ချောင်းမြောင်းတိုက်ခိုက်ခြင်း
Vol. 2 Ch. 162
လုဟိုင်ရွမ်၏ အကြည့် တစ်ချက် လင်းလက်သွားလေ၏။ အဆုံးသတ်တွင် သူက အားရပါးရ ရယ်မောလိုက်ပြီး “ကောင်းပြီလေ၊ ညီလေးချန်းက ဆုံးဖြတ်ပြီးမှတော့ ဖိအားမပေးတော့ပါဘူး၊ ဒါပေမဲ့လည်း လုမိသားစုရဲ့ ကမ်းလှမ်းချက်က မင်းအတွက် အမြဲတမ်း ကြိုဆိုနေတယ်ဆိုတာ မှတ်ထားပေးပါ ...”
အပ်တစ်ချောင်းလီနှင့် မမလေးကျင်းယီတို့က ခေါင်းခါလိုက်ပြီး သက်ပြင်းသာ ချလိုက်တော့သည်။
ဆေးနည်းမရှိဘဲ သူတို့က ချန်းဖန်နှင့် အပေးအယူလုပ်ရန် ခက်ခဲလှပေသည်။ အမတေစွမ်းအား တိုးမြှင့်ဆေးလုံးသည် ထိပ်တန်းအဆင့် ဆေးလုံးဖြစ်သော်လည်း လီမိသားစုနှင့် ဆေးနတ်ဘုရား တောင်ကြားတို့အတွက် သူတို့ကိုယ် သူတို့ ဖော်စပ်ဖို့ရာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။
ချန်းဖန်သည် သူ့အား ပိုက်ဆံနှင့် ဆွဲဆောင်နေသည့် သူများအားလုံးကို ခပ်ရှင်းရှင်းသာ အပြတ်ငြင်းပယ် လိုက်သည်။ ယခု အချိန် ပိုက်ဆံကား ချန်းဖန်အတွက် ဘာမှ မဟုတ်ချေ။ သူက ယွမ်ဝူ ကောင်းကင်ရေစင်ကို ရောင်းချချိန်မှ စတင်၍ သူ့ဘဏ်အကောင့်က ဂဏန်းဆယ်လုံး ကျော်သွားလေပြီ။ သို့သော်လည်း ချန်းဖန်က တစ်ခုမှ မထုတ်ဘဲ အားလုံးကို မြို့နေရာအတွက် အထောက်အပံ့ဖြစ်ရန် အစ်မကြီးအန်းဆီသာ လွဲပေးလိုက်လေသည်။
သံသယဖြစ်ဖွယ် ငွေလွဲမှုများကို သူ့မိခင်က ရိပ်မိသော်လည်း ချန်းဖန်က သူမိခင် ပိုက်ဆံအကြောင်း မေးသည့်အခါတိုင်း အကြောင်းပြချက်များ ရှာနိုင်ခဲ့လေသည်။ ဝ့မ်ရှောင်ယွင်သည် သူမသားက တစ်ခုခု လျှို့ဝှက်ထားမှန်း သိသော်လည်း သူမသားသည် သာမန် လူတစ်ယောက် မဟုတ်ပေ။ သူသည် အမှန်တကယ်ပင် အားကောင်းသော သိုင်းပညာရှင်ဆရာ ဖြစ်သည်။ ထို့ကြောင့် သူမက သူမသား စုဆောင်းထားသည့် ပိုက်ဆံအမြောက်အမြားကို မအံ့ဩမိတော့ပေ။
“ကောင်းပြီလေ ... သူတို့မှာ ကောင်းကင်ဆေး ရှိတယ် ပြောထားမှတော့ နေရာမှန် ရောက်လာတယ် ထင်တာပဲ …” ချန်းဖန်က သူ့ကိုယ်သူ တွေးမိလိုက်သည်။
သူကသူတို့၏ ဌာနချုပ်ဆီ လိုက်သွားနိုင်ရန် အပ်တစ်ချောင်းလီနှင့် မိန်းမငယ်လေးတို့အပေါ် သူ့၏ မသေမျိုး စိတ်စွမ်းအားဖြင့် မှတ်သားထားလိုက်သည်။ ထို့နောက် သူက နှစ်တစ်ထောင်ဆေးပင်ကို အားသုံးယူရလိမ့်မည်။
နတ်ဘုရားတစ်ပါးက သူ့စိတ်ထဲမှ အလိုရှိရာကို လုပ်နိုင်လေသည်။
ချန်းဖန်သည် စောစောက ထိုတိုက်ရိုက်နည်းလမ်း မသုံးခြင်းမှာ သူ့စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည့်အရာ မရှိ၍ ဖြစ်သည်။ သို့သော်လည်း သူက ကောင်းကင်ဆေးပင်များကို စိတ်ဝင်စားနေသည့်အတွက် လီမိသားစုနှင့် ဆေးနတ်ဘုရားတောင်ကြားဂိုဏ်းတို့ကို အသာထား သူလိုချင်သည်အရာကို နှစ်ခါမတွေးဘဲ ရယူနိုင်လေသည်။ အကယ်၍ ရှေးနတ်ဘုရားတစ်ယောက်ကို ဥပဒေသတွေ၊ အမိန့်တွေနှင့် ချုပ်ထိန်းထားလျှင် မည်သူက ကျင့်ကြံဖို့ရန် စိတ်ပါတော့မည်နည်း။.
ချန်းဖန်က နောက်အစီအစဉ်များကို ချမှတ်ပြီးပြီ ဖြစ်၍ လူများက စိတ်ပျက်လက်ပျက် သက်ပြင်းသာ ချလိုက်တော့သည်။
“ဒီကောင်လေးတော့ ဒုက္ခပါပဲ …။ လုမိသားစုက သူတို့ကမ်းလှမ်းချက်ကို လူအများရှေ့ ငြင်းထားတဲ့ သူ့ကို လွတ်ပေးမှာ မဟုတ်လောက်ဘူး …” လူအများက တွေးနေကြသည်။
လုမိသားစုက လင်းမြို့မှ မိသားစု အငယ်လေး အဖြစ် စတင်ခဲ့ပြီး တဖြည်းဖြည်းဖြင့် ထျန်းနန်တွင် အလွှမ်းမိုးနိုင်စွမ်း ရှိသည့် သိုင်းပညာရှင် မိသားစု ဖြစ်လာခြင်း ဖြစ်သည်။ သူတို့သည် စိတ်ကူးကြည့်လိုပင် မရသည့် အမျိုးမျိုးသော အခက်အခဲများကို ကျော်လွားကာ ဤနေရာအထိ ရောက်ရှိလာကြသည်။ ထို့ကြောင့် သူတို့လက်များက သွေးမစွန်းဘဲ နေမည်တော့ မဟုတ်တန်ရာ။ ချန်းဖန်သည် အဖိုးတန်လွန်းသည့်အရာကို ပိုင်ဆိုင်ထားသည့် ဆယ်ကျော်သက် လူငယ်လေးသာ ဖြစ်သည်။ လုမိသားစုက သူတို့အင်အား တိုးလာစောနိုင်သည့် ထိုအခွင့်အရေးကို လက်လွတ်ပေးမည် မဟုတ်ချေ။
ဒုတိယသခင်ကြီးရှင်းက စိတ်ထဲတွင် ညည်းတွားမိလိုက်သည်။
သူက ချန်းဖန်၏ ရတနာအပေါ် မျက်စိကျနေသော်လည်း ထုံရှန်းကို ကြောက်သည့်အတွက် လက်တွေ့တော့ ဘာမှ မလုပ်ဆောင်ခဲ့ချေ၊။ သို့သော်လည်း သူ့တွင် အားကောင်းသော ပြိုင်ဘက်များ ပေါ်လာသောအခါ ချန်းဖန်ဆီမှ တစ်ခုခု ရရှိရန် အခွင့်အရေးကား သုညထိ ကျသွားလေပြီ။
နောက်ထပ် နာရီအနည်းငယ် အကြာတွင် နေမင်းကြီးက ခြံဝန်းနံရံနောက်သို့ ဝင်သွားတော့သည်။ တစ်ယောက်မှ သူ့ဆေးလုံးများကို စိတ်မဝင်စားတော့သည်ကို မြင်၍ ချန်းဖန်က ဆေးပုလင်းများကို စုဆောင်းလိုက်ပြီး ထွက်သွားလိုက်တော့သည်။ သိုင်းပညာရှင်အများစုက ချန်းဖန်သည် သေစေလောက်သည့် ရောဂါကို ဆောင်ယူလာသည့်အလား ဝေးဝေးမှ ရှောင်ရှားကြသည်။
ချန်းဖန်က သူ့ဝန်းကျင်မှ အကြောက်တရားများ၊ လောဘတကြီး အကြည့်များကို သိပ်အာရုံမရှိချေ။ သူက သူ့အား မည်သူကမှ ထိခိုက်အောင် မလုပ်နိုင်ဟု ယုံကြည်ချက် ရှိလေသည်။
“မင်း ပြန်ရောက်လာပြီပဲ။ ငါတို့ မင်းကို စောင့်နေတာ တော်တော်တောင် ဆာနေပြီ ...” သူ့အခန်းသို့ ပြန်ရောက်သည်နှင့် လုယန်ရွှယ်နှင့် မြောင်ရှောင်းချန်တို့က သူ့ခုတင်ပေါ် ထိုင်နေကြပြီး သူ့ကို ကြည့်နေကြသည်။
“မင်းတို့နှစ်ယောက်က ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ ...” ချန်းဖန်က တော်တော်လေး အံ့ဩသွားမိသည်။
“ဟင်း ... နင်က ဘာမှ ဂရုမစိုက်တတ်တဲ့ အရူးလေ။ တကယ်လို့ ငါတို့သာ လာမကြည့်ရင် နင်တော့ အကောက်ကြံတဲ့လူတွေနဲ့ တွေ့နေလောက်ပြီ ...” လုယန်ရွယ်က ချန်းဖန်ကို ဝှေ့ကြည့်ရင်း ပြောလိုက်သည်။
မြောင်ရှောင်းချန်က သူမပါးစပ်ကို အုပ်ထားပြီး တခစ်ခစ် ရယ်မောနေရင်းပြောသည် … “သူ့စကားနားမထောင်နဲ့ ရှောင်ရွယ်က ရှင့်ကို ဂရုစိုက်လို့ ရောက်လာတာ ...။ သူမက ရှင့်ကို ဂရုစိုက်တာ သိတယ်မလား ...”
လုယန်ရွယ်က ရှက်သွေးဖြာသွားပြီးတော့ သူမလက်သီးဆုပ် သေးသေးလေးဖြင့် မြောင်ရှောင်းချန်ကို ထုရိုက်တော့မည့်အလား ချိန်ရွယ်လိုက်လေသည်။ မြောင်ရှောင်းချန်က အလျင်အမြန် ရှောင်ရှားလိုက်တော့သည်။
ချန်းဖန်က အသာလေး ပြုံးလိုက်သည်။ လုယန်ရွှမ်သည် သူ့ပေါ်တွင် စိတ်ဝင်စားလာခဲ့မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် သူတို့က တွေ့ခါစသာ ဖြစ်နေသည်။ သို့သော်လည်း ချန်းဖန်က ထိုမိန်းမငယ်လေးသည် သူ့ကို လာစစ်ဆေးပေးသည့်အတွက် ကြင်နာတတ်ပြီး ရင်းနှီးဖော်ရွေတတ်မှန်း ပြောနိုင်သည်။
“ကောင်းပြီ ... ကောင်းပြီ ... ပြောတာ တော်လောက်ပြီ။ အရင်ဆုံး သွားစားကြရအောင် …” လုယန်ရွယ်က စကားစကို ဖြတ်ကာ အကြံပေးလိုက်တော့သည် ... “ညစားပြီးရင် ဒီနေရာကနေ ထွက်သွားသင့်တယ်၊ ဒီနားမှာ သင်္ကာဖွယ်လူတွေ တွေ့နေရတယ်။ သူတို့က နင်ကြည့်တာကိုတောင် မကြိုက်ဘူးဆိုပြီး ပြဿနာ ရှာမဲ့ လူစားမျိုးတွေ …”
“ငါက ဆရာအဆင့်ပါ …။ ဘာလို့ ဒီလူမိုက်တွေကို ရှောင်နေရမှာလဲ ...” ချန်းဖန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ဟုတ်တာပေါ့ ... ဟုတ်တာပေါ့ ... နင်က ပါးမွားလေးလေ။ ဆရာမှ မဟုတ်သေးတာ …” လုယန်ရွယ်က လှောင်လိုက်သည်။
“ဒီညီလာခံအကြောင်း ဘယ်နေရာက ကြားပြီးတော့ ဒီအထိ ဘယ်လိုရောက် လာတာလဲဆိုတာ သိချင်မိသား ...။ ငါက နင့်ကို ဒီခေါ်လာတာ မဟုတ်ပေမဲ့ နင် ဘယ်လိုရောက်လာတယ်ဆိုတာ နည်းနည်းတော့ သိတယ် …”
“ပြီးတော့ တချို့လူတွေ တိုက်နေကြတာ တွေ့လိုက်သေးတယ်။ သူတို့ တိုက်ခိုက်တာတွေက တီဗွီထဲကလိုပဲ ကျောက်တုံးတွေပါ လွင့်စဉ်လာပြီး နေရာတိုင်းက အန္တရာယ်များလွန်းတယ် …” မြောင်ရှောင်းချန်က ပြောရင်း လျှာဖျားလေး ထုတ်လိုက်သည်။
“ဒါပေမဲ့ ရှောင်ရွယ်ရဲ့ ဝမ်းကွဲအစ်ကို ...။ သူက သူက အရမ်းရမ်းကို ချောတာ၊ ကိုရီးယားက အဆိုတော်တွေထက်တောင် ပိုချောသေးတယ် ...”
“ဒါပေါ့ အစ်ကိုဟိုင်ရွမ်းနဲ့ မမယန်ဝူတို့က ငါတို့မိသားစုရဲ့ လူငယ်မျိုးဆက်မှာ အထူးချွန်ဆုံးလူတွေပဲ၊ အစ်ကိုဟိုင်ရွှမ်းရဲ့ ကောင်မလေး ဖြစ်ချင်တဲ့သူတွေက ချူကျိုးမြို့မှာ တန်းစီနေတာပဲ ...” လုယန်ရွယ်က ပြောလိုက်သည်။
“အဲဆို နင်လည်း တန်းစီတဲ့ထဲ ပါတယ် ထင်တယ် ...” မြောင်ရှောင်းချန်က စနောက်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်းပါ ...” လုယန်ရွယ်က မျက်နှာပူစွာ အော်လိုက်သည်။
လေးယောက်သားက လုမိသားစု နေရာမှ ထွက်လာပြီး ညဈေးကို ရောက်လာကြသည်။
သူတို့က ထိုင်ခုံတန်းကို တွေ့သည့်အခါ ထိုင်လိုက်ကြသည်။
သူတို့သည် ချူကျိုးမြို့မှ ဘတ်စ်ကားပေါ်တွင် တွေ့ခဲ့ကြပြီး အမှတ်မထင် ခရီးအတူ ထွက်ဖြစ်သွားကြသည်။ နောက်တစ်ခါ လင်းမြို့တွင် ပြန်ဆုံကြသေးသည်။ အကယ်၍ ဤအရာက ကံတရား မဟုတ်လျင် မည်သည့်အရာ ဖြစ်မည်နည်း။
ချန်းဖန်သည် သူတို့ထက် များစွာငယ်သေးသည့်အတွက် မိန်းကလေး နှစ်ယောက်သည် သတိမထားတော့ဘဲ ပေါ့ပေါ့ပါးပါး နေလိုက်တော့သည်။ သူတို့က ဘီယာများ မှာလိုက်ပြီး ချန်းဖန်ကို အမူးတိုက်ရန် တိုင်တည်ထားကြသည်။
ချန်းဖန်က ပြုံးလိုက်တော့သည်။ သူက မသေမျိုး ကျင့်ကြံသူ ဖြစ်သောကြောင့် ဘီယာသောက်ခြင်းက သူ့အား မမူးစေပေ။ ချန်းဖန်က စိမ်ခေါ်မှုတွင် ဝင်ပါလိုက်ပြီး ထိုမိန်းကလေး နှစ်ယောက်ကို သောက်ခြင်း သင်ခန်းစာ ပို့ချပေးလိုက်သည်။
အဆုံးတွင် မြောင်ရှောင်းချန်က အသိပြန်ဝင်လာပြီး ပြောလိုက်သည် “ဟေ့ ... တော်ကြတော့ ညနက်သန်းခေါင် ရောက်နေပြီ။ ငါတို့ ပြန်သွားသင့်ပြီ …”
လုယန်ရွယ်က အမူးသမားအသံဖြင့် အော်ပြောလိုက်သေးသည်။ သူမက မမူးသေးကြောင်းနှင့် ချန်းဖန် မူးသွားမည်ကို စောင့်ကြည့်ဦးမည့် အကြောင်းပါ ပါသေးသည်။
နောက်ဆုံးတွင် ချန်းဖန်နှင့် မြောင်ရှောင်းချန်က ရုန်းကန်နေသည့် မိန်းကလေးကို ညဈေးမှ သယ်ဆောင်ရင်း လုမိသားစု၏ နေရာသို့ ပြန်လာလိုက်ရသည်။ နေရာသည် သုံးကီလိုမီတာလောက် ကွာဝေးပြီး လူသွားလူလာ ပြတ်၏။
အားလုံးက ကမ်းခြေကို ပတ်ထားသော လျှောက်လမ်းလေးပေါ်မှ ဖြည်းဖြည်းချင်း လျောက်သွားကြသည်။ လှိုင်းလုံးများ ကမ်းခြေမှ ကျောက်တန်းများသို့ ထိရိုက်နေသံများမှ လွဲ၍ အခြားအသံများ မရှိပေ။ ရုတ်တရက် မြောင်ရှောင်းချန်က တစ်ခုခု ဆိုးရွားတာ ဖြစ်တော့မည်မှန်း အာရုံရလိုက်သည်။ အကြောက်တရားကြောင့် အနည်းငယ် တုန်ယင်သွားမိသည်။
“ရှောင်ဖန် … အရမ်း တိတ်ဆိတ်နေတယ်လို့ မထင်ဘူးလား …” မြောင်ရှောင်းချန်က မေးလိုက်သည်။
“အင်း ... ငါလဲ အဲလိုထင်တယ် …။ အရင်က ဒီလမ်းကို သွားဖူးပေမဲ့ လမ်းဒီလောက် ရှင်းနေမယ်လို့ ထင်မထားဘူး ...” အေးစက်စက် လေပြည်လေးကြောင့် ရှောင်ရွယ်က နှိုးလာလေသည်။
“ဒီမှာ ဧည့်သည်တွေ ရောက်နေတယ်လေ ...” ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဧည့်သည်လား ...” မိန်းကလေး နှစ်ယောက်က ကြောင်တောင်တောင် မေးလိုက်သည်။
ရုတ်တရက်ဆိုသလို လမ်းမီးတိုင်နောက်မှ အရိပ်က ထွက်ပေါ်လာသည်။ အမျိုးသားက ဓားကို ကိုင်ထားပြီး သူနှုတ်ခမ်းက အကျည်းတန်စွာ ပြုံးနေလေ၏ …
“ဆရာချန်းက ကျုပ်တို့ကို သတိပြုမိသားပဲ ...” ထိုလူက ပြောလိုက်သည်။
“ကြည့်ရတာ ငါ့ဆေးလုံးတွေက အရမ်းကို အထင်ကြီးဖို့ ကောင်းနေတဲ့ပုံပဲ ...” ချန်းဖန်က အရေးမစိုက်ဘဲ ပခုံးတွန့်ပြလိုက်သည် “မင်းက တင်းဖိန်းလား ...”
အရိပ်လူက အနည်းငယ် တွန့်ဆုတ်သွားကာ အမှောင်ထဲသို့ ပြန်ဆုတ်လိုက်တော့သည်။ သူက သူ့အသက် နှစ်ဆယ်ဝန်းကျင်က လူဆိုးလူငယ် တစ်ယောက် ဖြစ်သည်။ သူ့လက်ချောင်းများက တဖျပ်ဖျပ် တောက်ပနေသည့် ဓားဖြင့် ကစားနေပြီး ... “ခင်ဗျားက မှတ်ဉာဏ်ကောင်းသားပဲ၊ ကျုပ်ဘာသာ တစ်ခါပဲ မိတ်ဆက်ဖူးတယ် မှတ်မိနေသားပဲ ...”
“ဒုတိယသခင်ရှင်း၊ စွန်းအရူး ...။ အခု ထွက်လာကြတော့ ...” ချန်းဖန်က ပေါ့ပါးစွာ ပြောလိုက်သည်။
လမ်းတစ်လျှောက်ကား လုံးဝတိတ်ဆိတ်နေပြီး ချန်းဖန်၏ ခေါ်ဆိုမှုက မည်သူကမျှ ပြန်မဖြေကြပေ။
သို့သော်လည်း ချန်းဖန်က ချုံပုတ်များကြားတွင် ပုန်းနေသည့် လူတစ်ဝက်လောက်ကို သတိပြုမိလေ၏။ သူတို့ကြားတွင် ဒုတိယသခင်ရှင်းနှင့် စွန်းအရူး တို့လည်း ပါဝင်သည်။
“ဟားဟား … ချန်းပေ့ရွမ်း ...။ မင်းရဲ့ ရုပ်ခန္ဓာမွမ်းမံ သန့်စင်ဆေးနည်းနဲ့ အမတေစွမ်းအား တိုးမြှင့်ဆေးနည်းကို ပေးစမ်း ...” အန္တရာယ်ပြုမည့် လေသံဖြင့် နောက်ထပ် အရိပ်များက ချုံပုတ်ထဲမှ ထွက်လာလေသည်။
အုပ်စု၏ ခေါင်းဆောင်မှာ ဒုတိယသခင်ရှင်း၊ စွန်းအရူးနှင့် စိန်ဘုရားကျောင်းမှ လူသန်ကြီးတို့ ဖြစ်ကြသည်။
“ရှောင်ဖန် ဘာတွေ ဖြစ်နေတာလဲ … ဘယ်လိုလုပ် သူတို့က ငါတို့ဆီ ရောက်လာတာလဲ ...” မြောင်ရှောင်းချန်က ကြောက်ရွံ့စွာ မေးလိုက်သည်။
မြောင်ရှောင်းချန်က ထိုခြိမ်းခြောက်နေသည့် မျက်နှာများကို မြင်ရသည့်အခါ မေ့လဲမတတ် ဖြစ်သွားလေသည်။ သူမက လုယန်ရွယ်နောက်တွင် ဝင်ပုန်းနေလိုက်သည်။ လုယန်ရွယ်က သူတို့ကို တင်းမာစွာ ပြောလိုက်သည် ... “ရှင်တို့တွေ ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး၊ ဒါက လုမိသားစုပိုင်နက်ပဲ ...။ ချက်ချင်း ထွက်သွားကြ ... မဟုတ်ရင် ကျွန်မ အစ်ကိုကို ပြောလိုက်မယ် …။ ရှင်တို့တွေ ဒီအတိုင်းလွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး …”
“ဟားဟား ...”
ချုံခိုတိုက်သည့် အုပ်စုက အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ဒုတိယသခင်ရှင်းက ခေါင်းကို ခါလိုက်ပြီးတော့ ပြောလိုက်သည် ... “ရုးမိုက်တဲ့ကလေးမလေး … ငါတို့က ဘယ်သူနဲ့ ရင်ဆိုင်ရမှန်းမသိဘဲနဲ့ ဒီလိုလာလုပ်မယ် ထင်လို့လား၊ မင်းအဖေ လုရှီရွှန်းက လုမိသားစုကနေ သွေးဝေးမိသားစုခွဲ တစ်ခုပဲ၊ အဲဒါကြောင့် မင်းရဲ့ ပြောဆိုမှုတွေက ဘာမှအရာမရောက်ဘူး။ သူတို့က မင်းကို ပွဲကို ဖိတ်ကြားတာက မင်းက တချို့ အဓိကမိသားစုတွေရဲ့ တတိယမျိုးဆက်နဲ့ သူငယ်ချင်း ဖြစ်နေလို့ပဲ … ဒီနေ့ မင်းကို တစ်ခုခု လုပ်ရင်တောင် လုမိသားစုက ဘာလုပ်နိုင်မှာလဲ၊ မင်းအတွက်နဲ့ ငါတို့အားလုံးကို ဆန့်ကျင်ရဲမှာလား …”
လုယန်ရွယ်က နာကျင်စရာတစ်ခုအား ကြားလိုက်ရသည့်အလား မျက်နှာက ဖြူဖျော့သွားလေသည်။
သူမ၏ အကြီးမားဆုံး အထောက်အပံ့မှာ လုမိသားစုသာ ဖြစ်သည်။ တစ်ချိန်လုံး သူမရဲ့ မာယာလှည့်ကွက် တစ်မျိုးလည်း ဖြစ်နေသည်။ သို့သော်လည်း သူမ လှည့်ကွက်က ထိုသူတွေက သိနေသည့်အခါ သူမက ကူကယ်ရာမဲ့ ခံစားနေမိသည်။
“ဒုတိယသခင်ရှင်း ... ကျုပ်ပြောပြီးပြီမလား … ခင်ဗျားသာ ကူညီရင် ကျုပ်ဆီမှာ ခန္ဓာမွမ်းမံ သန့်စင်ဆေးလုံးတွေ မရှားဘူးလို့။ အဲဒါကို ဘာကြောင့် အခုလို လုပ်နေရတာလဲ …” ချန်းဖန်က သက်ပြင်းချလိုက်လေသည်။
“ဟားဟား ... ဘာလို့လဲဆိုတော့ မင်းက အဖိုးတန်တာ ပိုင်ဆိုင်ထားတဲ့ အသုံးမကျတဲ့ ကောင်လေးမလို့ပဲ ... ချန်းပေ့ရွှမ်း ... မင်းက သိုင်းပညာရှင် မဟုတ်မှန်း ငါတို့အားလုံးသိတယ်။ မင်းက အကာအကွယ်မဲ့နေချိန်မှာ ဘာလို့ အဖိုးတန်ဆေးတွေ သယ်ပြီး သွားနေတာလဲ။ ဒါက ရူးမိုက်မှု တစ်ခု မဟုတ်ဘူး ...။ အပြစ်ကြွေးပဲ။ ပြီးတော့ မင်းဆီက အားသုံးယူလို့ ရနေတာကို ဘာလို့ အခြားအရာ လုပ်နေတော့မှာလဲ ….” ဒုတိယသခင်ရှင်းက နှာခေါင်းရှုံ့ သရော်လိုက်သည်။
‘အသက်ရှင်ဖို့ရာ လိုက်လျောညီထွေရှိခြင်း’ ထိုသည်က သိုင်းပညာရပ်၏ စည်းမျည်းဥပဒေသ ဖြစ်သည်။
“အမှန်ပဲ ကောင်လေး … မင်းသာ ဆေးနည်းနဲ့ ဆေးလုံးတွေ ပေးမယ်ဆိုရင် မင်းကို အသက်ရှင်ခွင့်ပေးမယ် မဟုတ်ရင်တော့ …” စွန်းအရူး က ခေါင်းယမ်းပြီး ပြောလိုက်သည်။
“အချိန်ဖြုန်းမနေနဲ့တော့ ... လုပ်လိုက်ရအောင်။ သူ့ခြေထောက်ကို ချိုးပစ်ပြီး အဝေးကြီးကို ခေါ်သွားကြမယ်။ ငါတို့က ညီလာခံကျင်းပရာ နေရာနဲ့နီးနေတော့ ပြဿနာ မတက်ချင်ဘူး ...” တင်းဖိန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
သူ၏ စူးရှသ့ည့် မျက်ဝန်းအစုံဖြင့် လုယန်ရွှယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ထိုအကြည့်နောက်မှ ရည်ရွယ်ချက်ကား ရှင်းလင်းလှသည်။
စိန်ဘုရားကျောင်းမှ လူသန်ကြီးက ထုတ်ပြောလိုက်သည်။
“အရမ်းကောင်းတယ် ...” နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။
သူတို့စိတ်ထဲတွင် ချန်းဖန်က မသေမျိုးနတ်ဘုရား ပြန်လည် မွေးဖွားလာခြင်း ဖြစ်နေလျင်ပင် လွတ်မြောက်နိုင်မှာ မဟုတ်ဟု ယူဆထားကြသည်။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ ... ရှောင်ဖန် …ရှောင်ရွယ် …”
မြောင်ရှောင်ဖန်က အဖြစ်အပျက်များ ပြောင်းလဲမှုကြောင့် တုန်တုန်ယင်ယင် ဖြစ်နေလေသည်။ သူမ မျက်လုံးမှ မျက်ရည်များ ဝဲတက်နေပြီး ပါးပြင်တစ်လျှောက် စီးကျလာလေသည်။ ထိုစဉ် လုယန်ရွယ်က တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။ သို့သော်လည်း သူမက တစ်ယောက်မှ သူတို့ကို လာမကယ်နိုင်မှန်း သိသည့်အခါ ပို၍ပင် စိတ်ဓာတ်ကျလာလေသည်။
ရုတ်တရက် ချန်းဖန်က သက်ပြင်းချလိုက်ပြီး “သေမျိုးတွေက ဒီတစ်ခါ စည်းရှိရှိ ကစားမယ် ထင်ထားတာ။ ဒါပေမဲ့ နောက်ဆုံးတော့ အားကောင်းတဲ့ လက်သီးက အရာအားလုံးထက် အသုံးဝင်တာပဲ ...”
“ဒါက အင်အား ... ဒီကမ္ဘာကြီးရဲ့ စစ်မှန်တဲ့ အင်အားပဲ …”
“လျောက်ပြောမနေစမ်းနဲ့ ...” အရိပ်တချို့က ချန်းဖန်ကို အော်ဟစ်လိုက်ကြသည်။
တင်းဖိန်းက ကောင်လေးဆီ ဓားကို ပစ်လွှတ်လိုက်သည်။ လရောင်အောက်တွင် တောက်ပနေသည့် ဓားက လေကို ခွင်းသည့် မြားတစ်ချောင်းအလား ပြေးဝင်လာတော့သည်။ ထိုဓားက ချန်းဖန်၏ ခြေထောက်ဆီသို့ ဉီးတည်လာသည်။
ချန်းဖန်က လှမ်းအော်လိုက်သည်။
“ထုံရှန်း”
ဧရာမပုံရိပ်ကြီးက ချန်းဖန်ရှေ့တွင် မားမားမတ်မတ် ရုတ်တရက် ထွက်ပေါ်လာလေ၏။ ထိုအရာသည် တိုက်ခိုက်မှု အားလုံးကို ကာကွယ်တားဆီးပေးမည့် လေထဲမှ ကျရောက်လာသော ဗုဒ္ဓရုပ်တုသဖွယ် ဖြစ်သည်။
ဧရာမလူကြီးရှေ့တွင် စိန်ဘုရားကျောင်းမှ လူသန်ကြီးပင် ကောင်ငယ်လေး တစ်ယောက် အလား ဖြစ်သွားသည်။
***