← Chapters

အခန်း (၈၀)

Vol. 7 Ch. 80

အခန်း (၈၀)

Vol. 7 Ch. 80

"အားလုံး စိတ်အေးအေးထားသင့်တယ်၊ ဒီအကြောင်းအရာကို သေသေချာချာ ဆွေးနွေးကြရအောင်၊ ရန်ဖြစ်မနေကြနဲ့ ဟုတ်ပြီလား"

ချန်ချိုင်ယွင်နဲ့ ဝမ်ရှို့ယင်တို့ နှုတ်ဖြင့် ငြင်းခုံကြတော့မည့်အချိန်တွင် ရန်ချန်ယွီက သူတို့ကိုကြားဖြတ်ပြောလိုက်သည်။ “မိဘတွေကို စားစရိတ် ပေးရတာက လင်မယားနှစ်ယောက်အနေနဲ့ သတိရှိရှိ လုပ်သင့်တဲ့ အရာဖြစ်ပြီး အခု နှစ်ယောက်လုံး အငြိမ်းစားယူသွားကြတာက ယုတ္တိတန်ပါတယ်။ အတူတူ ပေးသင့်တာပေါ့!"

"မှန်တယ်။ ငါတို့ အတူတူ အဖေနဲ့ အမေကို ကျွေးရမှာ။ ဘာလို့ငါတို့ပဲ အဖေနဲ့အမေကို ကျွေးထားရမှာလဲ။ အဖေနဲ့ အမေ စားတဲ့ အစားအစာ အားလုံးက ငါတို့ မိသားစု နှစ်စုဆီကဟာ။ တတိယ မိသားစုက၊ မိသားစုနဲ့ ခွဲနေတယ်ဆိုပြီး တစ်ကိုယ်ကောင်းဆန်နေတာ ရှင်းနေတာပဲ။ ပြီးတော့ အဖေနဲ့အမေကိုတောင် လျစ်လျူရှုထားတယ်!” ချန်ချိုင်ယွင်က ဝမ်ရှို့ယင်ကို လက်ညှိုးထိုးပြီးပြောဆိုခဲ့ကာ သူမရဲ့ လေသံက ပြင်းထန်လွန်းလှသည်။

ဝမ်ရှို့ယင်က ချန်ချိုင်ယွင် မျက်နှာကို မုန်းသည်။ "မိသားစုနဲ့ ခွဲလိုက်ရလို့ တစ်ကိုယ်ကောင်းဆန်နေတာလား။ ရယ်စရာကောင်းလိုက်တာ။ ငါတို့မိသားစုနဲ့ ခွဲခွာလိုက်ရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ။ အဲဒီနေ့က နင် ငါ့ကို ဘယ်လို စော်ကားလိုက်လဲ။ ချန်ချိုင်ယွင်! နင့်မှာ အသိစိတ်ရှိပြီး ပါးစပ်ပေါက်ကိုပိတ်ထားလိုက်လို့မရဘူးလား။ နင်စကားတောင် ပြောတတ်ရဲ့လား"

"အိုး။ အမှန်တရားကိုကြားရတော့ ခက်တယ်မဟုတ်လား"

ချန်ချိုင်ယွင်က သူမကို လက်ညှိုးထိုးရင်း အော်ဟစ်ခဲ့သည်။ "နင့်ကို ငါပြောနေတာ။ နင် အမှန်တရားကို ကြားရတာ ခက်ခဲနေလား။ နင်က ဒီလိုလူမျိုးပဲ။ ဘယ်သူက နင့်ကိုကျင့်သားရမှာလဲ"

"တော်ပြီ၊ ငြင်းခုံနေကြတာကို ရပ်လိုက်တော့ "

ရန်ချန်ယွီက ချန်ချိုင်ယွင် လက်ကို ဆုပ်ကိုင်လိုက်ပြီး ချန်ချိုင်ယွင်ကို စကားမစဖို့ အချက်ပြလိုက်သည်။

သူမတို့နှစ်ဦးက ကနဦးသဘောတူညီချက်တစ်ခုရရှိထားသကဲ့သို့ ပြုမူခဲ့ကြသည်။ တစ်ယောက်က မျက်နှာဖြူ သီချင်းဆိုကာ တစ်ယောက်က မျက်နှာနီကို သီဆိုသည်။

(TN : တစ်ယောက်က မျက်နှာဖြူ သီဆိုပြီး တစ်ယောက်က မျက်နှာနီကို သီဆိုသည်- ပဋိပက္ခများနှင့် ဗရုတ်သုတ်ခများကို ဖြေရှင်းသည့် လုပ်ငန်းစဉ်၊ တစ်ဦးက ပြင်းထန်သော သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသည့် အခန်းကဏ္ဍတစ်ခုအဖြစ် လုပ်ဆောင်ကာ အခြားတစ်ခုမှာ ဖော်ရွေသော သို့မဟုတ် နှစ်သက်ဖွယ်ကောင်းသော အခန်းကဏ္ဍတစ်ခုအဖြစ် လုပ်ဆောင်သည်။)

ချန်ချိုင်ယွင်၏ မောက်မာမှုက လွန်သွားပြီးတဲ့နောက် ရန်ချန်ယွီက နူးညံ့စွာပြောခဲ့သည်။ "အတိတ်ကိစ္စတွေကို ကျွန်မတို့ မတွက်တော့ပါဘူး၊ အခုဟာကိုပဲ အာရုံစိုက်လိုက်ကြရအောင်။ အဖေနဲ့အမေက အခု အလုပ်မလုပ်ကြတော့ဘူး။ ယုတ္တိနည်းအရပြောရရင် ကျွန်မတို့ သုံးယောက်က မိဘတွေကို အတူတူ ထောက်ပံ့ပေးသင့်တယ်။ ယောက်မရဲ့ တတိယမိသားစုက အခုပိုပိုပြီး ချမ်းသာလာပြီမဟုတ်လား"

အတိတ်ကိစ္စကို မတွက်ဘူး။ အခုဟာကိုပြောကြမယ်ပေါ့။ သူတို့ နှစ်ယောက် အလုပ်မလုပ်တော့တဲ့အတွက် မိဘတွေကို အတူတူ ထောက်ပံ့သင့်တယ်ဆိုတာ ယုတ္တိရှိပါတယ်။ တတိယမိသားစုက ပိုပိုပြီချမ်းသာလာပြီ။ အခု ရန်ယန်မှာ ပြန်ကောင်းလာပြီး လင်းရှောင်ယွဲ့သည်လည်း မြို့ထဲတွင် အလုပ်တစ်ခုရှာတွေ့ခဲ့ကာ ယခုအခါ မိသားစု လေးယောက်လုံးက ဝင်ငွေရှာနိုင်နေပြီဖြစ်သည်။ ဝင်ငွေက ယခင်က ရရှိသောငွေထက် ပိုမိုများပြားလာမည်ဖြစ်သည်။ မိသားစုအတွက် တစ်လ ယွမ် ၄၀ ပေးတာက အရမ်းခက်ခဲမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီပိုက်ဆံတွေ တောင်းတာ။

"မှန်တယ်!"

ချန်ချိုင်ယွင် ဒေါသတကြီးနဲ့ မျက်ဖြူလှန်ပြီးပြောခဲ့သည်။ "ငါ့သား မြို့မှာ အလုပ်သွားလုပ်ကတည်းက ငါတို့ရဲ့ ဒုတိယမိသားစုက တစ်လကို ယွမ် ၁၀၀ ပေးရတယ် နင့်ထက်နှစ်ဆပဲ။ နင့်သားနဲ့ချွေးမ မြို့မှာ ဘယ်လို အလုပ်သွားလုပ်လဲ ပြီးတော့ ငါတို့မိသားစုဆီ ပိုက်ဆံနည်းနည်းမပို့ချင်သေးဘူးလား။ နင် အဖေနဲ့အမေကို မထောက်ပံ့ချင်ဘူးလား၊ ဒါက နင့်မိဘအိမ်ဖြစ်နေတုန်းဆိုတာ မမေ့ထားနဲ့"

သူတို့နှစ်ဦးက စာပိုဒ်ကို အပိုဒ်အလိုက်ပြောကြပြီး ပျော့ပျောင်းကြမ်းတမ်းသော စကားလုံးများ ပေါင်းစည်းကာ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်ခြင်းသည်ပင် သူတို့အတွက် အမှန်တရားဖြစ်လာခဲ့သည်။

ဝမ်ရှို့ယင် ဒေါသအရမ်းထွက်ပြီး သူတို့ဆီ ဘယ်လိုပြန်ပြောရမလဲ မသိတော့ပေ။ သူမစကားမပြောဘဲ ခေါင်းငုံ့ထားရသည်။

ရန်တယုံက အဖွားရန်နဲ့ အဖိုးရန်တို့၏သားဖြစ်ပြီး မိဘများအပေါ် ဂါရဝပြုမှုမှာ သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်။

အခု သူတို့နှစ်ယောက်က ဒီလိုပြောပြီးပြီမို့ ရန်တယုံမှာ ငြင်းနိုင်စွမ်းမရှိတော့ပေ။

သူ့နားတွေ ပျော့သွားတယ်လို့ ပြောလို့ရပြီး သဘောတူဖို့ အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေပြီ။

ဒါနဲ့ ရန်တယုံက ဝမ်ရှို့ယင်ကို မေးကြည့်ချင်သလိုမျိုး လှည့်ကြည့်လိုက်သည်။

ဝမ်ရှို့ယင်က သူ့ကို ဒေါသတကြီးကြည့်ပေးလိုက်သည်။ "ရှင်ကိုယ့်ဘာသာ စဥ်းစားကြည့်၊ အဲဒါ ရှင့်မိဘတွေ ကျွန်မမိဘတွေ မဟုတ်ဘူး။ ရှင်ကိုယ်တိုင်ပဲ စဉ်းစားကြည့်၊ ကျွန်မတို့က ဘာလို့ ခွဲနေခဲ့ကြတာလဲဆိုတာကို။ပြီးတော့ ရှောင်ယန် ငယ်ငယ်တုန်းက ကျွန်မတို့ ဘယ်ရောက်နေကြလဲ။ ဘယ်လိုအခြေအနေမျိုးမှာ သူ့ကို ရောင်းစားခဲ့တာလဲ။ ရှင့်မိဘတွေက ကျွန်မတို့ရဲ့ တတိယမိသားစုအတွက် တကယ်ကောင်းပေးရဲ့လား"

"ဟူး..."

ဝမ်ရှို့ယင် စကားကိုကြားပြီးနောက် ရန်တယုံ နောက်ထပ်သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့စိတ်တွေ တစ်ဖက်မှ တစ်ဖက်သို့ ယိမ်းယိုင်သွားသည်။

"ဒီမိဘတွေက နင့်ရဲ့မိသားစုအပေါ် မကောင်းဘူးဆိုရင် ငါတို့အတူတူထမင်းစားခဲ့တုန်းက နင်တို့မိသားစုကို ငါတို့ တစ်လကို ယွမ် ၅၀ ပဲ ပေးခိုင်းခဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"ချန်ချိုင်ယွင် စကားစလာပြန်သည်။

ဝမ်ရှို့ယင်က အရမ်းရက်စက်တာကို ရန်ချန်ယွီ မြင်တော့ သူမက ရန်တယုံကို တိုက်ရိုက်ပြောလိုက်သည်။ "တယုံ တခြားဘာမှ မပြောပါရစေနဲ့။ အိမ်ခွဲပြီးတဲ့ နောက်မှာ နင့်မိသားစုက နင့်မိဘအိမ်မှာ အိမ်ငှားခတောင် မပြောနဲ့၊ စားစရိတ်လေးကို မပေးသင့်ဘူးလား။တကယ်လို့ မပေးချင်ဘူးဆိုရင် အဖေနဲ့အမေကို နင့်ရဲ့ရည်ရွယ်ချက်ကို ပြန်ပြောပြလိုက်ရင် သူတို့ ဘယ်လိုခံစားသွားရမလဲ"

ရန်ချန်ယွီရဲ့ စကားလုံးတွေက ဆွဲဆောင်မှုရှိပြီး ရန်တယုံ ရဲ့ နှလုံးသားက ပြိုကျသွားခဲ့သည်...

"ဟူး......"

ရန်တယုံ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝမ်ရှို့ယင်ကို ထပ်ကြည့်လိုက်သည်။

ဒီတစ်ခါတော့ သူက ပါးစပ်ကို မဝ့မရဲဖွင့်ဟခဲ့သည်။ "နောက်ဆုံးတော့ ငါ့မိဘတွေဖြစ်နေတုန်းပဲ။ ငါတို့ ဘယ်လောက်ပေးနိုင်မလဲ"

ဝမ်ရှို့ယင်က ပိုက်ဆံပေးတယ်ဆိုတာ ရှောင်လွှဲလို့ မရဘူးဆိုတာ သိတဲ့အတွက် မျက်နှာအေးစက်စက်နဲ့ပြောလိုက်သည်။ " တစ်လကို ၂၀၊ ရှောင်ယန်ဆီက... ထပ်မရဘူး၊ သူတို့ လင်မယားနှစ်ယောက်ရဲ့ ပိုက်ဆံကို သူတို့ဘာသာပဲ သုံးပါစေ။ ဒီငွေကို ငါတို့ပိုက်ဆံထဲကနေ နုတ်လိုက်မယ်။ တစ်လကို ယွမ် ၁၀၀ ရတယ် ရှင့်ရဲ့မိဘတွေကို ပေးဖို့အတွက် ယွမ် ၂၀ လောက်သုံးလို့ အဆင်ပြေတယ်။ ဒါ့အပြင် အဖေနဲ့အမေက လုပ်ခမရဘူး။ လူကြီးနှစ်ယောက် အလုပ်မသွားဘဲ တစ်ဝက်လောက်ရနိုင်တာမို့ နှစ်ယောက်စလုံးအသက်ရှင်ဖို့အတွက် လုံလောက်တယ်"

"မှန်တယ်"

ရန်တယုံက ဝမ်ရှို့ယင်ရဲ့စကားကို နားထောင်ခဲ့သည်။ "တစ်လကို ယွမ် ၂၀ ပဲ၊ ယွမ် ၂၀ ပဲ ထုတ်လို့ရမယ်"

"ယောက်မ၊ တယုံ ၊ အဖေနဲ့အမေက တစ်လကို ယွမ် ၄၀ လိုချင်တာလေ။ ယောက်မရဲ့မိသားစုမှာ ၄ ယောက်လုံး အလုပ်လုပ်တယ်၊ လူတစ်ယောက်ဆီက ၁၀ ယွမ်ရဖို့က ပြဿနာမရှိဘူး၊ ပြီးတော့ ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ နှစ်ယောက်စလုံးက မြို့ထဲမှာ အလုပ်လုပ်နေတုန်း လစာက ဒီမှာ ရတဲ့ လစာထက် ပိုများတယ်”

ရန်ချန်ယွီ လေသံကောင်းကောင်းနဲ့ပြောခဲ့သည်။ "ယောက်မ စောနကပြောခဲ့တာက နှစ်ယောက်လုံးတစ်ယောက် ၁၀ ယွမ်ပေးရင် ယွမ် ၂၀ ပေးရမယ်ပေါ့။ ဒါပေမယ့် လူကြီးတွေကို ဂါရဝပြုတာက ယောက်မ တို့နှစ်ယောက်အတွက်တင်မဟုတ်ဘူး။ ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ ယွမ်တစ်ပြားမှမပေးနိုင်ဘူးလို့ ယောက်မ ပြောလို့မရဘူးလေ ဟုတ်တယ်မဟုတ်လား။ သူတို့နှစ်ယောက်က လူကြီးတွေရဲ့အိမ်မှာနေနေကြတုန်းလေ"

"သူတို့က အဲဒီအိမ်သေးသေးလေးမှာ နေနေတာ၊ ဘယ်နှစတုရန်းပေရှိလို့လဲ၊ သူတို့ကအဲဒီနေရာငယ်လေးအတွက် တစ်လကို ယွမ် ၂၀ ပေးရမှာလား"

ဝမ်ရှို့ယင် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။

ရန်ချန်ယွီ က ကမန်းကတန်း ရှင်းပြလိုက်သည်။ " တတိယ ယောက်မ ကျွန်မ အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး၊ သူတို့က ဒုတိယ မျိုးဆက် ဖြစ်ပေမယ့် လူကြီးတွေကို ဂါရဝပြုတဲ့ နေရာမှာ ဆက်ရှိနေသင့်တယ်လို့ ပြောချင်တာပါ။ အခု ယောက်မတို့ မိသားစု လေးယောက် ပိုက်ဆံရှာတာ။ ယောက်မတို့နှစ်ယောက်ပဲ လူကြီးကိုဂါရဝပြုရမယ်လို့ ကန့်သတ်ထားတာလား။ ဒုတိယမိသားစုကိုကြည့်လိုက်။ နှစ်သစ်ကူးတုန်းက ဟုန်ဝမ် ဒီနေရာမှာ မျက်စိမှောက်မသွားခဲ့ဘူးဆိုရင် သူလတိုင်း ပိုက်ဆံပို့ပေးလိမ့်မယ်။ မျိုးဆက်သစ်လူငယ်တွေ လူကြီးတွေကို ဂါရဝတရားထားရမယ်လို့ ကျွန်မ ဆိုလိုချင်တာ"

"ဝေ့လည်ကြောင်ပတ်လုပ်ပြီး အကြောင်းပြချက်မျိုးစုံကို ရှာမနေပါနဲ့"

ဝမ်ရှို့ယင်က ဒေါသတကြီးနဲဲပြောလိုက်သည်။ "နင် တစ်လကို ယွမ် ၄၀ လိုချင်တယ်။ ငါပြောမယ်။ တစ်လကို ယွမ် ၂၀က အများဆုံးပဲ၊ အဲ့တာက ဒီအိမ်လေးမှာ နေနေလို့ မဟုတ်လား။ ငါတို့မိသားစု ပိုက်ဆံစုပြီးရင် ကိုယ်ပိုင်အိမ် ဆောက်ပြီး ဒီဒေါသထွက်ရတဲ့စိတ်ကို ဒီမှာတင် ရပ်ပစ်လိုက်မယ်"

"ဟိုး ဟိုး ဒါကိုမြင်လား"

ချန်ချိုင်ယွင် သူ့မျက်နှာကို ဝမ်းနည်းပက်လက်ဖြစ်အောင်လုပ်ဖို့လုပ်ခဲ့သည်။ " ပိုက်ဆံစုပြီး ထွက်သွားမယ်ပေါ့။ မိသားစုက ချမ်းသာတာပဲ။ချမ်းသာပေမယ့် လူကြီးတွေကို ဂါရဝပြုဖို့ ပိုက်ဆံကျတော့ မထောက်ပံ့ပေးချင်ဘူး ဟား"

"နင်တို့နှစ်ယောက် မတော်ကြသေးဘူးလား"ဝမ်ရှို့ယင် ဒေါသအရမ်းထွက်ပြီး ရင်ဘတ်တွေ လိမ့်တက်လာပေမယ့် သူတို့နှစ်ယောက်စလုံးကို ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။

အကယ်၍ လင်းရှောင်ယွဲ့သာ ဤအချိန်တွင် ရှိနေခဲ့ပါက ဝမ်ရှို့ယင် ထိုကဲ့သို့ အားနည်းသော အနေအထားတွင် ရှိနေလိမ့်မည် မဟုတ်ပေ။

ရန်တယုံ၊ ဒီလူက လုံးဝအသုံးမကျဘူး။

ဝမ်ရှို့ယင် ဒေါသထွက်သွားသည်။

"တယုံ နင်က အိမ်ထောင်ဦးစီးလေ၊ တစ်ခုခုတော့ပြောဦး"

ရန်ချန်ယွီက ဝမ်ရှို့ယင်နဲ့ မဆက်သွယ်ဘဲ ရန်တယုံကို တိုက်ရိုက်ပြောခဲ့သည်။ "နင့်မိဘတွေကို ထောက်ပံ့ဖို့ ပေးရတဲ့ငွေပမာဏက ဘယ်လောက်ရှိမှာမလို့လဲ။ ဘာပဲပြောပြောနင့်ရဲ့ဆိုလိုရင်အဓိပ္ပါယ်ကို အဖေနဲ့အမေဆီ ငါယူသွားပေးနိုင်ဖို့ မျှော်လင့်တယ်။ နင့်မိသားစုမှာက အလုပ်လုပ်တဲ့သူ လေးယောက်ရှိတာကြောင့် သူတို့က န့င်ဆီက ယွမ်၄၀လိုချင်တာ။ နင့်ဆီက ယွမ် ၄၀ ယူတာက အရမ်းရိုးရှင်းတဲ့ကိစ္စလေးပဲ။ နင့်မိသားစုက လူ ၄ ယောက်ပိုက်ဆံရှာပြီး မိဘတွေကို ထောက်ပံ့ဖို့ ယွမ် ၂၀ပဲ ပေးချင်တယ်ဆိုရင် ငါတို့မိသားစုမှာ ပြောစရာမရှိတော့ဘူး။ အရေးကြီးတာက ငါတို့မိသားစုနှစ်စုက မိဘတွေကို ထောက်ပံ့ဖို့ ပိုက်ဆံပိုသုံးရတာ ဒီလောက်ပါပဲ"

ချန်ချိုင်ယွင်ရဲ့ ယုတ္တိမဲ့သော စကားတွေက ရန်တယုံ နားမထောင်နိုင်လောက်အောင် များပြားလွန်းလှသည်။

ဒါပေမယ့် ရန်ချန်ယွီရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်စွာ အသံထွက်နေတာကြောင့် ရန်တယုံက သူတို့ပြောတာကို နားမထောင်နိုင်တော့ပေ။

"၄၀ ဆိုလည်း ၄၀ပေါ့... .."

ရန်တယုံ အလျှော့မပေးမီတွင် ပြောစရာများစွာမရှိခဲ့ပေ။

ဝမ်ရှို့ယင် သဘောမတူမှာကို သူကြောက်ပြီး သူ သဘောတူလိုက်ပြီးနောက် ဝမ်ရှို့ယင်ကို ပြောလိုက်သည်။ "အဖေနဲ့အမေက ယွမ်၄၀ လိုချင်နေတာဆိုတော့ သူတို့လိုချင်တဲ့ ၄၀ကို ပေးလိုက်ရအောင်။ ငါတို့က ယွမ် ၂၀ ပေးရင် သားသမီးတာဝန်မကျေပွန်ဘူး ဒါကြောင့် ၄၀ ပေးမယ်။ ယွမ် ၄၀ က ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အနာဂတ်မှာ ကိုယ် ကိုယ်ပိုင်အလုပ်တွေ ပိုလုပ်ပါ့မယ်"

ဝမ်ရှို့ယင် ဒေါသအရမ်းထွက်ပြီး သူမခန္ဓာကိုယ်ကို လှည့်ကာ သူတို့သုံးယောက်ဆီ တိုက်ရိုက်ပြန်ပစ်လိုက်သည်။

မော့ကြည့်ကာ ဝမ်ရှို့ယင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ မျက်လုံးတွေမှ မျက်ရည်တွေ ကျဆင်းလုမတတ်ပင်။

"ဟေး ဒါဆို ပြေလည်သွားပြီ၊ ယွမ် ၄၀ ပေးရမယ်"

ရန်ချန်ယွီ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "တယုံ ၊ မှတ်စု ရေးလိုက်၊ အဖေနဲ့အမေဆီ ပြန်ပို့ပေးမယ်။ မဟုတ်ရင် သက်သေရှိမှာမဟုတ်ဘူး၊ ငါတို့မိဘတွေ မယုံမှာကို ငါကြောက်တယ်"

"မှတ်စုရေးရမှာလား" ရန်တယုံ မျက်မှောင်ကြုတ်လိုက်သည်။

"ရေးလိုက်။ ဘာပဲဖြစ်ဖြစ် နင်သဘောတူထားပြီးသားပဲ။ နင်က စကားပြန်ရုန်သိမ်းမယ့်လူမဟုတ်ဘူးလို့ ငါယုံကြည်တယ်၊ ဒါကြောင့် ရေးလိုက်တာက မှားစရာမရှိဘူး"

ရန်ချန်ယွီက တယုံ ကိုပြောပြီးနောက် သူမချန်ချိုင်ယွင်ဘက် လှည့်ကာပြောလိုက်သည်။ "ဒုတိယယောက်မ၊ ဖောင်တိန်နဲ့ စာရွက်သွားယူလာခဲ့"

ချန်ချိုင်ယွင်က ဤတစ်ကြိမ်တွင် ပျော်ရွှင်နေပြီး ဖောင်တိန်နဲ့ စာရွက်ယူဖို့ သူမအိမ်ကို ချက်ချင်းပြန်လှည့်သွားသည်။

ရန်တယုံက လက်လှမ်းပြီး ဝမ်ရှို့ယင်ကို ထိလိုက်သည်။ ဝမ်ရှို့ယင်က သူ့လက်ကို လွှတ်လိုက်ပြီး စကားမပြောချင်ခဲ့ပေ။

ရန်တယုံ သက်ပြင်းချပြီး သူမကို ဘယ်လိုချော့ရမှန်းမသိပေ။

ရန်ချန်ယွီနဲ့ ချန်ချိုင်ယွင်တို့၏ အာရုံစူးစိုက်မှုအောက်တွင် ရန်တယုံက ထောက်ပံ့ငွေနဲ့ပတ်သက်ပြီး မှတ်စုတစ်စောင်ရေးခဲ့သည်။

တတိယမိသားစုက သူတို့ရဲ့ လူကြီးတွေကို လစဉ် လစာ ယွမ် ၄၀ ပေးပါတယ်။

ဝမ်ရှို့ယင် ဒေါသထွက်နေတာကြောင့် နောက်ပိုင်းမှာ သူတို့လုပ်သမျှကို ဝင်မစွက်ဖက်ခဲ့ဘူး။

ရလဒ်အနေဖြင့် ရန်ချန်ယွီနဲ့ ချန်ချိုင်ယွင်တို့ နှစ်ဦးစလုံးသည် ၎င်းကိုလက်ဝယ်ရရှိပြီး အောင်မြင်ခဲ့ကြသည်။

ဒီလက လကုန်ခါနီးပြီ။

လကုန်တွင်၊ ထုတ်လုပ်ရေးအဖွဲ့သည် လုပ်အားခတွေကို ပြေလည်အောင်ဖြေရှင်းပြီးနောက် ပထမနေ့တွင် တတိယမိသားစုဆီမှ ယွမ် ၄၀ ရရှိနိုင်သည်။

တတိယမိသားစု၏ ယွမ် ၄၀ ကို လွှဲပြောင်းပေးပြီးနောက် မိသားစုနှစ်စုက အဖွားကြီးကို လစဉ် ယွမ် ၂၀ လျှော့ပေးမည်။

ယခုနှစ်တွင် ၎င်းတို့က အဖွားအိုကို တစ်လ ယွမ် ၈၀ သာ ပေးဆောင်ရတော့မည်။ တတိယမိသားစုသည် ယွမ် ၄၀ပေးဆောင်ပြီးနောက်တွင် အဖွားအိုကြီးအား တစ်လလျှင် ယွမ် ၆၀ သာ ပေးဆောင်ရမှာဖြစ်သောကြောင့် မိသားစု၏ဖိအားမှာ ပိုမိုပေါ့ပါးသွားခဲ့သည်။

ဤမှတ်စုကိုယူပြီးနောက် ရန်ချန်ယွီနဲ့ ချန်ချိုင်ယွင်တို့ အပြုံးဖြင့် ထွက်ခွာသွားခဲ့သည်။

ရန်ချန်ယွီနဲ့ ချန်ချိုင်ယွင် တို့ ထွက်သွားပြီးနောက် ဝမ်ရှို့ယင်က တံခါးပိတ်ပြီး အိပ်ရာပေါ်လှဲချခဲ့သည်။

ရန်တယုံက သူမနောက်မှာ သက်ပြင်းချခဲ့သည်။ "ကိုယ်မကူညီနိုင်ပေမယ့် မိဘတွေကို ထောက်ပံ့ပေးတာပါ ဟုတ်ပြီလား။ နောက်ပြီး ကိုယ်တို့ မိသားစုလေးယောက် အခု ပိုက်ဆံရှာနေတာတော့ အမှန်ပဲ။ ယွမ် ၄၀ ရတာက လွယ်ပါတယ်"

ဝမ်ရှို့ယင် ရန်တယုံကို ပြန်လှည့်ကြည့်လိုက်သည်။ သူ့ကိုယ်သူခြုံဖို့ စောင်ကို မြင့်မြင့်ဆွဲပစ်လိုက်သည်။ သူ မမြင်နိုင်တဲ့ ထောင့်ကနေ သူမ မျက်ရည်တွေ စီးကျလာခဲ့သည်။

ဤနည်းဖြင့် အနိုင်ကျင့်ခံရသော ဝမ်ရှို့ယင်က ရန်ယန်ကို အရူးလို့ သတ်မှတ်လိုက်တဲ့အချိန် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်သတိရမိသွားသည်...

အဲ့တုန်းက မိသားစုနှစ်စုအပြင် အဖွားကြီးနဲ့ အဖိုးကြီးတို့ အားလုံးက တူညီတဲ့အရာကို တွေးနေကြသည်။ သူတို့ နှစ်ယောက်ကို ဖိအားပေးပြီး ရန်ယန်ကို ရောင်းခိုင်းပြီးတော့ သူမတို့ကို နောက်ထပ်ကလေးအငယ်တစ်ယောက် ယူခိုင်းခဲ့ကြတာ။

All Chapters