အားဖြည့်ဆေးများ
Vol. 2 Ch. 160
“ရှင် ဒီမှာ ဘာလုပ်နေတာလဲ ...” မြောင်ရှောင်းချန်က အံ့အားသင့်စွာ မေးသည်။
“ငါ ဒီကို ညီလာခံ လာတက်တာ ...” ချန်းဖန်က ပြုံးပြသည်။
“ညီလာခံလား ... ရှင်က ကြေညာစာရွက်ကို မတော်တဆ သွာတွေ့မိတာမလား ...” လုယန်ရွယ်က မေးသည်။ ထို့နောက် သူမက ဝင်ပေါက်မှ လူနှစ်ယောက်အား ပြောသည် ... “သူက ကျွန်မမိတ်ဆွေပဲ .... သူ့ကို ဝင်ခွင့်ပေးလိုက်ပါလား”
“စိတ်မကောင်းပါဘူး ... မိန်းကလေး။ ဒါက သီးသန့်တွေ့ဆုံပွဲပါ” ရိုးရာသိုင်းဝတ်စုံဖြင့်လူကြီးက ပြောသည်။
“ကျွန်မအဖေက လုရှစ်ရွမ်းပါ ...” လုယန်ရွယ်က ပြုံးလျှက်ပြောသည်။
“လုရှစ်ရွှမ်း ...” လူကြီးနှစ်ယေက်က ရေရွက်လိုက်ကြသည်။ တစ်ယောက်က ပြောသည် ... “အာ ... သူက တတိယသခင်ကြီးဆီကပဲ ...”
နောက်တစ်ယောက်လည်း ခေါင်းညိတ်ကာ ပြောည် …” ကောင်းပြီ ... မင်းတို့ ဝင်သွားလို့ရတယ်။ သူတော့ မရဘူး... ”
“ဘာလို့လဲ ...” မြောင်ရှောင်းချန်က မျက်မှောင်ကြုတ်သည်။
သို့သော်လည်း သူမတို့ကား အဆုံးစွန်အထိ ပြောထားပြီးဖြစ်သည်။ ချန်းဖန်အား ကူညီရန် ဘာလုပ်ရမည်ကို သူမတို့ မသိတော့ပေ။
သူမ၏ရှေ့မှ လူကြီးနှစ်ယောက်ကား အတွင်းအားကျင့်ကြံခြင်းအဆင့်မြင့်အဆင့်၌ ရှိကြပေသည်။ သူတို့၏အဆင့်ကား သူမအဖေထက်ပင် မြင့်သေး၏။ သူမ၏မိသားစုမှာ လီမိသားစု၏အကိုင်းအခက်တစ်ခုသာဖြစ်သည်။ သူမက ပင်မမိသားစုမှ ဝမ်းကွဲမောင်နှမများနှင့် ရင်းနှီးသောကြောင့်သာ ယခု အနည်းငယ် အရေးပေးခံရခြင်းဖြစ်သည်။
ထိုစဉ်မှာပင် တန်ဖိုးကြီး ဇိမ်ခံကားတစ်စီး ရောက်လာသည်။ ကားထဲမှ ချောမောခန့်ညားသော လူငယ်တစ်ယောက် ဆင်းလာသည်။ သူ့ခန္ဓာကိုယ်မှာ အချိုးကျကြည့်ကြောင်းပြီး သူ့မျက်နှာမှာ ပုံကျလှသည်။
သူက ဂိတ်တံခါးရှေ့သို့ ရောက်လာကာ နွေးထွေးစွာ ပြုံးလျက်မေးသည် ... “ရှောင်ရွယ် ... ဘာလို့ အထဲ မဝင်သေးတာလဲ”
“ငါ မိတ်ဆွေတစ်ယောက်နဲ့ တွေ့လို့ ...” လုယန်ရွယ်က ခေါင်းငုံ့ကာ ရှက်ရွံ့ဟန်ဖြင့် ပြောသည်။
လူငယ်ကား ချောမောလွန်းရကား နာမည်ကျော်အဆိုတော်အဖွဲ့များတွင်ပင် ခေါင်းစီးနေရာ၌ တောင်ပနိုင်ပေသည်။ မြောင်ရှောင်းချန်၏ မျက်လုံးများမှာ သူ့အား မြင်သည်နှင့် ပရိသတ်မိန်းကလေး များအလား စိတ်နှလုံးများ အရည်ပျော်သွားပြီးဖြစ်သည်။
“ငါတို့ ဘိုးဘိုးကြီးကို သွားနှုတ်ဆက်ရအောင် ...။ ပြီးရင် ငါတို့မိတ်ဆွေတွေနဲ့ စကားပြောလို့ရပြီ” လူငယ်က ပြောသည်။ သူမကလည်း ခေါင်းညိတ်ကာ လူငယ်နှင့်အတူ အတွင်းသို့ ဝင်၏။
အပေါက်စောင့်နှစ်ယောက်က လူငယ်အား ဦးညွတ်ကာ လေးစားစွာ နှုတ်ဆက်ကြသည် ... “သခင်လေး ...”
လုယန်ရွယ်က ချန်းဖန်အား ခေါင်းညိတ်ပြကာ သူမသွားပြီဖြစ်ကြောင်း လက်ဟန်ခြေဟန်ပြသည်။ သူမက ပျောက်ကွယ်မသွားမီ ပါးအနီးတွင် လက်ကို ကပ်ကာ “သူမအား ခေါ်ပါ” ဟူသော သင်္ကေတအား ပြသည်။ သူမတို့ ထွက်သွားပြီးနောက် ဒုတိယသခင်ကြီးရှင်းက ရေရွတ်သည် ...
“လုမိသားစုရဲ့ သခင်လေး ... လုဟိုင်ရွှမ်း။ သူက အရမ်းကြည့်ကောင်းပြီး စွမ်းအားမြင့်တယ်။ ကောလာဟလတွေအရ သူအသက်၃၀ မပြည့်ခင်မှာပဲ အဆင့်မြင့် ပညာရှင်ဖြစ်နေပြီ။ သူ့ကို ကောင်းမိသားစုက ကောင်းပိုင်ရှင်း၊ ကောင်းရှောင်တို့နဲ့ မကြာမကြာ နှိုင်းယဉ်ကြတယ်”
“ကျုပ်ကြားတာတော့ လုမိသားစုမှာ လုယန်ဝူလို့ခေါ်တဲ့ ထူးထူးခြားခြားလှတဲ့ မိန်းကလေးတစ်ယောက်လည်း ရှိတယ်။ သူမက သိုင်းမတတ်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ။ အခု သူမက လုမိသားစု စီးပွားရေးအုပ်စုကို ဦးဆောင်နေပြီ။ သူမနဲ့ ဒီလူငယ်တို့နှစ်ယောက်လုံးက လုမိသားစုရဲ့ အထူးချွန်ဆုံးမျိုးဆက်တွေပဲ”
“အခု ၂၁ရာစုကိုတောင် ရောက်နေပြီ။ သူ့ကို သခင်လေးလို့ ခေါ်နေကြတုန်းလား” ချန်းဖန် တွေးသည်။ ထို့နောက် သူက တံခါးစောင့်အား မေးသည် ... “ကျုပ် ဝင်လို့ရပြီလား”
“မင်းဝင်ချင်ရင် မင်းစွမ်းရည်ကို ပြသင့်တယ်” တစ်ယောက်က ဘေးနားတွင် တည်ထားသော သုံးချောင်းထောက် ပေါင်းအိုးကြီးအား ပြသည်။
သုံးချောင်းထောက် ပေါင်းအိုးကြီးကား မီတာအနည်းငယ်မြင့်ကာ ကြေးနီဖြင့် ပြုလုပ်ထားဟန်ရပြီး သာမန်လူများအနေဖြင့် ရွေ့လျားစေရန်ထား ... လှုပ်ရှားစေရန်ပင် တတ်နိုင်မည် မဟုတ်ပေ။
ချန်းဖန်က ထုံရှန်းအား လက်ဝှေ့ယမ်းပြသည်။ ထုံရှန်းက ပေါင်းအိုးကြီးအား လက်ဖြင့် ရိုက်လိုက်သည်။
“ဘန်း ...”
ကျယ်လောင်သော တုန်ခါသံတစ်ခု ထွက်လာသည်။ ပေါင်းအိုးကြီးကား နောက်သို့ လက်မအနည်းငယ် ရွေ့သွား၏။
“အရမ်းမိုက်တယ် ...”
တံခါးစောင့်နှစ်ယောက်မှာ ထိတ်လန့်သွားကြသည်။ ဒုတိယသခင်ကြီးရှင်းက ထုံရှန်းအား ချက်ချင်း အကဲခတ်သည်။ သူ၏သံသယမှာ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ထုံရှန်းကား အမှန်ပင် စွမ်းအားမြင့် တိုက်ခိုက်ရေးသမားဖြစ်ကာ အတွင်းအားကျင့်ကြံခြင်း၌ အမြင့်ဆုံးသို့ ရောက်နေသူဖြစ်ရပေမည်။
“ကြိုဆိုပါတယ် ... ဆရာ။ ဒါပေမဲ့ အထဲသို့ မဝင်ခင် ဧည့်သည်စာရင်းမှာ လက်မှတ်ထိုးပေးပါ”
“ချူကျိုးမြို့က ချန်းပေ့ရွှမ်း” ချန်းဖန်က အသာအယာပြောသည် ... “ဒါက ကျုပ်အစေခံ ထုံရှန်း”
ချန်းဖန်၏အဖြေက တံခါးစောင့်နှစ်ယောက်အား ပိုမိုလေးစားသော အမူအရာဖြစ်စေသည်။ ထုံရှန်းကဲ့သို့ စွမ်းအားမြင့် တိုက်ခိုက်ရေးသမား တစ်ယောက်ကို အစေခံအဖြစ် ပိုင်ဆိုင်ခြင်းက ချန်းဖန်မှာ အင်အားကြီးမိသားစု တစ်ခုမှ ဖြစ်မည်ဟု ယူဆရသည်။
ချန်းဖန်နှင့် ဒုတိယသခင်ကြီးရှင်းတို့ ခြံဝင်းထဲသို့ဝင်လာကြသည်။
ခြံဝင်းကား ကြီးမားလွန်းသည်။ ဤတွင် လုမိသားစု၏အင်အားနှင့် လွှမ်းမိုးမှုကို ကောင်းကောင်းသိနိုင်၏။ သူတို့ အတွင်းသို့ ဝင်သည်နှင့် ဧည့်ကြိုတစ်ယောက် ချက်ချင်း ရောက်လာသည်။
သူတို့ အတွင်းသို့ လျှောက်လာရင်း သခင်ကြီးရှင်းက ဆက်လက်ရှင်းပြသည် ...
“သိုင်းပညာညီလာခံက လဝက်လောက်ကြာမယ်။ ပထမဆယ်ယောက်က အတွေးအခေါ် အယူအဆတွေ ဖလှယ်ကြမယ်၊ ဓမ္မလက်နက်တွေနဲ့ ဒါမှမဟုတ် ပါတီလုပ်မယ်။ နောက်ငါးရက်ကတော့ စီပွားရေးသက်သက်ပဲ”
“ခင်ဗျားက ဓမ္မလက်နက်လို့ ပြောလိုက်တာလား” ချန်းဖန်က မေးသည်။
“မှန်တာပေါ့။ ဓမ္မလက်နက်တွေကို သိုင်းပညာရှင်တွေ အများစု သုံးကြတယ်”
ဧည့်ကြိုက သူတို့အား နေရာထိုင်ခင်းစီစဉ်ပေးသည်။ အဆင့်အတန်းကား ကြယ်ငါးပွင့်ဟိုတက်နှင့် ညီမျှပေသည်။ သို့သော်လည်း တကယ့် ထိပ်သီးပုဂ္ဂိုလ်များအတွက်မူ မြစ်ဘေးတွင်ရှိသော သူတို့၏ကိုယ်ပိုင်ခြံဝင်းများ၌ နေရာပေးသည်ဟု ဆိုသည်။
ချန်းဖန်ကား ကမ္ဘာမြေပေါ်မှ တကယ့်စွမ်းသော သိုင်းသမားများဖြင့် တွေ့ရန် အဆင်သင့်ဖြစ်နေလေပြီ။
သူက အတွင်းသို့ ဝင်လိုက်သည်နှင့် တရုတ်ပြည်တခွင်မှ သိုင်းပညာရှင်များအား မြင်သည်။ သူတို့အားလုံးမှာ ကွဲပြားခြားနားသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ရိုးရာအဝတ်အစားများမှသည် ခေတ်ပေါ်အဝတ်အစားများအထိ မျိုးစုံမြင်ရရာ ချန်းဖန်အတွက် ဗဟုသုတ ရဖွယ်ပင်။
“သိုင်းပညာရှင်တွေတောင်မှ ခေတ်ကို လိုက်ရတယ်။ မင်း သူတို့ပြောတာကို နားထောင်ကြည့် …။ သူတို့ သိုင်းပညာအကြောင်းကို သိပ်မပြောတော့ဘူး။ သူတို့ပြောတာက ပိုက်ဆံ … ပိုက်ဆံ … ဆိုတာတွေချည်းပဲ …” ဒုတိယသခင်ကြီးရှင်းက ပြောသည်။
ဒုတိယသခင်ကြီးရှင်းက သူကိုယ်တိုင် ယွမ်သန်းဂဏန်းမျှ ပိုင်ဆိုင်သော်လည်း ထိုကြွယ်ဝသော သိုင်းသမားများနှင့် မယှဉ်နိုင်ပေ။
ဒုတိယသခင်ကြီးရှင်းအား သိဟန်ရသော သူတစ်ယောက်က အော်ဟစ်လိုက်သည် … “ဒုတိယသခင်ကြီးရှင်း … ဘာလို့ ဒီလောက် ကြာနေတာလဲ။ ခင်ဗျားနောက်က ဘယ်သူလဲ။ သူက ခင်ဗျားမိသားစုက လူငယ်တစ်ယောက်လား။ သူက သိုင်းသမားတစ်ယောက်နဲ့လည်း မတူဘူး”
ဒုတိယသခင်ကြီးရှင်းက ပြုံးလျက်ပြန်ပြောသည် … “စွန်းအရူး … ခင်ဗျားလေသံကို သတိထား …။ သူက ချူကျိုးမြို့ကလာတဲ့ ချန်းပေ့ရွှမ်းပဲ။ သူ့ဘေးက လူသန်ကြီးက သူ့အစေခံ …”
ထို့နောက် သူက ချန်းဖန်အား မိတ်ဆက်ပေးသည် … “ဒါက စွန်းအရူးပဲ … သူက ရှင်းယီဂိုဏ်းက ဆရာတစ်ယောက်ပဲ”
ချန်းဖန် ခေါင်းညိတ်သည်။ စွန်းအရူး၏ရှုပ်ပွနေသော ဆံပင်များက သူ့အား ပန်းချီဆရာဗန်ဂိုး၏ ရုပ်သွင်ကို အမှတ်ရစေသည်။ သူကား ကနဦးအဆင့်ကို အောင်မြင်ခဲ့ပြီးဖြစ်ကာ အဆင့်မြင့်အဆင့်သို့ တက်ရန် မကြာတော့ပေ။
ချန်းဖန်၏အတွေးများ အလုပ်လုပ်သွားသည်။ ပြင်ပလောက၌ အတွင်းအား အသုံးပြုသူများစွာ ရှိနေသည်ကိုမြင်ရခြင်းက သူ့အတွက် အံ့အားသင့်စရာပင်။ မှန်ကန်သောလူများနှင့် တွေ့ဆုံရန် မှန်ကန်သောနေရာ၌ ရှိနေရပေမည်။
“ချူကျိုးမြို့ … ချူကျိုးမြို့မှာ ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကို တစ်ယောက်ရှိတယ်။ မင်း ကောဝေ့ကို ကြားဖူးလား” စွန်းအရူးက မေးသည်။
“ဝေ့ရှမ်းသိုင်းကျောင်းက ကောဝေ့မလား … ဟုတ်တယ် …ကျုပ်တွေ့ဖူးတယ်” ချန်းဖန်က ခေါင်းညိတ်သည်။
တစ်ယောက်က ဝင်ပြောသည် … “မင်းက ကျန်းပေ့ဒေသကမလား။ အဲ့ဒီမှာ ဆယ်ကျော်သက် ဆရာသခင်လို့ ကိုယ့်ကိုယ်ကိုယ် သမုတ်တဲ့ ဆရာချန်းဆိုတာ ရှိတယ်မလား”
“ဒါ အဓိပ္ပာယ် မရှိတာပဲ။ မင်းမှာ ဦးနှောက်မရှိဘူးလား။ ဆရာချန်းဆိုတဲ့ကောင်လေးက အသက်၂၀ ပဲရှိသေးတယ်။ သူ့ကိုယ်သူ အထွတ်အထိပ် ပညာရှင်လို့ ပြောတယ်” စွန်းအရူးက ခေါင်းယမ်းသည်။
အားလုံးကလည်း သဘောတူကြသည်။
သူတို့အများစုမှာ သိုင်းပညာကို ဆယ်စုနှစ်များစွာ လေ့ကျင့်လာခဲ့ကြကာ ကနဦးအဆင့်မှသည် အများဆုံး အဆင့်မြင့်အဆင့်သို့အထိသာ တက်ရောက်နိုင်ကြသည်။ အသက်၂၀ ကောင်လေးက ဘာထူးထူးခြားခြားလုပ်နိုင်မည်နည်း။
ချန်းဖန်ကား သိုင်းသမားများ၏ မျက်ကန်းပြော စကားများကို ကြားကာ ပြုံးမိသည်။
ရုတ်တရက် ဝင်ပေါက်အနီးမှ လူများက အော်ဟစ်လိုက်ကြသည် … “လီမိသားစုနဲ့ ဆေးနတ်ဘုရား တောင်ကြားဂိုဏ်းလည်း ရောက်လာပြီ”
ချန်းဖန်အနီးမှ လူများမှာ သူ့အား မြန်ဆန်စွာ မေ့လျော့သွားကြကာ ဝင်ပေါက်ထံသို့ ပြေးသွားကြသည်။ သည်မိသားစုနှစ်ခုမှာ လောလောဆယ် အကျော်ကြားဆုံး မိသားစုများဖြစ်ကြသည်။ ချန်းဖန်ကလည်း လူအုပ်ကြီးနောက်မှ လိုက်ပါသွားသည်။
လုဟိုင်ရွှမ်းက ဘေးမှ ယောကျ်ားတစ်ယောက် နှင့်မိန်းမတစ်ယောက်ကို အဖော်ပြုကာ ဝင်လာသည်ကို ချန်းဖန်မြင်သည်။ ယောက်ျားဖြစ်သူကား အသက်၄၀ ခန့်ရှိကာ ဆံပင်များ ညိုမွဲနေလေပြီ။ မိန်းမမှာ ဘလောက်နှင့် အနက်ရောင်ပင်အင်္ကျီကို ဝတ်ထားပြီး ကျက်သရေရှိသောပုံ ဖြစ်သည်။ သူမ၏လက်တွင် သစ်သားဖြင့်ပြုလုပ်ထားသော ပုတီးစေ့ လက်ကောက်တစ်ကွင်းကို ဝတ်ထားသည်။ သူမကား ချောမောလှပကာ စမတ်ကျပေသည်။
“အဲလူနာမည်က အပ်တစ်ချောင်းလီ … ငါကြားတာတော့ သူက ဘယ်ရောဂါမဆို အပ်တစ်ချောင်းစိုက်ရုံနဲ့ ကုနိုင်တယ်တဲ့”
“အဲဒီမိန်းမက ဆေးနတ်ဘုရားတောင်ကြားက ဖြစ်မယ်။ အဲဂိုဏ်းက လျှို့ဝှက်ပြီးတော့ အင်အားကြီးတယ်။ သူမနာမည်ကို သိကြလား”
အားလုံးက အချင်းချင်း တီးတိုးပြောနေကြစဉ်မှာပင် သူတို့သုံးယောက် ခြံဝင်းအလယ်သို့ ရောက်လာသည်။ လုဟိုင်ရွှမ်းက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည် …
“အားလုံးကို ဒီနှစ် သိုင်းပညာညီလာခံသို့ ကြိုဆိုပါတယ်။ ကျုပ်ဘေးက လူကြီးမင်းကတော့ လီမိသားစုရဲ့ သစ်စိမ်းနွယ်တွေဖြစ်တဲ့ အပ်တစ်ချောင်းလီပါ။ ဒီက မမလေးကတော့ ဆေးနတ်ဘုရားတောင်ကြားဂိုဏ်းရဲ့ မိန်းကလေးကျင်းယီပါပဲ”
နှုတ်ဆက်ရင်းပင် သူတို့နှစ်ယောက်က သက်သက်စီမံထားသော ထိုင်ခုံ၌ ထိုင်ကြသည်။
လီမိသားစုနှင့် ဆေးနတ်ဘုရားတောင်ကြားဂိုဏ်းတို့မှာ ဆေးပညာနှင့် ပတ်သက်၍ နာမည်ကြီးသော အဖွဲ့အစည်းများဖြစ်ရာ သူတို့အား တွေ့ဆုံနိုင်ခြင်းက အလွန်ကြီးမားသော အခွင့်အလမ်း တစ်ခုလည်းဖြစ်သည်။
“ကျုပ်မှာ လင်ဇီးမှော် ကျောက်စိမ်းဆေးလုံး အညွှန်းရှိတယ်။ ဆေးနတ်ဘုရားတောင်ကြားက ကျုပ်အတွက် ဆေးတစ်လုံး ဖော်စပ်ပေးနိုင်မလား”
“လွန်ခဲ့တဲ့ တစ်လလောက်က ကျုပ် ဒဏ်ရာရခဲ့တယ်။ အစ်ကိုလီက တစ်ချက်ကြည့်လို့ ရမလား”
“ကျုပ် …”
လူအုပ်က ဧည့်သည်နှစ်ယောက်အား ဝိုင်းဝန်းကာ သူတို့၏ဆေးပင်များ၊ ဆေးမြစ်များနှင့်အညွှန်းများကို ပေးကာ တောင်းဆိုကြသလို အချို့ကလည်း ရောဂါမျာအား ကုသပေးရန် ပြောကြသည်။ အများအပြားမှာ သူတို့ပိုင်ဆိုင်သည်များအား ခင်းကျင်းပြသကာ ရှင်းလင်းပြောဆိုသည်။
အများစုမှာ အားဖြည့်ဆေးများ ဖြစ်ကြကာ အရောင်းတင်သည်နှင့် ဝယ်သူလက်ထဲ ပါသွားသည်သာ။
ချန်းဖန်ကလည်း သူ့ပစ္စည်းများအား ခင်းကျင်းသည်။
“နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်ဆေးမြစ်တွေကို ရုပ်ခန္ဓာသန့်စင်ဆေးလုံးနဲ့ လဲမယ် …”
သူ၏ခင်းကျင်းမှုကို များစွာသောလူများက စိတ်ဝင်စားကြသည်။ စွန်းအရူးက မြန်ဆန်စွာ ရောက်လာကာ မေးသည် … “ဟေး ညီလေး … မင်းမှာ အားဖြည့်ဆေးလုံးရှိတာလား”
“သေချာတာပေါ့ …” ချန်းဖန် ခေါင်းညိတ်သည်။
သူက စစ်တပ်တွင် အရေအတွက် များပြားသော ရုပ်ခန္ဓာသန့်စင်ဆေးလုံးအား ပြုလုပ်ခဲ့၏။ သူကိုယ်တိုင်အတွက် ဆေးပုလင်းအနည်းငယ် ထုတ်ရောင်းခြင်းက ဘာမှ မဖြစ်ပေ။ သူက ဆေးလုံးများအား အားရှိုးကို ပေးမည်ဟု တွေးထားခဲ့သော်လည်း ထိုထက်အသုံးဝင်မည်ဟု သူမထင်ထားခဲ့ပေ။
သူက ဆေးပုလင်းထဲမှ ဆေးလုံးတစ်လုံးကို နှိုက်ထုတ်လိုက်သည်။
ဆေးလုံးကား လိမ္မော်ရောင်ဖြစ်ကာ ကြည်လင်သန့်စင်နေသည်။ ဆေးလုံးမှာ ရတနာစိန်ကျော်ငယ်တစ်လုံးနှင့်ပင် ဆင်ဆင်တူနေသည်။
ချန်းဖန်အနီးမှ လူများကလည်း သူ့ပစ္စည်းများအား စတင်၍ စစ်ဆေးကြည့်ရှုကြသည်။ အချို့မှာ ဆေးအာနိသန်ကို သံသယဝင်နေကြဆဲဖြစ်၏။
ထိုစဉ်မှာပင် သူတို့အား အပ်တစ်ချောင်းလီနှင့် မိန်းကလေးတို့က သတိထားမိသွားသည်။ သူတို့က ချန်းဖန်ထံသို့ လှမ်းလာကာ စစ်ဆေးကြည့်ကြသည်။ အပ်တစ်ချောင်းလီက ချန်းဖန်အား နွေးထွေးစွာ ပြောသည် … “ဆရာလေး … ကျုပ်က ဆေးလုံးကို စစ်ကြည့်လို့ ရမလား”
“သေချာတာပေါ့” ချန်းဖန်က အဆင်သင့်ဖြေသည်။
အပ်တစ်ချောင်းလီက ဆေးလုံးကို ကိုင်ကာ နမ်းကြည့်သည်။ ထို့နောက် လက်သည်းခွံဖြင့် ဆေးအပေါ်ယံကို အနည်းငယ်ခြစ်ကာ ပါးစပ်ထဲ ထည့်ကြည့်သည်။ ရုတ်တရက် သူက အားရဝမ်းသာပြောသည် … “ဒါက အရည်အသွေးမြင့် အားဖြည့်ဆေးလုံးပဲ။ ဒါက ခန္ဓာကိုယ်ကိုပဲ အားဖြည့်တာ မဟုတ်ဘူး။ သိုင်းသမားတွေရဲ့ အတွင်းအားတွေကိုလည်း တိုးစေတယ်”
လူအုပ်ကြီးတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားသည်။
သည်နေရာတွင် များစွာသော အတွင်းအား ပညာရှင်များ ရှိကြသည်။ သည်ဆေးလုံးကသာ သူတို့၏ အတွင်းအားများကို တိုးပွားစေပါက သည်ဆေးမှာ အလွန်တန်ဖိုးကြီး ပေလိမ့်မည်။ အတွေးများ ကိုယ်စီဖြင့် လူအများက ချန်းဖန်အား ကြည့်ကြသည်။
***