← Chapters

လင်းမြို့မှ လုမိသားစု

Vol. 2 Ch. 159

လင်းမြို့မှ လုမိသားစု

Vol. 2 Ch. 159

သွမ့်ကျွင်းက စိတ်တည်ငြိမ်အောင် ကြိုးစားကာ ဖုန်းအား လက်ခံလိုက်သည်။ သူက ဖုန်းအား နားတွင်ကပ်ကာ အလေးအနက်ထက် နားထောင်ပြီး အဆက်မပြတ် ခေါင်းညိတ်နေသည်။ နောက်ဆုံးတွင် သူက ဖုန်းချလိုက်ပြီး စက္ကန့်အတန်ကြာ တွေဝေနေပြီးမှ ချန်းဖန်အား ကြည့်သည်။

“ဆရာချန်း  ... ကျုပ် ... ကျုပ်တောင်းပန်ပါတယ်  ...။ ကျုပ် မသိလို့ပါ  ...”

“သွမ့်ကျွင်း  ... မင်း ဘာလုပ်နေတာလဲ  ...။ သူ့ကို ရိုက်တော့လေ” အစ်ကိုဝူက အော်ဟစ်သည်။ သို့သော်လည်း ပြန်ရသည်ကား ပါးရိုက်ချက်တစ်ချက်ပင်။

အစ်ကိုဝူ ကြီးစွာ ထိတ်လန့်သွားသည်။ သူက ပါးအား လက်ဖြင့်ပွတ်ကာ ဘာလုပ်ရမည်မသိပေ။

အားလုံးမှာလည်း ဘာဖြစ်သွားသည်ကို နားမလည်ကြပေ။ ဖုန်းခေါ်သူက အမှန်တကယ် ထိပ်ပြောင်ကြီးလျှိုများလား။

ထိုစဉ်မှာပင် အစ်ကိုဝူ မှာလည်း အခြေအနေကို ရိပ်မိလိုက်ဟန်ရသည်။ သည်တစ်ကြိမ် သူ လူမှားကာ ရန်စမိသည်ကို သိလိုက်သည်။ သူ၏ပါးပေါ်မှ လက်ဝါးရာက သက်သေဖြစ်သည်။

သူက မြေပြင်ပေါ်သို့ မြန်ဆန်စွာ ဒူးထောက်ချလိုက်ကာ ချန်းဖန်အား ကန်တော့သည် ... “ကျုပ် တောင်းပန်ပါတယ်  ...။ ကျုပ်ကို ခွင့်လွှတ်ပါ  ...”

သွမ့်ကျွင်းလည်း ပျားရည်ပေါ် သကာလောင်းသည့် အပြုံးဖြင့် ပြောသည် … “ဆရာချန်း  ... သူက အရူးတစ်ယောက်ပဲ။ သူ့ကို ဂရုမစိုက်ပါနဲ့”

ချန်းဖန် တိတ်ဆိတ်နေသည်။ သို့သော်လည်း ထုံရှန်း ရှေ့သို့ တစ်လှမ်းတက်လာကာ အစ်ကိုဝူ၏ ခြေထောက်များအား ပြင်းစွာ ကန်လိုက်သည်။

“အား  ...”

အစ်ကိုဝူကား ခွေခေါက်သွားကာ နာကျင်လွန်းသောကြောင့် ခြေထောက်များအား ရင်ဘတ်တွင်ကပ်ကာ ရှုံ့မဲ့စွာ လူးလိမ့်သည်။

သွမ့်ကျွင်းနှင့် အပေါင်းအပါများ၏ မျက်နှာများမှာ သွေးဆုတ်သွားကြသည်။ သို့သော်လည်း မည်သူမှ စကားတစ်ခွန်းမှ မဟရဲကြပေ။

“ကောင်းပြီ  ...” ဒီလောက်ပဲ ချန်းဖန် ခေါင်းယမ်းသည်။ သူက သည်မျှဖြင့် ရပ်လိုက်ရန် ဆုံးဖြတ်လိုက်၏။ သူတို့ကား သာမန်လူမိုက် များသာဖြစ်ကာ သခင်ကြီးဝူနာမည် ကြောင့်သာ မဟုတ်ပါက သူထွက်သွားသည်မှာ ကြာပြီဖြစ်သည်။

သို့သော်လည်း ချန်းဖန်က သွမ့်ကျွင်းတို့ အုပ်စုအား အလွယ်တော့ ခွင့်မလွှတ်ပေ။ လျှို့ကောတုန်းအား သူက သည်လူများအား ထပ်မမြင် ချင်တော့ကြောင်း ပြောခဲ့သည်။ လျှို့ကောတုန်းသည် သူ ဘာဆိုလိုသည်ကို နားလည်မည်ဟု သူယုံ၏။

“သခင်ကြီးဝူကို မတွေ့ရတာ နာတယ်  ...” ချန်းဖန်က တွေးကာ ကားပေါ်သို့ တက်သည်။

သူက ကျန်းချန်းအား ဖြတ်ကျော်သွားလျှင် စက္ကန့်မျှ ရပ်လိုက်ကာ ပြောသည်  ... “ဝူရှို့ရန်ကို ပြောလိုက်  ...။ မကြာခင် သူ့ဆီကို ငါလာမယ်လို့  ...”

ထို့နောက်တွင် သူ ကားပေါ်သို့ တက်သွားသည်။ လုယန်ရွယ်ကား တွန့်ဆုတ်နေပြီးမှ မြန်ဆန်စွာပင် လိုက်ပါလာသည်။ ကားမှာ အဝေးသို့ ပျောက်ကွယ်သွားသည်အထိ ကျန်းချန်တစ်ယောက် စိတ်တည်ငြိမ်ခြင်း မရှိသေးပေ။

“ဝူရှို့ရန်ဆိုတာ သခင်ကြီးဝူရဲ့နာမည် မဟုတ်ဘူးလား  ...” ကျန်းချန်က မျက်တောင်များကို ကွေးညွတ်အောင် စဉ်းစားပြီး မေးသည်  ... “သူက သခင်ကြီးဝူကို သခင်းပို့ခိုင်းရအောင် ဘယ်ကောင်မို့လို့လဲ  ...”

သူက မြေပြင်ပေါ်တွင် နာကျင်စွာလူးလိမ့်နေသော အစ်ကိုဝူအား ကြည့်ကာ ရေရွက်သည်  ... “သူက သူဌေးလျှို့နဲ့ အဆက်အသွယ်ရှိတယ်။ နောက်ဆုံး နာမည်က ချန်း  ...။ အသက်လည်း ငယ်တယ်။ သူက နာမည်ကျော် ဆရာချန်းလား”

ထိုအတွေးက သူ၏ခေါင်းထဲသို့ ဝင်လာလျှင် ကျန်းချန်တစ်ယောက် တဆတ်ဆတ် တုန်လာသည်။

ထို့နောက် သခင်ကြီးဝူနှင့် ဆရာချန်းတို့အကြား ရန်ငြိုးများ ရှိသည့်အကြောင်း ကောလာဟလများကို သတိရမိကာ ချွေးများစို့လာသည်။ သူက မြန်ဆန်စွာပင် ကားပေါ်သို့တက်ကာ သတင်းပို့ရန် မောင်းထွက်သွားသည်။

ချန်းဖန် ကားပေါ်သို့ ရောက်လျှင် ခရီးသည်များက သူ့အား ကြောက်လန့်တကြား ကြည့်ကြသည်။ မြောင်ရှောင်းချန်က အဖြစ်အပျက် အပြောင်းအလဲများအား လွန်စွာ အံ့သြမိသည်။ ချန်းဖန်ကား ဖုန်းတစ်ချက်ခေါ်ကာ လူမိုက်များအား မောင်းထုတ်နိုင်ခဲ့သည်။

လုယန်ရွယ်ကား မာနတစ်ခွဲသားဖြင့် ခေါင်းမော့ထားဆဲဖြစ်သည်။ သူမက ရေရွက်သည်  ... “ဟွင်း  ... လျှို့ကောတုန်းက ဘာမှ မဟုတ်ဘူး  ... ငါ့မိသားစုနဲ့ယှဉ်ရင် သူက သာမန်အဆင့်ပဲ”

ချန်းဖန် မိန်းကလေး၏ စကားကိုကြားကာ ရယ်ချင်စိတ်ဖြစ်လာသည်။ သည်မိန်းကလေးကား အတော်လေကြီးပေသည်။

ထို့နောက်တွင် သူတို့သုံးယောက် လမ်းပေါ်တွင် စကားများ ပြောဆိုလာခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့ လင်းမြို့သို့ ရောက်လာကြပြီးနောက် မြောင်ရှောင်းချန်ကား နှုတ်ဆက်ရန် မလိုလားသောစိတ်များ ဖြစ်နေသည်။ လုယန်ရွယ်က နှုတ်မဆက်ခင် ချန်းဖန်အားပြောခဲ့သည်  ... “ဟေး ကောင်လေး  ...။ နောက်တစ်ခေါက် သူရဲကောင်း မလုပ်ချင်နဲ့။ နင်က ဒီအစ်ကိုကြီးရဲ့ ကာကွယ်မှုရှိတယ် ဆိုပေမယ့် နင့်ပုံစံနဲ့ တကယ့်စွမ်းအားမြင့်တိုက်ခိုက်ရေးသမားတွေကို မယှဥ်နိုင်လောက်ဘူး။ ပြဿနာသိပ်မရှာနဲ့  ... ဟုတ်ပြီလား”

သူမက စက္ကန့်အနည်းငယ် ရပ်နေပြီးမှ တွန့်ဆုတ်စွာ ပြောသည်  ... “တကယ်လို့ နင်ပြဿနာတက်ခဲ့ရင် ငါ့နာမည်ကို ပြောပြီး ငါက လုမိသားစုကလို့ ပြော  ...”

“ကျေးဇူးပဲ  ...။ ဒါပေမဲ့ မလိုဘူး” ချန်းဖန်က လက်နှစ်ဘက်ကို နောက်တွင် ချိတ်ကာ အေးအေးလူလူ ပြောသည်။

“ခေါင်းမာတဲ့ အကောင်  ...” လုယန်ရွယ် တွေးသည်။ သူတို့ အချင်းချင်း ဖုန်းနံပါတ်များ ဖလှယ်ပြီးနောက် လမ်းခွဲကြသည်။

ချန်းဖန်နှင့် ထုံရှန်းတို့ ဘတ်စ်ကားဂိတ်မှ ထွက်လာကြသည်။

“လင်းမြို့  ... ငါလာပြီ”

သူက အနီးမှ ဖြတ်သွားဖြတ်လာများအား ကြည့်ကာ သူ၏မသေမျိုး စိတ်စွမ်းအားကို ဖြန့်ကြက်လိုက်သည်။ အံ့သြစရာ ကောင်းအောင် သူက သိုင်းပညာရှင် တစ်ယောက်အား တွေ့ရှိသည်။ ကောင်းသော သင်္ကေတပင်။

ချန်းဖန်က ဟော်တုန်းလိုင်ကား ညီလာခံနေရာအား မမေးပေ။ သူကိုယ်တိုင် ထိုနေရာအား တွေ့နိုင်သည်ဟု ယုံကြည်၏။

သူ၏ မသေမျိုးစိတ် စွမ်းအားကို ထိုသိုင်းသမားထံ၌ မှတ်သားထားကာ သူ့နောက်မှ လိုက်သည်။ သိုင်းသမားကား မြန်ဆန်စွာ သွားနေပြီး တခြားတစ်ဖက်တွင် ချန်းဖန်၏ ခြေလှမ်းများက ကျယ်သည်။ ထို့ကြောင့် သူက တစ်ဖက်လူနောက်ကို လိုက်မှီရန် မခက်ခဲပေ။

ကြောင်နှင့်ကြွက် ပြေးတမ်းလိုက်တမ်း ကစားသလိုပင် အတန်ကြာ သူတို့ နောက်ယောင်ခံလိုက်ပြီးနောက် ထောင့်ချိုးတစ်ခု၌ ထိုလူက နံရံအား မှီလျက် ရပ်နေသည်ကို မြင်သည်။

“မင်း ဘယ်သူလဲ  ...။ ဘာလို့ငါ့နောက် လိုက်နေတာလဲ”

သိုင်းပညာရှင်၏မျက်နှာကား ဝါကြန့်ကြန့်ဖြစ်သည်။ သူကား ပိန်ပါးကာ အရပ်ရှည်ပြီး လူလတ်ပိုင်းအရွယ်ဖြစ်သည်။ ပိန်ပါးသော်လည်း သူ၏လက်မှ ထူးထူးခြားခြား ကြီးမားသည်။ သူ၏ လက်ချောင်းထိပ်များမှ အဖြူဖျော့ဖျော့ အလင်းများ ဖြာထွက်နေသည်။ သူက ထုံရှန်း၏ ခန္ဓာကိုယ်ကြီးကို စူးနစ်စွာ ကြည့်နေသည်။

“ခင်ဗျား ကျုပ်ကို သတိထားမိတယ်  ...”

ချန်းဖန်က အံ့အားသင့်နေပြီးမှ အဖြေကို တွေ့လိုက်သည်။

ထုံရှန်းကား သာမန်လူများပင် သတိထားမိနိုင်လောက်အောင် အရွယ်အစားကြီးနေခြင်းပင်။

“ကျုပ် ခင်ဗျား ထိခိုက်စေဖို့ မမျှော်လင့်ပါဘူး။ ကျုပ်က ခင်ဗျားကို သိုင်းပညာ ညီလာခံရဲ့နေရာကို မေးချင်လို့  ...” ချန်းဖန်က ဖြေသည်။

“ဟုတ်လား  ...” ထိုလူက သံသယဝင်ဟန်ဖြင့် ကြည့်သည်။ ထို့နောက် ထပ်ပြောသည် ... “မင်းကို ခေါ်သွားလို့ရတယ်။ တစ်ခုခု ပြန်ပေးနိုင်မလား”

ချန်းဖန်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ရုပ်ခန္ဓာသန့်စင်ခြင်း ဆေးလုံးအား ထုတ်ယူလိုက်သည်။

သူက ထိုဆေးလုံးများအား ထန်လုံအဖွဲ့ဝင်များအတွက် လုပ်ထားခြင်းဖြစ်သည်။ သက်ရောက်နိုင်စွမ်းမှာ အံ့ဖွယ်ဆေးလုံးနှင့် အမြုတေ စုစည်းခြင်းဆေးလုံးတို့ဖြင့် ယှဥ်လျှင် သိပ်မကောင်းသော်လည်း သိုင်းသမားများအတွက် အလွန်အသုံးဝင်ပေသည်။

လူကြီးက ဆေးလုံးကို ယူသော်လည်း သူ၏မျက်နှာပေါ်မှ သံသယမှ ပျောက်ကွယ်သွားခြင်းတော့ မရှိပေ။ သူက အံ့သြဟန်ဖြင့် မေးသည် ... “မင်းမှာ ထပ်ရှိသေးလား  ...။ ငါ ပိုက်ဆံပေးမယ်”

“ခင်ဗျား ကျုပ်ကို ကူညီရင် နောက်ထပ် ဆေးလုံးအချို့ ကျုပ်ပေးနိုင်တယ်” ချန်းဖန် ပခုံးတွန့်သည်။

“သဘောတူတယ်” လူကြီးက ဖြေသည်။ သိ့သော်လည်း သူ၏မျက်လုံးများထဲမှ လောဘစိတ်များကား ချန်းဖန်၏စူးရှသော မျက်လုံးများထံမှ မလွတ်မြောက်နိုင်ပေ။

ထို့နောက် သူတို့ အချင်းချင်း မိတ်ဆက်ကြသည်။ လူကြီးမှာ ရှင်းချုံဟု သိရပြီး လူအများက သူ့အား ဒုတိယသခင်ကြီးရှင်းဟု ခေါ်ကြသည်။ သူ့ထံမှ သိရသလောက် ရှင်းမိသားစုကား ကျုံးကျိုးမြို့မှ ရိုးရာသိုင်းမိသားစုတစ်ခုဖြစ်သည်။ သို့သော်လည်း မကြာသေးခင်က ရှင်းမိသားစုမှာ ပြိုကွဲသွားခဲ့ပြီး ဒုတိယသခင်ကြီးရှင်းမှာ အတွင်းအားကျင့်ကြံခြင်း၌ ကနဦး အဆင့်မျှသာ ရှိသေးသော်လည်း မိသားစု၏စွမ်းအားအမြင့်ဆုံး သိုင်းသမားဖြစ်လာခဲ့သည်။ သူက လူငယ်မျိုးဆက်များ၏ တိုးတက်မှုကို ထောက်ပံ့စေနိုင်မည့် ဆေးဝါးများ ဝယ်ယူလိုနေခဲ့သည်။

“ဒီလိုဆေးလုံးတွေက ရှာရခက်လား” ချန်းဖန်က မေးသည်။

အမြုတေ စုစည်းခြင်းဆေးလုံးနှင့် အံ့ဖွယ် ဆေးလုံးတို့သာ အလွန်တန်ဖိုးကြီးသော ရတနာများဖြင့် ပေါင်းစပ် ဖန်တီးထားခြင်းဖြစ်ပြီး ရုပ်ခန္ဓာသန့်စင်ခြင်း ဆေးလုံးကား သာမန်အရန်သင့် ဆေးပင်ဝါးပင်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အချိုးအဆကိုသာ မှန်ကန်စွာ လုပ်နိုင်လျှင် မည်သူမဆို ဖော်စပ်နိုင်ပေသည်။

“မင်းပေးတာက တကယ်ပဲ ရှားပါးတယ်” ဒုတိယသခင်ကြီးရှင်းက ရှင်းပြသည်။

ဤသို့သော ဆေးလုံးများအား ပြုလုပ်သော ဆေးညွန်းများမှာ သိုင်းပညာမိသားစုများ၌သာ လျှို့ဝှက်လက်ဆင့်ကမ်းကြပြီး ပြင်ပ၌ လုံးဝ မရနိုင်ပေ။ အချို့သော ဆေးညွှန်းများမှာ ပျောက်ကွယ်သွားပြီဖြစ်သော ဆေးပင်များဖြင့် ပြုလုပ်ရသည်။ အချို့မှာ အလွန်တန်ဖိုးကြီးသော ဆေးပင်ဆေးမြစ်များ လိုသည်။ အချို့မှာ အလွန်ရှုပ်ထွေးသော ဆေးညွှန်းများ၊ အချိုးအဆများ အစီအစဉ်များလိုအပ်သည်။ ယနေ့ခေတ်တွင် အသုံးပြုနိုင်သော ဆေးညွှန်းများမှာ အလွန်တရာ ရှားပါးခဲ့ပြီဖြစ်သည်။

“ကျုပ် သိပြီ” ချန်းဖန် ခေါင်းညိတ်သည်။

စစ်တပ်၌ သူဖန်တီးခဲ့သော ရုပ်ခန္ဓာသန့်စင်ခြင်း ဆေးလုံးမှာ မူလဆေးညွှန်းကို ပြင်ထားခြင်းဖြစ်သည်။ သူက အလွယ်ရနိုင်သော ဆေးအမယ်များဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်၏။ သို့သော်လည်း သိုင်းပညာမိသားစုများ၏ ဆေးညွှန်းများမှာ တန်ဖိုးကြီးဆေးမြစ် ဆေးပင်များအား သုံးရသလို ဖော်စပ်ရသော အဆင့်များမှာလည်း ရှုပ်ထွေး၏။ ပိုဆိုးသည်မှာ ထိရောက်မှု သိပ်မရှိခြင်းပင်။

“လီမိသားစုနဲ့ ဆေးနတ်ဘုရားတောင်ကြားဂိုဏ်းတို့လည်း ညီလာခံကို တက်မယ်လို့ ကြားတယ်”

“လီမိသားစု  ... ဆေးနတ်ဘုရားတောင်ကြားဂိုဏ်း  ...” ချန်းဖန် မျက်မှောင်များကို ကွေးညွတ်သည်။

“မင်းသိပြီလား  ... လီမိသားစုက သူတို့ရဲ့ ရိုးရာဆေးပညာနဲ့ နာမည်ကျော်ကြားတယ်။ သူတို့က သိုင်းပညာကိုလည်း သင်ကြားပေးသလို ဆေးပင်တွေလည်း ရောင်းတယ်။ ဒီနည်းနဲ့ သူတို့က အရည်အသွေးမြင့် ဆေးစျေးကွက်ရဲ့ ကိုးဆယ်ရာနှုန်းကို ထိန်းချုပ်တယ်  ...” ဒုတိယသခင်ကြီးရှင်းက ပြောသည်။

“ဆေးနတ်ဘုရား တောင်ကြားဂိုဏ်းက ပိုပြီးတောင်မှ လွှမ်းမိုးအားကောင်းသေးတယ်  ... သူတို့က ရှေးတာအိုဂိုဏ်းတစ်ခုရဲ့ ဆေးနည်းတစ်ခုကို လက်ဆင့်ကမ်းရခဲ့တယ်လို့ ကောလာဟလတွေက ဆိုတယ်။ သူတို့က တရုတ်ရဲ့ ဆေးစျေးကွက်ကို အပိုင်စီးထားတာ ကြာပြီ”

ချန်းဖန် ခေါင်းညိတ်သည်။ နှစ်တစ်ထောင်ဂျင်စင်းများအား ရရှိရန် ထိုလူများအား အားကိုးရမည်ဖြစ်ကြောင်း ချန်းဖန်သိလိုက်သည်။

သိုင်းပညာညီလာခံကား မြစ်ကမ်းတစ်ခုဘေးမှ ခြံဝင်းတစ်ခုတွင်ဖြစ်သည်။ သူတို့က မြစ်ကမ်းအတိုင်း လမ်းလျှောက်သွားလျှင် ဂိတ်တံခါးတစ်ခုသို့ ရောက်လာကြသည်။ ထိုနေရာတွင် တရုတ်ရိုးရာ သိုင်းဝတ်စုံများဝတ်စားထားသော လူကြီးနှစ်ယောက်ရပ်နေသည်။ သူတို့၏ နက်မှောင်သော မျက်လုံများကား နေရောင်အောက်တွင်ပင် လင်းလက်နေကာ အဝတ်အစားအောက်မှ သူတို့၏တောင့်တင်းသော ကြွက်သားများအား တွေ့နိုင်သည်။ သူတို့ကား အတွင်းအားကျင့်ကြံခြင်း အဆင့်မြင့်ပညာရှင်များဖြစ်ကြသည်။

“ဒီနှစ် ပွဲကို စီစဉ်ကျင်းပတဲ့သူတွေက တော်တော် အင်အားကြီးပုံရတယ်” ချန်းဖန်က မှတ်ချက်ချသည်။

အတွင်းအားကျင့်ကြံခြင်း၏ အဆင့်မြင့်အဆင့်သို့ ရောက်ရန်မှာ လွယ်ကူသည် မဟုတ်ပေ။ သို့သော်လည်း သည်နေရာတွင်ကား သူတို့မှာ တံခါးစောင့်များသာဖြစ်နိုင်သည်။

“သေချာတာပေါ့  ... သူတို့က လင်းမြို့က လုမိသားစုကိုး  ...။ ကျုပ်တို့ခေတ်မှာ အင်အားအကြီးဆုံး သိုင်းမိသားစုပဲ။ သူတို့မှာ အထွတ်အထိပ် အဆင့်ပညာရှင်ရှိတယ်” ဒုတိယသခင်ကြီးရှင်းက ပြောသည်။

“လုမိသားစု  ...” ချန်းဖန် စက္က့န်ပိုင်းမျှ ရပ်လိုက်ပြီးမှ လုယန်ရွယ်ပြောသော စကားကို ပြန်အမှတ်ရသည်။ သူမသည်လည်း လုမိသားစုမှ ဖြစ်လေမလားဟု သူတွေးမိသည်။

ဒုတိယသခင်ကြီးရှင်းက တံခါးစောင့်ထံသို့ လျှောက်သွားကာ သူ၏နာမည်အား ပြောသည်။

တစ်ယောက်က ခေါင်းညိတ်ကာ ပြောသည်  ... “ကျုံးကျိုးမြို့က ရှင်းမိသားစု  ... ကြိုဆိုပါတယ် ဆရာ”

ချန်းဖန်လည်း ဒုတိယသခင်ကြီးရှင်းနောက်မှ လိုက်မည်ပြုသော် တံခါးစောင့်ကာ တားသည်  ... “ဆရာ  ... ခင်ဗျား ဖိတ်ကြားခြင်းမရှိဘဲ အထဲ ဝင်မရပါဘူး”

ချန်းဖန်က ပြောသည် ... “ကျုပ်က သိုင်းပညာညီလာခံအတွက် လာတာပါ”

“ခင်ဗျားက သိုင်းသမားလား” နှစ်ယောက်လုံး ပြိုင်တူမေးကြသည်။

သူတို့က ချန်းဖန်အား သေချာစွာ အကဲခတ်သော်လည်း ချောမွတ်သော အသားအရေ၊ ဖျော့တော့သော သွင်ပြင်တို့က သိုင်းလေ့ကျင့်သူ တစ်ယောက်ပုံဟန်မရှိပေ။ သူကား အထက်တန်းကျောင်းသား တစ်ယောက်နှင့်သာ တူသည်။

ဒုတိယသခင်ကြီးရှင်းကလည်း လက်ပိုက်ကာ ချန်းဖန်အား ပြုံးလျက် ကြည့်နေသည်။ သူကလည်း ချန်းဖန် မည်သို့ အတွင်းသို့ ဝင်မည်ကို သိလိုသည်။

ချန်းဖန်က သူ၏စွမ်းရည်များအား ပြမည်ပြုစဉ်မှာပင် ခေါ်သံတစ်ခုအား ကြားသည်။

“ချန်းဖန်  ...”

သူက နောက်လှည့်ကြည့်လိုက်လျှင် လုယန်ရွယ်နှင့် မြောင်ရှောင်းချန်တို့အားမြင်သည်။ သူမတို့နှစ်ယောက်မှာလည်း အံ့အားသင့် သွားဟန်ရသည်။

“ဘယ်လောက်သေးငယ်တဲ့ လောကကြီးလဲ  ...”

***

All Chapters