အခန်း (၈၁)
Vol. 7 Ch. 81
ဝမ်ရှို့ယင် အဲဒီလိုလုပ်ဖို့ ဝန်လေးနေခဲ့သည်။ ဆရာကောင်းတစ်ယောက်ရှိနေကြောင်း အနီးနားရှိ အိမ်နီးချင်းဆီမှ ကြားသိရပြီးနောက် သူမ ရန်ယန်ကို ခေါ်သွားဖို့လုပ်ခဲ့သည်။
သူမ ရန်ယန်ကို ဆရာ့ဆီ ခေါ်ဆောင်သွားပြီး တစ်ကြိမ်အတွက် ယွမ် ၁၀၀ သုံးစွဲခဲ့ပေမယ့် ရလဒ် ကြီးကြီးမားမား မရခဲ့ပေ။
အဲဒီနောက်မှာတော့ အဖွားရန်ရဲ့ နှလုံးသားအတိုင်း မိသားစုတစ်စုလုံး ပိုမိုစည်းလုံးပြီး ဖြတ်ကျော်လာခဲ့သည်။
ဝမ်ရှို့ယင်က "ရန်" မဟုတ်တော့ သူတို့ရဲ့ စည်းလုံးတဲ့မိသားစုနဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ။
ဘာပဲဖြစ်ဖြစ်ပါ!
တိတ်တိတ်ဆိတ်ဆိတ်နဲ့ငါတို့ ဘဝကို ဖြတ်သန်းကြရအောင်။
ရန်တယုံလိုလူမျိုးနဲ့ လက်ထပ်ဖို့ ဘယ်သူက ပြောခဲ့တာလဲ။
ဝမ်ရှို့ယင်က စောင်အောက်ပုန်းပြီး ငိုနေတဲ့အခါ ရန်တယုံလည်း သက်ပြင်းချကာ စားပွဲပေါ်က ခေါက်ဆွဲပန်းကန်နှစ်လုံးကို စားပစ်လိုက်သည်။
နေ့ခင်းဘက်မှာတော့ ရန်တယုံက ဝမ်ရှို့ယင်ကိုစကားပြောခဲ့သ "ဒီနေ့နေ့လည် မင်းအိမ်မှာ ပဲအနားယူလိုက်၊ အလုပ်မသွားနဲ့တော့ ကိုယ် သွားလိုက်မယ်"
ဝမ်ရှို့ယင် သူ့အပေါ် ယဉ်ကျေးမနေတော့ဘူး။ သူမတကယ်လည်း မသွားဘူး!
****
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ညဉ့်နက်မှ ပြန်ရောက်လာကြသည်။
သူတို့နှစ်ယောက်ဟာ အန်းမြို့က ပြန်လာပြီး ဝက်သားအကြွပ်ကြော်နဲ့ အဆာပြေမုန့်တွေယူလာကာ ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့ စားဖို့အတွက် ယူလာပေးခဲ့သည်။
ဝမ်ရှို့ယင် ဒေါသအရမ်းထွက်ပြီး ညစာမပြင်ဘဲ အိပ်ယာထဲ လှဲနေခဲ့သည်။
ထို့ကြောင့် လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့ ပြန်လာတဲ့အခါ ရန်တယုံ မီးဖိုပေါ်တွင် ခေါက်ဆွဲပြုတ်နေတာကို တွေ့လိုက်ရသည်။
"အဖေ၊ အမေ ဘာလို့ ဒီလောက်စောအိပ်သွားတာလဲ"
လင်းရှောင်ယွဲ့ ခေါင်းစောင်းပြီး ကုတင်ပေါ် လဲလျောင်းနေတဲ့ ဝမ်ရှို့ယင်ကို ကြည့်ကာ ရန်တယုံကို လေသံလေးဖြင့် မေးလိုက်သည်။
ရန်တယုံက နှစ်ကြိမ် ချောင်းဆိုးပြီး ခေါင်းယမ်းရင်း လင်းရှောင်ယွဲ့ ကိုပြောလိုက်သည်။ "မင်းတို့ နှစ်ယောက် ပြန်လာပြီပဲ၊ ညစာအတွက် ခေါက်ဆွဲပြုတ်စားကြမယ်။ မင်းတို့ နှစ်ယောက် မစားရသေးဘူး မလား။ ငါ ချက်လိုက်မယ်"
လင်းရှောင်ယွဲ့က အခန်းထဲ ညင်သာစွာ လျှောက်သွားပြီး သူမလက်ထဲက ကြော်ထားတဲ့ အသားတွေကို စားပွဲပေါ်တင်လိုက်သည်။ "အထေ၊ ကျွန်မတို့ အိမ်မပြန်လာခင် အပြင်မှာ စားလာတယ်။ အဖေစားဖို့ပဲ ချက်။ ဒီအသားကို အဖေတို့စားဖို့ ယူလာတာ။ ခဏနေရင် စားဖို့မမေ့နဲ့"
"ကောင်းပြီ လုပ်စရာရှိတာသွားလုပ်ကြတော့" ရန်တယုံ က လင်းရှောင်ယွဲ့ကို ပြောလိုက်သည်။
"ဒါဆို ကျွန်မတို့ပြန်ပြီနော်"
လင်းရှောင်ယွဲ့ လှည့်ပြီး အခန်းထဲက ထွက်သွားခဲ့သည်။ တံခါးနားမှာစောင့်နေတဲ့ ရန်ယန်ရဲ့လက်ကို ဆွဲပြီး လူငယ်စုံတွဲက အခန်းကျဉ်းလေးဆီ ပြန်သွားကြသည်
နှစ်ယောက်စလုံး ထွက်သွားတာကို မြင်ပြီးနောက် ရန်တယုံက အိုးကိုဖုံးကာ လင်းရှောင်ယွဲ့ စားပွဲပေါ်တင်ပေးခဲ့တဲ့ အသားကြော်လေးကိုယူရင်း တက်သွားခဲ့သည်။
ဝမ်ရှို့ယင်ကို သွားချော့ဖို့ သူအဆင်သင့်ဖြစ်နေပြီ...
အခန်းကျဉ်းလေးထဲမှာ လင်းရှောင်ယွဲ့ က ပိုက်ဆံတွေ အကုန်ထုတ်ပြီး ကုတင်ပေါ်ထိုင်ပြီး ပိုက်ဆံကို စတင်ရေတွက်ခဲ့သည်။
"၄၂၁ ယွမ်နဲ့ ၇၀ ဆင့်!"
ရေတွက်ပြီးနောက် လင်းရှောင်ယွဲ့က ဂဏန်းသုံးလုံး ငွေပမာဏကို ကိုင်ဆောင်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။
"သိပ်မများဘူး..."
ရန်ယန် ကုတင်ပေါ်တက်လာပြီး သူမ ဘေးတွင်ထိုင်ကာ လက်နှစ်ဖက်ကို ဆွဲပြီးသူမရဲ့ ပခုံးနှစ်ဖက်ကို သိုင်းဖက်ခဲ့သည်။ "နောက်တစ်လမှာ သူတို့နှစ်ယောက်ကို ယွမ် ၃၀၀ ရတယ်လို့ပြောလိုက် နောက်တစ်လကျရင် လစာက တိုးပြီး ယွမ်ငွေ ၄၅၀ ရတယ်လို့ပြော။ ရွာမှာ အိမ်ဆောက်မယ့်သူကို သူတို့ကိုအရင်ရှာခိုင်းပြီး ကိုယ်တို့မိသားစု အရင်ဆုံး ပြောင်းကြမယ်"
"တစ်လ၊ အရမ်းကြာမနေဘူးလား"
လင်းရှောင်ယွဲ့က စိတ်ပျက်နေတဲ့မျက်လုံးများဖြင့် ရန်ယန်ကို ကြည့်လိုက်သည်။ "ကျွန်မအရမ်းပြောင်းချင်နေပြီ"
"မင်း အခုထွက်သွားချင်ရင် အခုထွက်သွားလို့ရတာပဲ"
ရန်ယန်က နှုတ်ခမ်းကိုစိပြီး ပြုံးလိုက်သည်။ "ကိုယ်တို့နှစ်ယောက် အိမ်ငှားပြီး အရင်ပြောင်းဖို့ မြို့ကိုသွားလို့ရတယ်၊ ကိုယ်တို့အလုပ်ကြောင့် မြို့ထဲကို ဝင်ထွက်ဖို့က ပိုလွယ်တယ်လို့ သူတို့ကိုပြောလိုက်။ ဒီလိုဆို ကိုယ်တို့မြို့ထဲမှာ အိမ်ငှားနေကြမယ်"
"ဒါဆို ကျွန်မတို့နှစ်ယောက်ပဲ အပြင်မှာနေမလို့လား"
လင်းရှောင်ယွဲ့က တခြားအရာတစ်ခုကို စဉ်းစားရင်း ရုတ်တရက်မေးလိုက်သည်။ "ဒါပေမယ့် အဲဒါက ငှားထားတဲ့ အိမ်ပဲ။ ကျွန်မတို့ ကိုယ်တိုင် ဝယ်ထားသလိုမျိုး မဟုတ်ဘူး၊ ငှားထားတဲ့ အိမ်မှာ နေနေရတာက ဘာအကျိုးထူးမှာမလို့လဲ"
ရန်ယန်က ရယ်လိုက်ပြီး လင်းရှောင်ယွဲ့ မျက်နှာကို သူ့လက်အကြီးကြီးဖြင့် ဆွဲညှစ်လိုက်သည်။ "ဒါဆို မင်းကအိမ်ဝယ်ဖို့ မစောင့်နိုင်တော့ဘူးပေါ့ ဟုတ်လား"
လင်းရှောင်ယွဲ့ အားတက်သရော ခေါင်းညိတ်ပြီးပြောလိုက်သည်။ "အွန်းအွန်း၊ ကျွန်မ ထွက်သွားချင်နေပြီ၊ ဒီအိမ်က အရမ်းကျဉ်းတယ်လို့ မထင်ဘူးလား"
"ရွေးချယ်စရာ နှစ်ခုရှိတယ်"
ရန်ယန်က လက်နှစ်ချောင်းထောင်လိုက်သည်။ “ပထမရွေးချယ်ခွင့်က မြို့ထဲမှာ အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံရှာတာ။ မြို့ထဲမှာ အိမ်ဝယ်ဖို့ ပိုက်ဆံအလုံအလောက် စုဆောင်းပြီးတာနဲ့ အခန်းငှားလို့ရတော့မယ့်လို့ သူတို့ နှစ်ယောက်ကိုအကြောင်းရှာပြီး ပြောပြမယ်။ ဒုတိယရွေးချယ်မှုက အဲဒီပိုက်ဆံကို သူတို့နှစ်ယောက်ကိုပေးမယ် တစ်လကြာရင် သူတို့ရွာမှာ အိမ်ဆောက်ဖို့ တယောက်ယောက်ကိုရှာပြီးတော့ အိမ်ဆောက်ပြီးသွားရင် အိမ်ပြောင်းဖို့လုပ်လို့ရပြီ။ ဒုတိယ ရွေးချယ်ခွင့်က အချိန်ပိုကြာတယ်ဆိုပေမယ့် မင်း အဲဒီနှစ်ယောက်နဲ့ အတူနေလို့ရတယ် ဒါပေမယ့် ကိုယ်တို့ တတိယမိသားစုက အိမ်အသစ်မှာ နေမယ်ဆိုတာကို ရွာကလူတိုင်းကို သိသွားအောင်လုပ်နိုင်တယ်။ ဒါဆို ပထမရွေးချယ်ခွင့်ကကျတော့.... သူများတွေကို မပြောဘဲ အိမ်တစ်လုံးရှိမယ် ပြီးတော့ အဲဒီနှစ်ယောက်နဲ့ ခွဲနေမယ်။ မင်းဘယ်လိုထင်လဲ"
"သူ့ပါးစပ်ထဲဲက အဲ့ဒီနှစ်ယောက်က " ဝမ်ရှို့ယင်တို့လင်မယား ကို ရည်ညွှန်းနေတာ။
တတိယ ရန်ယန် သူတို့ကို အဖေနဲ့အမေလို့ မခေါ်တာက ဘာဖြစ်လို့လဲဆိုတော့ တတိယ ရန်ယန်ရဲ့မျက်လုံးထဲမှာ သူတို့ နှစ်ယောက်က မိဘလို့ မခေါ်ထိုက်လို့ပဲ။
လင်းရှောင်ယွဲ့က သူအဆိုပြုထားတဲ့ ရွေးချယ်စရာနှစ်ခုကို စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "အင်း.....တကယ်တော့ ဒီနှစ်ခုကို အတူတူလုပ်လို့ရတယ်ထင်တယ်။ ကျွန်မတို့က အရမ်းအကျိုးရှိတယ်လေ။ မြို့နဲ့ရွာမှာ တစ်လအတွင်း အိမ်ဆောက်ဖို့ ပိုက်ဆံအလုံအလောက်ရနိုင်မယ်ဆိုတာ သေချာတယ်။ "
"ဒီလောက် အရမ်းကောင်းလား ဟင်"
ရန်ယန်က လင်းရှောင်ယွဲ့ နှာဖျာလေးကို ဖျစ်ကာ ရယ်မောလိုက်သည်။
လင်းရှောင်ယွဲ့က သူ့လက်ကို ကိုင်လိုက်ပြီးနှာမှုတ်လိုက်သည်။ "ရှင်နဲ့ ငွေရှာရတာက မခက်ပါဘူး၊ ခရီးတစ်ခုတည်းမှာ ဂဏန်းသုံးလုံးယူနိုင်တယ်။ အခု ကျွန်မတို့မှာ ယွမ် ၄၀၀ ကျော်ရှိနေပြီ!"
ရန်ယန် သူမကိုသတိပေးလိုက်သည်။ "ဒါပေမယ့် ဘေးကင်းဖို့တော့လိုတယ်။ ဒီလိုမျိုး လုပ်ငန်းမျိုးကို မကြာခဏ မလုပ်ရဘူးလို့လည်း ကိုယ်ပြောထားတယ်မလား။ တစ်ပတ်မှာ သဘောတူညီချက်တစ်ခုလုပ်တာက အန္တရာယ်အကင်းဆုံးပဲ"
ဟုတ်ပါတယ်၊ လင်းရှောင်ယွဲ့က သူ့စကားကို နားထောင်ခဲ့သည်။ "ဟုတ်ပါပြီ၊ ဒါဆို အပတ်တိုင်း ဒီလုပ်ငန်းတစ်ခုရဲ့ အကျိုးကျေးဇူးကို ရအောင်ယူမယ်!"
ရန်ယန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
ရန်ယန်က ခေါင်းငုံ့လာပြီး လင်းရှောင်ယွဲ့ ပါးပြင်ဆီ ချဉ်းကပ်ကာ လေးလေးနက်နက် နမ်းလိုက်သည်။
တစ်ခါ နမ်းရုံနဲ့ မလုံလောက်ဘူး။
ရန်ယန်က ချက်ချင်း သူမ မျက်နှာလေးကို ကိုင်ကာ နှုတ်ခမ်းတွေကို ပေါ့ပါးစွာ နမ်းလိုက်သည်။
လင်းရှောင်ယွဲ့က သူ့ကို မခုခံခဲ့ဘူး။ အဲဒီအစား သူမကမျက်လုံးတွေကိုမှိတ်ပြီး သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားဖို့ သူမရဲ့လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
သူတို့ရဲ့ အသက်ရှုသံတွေက တဖြည်းဖြည်း ပြင်းထန်လာပြီး အခန်းထဲမှာ အပူချိန်က တဖြည်းဖြည်း မြင့်တက်လာသည်...
ရန်ယန် ပူလောင်ပြီး အဝတ်အစားချွတ်ဖို့ အဆင်သင့်ဖြစ်လာတဲ့အချိန် ရုတ်တရက် တံခါးခေါက်သံထွက်လာခဲ့သည်။
တံခါးကို နှစ်ခါခေါက်ခဲ့သည်...
ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
နှစ်ယောက်လုံး တံခါးဘက်ကို လှည့်ကြည့်လိုက်သည်...
"ရှောင်ယွဲ့ အိပ်နေပြီလား"
ဝမ်ရှို့ယင် အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
ရန်ယန် စုပ်သပ်လိုက်ပြီး သူ့ ဓားလို မျက်ခုံးတွေက နက်ရှိုင်းစွာကြုတ်သွားခဲ့သည်။ “တံခါးလာခေါက်တာက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်......” လို့ သူတိုးတိုးလေးပြောလိုက်သည်။
လင်းရှောင်ယွဲ့က ထိုကဲ့သို့ သစ္စာမဲ့သော စကားတွေကို မပြောရန် သူ့ပါးစပ်ကို အလျင်အမြန်အုပ်လိုက်သည်။
သူမက ဝမ်ရှို့ယင်ကိုစကားပြန်လိုက်သည်။ "အမေ နိုးနေသေးတာလား။ ဘာကိစ္စရှိလို့လဲ။ "
"တံခါးဖွင့်ဦး အမေ သမီးနဲ့စကားပြောချင်လို့"
ဝမ်ရှို့ယင် အသံက အနည်းငယ် တုန်ယင်နေပြီး ခါတိုင်းနဲ့ လုံးဝမတူကြောင်း လင်းရှောင်ယွဲ့ ကြားလိုက်ရသည်။
"ဟုတ်ကဲ ခဏလေးနော် ..."
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူမက ရန်ယန် ရင်ဘတ်ကို တွန်းလိုက်ပေမယ့် ရန်ယန်က ရပ်နေတုန်းပင်။
လင်းရှောင်ယွဲ့ မျက်မှောင်ကြုတ်ပြီး သူ့ရင်ဘတ်ကို နောက်တစ်ကြိမ် တွန်းလိုက်သည်။ "ဖယ်၊ ဖယ်ပေးဦး"
ရန်ယန် ခန္ဓာကိုယ်က မလှုပ်ရှားဘဲ မျက်ခုံးပင့်ကာ သူမကို စိုက်ကြည့်နေသည်။ သူ့မျက်နှာမှာ ဒေါသထွက်နေတဲ့ အမူအရာ ရှိသည်။
"ဟေး..."
လင်းရှောင်ယွဲ့က သူ့ရင်ဘတ်ကို လက်ညိုးထိုးလိုက်သည်။ "ရှင်ကို ဖယ်ပေးဖို့ပြောနေတယ်လေ၊ ရှင် မကြားဘူးလား၊ အခု ရှင် ကျွန်မ စကားကိုနားမထောင်တာလား"
"ကိုယ့်ကိုနမ်း" ရန်ယန် မိုက်မဲစွာပြောခဲ့သည်။
လင်းရှောင်ယွဲ့က အလွန်ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ သူမ သူ့လည်ပင်းကို ဆွဲကာ နမ်းလိုက်သည်...
ပြီးတော့ ဒါက မလေးနက်တဲ့ အနမ်းမဟုတ်သလို သူမ လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်ထားခဲ့သည်။ လင်းရှောင်ယွဲ့က နှုတ်ခမ်းက နီရဲနေပြီး ဖောင်းနေသည်။
သူစိတ်ကျေနပ်သွားမှသာ ရန်ယန်က သူမ ခန္ဓာကိုယ်ကို နာခံစွာဖြင့် လွှတ်ပေးလိုက်သည်။ သက်တောင့်သက်သာရှိစွာဖြင့် ကုတင်ပေါ်တွင် ထိုင်ကာ လင်းရှောင်ယွဲ့ကို ဖယ်ပေးခဲ့သည်။
လင်းရှောင်ယွဲ့ အိပ်ရာမှထကာ ဖိနပ်ကိုစီးပြီး တံခါးကိုအမြန်ဖွင့်လိုက်သည်။
"အမေ ..."
လင်းရှောင်ယွဲ့က သစ်ကြားသီးတွေလို ဖောင်းနေတဲ့ မျက်လုံးများဖြင့် ငိုနေသော ဝမ်ရှို့ယင်ကို မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ စောနက အိပ်နေတာ မဟုတ်ဘူးလား။
ဘယ်လိုဖြစ်ရတာလဲ။
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို ကြည့်လိုက်သည်။ ဒါပေမယ့် ထိုမတိုင်မီတွင် လင်းရှောင်ယွဲ့ မှတဆင့် သူမ မျက်လုံးတွေက ကုတင်ပေါ်က ရန်ယန်ဆီ တန်းတန်းမတ်မတ် ရောက်သွားသည် .....
ဒီအချိန်မှာ သူမက အသက်ကြီးပြီဖြစ်ပေမယ့် ရှက်စရာကောင်းနေလား မကောင်းဘူးလာဆိုတာကို ဂရုမစိုက်နိုင်ခဲ့ပေ..
သူမ ပျက်ယွင်းနေပြီဖြစ်တဲ့ အသံဖြင့်စကားပြောလိုက်သည်။ "ငါ အခန်းထဲဝင်ပြီး စကားပြောချင်တယ်"
"အိုး ရပါတယ် အမေ..."
လင်းရှောင်ယွဲ့က ယခုအချိန်တွင် မျက်လုံးများ ဖောင်းအစ်နေတဲ့ အမျိုးသမီးကို ငြင်းဆန်ဖို့ နည်းလမ်းမရှိပေ။
ထို့နောက် သူမ ဝမ်ရှို့ယင်ကို ဘေးခန်းငယ်လေးထဲ ကြိုဆိုလိုက်ပြီး ရန်ယန်ဘက်ကို လှည့်ကာ မျက်စပစ်ပြခဲ့သည်။ "အဖေ့ကို သွားရှာ!"
ရန်ယန် မျက်ခုံးပင့်လိုက်ပြီး သူ့အမူအရာက သိပ်စိတ်မရှည်နေပေမယ့် လင်းရှောင်ယွဲ့ ရဲ့စကားကို နားထောင်နေတုန်းပဲ။
အိပ်ရာကထပြီး ဖိနပ်စီးလိုက်သည်။ အခန်းငယ်လေးထဲက အမြန်ထွက်သွားပြီး အခန်းငယ်လေးရဲ့ တံခါးကို လက်နဲ့ပြန်ပိတ်ခဲ့သည်။
ဒါပေမယ့် ရန်ယန်က ရန်တယုံကို သွားရှာမခဲ့ဘူး။
ရန်တယုံကို သူ့အဖေအဖြစ်တောင် အသိအမှတ်မပြုဘူး။ သူက ရန်တယုံကို စကားစမြည်ပြောဖို့ ဘယ်လို အစပြုနိုင်မှာလဲ။
ရန်ယန်သည် ခုံတန်းရှည်တစ်ခုကို ရွှေ့လိုက်ပြီး အခန်းငယ်လေးရဲ့ တံခါးဝတွင် ထိုင်လိုက်သည်။
အခန်းကျဉ်းလေးဆီမှ စကားပြောသံကို တိုးတိုးလေးကြားလိုက်ရသည်။
တစ်ဖက်မှာတော့ ဝမ်ရှို့ယင်ရဲ့ အခန်းက ပိတ်ထားသည်။
ရန်တယုံက ခေါက်ဆွဲပြုတ်ထဲမှာပဲ ရှိသေးသည်။ သူ့မှာ ဝမ်ရှို့ယင်ကို သွားရှာဖို့ သတ္တိမရှိခဲ့ဘူး။
ဘေးခန်းကျဉ်းလေးထဲမှာ ဝမ်ရှို့ယင် နှာမွှန်ပြီး မျက်ရည်တွေကျလာကာ ဒုတိယမိသားစုမှ အမျိုးသမီးနှစ်ဦးက သူတို့ရဲ့ တတိယမိသားစုဆီ ဒီနေ့ နေ့လည်မှာ လာတွေ့ခဲ့ပြီး စားစရိတ် ယွမ် ၄၀ တောင်းခဲ့တယ်ဆိုတာ လင်းရှောင်ယွဲ့ကို ပြောပြခဲ့သည်။
ဝမ်ရှို့ယင်က မှတ်ဉာဏ်ကောင်းသည်။
ဒုတိယအိမ်ရှိ အမျိုးသမီးနှစ်ဦးပြောသမျှ စကားလုံးတိုင်းကို သူမမှတ်မိပြီး လင်းရှောင်ယွဲ့ဆီ ပြန်ပြောပြခဲ့သည်။
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ရဲ့ချွေးမဖြစ်ပြီး ဝမ်ရှို့ယင် နဲ့ စကားပြောနိုင်သည့် မိသားစုထဲက တစ်ဦးတည်းသောလူ ဖြစ်လာခဲ့သည်။
နှစ်ယောက်စလုံးက မျိုးရိုး ရန် မဟုတ်ဘူး၊ နှစ်ယောက်စလုံးက အတူတူပဲလို့ ထင်နေကြသည်။ ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ သူမကို နားလည်နိုင်ပြီး သူ့ဘက်ကိုလည်း သေချာပေါက် ထောက်ခံပေးမယ်လို့ ယုံကြည်သည်။
လင်းရှောင်ယွဲ့က မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ရှို့ယင်ရဲ့ အထူးအဆန်းဇာတ်လမ်းကို နားထောင်ပြီးနောက် သူမက ဒေါသတကြီးနှင့် စားပွဲကို ရိုက်ခဲ့သည်။
"ဘာကြီးလဲ၊ ဒီလို မမျှတတဲ့ စာချုပ်ကို တကယ် အတည်ပြုလို့ရလို့လား။ ဘယ်လို မှတ်စု ရေးခဲ့တာလဲ၊ ဒါကတကယ်တုံးအလွန်းတယ်"
လင်းရှောင်ယွဲ့ ရဲ့ ဒေါသထွက်နေတဲ့ အသံက အခန်းငယ်လေးမှ ပျံ့နှံ့သွားပြီး အခန်းငယ်၏ အဝင်ပေါက်တွင် ရပ်နေသော ရန်ယန်တောင် ထိတ်လန့်တုန်လှုပ်သွားသည်...
ရန်ယန်က ခေါင်းလှည့်ပြီး ပိတ်ထားတဲ့ အခန်းတံခါးကို တစ်ချက်ကြည့်လိုက်သည်။ သူ့နားက ပိုပိုကျယ်လာပြီး အတွင်းထဲမှာ စကားစမြည်နေကြတာကို ဂရုတစိုက် ခိုးနားထောင်ခဲ့သည်။
"အမေ အမေက ဘယ်လိုဖြစ်လို့ အဖေ့ကို မတားရတာလဲ။ ဒါက တစ်လကို ယွမ် ၄၀နော်"
လင်းရှောင်ယွဲ့ နာကျင်နေသည်။ "အိမ်နှစ်အိမ်ကစားစရိတ်အတွက် တစ်လကို ၄၀ ထပ်ပေးရမယ်ဆိုတာကျွန်မ မယုံချင်ဘူး။ ယုံချင်ယုံ မယုံချင်နေ ဒီအိမ်နှစ်အိမ်က စားစရိတ် မပေးရဘူး၊ ကျွန်မတို့ ပိုက်ဆံထုတ်ပြီးရင်တောင် တတိယမိသားစုကြားမှာ သူတို့ ဒါဇင်အနည်းငယ် လျှော့ပေးကြမှာ!"
"အဲဒါ ငါဆိုလိုချင်တဲ့ဟာပဲ"
ဝမ်ရှို့ယင်က သူမနဲ့ စိတ်တူကိုယ်တူအဖော်ကို ရိုးရှင်းစွာ ရှာတွေ့ခဲ့သည်။ သူမ ဒေါသအရမ်းထွက်ပြီး မျက်ရည်တွေကို သုတ်လိုက်သည်။ "ရှောင်ယန်ရဲ့အဖေက ဒါကိုမကျော်ဖြတ်နိုင်ဘူး။ သူ ငါ့ကို တကယ်သတ်ပစ်ချင်နေတာပဲ။ အဲဒီတုန်းက ရှောင်ယန်ဆီမှာလည်း ဒီလိုပဲ ဖြစ်ခဲ့ဖူးတယ်။ သူတို့ မျိုးရိုးရန်က လူတွေစကား နည်းနည်းပဲပြောတာ ပြောရရင်တော့ သူ့အဖေက ပျော့ညံ့လွန်းနေတာ "
"အဖေ့မှာ ဘယ်လို စရိုက်မျိုးရှိလို့လဲ။ သူဘာလို့ဒီလိုဖြစ်ရတာလဲ။ သူ့တံတောင်ဆစ်တွေ ထွက်လာလို့လား!
(TN- တံတောင်ဆစ်များသည် ဆွေမျိုးများ၊ သူငယ်ချင်းများ သို့မဟုတ် ဝန်ဆောင်မှုဌာနကို ထိခိုက်နစ်နာစေသော အရာတစ်ခုခုကို တုနှိုင်းယှဥ်ပြသည်။)
လင်းရှောင်ယွဲ့ ဒေါသကြီးတဲ့ အသံဖြင့် ပြောလိုက်သည်။
ဒေါသထွက်ပြီးနောက် သူမ မထိန်းနိုင်ဘဲမေးလိုက်သည်။ "အဲ့တုန်းက ရှောင်ယန် ဘာဖြစ်ခဲ့တာလဲ"