အခန်း (၇၇)
Vol. 7 Ch. 77
"တတိယမိသားစုက ရန်ယန်နဲ့ လင်းရှောင်ယွဲ့ အတွက် အလုပ်ရှာမတွေ့ခင် ဒီဆက်ဆံရေးကို ရှင်းဖို့ ငွေအမြောက်အမြား သုံးစွဲထားတာပဲဖြစ်မယ်။ ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့က အခက်အခဲကို မခံနိုင်တာကြောင့်လို့ ကျွန်မ ခန့်မှန်းမိတယ်။ သူတို့အတွက် အလုပ်ရှာဖို့၊ တတိယမိသားစုက ဆက်ဆံရေးရှင်းဖို့ ပိုက်ဆံပေးတာပဲဖြစ်ရမယ်!"
ချန်ချိုင်ယွင် ထပ်ပြောလိုက်သည်။ "တတိယမိသားစုမှာ ပိုက်ဆံအများကြီးရှိရမယ်။ သူတို့အားလုံးက မိသားစုဝင်တွေ။ အရင်က ကျွန်မတို့မိသားစုကို ကူညီပေးဖို့ သူတို့ကိုတောင်းဆိုခဲ့ပေမယ့် သူတို့က ကျွန်မတို့ကို မကူညီချင်ကြဘူး။ တတိယမိသားစုကို မိသားစုလို ဆက်ဆံဖို့ မလိုဘူးလို့ ကျွန်မတော့ထင်တယ်"
"တတိယမိသားစုက မိသားစုကနေ ခွဲထွက်သွားပြီလေ။ သူတို့မိသားစုကို ဘယ်လိုတွက်ချင်သေးတာလဲ"
ချန်ချိုင်ယွင် ပြောသည့်စကားကြောင့် အဖွားရန်ကို စိတ်ပျက်မှု ဖြစ်စေခဲ့သည်။ တစ်နည်းဆိုရသော် အဖွားရန်ကို စိတ်မချမ်းသာမှု ဖြစ်ပေါ်စေခဲ့သည်။ "သူတို့မိသားစုက အခု သူတို့ကိုယ်ပိုင်ဘဝနဲ့ နေထိုင်နေပြီး သူတို့ရဲ့ ချမ်းသာမှုက ငါတို့နဲ့ မဆိုင်ဘူး။ သူတို့ သားသမီးနှစ်ယောက်အတွက် အလုပ်အကိုင်တွေ ရှာပေးရင်တောင် သူတို့အရည်အချင်းနဲ့ သူတို့လုပ်ကြတာ။ ငါက အဲ့အကြောင်းဘာလို့ပြောရမလဲ"
"မေမေ၊ အမေ ဘာလို့စိတ်ဆိုးနေသေးတာလဲ၊ ကျွန်မက တတိယမိသားစုကို သွားပုပ်လေလွင့်ပြောနေတာ မဟုတ်ဘူး"
ချန်ချိုင်ယွင်က အဖွားရန်မပျော်တာကိုမြင်တော့ သူမကို အရင်ချော့လိုက်သည်။ "တတိယမိသားစုအကြောင်း ကျွန်မ အားလုံးကိုပြောပြချင်တယ်။ ပြီးတော့ အင်း..ကိစ္စတစ်ခုရှိတယ်။ အမေ နားထောင်ဖို့ ကျွန်မတကယ်တွက်ထားခဲ့တာ။ တတိယမိသားစု အိမ်ခွဲနေပြီး သူ့အိမ်က အသားနံ့တွေကို နေ့တိုင်း အနံ့ခံမိတယ်။ သူ့မိသားစုမှာ နေ့တိုင်း အသားနဲ့ကြက်ဥတွေ ရှိပြီး အခုချိန်မှာ သားသမီးတွေကို ပေါင်းသင်းဆက်ဆံရေး သန့်ရှင်းအောင် ကူညီပေးပြီး အလုပ်ရှာဖို့ ပိုက်ဆံတွေ အများကြီး သုံးနေတုန်းပဲ။ အမေ၊ တတိယမိသားစုက ပိုက်ဆံ မကုန်ခန်းသွားဘူးလို့ မထင်ဘူးလား"
ချန်ချိုင်ယွင် ဒီလိုပြောပြီးနောက် ရန်ချန်ယွီလည်း ပြန်ဖြေဖို့အခွင့်အရေးယူခဲ့သည်။ "ဒုတိယယောက်မမှာ သံသယတွေရှိနေတယ်။ အဲ့လိုပဲ ကျွန်မလည်း သံသယဝင်မိတယ်။ ဒုတိယယောက်မနဲ့ ကျွန်မ တတိယအိမ်ကို အကြိမ်ပေါင်းများစွာ သွားကြည့်ဖူးတယ်။ တကယ် အသားတွေ။ အသားနဲ့ ကြက်ဥ၊ ငါး၊ ပုစွန်တွေရှိတယ်။ နေ့တိုင်းကောင်းကောင်းစားကြတယ်။ ပြီးတော့ ရန်ယန်ကို ဆရာဝန်နဲ့သွားပြဖို့ ပိုက်ဆံလည်း ထုတ်ပေးတယ်။ အခု ရန်ယန်က ကောင်းသွားပြီ။ ယောက်မ မှတ်မိသေးလား။ တတိယယောက်မ အိမ်ခွဲချင်တယ်လို့ ပြောတုန်းက အမေက ယွမ် ၁၀၀ ချေးဖို့ ငြင်းခဲ့တာကြောင့် သူတို့မိသားစုက ကြိုးကုန်သွားပြီလို့ ပြောပြီး ခွဲနေဖို့သတ္တိရှိခဲ့တယ်။ အခု သူတို့မိသားစုက မွဲတေနေပုံမပေါက်ဘူး ဒါပေမယ့် ပိုက်ဆံပမာဏအများကြီး စုဆောင်းထားပြီး ခွဲနေဖို့အကြောင်းပြချက်ကို တမင်တကာကိုရှာခဲ့တာဖြစ်မယ်။ ပြီးတော့ဒီပိုက်ဆံတွေနဲ့ သူတို့ရဲ့ဘဝကိုပိုကောင်းအောင်လုပ်ခဲ့တာ"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!"
ချန်ချိုင်ယွင်လည်း ရန်ချန်ယွီနဲ့ သဘောထားတူခဲ့သည်။ "ကျွန်မပြောချင်တာက ယောက်မ ပြောတဲ့ အဓိပ္ပါယ်ပဲ။ ဒီပါးစပ်က ကောင်းကောင်း မပြောတတ်ဘူး အမေ၊ ဒါက မထူးဆန်းဘူးလား။ မခွဲနေခင်မှာ တတိယ ယောက်မက သူတို့ မိသားစု ဆေးကုဖို့အတွက် ယွမ် ၁၀၀ တောင် မရှိဘူးလို့ အမေ့ကိုပြောပြခဲ့တယ်လေ။ရလဒ်က မိသားစုခွဲနေပြီးတဲ့နောက် သူတို့က ဆေးကုသဖို့တတ်နိုင်ပြီး အစားအစာအတွက် ငါးနဲ့ အသားတွေကိုတောင် ရနိုင်ခဲ့တယ်။ လူနှစ်ယောက်အလုပ်ရဖို့ ဆက်တံရေးအတွက် ပိုက်ဆံတွေတောင်သုံးခဲ့ကြတယ် ...တတိယမိသားစုက အရမ်းချမ်းသာတယ်!အရေးကြီးတာက ကျွန်မတို့အတူတူနေတုန်းက တတိယမိသားစုက သူတို့ရဲ့ခွဲတမ်းအတွက် ဘယ်လောက်ပေးခဲ့လဲ။ ဒီပိုက်ဆံက အဲ့တုန်းကစုထားတာလို့ ယူဆရတယ်"
ပထမချွေးမနဲ့ ဒုတိယချွေးမ ဒီစကား တစ်ကြောင်းတည်းကိုပါးစပ်နီပြီး ဖြူနေတဲ့ သွားတွေနဲ့ ပြောခဲ့သည်။ သံသယကို တကယ့်အခြေအနေအဖြစ် ပြောင်းလိုက်တာလို့ ပြောဖို့ မခက်ဘူး။
(ပါးစပ်နီနှင့် သွားဖြူများ- သာမန်လူများ၏ သာမာန်အသွင်အပြင်ကို ရည်ညွှန်းသော်လည်း မူမမှန်သည့်စကား တစ်ခုခုပြောပါက ဆူပူကြိမ်းမောင်းခြင်း ခံရလိမ့်မည်။ သာမန်ဆိုရိုးစကားမှာ တစ်စုံတစ်ဦးကို ဆဲရေးခြင်း သို့မဟုတ် ဆဲရေးခြင်းခံရလျှင် ဒေါသတကြီး မေးခံရမည်၊ ပါးစပ်နီပြီး သွားဖြူတယ်။ "ဒီလို တာဝန်မဲ့တဲ့ စကားကို ဘယ်လိုပြောတာလဲ။")
အဖွားရန်လည်း တတိယမိသားစုက တကယ်ကြီး ချမ်းသာနေတာလားလို့ သံသယစိတ်တွေ ဝင်လာသည်။ သူတို့တတိယမိသားစုနဲ့ အတူရှိစဉ်က ဆင်းရဲသလို တမင်တကာ ဟန်ဆောင်ပြီး ငွေနည်းတဲ့ ဓနဥစ္စာကို ချွေတာခဲ့တာလား။
"သူတို့မိသားစုက အခု အရမ်းချမ်းသာနေပြီလို့ ငါလည်းထင်တယ်!"
ရန်လျန်ဟွာတို့ လူငယ်များအဖွဲ့ကလည်း ပြောလာကြသည်။ "ရန်ယန်ဆိုတဲ့ အဲ့အရူးက နေ့တိုင်း အသားစားတယ်၊ အဲ့စျေးပေါတဲ့လင်းရှောင်ယွဲ့ လည်း အတူတူပဲ။ လင်းရှောင်ယွဲ့ ပိုဝလာတယ်လို့ ထင်တယ်! သမီးအရင်က ဒီအကြောင်းကို ဟုန်ရင်နဲ့ ပြောခဲ့သေးတယ်။ လင်းရှောင်ယွဲ့ ရဲ့ဘဝက ဘာလို့ဒီလောက်ကောင်းနေရတာလဲ။ သမီးတို့အိမ်မှာလက်ထပ်ပြီးတဲ့နောက်မှ သူမကဒီလိုဖြစ်လာတာ။ အိမ်မှုကိစ္စမလုပ်ရရုံတင်မကဘူး ငါးနဲ့အသားတွေလည်းစားရတယ်။ တတိယအဒေါ် နဲ့အရူးရန်ယန်က သူမကိုဒီလို ရတနာလေးတစ်ယောက်လို ဆက်ဆံတယ်"
ရန်လျန်ဟွာ စကားတွေက အပေါ်က အကြောင်းအရာမဟုတ်သော်လည်း သူမရဲ့ မကျေနပ်မှုကိုလည်း ဖော်ပြခွင့်ရခဲ့သည်။
အတိအကျပြောရလျှင် တတိယမိသားစုသည် မကြာသေးမီက အရှိန်အဟုန်ဖြင့် တိုးမြင့်လာသောကြောင့် ပထမမိသားစုနှင့် ဒုတိယမိသားစုတို့က ၎င်းတို့၏ မကျေနပ်ချက်များကို စတင်ပြောဆိုလာကြသည်။
"ဟုတ်တယ် နင်အဲ့လိုပြောလာတော့ တော်တော်ကိုဘက်မမျှဘူး..."
ရန်ဟုန်ရင်က ဒေါသတကြီးနဲ့ ထမင်းပန်းကန်ကို ကောက်ကိုင်လိုက်သည်။ "သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ပြေပြေလည်လည်နဲ့ မြို့ထဲမှာ အလုပ်ရှာဖို့ ပိုက်ဆံကို သူတို့ အသုံးချနေတုန်းပဲ။ ငါ မြို့ထဲမှာ အလုပ်ရှာချင်ရင် ငါ တစ်ယောက်ယောက်ကိုလက်ထပ်ဖို့ အားကိုးရတယ်......"
ပထမမိသားစုမှ ရန်ဟုန်ရင်က အခု ချိန်းတွေ့နေပြီဖြစ်ပြီး ရွာတွင်မွေးလာသော လယ်သမားတစ်ဦးအနေဖြင့် မြို့တွင်း၌ အိမ်ထောင်ပြုကာ မြို့တွင်း၌ အလုပ်ရနေသော ခင်ပွန်းကိုရှာချင်သည်......!
အောင်သွယ်က ရန်ဟုန်ရင်အတွက် အနည်းငယ်သင့်လျော်သော သူကို မတွေ့မီ လူအများအပြားကို ရွေးချယ်ခဲ့သည်။
ဒါပေမယ့် ပစ္စည်းအခြေအနေနဲ့သာ ကိုက်ညီသည်။
တကယ်တော့ ရန်ဟုန်ရင်က ထို အိမ်ထောင်ဖက်ကို မကြိုက်ပေ။
သူမရဲ့အိမ်ထောင်ဖက်တွေ့တဲ့သူက ရုပ်ရည်မချောဘူး။ သူ့မှာ အကျင့်စရိုက်ဆိုးရှိတယ်။ သူက ရန်ဟုန်ရင် အပေါ် စာနာစိတ်မရှိရုံသာမက ရိုင်းစိုင်းသူလည်းဖြစ်သည်။
ဒါပေမယ့် သူမအခြေအနေနဲ့ ကိုက်ညီတဲ့သူ ရှာရတာခက်တဲ့အတွက် ဒီရွာမှာ ဒီလိုမျိုး မရှိတာ တော်တော်ကို အခြေအနေကောင်းသည်။
ဟန်ဟုန်ရင်က ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် ဤအိမ်ထောင်ဖက် ချစ်သူကို မငြင်းနိုင်ပေ။
ထို့ကြောင့် ရန်ယန်နဲ့ လင်းရှောင်ယွဲ့က မြို့ထဲတွင် အလုပ်တစ်ခုကို အလွယ်တကူ ရှာတွေ့ကြောင်း သူမ ကြားတဲ့အခါ ရန်ဟုန်ရင် သူမရဲ့နှလုံးသားက ဘယ်လိုဟန်ချက်မညီတာလဲဆိုတာကို မသိခဲ့ပေ။
ကံကောင်းစွာပဲ၊ မိသားစုထဲက တစ်ယောက်ယောက်က အဲဒီအကြောင်းကို ပြောပြခဲ့သည်။
အထူးသဖြင့် သူမသည် ရန်ယန်နှင့် လင်းရှောင်ယွဲ့ရဲ့ အလုပ်ကိစ္စတွေကို နှိုးဆော်ချင်ခဲ့သည်။
သူမတောင် မြို့ထဲမှာ အလုပ်မရသေးဘူး။ သူတို့နှစ်ယောက် ဒီလောက်ကောင်းတဲ့အလုပ်ကို ဘယ်လိုရနိုင်မလဲ။
ဒီအချိန်မှာ ရန်ဟုန်ရင်အတွက် ဒါက သူမရဲ့ စိတ်အခြေအနေပဲ။
"နင်တို့ပြောတာကို အခြေခံပြီး ရှင်းရှင်းပြောရရင် နင်တို့ တတိယမိသားစုကို မနာလိုဖြစ်နေကြတာ။ အမလေး..."
အဖွားရန် သက်ပြင်းချလိုက်သည်။ "တတိယမိသားစုနဲ့ ငါတို့ဘက်က အကြောင်းပြချက်တစ်ခုနဲ့ ကွဲကွာသွားပြီ။ တတိယမိသားစုရဲ့ဘဝက အခု ဘယ်လိုပဲဖြစ်နေဖြစ်နေ ငါတို့ဘက်က ဂရုမစိုက်တော့ဘူး။ အခု သူတို့မိသားစုက သာယာတဲ့ဘဝနဲ့ နေနေပေမယ့် နင်တို့ကိုကြည့်ရတာ အဆင်မပြေဘူး။ နင်ဘာလုပ်ချင်လဲ ငါ့ကိုပြော"
စားပွဲဝ်ိုင်းမှာ အမျိုးသမီးတွေ စကားတွေ ပြောနေကြကာ ယောက်ျားတွေက ပန်းကန်ထဲ ခေါင်းနှစ်ပြိီး စားနေကြသည်။ ဒီလို ငြီးငွေ့စရာကောင်းတဲ့ အကြောင်းအရာမှာ ဘယ်သူမှ မပါဝင်ချင်ကြဘူး။
ဒါပေမယ့် မတော်တဆ ဒီအကြောင်းအရာက အမျိုးသမီးတွေရဲ့ အကြီးမားဆုံး ဝါသနာပဲ။
ချန်ချိုင်ယွင်ကလည်း အဖွားရန်ရဲ့ မိန့်ခွန်းကို အခွင့်ကောင်းယူခဲ့သည်။" အမေ၊ တတိယမိသားစုက ကျွန်မတို့မိသားစုကြီးနဲ့ အတူနေတုန်းက ကျွန်မတို့မိသားစုနှစ်စုထက် လစဉ် ပိုက်ဆံဒါဇင်နဲ့ချီပြီး သက်သာတယ်၊ အခု သူတို့ သီးခြားနေနေကြတာ။ တတိယမိသားစုက ပိုက်ဆံတွေအကုန်ထုတ်ပြီး သူတို့အတွက် သာယာတဲ့ဘဝကို ဖြတ်သန်းနေရတယ်။ တတိယမိသားစုနဲ့ ဒီကိစ္စကို ပြေလည်အောင်ထားပြီး တတိယမိသားစု အဲဒီနှစ်တွေမှာ မပေးခဲ့တဲ့ငွေအားလုံးကို တောင်ဖို့ တောင်းဆိုချင်တယ်"
ချန်ချိုင်ယွင်က ထိုနှစ်တွေတစ်လျှောက်လုံး တတိယမိသားစုမှ ပေးချေခဲ့သော ယွမ်ဆယ်ဂဏန်းအနည်းငယ်ကို တွေးနေမိသေးသည်။
လစဉ် ယွမ်ဒါဇင်အနည်းငယ်ဖြင့် လစဉ်ပေးချေကြပြီး ယွမ်ရာဂဏန်းအထိ တိုးလာသည်။
အချိန်တန်တဲ့အခါ တတိယမိသားစုကို ၎င်းတို့ကို ပေးချေရန် တောင်းဆိုပြီး မိသားစုနှစ်စုကို ခွဲဝေပေးမည်။ ချန်ချိုင်ယွင်သည်လည်း ဒါဇင်အနည်းငယ် သို့မဟုတ် တစ်ရာ ယွမ် ဝေစုကို ရနိုင်သည်။
ဤနည်းအားဖြင့် သူမ စိတ်နှလုံးက အနည်းငယ်မျှသာ၍ မျှတလာလိမ့်မည်။
ဒါပေမယ့် ရန်ချန်ယွီက ချန်ချိုင်ယွင် ပိုက်ဆံပြန်ရနိုင်မှာမဟုတ်ဘူးလို့ ခံစားမိသည်။
ထို့ကြောင့် ရန်ချန်ယွီက ပို၍သင့်လျော်သောအစီအစဥ်ကို အဆိုပြုခဲ့သည်။ "အမေ၊ နှစ်တွေတစ်လျှောက် သူတို့ပေးခဲ့ရမယ့် ပိုက်ဆံတွေအားလုံးကို တတိယမိသားစုကို ထုတ်ခိုင်းရင် တတိယမိသားစုက အဲဒါကို မထုတ်ပေးချင်တော့မှာ သေချာတယ်။ မိသားစုခွဲနေလိုက်ပြီမို့ ပိုက်ဆံပေးချင်တဲ့ဆန္ဒရှိတော့မှာမဟုတ်လို့ နည်းလမ်းပြောင်းရအောင်။ တတိယမိသားစုရဲ့ အိမ်ငှားခကို ကောက်ကြမယ်"
"အိမ်ငှားခလား" အဖွားရန် ခဏလောက် အေးခဲသွားသည်။
အဘိုးကြီး ရန်ရဲ့ အမူအရာက ချက်ချင်း ပျက်ယွင်းသွားသည်။ သူ အဲ့တာကို ငြင်းဆန်လိုက်သည်။ " ဟာသပဲ။ ငါ့သားက ငါဆောက်ထားတဲ့အိမ်မှာ နေနေတာကို ငါက အိမ်ငှားခတွေ တောင်းရမယ်ပေါ့။ သူ့ကို ငါ့သားလို့ အသိအမှတ်ပြုရမှာလား မပြုရတော့ဘူးလား"
"အဖေ၊ ကျွန်မတို့မိသားစုက သူတို့နဲ့ခွဲနေပြီ မဟုတ်ဘူးလား၊ ခွဲခွာပြီးကတည်းက တတိယမိသားစုက ဒီမှာပဲ နေနေကြတုန်း။ အဲ့လိုဆိုတော့သူတို့ အိမ်ငှားခနည်းနည်းတော့ ပေးရမယ် မဟုတ်လား"
ရန်ချန်ယွီ ပြောလိုက်သည်။ "သူတို့ကို အများကြီး ပေးခိုင်းမှာ မဟုတ်ပါဘူး။ တစ်လကို ၁၅ ယွမ် ဒါမှမဟုတ် ယွမ် ၂၀ ပဲ ကောက်မှာ။ သူတို့မိသားစုက အခု ချမ်းသာနေပြီ၊ ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ နှစ်ယောက်လုံး မြို့ထဲမှာ အလုပ်သွားလုပ်ကြပြီး ဒီငွေနည်းနည်းလောက်ကို မထုတ်ပေးနိုင်ကြဘူးတော့ ကျွန်မ မထင်ဘူး"
"ကျွန်မလည်း မထင်ဘူး"
အဘွား ရန်က ခေါင်းခါလိုက်သည်။ "ဘယ်မိဘတွေက သားသမီးတွေဆီကနေ အိမ်ငှားခကောက်လို့လဲ။ လူတွေ ငါတို့ရဲ့ အခြေအနေကို ရယ်ကြလိမ့်မယ်"
"ဒါပေမယ့် သူတို့က ကျွန်မတို့မိသားစုနဲ့ခွဲနေပြီလေ အိမ်ငှားခက ဘာမှမဟုတ်ပါဘူး"
ချန်ချိုင်ယွင်က သူ့နှုတ်ခမ်းတွေကို ကောက်ကွေးပြီး ရွှင်မြူးစွာ ရေရွတ်ခဲ့သည်။ "တတိယမိသားစုက တစ်လကို ယွမ်ငွေ ဒါဇင်နဲ့ချီပြီး ပေးလေ့ရှိတယ်၊ အဲဒါက ကျွန်မတို့မိသားစုနှစ်စုကို နှစ်ပေါင်းများစွာ အခွင့်ကောင်းယူသွားခဲ့တာ။ အခုသူတို့က အချမ်းသာဆုံး မိသားစု ဖြစ်သွားပြီ။ အမှတ် တစ်ချို့ကို ပြန်ကြည့်ရအောင်။ ဆုံးရှုံးသွားတဲ့ ပိုက်ဆံတချို့ကို ပြန်ယူတာက ဘာမှမဟုတ်ပါဘူး... လူတွေက ကျွန်မတို့ရဲ့ဟာသတွေကို ဘာလို့ ရယ်နေကြတာလဲ"
အဘွားရန်က အဖိုးရန်ကို လှမ်းကြည့်လိုက်သည်။ အဖိုးရန်ရဲ့ အမူအရာက ဆိုးနေသေးတာကို သူမမြင်တော့ သူမ ထပ်ပြောလိုက်သည်။ " အိမ်လခတောင်းတာက မကောင်းဘူး။ မိဘတွေက သားသမီးတွေဆီကနေ အိမ်ငှားခ ကောက်ဖို့ အကြောင်းပြချက်မရှိဘူး၊ ဒါမှမဟုတ် ငါတို့ရဲ့နာမည်ကို နင်တို့ ပြောင်းလို့ရတယ်"
အဖွားရန်က ဤသို့ပြောပြီးနောက်တွင်၊ အဖွားရန်သည်လည်း တတိယမိသားစုဆီမှ ပိုက်ဆံတောင်းမည့် မိသားစုနှစ်စုကို သဘောတူကြောင်း ဆိုလိုခဲ့သည်။
နာမည်ပြောင်းရုံနဲ့ လုပ်ရတာ ပိုလွယ်သွားလိမ့်မည်။
ရန်ချန်ယွီ ဦးနှောက်က လျင်မြန်စွာ လှည်ပတ်သွားပြီး ရွေးချယ်စရာ ၂ ကို ချက်ချင်းပေးခဲ့သည်။ "အမေ၊ အိမ်လခက အလုပ်မဖြစ်ဘူးဆိုတော့၊ အမေတို့ လူကြီးနှစ်ယောက်အတွက် တစ်လ ယွမ် ၄၀ ပေးခိုင်းရအောင်၊ ဒီငွေကို အမေတို့လူကြီးနှစ်ယောက်ကို ပေးလိမ့်မယ်၊ ပြီးတော့ ဒုတိယမိသားစုက တစ်လကို ယွမ် ၂၀ လျှော့ပေးမယ်။ ဒီနည်းက ကျွန်မတို့အိမ်နှစ်အိမ်ရဲ့ ဖိအားတွေကို သက်သာရာရစေသလို အမေ နဲ့အဖေတို့လည်း တတိယမိသားစုဆီက ကန်တော့တာကို ခံရနိုင်တယ်လေ"
"အဲ့ဒီအကြံကောင်းတယ်!"
ချန်ချိုင်ယွင်က ရန်ချန်ယွီ ရဲ့ အကြံကို ချက်ချင်းထောက်ခံခဲ့သည်။ "တတိယမိသားစုက ငါတို့မိဘတွေကို ပိုက်ဆံပေးလိမ့်မယ်၊ ငါတို့မိသားစုနှစ်စုက ပေးရတဲ့ပိုက်ဆံ နည်းလာမယ်။ ဒါက မိသားစုလိုပါပဲ၊ သားသုံးယောက်စလုံးက မိဘတွေအတွက် ပေးတာက မှန်တယ်။ ခွဲခွာပြီးရင် တတိယမိသားစုက မိဘတွေကို ထောက်ပံ့စရာမလိုဘူးလို့ ပြောလို့ရမလား"
"အင်း..."
အဖွား ရန် အမူအရာမှာ အနည်းငယ်အေးခဲနေသည်။ "အစမှာ အိမ်ငှားရမ်းခက ၁၅ ယွမ် ဒါမှမဟုတ် ယွမ် ၂၀ လောက်မဟုတ်ဘူးလား။ တတိယမိသားစုက နာမည်ပြောင်းရုံနဲ့ ယွမ် ၄၀ ပေးရတာလဲ၊ တတိယမိသားစုက ဘယ်လိုလုပ် ပိုက်ဆံအများကြီးရနိုင်မှာလဲ။"
"သူတို့ ရနိုင်မယ်ဆိုတာ သေချာပါတယ်!"
ချန်ချိုင်ယွင်က သေချာစွာပြောလိုက်သည်။ "အခု တတိယမိသားစုမှာ ငွေရှာတဲ့လူ လေးယောက်ရှိပြီး သူတို့ထဲက နှစ်ယောက်က မြို့ထဲမှာ ငွေရှာနေကြတယ်၊ သူတို့မိသားစုအတွက် ယွမ် ၄၀ က ဘာမှမဟုတ်ဘူး၊ အမေ၊ တတိယမိသားစုဆီက ပိုက်ဆံသိမ်းထားတာကို မစဉ်းစားနဲ့။ ကျွန်မတို့ မိသားစုနှစ်စုလောက်ကိုပဲ တွေးကြည့်။ ကျွန်မတို့မိသားစုနှစ်စုက အခု ဆင်းရဲမွဲတေနေပြီ။ ကျွန်မတို့မိသားစု စားနေတာတွေကိုပဲကြည့်လိုက်...အသားအတွက် ကြက်ဥတစ်လုံးပဲရှိတယ်။အသားမရှိဘူး! အခုက သားသမီးတွေ ကြီးထွားနေတဲ့အချိန်!"
အဖွား ရန်က စားပွဲကို ကြည့်ပြီး ပထမ မိသားစုရဲ့ သား အငယ်ဆုံးကို ကြည့်လိုက်သည်။
ထို့ကြောင့် မိသားစုရဲ့ ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးမှုဖြင့် တတိယမိသားစုကို တစ်လလျှင် ယွမ် ၄၀ အပိုဖိအားပေးခဲ့သည်။
သေချာပါတယ်၊ ညစာစားနေတဲ့ တတိယမိသားစုလေးယောက်က ဒီမှာ ဘာတွေဆွေးနွေးနေတယ်ဆိုတာကို မသိခဲ့ဘူး။
တတိယမိသားစုအိမ်တွင် ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ကိုပြောလိုက်သည်။ " ရှောင်ယွဲ့ ၊ သမီးရဲ့ ခန္ဓာကိုယ်အတွက်ပြင်ဆင်ဖို့ ပိုစားမှရမယ်။ သမီးက အရမ်းပိန်တယ်!"
ဝမ်ရှို့ယင်က အခု လင်းရှောင်ယွဲ့ရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်အတွက်သာ စိတ်ပူနေပြီး သူမ ကလေးမမွေးနိုင်မှာကို စိုးရိမ်နေသည်။