← Chapters

အခန်း (၈၃)

Vol. 7 Ch. 83

အခန်း (၈၃)

Vol. 7 Ch. 83

ရန်ယန်က ရူးနေတုန်းဖြစ်ပေမယ့် လင်မယားနှစ်ယောက်လုံး ပျော်ရွှင်နေခဲ့သည်။ အနည်းဆုံးတော့ အဲဒီနှစ်တုန်းကထက် ပိုပျော်ခဲ့သည်...

ဝမ်ရှို့ယင်က ရန်တယုံ အတွက် ချစ်ခြင်း မုန်းတီးခြင်း ခံစားချက်များ ရှိပေမယ့် ရန်တယုံနဲ့ခွဲဖို့ သူမကို ပြောရန် မဖြစ်နိုင်ပေ။

နောက်ဆုံးတော့ ရန်တယုံနဲ့ ပြဿနာတစ်ခုပဲရှိတော့တယ်၊ အဲဒါက သူ့မိသားစုရဲ့ ရန်မျိုးရိုး ဘက်ကို အရမ်းပျော့ညံ့လွန်းတာပဲ။

ဝမ်ရှို့ယင်မှာ မကျေမနပ်ဖြစ်ကာ ဗိုက်ပြည့်နေသော်လည်း လင်းရှောင်ယွဲ့နဲ့ စကားပြောရန် ရောက်လာပြီး ၎င်းတို့ကို ပြောပြပြီးနောက် သက်သာလာခဲ့သည်။

အခုက အရမ်းနောက်ကျနေပြီ။ လင်းရှောင်ယွဲ့က မျက်လုံးတွေဖောင်းနေတဲ့ ဝမ်ရှို့ယင်ကို သူမရဲ့အခန်းထဲပြန်ပို့ပေးလိုက်သည်။

ဝမ်ရှို့ယင်ကို ပြန်ပို့ပေးတဲ့အခါ လင်းရှောင်ယွဲ့က ရန်ယန်တစ်ယောက် သူမအိမ်ရှေ့တွင် ရပ်နေပြီး လေပြင်းများတိုက်ခတ်နေကာ ၎င်းတို့နှစ်ဦးကို နှုတ်ဆက်ခြင်း သို့မဟုတ် စကားပြောတာမျိုးမလုပ်ဘဲ ပြန်လှည့်သွားသည်ကို တွေ့လိုက်ရသည်။

ဒါပေမယ့်...

လင်းရှောင်ယွဲ့က အခု ခိုးကြောင်ခိုးဝှက် ဖြစ်နေသည်ဟု ခံစားမိသည်။

ဝမ်ရှို့ယင်ကို ရန်တယုံက အခန်းထဲ ခေါ်သွားပြီး ရန်တယုံက လင်းရှောင်ယွဲ့ကို အမြန်ပြန်အိပ်ခိုင်းခဲ့ကာ အခန်းတံခါးကို ပိတ်လိုက်သည်။

ခြံတစ်ခုလုံး တိတ်ဆိတ်နေပြီး ညက တိတ်ဆိတ်နေသည်။

ရွာတွင် လမ်းမီးမရှိ၊ လရောင်အနည်းငယ်သာ ဖြာထွက်နေကာ ကမ္ဘာကြီးကို လင်းထိန်စေပြီး ရန်ယန်ရဲ့ ရုပ်သွင်ကို တောက်ပစေသည်..

လင်းရှောင်ယွဲ့က အမှောင်ထဲ ရှေ့ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ လက်သေးသေးလေးတစ်စုံက နောက်ကနေ ရန်ယန်ခါးကို တိတ်တဆိတ်ပွေ့ဖက်ထားသည်။

သူ့နောက်ကျောက အပူကို ခံစားလိုက်ရတော့ ရန်ယန် နောက်ကျောက တောင့်တင်းသွားခဲ့သည်။ လင်းရှောင်ယွဲ့ လက်တွေကို ဆုပ်ကိုင်ထားပြီး သူ့ဝမ်းဗိုက်ပေါ် က သူမလက်နှစ်ဖက်ကို ဖြည်းညှင်းစွာလျှော့ချလိုက်သည်။

"စကားပြောလို့ပြီးပြီလား" ရန်ယန်က တည်ငြိမ်တဲ့လေသံဖြင့် မေးလိုက်သည်။

"အင်း" လင်းရှောင်ယွဲ့ သူ့ကို ညင်သာစွာ ဖြေခဲ့သည်။

ခေါင်းကို မော့ကာ သူမရဲ့ မေးစေ့ချွန်ချွန်လေးကို ရန်ယန်၏ နောက်ကျောကို ဖိလိုက်ကာ ရန်ယန်၏ ခေါင်းနောက်ဘက်ကို သူမမျက်လုံးတွေက စိုက်ကြည့်နေခဲ့သည်။ "အထဲကို ပြန်ကြရအောင်၊ ရှင် ဒီမှာ ရပ်နေတာ မအေးဘူးလား"

"အေးတယ်"

စကားတစ်ခွန်းပဲ ပြန်ဖြေခဲ့သည်။ ရန်ယန် လှည့်ပြီးသူမ ပခုံးတွေကို သိုင်းဖက်ကာ ညင်သာစွာ ညှစ်လိုက်သည်။ "အိမ်ပြန်မယ်"

အခန်းကျဉ်းလေးဆီ ပြန်သွားတော့ ရန်ယန်က တံခါးကို ဂျက်ချလိုက်ပြီး လင်းရှောင်ယွဲ့က သူ့ကို ပွေ့ဖက်ထားသည်။ သူမက သူ့ ခန္ဓာကိုယ်မှာ အသားလုံးလေးတွေ ကပ်ထားသလိုမျိုးကပ်နေခဲ့သည်။

"မင်းဘာလုပ်နေတာလဲ"

ရန်ယန်က ပြုံးပြီး သူမခန္ဓာကိုယ်သေးသေးလေးကို လက်ပြန် ပြန်ဖက်လိုက်သည်။ "ကုတင်ပေါ် သွားလှဲတော့ "

"အတူတူသွားမယ်"

လင်းရှောင်ယွဲ့က သူ့ကို မျက်စိအောက်က အပျောက်မခံသလို ပွေ့ဖက်ခဲ့သည်။ "ရှင့်ကို ဒီလိုမျိုး ပွေ့ဖက်ထားချင်တယ်"

ရန်ယန်ရဲ့ ဓားလို မျက်ခုံးတွေက ညင်ညင်သာသာ ပေါ်ထွက်ကာ နှုတ်ခမ်းကို ကွေးညွတ်ပြီး ငုတ်တုတ်ထိုင်လိုက်ပြီး သူမကို ဘေးတိုက် ပွေ့ဖက်လိုက်သည်။

လုပ်ရပ်က ချက်ခြင်းရောက်လာပြီး လင်းရှောင်ယွဲ့ ကြောက်လွန်းလို့ သူမ အော်လိုက်သည်။

ဒါပေမယ့် တုံ့ပြန်ပြီးနောက် လင်းရှောင်ယွဲ့ ပြုံးတာကိုမထိန်းနိုင်ခဲ့ပေ။ "ရှင်က သန်မာတယ် ရှင် ကျွန်မကို ဒီလိုမျိုး ဆုပ်ကိုင်ထားတုန်းပဲ~"

သူက မင်းသမီးလေးကို ပွေ့ဖက်ထားပုံမပေါ်သလို လင်းရှောင်ယွဲ့ သည်လည်း မင်းသမီးလေးကို တစ်စုံတစ်ယောက်ဆီမှ ပွေ့ဖက်ခံထားရတာမျိုး မဟုတ်ခဲ့ပေ။ ဒီအရသာက ရှားတယ်။

အရသာရှိရမယ် .....

"မင်းမှာ အသားနည်းနည်းပဲရှိတာ၊ မင်းကို ပွေ့ဖက်ဖို့ ကိုယ်ဘယ်လိုလုပ် မတတ်နိုင်ရမှာလဲ"

ရန်ယန်က ရိုးရိုးရှင်းရှင်းပြောပြီး သူမကို ကုတင်ပေါ် အမြန်တင်လိုက်သည်။

လင်းရှောင်ယွဲ့က ကုတင်ပေါ် နာခံစွာ တွားသွားကာ စောင်ကို ခြုံပြီး ကုတင်တစ်ဝက် ပေါ်လွင်စေဖို့ စောင်ကို မလိုက်သည်။ သူမ လက်သေးသေးလေးတွေက ကုတင်ကို ပွတ်သပ်ခဲ့သည်။ "ရှင် မြန်မြန် လှဲတော့ ကျွန်မမှာ ရှင့်ကို ပြောစရာတွေ အများကြီး ရှိတယ်"

ရန်ယန်က သူ့ဂျာကင်အကျီနှင့် ဘောင်းဘီကို ရိုးရိုးရှင်းရှင်း ချွတ်လိုက်ပြီး အတွင်းခံတစ်ထည်ကို မထိမိအောင် ထားခဲ့သည်။ သူက ရေနံဆီမီးကိုမှုတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင် လှဲနေလိုက်သည်။

ဒုတိယမီးတွေ မှိတ်သွားတော့ လင်းရှောင်ယွဲ့ရဲ့ အသံထွက်လာသည်။ "ကျွန်မ ရှင်နဲ့ ခဏလောက် စကားပြောချင်နေသေးတာကို ဘာလို့အစောကြီး မီးတွေမှိတ်နေတာလဲ"

"မီးမှိတ်ပြီး စကားပြောမို့" သူ ရိုးရိုးရှင်းရှင်းပဲပြောခဲ့သည်။

လင်းရှောင်ယွဲ့ နှုန်ခမ်းစူလိုက်သည်။ “ကျွန်မ ရှင့်ကို ကောင်းကောင်းမမြင်ရတော့ဘူး…”

ထိုစကားကြောင့် ရန်ယန် အိပ်ရာထဲဝင်သည်နှင့် သူမက ထပြီးပွေ့ဖက်လိုက်ကာ သူ့ခါးကျဥ်ကျဥ်လေးကို မျှော့လိုတွယ်ကာကာ လက်နှစ်ဖက်ဖြင့် ဖက်ကိုင်ထားရင်း၊ သူ့ပခုံးပေါ်၌ ခေါင်းတင်လျက် ခြေထောက်တွေက သူ့ခြေထောက်တွေကို ဖိထားခဲ့သည်။

ဒါက တစ်ယောက်ယောက်ကို ထိန်းထားဖို့ အသင့်တော်ဆုံးနည်းလမ်းပင်။

"ရန်ယန်..."

အမှောင်ထဲတွင် သူမသည် ရန်ယန် အမည်ကို ဒဏ်ရာရနေတဲ့ အလင်းတန်းဖြင့် ခေါ်လိုက်သည်။ "ရှင် တံခါးနားမှာ ခိုးနားထောင်နေတာလား"

ရန်ယန် ငြင်းဆန်ခဲ့သည်။ "မဟုတ်ဘူး"

လင်းရှောင်ယွဲ့က သူ လိမ်နေတယ်လို့ထင်သည်။ "ရှင်နားထောင်ခဲ့တယ်လို့ ထင်တယ်"

ရန်ယန် - "မဟုတ်ဘူး"

လင်းရှောင်ယွဲ့ - "ရှင် နားထောင်တယ်"

ရန်ယန် - "မဟုတ်ဘူး ကိုယ်တကယ် နားမထောင်ခဲ့ဘူး"

လင်းရှောင်ယွဲ့ - "ရှင် လိမ်နေတာ ရှင်နားထောင်တယ်။ ရှင့်မှာ ကျွန်မကို လိမ်ပြောပိုင်ခွင့်မရှိဘူး၊ ရှင်အမှန်အတိုင်းပြောရမယ်!"

ရန်ယန် - "အိုး..."

လင်းရှောင်ယွဲ့က သူ့မေးစေ့ကို လက်သေးသေးလေးနဲ့ ဆုပ်ကိုင်လိုက်ပြီး မျက်နှာကို ဆွဲပင့်လိုက်သည်။ "ရှင် ခိုးနားထောင်ခဲ့လား!"

ရန်ယန်က သက်ပြင်းအရှည်ကြီး တစ်ချက်ချရင်း ဖြေလိုက်သည်။ "ဟုတ်တယ်"

လင်းရှောင်ယွဲ့ သူ့မေးရိုးကို ထိလိုက်သည်။ "ရှင် ခိုးနားထောင်နေတာ ကျွန်မသိတယ်။ ရှင် ဘာလို့ ကျွန်မဆီကနေ ဖုံးကွယ်နေရတာလဲ၊ ကျွန်မ ရှင့်ကို မရယ်ချင်ပါဘူး။ ရှင့်ကို အရမ်းသနားမိတာ၊ ရှင်ကို ပွေ့ဖက်ထားချင်မိတယ်"

သူမသည် အမှောင်ထဲတွင် သူမ၏ လက်သေးသေးလေးဖြင့်လှည့်ပတ်သွားနေကာ ဤစကားကို ပြောပြီး သူမ သူ့နှုတ်ခမ်းများကို အတိအကျ ထိမိကာ သူ့ရဲ့ခေါင်းကို နှစ်ကြိမ် နမ်းလိုက်သည်။

ရန်ယန်ရဲ့ နှလုံးသားက နူးညံ့သွားပြီး ရှုပ်ထွေးနေပြီဖြစ်သည်။

လင်းရှောင်ယွဲ့ ပခုံးကို ဆုပ်ကိုင်ထားတဲ့လက်က တင်းလာသည်။ အမှောင်ထဲမှာ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ သူ့မျက်ခုံးတွေသည် ချွမ်စာလုံးလို ရှုံ့သွားခဲ့သည်။

(TN: ချွမ် စာလုံး - သည် ပုံမှန်မျက်နှာအမူအရာပုံစံဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ မျက်နှာအရေးအကြောင်းများသည် တဖြည်းဖြည်း နက်လာကာ မျက်ခုံးကြားတွင် နက်ရှိုင်းသော အရေးကြောင်း များ တဖြည်းဖြည်း ပေါ်လာပြီး Eyebrow lines ဟုလည်းခေါ်သည့် "ချွမ်" ဟူသော စကားလုံးပေါ်လာသည်။ စကားလုံးပုံစံကို ဖွဲ့ထားတယ်၊ လူက မျက်မှောင်ကြုတ်နေပုံရတယ်။)

"အမေ့ရဲ့ စကားတွေကို ရှင်ကြားလိုက်မှာပဲ။ အမေ့ကို မုန်းတီးနေခဲ့တာကို နည်းနည်းလေးရှင်းထုတ်လိုက်ပြီလား" လင်းရှောင်ယွဲ့ ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"ကိုယ်မသိဘူး" ရန်ယန်က ရိုးရိုးသားသားပြောလိုက်သည်။

"ဒါဆို အဖေ့ကို ပိုမုန်းသွားပြီလား" လင်းရှောင်ယွဲ့က မတူညီသော ရှုထောင့်မှ ထပ်မေးလိုက်သည်။

သို့တိုင် ရန်ယန်ရဲ့ မသေချာသော အဖြေမှာ "မသိဘူး"ဟူ၍ပင်။

"ဒါဆို ရှင့် နှလုံးသားထဲမှာ ဘာရှိလဲ" လင်းရှောင်ယွဲ့က သူ့ကို မေးလိုက်သည်။

"ကိုယ် မသိဘူး"

သူ့ရဲ့ တတိယမြောက်အဖြေပင်။

လင်းရှောင်ယွဲ့က ရန်ယန် မျက်နှာကို ထိလိုက်သည်။ "ရပါတယ်၊ အဆင်ပြေပါတယ်။ ရှင် မသိဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ဦးနှောက်က အခု ရှုပ်ထွေးနေတာ ပုံမှန်ပဲ။ အဲဒါကို ရှင်အချိန်ယူပြီး စဉ်းစားလို့ရတယ်။ ဘာပဲဖြစ်ဖြစ် အချိန်ကျန်သေးတယ်၊ ကျွန်မလည်း ဖြည်းဖြည်းချင်းစဉ်းစားမယ်..."

ရန်ယန် သူမကို မေးလိုက်သည်။ "မင်းက ဘာအ​ကြောင်းကိုစဥ်းစားမှာလဲ"

လင်းရှောင်ယွဲ့ ပြန်ပြောလိုက်သည်။ "ကျွန်မ စဉ်းစားကြည့်ချင်တယ်၊ အခန်းနှစ်ခန်းထဲက အမျိုးသမီးတွေကို အပြစ်ပေးဖို့ ကျွန်မဘာလုပ်ရမလဲဆိုတာ။ အဲဒီမိန်းမနှစ်ယောက်က ရွံစရာကောင်းလွန်းတယ်။ ကျွန်မ လွှတ်မထားနိုင်ဘူး!"

ရန်ယန်က မျက်တောင်တွေကို ညင်သာစွာခတ်ခဲ့သည်။ "ဒါအတွက် ကိုယ့်မှာအကြံတစ်ခုရှိတယ်"

လင်းရှောင်ယွဲ့က သူ့မျက်နှာကို ဆုပ်ကိုင်လိုက်သည်။ "ရှင် မလုပ်ရဘူး! အကြမ်းဖက်မှု မရှိဘူး၊ အကြမ်းမဖက်ဘူး၊မကြမ်းတမ်းရဘူး၊ ဒဏ်ရာလည်း မရှိရဘူး။ ဒါကသိပ်ကောင်းတဲ့ အခိုက်အတန့်ပဲ၊ ရေရှည်တည်တံ့တဲ့ လက်စားချေတဲ့ အချိန်မဟုတ်ဘူး"

ရန်ယန် ရယ်လိုက်သည်။ "ကောင်းပြီ ကိုယ်သိပြီ"

လင်းရှောင်ယွဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ "ရပါတယ်၊ အချိန်တွေ အများကြီးရှိသေးတယ်၊ ကျွန်မတို့ ဖြည်းဖြည်းချင်း စဉ်းစားလို့ရတယ်။ ရှင်စိတ်ရှုပ်နေတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် ရှင် ကျွန်မကိုဘာပဲဖြစ်ဖြစ်ပြောလို့ရတယ်၊ ကျွန်မက ရှင့်မိန်းမပဲ!"

သူမရဲ့ စိတ်ချမှုအောက်တွင် ရန်ယန်က သူ့နှလုံးသားထဲတွင် ခံစားခဲ့ရသည့်အရာကို ဖြည်းညှင်းစွာပြောခဲ့သည်။

“အဲဒီနှစ်က ဝမ် မိသားစုမှာ ကိုယ် နွားတင်းကုပ်မှာ နေပြီး ဝက်စာ စားခဲ့ရတယ်။ ဝမ်မိသားစုရဲ့ ရိုက်နှက် ဆူပူကြိမ်းမောင်းတာကို ခံခဲ့ရတယ်။ ကိုယ် နေ့တိုင်း အလုပ်တွေ မပြတ်ခဲ့ဘူး...."

ရန်ယန် သက်ပြင်းတစ်ချက်ချလိုက်သည်။ "အဲဒီပတ်ဝန်းကျင်မှာ ကိုယ် မွေးခဲ့တာလို့ မင်းကို ပြောဖူးတယ်မလား"

လင်းရှောင်ယွဲ့က မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ကာ သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။ "အင်း...."

အမှောင်ပတ်ဝန်းကျင်တွင် သူ့အမူအရာကို မမြင်ရသော်လည်း ပြောင်လက်နေသော မျက်ဝန်းများဆီမှ မျက်ရည်ဝဲနေကာ လှုပ်ရှားနေသော ခံစားချက်အချို့ကို သူမ ယောင်ဝါးဝါးမြင်နေရသည်....

"ကမ္ဘာကြီးက ကိုယ့်အပေါ် သည်းခံနေသရွေ့ ကိုယ်မွေးလာမှာ မဟုတ်ဘူး"

ရန်ယန် ပေါ့ပါးတဲ့အသံနဲ့ပြောလိုက်သည်။ "အဲဒီအရူးကနေ ငကြောက်ဖြစ်လာပြီး ကိုယ့်အတွက်... ဖြစ်တည်မှုတိုင်းက ရန်ယန်ရဲ့ခန္ဓာကိုယ်အပေါ်ထားတဲ့ ကမ္ဘာကြီးရဲ့အဆိုးတွေကို ကိုယ်စားပြုတယ်။ ကိုယ်ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းက လူတစ်ဦးတစ်ယောက်ရဲ့ပြဿနာမဟုတ်ဘူး၊ လူနှစ်ယောက်ပြဿနာလည်း မဟုတ်သလို၊ လူနှစ်ယောက်ထက် ပိုတဲ့ပြဿနာလည်း မဟုတ်ဘူး... အဲဒါက တစ်ကမ္ဘာလုံးရဲ့ပြဿနာပဲ ...”

လင်းရှောင်ယွဲ့ အသံသေးသေးလေးနဲ့မေးလိုက်သည်။ "ဘာ နားလည်သွားလို့လဲ"

ရန်ယန်ရဲ့ အသံက ပိုပေါ့ပါးသွားသည်။ "ဒီမိုက်မဲတဲ့ကလေး ဘာကြောင့် ပျောက်ကွယ်သွားတာလဲဆိုတာ ကိုယ် နားလည်တယ်"

လင်းရှောင်ယွဲ့ ထပ်မေးလိုက်သည်။ "ဘာကြောင့်မို့လဲ"

ရန်ယန်ရဲ့ နက်မှောင်သော မျက်ဝန်းများသည် သူမ၏ မျက်နှာဆီ ရွေ့သွားပြီး ပူလောင်နေတဲ့ သူမရဲ့ အကြည့်တွေနဲ့ တွေ့ဆုံခဲ့သည်။ "မင်းကြောင့်"

လင်းရှောင်ယွဲ့က သူမရဲ့ နှုတ်ခမ်းတွေကိုစိလိုက်သည်။ "ကျွန်မက ဒီကလေးကို ပျောက်ကွယ်သွားအောင် လုပ်ခဲ့တာပေါ့ ဟုတ်လား၊ တကယ်တော့ ကျွန်မလည်း အဲ့တာ ကျွန်မကြောင့်လို့ ထင်တယ်..."

"မင်းကြောင့်...... မင်းက ရန်ယန်ရဲ့ ကမ္ဘာကြီးဆီ အလင်းတန်းကို ယူဆောင်လာခဲ့တာ။ တုန်လှုပ်ခြောက်ခြားနေပြီဖြစ်တဲ့ ရန်ယန်ရဲ့ ကမ္ဘာကြီးမှာ မင်းက ဖြည်းဖြည်းချင်း ပေါင်းစည်းခဲ့တာ...."

ရန်ယန် အသက်ပြင်းပြင်းရှူကာ ခေါင်းပြန်လှည့်ပြီး သူ့ခေါင်းပေါ်က အလင်းတန်းကြီးကို ကြည့်လိုက်သည်။ “ဒီကလေးက ဒီကမ္ဘာကြီးကို ရင်ဆိုင်ချင်စိတ်မရှိဘူး၊ ဒီကမ္ဘာကြီးကို လက်ခံချင်စိတ်မရှိဘူး၊ ရန်လိုတဲ့စိတ်မရှိဘူး၊ ဘယ်သူနဲ့မှ.... မဆက်သွယ်ချင်ဘူး။ ဒါကြောင့် ရန်ယန်က ​​ဒီကမ္ဘာမှာ အဆက်အသွယ်ရလိုစိတ်ရှိပြီးတဲ့နောက်မှာ တခြားသူတွေနဲ့ ထိတွေ့လိုစိတ်၊ သူမုန်းတဲ့လူနဲ့တောင် အဆက်အသွယ်လုပ်ချင်စိတ်ရှိတယ်။ အဲ့တာက အဲဒီကလေးထပ်ရှိနေဖို့ မလိုအပ်တော့ဘူး"

လင်းရှောင်ယွဲ့က တင်းမာမှုအချို့ကို နားထောင်လိုက်သည်။ သူမက ရန်ယန် လည်ပင်းကို ဖက်လိုက်သည်။ "ဒါဆို ရှင် ပျောက်သွားလိမ့်မယ်။ ရှင်ဘာလို့ထွက်လာတာလဲ။ တစ်ခုခုကြောင့် ရှင်ပျောက်သွားမှာလား။"

"ကိုယ် ဘယ်လိုသိမလဲ..."

ရန်ယန် ပြုံးလိုက်သည်။ ပျောက်ကွယ်သွားခြင်းက ကြောက်မက်ဖွယ်ကောင်းတဲ့ အရာမဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။

သူ တကယ်ပျောက်ကွယ်သွားတော့မှာ မဟုတ်ဘူး...

အစိတ်စိတ်အမွှာမွှာကွဲနေသော ရန်ယန်က ပြီးပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိသည်။

ဒါကိုလည်း သူ နားမလည်သလို ပြောလည်းမပြောနိုင်ဘူး။

သူ့ရင်ထဲမှာ ခံစားချက်တစ်ခုသာ...

ရန်ယန်က အရင်ကထက် ပိုပြည့်စုံတယ်လို့ ခံစားရသည်။

သူလည်း ရန်ယန်ပဲ!

သူကိုယ်တိုင်လည်း အရင်ကထက် ပိုပြည့်စုံလာပြီး သာမာန်လူတစ်ယောက်လိုပဲ။

"ဟေ့ ရှင် ဒီလေသံနဲ့ မပြောနဲ့..."

လင်းရှောင်ယွဲ့က သူ့ကို အလွန်စိုးရိမ်စွာကြည့်ခဲ့သည်။ "ရှင်ထွက်သွားမှာလား။ ရှင် ပျောက်ကွယ်သွားတော့မှာလား။ ရှင့်ရဲ့ နှလုံးသားထဲက ကြိုးထုံးပြေသွားပြီလို့ ဆိုလိုတာလား"

"မဟုတ်ဘူး"

ရန်ယန်က သူမရဲ့ ကြောက်ရွံ့တဲ့အသံကို ကြားတဲ့အခါ လှည့်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူ့လက်ဖဝါးကြီးတွေက သူမရဲ့ခေါင်းနောက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ "ကိုယ့်နှလုံးသားထဲက ကြိုးထုံးကမပြေသေးဘူး။ ဒါဆို ကြိုးထုံးအသေကြီးကို ဘယ်လိုပြေအောင်လုပ်ရမလဲ ဟင်။ မဟုတ်ဘူး ကိုယ်ထွက်မသွားဘူး။ နောက်ဆုံးသွားရမယ့်လူက တခြားလူပဲ။ ကျန်နေမယ့်သူက ကိုယ်ဆိုတာ သေချာတယ်"

သူ့ယုံကြည်ချက်ရှိတဲ့အဖြေကို နားထောင်ခဲ့သော်လည်း လင်းရှောင်ယွဲ့က သူမနှလုံးသားထဲ အမြဲတစေ မကျေမနပ်ဖြစ်နေသည်။ သူမ ရန်ယန်ရဲ့ရင်ဘတ်ကိုထိလိုက်ကာ သူ့ရင်ဘတ်ရှိ နှလုံးခုန်သံကို ခံစားလိုက်ရပြီး အနည်းငယ်စိတ်သက်သာရာရစေခဲ့သည်။

"ကျွန်မှာ ကလေးကို နှုတ်ဆက်ဖို့တောင် အချိန်မရှိခဲ့ဘူး၊ ရှင် သွားမယ်ဆိုရင် ကျွန်မကို အရင်နှုတ်ဆက်ရမယ်နော်။ ကျွန်မ နောက်ဆုံးပြောခဲ့တာက အမှန်ပဲ ကျွန်မ ရှင့်ကို အကြိုက်ဆုံး။ ကျွန်မ ၃ ယောက်ထဲက ရွေးလို့ရမယ်ဆိုရင် ရှင့်ကို ကျွန်မသေချာရွေးပြီး ရှင့်ကို ကျွန်မရဲ့ယောကျ်ားအစစ်အဖြစ် မှတ်ယူထားတယ်"

လင်းရှောင်ယွဲ့က နောက်ထပ် ဝန်ခံမှု လှိုင်းလုံးများဖြင့် အမြန်ပြန်လာခဲ့သည်။

ဘယ်လိုလဲဆိုတာတော့ သူ မသိဘူး...

သူမရဲ့မိန်းမ ပင်ကိုယ်သိစိတ်က သူ မကြာခင် ထွက်သွားမယ့်ပုံရတယ်လို့ ပြောပြနေသည်။

လင်းရှောင်ယွဲ့ အရမ်းစိတ်ပူနေသည်။

"ကိုယ်သိတယ် ကိုယ်အကုန်သိတယ်..."

ရန်ယန် သူမရဲ့ ကျောကိုပုတ်ပေးလိုက်သည်။ သူ့နှုတ်ခမ်းထောင့်က ခပ်မြင့်မြင့် ကွေးညွှတ်သွားသည်။ "ဘာပဲဖြစ်ဖြစ် ငါ မသွားဘူး၊ တခြားလူက ထွက်သွားရမှာ။ မင်းကို ကိုယ် ဘယ်လို လုပ်ထားခဲ့မှာလဲ"

"ဟင့်.....ကျွန်မကို တင်းတင်းဖက်ထားပေး....."

မသက်မသာခံစားရတဲ့ လင်းရှောင်ယွဲ့က သူ သူမကို ပိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပေမယ့် သူမ အလွန်စိတ်မသက်မသာဖြစ်ရသည်။

ဤကာလအတွင်း သူမ တတိယမြောက်ကို ခင်ပွန်းအဖြစ် ခေါ်ခဲ့သည်။

ဒါပေမယ့် မကြာခင် သူ ပျောက်ကွယ်သွားတော့မလို ခံစားရတယ်...

ဘာတွေလုပ်ဆောင်လို့ရမလဲ။

သူထွက်သွားရင် ဒုတိယလူနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူးလား။

သူမနဲ့ ဒုတိယရန်ယန်က ချိုမြိန်​တဲ့ ဆက်ဆံရေး​တောင်​ မ​ရောက်​​သေးဘူး...

ဒါကယောကျ်ားဖြစ်သူကို ဆုံးရှုံးလိုက်ရသလိုပဲ မဟုတ်ဘူးလား။

အဲ့တာက ရှက်စရာဖြစ်နေတုန်းပဲ။

တတိယရန်ယန်ကို မပျောက်သွားစေချင်ဘူး။

"ဟေ့ မင်း ဒီည အဲ့တာလုပ်ချင်လား"

ရုတ်တရက် ရန်ယန်က သူမ နားနားကပ်ကာ လေသံတိုးတိုးနဲ့ ဆွဲဆောင်မှုရှိတဲ့အသံဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်။

လေသံကလည်း နည်းနည်းအကျိုးမရှိဘူး...

"လာလေ...."

လင်းရှောင်ယွဲ့ အမြန်သဘောတူပြီး ပြောလိုက်သည်။

ဒီလိုနဲ့ ရှက်စရာကောင်းတဲ့ ကိစ္စက တစ်ညလုံး ကြာသွားခဲ့သည်.......

All Chapters