← Chapters

အခန်း (၈၂)

Vol. 7 Ch. 82

အခန်း (၈၂)

Vol. 7 Ch. 82

သူမတို့ ရန်ယန်ကို ရောင်းလိုက်တဲ့အချိန်ကအကြောင်း ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က လင်းရှောင်ယွဲ့ကို မည်သည့်အခါမျှ မပြောခဲ့ကြပေ။

လင်းရှောင်ယွဲ့ က တတိယ ရန်ယန်ရဲ့ ပါးစပ်မှသာ သိရပြီး တတိယ ရန်ယန်ရဲ့ လင်မယားနှစ်ယောက်အပေါ် ခွင့်လွှတ်ရန် ဝန်လေးတဲ့ အကြောင်းကို ကောင်းစွာ နားလည်နိုင်သည်။

ယခု ဝမ်ရှို့ယင် ပါးစပ်မှ လင်းရှောင်ယွဲ့ သည် ထိုအချိန်က အဖြစ်အပျက်ကို ကြားလိုက်ရတော့ အနည်းငယ် အံ့အားသင့်သွားသည်။

သူမ မမျှော်လင့်ထားတဲ့အရာက... ဝမ်ရှို့ယင်ရဲ့ပါးစပ်က နောက်ထပ်ပုံပြင်တစ်ခုကို သူမကြားလိုက်ရတာပဲ။

"ရှောင်ယန်မှာ တစ်ခုခု မှားနေပြီဆိုတာ ငါတို့ ပထမဆုံး တွေ့ရှိတဲ့နှစ်က သူ့ကို အသေးစိတ် စစ်ဆေးဖို့ ဆေးရုံကြီးတစ်ခုဆီ ခေါ်သွားခဲ့တယ်။ နောက်ဆုံးမှာတော့ သူ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်တာကိုခံနေရတယ်လို့ ပြောခဲ့တယ်။ သူ အသက် ၆ နှစ်အရွယ်မှာ နေမကောင်းဖြစ်ပြီး ဦးနှောက်မကောင်းဖြစ်သွားခဲ့တာ ဖြစ်နိုင်တယ်။ ဒီအဖြစ်အပျက်အပြီးမှာတော့ မိသားစုထဲမှာ ဒီသတင်းကြောင့် အနာကျင်ဆုံးခံစားရဆုံးက ငါပဲလို့ ခံစားရတယ်။ ရှောင်ယန်ရဲ့အဖေက ခါတိုင်းလိုပဲ နှလုံးသားမဲ့နေပုံရပြီး ခါတိုင်းလို စားလိုက်သောက်လောက်ပဲ မျက်ရည်တောင်တစ်စက်မကျဘဲ ရှောင်ယန် ရူးနေလည်း ရပါတယ် သူ့ကိုပြုစုပျိုးထောင်ပေးမယ်လို့ ပဲပြောတာ ..."

ဝမ်ရှို့ယင်က စကားပြောရင်း မျက်ရည်ကျလုမတတ်ဖြစ်ခဲ့ပြီး ထိုနှစ်များအတွင်း သူမလုပ်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို သတိရမိသည်။ သူမ အလွန်အပြစ်ကြီးသည်ဟု ခံစားရပေသည်။

"အဲဒီတုန်းက ငါစိတ်မထိန်းနိုင်ခဲ့ဘူး။ ဒါကို မခံနိုင်ခင် သုံးရက်သုံးညလောက် ငိုခဲ့ရတယ်။ ဒါပေမယ့် ငါ ပြန်သင့်မြတ်ဖို့ မဝံ့ရဲသေးဘူး... နေရာတိုင်းကို ငါမေးကြည့်တယ် ရှောင်ယန်ကို တကယ်ကို ကုသပေးချင်တယ်၊ ဟုတ်တယ် သမီးပြောသလိုပဲ ငါ ရှောင်ယန်ကို အစတုန်းက ဆေးရုံကို ခေါ်သွားခဲ့ပေမယ့် ဆေးရုံကြီးမှာပဲဖြစ်ဖြစ် ဆေးရုံသေးသေးလေးမှာပဲဖြစ်ဖြစ် ရန်ယန်ကိုခေါ်သွားတယ်။ အားလုံးက သူ့ကို မကုသနိုင်ဘူးလို့ ပြောကြတယ်။ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး...ဒါကြောင့် ဆရာ့ဆီသွားခဲ့ရတယ် ဒါပေမယ့် ဆရာကို သူ့ကိုကုသပေးခိုင်းဖို့က တကယ်စျေးကြီးတယ်... ဘယ်လိုအကျိုးသက်ရောက်မှုပဲဖြစ်ဖြစ် ဆရာတစ်ယောက်ကို ယွမ် ၁၀၀ ပေးရမယ်၊ ပြီးတော့ အရင်က ယွမ် ၁၀၀ ယွမ် ကအခုထက် ပိုတန်ဖိုးရှိတယ်လေ "

ဝမ်ရှို့ယင် လေးလံစွာ သက်ပြင်းချလိုက်သည်။ "ဒါကြောင့် ဆရာ့ဆီ ရှောင်ယန်ကို တစ်ကြိမ်ပဲ ခေါ်သွားခဲ့တယ်။ ကျန်တဲ့မိသားစုတွေ ဈေးသိသွားတဲ့အခါ ဒုတိယမိသားစုက နှစ်ယောက်နဲ့ ပထမမိသားစုက ဒီကိစ္စကို စီမံခန့်ခွဲဖို့ ခုန်ထွက်လာတယ်။ သူတို့နှစ်ယောက်က ကြောက်တယ်။ ငါတို့မိသားစုက ပိုက်ဆံပိုသုံးမှာကို ကြောက်ကြတာ ”

"အွန်းအွန်း"

လင်းရှောင်ယွဲ့က သူမပြောသည့်အတိုင်း ဝမ်ရှို့ယင်ငိုနေသည်ကို မြင်လိုက်သဖြင့် ခေါင်းညိတ်လိုက်သည်။ သူမစွပ်စွဲခဲ့မိတဲ့ စကားတွေက သူမ ဗိုက်ထဲ မျိုကျသွားသည်။

"အခုလိုမျိုးပဲ.....တူညီတဲ့အကြောင်းပြချက်အတွက် မိသားစုနဲ့ခွဲခဲ့တဲ့ နောက်ဆုံးအချိန်ကလိုပဲ...သူတို့နှစ်အိမ်က ငါတို့မိသားစုအတွက် ပိုက်ဆံကုန်တယ်လို့ ခံစားကြတာ။ ရှောင်ယန်အတွက် သုံးတဲ့ငွေက သိပ်မလိုအပ်ဘူးလို့ သူတို့ခံစားကြတာ။ ရှောင်ယန်ကို လက်လွှတ်ပြီး သူ့အဖေနဲ့ နောက်တစ်ယောက်ယူဖို့က ဘယ်သူ့အကြံလဲဆိုတာ ငါ မသိဘူး။ ငါ အစကတော့ သဘောမတူခဲ့ဘူး! မဟုတ်ဘူး၊ ငါအမြဲတမ်း သူတို့အကြံကို သဘောမတူခဲ့ဘူး!"

ဝမ်ရှို့ယင်ရဲ့ အသံက အရမ်းမြင့်သည်။ လေးလေးနက်နက်ပြောရရင် သူမမှာ အလွန်စိတ်ပိုင်းဖြတ်ထားသော စိတ်ထားရှိကြောင်း ထင်ရှားသည်။

အတူတူနေချိန်ကတည်းက လင်းရှောင်ယွဲ့သည် ဝမ်ရှို့ယင်က စိတ်ကူးကောင်းသည့် အမျိုးသမီးတစ်ဦးဖြစ်နေဆဲဖြစ်ပြီး အမှားအမှန်ကိုလည်း ရှင်းလင်းကာ ရန်ယန်အပေါ်လည်း စိတ်ရင်းမှန်ဖြင့် စေတနာကောင်းရှိကြောင်းကို လင်းရှောင်ယွဲ့ သိမြင်နိုင်ခဲ့သည်။

လင်းရှောင်ယွဲ့က သူမကို နှစ်သိမ့်ပေးဖို့ ဝမ်ရှို့ယင်ရဲ့ ပခုံးကို ပွတ်သပ်လိုက်သည်။ " အမေ အေးဆေးဆေး ပြော... ဖြည်းဖြည်းပြော..."

ဝမ်ရှို့ယင် နှာရှုပ်ရင်း မျက်ရည်ကို သုတ်လိုက်သည်။ "ဒီတစ်ခါမှာတော့ မျိုးရိုးရန်က အားလုံးက ဒေါသကို သူတို့နှာခေါင်းတစ်ပေါက်တည်းနဲ့ လွှတ်လိုက်ကြတာ၊ အားလုံးက ရှောင်ယန်ကို လက်လွှတ်လိုက်သင့်တယ်လို့ ပြောကြတယ်၊ သူတို့ရဲ့ အကြောင်းပြချက်က... ရှောင်ယန်က ​​မိသားစုရဲ့ပိုက်ဆံတွေကို အလကား သုံးစွဲပြီး မိသားစုရဲ့စားစရာတွေကို အလကားစားနေတယ်ပေါ့၊ သူတို့ထင်တာက သူကအသုံးမဝင်ဘူးလို့ ထင်နေကြတာ။ သူတို့ရဲ့ လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေကို ငါ ဘယ်လိုလုပ် မမြင်နိုင်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါအဲ့တုန်းကသဘောမတူခဲ့ဘူး။ ငါ မရဘူးလို့ ဆက်တိုက်ပြောနေခဲ့တာ!"

"ဒါဆို ဘာဖြစ်သွားတာလဲ။ အမေ ရှောင်ယန်ကို ဘယ်လိုဖြစ်လို့ရောင်းလိုက်ရတာလဲ "

လင်းရှောင်ယွဲ့ မေးလိုက်သည်။ "အဲ့ဒါက အဖေ့ကြောင့်လား"

"အဲဒါ သူပဲ! သူ့ကြောင့်ပဲ! သူလည်း ရန်မျိုးရိုးပဲ ဟိုက ရန် မျိုးရိုးနဲ့အတူတူပဲ။ ဟိုက သူတို့ပြောသမျှကို နားထောင်တယ်။ အဖိုးကြီးနဲ့ အဖွားကြီး ပြောတာမှန်သမျှကို ယုံတယ်။ သူ့ကိုယ်ပိုင်စဥ်းစားဉာဏ်ဆိုတာ လုံးဝမရှိဘူး!"

ဝမ်ရှို့ယင်က ယခုအချိန်တွင် အလွန်ဒေါသထွက်နေသည်။ စားပွဲပေါ်မှ အထည်တစ်ထည်ကိုတွေ့တော့ ကောက်ကိုင်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။

အဲ့ဒါက ဒေါသကို ပြေပျောက်အောင် လုပ်ဖို့အတွက်ပဲ...

လင်းရှောင်ယွဲ့ ကြမ်းပြင်ပေါ် အဝတ် လွင့်သွားတာကို ကြည့်ရင်း ဝမ်ရှို့ယင်ရဲ့ ပခုံးကိုပွတ်သပ်ကာ နှစ်သိမ့်ပေးခဲ့သည်။ "အမေ ဒေါသမထွက်ပါနဲ့ ... အဖေ့မှာ သူ့ကိုယ်ပိုင်စဥ်းစားဉာဏ်မရှိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး၊ အနာဂတ် မိသားစုထဲမှာ ကျွန်မရှိနေမှာပဲ။ ဒီမိသားစုမှာ ဆုံးဖြတ်ချက်က ကျွန်မနဲ့ အမေနဲ့ပဲ သက်ဆိုင်ရမယ်။ ကျွန်မတို့နှစ်ယောက် အတူတူ သဘောတူရင် ဘာမဆို ဆုံးဖြတ်လို့ ရတယ် ယောက်ျားနှစ်ယောက်က ဘာမှ ပြောလို့မရဘူး!"

"သူတို့အားလုံးက ရန်မျိုးရိုး တွေ။ သူတို့အားလုံး ရန် ရဲ့မိသားစုက ဆင်းသက်လာကြတာ၊ ရန်တယုံက ငါ့ကို သူ့မိန်းမလို ဆက်ဆံတယ်လို့ ငါမထင်ဘူး၊ သူက ငါ့အပေါ် လေးစားမှုမရှိဘူး၊ သူက ငါ့ခံစားချက်တွေကို တစ်ခါမှ မစဉ်းစားဖူးဘူး။ ရန်တယုံက ဆန်ကုန်မြေလေးပဲ!"

ဝမ်ရှို့ယင်က သူ့ကို ဆဲဆိုကြိမ်းမောင်းချင်ခဲ့တာတွေကို ဆဲဆိုပစ်လိုက်သည်။ တကယ်တော့ သူမမျက်ရည်တွေ ကျဆင်းနေဆဲပင်။ သူမ နှလုံးသားထဲမှာ တကယ်ကြီးကိုမှားယွင်းနေတာကို ခံစားနေလိမ့်မည်။

"သမီး မသိပါဘူး....."

ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ လက်ကို ဖမ်းဆုပ်လိုက်သည်။ "ရှောင်ယန်ကို ရောင်းလိုက်တဲ့အချိန်က ငါကတကယ် နောက်ဆုံးမှ သိလိုက်ရတဲ့သူ။ ဝမ် မိသားစုက သူ့ကို လာခေါ်ဖို့ တံခါးဆီ တိတ်တဆိတ် လာတော့ ငါက မီးဖိုချောင်ထဲမှာ ဟင်းချက်နေရတဲ့သူ တစ်ယောက်တည်းသောသူ။ ငါက တခြားတစ်ယောက် လာတယ်ထင်ခဲ့တာ! ဒီကိစ္စနဲ့ပတ်သတ်မယ်လို့တောင် မထင်ထားခဲ့မိဘူး! ရှောင်ယန်ကို အပြင်ကိုခေါ်ထုတ်သွားတော့ သူ့အသံငါကြားပြီး အပြင်ထွက်သွားခဲ့တယ်။ အဲဒီလူက မြည်းလှည်းပေါ်တောင် ရောက်နေပြီ! ငါအရမ်းဒေါသထွက်တယ်.... ငါ တကယ်ကို ဒေါသထွက်တယ်!"

ဒေါသနှင့် နောင်တစကားများကိုပြောနေစဉ်တွင် ဝမ်ရှို့ယင်က သူမ ရင်ဘတ်ကို အကြိမ်အနည်းငယ်ထုနှက်ခဲ့သည်။ ဤလေသံက သူမ၏ သာမာန် ရန်လိုမှုမျိုး မဟုတ်ပေ။

လင်းရှောင်ယွဲ့က အဆိုပါကိစ္စရပ်အမှန်ကိုကြားသိလိုက်ပြီးနောက် ဝမ်ရှို့ယင်ကို ချက်ချင်းခွင့်လွှတ်ခဲ့သည်။

ဝမ်ရှို့ယင် အနားတွင်ထိုင်ရင်း ဝမ်ရှို့ယင် ပခုံးကို ပွတ်သပ်ပေးခဲ့သည်။ "ဝမ်းနည်းမနေပါနဲ့တော့။ အမေ... ဒါတွေအားလုံးက အဖေ့ရဲ့ အပြစ်ပဲ။ အဲဒါ သူတို့ မိသားစု နှစ်စုရဲ့ အပြစ်။ ကိုယ့်မိသားစုအရေးကို ဂရုမစိုက်ဘဲ တခြားသူတွေရဲ့ကိစ္စမှာဝင်ပါပြီး ဒီလိုစီမံခန့်ခွဲတာကို ကြိုက်တဲ့ ဒီလို ရွံစရာကောင်းတဲ့ လူတွေဒီကမ္ဘာကြီးမှာ ရှိသေးတယ်တဲ့။ တခြားမိသားစုရဲ့ ကောင်းကျိုးအတွက်လို့ သူတို့ကထင်နေကြတုန်း”

ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ကို ချက်ချင်း ပွေ့ဖက်ပြီး အော်ဟစ်ငိုပစ်လိုက်သည်...

သူမ ရန် အိမ်တွင် နွားတစ်ကောင်၊ မြင်းတစ်ကောင်လို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။ သူမမိသားစုရဲ့ မှားယွင်းနေခဲ့တဲ့ ရန်တယုံကြောင့် ဝမ်ရှို့ယင် အဲ့တာကို အမြဲမျိုသိပ်ထားခဲ့ရသည်။

လေးလေးနက်နက်ပြောရရင်....

အကယ်၍ လင်းရှောင်ယွဲ့သာ မိသားစုဆီ မလာတာမျိုး၊ဝမ်ရှို့ယင်တွင် သူမ​နဲ့ သမီးယောက္ခမ ဆက်ဆံရေးမျိုး မရှိခဲ့ပါက ဝမ်ရှို့ယင်က သူမ ဒေါသကို ဖျောက်ဖျက်နိုင်စွမ်း မရှိပေ။

ဝမ်ရှို့ယင် ၎င်းတို့ကို သည်းခံပြီးသားနေခဲ့ပြီး မိသားစုကနေ ခွဲထွက်ဖို့ သတ္တိတောင် မရှိခဲ့ပေ။

ထို့ကြောင့် ဝမ်ရှို့ယင်က သူမချွေးမ လင်းရှောင်ယွဲ့ကို အလွန်နှစ်သက်သည်...

သူမသည် ဝမ်ရှို့ယင်ရဲ့ချွေးမဖြစ်ရုံ သာမက ရန် အိမ်ရှိ ဝမ်ရှို့ယင်၏အဖော်လည်းဖြစ်သည်။

သူမက ဝမ်ရှို့ယင်နဲ့ အမြင်ကို မျှဝေခဲ့ပြီး လှေတစ်စင်းတည်းတွင် သူမနှင့် စကားစမြည်ပြောဆိုနိုင်သူ တစ်ဦးတည်းသာဖြစ်သည်။

ထို့ကြောင့် လင်းရှောင်ယွဲ့က အငယ်ဖြစ်ပြီး လူကြီးများသည် ၎င်းတို့၏ မျိုးဆက်သစ်များရှေ့တွင် မရိုင်းစိုင်းသင့်ဘူးဟု သူမခံစားရသော်လည်း ဝမ်ရှို့ယင် သည် သူမ၏နှလုံးသားကို သွန်ချရန် ယနေ့ လင်းရှောင်ယွဲ့ဆီ လာဖို့ မကူညီနိုင်ခဲ့ပေ။

ဘာကြောင့်လဲ ဆိုတော့ ဒီမိသားစုမှာ သူမ ရဲ့ နှလုံးသားကို နားလည်ပေးနိုင်သူ တစ်ဦးတည်းသော သူဖြစ်ပြီး သူမက သူ့စကားတွေကို နားထောင်နိုင်သူတစ်ယောက်ဖြစ်လို့ပါပဲ

သူမကို အထိရောက်ဆုံး အားပေးနှစ်သိမ့်မှုပေးတဲ့သူက... လင်းရှောင်ယွဲ့ပဲရှိတာ။

ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ ပခုံးပေါ်၌ ခဏတာ ငိုကြွေးနေခဲ့သည်...

ခဏအကြာတွင် သူမ စိတ်ခံစားမှုများကို စုစည်းမိကာ ရှိုက်ကြီးတငင်ငင်နှင့် ဆက်ပြောလိုက်သည်။ " ရှောင်ယန်ကို ခေါ်သွားကြတော့ သူ့အဖေနဲ့ ငါ ရန်ဖြစ်ခဲ့ကြတယ်။ ရှောင်ယန်ကို သူဘယ်လောက် ရောင်းလိုက်လဲ၊ ငါတို့ သူ့ကိုပြန်ဝယ်မယ်ဆိုရင် ပိုက်ဆံဘယ်လောက်ပေးရမှာလဲ၊ သူ့ကို ပြန်ဝယ်ဖို့ ငါတို့ပိုက်ဆံ နှစ်ဆပေးလည်းရတယ်ဆိုပြီး ငါပြောခဲ့တယ်။ သူ့အဖေက သတ္တိမရှိဘူး။တကယ်တော့ သူ့အဖေက သတ္တိမရှိတာ။ တကယ်တမ်းတော့ သူ့အဖေ အဲ့တာကိုလုပ်မိခဲ့တဲ့အတွက် နောင်တရတယ် ပြီးတော့ သူ့ရဲ့အသိတရားက ဒုက္ခရောက်စေတယ်။ အဲဒီ့နေ့ရက်တွေမှာ ဒီအကြောင်းအရာကို သူ မပြောရဲဘူး။ ငါအားလုံးကို မြင်တယ်။ အခန်းနှစ်ခန်းက လူတွေက သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေကြတာလို့ ငါကောက်ချက်ချနိုင်တယ်။ အဲဒီအိမ်နှစ်အိမ်က လူတွေက အဖွားကြီးကို ထုတ်ထားသရွေ့တော့ အရှုံးသမား တယုံမှာ ပြောစရာစကားမရှိဘူး! သူက ပြောတာကို နားထောင်လိုက်ရုံပဲ! အဖွားကြီးက ဝမ် မိသားစုဆီသွားခဲ့တယ်လို့ သူတို့ ပြောကြတယ်၊ ဝမ် မိသားစုမှာ ရှောင်ယန်ကို ကုသဖို့ ပိုက်ဆံရှိတယ်လို့ပြောပြီး သူတို့က သူမကို ဘာပဲဖြစ်ဖြစ် ပြောတယ်။ သူတို့နှစ်ယောက် စိတ်တထင့်ထင့်ဖြစ်ပြီး ကြင်နာတတ်နေကြတာ။ သူတို့ အခုဒါကိုမြင်နေရပြီ!"

ဝမ်ရှို့ယင်ရဲ့ ဒေါသက တစ်ဖန်ပြန်တက်လာပြီး ကျိန်စာတိုက်ဖို့ တွန်းအားကို သူမ မခံနိုင်ပေ။

"ငါလည်း ...... အဲဒီတုန်းက ဘယ်လိုမှမတတ်နိုင်ဘူး ...... ဝမ်မိသားစုက ရှောင်ယန်ကို ဆရာဝန်ဆီ ခေါ်သွားမှာပဲလို့ စိတ်ထဲမှာပဲ ကိုယ့်ကိုကိုယ်ပဲ ပြောနိုင်ခဲ့တယ်။ ဝမ်မိသားစုက ငါတို့မိသားစုထက် ပိုချမ်းသာတယ်... ရှောင်ယန်ကို ကုသနိုင်ခဲ့ရင် ဝမ် မိသားစုကလည်း သူ့ကို ကောင်းကောင်း ဆက်ဆံမှာ သေချာတယ်......"

ဝမ်ရှို့ယင် အံကြိတ်ကာ ရုတ်တရက် လေလံနေတဲ့အသံနဲ့ပြောခဲ့သည်။ "ဒါပေမယ့် ဝမ်မိသားစုက ဓားတစ်ထောင်နဲ့သတ်ခံရမှာ။ ငါတို့ ဝမ် မိသားစုဆီ ချဥ်းကပ်ခဲ့တဲ့အချိန် သူတို့က တကယ်ကို ရှောင်ယန်ကို နွားတင်းကုပ်ထဲမှာ ထားထားတာ။ ဝမ် မိသားစုရဲ့ မြေးတွေ သေချင်းလှလှနဲ့သေသွားဖို့ပဲတန်တယ်။ သူတို့ သေသွားရင် ငရဲ ၁၈ထပ်ကို ရောက်ဦးမှာ "

(TN: ဓားချက်ပေါင်း တစ်ထောင်နဲ့သတ်သည်- ဓားချက်တစ်ထောင်ထိုးခံရတာနဲတန်သူကို ရည်ညွှန်းသည်။)

ဝမ်ရှို့ယင်က အံကြိတ်ကာ ကျိန်ဆဲပြီး စိတ်ပိုင်းဆိုင်ရာ စွဲချက်တင်ခဲ့သည်။

လင်းရှောင်ယွဲ့က ဝမ်ရှို့ယင် ပခုံးကို ပုတ်လိုက်ပြီး သူမလာ်းလေးလံစွာ သက်ပြင်းချလိုက်သည်။ "ရှောင်ယန်က သနားဖို့ကောင်းလွန်းပါတယ်..."

တတိယရန်ယန်က သူမကို အတိုချုံးပြောထားတာကြောင့် ရန်ယန်ရဲ့ ကိုယ်ခွဲသုံးမျိုး ဖန်တီးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို သူမ သိသည်။

မတော်တဆမှု၏ ကနဦးအကြောင်းရင်းမှာ ရန်ဟုန်ဝမ် ဖြစ်သော်လည်း ရန်ယန်၏ နောက်ဆက်တွဲစမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများ ပိုများလာကာ နာကျင်မှုသည် ရန်ဟုန်ဝမ်ဆီမှ အစပြုခြင်းမဟုတ်ပေ။

ရန်ယန်၏ ဒဏ်ရာများသည် စွန့်ပစ်ခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ မကြိုက်နှစ်သတ်ခြင်း၊ နှိမ့်ချခံရခြင်း၊ အရူးလို သုံးစားမရတဲ့အမှိုက်လိုဆက်ဆံခံရခြင်းမှ ဖြစ်ပေါ်လာသည်။

ဝမ်ရှို့ယင် အလွန်နောင်တရနေမှန်း လင်းရှောင်ယွဲ့ သိပြီး ဝမ်ရှို့ယင်တစ်ယောက် အလွန်ဝမ်းနည်းနေမှန်းလည်း သိသည်။

ဒါပေမယ့်လည်း လင်းရှောင်ယွဲ့ လိုချင်သည်မှာ အခြားအရာများထက် အခုချက်ချင်း ရန်ယန်ကို သွားပြီး ပွေ့ဖက်လိုက်ချင်သည်။

တကယ့် သားကောင်က သူ...

ကံကောင်းထောက်မစွာ သူမက သူ့ကိုဆက်အနိုင်ကျင့်ကာ သူ့ကိုပစ်မှတ်ထားပြီး သူ့ရိုးသားမှုကို ဆက်ယူဆောင်သွားမယ့် မူရင်းစာအုပ်ရှိ လင်းရှောင်ယွဲ့လို မဟုတ်ပေ။

မူရင်းစာအုပ်မှ လင်းရှောင်ယွဲ့ကလည်း လူသားမဟုတ်ပေ။ သူမလည်း ငရဲကို သွားရမှာ။

ထိုကဲ့သို့ ထူးချွန်ထက်မြက်တဲ့ ရန်ယန်က ထိုလူများကြောင့် ဗီလိန်အဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

နောက်ကျမှ အမှောင်ဖုံးသွားသည့်တိုင် သူ့ဘဝအကြောင်းရှင်းပြသည့် မြင်ကွင်းများစွာရှိခဲ့ပြီး လင်းရှောင်ယွဲ့က သူ့အတွက် အလွန်စိတ်မကောင်းဖြစ်ရသည်။

တကယ်တော့ သူက အလွန်သနားစရာကောင်းလှသည်။

ဟင်း...

သူ့အတွက် စိတ်ဆင်းရဲစရာတွေချည်းပဲ ခံစားရသည်။

လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့က အချိန်အတော်ကြာ စကားပြောခဲ့သည်။ ဝမ်ရှို့ယင်က သူမဗိုက်ထဲ နှစ်ပေါင်းများစွာ မကျေမနပ်ဖြစ်နေသော ခံစားချက်ကို ထိန်းထားနိုင်တော့မည် မဟုတ်ပေ။

ဒီမိသားစုမှာ သူမ ဘယ်လောက်ထိ နစ်နာခဲ့ရလဲ။ ဤမိသားစုတွင် နှစ်များစွာကြာပြီးနောက် ဝမ်ရှို့ယင်ရဲ့ မူလစိတ်က အရောင်းဆိုးခံလိုက်ရသည်...

ကံကောင်းစွာနဲ့ပဲ လင်းရှောင်ယွဲ့ ရောက်လာခဲ့သည်။

လင်းရှောင်ယွဲ့ ရောက်လာပြီးနောက် ဝမ်ရှို့ယင်ကို အားပေးဖို့ နောက်ထပ်လူတစ်ယောက်ရှိခဲ့ပြီး ဝမ်ရှို့ယင် ကို ပြန်လည်အသက်ရှင်စေခဲ့သည်။

တကယ်တော့ ဝမ်ရှို့ယင်က ရန်တယုံကို အရမ်းကြီးမုန်းနေတာ မဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ ရန်တယုံက ​​ရိုးသားပြီး တာဝန်ယူတတ်တဲ့သူမို့ပင်။

ထိုအချိန်တွင် ရန်ယန်ကို လက်လွှတ်လိုက်ပြီးနောက် ရန်တယုံက တစ်နှစ်ပတ်လုံး တိတ်ဆိတ်နေခဲ့သည်။

နေ့တိုင်း သူ့ခေါင်းကို အလုပ်ထဲမှာပဲ မြှုပ်ထားသည်။ သူက ထုတ်လုပ်ရေး အဖွဲ့တစ်ခုတွင် အလုပ်လုပ်ပြီး ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်ရသဖြင့် အလွန်ပင်ပန်းစေသည်။

ဝမ်ရှို့ယင်က ရန်တယုံကို အဲ့လို မြင်နေရလို့ အပြစ်တင်လို့ မရဘူး။

နောက်ပိုင်းတွင် ရန်တယုံ နေမကောင်းဖြစ်လာသည်။

ဆေးရုံတက်ပြီးနောက်မှာတော့ ဒုတိယရင်သွေးကို သန္ဓေမတည်နိုင်ရခြင်းအကြောင်းရင်းကို တွေ့ရှိခဲ့သည်။

လင်မယားနှစ်ယောက်လုံး အဖြစ်အပျက်ကိုသိပြီး သိပ်စိတ်မပူကြဘဲ ရန်ယန်ကို အိမ်အမြန်ပြန်ခေါ်ဖို့ ပြင်လိုက်ကြသည်။

All Chapters