← Chapters

အခန်း (၇၈)

Vol. 7 Ch. 78

အခန်း (၇၈)

Vol. 7 Ch. 78

ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့သည် ရန်ယန်နဲ့ လင်းရှောင်ယွဲ့ တို့က စစ်မှန်သော အိမ်ထောင်သည်များ ဖြစ်လာကြောင်း အတည်ပြုခဲ့သည်။

ယနေ့ခေတ်တွင် လူကြီးနှစ်ယောက်က အိမ်ထောင်ရှင်ဇနီးမောင်နှံဆီမှ မျှော်လင့်ရသည့် တစ်ခုတည်းသော အရာမှာ ကလေးဖြစ်သည်။

လင်းရှောင်ယွဲ့ရဲ့ ပိန်ပိန်ပါးပါး ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပြီး ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ရဲ့ ခန္ဓာကိုယ်ကို ဦးစွာ ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ခံစားမိသည်။

လင်းရှောင်ယွဲ့ ဝလာတဲ့အခါမှသာ သူမ သူတို့ရဲ့ တတိယမြောက်မိသားစုကို ဝဝတုတ်တုတ်နှင့် ဖြူဖြူဖွေး​ဖွေး မြေးလေးတစ်ဦး ပေးနိုင်မည်။

ညစာစားပြီးနောက် လင်းရှောင်ယွဲ့က ဝမ်ရှို့ယင် မကြာခဏ လှုပ်ရှားမှုကြောင့် သူမ ပန်းကန်ထဲ အသားထည့်ပေးသည့် လူကြီးနှစ်ဦးရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိပေမည်။

အခန်းငယ်လေးရှိ ကုတင်ပေါ်တွင် လဲလျောင်းရင်း လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ ရင်ခွင်ထဲ တိုးဝင်သွားသည်။ သူမ သူ့ကို ပွေ့ဖက်ပြီး ပြောလိုက်သည်။

"ရှင့်အမေနဲ့အဖေရဲ့ ရည်ရွယ်ချက်ကို ရှင်မြင်ပြီးပြီလား"

"မင်းဘာတွေစဥ်းစားနေတာလဲ"

ရန်ယန်က သူ့ လက်ဖဝါးကြီးနဲ့ သူမပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ ဂရုတစိုက်မေးဖို့ သူ့မေးစေ့က သူမ နဖူးကိုဖိကပ်ထားသည်။

"ခုနက ထမင်းစားနေတုန်း အမေက ကျွန်မပန်းကန်ထဲ ထမင်းထပ်ထည့်ပေးတယ် မဟုတ်ဘူးလား၊ သူမက ကျွန်မ ဝလာအောင်ကြိုးစားနေတာမဟုတ်ဘူး၊ မြေးတွေမွေးအောင်လုပ်ပေးဖို့ ကြိုးစားနေတာလို့ ထင်တယ်"

လင်းရှောင်ယွဲ့က မိန်းမတစ်ယောက်အနေဖြင့် ထိုသို့သောစကားတွေကိုပြောဖို့ အလွန်ရှက်ရွံ့နေသည်။

ဒါပေမယ့် သူမ တွေးကြည့်လိုက်တော့ ရင်းနှီးခဲ့တဲ့ညတွေ အကြောင်းကိုတောင် ပြောနိုင်တာမို့ ကလေးမွေးတဲ့ စကားလုံးလောက်က ဘာမှမဖြစ်ပါဘူး။

ထို့ကြောင့် လင်းရှောင်ယွဲ့ တိုက်ရိုက်ပြောလိုက်သည်။

ရန်ယန်က ယနေ့ညစာစားနေစဉ် ဝမ်ရှို့ယင်၏ အပြုအမူများကို တွေးပြီး ဝမ်ရှို့ယင်ရဲ့ ရည်ရွယ်ချက်တွေကို သေချာစဉ်းစားခဲ့သည်။

သူ့နှုတ်ခမ်းပါးပါးလေးက ညင်ညင်သာသာ မြှောက်တက်လာခဲ့သည်။ "ဒါဖြစ်နိုင်တယ်။ ဒါဆို မင်းဘယ်လိုထင်လဲ"

"ကျွန်မက ဘယ်လိုထင်ရမှာလဲ"

သူမ မော့ကြည့်လိုက်တော့ လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ မေးရိုးတင်းမာနေတာကို တွေ့လိုက်ရသည်။ "ဒီလိုကိစ္စမျိုးကို ကျွန်မကိုဘယ်လိုထင်လဲလို့ ရှင် ဘာလို့မေးတာလဲ အရင်ဆုံးရှင်ထင်ထားတာကို မပြောသင့်ဘူးလား။ ရှင်ဘယ်လိုထင်လဲ၊ ကလေးလိုချင်လား"

“လိုချင်တယ်"

ရန်ယန် ခေါင်းညိမ့်လိုက်သည်။ သူ့ နက်မှောင်တဲ့ မျက်ဝန်းတွေက လင်းရှောင်ယွဲ့ရဲ့ တောက်ပနေတဲ့ မျက်ဝန်နဲ့ ဆုံတွေ့ခဲ့သည်။

ရန်ယန် - "ဒါဆို......"

လင်းရှောင်ယွဲ့ - "ဒါဆို ဘာလဲ"

ရန်ယန်က လင်းရှောင်ယွဲ့ရဲ့ခါးကိုဖြစ်လိုက်သည်။ အဲ့တာကသူမကို လှုပ်ရှားသွားစေကာ သူမ မကူညီနိုင်ဘဲ အကျယ်ကြီးအော်ရယ်လိုက်သည်။ "ဟားဟား ရှင်ဘာလို့မလှုပ်ရှားတာလဲ"

လင်းရှောင်ယွဲ့ က သူ့လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး သူမကို လှုပ်ရှားအောင်ထက်မလုပ်နိုင်စေဖို့ ဆုံးဖြတ်လိုက်သည်။

သူမ ကလိထိုးလိုက်သည်။

ရန်ယန်ရဲ့ နှုတ်ခမ်းတွေက ကော့သထက်ကော့တက်လာသည်။ "ဒါဆို ဒီဟာရဲ့ အကြိမ်ရေကို တိုးမှာလား။ ကိုယ်တို့ အဲ့တာပြီးခဲ့တာက ရက်တော်တော်ကြာခဲ့ပြီ မဟုတ်...."

လင်းရှောင်ယွဲ့ သူ့ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ သူမ မျက်လုံးတွေ ကွေးသွားကာ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ဒီရက်အနည်းငယ်အတွင်း ကျွန်မ ရာသီမလာဘူး..."

"သေချာတယ် ရက်အနည်းငယ်ကြာရင် လာလိမ့်မယ် " ရန်ယန် ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက် စစ်မှန်တဲ့အိမ်ထောင်ပြုတဲ့နေ့ကစပြီး ရန်ယန်က သူမကို နောက်ရက်အနည်းငယ်ကြာအောင် မရွှေ့ရဲတော့ဘူး။

ဘာကြောင့်လဲဆိုတော့ ထိုညတွင် နာကျင်စွာ အော်ဟစ်နေသော သူမ အသံက သူ့စိတ်ထဲ လေးနက်တဲ့ ခံစားချက်ကို ချန်ထားခဲ့တာကြောင့် ဖြစ်သည်။

ရန်ယန်က သူ့ရဲ့ ဆိုးရွားတဲ့ နည်းစနစ်ကြောင့်လား ဒါမှမဟုတ် သာမန် ဝေဒနာ ကြောင့်လားဆိုတာကို မသေချာခဲ့ပေ။

ဒါပေမယ့် ပထမတစ်ကြိမ်ပြီးရင် အရိပ်တစ်ခုကျန်ခဲ့လောက်တော့ သူမကို မလှုပ်ရှားရဲခဲ့ပေ။

အဓိက အကြောင်းရင်းကတော့ သူမကို နာကျင်စေမှာ ကြောက်လို့ပဲ။ တကယ်တော့ သူ့စိတ်ထဲမှာ အရမ်းလိုချင်ခဲ့တာ။

မူလက ဤကာလတွင် ရန်ယန်က ဤကိစ္စကို တင်ပြဖို့ မရည်ရွယ်ခဲ့ပေ။ သူ အရာအားလုံးကို ခဏတာ အချိန်ဆွဲရန် ရည်ရွယ်ထားသည်။

ဒါပေမယ့် သူမ ဒီနေ့ ကလေးယူဖို့ အစပျိုးခဲ့တာမို့ ရန်ယန်လည်း ပြောပြခွင့်ရခဲ့သည်...

လင်းရှောင်ယွဲ့ရဲ့ တုံ့ပြန်မှုက သူ့ကို အံ့သြသွားစေပြန်သည်။ အဖြစ်အပျက်ကို သူမ မကြိုက်တဲ့ပုံမရဘူး။

ဤသည်မှာ သူမရဲ့ လစဉ် ဆက်ဆံရေး ပျက်သွားပြီးနောက်တွင် သူနဲ့ ရင်းနှီးမှု ပျော်ရွှင်စွာ ထားနိုင်သေးကြောင်း ပြသနေသည်။

*(တိုတိုပြောရရင်၊ သူမနဲ့ လိင်ဆက်ဆံတာ XD)

ရန်ယန် စိတ်အခြေအနေကောင်းပြီး လင်းရှောင်ယွဲ့ နဖူးကို နမ်းလိုက်သည်။ "ဒီရက်ပိုင်းမှာ ခန္ဓာကိုယ်က ကိုယ့်အပိုင်ဖြစ်နေတယ်ဆိုတာ မင်း သတိထားမိလား"

"အွန်း..." လင်းရှောင်ယွဲ့ ပြန်ဖြေလိုက်သည်။

ဟုတ်ပါတယ် အဲ့တာသူပဲ...

စာကြည့်ခန်းထဲမှာ ညတိုင်း သူ့ကို အပြင်ခေါ်ထုတ့လာတယ်၊ အဲဒါက သူ မဟုတ်နိုင်သေးလို့လား။

"ဒါဆို ကိုယ့်ရဲ့အခြေနေက တော်တော်တည်ငြိမ်နေပြီလို့ ခံစားရတယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်က ကိုယ်ပဲ။ ကိုယ်နဲ့ ကလေးယူဖို့ မင်းစိတ်ချလို့ရပြီ။ မင်းနဲ့အတူ ကလေးကို သေချာပေါက် ကောင်းကောင်းကြီး ပြုစုပေးမယ်"

ရန်ယန်က သူ့ကိုယ်သူ စိတ်ချဖို့နဲ့ သူမကို စိတ်အချရဆုံးဖြစ်အောင် သူတို့နှစ်ယောက်လုံးအတွက် ဒီပြတ်သားတဲ့ စကားကို ထပ်ပြောခဲ့ပြန်သည်။

"အွန် ဟွန်း"

လင်းရှောင်ယွဲ့က သူ့ရဲ့ယုံကြည်မှုရှိနေတဲ့ အကြည့်ကိုကြည့်လိုက်သည်။ သူ့ကိုပြောပြဖို့ သူမ သည်းမခံနိုင်ဘူး...

တကယ်တော့ အမှန်တရားက သူထင်ထားသလို မဟုတ်ဘူး။

"မနက်​ဖြန်​ အန်းမြို့​ကိုသွားရ​အောင်​" လို့ရန်ယန် ပြောလိုက်သည်။

"ဘာလုပ်မလို့လဲ" လို့ လင်းရှောင်ယွဲ့ မေးလိုက်သည်။

"ကိုယ်နဲ့ စီးပွားရေး လုပ်နေတဲ့ သူတွေနဲ့ တွေ့ဖို့ မင်းက်ု ခေါ်သွားပေးမို့။ ကိုယ့်ရဲ့ လုပ်ငန်း ကွင်းဆက် တစ်ခုလုံးကို မင်းကို ပြမယ်" ရန်ယန် ပြုံးပြလိုက်သည်။

သူက မှန်းဆထားတဲ့ စီးပွားရေးကို လုပ်ကိုင်နေသော်လည်း သူသည် အလယ်အလတ်သမားသာဖြစ်သည်။

အန်းမြို့က ကမ်းရိုးတန်းမြို့ဖြစ်သည်။ ရန်ယန်က ကျိုးကျန့်ဝေနဲ့အတူ ကုန်ပစ္စည်းတွေကို မကြာခဏ ယူလေ့ရှိပြီး ပြုပြင်မွမ်းမံရသေးတဲ့ အရည်အသွေးကောင်းသော ပုလဲတစ်သုတ်ကို မကြာခဏ ရရှိနိုင်သည်။

သူတို့ရောက်လာပြီးနောက် ရန်ယန်က သူတို့ကို လျိုမြို့ ဆီကို ပို့ဆောင်ပြီး ဝမ်ရှန်းဆီကို ပုလဲတွေ စျေးကောင်းကောင်းနဲ့ ရောင်းချသည်။

ဝမ်ရှန်းက ဤပုလဲများကို ပြုပြင်ဖို့အတွက် ယူသွားမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့ကို လက်မှုပစ္စည်း အမျိုးအစား အမျိုးမျိုးအဖြစ် ပြုလုပ်မည်ဖြစ်သည်။

သူသိတဲ့ အထက်တန်းလမ်းကြောင်း တွေဆီ ရောင်းသည်။

ကျိုးကျန့်ဝေရဲ့ မိသားစုက ပင်လယ်စာလုပ်ငန်းဖြင့် ပင်လယ်စာရောင်းသည်။ ဒါကြောင့် ပုလဲတစ်ကောင်က ပုလဲပွင့်လာတဲ့အခါ မူအရကတော့ ပြည်သူတွေဆီကို လွှဲပေးရမည်။

ဒါပေမယ့် ကျိုးကျန့်ဝေက သူ့ပိုက်ဆံအိတ်ကို ကျေနပ်စေဖို့ ကုန်ပစ္စည်းအမြောက်အမြားမှ ပမာဏအနည်းငယ်ကို အမြဲထုတ်ယူနိုင်သည်။

ထို့ကြောင့် သူ့တွင် ရန်ယန်နဲ့ ကုန်သွယ်မှုဆက်ဆံရေးရှိသည်။

ဒါက ကျိုးကျန့်ဝေ အတွက် ဆုံးရှုံးမှု မဟုတ်ဘူး။

ရန်ယန်အတွက် ဆုံးရှုံးမှုလည်း မဟုတ်ဘူး။

ဝမ်ရှန်း အတွက်လည်း ဆုံးရှုံးမှုတစ်ခုမဟုတ်ဘူး။

၎င်းတို့အားလုံးက မတူညီသောငွေပမာဏကို ဖန်တီးကြပြီး မတူညီသော စွန့်စားမှုများကို ယူကြသည်။ အဆိုပါ လုပ်ဆောင်ချက်က စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း အမှန်တကယ် မှန်းဆထားသည်။

ဒါပေမယ့် ဤငွေက ပင်ပန်းနွမ်းနယ်မှုမှရရှိသော ဝင်ငွေထက် အမှန်တကယ်ပင် သာလွန်သည်။

အရောင်းအဝယ်တွေ မကြာမကြာဖြစ်နေသရွေ့တော့ ပြဿနာကြီးကြီးမားမားမရှိဘူး။

တတိယ ရန်ယန်က တစ်လလျှင် အကြိမ်အနည်းငယ်သာ ထွက်လေ့ရှိသည်။ သူ့မှာ အပြင်ထွက်ဖို့ အချိန်သိပ်မရှိဘူးလို့ ယူဆတာကြောင့် ဇန်န၀ါရီလမှာ အရောင်းအ၀ယ်အနည်းငယ်လုပ်ခဲ့ပြီး မုန့်ဖိုးနည်းနည်းယူခဲ့သည်။ ဒါက ပြဿနာကြီးကြီးမားမားတော့ မဟုတ်ဘူး။

ဒါပေမယ့် အခုကစပြီး နေ့တိုင်းနီးပါး ထွက်လာနိုင်တာမို့ သူ့လုပ်ငန်းကို ကောင်းကောင်း စီမံခန့်ခွဲရမည်။

ဒီလိုလုပ်ဆောင်မှုမျိုးက တရားမဝင်ပေမယ့် လင်းရှောင်ယွဲ့ ပြောတာကို သူယုံကြည်သည်။ နောက်ပိုင်းတွင် အဆိုပါလုပ်ငန်းများ ပုံမှန်ဖြစ်လာပြီး ၎င်းတို့ကို လူအများက အသိအမှတ်ပြုလာမည်ဖြစ်သည်။

ထို့ကြောင့် အနာဂတ်အတွက် ယခုစတင်ပြင်ဆင်ခြင်းက သူ့အတွက် လုံးဝကောင်းမွန်သည်။

လင်းရှောင်ယွဲ့ကို သူနှင့်အတူ ခေါ်ဆောင်ဖို့ မကြောက်ခဲ့ပေ၊ အကြောင်းမှာ လင်းရှောင်ယွဲ့ ထင်ကြေးပေးထားသည့်အတိုင်း အနာဂတ်တွင် တရားဝင် ခွဲခွာမှုတစ်ခု ဖြစ်လာနိုင်တာကြောင့် သူမကို ခေါ်သွားကာ အနည်းငယ် လေ့လာခွင့်ပေးတာက သင့်လျော်သည်။

သူသတိထားဖို့ပဲလိုသည်။

ဒီလိုလုပ်ငန်းမျိုး ပုံမှန်လည်ပတ်မှုမဖြစ်ခင်မှာ အရောင်းအဝယ်တိုင်းကို ဘေးကင်းစေဖို့နဲ့ ဖမ်းမိတာမျိုးမဖြစ်အောင် ဂရုတစိုက်ဆောင်ရွက်သင့်သည်။

ဤသည်မှာ ရန်ယန်၏ လက်ရှိအတွေးဖြစ်သည်။

"အင်း အင်း!"

လင်းရှောင်ယွဲ့က သူ့ လုပ်ငန်းကွင်းဆက်ကို ကြည့်ရှုဖို့ သူမကို ခေါ်သွားတော့မယ်လို့ ကြားတဲ့အခါတွင် စိတ်အခြေအနေကောင်းသွားသည်။

သူမ ငွေရှာဖို့ အလွန်စိတ်ဝင်စားသည်။

"ကျွန်မမှာလည်း ရှင်နဲ့ ဆွေးနွေးဖို့ ရှိသေးတယ်"

လင်းရှောင်ယွဲ့ က ရန်ယန်၏လည်ပင်းကို သိုင်းဖက်ကာ ပြုံးပြီး စိုက်ကြည့်လိုက်သည်။ "နောက်ထပ်ရောင်းဖို့ အကောင်းဆုံးဟာက ဘာလို့ထင်လဲ။ ရှင်ပြောကြည့် ကျွန်မသေချာပေါက် ပစ္စည်းတွေလာယူလို့ရတယ်။ ပြီးတော့ အဲ့တာတွေကအကောင်းတွေဖြစ်စေရမယ် "

"နောက်ထပ်...."

ရန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ "မင်းရဲ့ မေးခွန်းက ဖြေဖို့မလွယ်ဘူး။ အဓိကကတော့ စျေးကွက်ပေါ်မှာ မူတည်တယ်။ ဘယ်ဈေးကွက်ကို ဝင်ချင်လဲ၊ ဒီလိုပစ္စည်းတွေကို ရောင်းဖို့ ပြင်ဆင်ထားရမယ်။ပြီးခဲ့တုန်းက မင်းယူလယတဲ့ အစားအသောက်ကော၊ ဒီလို ကုန်ပစ္စည်းတွေ ရောင်းတာ သဘာဝပဲ။ အစားအသောက်က ဘယ်တော့ မှ ရေပန်းမစားဘူး ၊ ဝယ်ချင်စိတ် ရှိတဲ့ လူတွေ အမြဲ ရှိနေမှရမှာ။ လူတွေ ရဲ့ အဝတ်အစား၊ အိမ်၊ လမ်းပန်းဆက်သွယ်ရေးက အစားအသောက်နဲ့ယှဥ်လို့မရနိုင်ဘူး။ လူတွေက စားစရာမရှိရင် မနေနိုင်ဘူး အဲ့တော့ …"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "ဒါဆို အစားအသောက်ရောင်းတာ အရမ်းကောင်းတာပေါ့! ဒါဆို အစားအသောက်ရောင်းကြရအောင်လေ။ ရှင် ဘယ်လိုထင်လဲ"

ရန်ယန် ပြန်ပြောလိုက်သည်။ "မင်းယူလာတဲ့ အသီးအနှံတွေကို ရောင်းရတာ အရမ်းကောင်းပါတယ်။ မင်းမှာ ကုန်ပစ္စည်းရှိရင် သစ်သီးဆိုတာ ရေရှည်မှာ လုပ်လို့ရတဲ့ လုပ်ငန်းတစ်ခုပဲ။ ဒီနေ့ အစ်ကို ရှန်းရဲ့ တုံ့ပြန်မှုကို မင်းလည်းမြင်ပြီးပြီလို့ ထင်တယ်။ နောက်နှစ်ရက်လောက်နေရင် အသီးအနှံတစ်သုတ် ပို့လိုက်မယ်၊ သူ ပိုက်ဆံအကြောင်းတောင် ပြောမှာ မဟုတ်တာသေချာတယ်၊ သူလက်ခံလိမ့်မယ်"

"ကောင်းပြီ!"

လင်းရှောင်ယွဲ့က သူ့စကားတွေကိုယုံကြည်သည်။ "ဒါဆို ကျွန်မ ပန်းသီး၊ သစ်တော်သီးနဲ့ ချယ်ရီသီးတွေ ထပ်ယူလာမယ်!"

ရန်ယန် သူမကို သတိပေးလိုက်သည်။ "ချယ်ရီသီးတွေ အရမ်းများနေစရာ မလိုဘူး။ ရှားပါးတဲ့အချိန် အဲ့တာတွေက အဖိုးတန်တဲ့အရာတွေပဲ"

လင်းရှောင်ယွဲ့ - "ဟုတ်တယ်၊ အဲဒါ အဓိပ္ပါယ်ရှိတယ်"

လင်းရှောင်ယွဲ့ ပျော်ရွှင်စွာနဲ့ သူ့မျက်နှာကိုဖျစ်လိုက်သည်။ "ရှင်ဘာလို့ ထက်မြက်နေရတာလဲ။ ရှင့်ခေါင်းက ဘယ်လောက်ကြီးနေတာလဲ။ အဲဒီနှစ်ယောက်ကြားက ကွာခြားချက်က ဘယ်လိုဖြစ်နေတာလဲ"

ဒီနှစ်ယောက်......သူမရည်ညွှန်းသည်မှာ သူ့အခြားကိုယ်ခွဲနှစ်ခုဖြစ်သည်။

(notlucia : ငါဒုတိယအတွက် စိတ်မကောင်းဘူး...)

သူမ ပေါ့ပေါ့တန်တန်ပြောခဲ့တဲ့ ဒီစာကြောင်းက အဲဒီသုံးယောက် ကြားက နှိုင်းယှဉ်မှု အတိုင်းအတာတစ်ခုအထိ ရှိခဲ့သည်။

တတိယ ရန်ယန်က ထိုစကားကိုကြားတဲ့အခါ သူ့စိတ်ထဲတွင် အလွန်ပျော်ရွှင်နေပေလိမ့်မည်။

သူက ပိုပြီး ပွင့်ပွင့်လင်းလင်း ပြုံးပြပြီး သူ့နားရွက် ထောင့်စွန်းတွေ အက်ကွဲလုမတတ်ပင်။ "ကိုယ့်ရဲ့ ထူးချွန်မှုကို မင်းမြင်ပြီလား၊ ကိုယ်နဲ့ သူတို့နှစ်ယောက်ကြားက ခြားနားချက်ကို မင်းမမြင်ခဲ့သင့်ဘူးလား"

"ဟုတ်​တယ်​ ဟုတ်​တယ်​၊ ကျွန်မ အရင်​ကတည်းက မြင်​ခဲ့သင့်​တာ။ ရှင်က​ ငွေရှာတာ အ​တော်ဆုံးပဲ"

လင်းရှောင်ယွဲ့က တတိယရန်ယန်ရဲ့ မျက်နှာကို ပွတ်သပ်ကာ တစ်ချက်တည်း ရုပ်ပျက်စေခဲ့သည်။

သူမအား နာခံမှုဖြင့် သူ့အား နှိပ်စက်ညှဉ်းပန်းစေသည့် နည်းလမ်းကို ကြည့်လိုက်ရာ လင်းရှောင်ယွဲ့အတွက် သူက ချစ်ဖို့ကောင်းနေပြန်သည်။

ဦးတည်သွားရင်း ရန်ယန်၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။

အရမ်းမကိုက်ခဲ့ပေမယ့် ရန်ယန်က မျက်မှောင်ကြုတ်နေသေးသည်.....

လူဆိုးမလေး...

ရန်ယန်က သူမ မျက်နှာလေးကို ဆုပ်ကိုင်ဖို့ လက် မြှောက်လိုက်ပြီး သူမကို အခမ်းအနားမပါဘဲ နမ်းလိုက်ပြီး နှုတ်ခမ်းကို အတင်းပိတ်ပစ်လိုက်သည်။

လင်းရှောင်ယွဲ့က ချက်ချင်း သူ နမ်းတာခံလိုက်ရပြီး စကားမပြောနိုင်ခဲ့ပေ ...

ဒါ အပြစ်ဒဏ်ပဲ။

ညဘက်တွင် နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက်၊ စာကြည့်ခန်း၌ လင်းရှောင်ယွဲ့ သည် ပန်းသီးနှစ်ဖာ၊ သစ်တော်သီးတစ်ဖာနှင့် ချယ်ရီသီးတစ်ဖာကို အွန်လိုင်းတွင် ဝယ်ယူခဲ့သည်။

စူပါမားကတ်တစ်ခုတွင် ရှာဖွေနေစဉ်တွင် စည်သွပ်ဘူးများကို တွေ့လိုက်ရပြီး ချက်ချင်း သူမ ပါးစပ်က လောဘကြီးစွာဖြင့် စိုစွတ်လာခဲ့သည်။

လင်းရှောင်ယွဲ့ က အမဲသားစည်သွတ်ဘူးတစ်ဗူး၊ ဝက်သားကင်စည်သွတ်ဘူး၊ ငါးသေတ္တာနဲ့ လိမ္မော်ရေတစ်ဖာကို ချက်ချင်း မှာလိုက်သည်။

မှာပြီးသည့်နောက် လင်းရှောင်ယွဲ့ သူမဘဏ်ကတ်ကိုကြည့်ကာ ယွမ်ရာဂဏန်းကို နုတ်ယူလိုက်သည်။ သူမ မောက်စ်ကို လက်ညှိုးဖြင့် နှိတ်လိုက်ချိန် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

ဘာကြောင့်လဲဆိုတော့ မနက်ဖြန် ဒီအာကာသနေရာလွတ်ထဲ ဝင်ပြီးတာနဲ့ သူမရဲ့ ဘဏ်ကတ်ထဲက ပိုက်ဆံတွေက အရင်အတိုင်း လုံးဝပြန်ဖြစ်သွားလို့ပဲ။

စာကြည့်ခန်းရဲ့ အချိန်က သူမသေဆုံးသည့်နေ့တွင်သာ သတ်မှတ်ထားတာကြောင့် အတွင်းရှိ ပစ္စည်းတွေအားလုံးက မကုန်ခန်းနိုင်ပေ။

လင်းရှောင်ယွဲ့က သူမစာကြည့်ခန်းတွင် ဤနေရာလွတ် ဘာကြောင့်တည်ရှိနေလဲကို နားလည်အောင်လုပ်ဖို့ စွန့်လွှတ်ခဲ့သည်။

မူရင်းစာရေးဆရာက သူမကို ရွှေလက်ချောင်းတစ်ချောင်း ပေးထားသလိုမျိုးပဲ စဉ်းစားခဲ့သည်။

လေးဖက်မြင် အာကာသ ဒါမှမဟုတ် အပြိုင်ကမ္ဘာ။

သူမအလွယ်တကူသုံးနိုင်တဲ့ ပလပ်အင်တစ်ခုပါရှိသော စာအုပ်တစ်အုပ်အဖြစ် တွေးကြည့်လိုက်ပါ။

လင်းရှောင်ယွဲ့က ထိုအကြောင်းကို တွေးကြည့်မိတဲ့အခါ ပိုပျော်ရွှင်လာသည်။

စာကြည့်ခန်းတွင် သူမသည် အွန်လိုင်းမှဝယ်ယူထားသော နို့တစ်ပုလင်းကို သောက်ပြီး နို့ဖာကို ငုံ့ကြည့်လိုက်သည်။

ဟုတ်ပြီ...

ဒီနို့ကိုလည်း ရောင်းလို့ရတယ်။

လိုဂိုပြောင်းထားသမျှ အကုန်ရောင်းလို့ရသည်

လင်းရှောင်ယွဲ့က ယခုအချိန်တွင် ငွေရှာဖို့ စိတ်ကူးတွေ ပြည့်နေပြီဖြစ်သည်။

နို့ဖာတစ်ပုံးကို ကုတင်ဘေးသို့ဆွဲချပြီးနောက် လင်းရှောင်ယွဲ့က ရန်ယန်နှစ်ယောက်ရဲ့ဘေးတွင် ထိုင်လိုက်သည်။

ခေါင်းငုံ့ပြီး အေးချမ်းစွာ အိပ်ပျော်နေတဲ့ ရန်ယန် နှစ်ယောက်ကို စစ်ဆေးကြည့်လိုက်သည်။

"အင်း...ကျွန်မတောင်းပန်ပါတယ် ဒုတိယ..."

လင်းရှောင်ယွဲ့က ရန်ယန် နဖူးကို ဒီအတိုင်း ပုတ်လိုက်သည်။ "ရှင့်ရဲ့ လူကြိုက်နည်းမှုကြောင့် အခုတော့ ကျွန်မ ရှင့်ကို လျစ်လျူရှုထားလိုက်မယ်"

All Chapters