← Chapters

အခန်း (၆၂)

Vol. 6 Ch. 62

အခန်း (၆၂)

Vol. 6 Ch. 62

လင်းရှောင်ယွဲ့ မကြာခင်က ထပ်ပြီး တစ်ကိုယ်ကောင်းဆန်လာပြန်သည်။

ရက်အတော်ကြာအောင် သူမ တတိယရန်ယန်ကို စာကြည့်ခန်းထဲက တိုက်ရိုက်ထုတ်ခဲ့သည်။

ရလဒ်အနေနဲ့ကတော့ ဒုတိယရန်ယန် မထွက်လာတာ ကြာပြီ။

စာကြည့်ခန်းတွင် ရန်ယန် နှစ်ယောက်သာ ကျန်တော့ပြီး သူမရဲ့ ပင်ကိုယ်စိတ်က လင်းရှောင်ယွဲ့ကို ပြောပြနေသည်မှာ ရန်ယန် နောက်တစ်ယောက်ပဲကျန်ခဲ့ရင် ပျောက်ကွယ်သွားမည့်သူမှာ တတိယ ရန်ယန် ဖြစ်လာမည်မှာ သေချာသည်။

သူမ တကယ်ကို ဝန်လေးခဲ့သည်။ တတိယ ရန်ယန်ကို သူမ လက်မလွှတ်နိုင်ဘူး။

ထို့ကြောင့် ဒီမကြာခင် ကာလအတွင်း သူမရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ပိုပြီးလက်သင့်ခံခဲ့သည်။

ချန်ချိုင်ယွင်က တတိယမိသားစုအကြောင်း မကောင်းပြောဖို့ တစ်နေကုန် အပြင်ထွက်ပြီး ရန်ယန်က မကောင်းဆိုးဝါးလို့ ပြောနေခဲ့သည်။

ရွာမှာ ဒီလိုသတင်းတွေ တစ်စတစ်စ ပျံ့နှံ့လာခဲ့သည်။

ဒါပေမယ့် ဤသတင်း ပြန့်နှံ့လာချိန်တွင် လင်းတမိန် ဘက်မှ ဆရာနဲ့ တွေ့ပြီးနောက် ရန်ယန်ရဲ့စိတ်က တဖြည်းဖြည်း ကြည်လင်လာကြောင်း ရန်ယန်ရဲ့ သတင်းကို ဖြန့်ထားသည်။

ထို့ကြောင့် ဤရက်အနည်းငယ်အတွင်း ရန်ယန်နဲ့ ပတ်သက်သည့် သတင်းနှစ်ခု ကောလာဟလတွေက ရွာမှာ ပွနေခဲ့သည်။

ရန်ယန်က ဤရက်အနည်းငယ်အတွင်း ရွာ၌ နာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့သည်။

တတိယရန်ယန်ကတော့ သူ့ကို မကောင်းဆိုးဝါးလား လူကောင်းလားဆိုတာကို လူတွေပြောနေကြတာကို ဂရုမစိုက်ဘူး။ သူ့နားထဲမှာတော့ အရူးဆိုတဲ့နာမည်ထက် ကြားရတာပိုကောင်းသည်။

ရာသီဥတုက တကယ်ပူမလာသေးဘူး။ စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့ရဲ့ နွေဦးစိုက်ပျိုးရက် မရောက်သေးပေ။

နေ့စဥ်အလွန်ပျင်းရိနေတဲ့ ရန်ယန်က လင်းရှောင်ယွဲ့နဲ့ နေ့ခင်းဘက်မှာ အပျော်သဘောဖြင့် အပြင်ထွက်ခဲ့သည်။

နေ့တိုင်း တောင်ကြောဘက်ကို လမ်းလျှောက်ထွက်သည်၊ စကားစမြည်ပြောပြီး မြစ်ထဲမှာ ငါးဖမ်းကြသည်...

ပျော်ရွှင်စရာကောင်းတဲ့ဘဝဖြစ်ခဲ့သည်။

သူတို့ နှစ်ယောက် ဆော့ရင်း စကားစမြည်ပြောကြတဲ့အခါ ရွာသားတွေက ရန်ယန်ကို ညွှန်ပြနေတာကို တွေ့ရင် လင်းရှောင်ယွဲ့က ရန်ယန်ကို အဝေး ဆွဲထုတ်သွားပြီး သူတို့ဆီ အော်ပြောခဲ့သည်။ "ရွာသားတွေ ပိုရင်းနှီးအောင် ပြောပြမယ်။ ကျွန်မရဲ့ရှောင်ရန်က အရူးမဟုတ်တော့ဘူး။ သူက အရမ်းဉာဏ်ကောင်းတယ် "

အခြေခံအားဖြင့် ရွာသားတွေက လင်းရှောင်ယွဲ့ ပြောတာကို မယုံကြသဖြင့် လင်းရှောင်ယွဲ့၊ ရန်ယန်တို့နဲ့ ခဏတာ စကားပြောခဲ့ကြသည်။

ခဏကြာ စကားစမြည်ပြောပြီးနောက် ရန်ယန်ရဲ့ IQ ပြန်လည်ကောင်းမွန်လာကြောင်း သေချာအတည်ပြုနိုင်ခဲ့သည်။

ပြီးတော့ သူ ပြုံးတဲ့အခါ ကြည့်ကောင်းသည်။ သူက အရပ်ရှည်ပြီး နူးညံ့သိမ်မွေ့ပြီးတော့ လူအများကြားတွင် နဂါးပုံသဏ္ဍာန်ရှိသည်။

(TN: လူများကြားက နဂါး- ၎င်းသည် ပြောင်မြောက်ပြီး ထူးကဲသော စွမ်းရည်ကို ဖော်ပြသည့် သူရဲကောင်းတစ်ဦးအတွက် နိမိတ်ပုံဖြစ်သည်။ ၎င်းသည် "Jin-Biography of Song Xian" မှဖြစ်သည်။)

ထို့ကြောင့် ချန်ချိုင်ယွင် ဖြန့်နေသည့် ကောလာဟလတွေက တဖြည်းဖြည်း အချည်းနှီးဖြစ်လာသည်။

ရန်ယန်ရဲ့ စိတ်အခြေနေမှာ တဖြေးဖြေး ပြန်လည်ကောင်းမွန်လာကြောင်း တစ်ရွာလုံးက ရွာသားများက ဖြန့်ကြသည်။

ထို့နောက်တွင် ဝမ်ရှို့ယင်ရဲ့ မိသားစုသည်လည်း တံခါးပေါက်ကို တဖြည်းဖြည်း ချိုးဖျက်သွားခဲ့သည်။ ကံနည်းနည်းဆိုးတဲ့ မိသားစုတိုင်းက မြို့ထဲမှာ ဆရာရဲ့လိပ်စာတောင်းဖို့ သူမဆီလာကြသည်။

ဒါက အခမဲ့ ကြော်ငြာတာ မဟုတ်ဘူးလား။

ဆရာအတွက် အဆင်ပြေလိမ့်မယ်။

ပျော်ရွှင်စရာနေ့ရက်တွေက မကြာခင် ကုန်ဆုံးသွားခဲ့သည်။

နွေဦးရာသီအပြီးတွင် ထုတ်လုပ်ရေးအဖွဲ့က နွေဦးစိုက်ပျိုးခြင်းလုပ်ငန်းကို စတင်ခဲ့သည်။

ယခုနှစ်တွင် ၎င်း၏ သန်မာမှုကို ပြန်လည်ရရှိလာတဲ့ ရန်ယန်က ထုတ်လုပ်ရေးအဖွဲ့ရဲ့ နွေဦးစိုက်ပျိုးခြင်းလုပ်ငန်းတွင် စတင်ပါဝင်ခဲ့သည်။

ရန်တယုံက ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ယန်ပေါင်ရှန့်ကို ရန်ယန်နဲ့ လင်းရှောင်ယွဲ့ကို တစ်ဖွဲ့တည်းမှာ တာဝန်ပေးအပ်နိုင်စေဖို့အတွက်ပြောထားပြီး လင်းရှောင်ယွဲ့ ရန်ယန်ကို အနည်းငယ် ဂရုစိုက်နိုင်စေဖို့လည်း မျှော်လင့်ထားသည်။

ထို့ကြောင့် ယန်ပေါင်ရှန့်က ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ကို ရွာက အမျိုးသမီးတွေနဲ့ စပါးစိုက်ပျိုးရေးမှာ အလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့သည်။

ရန်ယန်ရဲ့ ပထမအကြိမ် လယ်ယာလုပ်ငန်းမှာ ပါဝင်ခဲ့စဉ်က စွမ်းအင်အလွန်ကောင်းမွန်ခဲ့သည်။

ဒီလိုအလုပ်မျိုးကို သူ မကြိုက်ပေမယ့် သူ့ရဲ့မိန်းမ လင်းရှောင်ယွဲ့ ကလည်း ရှေ့မှာ ဒီလိုလုပ်နေတာကြောင့် ယောက်ျားတစ်ယောက်အနေနဲ့ သူ့အားသာချက်တွေကို ချပြရမည်။

လူတိုင်းမှာ အလုပ်နယ်မြေကို ကောင်းကောင်း ခွဲထားကြသည်။ သူတို့အလုပ်တွေပြီးသရွေ့ လုံလောက်တဲ့အလုပ်လို့ ယူဆလိမ့်မည်။

ရန်ယန်က လင်းရှောင်ယွဲ့ ကို သူမရဲ့အချိန်ယူခွင့်ပေးလိုက်သည်။ အတူတူ အလုပ်တွေ ပြီးမြောက်ဖို့ မြန်မြန်ဆန်ဆန် လှုပ်ရှားသွားမည်။

လင်းရှောင်ယွဲ့က ဤအလုပ်တွင် သူ့အပေါ် မယဉ်ကျေးခဲ့ပေ။

နာခံပြီး ဖြည်းညှင်းစွာလုပ်ရင်း ပင်ပန်းလာတဲ့အခါ ခဏလောက် အနားယူသည်။ ရန်ယန်က အလုပ်ပိုလုပ်သည်။ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် သူက သူမခင်ပွန်းပါ။ သူမအဲ့တာကို တတ်နိုင်သည်။

တစ်မိသားစုတည်းမှ ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့က ခဏခဏ အနားယူနေတဲ့ လင်းရှောင်ယွဲ့ကို ကြည့်လိုက်ကြသည်။

"ရန်ယန်က အရူးဖြစ်နေတုန်းလို့ နင်ပြောခဲ့တာလေ။ သူ ပိုကောင်းလာတာကို ငါ ဘယ်လိုလုပ်မြင်နိုင်ရတာလဲ"

ရန်ဟုန်ရင်ရဲ့ မျက်လုံးတွေက ဟိုဘက်က ရန်ယန်ကို အခါအားလျော်စွာ စိုက်ကြည့်နေခဲ့သည်။ အကွာအဝေးက မဝေးဘူး။ သူမ ရှုထောင့်မှကြည့်လျှင် ရန်ယန်ရဲ့ နံဘေးဘက်ခြမ်းကို ကြည့်လို့ရသည်။

သူ့မျက်နှာပေါ်ရှိ ရူးနေတဲ့ အမူအရာက ပျောက်ကွယ်သွားပြီးနောက်တွင် သူ့ ခံနိုင်ရည်ရှိတဲ့ အသွင်အပြင်က အလွန်ချောမောပုံရသည်။

ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့က ရန်ယန် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း မကြာခင်က ရွာသားတွေဆီမှ ကြားသိခဲ့ရသည်။

သူတို့နှစ်ဦးက ရန်ယန်နဲ့ တစ်အိမ်တည်း နေထိုင်ကြပေမယ့် တစ်ပတ်အတွင်း ရန်ယန်နဲ့ အဆက်အသွယ်တွေ မရှိဘဲ ရန်ယန် တကယ် ပြန်လည်ကျန်းမာလာကြောင်းကို မသိခဲ့ကြပေ။

ယနေ့သည် ထုတ်လုပ်ရေးအဖွဲ့၏ ပထမဆုံးနေ့ဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးစလုံး စိတ်ပြန်လည်ကောင်းမွန်တဲ့ "ရန်ယန်" ကို ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းလည်း ဖြစ်သည်။

ရန်ဟုန်ရင်မှာ ရှုပ်ထွေးတဲ့ ခံစားချက်တစ်ခုရှိနေသည်။ "အရင်က ငါတို့မိသားစုနဲ့ အတူရှိတုန်းကတော့ တိုးတက်တဲ့လက္ခဏာကို မတွေ့ခဲ့ရဘူး။ တစ်နေကုန် ရူးနေတာ။ရေ သောက်ရင်လည်း ပါးစပ်ထဲကနေ ရေတွေထွက်ကျတယ်၊ အလုပ်တောင် မလုပ်ဖူးဘူး။ အခု သူ အလုပ်တောင်လုပ်ပြီး ဝင်ငွေ ရှာနိုင်ပြီ။ အရင်က အဲ့တာကအတုကြီးလို့ ထင်လား"

"မသိဘူးလေ"

ထို့အပြင် သူမ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပျက်နေခဲ့သည်။ ရံဖန်ရံခါ ရန်လျန်ဟွာက လင်းရှောင်ယွဲ့ကို စိုက်ကြည့်လေ့ရှိသည်။ "ဒီစျေးပေါတဲ့မိန်းမရဲ့ဘဝက အရမ်းကောင်းတယ်ဆိုတာ ငါသိပါတယ်။ မနှစ်တုန်းက ငါတို့အိမ်ရောက်လာတဲ့အချိန် အလုပ်ကိုနေ့တစ်ဝက်ပဲ လုပ်ခဲ့တယ်၊ ဆောင်းဦးရာသီ ရိတ်သိမ်းချိန် ပြီးသွားတော့ မိသားစုလည်းခွဲနေပြီး သူက အိမ်မှုကိစ္စ ဘာမှ လုပ်စရာ မလိုတော့ဘူး အခု နွေဦးရာသီ စိုက်ချိန်ရောက်ပြီ။ ရန်ယန်ရဲ့ IQ ကလည်း ပြန်ကောင်းလာပြန်ပြီ။ သူမ ကောင်းကောင်း လုပ်နေတာကို ကြည့်လိုက်... တောက်!"

"ဒီစျေးပေါတဲ့မိန်းမမှာ ကောင်းမွန်တဲ့ဘဝရှိတယ်"

ရန်ဟုန်ရင်ကလည်း ခေါင်းညိတ်ကာ သဘောတူခဲ့သည်။ "ငါတို့မိသားစုတံခါးကို ဝင်လာတော့ တတိယအဒေါ်က သူ့ကို ကောင်းကောင်းဆက်ဆံတယ်၊ အရူးက သူ့ကို ကောင်းကောင်းဆက်ဆံတယ်။ ဒါပေမယ့် အခုတော့ သူက အရူးမဟုတ်တော့ဘူး..."

"ဟူး... ပိုင်ရှောင်ချွမ်းနဲ့ လင်းရှောင်ယွဲ့ ကို အစားထိုးနိုင်ခဲ့ရင်ဆိုပြီး ငါတွေးဖူးတယ်"

ရန်လျန်ဟွာ သက်ပြင်းချလိုက်သည်။ "ပိုင်ရှောင်ချွမ်းက ပြိုင်စရာလုံးဝမလိုဘူး။ သူမ လင်းရှောင်ယွဲ့နဲ့ စောစောမှာသာ တိုက်ပွဲဝင်ခဲ့မယ်ဆိုရင် ပြန်လည်ထူထောင်လာတဲ့ ရန်ယန်က ​​အခုအချိန်မှာ သူမအတွက် ဖြစ်နိုင်တယ်"

ဘာအကြောင်းပြောနေတာလဲ...

ရန်လျန်ဟွာ ရုတ်​တရက်​ ​တွေးလိုက်​မိသည်​။ "​ဟေး၊ ရန်​ယန်​က သူ့ပညာရှိမှုကို ပြန်​ရ​တော့ လင်းရှောင်ယွဲ့ကို ကြိုက်​မှာမဟုတ်တော့ဘူးလို့ ထင်​လား"

ရန်ဟုန်ရင် တန်းတန်းမတ်မတ်ပြန်ဖြေလိုက်သည်။ "မဖြစ်နိုင်ဘူး၊ သူ့ကိုကြည့်ရလိုက်၊ သူ ဒီလိုမျိုးလုပ်နေတာကို"

အဲဒီ့မှာ ရန်ယန်က ပျိုးပင်တွေကို မစိုက်ဖို့ လင်းရှောင်ယွဲ့ ကို ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့ပေမယ့် သူမက သူ့နောက်မှာ ပျိုးပင်တွေကို ကိုင်ထားပြီး သူ့ဆီ လက်လွှဲပေးကာ သူက အဲ့တာတွေကိုစိုက်နေခဲ့သည်။

လင်းရှောင်ယွဲ့က သူ့ဆီ အလိုလိုက်ခံထားရတယ် အားးးး

ရန်လျန်ဟွာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး မနာလိုစိတ်ကြောင့် ရူးသွပ်သွားခဲ့သည်။ "အိုး၊ ဒါကို အလုပ်လုပ်တယ်လို့ ခေါ်တုန်းလား။ ဒါက မတ်တပ်ရပ်နေတာ မဟုတ်ဘူးလား။ ယောက်ျားရှိတာ အရမ်းကောင်းတယ်။ ငါလည်း မြန်မြန်လက်ထပ်ရမယ်။ ငါ့အတွက် အလုပ်လုပ်ပေးမယ့် ယောက်ျားကို ရှာပစ်ဦးမယ်"

ကံမကောင်းစွာပဲ လက်ရှိမှာ လုရှမင်က ပိုင်ရှောင်ချွမ်းကို စွဲလန်းနေခဲ့သည်။

ရန်လျန်ဟွာက လုရှမင်ရဲ့ အာရုံကို အလွယ်တကူ မရနိုင်ပေ ...

ဟိုမှာ ရန်ယန်ရဲ့ အလုပ်လုပ်တဲ့အရှိန်က တကယ်မြန်သည်။

မွန်းတည့်ချိန် မရောက်သေးတဲ့အချိန်မှာ နှစ်ယောက်ကြား ခွဲထားတဲ့ အလုပ်က ပြီးသွားပြီ။

သူ့နေရာနဲ့သူ ပြီးသွားတော့ ရန်ယန်နဲ့ လင်းရှောင်ယွဲ့က စပါးစိုက်တဲ့လယ်ကွင်းထဲကနေ တိုက်ရိုက်ထွက်သွားခဲ့ကြသည်။

လူတိုင်းရဲ့ မနာလို အားကျနေတဲ့ အကြည့်တွေအောက်မှာ သူတို့နှစ်ယောက် လက်ချင်းချိတ်ထားခဲ့သည်။

ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့က မျက်လုံးတွေ နီရဲသွားတဲ့အထိ မနာလိုဖြစ်ခဲ့ကြသည်။

တောင်ကမ်းပါးယံ ရောက်တဲ့အခါ လင်းရှောင်ယွဲ့က အလွန်ပင်ပန်းလွန်းတာကြောင့် သူမကိုယ်သူမ မသန့်ရှင်းတော့ဘဲ ကုန်းလမ်းပေါ် ထိုင်နေလိုက်သည်။

ရန်ယန်က အလွန်သန့်ရှင်းတဲ့ ရေမဟုတ်သော အင်တုံတစ်ခုကို ကောက်ယူပြီး သူမရှေ့မှာ ချပေးလိုက်သည်။ ထို့နောက် သူမရဲ့ခြေထောက်ကို လက်နှစ်ဖက်နဲ့ ယူပြီး ရေထဲကို စိမ်ကာ ခြေနှစ်ဖက်ကိုပွတ်လိုက်သည်။

ဒီပုံက ဟိုမှာ အလုပ်လုပ်နေတုန်းဖြစ်တဲ့ အမျိုးသမီး တော်တော်များများရဲ့ မျက်လုံးထဲကို ရောက်သွားပြီး မျက်လုံးတွေ နီရဲနေခဲ့သည်။

ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့ နှစ်ယောက်စလုံး အလွန်မနာလိုဖြစ်ခဲ့ကြသည်။

"အဲ့အရူးက အဲ့လောက်တောင်မှကောင်းတာလား" ရန်လျန်ဟွာ စိတ်အနှောင့်အယှက်ဖြစ်ကာ ပြောလိုက်သည်။

"ကိုယ့်အတွက် ဝယ်တဲ့မိန်းမအတွက် ဒီလောက်ကောင်းဖို့ လိုသေးလို့လား..."

ရန်ဟုန်ရင်က ပမာမခန့်မှုအပြည့်နဲ့ ပြောခဲ့သည်။ "အဲဒါကို တွေးကြည့်လိုက်၊ ငါတို့ကို သူ့မိသားစုလို့ သတ်မှတ်ထားတယ်။ သူနဲ့ ငါတို့က တစ်ကယ့်ကို ဆက်စပ်နေတာပဲ။ လင်းရှောင်ယွဲ့ ကို ၁၉ ယွမ် ၉ ဆင့်နဲ့ ဝယ်ခဲ့တာလေ ..."

"သူ့ဦးနှောက်က ရူးနေတုန်းလို့ ငါတော့ထင်တယ်!"

ရန်လျန်ဟွာက ဒေါသတကြီး အံကြိတ်ထားခဲ့သည်။ "သူက လင်းရှောင်ယွဲ့ ဆိုတဲ့ ဒီလိုမိန်းမမျိုးအပေါ်ကျ အရမ်းကောင်းတယ်။ တတိယအဒေါ်ထက် ဘာလို့ပိုမကောင်းရတာလဲ"

ဒီနေရာမှာ မတရားတဲ့အသံတွေ အများကြီးရှိပေမယ့် ရန်ယန် ကတော့ လင်းရှောင်ယွဲ့ ကို ကောင်းကောင်းဆက်ဆံသည်။

လင်းရှောင်ယွဲ့ ခြေဆေးရေကိုသွန်ပြီးနောက် ရေပုံးတစ်ပုံးကိုယူပြီး သူမလက်ကို ဆေးခိုင်းခဲ့သည်။

သူမ သန့်ရှင်းရေးလုပ်ပြီးသွားတော့ ရန်ယန်က လင်းရှောင်ယွဲ့ ကို အဝေး သယ်ဆောင်သွားဆဲပင်...

တစ်ဖက်တွင်မူ အမျိုးသမီးတွေက သူတို့ကို မနာလိုတဲ့ မျက်လုံးနဲ့ စိုက်ကြည့်နေကြသည်။

ဒီခေတ်မှာ ဇနီးမယားအပေါ် ကောင်းတဲ့ ယောက်ျားတွေ သိပ်မရှိတော့ဘူး။

မိသားစုအများစုတွင် အမျိုးသမီးတွေက အမျိုးသားတွေအတွက် မျိုးပွားမှုဆိုင်ရာကိရိယာနဲ့ အဆက်ဆက်များသာ ရှိသေးသည်။

ဇနီးဖြစ်သူအပေါ် အလွန်ကောင်းသည့် ရန်ယန်လို ဖြစ်ရပ်မျိုးက အလွန်ရှားပါးသည်။

ထို့ကြောင့် ထိုပုံရိပ်ကိုကြည့်ပြီး အမျိုးသမီးတွေ မနာလိုမဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေ။

ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က သူတို့ထွက်ခွာသွားတဲ့အခါ အာရုံစူးစိုက်မှုများစွာရရှိခဲ့တာကို သိပေမယ့် ဂရုမစိုက်ခဲ့ကြပေ။

လင်းရှောင်ယွဲ့က ရန်ယန် ပခုံးပေါ်တွင် လဲလျောင်းနေပြီး လက်တစ်ဖက်က ပုံးတစ်ပုံးကို ကိုင်ထားကာ အခြားတစ်ဖက်က ဖိနပ် ကိုင်ထားသည်။

ဒီလိုအလုပ်များတဲ့ လယ်ယာလုပ်ငန်းခွင်မှာ သူမရဲ့အနားမှာ ယောက်ျားတစ်ယောက်ရှိလို့ သူ့ဘဝတစ်သက်တာ ရည်မှန်းချက်ကို ကျေပွန်အောင် ဖြည့်ဆည်းပေးရတာကို အရမ်းပျော်သည်။

ဒီမနက် အလုပ်ဆင်းပြီးနောက် ပင်ပန်းနွမ်းနယ်မှုအဆင့်က ၅၀% ပဲရှိသည်။

လင်းရှောင်ယွဲ့က ရန်ယန် နဖူးပေါ်က ချွေးပေါက်တွေကို သုတ်ပေးလိုက်သည်။ "ဒီမနက် အလုပ်လုပ်ရတာ ပင်ပန်းနေပြီလား။ ရှင် ပင်ပန်းရင် ဒီနေ့လည်ကျရင် ဘာမှ မလုပ်နဲ့။ ကျွန်မ ကိုယ်တိုင် လုပ်နိုင်တယ်"

"မဟုတ်တာ ကိုယ် မပင်ပန်းဘူး"

ရန်ယန်က ဆိုးရွာစွာ ပြုံးခဲ့သည်။ "ဒီဘွဲ့က ဘာမှမဟုတ်ပါဘူး"

အိမ်ပြန်ရောက်တော့ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က အိမ်မှာရှိတဲ့ ရေသန့်ကို အသုံးပြုပြီး သူတို့ရဲ့ ခြေလက်တွေကို ပြန်ဆေးကြောခဲ့ကြသည်။

ရိုးရှင်းစွာ သန့်ရှင်းရေးလုပ်ပြီးနောက် လင်းရှောင်ယွဲ့က ထမင်းချက်ဖို့ စတင်ပြင်ဆင်ခဲ့သည်။ တကယ်တော့ သူမ ဟင်းချက်တာ မဟုတ်ဘဲ ရန်ယန်ချက်တာပင်။

သူမ အစက သူမရဲ့ ဟင်းချက်အတတ်ပညာကို မြှင့်တင်ချင်တာကြောင့် ​စာကြည့်ခန်းမှ ဟင်းချက်စာအုပ်တစ်အုပ်ကို ထုတ်ခဲ့သည်။

ဒါပေမယ့်သူမ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ချက်လို့တော့ရမယ့် စားနိုင်သလောက်တော့ အရသာမရှိခဲ့ဘူး။

လင်းရှောင်ယွဲ့က ဒီလိုအလုပ်မျိုး မလုပ်နိုင်ဘူးလို့ ထင်တယ်။ အရည်အချင်းရှိတဲ့လူကို ပေးရမယ်။

ရန်ယန်က အရင်က မချက်ပြုတ်ဖူးပေမယ့် လင်းရှောင်ယွဲ့ ရဲ့ အကျိုးအတွက် စမ်းကြည့်ဖို့ ဆန္ဒရှိခဲ့သည်။

ထို့ကြောင့် အလုပ်လုပ်သည့် ပထမနေ့တွင် နေ့လည်စာကို ရန်ယန်က ချက်ပေးသည်။

လင်းရှောင်ယွဲ့က ဆေးကြောပြီး အသီးအရွက်တွေကို လှီးဖြတ်ပေးသည်။ သူမ ဟင်းချက်နည်းကို လေ့လာနေပြီး ခဏခဏ "ဘာပြင်ဆင်ရမလဲ" ဟု ပြောတတ်သည်။

သူမရဲ့ပုံစံက စားဖိုမှူးတစ်ဦးဖြစ်ပုံရပေမယ့် လင်းရှောင်ယွဲ့ က မီးဖိုချောင်အကူအဖြစ် ပိုအလုပ်လုပ်သည်။

မီးဖိုချောင်ထဲမှာ လူနှစ်ယောက် စကားပြောရင်း ရယ်မောကာ လေထုက သာယာနေခဲ့သည်။

ရုတ်တရက် ခြံထဲမှ ချန်ချိုင်ယွင်ရဲ့ ကျိန်ဆဲ ဆဲဆိုသံကို ကြားလိုက်ရသည်။

လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့က သူတို့စကားပြောနေတာကိုရပ်လိုက်ကြပြီး ကျိန်ဆဲနေတဲ့ ချန်ချိုင်ယွင်က အိမ်တံခါးကနေ ကျော်ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ သူတို့တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ အသံမထွက်ဘဲ အရာအားလုံးကို နားလည်ခဲ့သည်။

ဒုတိယမိသားစုက လောင်းကစားအကြွေးတွေ အကြွေးတင်ခဲ့သည်။ နောက်ပိုင်းတွင် ချန်ချိုင်ယွင်နဲ့ ရန်တလင်းတို့ မြို့တော်ဆီ အတူတူသွားပြီး ငွေပြန်ပေးဖို့အတွက် ရန်ဟုန်ဝမ်ကို ဆူပူကြိမ်းမောင်းခဲ့သည်။ ထိုမှသာ သူတို့သည် ရန်ဟုန်ဝမ်ဆီမှ ယွမ် ၈၅၀ ကို ရခဲ့ပြီး ၎င်းတို့သည် ကြွေးမြီးများကို ပြန်ဆပ်ဖို့ ပြန်လာခဲ့သည်။

ထို့အပြင် ထိုငွေတွေကို ရန်ဟုန်ဝမ် ဆီမှ ထုတ်ယူခဲ့ခြင်း မဟုတ်ဘဲ ရန်ဟုန်ဝမ်ရဲ့ ယောက္ခမဖြစ်သူ စုဆောင်းထားသည့်ပိုက်ဆံတွေနဲ့ အကြွေးတွေကို ဆပ်ဖို့ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဒါပေမယ့် လောင်းကစားအကြွေး တင်နေသူမှာ ရန်ဟုန်ဝမ် ဖြစ်ပြီး ထွက်ပြေးသွားသူမှာလည်း ရန်ဟုန်ဝမ် ဖြစ်ပေမယ့် ချန်ချိုင်ယွင်နဲ့ သူမ ခင်ပွန်းက မြို့ဆီခရီးဆက်သွားကာ ရန်ဟုန်ဝမ်ရဲ့ ယောက္ခမအိမ်တွင် ရန်ဖြစ်ခဲ့သည်။

ဒီနှစ်ကစပြီး ရန်ဟုန်ဝမ်က ရန်မိသားစုဆီ တစ်ပြားတစ်ချပ်မှ မပို့ဘူးလို့ ပြောခဲ့သည်။

ထို့ကြောင့် ချန်ချိုင်ယွင်က သူမသားကို ဆုံးရှုံးလိုက်ရခြင်းမှာ ဂုဏ်ယူစရာပင်ဖြစ်သည်။

မကြာခင်က သူမ အသေးအမွှားကိစ္စတစ်ခုခုကို တွေ့ကြုံရတိုင်း ဆဲဆိုကြိမ်းမောင်းကာ နေ့တိုင်း ဆဲဆိုငေါက်ငမ်းပြီး စိတ်အခြေအနေက အလွန်ဆိုးရွားနေခဲ့သည်။

All Chapters