အခန်း (၈၄)
Vol. 7 Ch. 84
လအစတွင် စားစရိတ် ယွမ် ၄၀ ကို ရန်တယုံက လူကြီးတွေဆီ လွှဲပြောင်းပေးခဲ့သည်။
ဝမ်ရှို့ယင်လည်း ဘာမှမပြောခဲ့ပေ။ သစ်လုံးက လှေအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်လို့ သူမ ဘာမှ မပြောနိုင်တော့ပေ။
သူတို့သည် ဤကဲ့သို့ ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့ကြသည်။
တတိယ ရန်ယန်က အမြဲရှိနေခဲ့သည်။
လင်းရှောင်ယွဲ့က သူ့ကို နေ့တိုင်း စာကြည့်ခန်းထဲမှာ ရွေးပြီး တိုက်ရိုက်ခေါ်ထုတ်လာပေးသည်။
ဒုတိယရန်ယန်အတွက် သူမ တော်တော်လေး သနားမိကာ သူ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် တောင်းပန်စကားသာ ပြောနိုင်သည်...
သူမက တတိယရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး တတိယကို မြတ်နိုးတာကြောင့် ဤကာလအတွင်း သူမသည်တတိယကို ရွေးချယ်ရမည်ဖြစ်သည်။
လဝက်ခန့်အကြာတွင် လင်းရှောင်ယွဲ့က တတိယရန်ယန်နဲ့ မှန်းဆထားတဲ့ စီးပွားရေးကို သီးသန့်လုပ်ဖို့ နောက်လိုက်ခဲ့ကာ မကြာခင် သူတို့ ပိုက်ဆံအိတ်တွေပြည့်လာသည်။
သူတို့ရဲ့ စုစုပေါင်းစုဆောင်းထားသည့်ငွေက ယွမ်၉၀၀ ကျော်သွားခဲ့သည်။ အဲ့တာက ယွမ် ၃၀၀ ဒါမှမဟုတ် ယွမ် ၄၀၀ ထက်မနည်းတဲ့ ပမာဏက မြို့ထဲမှာ အိမ်ဝယ်လောက်သည်။ ဒါပေမယ့် သိပ်မကောင်းတဲ့ အိမ်တစ်လုံးသာဝယ်လို့ရပြီး အခု ယွမ် ၉၀၀နဲ့တို လုံလောက်ပြီဖြစ်သည်။
ဒါပေမယ့် လင်းရှောင်ယွဲ့က ပိုကြီးပြီး ပိုကောင်းတဲ့ အိမ်တစ်လုံးကို ဝယ်ချင်တာကြောင့် သူတို့နှစ်ယောက်က ပိုချမ်းသာဖို့ စီစဉ်ခဲ့ကြသည်။
သူမ အခြားမိသားစုနှစ်စုကို ဆန့်ကျင်ဖို့ ကြံစည်ချင်ပေမာ့် မကြာသေးခင်က ၎င်းကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။
လင်းရှောင်ယွဲ့က အခြားမိသားစုနှစ်စုကို ဘယ်လိုလက်စားချေရမလဲဆိုတာ ညတိုင်း ရန်ယန်နဲ့ ဆွေးနွေးသည်။
ရန်ယန်က သူမကို အလျင်စလိုမလုပ်ရဘူးလို့ အမြဲပြောခဲ့ပြီး သူတို့အရင်ဆုံး ပိုက်ဆံရှာရမည်။
ဒီကိစ္စက နှောင့်နှေးနေပြီ။
ဆွဲချလိုက်သလိုပဲ...
လင်းရှောင်ယွဲ့ကလည်း ဒီကိစ္စကို သူမစိတ်ထဲ ထည့်ထားခဲ့သည်။
ယွမ် ၉၀၀ အထိ ချွေတာစုဆောင်းပြီးနောက် လင်းရှောင်ယွဲ့ စိတ်ထဲတွင် အိမ်ဝယ်ချင်တဲ့ စိတ်ပြည့်နေပြီ။
ဒါပေမယ့် သူမ အိမ်အကြောင်း အတွေးတွေ ပြည့်နှက်နေပြီး ကလဲ့စားချေတဲ့ကိစ္စကို စိတ်ထဲပြန်ထည့်လိုက်ချိန်မှာပဲ ရန်ဟုန်ဝမ်က သူမရဲ့အိမ်ကို လာလည်ခဲ့သည်.....
ရန်ယန်နဲ့ လင်းရှောင်ယွဲ့ ရဲ့ စီးပွားရေးက တစ်ပတ်လျှင် တစ်ကြိမ်မှ တစ်ပတ်လျှင် သုံးကြိမ်အထိ တိုးလာခဲ့သည်။ ထို့ကြောင့် အလုပ်များသောနေ့များအပြင် နေ့တိုင်းက အားသည်။
နေ့တိုင်း သူတို့က သဘာဝအတိုင်း အိပ်ရာက နိုးလာတဲ့အထိ အိမ်မှာပဲ အိပ်ကြပြီး အပြင်ထွက်လည်။ ဈေးဝယ်ထွက်ရင်း ချိန်းတွေ့ကြပြီး သူတို့ အလုပ်ထွက်လုပ်နေတယ်လို့ ထင်မြင်လာကြသည်။
ဒီမနက်မှာတော့ သူတို့နှစ်ယောက်ဟာ သဘာဝအတိုင်း အိပ်ရာကနေ ဖြည်းညှင်းစွာ နိုးလာခဲ့သည်..
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့သည် ခြံဝင်းထဲတွင် သွားတိုက်ပြီး မျက်နှာသစ်နေကြစဉ် ရန်ဟုန်ဝမ်က မမျှော်လင့်ဘဲ အိမ်ထဲ ဝင်လာခဲ့သည်။
ထိုအချိန်တွင် အဖွားရန်နဲ့ အဖိုးရန်မှလွဲပြီး ကျန်တဲ့ရန်မိသားစုရဲ့ အဖွဲ့ဝင်နှစ်ဦးစလုံး လယ်ကွင်းထဲ အလုပ်လုပ်နေကြသည်။
ရန်ဟုန်ဝမ်က ဤနေ့အချိန်၌ သူရောက်လာတဲ့အခါ ခြံဝင်းအတွင်းမှ အခြားတစ်ယောက်ဆီ တိုးဝင်မိလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လင်းရှောင်ယွဲ့နဲ့ သူမ ခင်ပွန်းရဲ့ မျက်လုံးတွေကို သူတွေ့လိုက်တဲ့အခါ ရန်ဟုန်ဝမ် မျက်နှာတစ်ခုလုံးတွင် ပေါ်လာသော အရှက်တရားက လျင်မြန်စွာ အုပ်သွားခဲ့သည်။
အဲဒီအစား သူ့မျက်နှာပေါ်မှာ အပြုံးအတုတွေနဲ့ လင်းရှောင်ယွဲ့ နဲ့ သူမခင်ပွန်းကို နှုတ်ဆက်ခဲ့သည်။ "ဒီနေ့ မင်းတို့အလုပ်သွားတော့မလို့လားဟင်"
ဟင်းရှောင်ယွဲ့ မှန်ကန်စွာ မှတ်မိရင် ရန်ဟုန်ဝမ် မထွက်ခွာသွားမီတွင် သူမနဲ့ အကြီးအကျယ်ရန်ဖြစ်ခဲ့သည်။
သူမနဲ့ ရန်ဟုန်ဝမ်ကြားက ဆက်ဆံရေး လုံးဝပြတ်တောက်သွားသင့်တာ။
သူက သူမကို နှုတ်ဆက်နေတုန်းပဲ။ မေ့လျော့နေတာလား၊ ရည်ရွယ်ချက်တစ်ခုကြောင့်လားဆိုတာ သူမမသိခဲ့ပါဘူး...
သွားတိုက်နေတဲ့ လင်းရှောင်ယွဲ့က သူ့ကို စကားမပြောချင်သလို သူ့မေးခွန်းကို ပြန်မဖြေချင်ဘဲ ကြောင်အစွာ ကြည့်ပေးလိုက်သည်။
ရန်ဟုန်ဝမ်က လင်းရှောင်ယွဲ့ရဲ့ မျက်နှာက အလွန်ဆိုးရွားသည်ကို မြင်တဲ့အခါတွင် သူဘာမျှပြန်မပြောတော့ဘဲ ဒုတိယမိသားစု၏ အိမ်ဆီဝင်ရောက်ဖို့ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ကို တိုက်ရိုက်ဖြတ်သွားခဲ့သည်။
ဒုတိယမိသားစု၏အိမ်တွင် မူလက အခန်းနှစ်ခန်းရှိပြီး အကြီးတစ်ခန်းနဲ့ အသေးတစ်ခန်းရှိသည်။
အခန်းငယ်ကို ရန်ဟုန်ဝမ် နေထိုင်ဖို့ သီးသန့်ထားခဲ့ပြီး အခန်းကြီးမှာ ချန်ချိုင်ယွင်၊ သူမခင်ပွန်းနဲ့ ရန်လျန်ဟွာ တို့နေထိုင်သည့်နေရာအဖြစ် နှစ်ခန်းခွဲထားသည်။
ရန်ဟုန်ဝမ်မှာ သူ့အခန်းရှိပေမယ့် သူ့အခန်းထဲကို မဝင်ခဲ့ဘူး။ သူက ချန်ချိုင်ယွင် အခန်းထဲ တိုက်ရိုက်ဝင်သွားသည်။
ဤထူးဆန်းသော လှုပ်ရှားမှုကို လင်းရှောင်ယွဲ့နဲ့ ရန်ယန် တို့က သဘာဝအတိုင်း မြင်တွေ့ခဲ့ရသည်။
ရန်ယန်က အခွင့်ကောင်းရောက်လာသည်ကို သိလိုက်သည်။
အဝတ်ကို ဇလုံထဲကိုထည့်ကာ အကြိမ်အနည်းငယ်ပွတ်ပြီး ရေလက်တစ်ဆုပ်စာခပ်ပြီးပြောလိုက်သည်။ "ကိုယ်ထင်တာမှန်တယ်ဆိုရင် သူပိုက်ဆံခိုးဖို့ ပြန်လာတာဖြစ်မယ်"
"အဲဒါကို ရှင်ဘယ်လိုသိလဲ" လင်းရှောင်ယွဲ့ အသံတိုးတိုးဖြင့် မေးလိုက်သည်။
ရန်ယန် ခေါင်းကိုရွှေ့လိုက်ပြီး သူမနားရွက်ကိုအုပ်ပြီး တိုးတိုးလေးပြောပြလိုက်သည်။ "အစ်ကိုရှန်းကို စောင့်ကြည့်ခိုင်းထားတာ။ အစ်ကို ရှန်း ဘက်မှာ သူ့လုပ်ငန်းက အခြေခံအားဖြင့် ပြတ်သွားပြီ။ သူက ပိုက်ဆံနည်းနေသေးရင်၊ နည်းလမ်းရှာမှရမယ်။ သူ့မှာ စိတ်ညစ်စရာကောင်းတဲ့ ပုံစံရှိပြီး ခိုးတာက သူ့အတွက် ကြီးကြီးမားမားတော့ မဟုတ်ဘူး"
"အိုး ရှင်ပြောတာမှန်တယ်..." လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။
ရန်ယန် ငယ်စဉ်ကပင် တောအုပ်ထဲတွင် သုံးရက်နှစ်ည ပိတ်လှောင်ထားရသည့် အကြောင်းရင်းမှာ ငွေအခိုးခံရခြင်းကြောင့် ဖြစ်ကြောင်း သူမ သတိရမိသွားသည်။ အဲဒီညက သူ အဖျားတက်သွားပြီး တခြားကိုယ်ခွဲ မွေးဖွားလာတာ။
ထိုအချိန်က အဲ့ပိုက်ဆံကို..... ရန်ဟုန်ဝမ် ခိုးသွားသည်။
ကိုယ်ခွဲကိုပြောင်းဖို့ထက် တောင်နဲ့ မြစ်တွေကို ပြောင်းရတာက ပိုလွယ်သည်။
မြို့ထဲမှာ အလုပ်သွားလုပ်ရင်တောင် ဘာဖြစ်လဲ။ မြို့ထဲမှာ မိသားစုရှိရင်တောင် ဘာဖြစ်လဲ။
သူ့အကျင့်စရိုက်က ဆိုးလွန်းလို့ မြို့ထဲကိုဝင်တာတောင်မှ သူ့အမူအကျင့်ကို မပြောင်းလဲနိုင်ဘူး။
"ဟေ့၊ ဒါပေမယ့် သူ့မှာပိုက်ဆံနည်းနေတာကို ရှင် ဘယ်လိုသိတာလဲ" လင်းရှောင်ယွဲ့ ထူးဆန်းသလို ခံစားလိုက်ရသည်။
ရန်ယန် ပါးစပ်ထောင့်က မျှော်လင့်ထားသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ "သူ့ရဲ့ လောင်းကစား စွဲလမ်းတဲ့စိတ်က ထွက်လာပြီ။ သူ့အတွက် လွယ်လွယ်နဲ့ ဖြတ်ပစ်ဖို့က မလွယ်ဘူး။ သူ မှန်းဆချက်တွေ လုပ်ဖို့တောင် ပိုက်ဆံ ပြတ်နေလို့၊ အကြွေးတွေတင်နေပြီ၊ အနောက်ဘက်တံတိုင်းကို ဖောက်ဖို့ အရှေ့ဘက်တံတိုင်းကို ဖြိုချသင့်ပြီလို့ ထင်တယ်၊ ဒါကြောင့် ပိုက်ဆံခိုးဖို့ အိမ်ပြန်လာဖို့ သူ စိတ်ကူးထားတာ"
"အိုး"
လင်းရှောင်ယွဲ့ သဘောပေါက်သွားသည်။
ရန်ယန် မိသားစုနှစ်စုကို လက်တုံ့ပြန်ခြင်းမပြုရသည့် အကြောင်းရင်းကို ယခုတွင် သူမ နားလည်လာခဲ့သည်။
အခွင့်အရေးစောင့်နေတာလို့ သူမ ပြောရဲတယ်...
ချန်ချိုင်ယွင် အိမ်တွင် ရန်ဟုန်ဝမ်က သေတ္တာတွေကို စတင်လှန်လှောနေပြီဖြစ်သည်။
အိမ်ထောင့်တိုင်းကိုတောင် မလွှတ်ဘဲ ပိုက်ဆံရှာခဲ့သည်။
သူအဲ့တာကိုလိုက်ရှာနေချိန်မှာ ရန်ဟုန်ဝမ်က ခြံဝင်းထဲမှာ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့နဲ့ တွေ့ခဲ့တာကို ရုတ်တရက် သတိရသွားသည်။
တကယ်တော့ သူ သူ့နှလုံးသားထဲ ခက်ခက်ခဲခဲ ခံစားနေရသည်။
သူ ဒီကို လာတယ်ဆိုတာ တစ်စုံတစ်ယောက်က သိသွားတဲ့အတွက် လင်းရှောင်ယွဲ့ နဲ့ ရန်ယန်ကိုလည်း သူ လှည့်စားခဲ့သည်....
ဤကိစ္စတွင် ချန်ချိုင်ယွင်က သူတို့မိသားစုမှာ ပိုက်ဆံပျောက်နေကြောင်း သိသွားလျှင် လင်းရှောင်ယွဲ့ နှင့် ရန်ယန်က သူ့ကို ချက်ခြင်း ဖော်ထုတ်လိမ့်မည်။
သူ့ကို ဖော်ထုတ်မယ်ဆိုတာကို သိလိုက်တဲ့ကိစ္စမှာတောင် ရန်ဟုန်ဝမ်က ပိုက်ဆံယူဖို့ စိတ်ပိုင်းဖြတ်ထားဆဲပင်။ ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်တော့ သူ့မှာ ရွေးချယ်စရာမရှိလို့ပဲ...
သူ မြေအောက်ကာစီနိုတွင် ယွမ် ၁၅၀၀ ကျော် အကြွေးတင်နေပြီး ချေးငွေငါးမန်းတွေရဲ့ အတိုးနှုန်းက တနေ့ထက်တနေ့ တိုးလာကာ နေ့စဉ် ဖိအားများ အလွန်ကြီးသဖြင့် သူ အသက်ရှူမဝနိုင်အောင် ဖြစ်နေသည်။
နှစ်သစ်ကူးတုန်းက သူ့ယောက္ခမနဲ့ ယောက္ခထီးဖြစ်သူက ယွမ် ၈၀၀ ကို ပြန်ပေးပြီးနောက်မှာ သူနဲ့ အဆက်အသွယ် သိပ်မရှိခဲ့ဘူး။
အခုက ယွမ် ၈၀၀ ကျော်သွားပြီ။ ရန်ဟုန်ဝမ်က ၎င်းတို့နှစ်ဦးလုံးဆီ ပိုက်ဆံတောင်းပြီးနောက် ယောက္ခမများက သူ့ကို ခွေးလို ဆဲဆိုကြိမ်းမောင်းခဲ့ကြသည်။
သူ လွန်ခဲ့သည့် တစ်လခွဲခန့်ကတည်းက ငွေရှာနေခဲ့ပြီး ငွေရဖို့ နည်းလမ်းများကို ရှာဖွေခဲ့သည်။
ဒါပေမယ့် ပေးရမယ့် ပမာဏက အရမ်းကြီးသည်။
ရန်ဟုန်ဝမ် ငွေတကယ်မရနိုင်ခဲ့ပေ။
လူတစ်ယောက် ထင်ရာစိုင်းမိတဲ့အခါမှာ လူက မည်သည့်အရာကိုမျှ မကြောက်တော့ပေ။
ဤအခြေအနေတွေကို တွေးတောရင်း ရန်ဟုန်ဝမ်က ယုံကြည်မှုရှိဆဲပင်။ အကျိုးဆက်တွေက မည်သို့ပင်ရှိစေကာမူ သူ စုဆောင်းထားတဲ့ငွေကို အရင်ရှာရပေမည်။
အရင်ဦးဆုံး ငွေတစ်ချို့ကို ပြန်ပေးရမယ် ဒါမှမဟုတ် မြေအောက်လောင်းကစားရုံက လူတွေက သူ့မိန်းမနဲ့ ကလေးတွေကို ခြိမ်းခြောက်ဖို့ သူ့အိမ်ကို ရှာတွေ့သွားလိမ့်မည်။
ရန်ဟုန်ဝမ်က ငွေတစ်ပြားချင်းစီအတွက် ချန်ချိုင်ယွင်အိမ်ရဲ့ သေတ္တာတွေမှာ လှန်လှောရှာဖွေနေခဲ့သည်။
ချန်ချိုင်ယွင် အံဆွဲနှစ်ခုတွင် ယွမ် ၂၀၀ ကျော်ရှိသည်။ ရန်လျန်ဟွာက သူမကိုယ်ပိုင်ငွေ ၁၀၀ ယွမ်အထိ သိမ်းဆည်းခဲ့သည်။
အိမ်ထောင့်တိုင်းတွင် ရှာဖွေပေမယ့် ယွမ် ၃၀၀ ကျော်သာ တွေ့ရှိခဲ့သည်။
ခြင်သားကလည်း အသားပဲ။
ရန်ဟုန်ဝမ်က သူ့အိတ်ကပ်ထဲ ပိုက်ဆံ အမြန်ထည့်လိုက်သည်။ စိတ်ပျက်စရာပုံတွေ ပြည့်နေတဲ့ ဒီအခန်းကို ကြည့်လိုက်ချိန် သူ သူတို့ကို စနစ်တကျ မထားခဲ့ချင်ဘူး။
သွားမယ်!
ရန်ဟုန်ဝမ် အခန်းထဲမှ ထွက်လာခါနီးတွင် ရုတ်တရက် အခန်းတံခါးအပြင်ဘက်မှ အဖွားရန်၏ အသံထွက်လာသည်။
"ဟုန်ဝမ် ပြန်လာတယ်လို့ ပြောနေတာလား"
ထိုအချိန်တွင် အဖွားရန်က ခြံဝင်းထဲ ရပ်နေခဲ့သည်။ လင်းရှောင်ယွဲ့က သူမကို အခုလေးတင် ခေါ်ထုတ်ခဲ့တာ။
အထူးသဖြင့် လင်းရှောင်ယွဲ့က အိမ်မကြီးထဲ ၀င်သွားပြီး ရန်ဟုန်ဝမ် ပြန်လာတဲ့အကြောင်း အဖွားရန်ကို ပြောပြကာ ရန်ဟုန်ဝမ်ကို ကြိုဆိုဖို် အဖွားရန်အား ထွက်လာရန် တောင်းဆိုခဲ့သည်။
လင်းရှောင်ယွဲ့ ဆိုလိုတာက သူမနဲ့ ရန်ဟုန်ဝမ်တို့က ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိတဲ့အတွက်ကြောင့် သူ့ကို ကြိုဆိုမှာ မဟုတ်ဘူး။
နှစ်သစ်ကူးအကြိုနေ့မှာ သူတို့မိသားစု ရန်ဟုန်ဝမ်နဲ့ ပြဿနာတက်တုန်းက ဖြစ်ပျက်ခဲ့တာကို အဖွားရန်က တွေးနေမိသည်။
ရန်ဟုန်ဝမ်က သူတို့ရဲ့ ရန် မိသားစုကို မစောင့်ရှောက်ချင်တော့ဘူးလို့ သူမထင်ထားခဲ့ပေမယ့် ရန်ဟုန်ဝမ် ပြန်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားဘူး။
သူက ပြန်လာပြီဆိုတော့ သူနဲ့ထိုင်ပြီး ဆက်ဆံရေးကို မှန်ကန်စွာပြောပြီး ဒါကိုပြင်နိုင်ဖို့က သေချာသည်။
နောက်ဆုံးတော့ သူတို့ဟာ မိသားစုဖြစ်နေတုန်းပဲ ငွေကိစ္စဖြစ်တဲ့အတွက် သူတို့တွေကွဲပြဲနေလို့မဖြစ်ဘူး။
"ဟုန်ဝမ်၊ ဟုန်ဝမ် ပြန်လာပြီဆို!"
အဖွား ရန်က ချန်ချိုင်ယွင် အခန်းနားချဉ်းကပ်လာစဉ် ရန်ဟုန်ဝမ်၏ အမည်ကိုခေါ်နေခဲ့သည်။ "မင်းပြန်လာမယ်ဆိုတာကို အဖွားကို ဘာလို့ပြန်မပြောတာလဲ။ ဟုန်ဝမ် ..."
ချန်ချိုင်ယွင်ရဲ့ အခန်းတံခါးကို ရောက်တော့ အဖွားရန် က တံခါးကို တွန်းဖွင့်လိုက်တော့ ဂျက်ထိုးထားတာကို တွေ့လိုက်ရသည်။
"ဟုန်ဝမ်၊ မင်းဘာလို့ တံခါးဂျက်ထိုးထားတာလဲ။ အဲ့မှာ ဘာလုပ်နေတာလဲ၊ အဖွားကို တံခါးဖွင့်ပေး။ အဖွား မင်းကို မတွေ့ရတာကြာပြီ" အဖွားရန်က စိတ်ကောင်းဝင်နေပြီး သူ့လေသံက အရမ်းသဘောကောင်းနေသည်။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ယခုအချိန်တွင် ဝမ်ရှို့ယင်၏ အိမ်ထဲ ဝင်နေပြီဖြစ်ပြီး ပြောင်းဖူးယာဂုသောက်ကာ အိမ်ထဲတွင် ဟင်းလေးတွေကိုစားကာ ထိုနေရာက လှုပ်ရှားမှုကို နားစွင့်ကာ နားထောင်နေကြသည်။
အရမ်းအဆင်ပြေတယ်...
လင်းရှောင်ယွဲ့က ရန်ယန် ကိုမေးလိုက်သည်။ "နောက်ထပ်ဘာဖြစ်လာလိမ့်မယ်လို့ ထင်လဲ"
ရန်ယန်က ယာဂုသောက်ပြီး ပါးစပ်ထောင့်မှာ အပြုံးတစ်ခုနဲ့ ခေါင်းယမ်းလိုက်သည်။
သူ ခေါင်းယမ်းလိုက်တဲ့အခါတွင် နောက်ဘာဆက်ဖြစ်မည်ကို မသိဘူးဟု ဆိုလိုပေမယ့် နောက်ဆက်တွဲဖြစ်မည့်အရာသည် အသေးအမွှားကိစ္စမဟုတ်ဘူးလို့ သူခံစားမိသည်။
ဘာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ပွဲတွေရှိသည်။
တစ်ဖက်တွင် ချန်ချိုင်ယွင် အိမ်၌ ရန်ဟုန်ဝမ်ကို အဖွားရန်က တံခါးဖွင့်ဖို့ တိုက်တွန်းခဲ့သည်။ သူ အပြစ်ရှိသလိုခံစားရပြီး စိုးရိမ်စိတ်နဲ့ ဒေါသဖြစ်နေသည်။ "ကျွန်တော် အဖွားကိုမတွေ့ချင်ဘူး။ ဆက်မအော်နဲ့တော့"
"ဟုန်ဝမ် အဖွားကို စိတ်ဆိုးနေတာလား"
အဖွားရန်က အနည်းငယ် ဝမ်းနည်းသွားသည်။ "အဖွားက အသက်ကြီးနေပေမယ့် မင်းက အဖွားကို ဒေါသဖြစ်နေတုန်းလား။ ဘယ်လိုဖြစ်တာလဲ၊ စိတ်မဆိုးပါနဲ့ ထွက်လာခဲ့ စကားကောင်းကောင်းပြောရအောင်"
အိမ်အတွင်း၌ ရန်ဟုန်ဝမ်က သူလုပ်ခဲ့သော အရှုပ်အထွေးများကို အမြန်ရှင်းခဲ့သည်။
သူ မရုန်းထွက်နိုင်ခဲ့ဘူး။
ငွေတွေဝှက်ထားတဲ့ သံသေတ္တာကို ကောက်ကိုင်လိုက်တဲ့အခါ ရန်ဟုန်ဝမ်ရဲ့ မျက်ခုံးက နက်နဲစွာ တွန့်သွားသည်..
သူ အံကြိတ်ရင် နောက်ဆုံးနည်းလမ်းရဲ့ ရုန်းကန်မှုအောက်မှာ သူခိုးယူထားတဲ့ ပိုက်ဆံအားလုံးကို မူလနေရာမှာ ပြန်ထားလိုက်သည်။
ချန်ချိုင်ယွင်နဲ့ သူမခင်ပွန်းသည် ယွမ် ၂၀၀ ကျော် သိမ်းဆည်းထားခဲ့ပြီး ရန်လျန်ဟွာက ယွမ် ၁၀၀ ကျော် သိမ်းဆည်းခဲ့သည်။ သူတို့အားလုံးကို ရန်ဟုန်ဝမ်က ပြန်ထားပေးခဲ့ပြီး ဖယ်ထုတ်ပစ်လိုက်သည်။
အဖွားကတော့ ရန်ဟုန်ဝမ်က အခန်းတွင်းရှိပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ဖို့ အစွမ်းကုန်ကြိုးစားနေမှန်းကို မသိဘဲ တံခါးဝမှာ အကြာကြီးပြောနေခဲ့သည်။
တခါတရံ ရန်ဟုန်ဝမ်က သူမစကားပြောခြင်းကြောင့် စိတ်ဆိုးပြီး နှစ်ကြိမ်တိုင်တိုင် ကြိမ်းမောင်းလေ့ရှိသည်။
အဖွားရန်က ရန်ဟုန်ဝမ်ရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံရတဲ့အခါ သူမ ဝမ်းနည်းပေမယ့် မထွက်ခွာခဲ့ပေ။
ဤစကားများဖြင့် သူမ ရန်ဟုန်ဝမ်ရဲ့ ကြိမ်းမောင်းခြင်းကို ကျေကျေနပ်နပ်လက်ခံပြီး ရန်ဟုန်ဝမ်နဲ့ ဆက်ဆံရေးကို ပြုပြင်ဖို့ ကြိုးစားခဲ့ကာ စိတ်မသက်မသာဖြစ်နေသော ရန်ဟုန်ဝမ်ကို နှစ်သိမ့်ပေးခဲ့သည်။
အချိန်အတော်ကြာ ထုပ်ပိုးပြီးနောက် ရန်ဟုန်ဝမ်က နောက်ဆုံးတွင် အိမ်၏ယခင် ပုံစံအတိုင်း ၈၀% ထိတုံ့ဆိုင်းစွာ ပြန်လည်ပြုပြင်နိုင်ခဲ့သည်။
ဒါပေမယ့် သူ့စိတ်က အရမ်းစိုးရိမ်နေသည်။ အရမ်း ဖရိုဖရဲဖြစ်ကာ အရမ်းဒေါသထွက်နေသည်။