ရုပ်ခန္ဓာသန့်စင်ခြင်းဆရာသခင်
Vol. 2 Ch. 164
“ဟူး …”
တင်းဖိန်း၏ပခုံးများက ပခုံးများက တွဲလောင်းကျနေသော သစ်ကိုင်းများအလား ယိမ်းခါကာ ရှေ့သို့ လျှပ်စီးကဲ့သို့ အမြန်ဖြင့် တစ်ဟုန်ထိုးပြေးသွားသည်။ သူက စွမ်းအားများအားလုံးကို ခြေထာက်များသို့ ပို့လွှတ်ခဲ့ရာ ခြေတစ်လှမ်းစီတိုင်းက အဝေးသို့ ပို့ဆောင်နိုင်ပေသည်။
“ဒါက ကြောက်စရာပဲ … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူက ချန်းဖန်နှင့် အတော်ဝေးဝေးသို့ ရောက်သွားပြီဖြစ်သော်လည်း ကြောက်ရွံ့နေဆဲဖြစ်သည်။
ဓားမှာ ပစ်မှတ်သို့ မရောက်ခဲ့လျှင် သူက အမှောင်ရိပ်ထဲသို့ တိုးဝင်သွားပြီး တိတ်ဆိတ်စွာ စောင့်ကြည့်သည်။ သို့သော်လည်း နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် သူကား ကြီးစွာ ထိတ်လန့်ရသည်။ ဒုတိယသခင်ကြီးရှင်း၊ အရူးစွန်းနှင့် ဝမ်ချီနင်တို့အားလုံးမှာ အတွင်းအားကျင့်ကြံခြင်း အဆင့်မြင့်အဆင့်၌ ရှိကြသည်။ တင်းဖိန်က ထိုလူများအား အနိုင်ယူရန် ယုံကြည်ချက် မရှိပေ။
သို့သော်လည်း ထုံရှန်းရှေ့တွင် သူတို့အားလုံးမှာ စက္ကူများအလား ကြွပ်ဆတ်လွန်းနေသည်။
“ပြီးတော့ အဲ့ဒီ တုထုလီ … သူက စိန်ဘုရားကျောင်းရဲ့ ကာကွယ်သူဖြစ်ပြီးတော့ ပြင်ပခွန်အား လေ့ကျင့်သူပဲ။ သူ့ကို အဆင့်မြင့် သိုင်းသမားတွေတောင် အနိုင်ယူဖို့ မလွယ်ဘူး။ ဒါပေမဲ့ … ထုံရှန်း … သူက …”
သူ၏အတွေးများအား ထိတ်လန့်စရာ မြင်ကွင်းက အနှောင့်အယှက် ပေးသွားသည်။ တင်းဖိတ် အကြီးအကျယ် ထိတ်လန့်သွားသည်။
သူက မည်သို့သောလူဖြစ်မည်နည်း။ သူက အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက်လောက် အားကောင်းမယ်လို့ ပြောရဲသည်။ ထိုအတွေးများက တင်းဖိန်ကို ပိုထိတ်လန့်စေသည်။
“ကံကောင်းလို့ ငါလွတ်လာခဲ့တယ်။ မဟုတ်ရင် ဒုတိယသခင်ကြီးရှင်းလို ငါလည်း အဆုံးသတ်ပြီပဲ” တင်းဖိန် သက်ပြင်းချသည်။ သူ၏အတွင်းအားက သူ့အား မြန်ဆန်စွာ ပြေးရန် အကူအညီဖြစ်စေခဲ့သည်။ သိပ်မကြာခင် သူကာ လုမိသားစုခြံဝင်းအား မြင်လာရသည်။
ရုတ်တရက် သူ့ရှေ့သို့ လူတစ်ယောက် ရောက်လာသည်။
“တင်းဖိန် … အခြေအနေ ဘယ်လိုလဲ”
“အာ ... မမလေးကျင်းယီ …”
တင်းဖိန်က သူ့ရှေ့မှ မိန်းကလေးအား ကြည့်သည်။ သူမကား ဆေးနတ်ဘုရားတောင်ကြားဂိုဏ်းမှ မိန်းကလေးဖြစ်သည်။
“သွားမစနဲ့ …။ ဒုတိယသခင်ကြီးရှင်းက ဒီတစ်ခေါက်တော့ အားလုံးအမှားကြီးပဲ။ ကျုပ်တို့ ကံဆိုးတာပဲ” တင်းဖိန်က စိတ်ပျက်လက်ပျက်ပြောသည်။
“ဘာဖြစ်လို့လဲ …” ကျင်းယီက မျက်မှောင်များအား ကွေးလျက်ပြောသည် … “တုထုလီက အပြင်အားပညာရှင်ပဲ။ အထွတ်အထိပ်ပညာရှင်က လွဲရင် သူ့ကို အနိုင်ယူနိုင်မည့်လူ မရှိလောက်ဘူး”
“ချန်းပေ့ရွှမ်းက သာမန်ကောင်လေးတစ်ယောက်ပဲ …။ ဒါပေမဲ့ သူ့သက်တော်စောင့် ... အဲ့ဒီ ထုံရှန်း … သူက … မိစ္ဆာပဲ …” တင်းဖိန်၏မျက်လုံးများထဲ အကြောက်တရားများကို မြင်ရသည် … “တုထုလီက သူ့ဆီမှာ တစ်စက္ကန့်တောင် မခံဘူး …။ ငါထင်တယ် … ထုံရှန်းက အပြင်အားသိုင်းပညာရှင်ပဲ”
တင်းဖိန်၏စကားက ကျင်းယီကို ထိတ်လန့်စေသည်။ သို့သော်လည်း သူမက စိတ်တည်ငြိမ်အောင် လုပ်ကာ မေးသည် … “နင် သေချာလား ...”
“ဒါက ခန့်မှန်းချက်တစ်ခုပဲ …။ ဒါပေမဲ့ ဒါပေမဲ့ အဲ့ဒီကို ပြန်သွားဖို့တော့ လုံးဝ စိတ်မကူးတော့ဘူး။ အရမ်းကံသီလို့ လွတ်လာခဲ့တာပဲ။ ဟူး …” တင်းဖိန်က ခေါင်းယမ်းကာ သူ၏လွတ်မြောက်ခြင်းအား ကျေနပ်စွာ ပြောသည်။
ထိုစဉ်မှာပင် သူ၏ရင်ဘတ်ကို လက်ဖြင့်ဖိကာ မျက်နှာက သွေးဆုတ်သွားသည်။
“အား … ချီးပဲ … ငါ့နှလုံးမှာ တစ်ခု … နာတယ် …”
တင်းဖိန်၏မျက်နှာမှာ အသက်ဓာတ်များ ကင်းမဲ့လာဟန်ရပြီး မြေကြီးပေါ်သို့ ပြိုလဲကျသွားတော့သည်။
ထို့နောက်တွင် အတွင်းအားကျင့်ကြံခြင်း၌ ကလန်ဦးအဆင့် အောင်မြင်ထားသူမှာ အကြောင်းပြချက်မရှိဘဲ အသက်ပျောက်သွားသည်ကို ကျင်းယီ မြင်လိုက်ရတော့သည်။
နောက်ဆုံးတွင် ကျင်းယီက တစ်စုံတစ်ခုကို ရိပ်မိလိုက်ပြီး လမ်းအဆုံးသို့ မျှော်ကြည့်သည်။ သူမသာ ထိုနေရာသို့ သွားပါက အားကောင်းသော ဓမ္မာမှော်စွမ်း အသုံးပြုသူတစ်ယောက် စောင့်ကြိုနေမည်ကို သိသည်။
“ဒါက ကျိန်စာပဲ …။ ဘာကျိန်စာအမျိုးအစားလဲတော့ မသိဘူး။ ချန်းဖန်က အထွတ်အထိပ် အဆင့်ပညာရှင်လို့ ဘယ်သူက တွေးထင်မိမှာလဲ”
ကျင်းရီ၏မျက်နှာတွင် စိုးရွံ့မှုတစ်ခု ဖြစ်လာသည်။ သည်တစ်ကြိမ် သူမက အလွန်မြန်ဆန်စွာ လှုပ်ရှားမိခဲ့လေပြီ။ သို့သော်လည်း ခန္ဓာကိုယ်သန့်စင် မွမ်းမံဆေးလုံးနှင့် အဆင့်မြင့် အားဖြည့်ဆေးတို့ကြောင့် သူမကား အထွတ်အထိပ် ပညာရှင်တစ်ယောက်ကို အပြစ်ပြုမိခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် ချန်းဖန်က အဝေးသို့ ကြည့်လိုက်သည်။
သူ၏လက်ထဲတွင် ငွေဓားငယ်တစ်လက် လက်ချောင်းများအကြား ကခုန်နေသည်။ ချန်ဖန်က ဓားငယ်အား အသုံးပြုကာ တင်းဖိန်အား ကျိန်စာတိုက်ခဲ့ခြင်းဖြစ်သည်။ သူပြောခဲ့သလိုပင် ကောင်းကင်ဘုံ နတ်ဘုရားအား သည်အတိုင်း စော်ကားထွက်ပြေးသွားသည်ကို သူခွင့်မလွှတ်ပေ။
“ကြည့်ရတာ နှလုံးဖောက်ထွင်းဓားကျိန်စာက အလုပ်လုပ်တာပဲ …”
ကျန်စာအား ချန်းဖန်က ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်းဖြစ်သည်။ သို့သော်လည်း ရလဒ်မှာ အတော်ကောင်းမွန်နေသည်။
“ရှောင်ဖန် … ဘာတွေ ရေရွက်နေတာလဲ” မြောင်ရှောင်းချန်က မေးသည်။
မိန်းကလေးထံမှ အကြောက်တရားများ ထွက်မသွားသေးပေ။ သူမက လုယန်ရွယ် အနီးတွင်ရပ်ကာ အန္တရာယ်နှင့်ကြုံလာပါက အဆင်သင့် ထွက်ပြေးရအောင် ပြင်ဆင်ထားသည်။ တခြားတစ်ဘက်တွင် လုယန်ရွယ်ကား သူမ၏ဘဝင်မြင့်သော စိတ်နေသဘောထားကြောင့် ပိုမို၍ တည်ငြိမ်ပေသည်။ သူမကလည်း အနည်းငယ် ထိတ်လန့်သော်လည်း စိတ်တည်ငြိမ်အောင် ထားနိုင်သည်။
“ဒီသွေးတွေကို ဘယ်လိုလုပ်ရမလဲ …” လုယန်ရွယ်က ပြာနှမ်းသော မျက်နှာဖြင့် ပြောသည်။
“စိတ်မပူနဲ့။ ဒါတွေကို တစ်ယောက်ယောက်က ကူရှင်းပေးလိမ့်မယ်” ချန်းဖန်က ပြောသည်။
သူတို့လေးယောက် ထွက်သွားပြီး များမကြာမိ လမ်းပေါ်သို့ လူနှစ်ယောက် ရောက်လာသည်။ တစ်ယောက်ကား လုဟိုင်ရွှမ်းဖြစ်၏။
“လူခေါ်ပြီး ဒါတွေကို ရှင်းလိုက် …။ သူဌေးကျန်းကိုလည်း ခေါ်လိုက်။ ဒီညဖြစ်ခဲ့တာကို ဘယ်သူမှ မသိစေနဲ့ …” လီဟိုင်ရွှမ်းက တီးတိုးပြောသည်။
“ဟုတ်ကဲ့ပါ သခင်လေး” သူ့ဘေးမှ အဘိုးအိုက ပြောသည်။
“ဒါဆို သူက ခန္ဓာကိုယ်မွှမ်းမံသန့်စင်ခြင်းဆရာသခင်ပေါ့။ ငါတို့အားလုံး သူ့ကို အထင်သေးခဲ့ကြပြီ” လုဟိုင်ရွှမ်း၏မျက်လုံးများထဲ စိုးရိမ်ဟန်များဖြစ်နေသည်။
“ရုပ်ခန္ဓာသန့်စင်မွှမ်းမံဆရာသခင်တွေက အပြင်အားလေ့ကျင့်ခြင်းမှာ အမြင့်ဆုံး ရောက်လာတဲ့သူတွေပဲ။ ဆရာသခင်လို့ ခေါ်ဖို့အတွက်ဆိုပါက သူတို့ကား အထွတ်အထိပ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလို၌ ရှိနေရပေမည်။
သူတို့ကား အပြင်အားကို သူတို့၏အရေပြားသို့ပို့လွှတ်ကာ သံမဏိများကဲ့သို့ မာကျောစေနိုင်သူများဖြစ်ကြသည်။ ထိုသို့သော သိုင်းသမားများမှာ အထွတ်အထိပ်အဆင့် ပညာရှင်များပင် ခေါင်းကိုက်ရပေသည်။
ဆရာသခင်များထဲ၌ ရုပ်ခန္ဓာသန့်စင် မွမ်းမံသူများမှာ အခက်ခဲဆုံး၊ အကြမ်းဆုံးများဖြစ်ကြသည်။ သာမန်ဆရာသခင်များက ထိုလမ်းစဉ်ကို မလိုက်စားပေ။ သူတို့၏လေ့ကျင့်မှုများမှာ သာမန်လူများ မတွေးရဲနိင်အောင်ပင် ခက်ခဲကြမ်းတမ်းပေသည်။ စိန်ဘုရားကျောင်းမှ လူတစ်ယောက်သာ ဆရာသခင်အဆင့်သို့ ရုပ်ခန္ဓာသန့်စင် မွမ်းမံခြင်းဖြင့် ရောက်ခဲ့သည်။
“ငါတို့မိသားစု အကြီးအကဲတွေကို သတင်းပို့မှ ဖြစ်မယ်။ ငါတို့က ဆေးညွှန်းတစ်ခုအတွက်နဲ့ ရုပ်ခန္ဓာသန့်စင်မွမ်းမံဆရာသခင် တစ်ယောက်ကို အပြစ်လုပ်မိတော့မလို့”
လုဟိုင်ရွှမ်းက ခေါင်းယမ်းသည်။ သူ၏မိသားစုအကြီးအကဲမှလွဲ၍ ထုံရှန်းကို ရင်ဆိုင်နိုင်မည့်သူ မရှိကြောင်း သူအတပ်ပြောရဲသည်။
နောက်တစ်နေ့ ချန်းဖန် ညီလာခံသို့ ရောက်လာသောအခါ လူတိုင်းက သူ့အား လေးစားကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်နေသည်ကို မြင်ရသည်။
သိုင်းပညာနယ်ပယ်မှာ ကျဉ်းမြောင်းပေသည်။ ညီလာခံသို့ တက်ရောက်သည့် သိုင်းပညာရှင်များမှာ ရာဂဏန်းမျှသာ ရှိပေသည်။ ယခု ခြောက်ယောက်မျှမှာ ယမန်နေ့ည၌ ဆုံးပါးသွားခဲ့ကြပြီဖြစ်သည်။ သတင်းများက မြန်ဆန်စွာ ပျံ့နှံ့ခဲ့ကာ ဘာဖြစ်ခဲ့သည်ကို အားလုံး သိခဲ့ကြပြီးဖြစ်သည်။
ထုံရှန်းမှာ ရုပ်ခန္ဓာမွမ်းမံသန့်စင်ခြင်း ဆရာသခင်အဖြစ် လူသိများလာခဲ့ပြီး မည်သူကမှ သူ၏သခင်လေးအား သာမန်အဖြစ် သဘောမထားရဲကြတော့ပေ။
“ဆရာချန်း … အရင်နေ့က နေရာထိုင်ခင်း စီစဉ်ပေးတာ ညံ့ဖျင်းခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဆရာချန်းနဲ့ ဆရာထုံရှန်းကို မြစ်ကမ်းဘေးက စံအိမ်သို့ ပြောင်းပေးပါ့မယ်” ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ယောက် ချန်းဖန်အား ယဉ်ကျေးစွာ ပြောသည်။
သူ၏နာမည်ကား လုထန်းလုံဖြစ်ကာ အတွင်းအားကျင့်ကြံခြင်း၌ အမြင့်ဆုံးသို့ ရောက်နေသူဖြစ်သည်။
သူ၏နောက်တွင်ကား စိတ်ဝင်စားသော မျက်လုံးများဖြင့် ကြည့်နေသော လုယန်ရွယ် …။
လုမိသားစုကား သိုင်းမိသားစုဖြစ်ရာ သူတို့အတွက် စီးပွားရေးလုပ်ငန်းများ၊ အဆက်အသွယ်များထက် အတွင်းအားသိုင်းပညာရှင်များသာ ပိုအရေးပါပေသည်။
လုထန်းလုံကား အတွင်းအားကျင့်ကြံခြင်း၌ အမြင့်ဆုံးသို့ရောက်နေကာ လုမိသားစုအတွင်း၌ အရေးပါသောသူအဖြစ် သတ်မှတ်နိုင်ပေသည်။
“ကောင်းပြီ” ချန်းဖန်က အေးအေးလူလူပြောသည်။
မည်သူကမှ ထိုဆုံးဖြတ်ချက်အား မေးခွန်းမထုတ်ရဲကြပေ။ မည်သူက ရုပ်ခန္ဓာသန့်စင် မွမ်းမံခြင်းဆရာသခင်ကို မေးခွန်းထုတ်ရဲမည်နည်း။
“အာ … ဒီမှာ တူမလေး ရှောင်ရွယ် …” လုထန်လုံက နောက်လှည့်ကာ ပြောသည် … “ရှောင်ရွယ် … ဆရာချန်းနဲ့ ဆရာထုံရှန်းကို လာနှုတ်ဆက် …”
မိန်းကလေးကား ဆွဲဆောင်မှုရှိကာ လှပချောမောသည်။ ချန်းဖန်မှာလည်း လူငယ်ဖြစ်ရာ သူက မည်သို့ ဖန်ပေးရမည်ကို ကောင်းကောင်းသိပေသည်။
သူမက အနည်းငယ် တွန့်ဆုတ်နေပြီးမှ ရှေ့သို့ တက်လာကာ နှုတ်ဆက်သည် … “ဆရာချန်း … ဆရာထုံရှန်း …”
“မင်းတို့နှစ်ယောက်က အသိအကျွမ်းတွေလို့ ငါကြားတယ် …။ ဆရာချန်းကို နည်းနည်း အဖော်လုပ်ပေးလိုက်ပါဦး …” လုထန်းလုံက ပြုံးလျက်ပြောသည်။
လုထန်းလုံက ပြောလျှင် သူမက အနည်းငယ် ရှက်ရွံ့ဟန်များဖြစ်လာသည်။ သို့သော်လည်း သူမ မငြင်းဆန်နိုင်ပေ။ သူမကား သွေးဝေးမိသားစုမှ ဖြစ်ကာ လုထန်းလုံကား မိသားစု၏အရေးပါသော အကြီးအကဲတစ်ယောက်ဖြစ်သည်။
“ငါ့ကို ပြားသကာနဲ့ ဖမ်းနေတာပဲ …” ချန်းဖန်က ပြုံးကာတွေးသည်။
လုယန်ရွယ်ကား စာဖွဲ့၍ ပြောမရလောက်အောင် ဆွဲငင်အားကောင်းပေသည်။ သူမကား ချူးကျိုးတက္ကသိုလ်မှ အကျော်ကြားဆုံး မိန်းကလေးဖြစ်၏။ သူမ၏အသားအရေမှာ နှင်းဖတ်များလို ဆွတ်ဆွတ်ဖြူနေပြီး သာမန်အဝတ်အစားဖြင့်ပင် နတ်မိမယ် တစ်ပါးအလား ထင်မှတ်ရသည်။ လုမိသားစုက ထိုလှပသော မိန်းမပျိုအား ချန်းဖန်ထံ တွန်းပို့နေသည်။
ချန်းဖန်၏ ဆေးဖော်စပ်မှု အရည်အချင်းဖြစ်စေ၊ ထုံရှန်း၏ရုပ်ခန္ဓာ သန့်စင်မွမ်းမံခြင်း ဆရာသခင်အဆင့်ဖြစ်စေ ချန်းဖန်၌ သူတို့လိုအပ်သည်များ အပြည့်အဝ ရှိနေသည်။ လုယန်ရွယ်ကား မိသားစုအတွက် အဖြည့်ခံ အဆင့်သာ။
“ကောင်းပါပြီ … ကျေးဇူးတင်ပါတယ်” ချန်းဖန်က ခေါင်းညိတ်သည်။
လုထန်းလုံ၏မျက်နှာတွင် အားရပါးရအပြုံးတစ်ခုပေါ်လာသည်။ သူက ကျယ်လောင်စွာ ရယ်မောကာ ချန်းဖန်အား မိတ်ဆွေဟောင်းတစ်ယောက်အလား ပြောဆို၏။
လုထန်းလုံ ထွက်သွားပြီးနောက်ပိုင်း ချန်းဖန်နှင့် လုယန်ရွယ်တို့နှစ်ယောက်သာ ကျန်ရစ်တော့သည်။ သူတို့နှစ်ယောက်အကြား အနည်းငယ် ကသိကအောက် အခြေအနေတစ်ခုဖြစ်နေသည်။
“ရှောင်ချန်ဘယ်လိုလဲ …” ချန်းဖန်က မေးသည်။
“သူမက မနေ့ညက အကြောက်လွန်ပြီး ညနက်မှ အိပ်ပျော်သွားတယ် …။ အခု အိပ်ရာထဲမှာပဲ ရှိဉီးမယ် …” လုယန်ရွယ်က ပြောသည်။ ထို့နောက် သူမက ချန်းဖန်အား မေးသည် … “ချန်းဖန် … နင်က ဘယ်သူများလဲ။ သူ့လို အရမ်းအားကောင်းတဲ့သူက ဘယ်လိုလုပ် နင့်အစေခံဖြစ်နေရတာလဲ။ ဘာလို့ ငါ့မိသားစုက နင့်ကို ဒီလောက် အရေးပေးနေရတာလဲ”
“ငါ့ကို ထပ်မညာနဲ့တော့ …။ ထုံရှန်းက နင့်ဝမ်းကွဲအစ်ကိုမဟုတ်တာ ငါသိပြီးပြီ”
သူမက ချန်းဖန်အား စိုက်ကြည့်နေသည်။
“ငါ ဘယ်သူလဲ …” ချန်းဖန်က ပြုံးသည် … “ငါက သိုင်းပညာဆရာ သခင်တစ်ယောက် ဖြစ်သလို ပြီးပြည့်စုံခြင်းအဆင့် ဓမ္မကျင့်ကြံသူလည်းဖြစ်တယ်။ ထုံရှန်းကတော့ ငါဖန်တီးခဲ့တဲ့ ကျောက်လူသားတစ်ယောက်ပဲ။ ငါပြောတာ ယုံလား …”
လုယန်ရွယ်က အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြုံးလျက်ပြောသည် … “ငါယုံတယ် …”
“အမ် …”
လုယန်ရွယ်က မြေပြင်ကို ဆောင့်နင်းကာ ပြောသည် … “နင် ဘယ်သူလဲ ငါဂရုမစိုက်ဘူး …။ ငါ့မိသားစုကငါ့ကို ရောင်းထုတ်နေတယ်။ ငါ့မှာရွေးစရာ မရှိဘူး”
“ပွင့်ပွင်းလင်းလင်းပြောရရင် ငါက အိမ်တောင် ပြန်မလာချင်ဘူး …။ ငါ့မိသားစုက ငါ့ကို ချမ်းသာတဲ့လူတစ်ယောက်နဲ့ ပေးစားချင်နေတာ။ ဒါကို ငါမကြိုက်ဘူး”
“ငါ့မိဘတွေက မိသားစုထဲမှာ အခွင့်အာဏာမရှိဘူးလေ။ သူတို့က သိုင်းပညာလည်း မတတ်သလို ပိုက်ဆံလည်း မရှိဘူး။ သူတို့က မိသားစုကုမ္ပဏီမှာ မန်နေဂျာတွေအနေနဲ့ပဲ လုပ်ရတယ်။ ဘယ်သူကမှ သူတို့ကို မိသားစုဝင်တွေအနေနဲ့ သဘောမထားကြဘူး။ ငါ့မှာလည်း မိသားစုထဲ ဘာအဆင့်မှ မရှိဘူး။ ငါ့မှာ ကောင်းတာဆိုလို့ ရုပ်ချောတာလေးတစ်ခုပဲ”
“အချို့ ကောင်းဆိုးတွေနဲ့ ပတ်သက်မယ့် အစားနင်နဲ့ လက်ထပ်တာ အများကြီး ပိုကောင်းမယ်လို့ ငါတွေးမိတယ်”
ချန်းဖန်မှာ မိန်းကလေး၏စကားကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
“ရှောင်ရှုံ့လည်း ဆန်းကျွင်းဝန်ကို လက်ထပ်ဖို့ အတင်းစီစဉ် ခံရတုန်းက ဒီလို ခံစားခဲ့ရမယ်ထင်တယ်”
သူက လုယန်ရွယ်၏ အကြည့်ကို ခံစားမိကာ သူ၏မျက်နှာမှာလည်း တင်းမာမှုများ ပြောလျှော့လာခဲ့သည်။
“ကောင်းပြီလေ … ကံပေးတာတော့လည်း မင်းပျော်အောင် ငါစီစဉ်ပေးရမှာပေါ့ …” ချန်းဖန်က မိမိကိုယ်ကို တွေးသည်။
သို့သော်လည်း သူက သည်မိန်းကလေးအား လက်ထပ်၍တော့ မဖြစ်ပေ။
သာမန်လူသားတစ်ယောက် ပျော်ရွှင်အောင် လုပ်ရန်မှာ သူ့အတွက် ပန်းခြံထဲ လမ်းလျှောက်ရ သလို လွယ်ကူပေသည်။
***