုခံစားရသည်။

အရမ်းကောင်းနေတုန်းပဲ။

ဟုတ်ပါတယ် ဒီကိစ္စကိုပြောနေတာ။ တကယ်တော့ သူမ ကျေနပ်ခဲ့ရတဲ့ အရေးကြီးဆုံးအချက်က သူမရဲ့ ပထမဆုံးအကြိမ်ကို တတိယရန်ယန်ဆီ ပေးခဲ့တာပဲ။

သူမ အဲ့တာကို သဘောကျပြီး အရေးကြီးဆုံးအရာတွေကို ပေးလိုက်သည်။

ဒီလိုနည်းနဲ့ တတိယရန်ယန်က နောင်တချိန်မှာ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူ နောင်တရစရာ မလိုဘူးလေ ဟုတ်တယ်မလား။

သို့တည်းမဟုတ် လင်းရှောင်ယွဲ့သည်လည်း နောင်တရမည်မဟုတ်ပေ။

ဒါပေမယ့် သူမ သူ့ကို ထွက်သွားစေချင်တုန်းပဲ။

လယ်ကွင်းမှာ အလုပ်လုပ်စရာမလိုတဲ့အတွက် အိပ်ရာထဲမှာပဲ နေနေဖို့က ကိစ္စမရှိဘူး။

ခြံဝင်းထဲတွင် မကြာခဏ စကားပြောသံ၊ ခြေသံများကို ကြားနေရသည်။ မနက်စောစောထ၊ ရေချိုး၊ ထမင်းစား၊ အလုပ်အတူတူထွက်သွားတဲ့ တခြားသူတွေရဲ့အသံ။

ဒါ သူများတွေရဲ့ဘဝပဲ

လင်းရှောင်ယွဲ့က အိပ်ရာပေါ် လှဲနေပြီး အခြားသူတွေ လုံလုံလောက်လောက် အလုပ်ကြိုးစားတာကို ကြည့်ရင်း သက်တောင့်သက်သာ ရှိနေသည်။

အပြင်ဘက်မှ အသံကြောင့် ရန်ယန် နိုးလာသည်။

နိုးလာပြီးနောက်တွင် သူက လင်းရှောင်ယွဲ့ ကို ပိုတင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး စိတ်ကျေနပ်ပြီး မလှဲချခင် ထ​ပြီး နဖူးကို နမ်းလိုက်သည်။

......

ကိုးကားချက်

1 နွေဦးည- နွေဦးညက ယောက်ျားနဲ့မိန်းမကြား ရိုမန့်တစ်ဆန်တဲ့ ချစ်ခြင်းမေတ္တာညနှင့် တစ်ခါတစ်ရံ နှိုင်းယှဉ်သည်- နွေဦးညက တိုတောင်းလွန်းသည်။ ဒါက Su Shi ရဲ့ 'Spring Night' က လာတယ်လို့ထင်တယ်"

2 ရွှေသူတော်စင်(ကျန်ရစ်) - တိုက်ခိုက်ရေးသမားသည် အိမ်ထောင်သက်ပြည့်ပြီးသော်လည်း ၎င်းတို့၏ လက်တွဲဖော်ကို ရှာမတွေ့သော ကျန်ရစ် အမျိုးသားများနှင့် အမျိုးသမီးများအတွက် ဟာသတစ်ခုဖြစ်သည်။

All Chapters